Thursday 9 August 2012

အင်တာနက်အသုံးပြုသူတို့၏ ကိုယ်ပိုင်လွတ်လပ်ခွင့်အား ထိပါးနှောင့်ယှက်မှုဖြင့် Google ကုမ္ပဏီသည် စံချိန်တင် ဒဏ်ငွေပေးဆောင်ရ

င်တာနက်အသုံးပြုသူတို့၏ ကိုယ်ပိုင်လွတ်လပ်ခွင့်အား ထိပါးနှောင့်ယှက်မှုဖြင့် Google ကုမ္ပဏီသည် စံချိန်တင် ဒဏ်ကြေးငွေ ဒေါ်လာ ၂၂ ဒသမ ၅ သန်း ပေးဆောင်ရမည် ဖြစ်သည်။ Google သည် Apple Inc. ၏ Safari browser ဖြင့် အင်တာနက်သုံးစွဲသူတို့၏ အသုံးပြုမှုမှတ်တမ်းအား privacy ပိုင်းဆိုင်ရာ ကတိကဝတ်ကို ချိုးဖောက်၍ ခြေရာခံမှတ်သားခဲ့သောကြောင့် ယခုကဲ့သို့ ဒဏ်ကြေးပေးဆောင်ရန် အရေးယူခံရခြင်း ဖြစ်သည်။ Google အား ဒဏ်ကြေးတပ် အရေးယူသည့် ကြေညာချက်ကို Federal Trade Commission (FTC) က ယနေ့ ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်ကြေ
ာင်း AP သတင်းတွင် ဖော်ပြသည်။

“ပန်းလှူဒါန်းရကျိုးဖလ” (အသျှင်ကဏဝေရပုပ္ဖိယမထေရ်)

လောက၏ အကြီးအမှူး ဖြစ်တော်မူသော လူတို့ထက် မြတ်တော်မူသော သိဒ္ဓတ္ထအမည် ရှိတော်မူသော မြတ်စွာဘုရားသည် တပည့်အပေါင်း ခြံရံလျက် မြို့သို့ ကြွတော်မူ၏။

ရူးသွပ်သူ တစ်ယောက်ရဲ့ အော်ဂနိုက်ဇ် ဆိုတာ




အတွေးအခေါ် ၊ အယူအဆ၊ ဥာဏ်ပညာ ပိုင်းမှာ ဂျာမဏီ နိုင်ငံဟာ ဘယ်တော့မှ နောက်ကျန် မနေခဲ့တဲ့ နိုင်ငံ တစ်နိုင်ငံ ဖြစ်ပါတယ်။ တစ်နည်း ပြောရရင် ဂျာမဏီ နိုင်ငံဟာ အသိဥာဏ် ပညာ ကြွယ်ဝဆုံး တိုင်းပြည်တွေထဲက တိုင်းပြည်တစ်ခုပဲ။ အီမန်နျူဝယ်ကန့်၊ ဟေဂယ်လ်၊ ဖျူးဘတ်ခ်၊ ကားလ်မာ့စ်၊ ဆစ်ဂမန် ဖရွိုက်၊ မာတင် ဟိုက်ဒဂါ တို့လို ထင်ရှားကျော်ကြားတဲ့ ဒဿနိက ဗေဒ ပညာရှင်တွေ၊ စိတ်ပညာရှင်တွေ အများအပြား ပေါ်ထွန်းခဲ့ရာ နိုင်ငံ တစ်ခုပါ။ ဒီလို နိုင်ငံကြီး တစ်နိုင်ငံမှာ ဒီလို အသိဥာဏ် ကြွယ်ဝတဲ့ ပညာရှင်၊ ပညာတတ်ကြီး တွေကို စုရုံး နိုင်၊ ညွှန်ကြားနိုင်ခဲ့ပြီး သူ့နောက်ကို တစ်ကောက်ကောက် လိုက်ဖို့ ၊ သူ့နောက်က တစ်ကောက်ကောက် ပါနေဖို့ ဦးဆောင်နိုင်ခဲ့သူဟာ တတိယတန်းစား ပညာမတတ်သူ တစ်ယောက် ဖြစ်နေခဲ့တယ် ဆိုရင် အံ့ဩစရာ မကောင်းပေဘူးလား။ သူဟာ အဒေါ့ဖ် ဟစ်တလာပါပဲ။

မငိုပါနဲ့ ဧရာဝတီ

သူတို့ဟာ… ကမ္ဘာပေါ်မှာ တတိယအရှည်ဆုံးနဲ့အာရှမှာအရှည်ဆုံးမြစ်ဖြစ်တဲ့ ယန်စီ ဆိုတဲ့မြစ်ကြီးကို ပိုင်ဆိုင်  ထားခဲ့တယ်။ အဲသလို ရှည်လျားလှပတဲ့ ကမ္ဘာ့အံ့ဖွယ် ယန်စီမြစ်ကြီးဟာဆိုရင်ယဉ်ကျေးမှုတွေ အမျိုးမျိုးကို 
တည်ဆောက်ခဲ့တဲ့ မြစ်ကြီးတစ်စင်း ဖြစ်တယ်။

သူတို့ဟာ…အဲဒီမြစ်ကြီးကိုတိမ်ကော၊ပျက်စီး၊ ပတ်ဝန်းကျင်သဘာဝတရားကြီးတစ်ခုလုံးကို မှောက်လှန်  ဖျက်ဆီးလိုက်ခြင်းအားဖြင့် လူတွေသာမက ကျွဲနွားတိရစ္ဆာန်တွေပါ ဒုက္ခရောက်စေခဲ့တယ်။ အခုဆိုရင်.. ယန်စီမြစ်ကြီးဟာ.. ပျောက်ကွယ်သွားတော့မယ့်ကမ္ဘာ့အထင်ရှားဆုံးသဘာဝသယံဇာတ ၁၀ ခုထဲမှာ တစ်ခု ပါနေပြီ။နောက်နှစ်အနည်းငယ်မှာ..ယန်စီဆိုတာတရုတ်လူမျိုးတွေရဲ့ဒဏ္ဍာရီနဂါးကြီးတွေလို.. ရှေးဟောင်းစာပေကျမ်းဂန်တွေထဲမှာပဲ ရှင်သန်အသက်ဝင်လှုပ်ရှားတော့မယ်ထင်ရဲ့ ။

ဒီမြစ်ကြီးတင်လား ဆိုတော့ မဟုတ်သေးဘူး၊ သူတို့ပိုင်ဆိုင်တဲ့ အခြား အခရာမြစ်ကြီး ခုနှစ်စင်းဖြစ်တဲ့ အ၀ါရောင်မြစ်(Yellow River)၊ ပုလဲမြစ် ( Pearl River),  Songhua River, Huai River, Hai River နဲ့ Liao River တွေကိုလည်း ဖျက်ဆီးပစ်ခဲ့တယ်။  ဖျက်ဆီးခံရတဲ့ မြစ်တွေကြောင့် သူတို့တိုင်းပြည်အနှံ့မှာ မိုးခေါင်ရေရှားရပ်ဝန်းတွေပေါ်တယ်၊ရေတွေကြီးတယ်၊လူတွေသာမကတိရစ္ဆာန်တွေပါ ဒုက္ခအမျိုးမျိုးရောက်ေ န  တယ်။
{ခြောက်သွေ့နေတဲ့ မြစ်ကမ်းပါးတွေပေါ်မှာ ငုတ်တုပ် အသက်ပျောက်ကြရတဲ့ တိရစ္ဆာန်တွေ }


ရခိုင်တွင် ညမထွက်ရအမိန့် ထပ်မံ ထုတ်ပြန်


ရခိုင်ပြည်နယ် ကျောက်တော်၊ မင်းပြား၊ မြောက်ဦး မြို့များတွင် ယမန်နေ့ညက စတင်၍ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန် လိုက်ကြောင်း သိရသည်။

