Friday 22 November 2013
ကိုင်း ဒီကိစ္စ ဘယ်လို လုပ်ကြမတုန်း
ကျောင်းနား မှာ ဆေးလိပ် ဆေးရွက်ကြီး ကင်းစင် နယ်မြေ ဆိုတာ လူကြီးပြောင်းသွားလို့ ဆောင် ပုဒ်ပါ တစ်ခါတည်း သူ့နောက်ပါသွားလေရာ့သလား မ ပြောတတ်ပါဘူး။
22.11.2013 to 28.11.2013 ထိ၇ရက်ဟောစာတမ်း
တနင်္ဂနွေ
စိတ်မော လူမော စိတ်ပင်ပန်း လူပင်ပန်း ခြင်းကြုံရတတ်၏။ ရည်ရွယ်ချက်များ လျှင်မြန်စွာ အောင်မြင်လိုသော်လည်း နှောင့်နှေး ထစ်ငေါ့ မှု့တွေရင်ဆိုင်ရတတ်၏။ ယုံကြည်အားကိုးရမည် ထင်ရသူတို့ ကလည်း စိတ်တိုင်းမကျ မှု့များ ဖြစ်ပေါ်မည်။ ဒီကြားထဲ အတိုက်အခံ တွေ ပေါ်အုံးမယ်။ အားငယ်ရမလို ဖြစ်သော်ငြား မနည်းအားတင်းနေရတတ်၏။ ဖြေဆိုမှု့များ အောင်မြင်မည်။ ရာထူးအလုပ်များ ရာထူးတက် လစာတိုးမည်။ မရည်ရွယ်သော ခရီးများ သွားရမည်။ ချစ်သူ နှင့် အဆင်မပြေမှု့များ ကြုံမည်။ ချစ်သူ သစ္စာဖောက်၍ အခြား တစ်ယောက် နှင့် ဖြစ်မည်။ သို့သော် သင့်ထံ မုချ ပြန်လာမည်။
အကျိုးပေးဂဏန်းမှာ - ၅၊ ၁၊ ၉။
အထူးဟော - မုချ အောင်မြင်မှုရမှာပါ။
ယတြာ     - အိမ်ဘုရားကို တနင်္ဂနွေ နံနက်တွင် ကောင်ညှင်းပေါင်းနှင့် အကြော် (၁၀) ခု ဖြင့်ကပ်လှူ၍ ဆုတောင်းပါ။
“သတင်းထောက် ဆိုတာ ဆုရဖို့ လုပ်တာ မဟုတ်ဘူး”
အမျိုးသမီးသတင်းထောက်, အခက်အခဲ, ကျား၊ မ ခွဲခြားခံရမှု, ဂုဏ်ပြုဆု
Missouri School of Journalism ၂၀၁၃ခုနှစ်အတွက် ပေးအပ်သည့် ဂုဏ်ပြုဆုရရှိသူများ (ဓာတ်ပုံ – ဒေါ်အေးအေးဝင်းထံမှ)
အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ Missouri School of Journalism က ၂၀၁၃ ခုနှစ် အတွက် သတင်းသမားတွေကို ရွေးချယ်ပေးအပ်ခဲ့ပါတယ်။  Missouri Honor Medal for Distinguished Service လို့ခေါ်တဲ့ အဲဒီဆုကို ကမ္ဘာတ၀ှမ်းက သတင်းသမား ၇ ဦးက ရရှိခဲ့ပြီး အဲဒီ သတင်းသမားတွေ ထဲမှာ မြန်မာနိုင်ငံက အမျိုးသမီး သတင်းထောက် တယောက်လည်း ပါဝင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်က မစ်ဆူရီတက္ကသိုလ်မှာ ဂုဏ်ပြုချီးမြှင့်ပွဲ လုပ်ခဲ့ရာမှာ မြန်မာက ဒေါ်အေးအေးဝင်းက ဆုလက်ခံရယူခဲ့ပါတယ်။ ဒေါ်အေးအေးဝင်းဟာ ကမ္ဘာ့သတင်းဌာန တစ်ခုဖြစ်တဲ့ အေပီသတင်း ဌာနက မြန်မာနိုင်ငံအခြေစိုက် သတင်းထောက်ပါ။
ကမ္ဘာ့ အထူးဆန်းဆုံး အားကစားနည်း (၃) မျိုး
