Friday 4 April 2014

ရှမ်း နှစ်ပါတီ မပူးပေါင်းလျှင် ရှမ်းလူထု သွေးကွဲမှုများ ဖြစ်နိုင်ဟုဆို

ရှမ်းပါတီများ မပူးပေါင်းဖြစ်ဘဲ သီးခြားပါတီ အနေနှင့် ၂၀၁၄ ကြားဖြတ် ရွေးကောက်ပွဲနှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်လျှင် ဒေသခံရှမ်း လူထုအနေနှင့် အချင်းချင်း သွေးကွဲ မှုများ ဖြစ်ရုံသာမက မဲထည့်ရေး ခက်ခဲမည် ဖြစ်ကြောင်း မိုင်းတုံမြို့နယ်နေ ရှမ်းတိုင်းရင်းသား ဒေသခံ များက ပြောကြားသည်။
“ပါတီတွေ ပေါင်းချင်းပေါင်း၊ မပေါင်းလို့ကတော့ အချင်းချင်း သွေးကွဲတာနဲ့ ကြားလူစားသွားမယ်၊ ရှမ်းမဲပုံး နှစ်ခုဖြစ်ရင် ဘယ်ပါတီမှ မဲမထည့်ဘူး ဆိုတဲ့သူတွေ များလာနေပြီ၊ ရှမ်းတွေ မပေါင်းနိုင်တာ

အခွန်အများဆုံး ထမ်းဆောင်သူ ၁၀၀ ကို အခမ်းအနားဖြင့် ဂုဏ်ပြုလက်မှတ် ပေးမည်

၂၀၁၂-၂၀၁၃ အခွန်စည်းကြပ်နှစ်အတွင်း ဝင်ငွေခွန် အများဆုံး ထမ်းဆောင်သူ ၅၀ နှင့် ကုန်သွယ် လုပ်ငန်းခွန် အများဆုံး ထမ်းဆောင်သူ ၅၀ ဦးကို ဧပြီလ ၇ ရက်နေ့တွင် အခမ်းအနားဖြင့် ဂုဏ်ပြု လက်မှတ် ပေးအပ်မည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး က ပြောကြား သည်။
နှစ်စဉ် အခွန်အများဆုံး ထမ်းဆောင်သူများကို ဂုဏ်ပြုလက်မှတ် ပေးအပ်လေ့ ရှိပြီး ၂၀၁၁-၂၀၁၂ စည်းကြပ်နှစ်အတွက် အခွန်အများဆုံး ထမ်းဆောင်သူ ၂၀ ဦးစီကို အခမ်းအနားဖြင့် ဂုဏ်ပြု

အခွန်အများဆုံး ထမ်းဆောင်သူ ၁၀၀ ကို အခမ်းအနားဖြင့် ဂုဏ်ပြုလက်မှတ် ပေးမည်

၂၀၁၂-၂၀၁၃ အခွန်စည်းကြပ်နှစ်အတွင်း ဝင်ငွေခွန် အများဆုံး ထမ်းဆောင်သူ ၅၀ နှင့် ကုန်သွယ် လုပ်ငန်းခွန် အများဆုံး ထမ်းဆောင်သူ ၅၀ ဦးကို ဧပြီလ ၇ ရက်နေ့တွင် အခမ်းအနားဖြင့် ဂုဏ်ပြု လက်မှတ် ပေးအပ်မည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး က ပြောကြား သည်။
နှစ်စဉ် အခွန်အများဆုံး ထမ်းဆောင်သူများကို ဂုဏ်ပြုလက်မှတ် ပေးအပ်လေ့ ရှိပြီး ၂၀၁၁-၂၀၁၂ စည်းကြပ်နှစ်အတွက် အခွန်အများဆုံး ထမ်းဆောင်သူ ၂၀ ဦးစီကို အခမ်းအနားဖြင့် ဂုဏ်ပြု

တက္ကဆက်ရှိ အမေရိကန်စစ်စခန်း ပစ်ခတ်မှုဖြစ်ပွား၊ စစ်သားသုံးဦးသေဆုံး ၁၆ ဦး ဒဏ်ရာရ

Photo: တက္ကဆက်ရှိ အမေရိကန်စစ်စခန်း ပစ်ခတ်မှုဖြစ်ပွား၊ စစ်သားသုံးဦးသေဆုံး ၁၆ ဦး ဒဏ်ရာရ

အော့စ်တင်၊ ဧပြီ ၃

အမေရိကန် ပြည်ထောင်စု တက္ကဆက်ပြည်နယ် အခြေစိုက် စစ်စခန်းတစ်ခုတွင် သေနတ်ဖြင့် ပစ်ခတ်မှုတစ်ရပ် ဖြစ်ပွားခဲ့လေရာ စစ်သားသုံးဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိ သွားခဲ့ကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။

