Tuesday 31 July 2012

သျှမ်းပြည်တပ်မတော်နှင့် ၀ တပ်ဖွဲ့ဒုတိယအကြိမ်စစ်ရေးတင်းမာနေမှုကို ဖြေရှင်း




သျှမ်းပြည်တောင်ပိုင်း ထိုင်းနယ်စပ် သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် ၀ ပြည်သွေးစည်းညီညွှတ်ရေး
တပ်မတော်တို့အကြား နယ်မြေနှင့်စပ်လျဉ်း၍ နှစ်ဘက်စစ်ရေးတင်းမာခဲ့ကြောင်း နယ်စပ်သတင်းရပ်ကွက်
ကဆိုပါသည်။

ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ်ကို ကွပ်ကဲရန်အတွက် နစက ကွပ်ကဲရေးမှူးအသစ်ရောက်ရှိ



ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ်ကို ကွပ်ကဲရန်အတွက် နစက ကွပ်ကဲရေးမှူးအသစ် တစ်ဦး  ရောက်ရှိလာပြီဖြစ်ကြောင်း သတင်းရရှိသည်။ရောက်ရှိလာသည့် နစက ကွပ်ကဲရေးမှူးအသစ်မှာ ဗိုလ်မှူးကြီး မောင်မောင်ဦး (ယာယီ )အသစ်ဖြစ်ပြီး တောင်ကုတ်မြို့  ဇာတိဖြစ်ကြောင်းဆိုသည်။

အမျိုးသမီးများအတွက် အဆိုးရွားဆုံးနေရာ

ယခုလအတွင်း ဖြစ်ပျက်ခဲ့သည့် အိန္ဒိယအရှေ့မြောက်ပြည်နယ်တခုတွင် အမျိုးသမီးတဦးအား ကာယအိနြေ္ဒ ပျက်ပြားသည်အထိ စော်ကားမှုသည် ပြည်သူများကြားတွင် အထိတ်တလန့် ဖြစ်ပေါ်စေခဲ့သည်။ ၄င်းအမျိုးသမီးငယ် တစ်ဦးသည် ည (၉)နာရီ ကျော်တွင် ဘားတခုမှ ထွက်အလာတွင် လူ (၁၈) ဦးမှ သူမအား ဆံပင်ကို ဆွဲကာ လမ်းဘေးသို့ ခေါ်ဆောင်သွားပြီး အင်္ကျီကို ဆုတ်ဖြဲပြီး၊ ကင်မရာရှေ့တွင် ပြုံးစေ၍ ဗွီဒီယို ရိုက်ကူးခဲ့သည်။ ၄၅ မိနစ်အကြာမှ ရဲမှ ရောက်ရှိလာခဲ့သည်။

တောင်ငူ၊ ဘားအံ ၊ ရွှေကျင် တို့တွင် မြစ်ရေကြီးမှု ဖြစ်ပေါ်

တောင်ငူမြို့အတွင်း ရေကြီးနေစဉ် မြန်မာနိုင်ငံမိုးလေ၀သနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီနေ့ညနေ ထုတ်ပြန်ချက်အရ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့  မှာ ၅၈၈ စင်တီမီတာသို့ရောက်ရှိနေပြီး နောက် ၄၈ နာရီ အတွင်း တောင်ငူမြို့ ရဲ့ စိုးရိမ်ရေမှတ် ၆၀၀ စင်တီမီတာသို့ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

2012 SUZUKI ဖလား ခြေစစ်ပွဲအတွက် ပဏာမ မြန်မာလက်ရွေးစင် ၂၈ ဦး စာရင်းထုတ်ပြန်


ဆူဇူးကီးဖလား ၂၀၁၂ ခြေစစ်ပွဲဝင်ရန် ပြင်ဆင်မှု တစ်ရပ်အနေဖြင့် သြဂုတ်လ ၁၅ရက်နေ့တွင် ကစားမည့် ခြေစမ်းပွဲ အတွက် မြန်မာ့လက်ရွေးစင် (၂၈)ဦး အမည်စာရင်းအား ထုတ်ပြန်ကြေညာခဲ့ရာ ရန်ပိုင်၊ ရာဇာဝင်းသိန်း၊ မိုးဝင်း၊ ခင်မောင်လွင် အစရှိသည့် အတွေ့အကြုံရှိ ကစားသမားများ ရွေးချယ် ခံခဲ့ရကြောင်း သိရသည်။