ကျောက်တော်မြို့၌ ည ၇ နာရီမှ နံက် ၅ နာရီ အထိ ညမထွက်ရ ထုတ်ပြန်ထားပြီး မင်းပြားနှင့်မြောက်ဦး မြို့များတွင် ည ၁၀ နာရီမှ နံက် ၄ နာရီအထိ အသီးသီး ထုတ်ပြန်ထားကြောင်း၊ ထိုအမိန့်အား ဗဟိုမှ လမ်းညွန်ချက်အရ ဒေသဆိုင်ရာ အာဏာ ပိုင်များက မြို့အနှံ့ လိုက်လံကြေညာခဲ့ကြောင်း ဒေသခံများ က ဧရာဝတီကို ပြောသည်။

ဗီယက်နမ်ဒုတိယနိုင်ငံခြားရေးဝန်ကြီးသည် အာဆီယံအတွင်းရေးမှူးချုပ် ဖြစ်လာဖွယ်ရှိ

ဗီယက်နမ် ဒုတိယနိုင်ငံခြား ရေးဝန်ကြီး Le Luong Minh သည် အာဆီယံ အဖွဲ့၏ နောက်တစ် ဆက်အတွင်း ရေးမှူးချုပ် ဖြစ်လာနိုင်သည်ဟု သြဂုတ်လ ၇ ရက်နေ့ Newsnow သတင်း တစ်ရပ်အရ သိရှိရပါသည်။ သို့သော် ဗီယက်နမ် နိုင်ငံသည် Minh အား အာဆီယံအဖွဲ့ အတွင်းရေးမှူးချုပ် ကိုယ်စား လှယ်လောင်း အဖြစ် တရားဝင် အမည်စာရင်း တင်သွင်းထားခြင်း မရှိသေးကြောင်း၊ အာဆီယံ အတွင်းရေးမှူးချုပ် ရာထူးသည် အဖွဲ့ဝင် ၁ဝ နိုင်ငံမှ ၅ နှစ်တစ်ကြိမ် အက္ခရာစဉ်အရ အလှည့်ကျ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ယခုတစ်ကြိမ်သည် ဗီယက်နမ် အနေဖြင့် ထိုင်းနိုင်ငံထံမှ အတွင်းရေးမှူးချုပ် တာဝန်အား လွှဲပြောင်းရ ယူမည်ဖြစ်ကြောင်း အာဆီယံဆိုင် ရာဗီယက်နမ် အမြဲတမ်း ကိုယ်စားလှယ် Vu Dang Dung က မကြာသေးမီက ဂျကာတာ မြို့တွင်ပြောကြား ခဲ့သော်လည်း အတွင်းရေးမှူးချုပ် နေရာအား ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်းများအား ဖော်ပြခဲ့ခြင်း မရှိကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံတွင်း ကားဈေးနှုန်းသည် ငါးနှစ်တာ ကာလ အတွင်း ၅ဝ ရာခိုင်နှုန်းကျော် ကျဆင်းသွား

မြန်မာနိုင်ငံတွင်း ကားဈေးနှုန်းသည် ငါးနှစ်တာ ကာလ အတွင်း ၅ဝ ရာခိုင်နှုန်းကျော် ကျဆင်းသွားကြောင်း ကုန်သည်စက်မှု အသင်းချုပ်မှ တွဲဖက် အတွင်းရေးမှူး ဦးမိုးကျော် ထံမှ သိရသည်။

တစ်ပတ်လျှင် ကားတင်သွင်းရန် လျှောက်ထားသူ ၅၀၀ အထက်တွင်ရှိ၊ တင်သွင်းခွင့်ပြုသည့် ကားသစ် အရေအတွက် ၅၃၀၀ ကျော်ရောက်ရှိ


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနတွင် တစ်ပတ်လျှင် ၂၀၀၇ မော်ဒယ်နှင့်အထက် ကားသစ်များ တင်သွင်းရန် လျှောက်ထားကြသူ အရေအတွက် ၅၀၀ ကျော်ရှိနေပြီး လတ်တလောတွင် တင်သွင်းခွင့်ပြုသည့် ကားအရေအတွက် ၅၃၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာန မှ ညွှန်ကြားရေးမှူးတစ်ဦးက အတည်ပြု ပြောကြားသည်။

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းရှိ စက်ပစ္စည်း/ယန္တရားများအား တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်မည်


မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအ
တွက် Capital in kind စနစ်ဖြင့် တင်သွင်းခဲ့သော ဆောက်လုပ်ရေးလုပ်ငန်း သုံး စက်ပစ္စည်း/ယန္တရားများကို တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ ရန်ပုံငွေအဖွဲ့က ရိုဟင်ဂျာများအပေါ် ထောက်ပံ့မှု ရပ်ဆိုင်း


ဒဂုံမြို့သစ်တောင်ပိုင်းရှိ ရှမ်းတဲကြီး အထက်ကျေးရွာ ရေမြုပ်

ရန်ကုန် ဒဂုံမြို့သစ်တောင်ပိုင်းရှိ ရှမ်းတဲကြီး အထက်ကျေးရွာတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နေအိမ်များအတွင်း ရေ၀င်ရောက်လျှက်ရှိသည်။ 
 

လှိုင်သာယာ(၁)ထိပ်တွင် မြေအောက်ဂတ်စ်ပိုက်လိုင်းပေါက်၍အသေးစား မီးလောင်မှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊လှိုင်သာယာမြို့နယ် (၁)ထိပ်မှတ်တိုင် အနီးရှိ မြေအောက်ဂတ်စ်ပိုင်းလိုင်းမှ ဂတ်စ်ငွေ့များယိုစိမ့်ကာ အသေးစား မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မီးလောင်မှုမှာ ယနေ့သြဂုတ်လ (၉)ရက်နေ့ နေ့လည် (၁)နာရီ(၃ဝ)မိနစ်တွင်ဖြစ်ပွားခဲ့ကြောင်း မီးလောင်မှု ဖြစ်ပွားခဲ့သည်ကို တွေ့ရှိခဲ့သည့် မျက်မြင်သက်သေတစ်ဦးက ပြောသည်။

Voice နှင့် သတ္တုတွင်း ၀န်ကြီးဌာန ၏ အမှုအား စွဲချက်တင်ရန် သင့်၊ မသင့် ဆုံးဖြတ်မည်

သတ္တုတွင်း ဝန်ကြီးဌာနက Voice ဂျာနယ်ကို စွဲဆိုထားသော အမှုအား လာမည့် ၂၃ ရက်နေ့ ရုံးချိန်းတွင် စွဲချက် တင်သင့် ၊မတင်သင့်ကို ကြားနာ စစ်ဆေးမည် ဖြစ်ကြောင်း ဒဂုံမြို့နယ် တရားသူကြီး ဒေါ်ခင်သန့်ဇင်က ယနေ့ ရုံးချိန်းတွင် ဒဂုံမြို့နယ် တရားရုံး၌ ပြောကြားသည်။

သတင်းလွတ်လပ်ခွင့်ကော်မတီ(ယာယီ) ၏ အထူးအစည်းအဝေးသတင်းထုတ်ပြန်ချက်

သတင်းလွတ်လပ်ခွင့်ကော်မတီ (ယာယီ)မှ ရန်ကုန်မြို့ ရွှေဂုံတိုင် တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်သော အစည်းအဝေးအရ အောက်ပါအတိုင်း ဆုံးဖြတ်လိုက်သည်။