အဆိုပါ စစ်စခန်းသည် ၂၀၀၉ ခုနှစ်ကလည်းတစ်ကြိမ် ပစ်ခတ်မှု ဖြစ်ပွားခဲ့သေးပြီး ထိုပစ်ခတ်မှု ဖြစ်စဉ်ကပိုပြီး ကြီးကျယ်ခဲ့ကာ စစ်သား ၁၃ ဦးသေဆုံးပြီး ၃၂ ဦး ဒဏ်ရာရရှိခဲ့သည်။

ယခုဖြစ်ပွားခဲ့သည့် စစ်တပ်အတွင်း သေနတ် ပစ်ခတ်သည့် ဖြစ်စဉ်ကြောင့် နှလုံးကြေကွဲရကာ ယင်းကိစ္စအတွက် အသေးစိတ် စုံစမ်းမည် ဖြစ်ကြောင်း အမေရိကန်သမ္မတ ဘားရက်ခ်အိုဘားမားက ပြောကြားခဲ့သည်။

အမေရိကန်စစ်တပ် ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်ချုပ်ကြီး မာ့ခ်မီလီက ယင်းတိုက်ခိုက်မှုသည် အကြမ်းဖက်မှုနှင့် ဆက်စပ်ခြင်း မရှိကြောင်း အတည်ပြု ပြောကြားခဲ့သည်။

သေနတ်ပစ်ခတ်မှု ဖြစ်ပွးခဲ့သည့် နေရာမှာ စစ်တပ် အခြေစိုက်စခန်း အတွင်းရှိ ကားလ်အာဒါနယ် စစ်ဆေးရုံတွင် ဖြစ်သည်ဟု သတင်း အတည်ပြုချက်များက ဖော်ပြထားသည်။

ဒဏ်ရာရရှိသူများတွင် အခြေအနေ သိပ်မစိုးရိမ်ရသူများ ရှိသကဲ့သို့ အခြေအနေ အလွန်စိုးရိမ်ရ သူများလည်း ပါဝင်ကြောင်း ဆေးရုံဝန်ထမ်းများက ဆိုသည်။

Ford Hood စစ်စခန်းအတွင်းမှ တပ်ရင်းနံပါတ် (၁) က Twitter မှနေ၍ သတိပေးချက် ထုတ်ပြန်ခဲ့ကာ အနီးအနား အိမ်များအားလုံး တံခါးများ ပိတ်ထားကြစေ လိုကြောင်း၊ ပြတင်းပေါက် များမှ ဝေးဝေးနေကြစေလိုကြောင်း သတိပေးချက် ဖြစ်သည်။

စစ်စခန်းမှ ဒါရိုက်တာအဖွဲ့က အမေရိကန် မီဒီယာများကို သေနတ်သမားအား အသေဖမ်းမိသွားပြီဟု ဖြေကြားခဲ့မှုလည်း ရှိသော်လည်း သက်သေ အထောက်အထားနှင့်တကွ အတည်ပြုခြင်း မဟုတ်ပေ။

သေနတ်ပစ်ခတ်သူမှာ အသက် ၃၄ နှစ်အရွယ်ရှိ တပ်သားသစ် အိုင်ဗန်လိုပက်ဇ် ဖြစ်သည်ဟု အမေရိကန် မီဒီယာများက ရေးသားမှုများရှိပြီး အစိုးရ တရားဝင် ထုတ်ပြန်ချက်များကို ကိုးကားခြင်းတော့ မဟုတ်ပေ။

ပြစ်မှုကျူးလွန်သည့် တပ်သားသည် အီရတ်တွင် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ယခုအခါ စိတ်ပူပန်ခြင်း၊ စိတ်ကျခြင်း စသည့်ဝေဒနာများကို ကုစားခြင်း ခံယူထားရသည်ဟု စစ်တပ် ပြောရေးဆိုခွင့်ရှိသူ အရာရှိ ဗိုလ်ချုပ်ကြီး မာ့ခ်မီလီက ဆိုသည်။
အမေရိကန် ပြည်ထောင်စု တက္ကဆက်ပြည်နယ် အခြေစိုက် စစ်စခန်းတစ်ခုတွင် သေနတ်ဖြင့် ပစ်ခတ်မှု တစ်ရပ် ဖြစ်ပွားခဲ့လေရာ စစ်သားသုံးဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိ သွားခဲ့ကြောင်း BBC သတင်း တစ်ရပ်က ဖော်ပြထားသည်။

အဆိုပါ စစ်စခန်းသည် ၂၀၀၉ ခုနှစ်ကလည်းတစ်ကြိမ် ပစ်ခတ်မှု ဖြစ်ပွားခဲ့သေးပြီး ထိုပစ်ခတ်မှု ဖြစ်စဉ်က ပိုပြီး ကြီးကျယ်ခဲ့ကာ စစ်သား ၁၃ ဦးသေဆုံးပြီး ၃၂ ဦး ဒဏ်ရာရရှိခဲ့သည်။