ရဲတပ်ဖွဲ့ဝင်များပြည်သူလူထုအပေါ်အမှီအခိုကင်း၍ ဂုဏ်သိက္ခာရှိစွာရပ်တည်နိုင်ရန်အတွက် အစိုးရအနေဖြင့် စဉ်းစားသင့်ဟု ကိုယ်စားလှယ်တစ်ဦးဆို



ရဲတပ်ဖွဲ့ဝင်များ ပြည်သူလူထုအပေါ် အမှီအခိုကင်း၍ ဂုဏ်သိက္ခာရှိစွာရပ်တည်နိုင်ရန်အတွက် အစိုးရအနေဖြင့် စဉ်းစားသင့်ဟုအမျိုးသားလွှတ်တော်ကိုယ်စားလှယ်က လွှတ်တော်အတွင်း
 ပြည်ထဲရေးဝန်ကြီးအား လုပ်ဆောင်ပေးရန်အစီအစဉ်ရှိမရှိမေးမြန်းခဲ့သည်။

တက္ကသိုလ်ပညာရေး ဥပဒေကြမ်းပြင်ဆင်ရေးဆွဲရေးဒေါ်အောင်ဆန်းစုကြည် ထောက်ခံ

နေပြည်တော်၊ ဇူလိုင် - ၃၁

ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီက ရေးဆွဲသည့် ၂၀၁၂ ခုနှစ် တက္ကသိုလ်ပညာရေး ဥပဒေကြမ်းတစ်ခုလုံး ပြန်လည် ပြင်ဆင်ရေးဆွဲရေးကို တောင်ဒဂုံ မဲဆန္ဒနယ်မှ ဒေါ်တင်နွယ်ဦးက တင်သွင်းရာ ပြည်သူ့လွှတ်တော် ၁၈ ရက်မြောက်နေ့တွင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုနှင့် ဒေါ်အောင်ဆန်းစုကြည်တို့က ထောက်ခံခဲ့ကြ ကြောင်းသတင်းရရှိသည်။

Microsoft Office 2013 အကြောင်း သိထားသင့်သမျှ

Windows 8 အတွက် အဆင့်မြှင့်တင်မှုပြုလုပ်ထားပြီး tablet တွေပေါ်မှာအသုံးပြုနိုင်မယ့် နောက်ဆုံးပေါ် Office ဗားရှင်းဖြစ်တဲ့ Microsoft Office 2013 ကို မကြာသေးမီ Microsoft ကုမ္ပဏီက မိတ်ဆက်ပေးခဲ့ပါ တယ်။ လုပ်ငန်းသုံးဆော့ဖ်ဝဲပရိုဂရမ်တွေ စုပေါင်းပါဝင်တဲ့ Microsoft Office 2013 ကို ARM ပရိုဆက်ဆာ တွေပေါ်မှာ သုံးနိုင်တဲ့ Windows RT အတွက်အပြင် x86-32 နဲ့ x86-64 Windows ဗားရှင်းများအနေနဲ့ပါ သီးခြားဖြန့်ချိပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် Office 2013 နဲ့ ပတ်သက်ပြီး သိထားသင့်သမျှကို
 ဖော်ပြလိုက်ပါတယ်။

Steve Ballmer Office 2013 Steve Ballmer Office 2013

ဟိုတယ်သော့ကတ်များတွင် ဟက်ကာများမှ လုံခြုံရေးစနစ်ရှောင်လွှဲစေနိုင်သည့် အားနည်းချက်ရှိဟုဆို