၁။သြဂုတ်လ ၁ ရက်နေ့က သတင်းလွတ်လပ်ခွင့်ကော်မတီ (ယာယီ) က ထုတ်ပြန်တောင်းဆိုသည့် အချက်များကို ထောက်ခံသော စာနယ်ဇင်းသမား ၅၅၂ ဦး လက်မှတ်ရေးထိုးထားခြင်း ကို သြဂုတ်လ ၁၃ ရက်ေ န့တွင် သမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌများထံသို့ ပေးပို့မည်ဖြစ်သည်။

မြန်မာနိုင်ငံ လူမျိုးတုံး သတ်ဖြတ်နေခြင်းများ မရှိကြောင်း အမေရိကန်ပြည်ထောင်စု ငြင်းဆန်


အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံအနောက်ပိုင်း လူမျိုးရေးတင်းမာမှုတွေ မြင့်တက်လာခြင်း အပေါ် စိုးရိမ်မှုတွေ မြင့်တက် နေသော်လည်းပဲ OIC က ပြောကြားတဲ့ လူမျိုးတုံး ရှင်းလင်းသုတ်သင်မှု စွပ်စွဲချက်တွေကို လက်ခံဖို့ ငြင်းဆန်လိုက်ပါတယ်။

ခိုးကူးခွေများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးသို့ သတင်းပေးပို့ နိုင်

မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ ခိုးကူးခွေ တွေဖြစ်တဲ့ ပွားခွေ၊ နယ်ကျော်ခွေ၊ ဆင်ဆာမဲ့ခွေ၊ ညစ်ညမ်းခွေ စတာတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး              ကို စာရေး အကြောင်းကြားမှု ဒါမှမဟုတ် ဖုန်းဆက် သတင်းပေးပို့မှု တွေကို ပြုလုပ်နိုင် တယ်လို့
သိရသည်။ ဒီလို သတင်းပေးပို့ရာ မှာလည်း အချက်အလက် တွေကို အဓိက ရေးသားခြင်း၊ အတိအကျ   ပြောဆိုခြင်း စတာတွေနဲ့ ပေးပို့ရမှာ ဖြစ်ပါတယ်။

"ထိုင်း Vita စက်ရုံမှ့ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဖြေရှင်းတော့မည်"



ထိုင်းနိုင်ငံ ပြည်သူ့ဝန်ထမ်း ဆက်ဆံရေးအဖွဲ့ (SERC) နှင့် ထိုင်းအလုပ်သမား ကြံ့ခိုင်ရေးကော်မတီ (TLSC) တို့ ပူးပေါင်း Vita အစားအသောက်ထုတ် စက်ရုံမှ ရွှေ့ပြောင်းလုပ်သားများ၏ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှုများအား ကိုင်တွယ်ဖြေရှင်းသွားမည်ဟု သိရသည်။

ဟင်္သာတ မြို့ တွင် ရေကြီး

ဧရာတီတိုင်း ဒေသကြီး ဟင်္သာတမြို့ တွင် ၈-၈-၂၀၁၂ ညတွင် မိုးသည်းထန်စွာရွာသွန်းသောကြောင့်        ဥယျာဉ် မြောက်ရပ်ကွက် မန်းဘခိုင်လမ်းရှိပဒေသာဈေးကြီး၊ ဌေးဝင်းဈေး၊ အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်း၊တို့တွင် ရေကြီး ရေလျှံခြင်းများ ဖြစ်ပေါ်ခဲ့သဖြင့်ကျောင်းသား ကျောင်းသူများ၊   ဈေးသူဈေးသားများ သွားရေးလာရေးရောင်းရေးဝယ်ရေး အလွန်ဒုက္ခ ရောက်လျက် ရှိ သတင်းရရှိပါသည်။
 

ထိုင်ဝမ်ဒုတိယသမ္မတ အမေရိကန်၊ ဒိုမီနီကန်နှင့် ဘဲလစ်ဇ်နိုင်ငံများသို့ သွားရောက်လည်ပတ်မည်

ထိုင်ဝမ် ဒုတိယ သမ္မတ Wu Den-yih သည် လာမည့်ရက် သတ္တပတ်တွင် အမေရိကန်၊ ဒိုမီနီကန်နှင့် ဘဲလစ်ဇ်   နိုင်ငံများသို့ ၁၂ ရက်ကြာ အလည်အပတ် ခရီးသွားရောက်ရန် စီစဉ်ထားကြောင်း ထိုင်ဝမ် သမ္မတရုံးက သြဂုတ်လ ၈ ရက် နေ့တွင် ပြောကြား ခဲ့သည်ဟု Newsnow သတင်း တစ်ရပ်အရ သိရှိရပါသည်။

တူရကီ နိင်ငံခြားရေး ၀န်ကြီး သြဂုတ်လ မနက်ဖြန် ရခိုင်ကို သွားမည်

ဆူပူ အကြမ်းဖက်မှုကြောင့် လူပေါင်း ၈၀ ကျာ် သေဆုံးခဲ့သော ရခိုင်ပြည်နယ်သို့ တူရကီ နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီး Ahmet Davutoglu သည် သြဂုတ်လ ၁၀ ရက်နေ့တွင် ရခိုင်ပြည်နယ် အခြေအနေများကို သွားရောက် လေ့လာမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်း ပြန်ကြားရေး ဌာနမှ ဥက္ကဌ ဦးဦးလှသိန်းက ပြောကြားသည်။

ထိုင်းဝန်ကြီးချုပ်က သောင်းကျန်းမှုနှိမ်နင်းရေးစီမံချက်အပေါ်ကာကွယ်ပြောဆို

ထိုင်းဝန်ကြီးချုပ် ယင်လပ်ရှီ နာဝပ်ထရာက သောင်းကျန်း မှုနှိမ်နင်းရေး မဟာဗျူဟာသည် ဒုတိယဝန်ကြီးချုပ် များ၏ ကြီးကြပ်မှုဖြင့် ထိရောက်သော အခြေအနေတွင် ရှိနေကြောင်း ပြောကြားကာ အစိုးရ၏ နိုင်ငံတောင်ပိုင်းရှိ အကြမ်းဖက်မှု နှိမ်နင်းရေး စီမံချက် အပေါ်ကာကွယ် ပြောဆိုခဲ့ကြောင်း သြဂုတ်လ ၈ ရက်နေ့ Bangkokpost သတင်း တစ်ရပ်အရ သိရှိရပါသည်။ 

မြန်မာသံအမတ်ကြီးကို ပြည်နှင်ဒဏ်ပေးဖို့ အင်ဒိုနီးရှားမှာ တောင်းဆိုနေ

ရခိုင်ပြည်နယ်က ရိုဟင်ဂျာမူဆလင်တွေအပေါ် မြန်မာအစိုးရရဲ့ ဖိနှိပ်မှုတွေကို ကန့်ကွက်တဲ့ အနေနဲ့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာရှိတဲ့ မြန်မာအစိုးရသံရုံးရှေ့မှာ အင်ဒိုနီးရှားနိုင်ငံသား ၁၀၀ လောက် ဒီကနေဆန္ဒပြခဲ့ကြပါတယ်။

အေမီဝိုင်းဟောက်စ်၏ ခင်ပွန်းဟောင်း အရက်နှင့်မူးယစ်ဆေးကြောင့် အသက်အန္တရာယ် စိုးရိမ်ရ