ကမ္ဘာ့ဖလား ဘောလုံးကွင်း တည်ဆောက်ရေးလုပ်ငန်းရှိ ထပ်တိုးပွဲကြည့်စင်တွေ ရက်ပိုင်းအတွင်း အပြီးသတ်မည်

WorldCup2014
ဘရာဇီး အားကစားဒုဝန်ကြီး လူးဝစ်ဖာနန်ဒက်က ဒီရက်သတ္တပတ်အဆုံးမှာ ဆာပေါ်လိုမြို့မှာ တည်ဆောက်နေတဲ့ ကမ္ဘာ့ဖလား ဘောလုံးကွင်းတည်ဆောက်ရေးလုပ်ငန်းမှာ ထပ်တိုး ပွဲကြည့်စင်တွေကို အပြီးသတ်နိုင်မယ်လို့ ဧပြီ ၃ ရက်နေ့က ပြောပါတယ်။
၂၀၁၄ ကမ္ဘာ့ဖလားဖွင့်ပွဲကို ဆာပေါ်လိုမြို့ ဘောလုံးကွင်းမှာ ဇွန် ၁၂ ရက်နေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားပေမယ့် ဆောက်လုပ်ရေးလုပ်ငန်းတွေ အခုထိ မပြီးပြတ်သေးတာပါ။
ဘောလုံးကွင်းမှာ ပွဲကြည်စင်တွေကို တိုးချဲ့ဆောက်လုပ်တဲ့ လုပ်ငန်းတွေ မပြီးသေးရုံသာမက အသံလွှင့်မယ့်

"သန်းခေါင်စာရင်း ကောက်ယူရာတွင် ခဲတံဖြင့် မှတ်တမ်း သွင်းခြင်းကြောင့် အချက်အလက် ပျက်ပြယ်နိုင်ခြင်း ရှိ မရှိ စိတ်ပူမေးမြန်းမှု အရေးပေါ်ဖုန်း ၁၈၄ဝ အများဆုံး ဖြေဆိုနေရ"

"သန်းခေါင်စာရင်း ကောက်ယူရာတွင် ခဲတံဖြင့် မှတ်တမ်း သွင်းခြင်းကြောင့် အချက်အလက် ပျက်ပြယ်နိုင်ခြင်း ရှိ မရှိ စိတ်ပူမေးမြန်းမှု အရေးပေါ်ဖုန်း ၁၈၄ဝ အများဆုံး ဖြေဆိုနေရ"
Friday, April 4, 2014

သန်းခေါင်စာရင်း ကောက်ယူမှု အတွက် ဆက်သွယ် မေးမြန်းရန် အရေးပေါ် ဖွင့်လှစ်ထားသည့် ဖုန်းနံပါတ် ၁၈၄ဝ သို့ စုံ စမ်းမေးမြန်းမှု များတွင် သန်းခေါင် စာရင်း ကောက် ယူသူက ခဲတံကို အသုံးပြုဖြည့် စွက် သဖြင့် ဖြေဆိုမှု များကို ပြင်ဆင်နိုင် သည့် အတွက် စိုးရိမ်၍ မေးမြန်း သည့် မေးခွန်း က အများဆုံးဖြစ်သည် ဟု ထိုဌာန မှ တာဝန်ရှိသူ တစ်ဦးက ပေါ်ပြူလာနယူးစ် သို့ ပြောသည်။

မတ်လ ၂၉ ရက်နေ့ ညသန်းခေါင် ယံအချိန်မှစ၍ မြန်မာနိုင်ငံ တစ်ဝန်းလုံး ရှိ ကောက်ကွက်ပေါင်း ၈ဝ၉၈၅ ကွက် ကို စာရင်းကောက် ၁၁၁၂၅၄ ဦးက စတင်ကောက် ယူလျက် ရှိရာ ကောက်ယူ မှုပြုပြီး နောက်တစ်နေ့ မနက်မှ စ၍ ဖုန်း ဖြင့်ဆက်တိုက် ဆက်သွယ် မေးမြန်းနေ ကြခြင်းဖြစ် သည်ဟု ၄င်းက ဆိုသည်။

”တစ်နေ့လုံး အနားမနေရ ဖြေနေ ရပါတယ်”ဟု ၄င်းက ပြောသည်။

ထိုသို့ခေါ်ဆိုမှုက အကြိမ် ၂ဝဝ ကျော်ရှိသည်ဟု ၄င်းထံမှ သိရသည်။

အများပြည်သူများ မှ ၁၈၄ဝ သို့ ဆက်သွယ် မေးမြန်းမှုတွင် သန်းခေါင်စာ ရင်းကောက်ရာ၌ ခဲတံဖြင့် ရေးမှတ်မှုအ ပေါ် ပျက်ပြယ် သွားမည်ကို စိုးရိမ်သည့် အချက် အပြင် အခြား အချက်များလည်း ရှိသည်ဟု ၄င်း က ပြောသည်။