ကမ္ဘာတစ်ဝန်းရှိ ဟိုတယ်အခန်းပေါင်း ၄ သန်းကျော်တွင် အသုံးပြုလျက်ရှိသည့် Onity ၏ ဟိုတယ်တံခါး သော့ကတ်များတွင် လုံခြုံရေးစနစ်ကိုရှောင်လွှဲစေနိုင်သည့် အားနည်းချက်များရှိကြောင်း Mozilla developer နှင့် လုံခြုံရေး သုတေသီဖြစ်သူ Cody Brocious ၏အဆိုအရ သိရသည်။ ထို့အပြင် အမေရိကန်ဒေါ်လာ ၅၀ အောက် တန်ဖိုးရှိသည့် အရာများကို gadget တစ်ခုအဖြစ်တည်ဆောက်ကာ အဆိုပါ ဟိုတယ်တံခါးများ၏ လုံခြုံရေးစနစ်များကို ရှောင်လွှဲနိုင်ကြောင်း Brocious က ပြောကြားခဲ့သည်။

ဒုတိယသမ္မတ အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီးဥာဏ်ထွန်းအား အမည်စာရင်းတင်သွင်းထားဟု လွှတ်တော်တွင်းသတင်းများထွက်ပေါ်



ဒုတိယသမ္မတ အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီးဥာဏ်ထွန်းအား အမည်စာရင်းတင်သွင်းထားဟု လွှတ်တော်တွင်းသတင်းများထွက်ပေါ်နေပြီး ယင်းကိစ္စနှင့် ပတ်သက်၍ ဒုတိယသမ္မတ စီစစ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးဌေးဦးက " ကျွန်တော့အနေနဲ့က သိလည်းပြောခွင့်မရှိပါဘူး ဦးခင်အောင်မြင့်က ပြောခွင့်ရှိပါတယ် ကျွန်တော့်အနေနဲ့ပြောနိုင်တာက သိပ်မကြာခင်မှာ ဒုတိယသမ္မကို ပြည်ထောင်စုလွှတ်တော်မှာတင်သွင်းနိုင်မှာပါ။ကျွန်တော့်အနေနဲ့ကျော်ပြောလို့မကောင်း
ပါဘူး ၊ သေချာတာက ဒုတိယသမ္မတ အမည်စာရင်း ကျွန်တော်တို့ စီစစ်ရေးကော်မတီကို 
မရောက်လာသေးပါဘူး " ဟု ပြောကြားခဲ့သည်။

ဦးဌေးဦး

ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် သောမတ် ကွင်တာနား မောင်တောတွင် ဘင်္ဂလီ ၅ ဦး နှင့်တွေ့ဆုံ



မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် သောမတ် ကွင်တာနားသည် စစ်တွေမြို့မှ တစ်ဆင့် မောင်တောမြို့ပေါ်သို့ ယနေ့မွန်းလွဲ ၁ နာရီခန့်က ရောက်ရှိလာခဲ့ပြီး ဖြစ်ပွားခဲ့သော အဓိကရုဏ်းဖြစ်စဉ်များနှင့် စပ်လျဉ်းပြီး ခရိုင်အုပ်ချုပ်ရေးရုံးတွင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်
 တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ ယနေ့မွန်လွဲ ၂ နာရီကျော် အချိန်ခန့်တွင် မြို့ခံ ဘင်္ဂါလီ ၅ ဦးနဲ့ သီးခြားတွေ့ဆုံနေကြာင်း သိရသည်။


အစိုးရ အဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှု စာရင်းကောက်ပြီ ...

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု ၀န်ကြီးများ၊ တိုင်းနှင့် ပြည်နယ် ၀န်ကြီးချုပ်များ ၊ တရားသူကြီးချုပ်များ အပါအ၀င် အစိုးရအဖွဲ့ဝင် အားလုံး၏ စီးပွားရေးလုပ်ငန်းများ နှင့် ပိုင်ဆိုင်မှုများကို သြ
ဂုတ်လ ၁ ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပြုစု တင်ပြကြရန် အမိန့်တရပ်ညွှန်ကြားထားကြောင်း သိရ
သည် ။