 
အေမီဝိုင်းဟောက်စ်၏ ခင်ပွန်းဟောင်း ဘလိတ် ဖီလ်ဒါဆီဗီလ်သည် ယခုအခါ အရက်နှင့် မူးယစ်ဆေး စွဲလန်းမှုများကြောင့် အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေထိ ရှိလာကြောင်း သိရသည်။ နာမည်ကျော် R&B ဂီတအဆိုတော် အေမီကိုယ်တိုင်လည်း ဘလိတ်နှင့် စပ်ဆက်၍ အရက်အလွန်အကျွံ စွဲလန်းကာ အသက်ဆုံးရှုံးခဲ့ရပြီး ဖြစ်သည်။ ယခုအခါ အသက်(၃၀)အရွယ် ဘလိတ်သည် ဇနီးဟောင်း ခံစားခဲ့ရသည့် ဝေဒနာမျိုးကို ထပ်တူ ကြုံတွေ့ ခံစားနေသည်။ ၎င်းသည် အရက်အလွန်အကျွံ သောက်သုံးရာမှ အိပ်ရာထဲတွင် ဆိုးဆိုးရွားရွား မွန်းကျပ် ချောင်းဆိုးနေသည့်နောက် ဆေးရုံသို့ အလျင်အမြန် တင်ပို့ကုသမှု ခံယူခဲ့ရသည်။ 

အနာဂတ်လေယာဉ်သစ်တစ်မျိုးကို NASA နှင့် Boeing တို့ပူးပေါင်းဖန်တီး


အနာဂတ် ကာလအတွက် ရည်ရွယ်ထားသည့် လေယာဉ်သစ် တစ်မျိုးကို အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ (NASA)နှင့် Boeing ကုမ္ပဏီတို့က ပူးပေါင်း ဖန်တီးနေကြောင်း သိရှိရသည်။ Boeingသည် သာမန်ခရီးသည်တင် လေယာဉ်ဒီဇိုင်းများကို တော်လှန်ပစ်ပြီး တောင်ပံအနေအထားကို လုံးဝ ပြောင်းလဲပစ်လိုက်သည့် တြိဂံသဏ္ဍန် လေယာဉ်ကို NASAနှင့် ပူးပေါင်း သုတေသန   ပြုနေခြင်းဖြစ်သည်။ အဆိုပါ လေယာဉ်သစ်၏ အဓိက အားသာချက်သည် လောင်စာဆီ အသုံးပြုမှု အလွန်သက်သာသွားမည်ဟု သတင်းများက ဆိုသည်။

တရားရေး အရာရှိများ ကာကွယ်ပေးသည့် ဥပဒေ ရုပ်သိမ်းရန် အဆို မဲခွဲ ဆုံးဖြတ်

ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး ၂၃ ရက် မြောက်နေ့တွင် သင်္ဃန်းကျွန်း မြို့ နယ်   ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့် အဆို တင်သွင်းထားခဲ့သော တရားရေးအရာရှိများ ကို ကာကွယ်ပေးသည့် ဥပဒေကို ရုပ်သိမ်းရန် အဆိုကို မဲခွဲ ဆုံးဖြတ်ခဲ့ရာ ရှုံးနိမ့်ခဲ့ရသည်။

ရခိုင်ပြည်နယ်အရေး သမ္မတနှင့် ရခိုင်ပါတီနှစ်ခု သီးသန့်တွေ့ဆုံ

ရခိုင်ပြည်နယ် အရေးနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတနှင့် ရခိုင်တိုင်းရင်းသားပါတီ နှစ်ခုတို့ သြဂုတ် ၈ ရက် ညနေပိုင်းတွင် နေပြည်တော်၌ သီးသန့်တွေ့ဆုံခဲ့ကြကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောသည်။''ရခိုင်အရေးကိစ္စမှာ ရခိုင်အချင်းချင်းပြောရင် အဆင်ပြေမယ် ဆိုပြီး ခေါ်တွေ့တာပါ'' ဟု ၎င်းကဆိုသည်။ 

အင်ဒိုနီးရှားနိုင်ငံသည် တောင်ကိုရီးယားနိုင်ငံမှ ရေငုပ်သင်္ဘော ၃ စီးမှာယူခဲ့ကြောင်း အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီးကပြောကြား

အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီး ဌာနသည် နည်းပညာ လွှဲပြောင်းပေး ရေးအစီအစဉ် (TOT) အရ တောင်ကိုရီးယား သင်္ဘောကျင်း တစ်ခုမှ ရေငုပ်သင်္ဘောအသစ် ၃ စီးအား တရားဝင်မှာ ယူခဲ့ကြောင်း အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီး Purnomo Yusgiantoro က သြဂုတ်လ ၇ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

ဆီးရီးယားအရေးကိစ္စတွင် နိုင်ငံခြားတိုင်းပြည်များမှ ကြားဝင်စွက်ဖက်မှုအား အီရန်နိုင်ငံက ကန့်ကွက်

ဆီးရီးယား နိုင်ငံအရေး ကိစ္စအား နိုင်ငံခြားမှ ကြားဝင်စွက် ဖက်မှုများကို အီရန် နိုင်ငံအနေဖြင့် ကန့်ကွက် ကြောင်း ဆီးရီးယား နိုင်ငံသို့ အလည်အပတ် ခရီးရောက် ရှိနေသော အီရန်အမျိုးသား လုံခြုံရေး ဦးသျှောင်ကောင်စီ အတွင်းရေးမှူး Saeed Jalili က သြဂုတ်လ ၇ ရက်နေ့တွင် အလေးထား   ပြောကြားခဲ့ပါသည်။

မြန်မာ့ပထမဆုံးပို့ဆောင်ရေးနည်းပညာတက္ကသိုလ်ဂျပန်-မြန်မာပူးပေါင်းဖွင့်လှစ်မည်


မြန်မာ့ပထမဆုံး ပို့ဆောင်ရေး နည်းပညာဆိုင်ရာ တက္ကသိုလ် ဖွင့်လှစ်နိုင်ရေးအတွက် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနနှင့် ဂျပန်ကားကုမ္ပဏီ တစ်ခုတို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ လုပ်ဆောင်ရ ခြင်းမှာ ပို့ဆောင်ရေးကဏ္ဍ တိုးတက်စေလိုသည့်အတွက် ဖြစ်ပြီး တက္ကသိုလ် အပါအဝင် ယာဉ်မောင်း သင်တန်းကျောင်းနှင့် မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းရေး ကျောင်းများပါ ဖွင့်လှစ် သင်ကြားသွားရန် အစီအစဉ်ရှိကြောင်း ဂျပန်ကားကုမ္ပဏီ လီမိတက် (JCCL) မှ ဥက္ကဋ္ဌ မစ္စတာကာဇူဟီစာ အီဝါမိုတိုက ပြောသည်။

မိုးများနေသည့် မြန်မာနိုင်ငံနှင့် ထပ်မံ ရွေ့လျားလာဖွယ်ရှိသည့် တိုင်ဖွန်းမုန်တိုင်း အကြွင်းအကျန်များ

သြဂုတ်လ ၉ ရက် မြန်မာစံတော်ချိန် နံနက် ၁၀၀၀ နာရီတွင် ရရှိသည့် ဂြိုလ်တုဓါတ်ပုံများနှင့် လှုပ်ရှားမှု ပုံရိပ်များ(animation) အရ တိုင်းဖွန်းမုန်တိုင်း HAIKUI ၏ အကြွင်းအကျန်များသည် ဗီယက်နန်၊ လာအိုနှင့် မြန်မာနိုင်ငံဘက်သို့ ရွေ့လျားလျှက်ရှိပါသည်။ တရုတ်ပြည်မကြီး တောင်ပိုင်းကို ကျော်ဖြတ်ပြီးပါက လာအ်ုနိုင်ငံမြောက်ပိုင်းမှတစ်ဆင့် မြန်မာနိုင်ငံအရှေ့ပိုင်းဒေသများသို့ လာမည့် ရက်အနည်းငယ် အတွင်း ရောက်ရှိလာနိုင်မည်ဟု ခန့်မှန်းရပါသည်။