ထိုမေးမြန်းမှုများတွင် လူမျိုးရေး ထည့်သွင်း ကောက်ယူသည့် ကိစ္စရပ် (ဥပမာ – ကပြားဆိုပါက မည်သို့ထည့် သွင်းခြင်း ပြုသင့်သလဲ ဆို သည့်မေးခွန်း) က ဒုတိယ လိုက်သည် ဟု သိရသည်။

၁၈၄ဝ ဖုန်း၏ Hot line တာဝန်ခံ ဖြေဆိုသူက ”ခဲတံနဲ့ဖြည့်သွင်းတယ် ဆို တာ အချက်အလက် အပေါ်မှာ ဘာမှ မှားယွင်းမှု မရှိနိုင်ဘူး ဆိုတာနဲ့ လူ မျိုးရေး ဖြည့်သွင်း တဲ့ အပေါ်မှာလည်း သတ်မှတ် ထားတဲ့ ဥပဒေ အ တိုင်းဖြည့်သွင်းဖို့ ပြော ဆိုခဲ့ရပါတယ်” ဟု ပြောသည်။

၎င်းမေးခွန်း များနောက်တွင် သန်း ခေါင်စာရင်း လာ မကောက်သေးသည့် အတွက် မဖြေလိုက်ရမှာကို စိုးရိမ်နေကြ၍ လာကောက် ကြပါရန် တောင်း ဆိုသည့် ဖုန်း များဖြစ်ကြောင်း Call centre မှ သိရသည်။

သန်းခေါင် စာရင်းကောက်ရာ ကောက်ယူသည့် စာရင်းကောက် များ၏ လက်ရေး မူများကိုသာ အသုံးပြုမည် ဖြစ်၍ စိုးရိမ် စရာ မရှိကြောင်း လူဝင်မှု ကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန facebook စာမျက်နှာတွင် တရားဝင် အသိပေးကြေ ညာထားသည်။

တင်ထက်
Popular Myanmar News Journal
သန်းခေါင်စာရင်း ကောက်ယူမှု အတွက် ဆက်သွယ် မေးမြန်းရန် အရေးပေါ် ဖွင့်လှစ်ထားသည့် ဖုန်းနံပါတ် ၁၈၄ဝ သို့ စုံ စမ်းမေးမြန်းမှု များတွင် သန်းခေါင် စာရင်း ကောက် ယူသူက ခဲတံကို အသုံးပြုဖြည့် စွက် သဖြင့် ဖြေဆိုမှု များကို ပြင်ဆင်နိုင် သည့် အတွက် စိုးရိမ်၍ မေးမြန်း သည့် မေးခွန်း က အများဆုံးဖြစ်သည် ဟု ထိုဌာန မှ တာဝန်ရှိသူ တစ်ဦးက ပေါ်ပြူလာနယူးစ် သို့ ပြောသည်။
မတ်လ ၂၉ ရက်နေ့ ညသန်းခေါင် ယံအချိန်မှစ၍ မြန်မာနိုင်ငံ တစ်ဝန်းလုံး ရှိ ကောက်ကွက်ပေါင်း ၈ဝ၉၈၅ ကွက် ကို စာရင်းကောက် ၁၁၁၂၅၄ ဦးက စတင်ကောက် ယူလျက် ရှိရာ ကောက်ယူ မှုပြုပြီး နောက်တစ်နေ့

ရင်သွေးလေးကို ဧပြီ ၇ ရက်နေ့မှာ မွေးဖွားတော့မယ့် ချောရတနာ

ရင်သွေးလေးကို ဧပြီ ၇ ရက်နေ့မှာ မွေးဖွားတော့မယ့် ချောရတနာ

ချောရတနာက မွေးဖွားဖို့ ရက် တဖြည်းဖြည်း နီးကပ်လာပြီ ဖြစ်တဲ့ အတွက် ကိုယ်ဝန်နဲ့ ပတ်သက်ပြီး တော့ အစစအရာရာ သတိထား အာရုံစိုက် ပြီး နေ ထိုင်ဖြစ်နေတယ် လို့ သိရပါ တယ်။ ဧပြီ ၇ ရက်နေ့မှာ ဝိတိုရိယ ဆေးရုံကြီး မှာမွေးဖွားမှာ ဖြစ်ကြောင်း ပြောပြလာတဲ့ ချောရတနာက..