မောင်တောတွင် လူ ၅၀၀ခန့် ငြိမ်းချမ်းစွာ စုဝေးဆန္ဒဖော်ထုတ်



ရန်ကုန်၊ ဇူလိုင် ၃၁

ရခိုင်ပြည်နယ် မောင်တော်မြို့နယ်သို့ ယနေ့ နံနက်တွင် ရောက်ရှိနေသော မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့ အခွင့်အရေး ကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနားကို တိုင်းရင်းသားများ၏ အခွင့်အရေးကို
 လေးစားရန်၊ နိုင်ငံတော် သမ္မတကြီး၏ ဆုံးဖြတ်ချက်ကို လေးစားရန် အပါအ၀င် အချက်လေးချက်ပါ
ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ဒေသခံတိုင်းရင်းသား ၅၀၀ခန့် ယနေ့ နံနက် ၁၁နာရီခန့်မှ စတင်ကာ ငြိမ်းချမ်းစွာ စုဝေး ဆန္ဒဖော်ထုတ်လျက် ရှိကြောင်း မောင်တောမြို့ ဒေသခံများထံ ဆက်သွယ်မေးမြန်းချက်အရ သိရှိရသည်။

နိုင်ငံရပ်ခြားတွင် သွားရောက် အလုပ်လုပ်ကိုင်နေကြသောမြန်မာ နိုင်ငံပြောင်းရွေ့လုပ်သားများအတွက် ဘ၀အာမခံချက် လုံခြုံမှုရှိစေ ရေး Migratoin Policy ချမှတ်ဆောင်ရွက်နိုင်ရန် " အဆိုတင်သွင်း



နိုင်ငံရပ်ခြားတွင် သွားရောက် အလုပ်လုပ်ကိုင်နေကြသောမြန်မာ နိုင်ငံပြောင်းရွေ့လုပ်သားများအတွက် ဘ၀အာမခံချက် လုံခြုံမှုရှိစေရေး Migratoin Policy ချမှတ်ဆောင်ရွက်နိုင်ရန် "  အဆိုကို 
ဟင်္သတ မဲဆန္ဒနယ်မှ ဦးဌေးဦး က ယနေ့တွင်' သွားရောက်လုပ် ကိုင်လျက်ရှိ သူတွေဟာ 3.D အလုပ်တွေလုပ်နေကြရတာပါ။ 3.D ဆိုတာ Dangerous အန္တရာယ်များသော၊ Difficult ခက်ခဲကြမ်းတမ်းသော၊ Dirty ညစ်ပတ်သော အလုပ်တွေဖြစ်ပါတယ်။ သွားရောက်တဲ့လူဦးရေဟာ ထိုင်းမှာ ၂ သန်းခွဲလောက်နဲ့ မလေးရှားမှာ၅ သိန်းခန့်လောက်ရှိ ပါတယ်။" ဟု ၄င်းကအဆိုတင်သွင်းချက်တွင် 
ပြောကြားသည်။

အိမ်မွေးခွေးလေးကြောင့် Twilight စတားနှစ်ဦး အမုန်းပွားစရာပိုဖြစ်လာ

ခရစ္စတန် စတီးဝပ်နှင့် ရောဘတ်ပက်တင်ဆန်တို့သည် ယခုအခါ အချစ်တော် အိမ်မွေးခွေးလေးကြောင့် ပိုမိုအမုန်းပွားစရာ ဖြစ်လာရကြောင်း သိရှိရသည်။ ၎င်းတို့ ကယ်တင် မွေးစားထားသည့် ခွေးကလေး Bearကို Twilightစတား ဇာတ်ဆောင် နှစ်ဦးလုံးက ချစ်မြတ်နိုးကြသည်။ မင်းသမီး စတီးဝပ်သည် အိမ်ထောင်ရှိသည့် ဒါရိုက်တာ တစ်ဦးနှင့် ဇာတ်လမ်းရှုပ်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာသည့်နောက် ပက်တင်ဆန်သည် ၎င်း၏ ချစ်သူကို စွန့်ခွာသွားခဲ့သည်။ ယခုအခါ Bearကို ပိုင်ဆိုင်ရေးအတွက် ယခင်က ချစ်သူနှစ်ဦးကြား ခါးသီးသော အားပြိုင်မှုများ ပေါ်ပေါက်လာဖွယ် ရှိနေသည်။ 