မိုးရွာသွန်း၍ရွှေပြည်သာ၌ရေကြီးကယ်ဆယ်ရေးစခန်းဖွင့်လှစ်စောင့်ရှောက်လျက်ရှိ


ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှုကြောင့် ရေကြီးမှုများ ဖြစ်ပွားနေသည့် ရန်ကုန်တိုင်းဒေသကြီး   ရွှေပြည်သာမြို့နယ် အတွင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ လိုအပ်သည့် စောင့်ရှောက် ကူညီမှုများ ပေးလျက်ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံတွင် တိုင်ဖုန်းမုန်တိုင်းအန္တရာယ်ကြောင့် ဒေသခံပြည်သူ ၂ဝဝဝဝဝ ဘေးကင်းရာသို့ ပြောင်းရွှေ့

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ယခုတစ်ပတ်အတွင်း ''ဟိုင်ကူ'' အမည်ရှိ တတိယအကြိမ်မြောက် တိုင်ဖုန်း မုန်တိုင်း ပြင်းထန်စွာတိုက်ခတ်နိုင်ဖွယ်ရှိသောကြောင့် အာဏာပိုင်များက ၎င်းပြည်နယ်ရှိ ဒေသခံ ၂ဝဝဝဝဝ ဦးခန့်အား ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးခဲ့ကြကြောင်း နိုင်ငံပိုင်မီဒီယာများက သြဂုတ် ၇ ရက်၌ ပြောကြား ခဲ့သည်။ 

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း IT Club ဖွဲ့စည်းရန်နှင့် ပက်သက်၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှ ICT နယ်ပယ်အတွင်း ရှိအသင်းလှုပ်ရှားမှုများအား သတင်းစာရှင်းလင်းပွဲတစ်ခုအား ယနေ့နေ့လည် ၁၁ နာရီတွင် ရန်ကုန်မြို့ City Center Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။

နယူးဇီလန်တွင် နှစ်ပေါင်း ၁ဝဝ ကျော်အတွင်း ပထမအကြိမ်အဖြစ် ရုတ်တရက် မီးတောင်ပေါက်ကွဲ

နယူးဇီလန်နိုင်ငံတွင် ရာစုနှစ်တစ်ခုကျော်အတွင်း ပထမ ဆုံးအကြိမ်အဖြစ် ရုတ်တရက် မီးတောင်   ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ နိုင်ငံ၏မြောက်ပိုင်းကျွန်းဆွယ်ရှိ နေရာအနှံ့အပြားတွင် ပြာမှုန်များ ဖုံးအုပ်လျက်ရှိကြောင်း အင်တာနက်သတင်း တစ်ပုဒ်အရ သိရသည်။

နိုင်ငံတော်သမ္မတကြီး တူရကီနိုင်ငံခြားရေးဝန်ကြီးအား လက်ခံတွေ့ဆုံ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့  တူရကီနိုင်ငံခြားရေး ၀န်ကြီး       ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့မှ ယနေ့နံနက်တွင် သမ္မတအိမ်တော်၌ ဂါရ၀ပြု တွေ့ဆုံခဲ့ပါသည်။

အာဖဂန်ကာကွယ်ရေးဝန်ကြီး ရာထူးမှနုတ်ထွက်

အာဖဂန် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး Abdul Rahim Wardak သည် ၄င်း၏ လုံခြုံ ရေးဆိုင်ရာ ကိုင်တွယ် ဖြေရှင်းမှုနှင့် ပတ်သက်၍ အယုံအကြည် မရှိအဆို တင်သွင်းမှုအား ပါလီမန်တွင် မဲခွဲဆုံးဖြတ် ရာ၌ ရှုံးနိမ့်ခဲ့ပြီးနောက် ရာထူးမှ နုတ်ထွက် ခဲ့ပါသည်။ မိမိအား ရာထူးမှ ဖယ်ရှားရန် ပါလီမန် ၏ဆုံးဖြတ်ချက်အား အလေးထား လက်ခံခဲ့ကာ ရာထူးမှ နုတ်ထွက်ခဲ့ခြင်း ဖြစ်ကြောင်း Wardak က သြဂုတ်လ ၇ ရက်နေ့တွင် ပြောကြား ခဲ့ပါသည်။ 

UWSA အဖွဲ့ရဲ့ ရန်စမှုတွေအတွက် RCSS/SSA မှ ပြတ်သားစွာ လက်တုံ့ပြန်ရန်လိုအပ်

“၀”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA အဖွဲ့ဟာ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA အဖွဲ့ကို မကြာခင်ကာလများကစပြီး သွေးတိုးစမ်း ရန်စတဲ့အပြု အမူတွေဆောင်ရွက် လာခဲ့တယ်။ UWSA အဖွဲ့ဟာ RCSS/SSA အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပေါ် လွှမ်းမိုးချယ်လှယ် ဖို့ကြိုးပမ်းနေတယ်ဆိုတာကို ဒီလုပ်ရပ်ကဖော်ပြနေပါလိမ့်မယ်။ အတိတ်သမိုင်းကြောင်း အရလည်း RCSS/SSA  အဖွဲ့အေ ပါ် ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းတွေ ရှိခဲ့တာမို့ “၀”အဖွဲ့ရဲ့ ရည်ရွယ်ချက်ကို စောင့်ကြည့်နေရုံနဲ့မ လုံလောက်တော့ ဘဲ ပြတ်သား တဲ့တုံ့ပြန်မှုတွေလိုအပ်လာပါတယ်။

ဂျပန်နိုင်ငံ Sendai မြို့၌ သဘာဝဘေးကြိုတင်ကာကွယ်ရေးညီလာခံကျင်းပမည်

ဂျပန်နိုင်ငံ Sendai မြို့၌ အောက်တိုဘာလအတွင်း သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးအတွက် ကြိုတင် ပြင်ဆင်မှုများ နှင့်ပတ်သက်သည့် အပြည်ပြည် ဆိုင်ရာညီလာ ခံတစ်ရပ်ကို ကျင်းပမည် ဖြစ်ပါသည်။ အဆိုပါ ညီလာခံ ကျင်းပနေစဉ် တစ်ချိန်တည်းတွင် ဂျပန်နိုင်ငံ တိုကျိုမြို့၌ အပြည်ပြည် ဆိုင်ရာငွေကြေး ရန်ပုံငွေအဖွဲ့(IMF) ကမ္ဘာ့ဘဏ်တို့၏ နှစ်ပတ်လည် အစည်းအဝေး များကိုလည်း ကျင်းပသွား မည်ဖြစ်ပါသည်။ 

အထက်ပေါင်းလောင်းဆည်ကြောင့် ရွှေ့ ပြောင်းပေးရမည့် ၂၃ ရွာမှ ရွာသားများ သမ္မတထံစာတင်မည်

တည်ဆောက်ဆဲ အထက်ပေါင်းလောင်း ဆည်မြောင်း ရွေ့ ပြောင်းပေးရမည့် ရွာ ၂၃ ရွာမှ ရွာသူရွာသားများ က ၄င်းတို့ ၏ နစ်နာချက်များကို နိုင်ငံတော် သမ္မတထံ စာတင်မည့် ကိစ္စ စာနယ်ဇင်းရှင်းလင်းပွဲ ကို သြဂုတ်လ ၉ ရက် နံနက် က မန်းမြို့ ရှိ ယူနီဆမ် တွင်ကျင်းပခဲ့သည်။

ဗြိတိန်နိုင်ငံအနေဖြင့် နျူကလီးယားလက်နက်များဖျက်သိမ်းရန် ငြိမ်းချမ်းရေးလှုပ်ရှားတက်ကြွသူများက တောင်းဆို