“ချောက ဧပြီလ ၇ ရက်နေ့ မွေးဖို့တော့ စီစဉ်ထားတယ်။ ကြား ထဲမှာ ၁ဝ ရက်ပဲ လိုတော့တယ်။ မွေးဖွားရက် ကလည်း တဖြည်းဖြည်း နီးလာပြီ ဆိုတော့ အတတ်နိုင်ဆုံး အရင်ကထက်ပိုပြီး အစားအသောက် တွေရော၊ အစစအရာရာ ဂရုစိုက် ဖြစ်တယ်။ ဆရာမကလည်း အခု ရက်ပိုင်း လမ်းလေး နည်း နည်း လျှော က် ပေး ဆိုတော့ လမ်းလျှောက်ဖြစ်တယ်။ ကိုယ်ကလည်း အပြင်တွေ ဘာတွေ သွားဖြစ်နေတော့ လမ်းကတော့ ပုံ မှန်လျှောက်ဖြစ်တယ်။ မွေးဖွားရက် လည်းနီးလာပြီ။ ချောက ဝိတို ရိယ ဆေးရုံမှာပဲ မွေးမှာပါ။ 

ဆရာမကြီး ဒေါ်ခင်လေးကြွယ်က မွေးပေးမှာပါ။ ဆရာမကတော့ ဧပြီ ၁ ရက်နေ့ ကနေ ဧပြီ ၇ရက်နေ့ အထိတော့ သတ်မှတ် ပေး ထားတယ်။ ချောက လည်း နော က်ကျတဲ့ရက်မှာပဲ မွေးချင်တယ်။ နောက်ပြီးတော့လည်း ၇ ရက်နေ့က အကုန်လုံး ကကောင်းမယ် ထင်ပြီးတော့ ရွေးလိုက် ကြတာ နဲ့ မွေး ဖို့ဖြစ်သွား တာပါ”လို့ ပြောပါတယ်။

 မွေးဖွားရမှာ စိတ် လှုပ်ရှားပေမယ့်လည်း ကိုယ့်သားလေး ရဲ့ မျက်နှာကို တွေ့မြင်ရမှာမို့ ကြောက်စိတ် တွေ ပျောက်ပြီး ကလေး အတွက် ကြိုတင်ပြင်ဆင် မှုတွေ လည်း ပြုလုပ် ထားတယ်လို့ ချောရတနာ က ဆိုပြန်ပါတယ်။

“စိတ်လှုပ်ရှားမှု ကတော့ သူ့ကိုလည်းချောတို့ နှစ်ယောက်စလုံးက တအား ကို မြင်ဖူးချင်နေပြီ။ ကိုယ်ဝန်ကလည်း လရင့်လာပြီ ဆိုတော့ ချောအမျိုးသားက လည်းဂရု စိုက်ပေးပါတယ်။ မွေးဖွားရမှာ ကြောက်တယ် ဆိုပေမယ့်လည်း ကိုယ့်ရင်သွေးလေး ရဲ့ မျက်နှာ ကိုမြင်ရမှာဆိုတော့ ကြောက်တဲ့ စိတ် တွေ ကတော့ တအားကြီး မရှိပါဘူး ။မွေးဖွားပြီး ရင်တော့ ချော ရင်သွေးရဲ့ အချင်းသွေးနဲ့ အချင်းတိုင်ကို ABC Medical Service  က တာဝန်ယူပြီးတော့ သိမ်းပေး ဖို့ချောတို့က ချိတ်ထားတယ်။ ကလေး အတွက် ကြိုတင် ပြင်ဆင်မှု အနေနဲ့ အဲဒီလိုမျိုးလေးတွေတော့ စီစဉ်ထားပါတယ်” လို့ ပြောပါတယ်။

လွင်လွင်ထွန်း
ချောရတနာက မွေးဖွားဖို့ ရက် တဖြည်းဖြည်း နီးကပ်လာပြီ ဖြစ်တဲ့ အတွက် ကိုယ်ဝန်နဲ့ ပတ်သက်ပြီး တော့ အစစအရာရာ သတိထား အာရုံစိုက် ပြီး နေ ထိုင်ဖြစ်နေတယ် လို့ သိရပါ တယ်။ ဧပြီ ၇ ရက်နေ့မှာ ဝိတိုရိယ ဆေးရုံကြီး မှာမွေးဖွားမှာ ဖြစ်ကြောင်း ပြောပြလာတဲ့ ချောရတနာက..
“ချောက ဧပြီလ ၇ ရက်နေ့ မွေးဖို့တော့ စီစဉ်ထားတယ်။ ကြား ထဲမှာ ၁ဝ ရက်ပဲ လိုတော့တယ်။ မွေးဖွားရက် ကလည်း တဖြည်းဖြည်း နီးလာပြီ ဆိုတော့ အတတ်နိုင်ဆုံး အရင်ကထက်ပိုပြီး အစားအသောက် တွေရော၊ အစစအရာရာ ဂရုစိုက် ဖြစ်တယ်။ ဆရာမကလည်း အခု ရက်ပိုင်း လမ်းလေး