ဖိလစ်ပိုင်တွင် တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၇ ဦးသေဆုံး

ဖိလစ်ပိုင်နိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အနည်းဆုံး လူ(၇)ဦးမျှ သေဆုံးသွားကြောင်း သိရှိရသည်။ အင်္ဂါနေ့က သတင်းများတွင် ဖော်ပြထားချက်အရ လူပေါင်း (၂၀၀၀၀)ကျော်သည် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ကြရပြီး ဖြစ်သည်။ မနီလာမြို့တော်တွင် အဓိက အခြေအနေ ဆိုးရွားနေသလို အနီးအနားရှိ ဒေသများသည်လည်း ပြင်းထန်သော ရာသီဥတု၏ ဆိုးဆိုးရွားရွား သက်ရောက်မှုကို ခံစားနေကြရသည်။ 


တောင်ဒဂုံ စက်မှုဇုန်တွင် အလုပ်သမားများ ဆန္ဒပြ



တောင်ဒဂုံ စက်မှုဇုန် (၁)၊ မူဆယ်လမ်းတွင်ရှိသည့် TESEL Packing Industies Co.LTD တွင် နံနက် ၁၁ နာရီခန့်မှ စတင်ပြီး အလုပ်သမား ၅၀၀ ၀န်ကျင်ခန့်သည် လုပ်ခလစာနည်ပါးမှုနှင့်ပတ်သက်ပြီး ကုမ္ပဏီဝင်းအတွင်း ဆန္ဒထုတ်ဖေါ်မှုများ ပြုလုပ်နေကြောင်း သိရှိရသည်။ အဆိုပါ စက်ရုံသည် ပီနံအိတ် ထုတ်လုပ်သည့် စက်ရုံဖြစ်ကြောင်း သိရှိရပါသည်။


ref:EMG

လတ်တလော နိုင်ငံတကာ သတင်းများ

နည်းပညာ တက္ကသိုလ် နှစ်ခုမှ ဘွဲ့ကြို သင်တန်းများ ပြန်လည် ဖွင့်လှစ်မည်

သိပ္ပံနဲ့ နည်းပညာ ၀န်ကြီးဌာန လက်အောက်ရှိ ရန်ကုန် နည်းပညာ တက္ကသိုလ်နဲ့ မန္တလေး နည်းပညာ တက္ကသိုလ် တို့မှာ လာမယ့် ပညာသင်နှစ်က စတင်ပြီးဘွဲ့ကြို သင်တန်းတွေကို ပြန်လည် ဖွင့်လှစ်
သင်ကြား တော့မှာ ဖြစ်တယ်လို့ တက္ကသိုလ် တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ အဆိုပါ တက္ကသိုလ် တွေမှာ ယခင်က ဖွင့်လှစ် သင်ကြား ပေးခဲ့တဲ့ အင်ဂျင်နီယာ ဘွဲ့ကြို သင်တန်းတွေကို ၂၀၀၀ ပြည့်နှစ် နောက်ပိုင်း အချိန်လောက်က စတင်ကာ ရပ်နားထားခဲ့တာ ဖြစ်ပါတယ်။

The Voice Weekly နှင့် Envoy သတင်းစာစောင်များ ယာယီရပ်နားခံရ



ပြန်ကြားရေးဝန်ကြီးဌာန၊ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက သတ်မှတ်ထားသော စည်းကမ်းချက်များ ချိုးဖောက်သည်ဟူသော စွပ်စွဲချက်ဖြင့် The Voice Weekly နှင့် Envoy သတင်းစာစောင်များ လာမည့်အပတ်မှစ၍ ထုတ်ဝေခွင့်ယာယီရပ်နားလိုက်ကြောင်း စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန၏
ခေါ်ယူအကြောင်းကြားခြင်းခံရသူ အရပ်နားခံ စာစောင်တစ်ခုမှ အမှုဆောင် အယ်ဒီတာတစ်ဦးက
 ပြောကြားသည်။