ဗြိတိန် အစိုးရ၏ လူမှုဖူလုံရေး လုပ်ငန်းများတွင် ဘဏ္ဍာ ငွေလျှော့ချပြီး နျူကလီးယား စွမ်းအင်သုံး Trident ရေငုပ်သင်္ဘော တွင်အစားထိုး၍ ဘဏ္ဍာငွေ အသုံးပြုနေခြင်းအား မည်သူမျှ မလိုလားကြောင်း ရာပေါင်း များစွာသော ငြိမ်းချမ်းရေး လှုပ်ရှားသူများက အစိုးရကိုအ ပြစ်တင်ခဲ့ကြပြီး ဗြိတိန်နိုင်ငံရှိ   နျူကလီးယား လက်နက်အားလုံး ဖျက်သိမ်း ရန်အတွက် တောင်းဆိုခဲ့ကြသည်။

မြန်မာ့အပြည်ပြည်ဆိုင်ရာ လေကြောင်း(MAI) နှင့်ပြင်သစ်လေကြောင်း နည်းပညာ ပံ့ပိုးမှု သဘောတူညီချက် ရေးထိုး


မြန်မာ့အပြည်ပြည်ဆိုင်ရာ လေကြောင်း(MAI) နှင့် ပြင်သစ်လေကြောင်း တို့ကြား နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့ အကူအညီ နှင့်လက်တွေ့ သင်တန်း များပူးပေါင်းလုပ်ဆောင်ရေး သဘောတူညီချက်ကို ဇူလိုင်လ ၊ ၂၆ ရက်နေ့ က ပြင်သစ်နိုင်ငံတွင် လက်မှတ် ရေးထိုးခဲ့ကြောင်း မြန်မာ့ အပြည်ပြည်ဆိုင်ရာ   လေကြောင်း(MAI) မှ သတင်းထုတ်ပြန်သည်။
 ref:thevoiceweekly

မြောက်ဦးမြို့ နယ် ကျောက်တွင်းကုန်းရွာကို မွတ်ဆလင်များ ရန်စ

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ကျောက်တွင်းကုန်း ရခိုင် ကျေးရွာအား မွတ်ဆလင်များက တိုက်ခိုက် မည့်လိုလို ရန်စမူများ ပြုလုပ်လာသဖြင့် စစ်တပ်က အချိန်မှီ လာရောက်ပြီး အခြေအနေကို ထိန်းသိမ်း လိုက်ရသည်ဟု သတင်း ရရှိသည်။ရန်စသည့် အပြုအမူများကို ပြုလုပ်သူ မွတ်ဆလင် ကျေးရွာသားများမှာ ပုရိန် (မွတ်ဆလင်) ရွာမှ ဖြစ်ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့အစည်းအဝေးတွင် နိုင်ငံ ၅ နိုင်ငံမှ သံတမန်များတက်ရောက်ခွင့်အား အစ္စရေး၏ငြင်းပယ်ချက်ကို အိန္ဒိယမှကန့်ကွက်

ပါလက်စတိုင်း မြို့တော်တွင် သြဂုတ်လ ၁၂ ရက်နေ့၌ ပြုလုပ်မည့် ဘက်မလိုက် လှုပ်ရှားမှုအဖွဲ့   တွေ့ဆုံ ဆွေးနွေးပွဲတွင် နိုင်ငံ ၅ နိုင်ငံမှ သံတမန်များ တက်ရောက်ရန် ဖြတ်သန်းသွား လာခွင့်အား ပိတ်ပင်သည့် အစ္စရေး၏ ဆုံးဖြတ်ချက်ကို အိန္ဒိယက ကန့်ကွက်ခဲ့ကြောင်းThe Times of India သတင်းဌာနက သြဂုတ်လ ၇ ရက်နေ့တွင် ပြောကြား ခဲ့ပါသည်။

email boxes များတွင် အွန်လိုင်းရှာဖွေမှုပုံ စံကို Google တို့ချဲ့ ထွင်

Google ကုမ္ပဏီမှာ ၎င်းတို့၏ အခမဲ့ e mail ဝန်ဆောင်မှုအသုံးပြုသူများအတွက် အွန်လိုင်းအတွင်း ရှာဖွေမှုပုံစံကို ဗုဒ္ဓဟူးနေ့ ကစတင်ကာ ချဲ့ထွင်လိုက်ပြီဖြစ်သည်။ တစ်ခါတစ်ရံတွင် မိမိတို့ 
သိချင်သည့်မေးခွန်း အတွက်အကောင်းဆုံးအဖြေမှာ အများပြည်သူ သုံးစွဲနေသည့် ဝက်ဘ် နေရာများတွင် ရှာဖွေတွေ့ရှိနိုင်ခြင်းမရှိကြောင်း  အခြားနေရာ တစ်ခုခုတွင် ရှိနေနိုင်ကြောင်း  ဥပမာအနေဖြင့် သင်၏ email တွင် ဖြစ်နိုင်ကြောင်း Google search အကြီးတန်း ဒုဥက္ကဋ္ဌ ဖြစ်သူ Amit Singhal   မှ ၎င်း၏ ဘလော့ဂ်တွင် ရေးသားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာန ရှင်းလင်းပွဲ ကျင်းပမည်

ရန်ကုန်တိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာန က အခွန်ငွေ တစ်ကြိမ်တည်းသာ ကျသင့်စေရေး   ဆောင်ရွက်ရမည့် နည်းလမ်းများ နှင့် ပတ်သက်၍ သြဂုတ်လ ၁၀ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်တွင် ရှင်းလင်းပွဲတစ်ရပ်   ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ ရှင်းလင်းပွဲကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနနေပြည်တော်က မတ်လ ၁၅ ရက်ကထုတ်ပြန် ထားသောအမိန့်ကြေညာစာအမှတ် ၁၀၄/၂၀၁၂ ၏ အခန်း ၁၀ စည်းမျဉ်း ၄၂ အရ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
 
ref:popular

ဗြိတိန်နိုင်ငံ၏နိုင်ငံတော်သီချင်းတွင် ပြဿနာရှိ

ဗြိတိန်နိုင်ငံ၏ နိုင်ငံတော် သီချင်းသည် ဒီမိုကရေစီ မဆန်ကြောင်း၊ ဘုရင်စနစ်ကို လက်ခံ သူတို့၏ နိုင်ငံတော် သီချင်းဖြစ်သဖြင့် ပြဿနာ ရှိကြောင်း၊ ဗြိတိန်နိုင်ငံသားတို့က ဘုရင်စနစ် ကိုလက်မခံ လိုတော့ကြောင်း ဝါရင့် သတင်း စာဆရာ Mehdi Hasan ကပြောကြား ခဲ့ပါသည်။
 

Aleppo မြို့မှာ ဆီးရီးယားအစိုးရ ထိုးစစ်ပြင်ထား

ဆီးရီးယားနိုင်ငံမြောက်ပိုင်း အာလက်ပိုမြို့ကို အစိုးရစစ်တပ်က သီးခြား ထိုးစစ်နှစ်ခုနဲ့ ဗုဒ္ဓဟူးနေ့က စတင် တိုက်ခိုက်ခဲ့ ပါတယ်။တိုက်လေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေက ဗုံးကျဲတိုက်ခိုက်ကြပြီး မြေပြင်တပ်တွေက သူပုန်တွေရဲ့ နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြပါတယ်