သမ္မတနဲ့ကာချုပ် ဖွဲ့စည်းပုံပြင်ဆင်လိုခြင်းမရှိလို့ ဒေါ်အောင်ဆန်းစုကြည်ပြောကြား

သမ္မတနဲ့ကာချုပ် ဖွဲ့စည်းပုံပြင်ဆင်လိုခြင်းမရှိလို့ ဒေါ်အောင်ဆန်းစုကြည်ပြောကြား

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဒီရက်ပိုင်းအ တွင်း ပြောဆိုခဲ့တဲ့စကားတွေကို ထောက်ရှုရင် အဲဒီပုဂ္ဂိုလ် နှစ်ဦးအနေနဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ပြင်ဆင်လိုခြင်းမရှိဘူးလို့ သုံးသပ်နိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားလိုက်ပါတယ်။

"ဒီပြောဆိုတဲ့စကားတွေကြည့်ရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဆင်ချင်ကြဘူးလို့ပဲ ဒီလိုပဲမြင်ရမှာပေါ့၊ အဲဒီစကားတွေက ပြင်ချင်တဲ့ပုံစံမှ မဖေါ်ပြတာ"

RFA က ပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့က ဆက်သွယ်မေးမြန်းရာမှာ အခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့တဲ့  အမျိုးသား ပညာရေး ဥပဒေမူကြမ်းကို လွှတ်တော်အဆင့်ဆင့် တင်ပြရမှာဖြစ်သလို သတင်းစာတွေကနေ ပြည်သူလူထုကို ထုတ်ပြန်အသိပေးပြီး အကြံဥာဏ်တွေရယူကာ ပြင်ဆင်သင့်တဲ့အချက်တွေကို ပြင်မှာဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။ ကျောင်းသားသမဂ္ဂတွေ လွတ်လပ်စွာဖွဲ့စည်းခွင့် ကို အခုမူကြမ်းမှာ ထည့်သွင်းထားခြင်း မရှိတဲ့အတွက် ဝေဖန်နေကြတာနဲ့ ပတ်သက်လို့ မေးမြန်းရာမှာတော့ ဒါဟာ အမြင်မှားယွင်းမှုဖြစ်ပါတယ် လို့ ဖြေကြားခဲ့ပါတယ်။

" ဒီအမျိုးသားပညာရေး ဥပဒေထဲမှာ ကျောင်းသားသမဂ္ဂနဲ့ ပတ်သက်လို့ ဘာမှမပါဘူး၊  ဒီဟာက အမျိုးသားပညာရေး ဥပဒေပဲ၊ ကျောင်းသားသမဂ္ဂနဲ့ ပတ်သက်လို့ကတော့ နောက်အဆင့်မြင့် ပညာရေးဥပဒေတွေမှာ ပါလာမှာပဲ၊ သူ့နေရာကျမှ သူပါလာမှာ"

တဆက်တည်းမှာပဲ လာမယ့်ကြားဖြတ်ရွေးကောက်ပွဲ အပေါ်သဘောထား၊ လွှတ်တော်အမတ်တွေရဲ့ ခေါင်းပေါင်း ယဉ်ကျေးမှုနဲ့ ယူကရိန်းနိုင်ငံအရေးအခင်း ဆိုင်ရာ သဘောထားတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဒီရက်ပိုင်းအ တွင်း ပြောဆိုခဲ့တဲ့စကားတွေကို ထောက်ရှုရင် အဲဒီပုဂ္ဂိုလ် နှစ်ဦးအနေနဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ပြင်ဆင်လိုခြင်းမရှိဘူးလို့ သုံးသပ်နိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
"ဒီပြောဆိုတဲ့စကားတွေကြည့်ရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဆင်ချင်ကြဘူးလို့ပဲ ဒီလိုပဲမြင် ရမှာပေါ့၊ အဲဒီစကားတွေက ပြင်ချင်တဲ့ပုံစံမှ မဖေါ်ပြတာ"

အပစ်ရပ်မူကြမ်း ဆွေးနွေးပွဲ သမိုင်းတစ်လျှောက် အစိုးရနှင့် တိုင်းရင်းသား အဖွဲ့ အများဆုံးတက်မည်

လက်နက်ကိုင်အဖွဲ့ အသီးသီးအကြား သဘောတူလက်မှတ် ရေးထိုးမည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း ဆွေးနွေးပွဲသို့ အစိုးရနှင့် တိုင်းရင်းသားအဖွဲ့များ သမိုင်းတစ်လျှောက် အများဆုံး ပါဝင်တက်ရောက်မည် ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) မှ အကြီးတန်းအကြံပေး တစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာငြိမ်းချမ်းရေးစင်တာတွင် ဧပြီလ ၅ ရက်မှ ၆ ရက်နေ့အထိ ကျင်းပရန် လျာထားသော အဆိုပါ ဆွေးနွေးပွဲသို့ အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်မှ ထိပ်တန်းခေါင်းဆောင်
အများအပြား ပါဝင် တက်ရောက်မည့် အပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂၁ ဖွဲ့အထိ