၁။ သေမင်းတမာန် ဆိုင်ကယ်စတန့် 
သမာရိုးကျအားကစားနည်းတွေနဲ့ မတူဘဲ တစ်မူထူးခြားတဲ့အားကစားနည်းတွေထဲမှာ အိန္ဒိယနိုင်ငံရဲ့ 
အကျော်ကြားဆုံးအားကစားနည်းတစ်ခုဖြစ်တဲ့ သေမင်းတမာန်ဆိုင်ကယ်စတန့် လည်းအပါအ၀င်
ဖြစ်ပါတယ်။ အမေရိကန်ကနေဆင်းသက်လာတဲ့ ဒီဆိုင်ကယ်စတန့် ပြနည်းဟာ ၁၉၉၀
ကျော်ခုနှစ်တွေမှာအလွန်လူကြိုက်များခဲ့ပြီး အခုထက်ထိ အိန္ဒိယနိုင်ငံမှာ ကျင်းပပြုလုပ်နေ
အချင်းပေ ၃၀ ကျော်ရှိတဲ့ ဆလင်ဒါပုံ ပြိုင်ကွင်းထဲမှာ ပါဝင်ဖျော်ဖြေကျတဲ့ စတန့် သမားတွေက
ဆိုင်ကယ်ကိုရေပြင်ညီ ပတ်စီးပြပြီး အသည်းယားစရာ စတန့် အမျိုးမျိုးကို ပြကြပါတယ်။
အာဆီယံဥက္ကဋ္ဌ တာဝန်ကို သမ္မတဦးသိန်းစိန် တစ်ဦးတည်းအား ပေးအပ်ခြင်း မဟုတ်ပါ
ဒေသအတွင်း စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု ဖွံ့ဖြိုးမှုကို မြှင့်တင်ရန်၊ နိုင်ငံအချင်းချင်း ရိုင်းပင်း ကူညီရန်၊ ဒေသတွင်း တည်ငြိမ်မှု ရရှိစေရန်၊ ရည်ရွယ်ချက်ချင်း တူညီသော အခြားအပြည်ပြည် ဆိုင်ရာနှင့် ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရန် ဟူသော ရည်ရွယ်ချက်များဖြင့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (The Association of South-East Asian Nations) ကို ၁၉၆၇ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သည်။ မူလ ဖွဲ့စည်းစဉ်က ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင် နိုင်ငံတို့ ပါဝင်ခဲ့ပါသည်။ ထို့နောက် ၁၉၉၅ ခုနှစ်တွင် ဘရူနိုင်းနိုင်ငံ၊ ၁၉၉၇ ခုနှစ်တွင် လာအိုနှင့် မြန်မာနိုင်ငံ၊ ၁၉၉၉ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံတို့ အသီးသီး အသင်းဝင်များ ဖြစ်လာကြပါသည်။
မေမြတ်မွန်ရဲ့မင်္ဂလာဆောင်
ဂီတလောကထဲကမဟုတ်ဘဲ ထင်ရှားနေတဲ့အဆိုတော်က မေမြတ်မွန် ဖြစ်ပါတယ်။ သူ့မင်္ဂလာဆောင်ကို သူနေထိုင်ရာ သြစတေးလျနိုင်ငံ  ပြီးခဲ့တဲ့ စနေနေ့က ကျင်းပခဲ့ပါတယ်။  
ရခိုင်ကလေးငယ် ၂ ဦး သေဆုံးမှု မသင်္ကာသူများ ရဲခေါ်စစ်
 ကောလဟလ, မသင်္ကာသူ,  ရခိုင်, တိုင်းရင်းသား, မွတ်စလင်, လူသတ်မှု 
ကောလဟလများ ဖြန့်ပြီး အကြမ်းဖက်မှု ဖန်တီးနိုင်သောကြောင့် စစ်တွေ အနီးတဝိုက် လုံခြုံရေးတင်းကြပ် ထားသည် (ဓာတ်ပုံ – Reuters)