မန္တလေး၌ ဟိုတယ်ဇုန် တည်ဆောက်ရန် အတွက် တံတားဦး မြို့နယ်ကို ရွေးချယ်

မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ တံတားဦး မြို့နယ်မှာ ဟိုတယ်ဇုန် အသစ် ဖော်ထုတ်ဖို့ အတွက် မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ်ရုံးက အတည်ပြုပေးလိုက်ပြီ ဖြစ်တယ်လို့ ဟိုတယ်နှင့် ခရီးသွား လာရေး ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ ဟိုတယ် ဇုန်သစ် တည်ဆောက်ဖို့ အတွက် မြေနေရာမှာ ဧက ၅၈၄၀ ခန့်ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီ ဟိုတယ် ဇုန်သစ် တည်ဆောက်ဖို့ အတွက် ယခင်က မြေဧက ၃၅၀၀ မှာ လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိပြီးသား ဖြစ်ပြီး မြေဧက ထပ်မံ လိုအပ် တာကြောင့် ဧက သုံးထောင်ကို ထပ်မံတင်ပြ ရာမှာ ဧက တစ်ထောင်မှာ ရှေးဟောင်း ယဉ်ကျေးမှု ဇုန်များထဲမှာ ပါဝင်နေတဲ့ အတွက် ဧက နှစ်ထောင်ခန့် ထပ်မံရရှိခဲ့တာ ဖြစ်ပြီး စုစုပေါင်း ဧက ငါးထောင် ငါးရာ နီးပါး ရှိတာ ဖြစ်ပါတယ်။

မိုဘိုင်းဖုန်းဆင်းကဒ်များအား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက တင်ဒါခေါ်ယူနေရ

ပြည်တွင်းပြည်ပ ကုမ္ပဏီများမှ GSM & WCDMA ဆင်းကဒ်များအား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက လုပ်ငန်းသုံးအဖြစ် အသုံးပြုရန်အတွက် တင်ဒါခေါ်ယူနေကြောင်း သိရသည်။

(၉.၈.၂၀၁၂) ရက်နေ့ သတင်းတိုများ

တူရကီ နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို ထွက်ခွာ   Link

ရခိုင်ပြည်နယ်တင်းမာမှု အမေရိကန် စိုးရိမ်  Link

အစိုးရ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ကျောင်းသားတပ်မတော် မယုံကြည့်  Link


 

ဗုဒ္ဓ ပုံတော်များ ပါဝင်သော ဖိနပ် များကို Icon Website မှ ဖယ်ရှား လိုက်ပြီ


အမေရိကန် Icon Shoe Manufacturing Company သည် လွန်ခဲ့သော ရက်သတ္တပတ် တစ်ပတ်က ဗုဒ္ဓဘာသာ ၀င်တို့ အထွဋ် အမြတ် ထားသော ဗုဒ္ဓပုံတော် များကို ဖိနပ် ဒီဇိုင်းတွင် ထည့်သွင်း ကြော်ငြာမှု များ ပြုလုပ် ခဲ့ပြီးနောက်၊ တစ်ကမ္ဘာလုံး မှ အပြင်းထန်ကန့် ကွက်မှုများ ကြုံတွေ့ခဲ့ ရသည်။

အင်ဒိုနီးရှားလွှတ်တော်က မြန်မာနိုင်ငံသို့ ကိုယ်စားလှယ်အဖွဲ့စေလွှတ်ရန်ရှိ

အင်ဒိုနီးရှားနိုင်ငံ House of Representative ဥက္ကဋ္ဌ Marzuki Alie က Houseသည် မြန်မာနိုင်ငံမှ ရိုဟင်ဂျာများ ထိခိုက်ပျက်စီးအောင် လုပ် ဆောင်နေသော လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များကို ကြည့်ရှုရန် မြန်မာနိုင်ငံသို့ ကိုယ်စားလှယ် အဖွဲ့တစ်ခု စေလွှတ်နိုင်ကြောင်း ပြောသည်။

"HFMD (သို့မဟုတ်) လက်၊ ခြေထောက်၊ ပါးစပ် ရောဂါ"

၂၀၁၂၊ ဧပြီ၊ မေ၊ ဇွန်လများတုန်းက ကမ္ဘောဒီယားမှာ ပုံမှန်မဟုတ်တဲ့ ဖျားနာမှုတွေနဲ့ ကလေးငယ် အယောက် (၅၀)ကျော် သေဆုံးခဲ့ရပြီးနောက် ကမ္ဘောဒီယား ကျန်းမာရေးဝန်ကြီးဌာနနဲ့ WHO တို့ ပူးပေါင်း အဖြေရှာခဲ့တော့ Hand, foot and mouth disease (HFMD) ကြောင့် သေဆုံးခဲ့ရတာဖြစ်ကြောင်း သိရှိခဲ့ရပါတယ်။ 

ယနေ့ကျင်းပမည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် အောက်ပါ မေးခွန်းများ ဆွေးနွေးကြမည်


ယနေ့ (သြဂုတ်လ ၉ ရက်နေ့) တွင် ကျင်းပမည့် အမျိုးသား လွှတ်တော် အစည်းအဝေး၌ အောက်ပါ အကြောင်းအရာများကို ဆွေးနွေးကြမည် ဖြစ်ပါသည်။

(၁) ပုဂ္ဂလိက စက်သုံးဆီဆိုင် ၃၉၁ ဆိုင် ဖွင့်လှစ်၍ ရောင်းဝယ်မှုနှင့် ပတ်သက်ပြီး နိုင်ငံတော်အတွက် အခွန်မည်မျှ ထမ်းဆောင်နိုင်ခဲ့သည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်းကို မေးမြန်းခြင်း။

ငြိမ်းချမ်းရေးယူထားသည့် တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ပတ်သက်သည့် ဗိုလ်ချုပ်အောင်မြတ် အင်တာဗျူး (၂) အစီအစဉ်

ကရင်နီတပ်မတော် ဒု-စစ်ဦးစီးချူပ် ဗိုလ်ချုပ်အောင်မြတ်နှင့် လက်ရှိကရင်နီပြည်နယ်အတွင်း အစိုးရနှင့် ငြိမ်းချမ်းရေးယူထားကြတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေနှင့် ပတ်သက်ပြီး အင်တာဗျူး အပိုင်း (၂) ။







ရုရှားတောင်ပိုင်း စစ်ရေးလေ့ကျင့်မှုတွင် Iskander ဒုံးကျည်များ ပစ်ခတ်လေ့ကျင့်သွားမည်

ရုရှားနိုင်ငံတောင်ပိုင်းတွင် စက်တင်ဘာလအတွင်း ကျင်းပမည့် kavkaz-2012 စစ်ရေးလေ့ကျင့်မှုတွင်
Iskander ဒုံးကျည်များကို ပစ်ခတ်လေ့ကျင့် သွားမည်ဖြစ်ကြောင်း ရုရှား စစ်ဘက်အရာရှိကြီးတစ်ဦးက သြဂုတ် ၇ ရက်တွင်ပြောကြားခဲ့ကြောင်း သိရသည်။
 

iPhone-iPad operating system က YouTube ကို ဖြုတ်လိုက်ပြီ

နောက်ထွက်လာမယ့် iPhones, iPads နဲ့ iPod တွေဟာ YouTube videos တွေ ကြည့်လို့ ရမှာ မဟုတ်တော့ ပါဘူးတဲ့။ဒါဟာ Apple နဲ့ Google တို့ကြား ကြီးမားတဲ့ ပြိုင်ဆိုင်မှု သင်္ကေတာဖြစ်တယ်လို့ သြဂုတ်လ ၈ ရက် နေ့ ရိုက်တာ သတင်းတပုဒ်က ဆိုပါတယ်။

ကျောက်တော်တွင် ပုဒ်မ ၁၄၄ ထုတ်ပြီ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် ယနေ့ ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။