ဦးဝင်းတင် ကျန်းမာရေးအခြေအနေ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ် လာကြည့်

ဦးဝင်းတင် ကျန်းမာရေးအခြေအနေ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ် လာကြည့် 

ရန်ကုန်၊ ဧပြီ ၃

ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ် ကုသဆောင်တွင် ဆေးကုသမှု ခံယူနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နာယက သတင်းစာဆရာကြီး ဦးဝင်းတင်၏ ကျန်းမာရေး အခြေအနေကို ဧပြီလ ၃ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု သံအမတ်ကြီး ဒဲရစ်မစ်ချယ် လာရောက်ကြည်ရှု အားပေးခဲ့ကြောင်း ၎င်း၏ မိသားစုဝင်များက ပြောကြားသည်။

သံအမတ်ကြီး ဒဲရစ်မစ်ချယ်မှာ ညနေ ၃ နာရီခန့်တွင် ရန်ကုန်ဆေးရုံကြီးသို့ လာရောက်၍ ဦးဝင်းတင်၏ အခြေအနေကို မေးမြန်းခဲ့ကြောင်း၊ ယင်းနောက် NLD နာယက သူရဦးတင်ဦးနှင့် ၈၈ မျိုးဆက်ခေါင်းဆောင် ဦးကိုကိုကြီးတို့ ဆက်တိုက် လာရောက် မေးမြန်းခဲ့ကြောင်း မိသားစုဝင်များက ပြောဆိုသည်။
“မနေ့ကလို မဟုတ်တော့ဘူး၊ သွေးဝမ်းသွားတာလည်း ရပ်သွားပါပြီ” ဟု မိသားစုဝင် တစ်ဦးက ဆိုသည်။

ဧပြီလ ၂ ရက်နေ့ကမူ ဦးဝင်းတင်၏ ကျန်းမာရေး အခြေအနေမှာ စိုးရိမ်နေရပြီး စိတ်မချရသေးကြောင်း၊ ၅၀-၅၀ အနေအထားသို့ပင် မရောက်ရှိသေးကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာလှမြင့်က ပြောဆိုခဲ့သည်။

ယနေ့တွင်မူ ဦးဝင်းတင် ဆေးကုသမှုနှင့် ပတ်သက်သော ဆရာဝန်များ အစည်းအဝေးအရ ကျန်းမာရေး အခြေအနေ အနည်းငယ် တိုးတက်လာပြီ ဖြစ်၍ အဆုတ်ကုသမှု အပိုင်းကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာလှမြင့်က ပြောကြားသည်။

ဧပြီလ ၁ ရက်နေ့ကလည်း ဦးဝင်းတင်၏ ကျန်းမာရေး အခြေအနေကို ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ လာရောက် ကြည့်ရှုခဲ့သည်။
ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ် ကုသဆောင်တွင် ဆေးကုသမှု ခံယူနေသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နာယက သတင်းစာဆရာကြီး ဦးဝင်းတင်၏ ကျန်းမာရေး အခြေအနေကို ဧပြီလ ၃ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု သံအမတ်ကြီး ဒဲရစ်မစ်ချယ် လာရောက်ကြည်ရှု အားပေးခဲ့ကြောင်း ၎င်း၏ မိသားစုဝင်များက ပြောကြားသည်။
သံအမတ်ကြီး ဒဲရစ်မစ်ချယ်မှာ ညနေ ၃ နာရီခန့်တွင် ရန်ကုန်ဆေးရုံကြီးသို့ လာရောက်၍ ဦးဝင်းတင်၏ အခြေအနေကို မေးမြန်းခဲ့ကြောင်း၊ ယင်းနောက် NLD နာယက သူရဦးတင်ဦးနှင့် ၈၈ မျိုးဆက်ခေါင်းဆောင်

တန်ဖိုးနည်းဖုန်း ခေါ်ဆိုခနှုန်း တစ်လ ငွေကျပ် ၂၅၀၀ ချမှတ်မှုကို ယခုလမှ စ၍ ဖျက်သိမ်းလိုက်ပြီ

တန်ဖိုးနည်းဖုန်း ခေါ်ဆိုခနှုန်း တစ်လ ငွေကျပ် ၂၅၀၀ ချမှတ်မှုကို ယခုလမှ စ၍ ဖျက်သိမ်းလိုက်ပြီ
Friday, April 4, 2014