i Phone အသစ် လာမည့် စက်တင်ဘာတွင် လာတော့မည်

နာမည်ကျော် အမေရိကန် ကုမ္ပဏီကြီး ဖြစ်သည့် Apple ကုမ္ပဏီမှာ ၎င်းတို့၏ နာမည်ကျော် ထုတ်ကုန်ဖြစ်သော iPhone ၏ နောက်ဆုံး version ကိုထုတ်လုပ်ရန် ကြိုးစားနေကာ The New York Times 
သတင်းတွင် ဖော်ပြချက် အရ လာမည့် စက်တင်ဘာလ ၁၂ ရက်တွင်  စတင် ထုတ်ပြတော့မည်
 ဖြစ်ကြောင်း ရေး သားလိုက်ကာ ယင်းအစီအစဉ်နှင့် နီးစပ်သူ တစ်ဦး၏ အပြောကို ကိုးကားပြီး
 ရေးသားလိုက်ခြင်း ဖြစ်သည်။ ယခု သတင်းကို  iMore မဂ္ဂဇင်းတွင် ဖော်ပြရာ၌မူ  စက်တင်ဘာလ ၂၁ ရက်တွင် စတင် ထုတ်လုပ်မည် ဖြစ်ကာ  iPad mini နှင့်  iPod nano  အသစ်များကိုလည်း ထုတ်လုပ်သွားမည် ဖြစ်ကြောင်း ရေးသား ဖော်ပြခဲ့သည်။


စက်စွမ်းအား ၁၁ဝ စီစီနှင့်အောက် မော်တော်ဆိုင်ကယ် မောင်းနှင်ခွင့်အတွက် အသက် ကန့်သတ်ချက် လျှော့ပေါ့သတ်မှတ်ပေးခြင်း

ယာဉ်မောင်းလိုင်စင်တစ်ခုခုရရှိရန်အတွက် စတင်သင်ကြားမောင်းနှင်နိုင်ရန် ကနဦးရယူရသည့် အမောင်းသင် လိုင်စင်အား အသက် ၁၇ နှစ်ပြည့်ပြီးမှ ရယူရမည်ဟု သတ်မှတ်ထားရှိခဲ့ပါသည်။ ယခုအခါ နိုင်ငံတော်၌ မော်တော်ဆိုင်ကယ်ကို မြို့ပြနှင့် ကျေးရွာအနှံ့အပြား တွင်ကျယ်စွာ အသုံးပြုလျက်ရှိသည်။

ပဋိပက္ခအတွင်းသေဆုံးသူများအတွက် ထိုင်းအခြေစိုက်ရခိုင်လူမှုအဖွဲ့စည်းများက ထောက်ပံ့ငွေပေးအပ်

နှစ်ဘက်အပြန်အလှန်တိုက်ခိုက်မှုပဋိပက္ခများကြောင့် အသက်ဆုံးပါးသွားရသည့် ရခိုင်တိုင်းရင်းသားများ အတွက် ၄င်းတို့၏မိသားစုဝင်များအား ရခိုင်လူမှုအဖွဲ့စည်းများက ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။


အသက်ဆုံးပါးသွားသူနှင့် ဒဏ်ရာရသူများအပြင် ပဋိပက္ခဖြစ်စဉ်ကာလဖမ်းဆီးခံထားရသည့် ရခိုင်တိုင်းရင်းသားများအတွက်ပါ
ထောင်ဝင်စာနှင့်မိသားစုစားဝတ်နေရေးအတွက်ပါ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ စစ်တွေမြို့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီဗဟိုရုံးတွင်ဇူလိုင်လ နောက်ဆုံးအပတ်အတွင်းက ပေးအပ်ခဲ့ခြင်းဖြစ်ပြီးမိသားစုဝင်များ
အတွက် ထိုင်းနိုင်ငံမှ ရခိုင်လူမှုအဖွဲ့စည်းဖြစ်သည့် ရခိုင်ပြည်ဘေးရန်သင့်ကူညီထောက်ပံ့မှု ကော်မတီ(ထိုင်းနိုင်ငံ)မှ ကူညီထောက်ပံ့ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့် CNA အင်တာဗျူး

နိုင်ငံတော်သမ္မတဦးသိန်းစိန်  - ခင်ဗျားတို့ CNA  အနေနဲ့ကတော့  နာမည်ကြီးတဲ့သတင်းဌာန တစ်ခုလဲဖြစ်ပါတယ်။  မြန်မာနိုင်ငံမှာ လဲ CNAသတင်းဌာနကို လူကြည့်တော်တော်လဲများပါတယ်။ များသော အားဖြင့်ကြည့်ကြတာများပါတယ်။ဒီလိုအင်တာဗျူးလာရောက်လုပ်တဲ့အတွက်ဘာပဲဖြစ်ဖြစ် ကျွန်တော်အနေ နဲ့ ကြိုဆိုပါတယ်။ ကျေးဇူးလဲတင် ပါတယ်။