“ မြို့မိ မြို့ဖတွေကို ခရိုင်တာ ၀န်ရှိသူတွေက ခေါ်ယူပြီး ပုဒ်မ ၁၄၄ ထုတ်လိုက်ပြီ ဆိုတာကို ပြောပါတယ်။ ညနေ ၇ နာရီကနေ နံနက် ၅ နာရီထိ ညဉ့်မထွက်ရဘူးလို့ ပြောပါတယ်။ ဒေသဆိုင်ရာ အာဏာပိုင်တွေက အထက်အမိန့်အရ ထုတ်ရတာ ပါလို့ ပြောပါတယ်” ဟု ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အမတ် ဦးစောငြိမ်းက ပြောသည်။ယနေ့ နေ့လည်ပိုင်းက မြို့လူကြီးများကို ခေါ်ယူပြီး ပုဒ်မ ၁၄၄ ထုတ်လိုက်ပြီ ဖြစ်ကြောင်း အာဏာပိုင်များက ပြောဆိုခဲ့သည်ဟု ဆိုသည်။

Wireless Network ခေါ် Bluetooth ဆိုတာ

bluetooth ဆိုသည်မှာ Personal Area Network (PANS) တွင်သုံးတဲ့ power အသုံးပြုမှု နည်းသည့် Short Range အကွာဝေး Wireless နည်းပညာတစ်ခုဖြစ်ပါတယ်။ Bluetooth ၏Short Range Wireless ကို အစ ပြုခဲ့တာ က Swedish Telecom မှဖြစ်ပါတယ်။ Bluetooth Technology မတူညီသောပစ္စည်းများကြား တွင် ပေါင်းစည်းအလုပ် လုပ် ပေးနိုင်ရန် လုပ်ဆောင်ခဲ့ကြပါတယ်။

မြန်မာတွင် ဂျပန် NHK World ရုပ်သံ ထုတ်လွှင့်

ဂျပန်နိုင်ငံရဲ့ မီဒီယာကြီးတခုဖြစ်တဲ့ NHK World အင်္ဂလိပ်ပိုင်း ရုပ်မြင်သံကြားအစီအစဉ်ဟာ မြန်မာနိုင်ငံမှာ ဗုဒ္ဓဟူးနေ့က ထုတ်လွှင့်ခဲ့ပါတယ်။

နေ့စဉ်မိုးလေ၀သသတင်း (၂၀၁၂ ခုနှစ်၊ သြဂုတ်လ(၉)ရက်နေ့ နံနက်(၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ပဲခူတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး၊ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့် ရှိမည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက် မြန်မာနိုင်ငံအရှေ့ပိုင်းဒေသများတွင် မိုးပိုလာနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်း ရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ မိုးအသင့်အတင့် ထစ်ချုန်း ရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတ
ွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်း ရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။

မွတ်စလင်တယောက်၏....ရင်တွင်းစကား.....

ကျွန်တော်ဟာ ကျွန်တော့် ယုံကြည်ချက်နဲ့ မွတ်စလင်တစ်ယောက် ဖြစ်ပါတယ်။ စိတ်ဆန္ဒအရဆိုရင်တော့ ကျွန်တော်ဟာ ခရစ်ယာန်တစ်ယောက်ပေါ့။ နှလုံးသားအရတော့ ဂျူးတစ်ယောက် ဖြစ်ပါတယ်။ ခြုံကြည့်လိုက်ရင်တော့ ကျွန်တော်ဟာ လူသားတစ်ယောက်ပါ။ ဒေါက်တာ ဟာမစ်ဆိုတာတယူသန် မွတ်စလင်တွေကို ဆန့်ကျင်တဲ့ စာရေးဆရာ၊ အီဂျစ်ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

မြစ်ဝကျွန်းပေါ်ဒေသများတွင် မိုးတွင်းကာလ ပုံမှန်ရေကြီးခြင်းမျိုးမဟုတ်ဘဲ ရေကာတာများနှင့် အင်းများကြောင့် ရေကြီးရေလျံမှုများ ဖြစ်ပေါ်နေ

ပုသိမ်ခရိုင် ဒါးကမြို့အနီးရှိ ရထားလမ်းပေါ်၌ ရေကျော်နေစဉ်
ယခုနှစ်မိုးရာသီကာလအတွင်း မိုးရွာသွန်းမှု ကောင်းမွန်ခြင်းကြောင့် ရေကြီးရေလျံမှုများ ဖြစ်ပေါ်နေရာ၌ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိရေကြီး မှုဖြစ်စဉ်များတွင်မိုးတွင်းကာလပုံမှန် ရေကြီးခြင်းမဟုတ်ဘဲ   ရေကာတာ များ၊ အင်းများနှင့် ဆက်စပ်ဖြစ်ပေါ် သော ရေကြီးရေလျံမှုများ ပါဝင်လာ ကြောင်း သတင်းရရှိပါသည်။

မိုးရွာသွန်းမှု များလာသောကြောင့် ချင်းတောင်နှင့် ချင်းတောင်ခြေရှိ ကားလမ်းများ သွားလာရ ခက်ခဲနေကြောင်း သိရ

မိုးရွာသွန်းမှု များလာသောကြောင့် ချင်းတောင်ပေါ်ရှိ ကားလမ်းများနှင့် ချင်းတောင်ခြေရှိ ကားလမ်းများ သွားလာရခက်ခဲလာသည်ဟု သိရှိရပါသည်။

ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း တင်သွင်း

ပြည်ထောင်စုလွှတ်တော်မှ စစ်ဆေးရန် တာဝန်ပေးပါက အစိုးရအဖွဲ့၏ လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မှုကို 'စစ်ဆေးကာ တင်ပြရမည့်အချက် ပါဝင်သည့် ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေအား ပြင်ဆင်သည့်ဥပဒေကြမ်းကို သြဂုတ်လ ၈ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် မင်းလှမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးမောင်တိုးက တင်သွင်းခဲ့သည်။

ငြိမ်းချမ်းရေးဆွေးနွေးမှု စီးပွားရေးဖွံ့ဖြိုးမှုကိုသာ အစိုးရမှ စောင်းပေးဆွေးနွေးဟု KNU ဥက္ကဌ သုံးသပ်

မြန်မာအစိုးရသည် ကရင်အမျိုးသားအစည်းအရုံး-KNU နှင့် ငြိမ်းချမ်းရေးဆွေးနွေးရာတွင် ငြိမ်းချမ်းရေးထက် စီးပွားရေးဖွံ့ဖြိုးမှုများကိုသာ စောင်းပေးဆွေးနွေးသည်ဟု သုံးသပ်မိကြောင်း ၂၀၁၂ခုနှစ်၊ သြဂုတ်လ ၁၂ရက်နေ့၌ ကျရောက်မည့် (၆၂)နှစ်ပြည့် ကရင့်အာဇာနည် နေ့အတွက် ပြောကြားသော KNU ဥက္ကဌ၏ မိန့်ခွန်းတွင် သုံးသပ်ပြောဆိုထားသည်။

တရုတ်သံအမတ်ကျိုင်းတုံသို့ရောက် စိုင်းနော်ခမ်းတပည့်အား ထပ်မံစစ်ဆေး

မူးယစ်ရာဇာအမည်ရ စိုင်းနော်ခမ်း၏ ဒုတိယ လက်ထောက်အား တရုတ်လက်သို့ လွှဲပေးရန် မြန်မာ အစိုးရငြင်းဆိုပြီး နောက်ပိုင်း ယမန်နေ့က တရုတ်သံအမတ်ကြီးဦးဆောင်သည့်အဖွဲ့က ကျိုင်းတုံသို့ရောက်ရှိ ကာ တရုတ် ၁၃ ဦး သေဆုံး မှုအား ထပ်မံစစ်ဆေးခဲ့သည်ဟု စရဖ အသိုင်းအဝိုင်းကပြောပါသည်။