ယနေ့ ကျင်းပမည့် အမျိုးသား လွှတ်တော်တွင် မေးမြန်းမည့် မေးခွန်းများ



ယနေ့(ဇူလိုင်လ ၃၁ရက်နေ့) တွင် ကျင်းပမည့် အမျိုးသား လွှတ်တော် အစည်းအဝေးတွင်
 

(၁) ရပ်ကွက် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး ကိစ္စနှင့် စပ်လျဉ်းသော မေးခွန်း။

(၂) ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုဒဏ် ခံစားခဲ့ရသော ပြည်သူများမူလ အခြေအနေသို့ 
အမြန်ဆုံး ပြန်လည် ရောက်ရှိရေး အတွက် ပြည်ထောင်စု အစိုးရအဖွဲ့မှ ဆောင်ရွက်ပေးမည့် ပြန်လည် ထူထောင်ရေး အခြေအနေများနှင့် နောင် အလားတူ ဖြစ်စဉ်များ ထပ်မံ မဖြစ်ပွားစေရေး၊ လုံခြုံမှု တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှု အပြည့်အ၀ ရရှိရေးအတွက် ရေရှည်အစီအမံများ ချမှတ်ရေးဆွဲ ထားရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း။

လူ့အခွင့်အရေးကိုယ်စားလှယ် Tomás Ojea Quintana စစ်တွေမြို့ သို့ရောက်ရှိ

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ သောမတ် အိုဟေး ကွင်တားနားနှင့် အဖွဲ့သည် ယနေ့နံနက် ၉ နာရီ မိနစ် ၃၀ အချိန်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိခဲ့ပြီး စစ်တွေ လေဆိပ်မှတစ်ဆင့် မောင်တောမြို့သို့ ရဟတ်ယာဉ်ဖြင့် ဆက်လက် ထွက်ခွာသွားကြောင်း သိရပါသည်။



ref:EMG

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဆက်ဆံရေးရုံး လွိုင်ကော်မြို့၌ ဖွင့်လှစ်



ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဆက်ဆံရေးရုံး ဖွင့်ပွဲအခမ်း အနားကို ဇူလိုင် ၂၅ ရက် နံနက် ၈ နာရီက လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက် အမှတ်(၈)လမ်း ခြံအမှတ်(၁၈)ရှိ အဆို ပါဆက်ဆံရေးရုံးရှေ့၌
ကျင်းပရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP)မှ လွိုင်ကော် မြို့နယ်တာဝန်ခံ ဦးဒယ်နီရယ်နှင့် တာဝန်ရှိသူများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များ စုစုပေါင်းအင်အား ၂ဝဝ ခန့် တက်ရောက်ကြသည်။
ရှေးဦးစွာ နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ ဆရာတော်ဒေါက်တာမောလေးက ဝတ်ပြုဆုတောင်းပြီး
 ပြည်နယ်ဝန်ကြီးချုပ်က ကရင်နီအမျိုးသားတိုး တက်ရေးပါတီ (KNPP) ဆက်ဆံရေးရုံး ဆိုင်းဘုတ်သစ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။ 

စိတ်ဝင်စားဖွယ် သတင်းတိုလေးများ

ရခိုင်ပြည်နယ် အခြေအနေဆိုင်ရာ သတင်းထုတ်ပြန်ချက်



ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ

နိုင်ငံခြားရေး ၀န်ကြီးဌာန

ရခိုင်ပြည်နယ် အခြေအနေဆိုင်ရာ သတင်းထုတ်ပြန်ချက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် 
အစိုးရသည် တရားဥပဒေ စိုးမိုးရေး၊ ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေး တို့ကို အဓိကထားကာ
 ငြိမ်းချမ်း၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်လျက်ရှိပါသည်။

ထိုကဲ့သို့ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ကို တစ်တိုင်းပြည်လုံးအတွက် အချိန်ပြည့် လုပ်ဆောင်လျက်ရှိရာတွင် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိပါးသော ဖြစ်ရပ်နှစ်ခု ရခိုင်ဒေသတွင် ပေါ်ပေါက်ခဲ့ပါသည်။