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနအောက်ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် ပြည်သူများဆက်သွယ်မှုပြုရာတွင် ခေတ်မီလွယ်ကူစေရန်နှင့် ကမ္ဘာ့နိုင်ငံများကဲ့သို့ ဆက်သွယ်မှုကောင်းမွန်စေရန် နှစ်အနည်းငယ်အတွင်း တစိုက်မတ်မတ် အရှိန်အဟုန်မြှင့် လုပ်ဆောင်ပေးလျက်ရှိရာ ယခုအခါ တန်ဖိုးနည်းဖုန်းရောင်းချမှု တစ်နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် ယခင်ဖုန်းခေါ်ဆိုခ တစ်လအနည်းဆုံး ငွေကျပ် ၂၅၀၀ သတ်မှတ်သုံးစွဲမှုကို ယခုဧပြီလဆန်းပိုင်းမှစတင်၍ ဖျက်လိုက်ပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ၂၀၁၃ခုနှစ် ဧပြီလဆန်းပိုင်းမှစ၍ ပြည်သူများ လူတန်းစားမရွေး ဖုန်းကိုင်နိုင်ရန်ရည်ရွယ်ပြီး ဆင်းကတ်တစ်ခုကို ငွေကျပ် ၁၅၀၀ နှုန်းဖြင့်ဝန်ထမ်းများနှင့် ကျေးလက်နေ ပြည်သူများပါမကျန် ခွဲတမ်းနှုန်းဖြင့် လစဉ်တစ်လကို ဆင်းကတ် ၃၅၀၀၀၀ ကိုနိုင်ငံတစ်ဝန်း လစဉ်ရောင်းချပေးခဲ့သည်မှာ ယခုဧပြီလတွင် တစ်နှစ်တင်းတင်း ပြည့်ခဲ့ပြီဖြစ်သည်။ ယခုအခါ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် တစ်နှစ်ပြည့်အထိမ်းအမှတ်နှင့် သင်္ကြန်ကာလအတွင်း ပြည်သူများ ပိုမိုသုံးစွဲနိုင်ရန် ဆင်းကတ် လေးသိန်းကို တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၈ ခုတို့တွင် ခွဲဝေဖြန့်ဖြူးရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါဆင်းကတ်လေးသိန်းတွင် CDMA ၈၀၀ ဆင်းကတ် ၃၄၀၀၀၀ ၊ GSM ဆင်းကတ် တစ်သောင်း၊ WCDMA ဆင်းကတ်ငါးသောင်းတို့ကို ရောင်းချပေးမည်ဖြစ်ရာ ယခင်စနစ်များကို ဖြေလျှော့သည့်အနေဖြင့် ဝယ်ယူထားသည့် ပြည်သူများထံ ၁၅ ရက်အတွင်း အသုံးပြုရန်သတ်မှတ်ထားမှုကို ယခုအခါရက် ၃၀ အထိ ထပ်မံတိုးမြှင့်လိုက်သည့်အပြင် ယခင်ပြောဆိုခ တစ်လလျှင် အနည်းဆုံး ငွေကျပ် ၂၅၀၀ကိုလည်း ပယ်ဖျက်လိုက်ပြီး အနည်းအများ အကန့်အသတ်မရှိ ယခုလမှစတင်၍ သုံးစွဲနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တရားဝင် ထုတ်ပြန်ကြေညာထားပြီဖြစ်သည်။

“ကျွန်တော်တို့အခုလို အထိုက်အလျောက် ဖြေလျှော့မှုတွေ လုပ်တာဟာ မကြာခင်မှာ အပြိုင်အဆိုင်တွေ ပေါ်လာတော့မှာဖြစ်ပါတယ်။ ကျွန်တော်တို့ ဆက်သွယ်ရေးအနေနဲ့ ယခင်ကလိုမဟုတ်တော့ဘဲ အသွင်ပြောင်းလာပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ရတော့မှာ ဖြစ်ပါတယ်။ အဲဒီလိုရပ်တည်ပြီး လုပ်ရတဲ့အခါမှာ လာမယ့်ဇူလိုင်လအတွင်း အပြိုင်အဆိုင်တွေ ပေါ်လာမှာဆိုတော့ သူတို့ထက်အားကောင်းဖို့၊ အင်အားတောင့်တင်းဖို့ လိုပါတယ်။ 
ဝန်ဆောင်မှုမကောင်းရင် ပြည်သူတွေအနေနဲ့ အခြားအော်ပရေတာတွေဆီ ရောက်သွားမှာပါ။ ဒါကြောင့်အခုလို ဖြည်းဖြည်းချင်း ဖြေလျှော့ပေးနေခြင်းဖြစ်ပါတယ်။ ပြီးတော့ Joint-venture အနေနဲ့ အခြားစိတ်ဝင်စားတဲ့ ပြည်တွင်း ပြည်ပကုမ္ပဏီတွေနဲ့လည်း ပူးပေါင်းပြီး ကမ္ဘာ့အဆင့်မီနိုင်ငံတွေလို ဆက်သွယ်ရေးအဆင့်မြှင့်တင် လုပ်ဆောင်သွားဖို့ရှိပါတယ်”ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းအင်ဂျင်နီယာမှူး ဦးငွေသောင်းက ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ယခုသင်္ကြန်ကာလအတွင်းတွင် ပြည်သူများဖုန်းခေါ်ဆိုမှုကို ငွေကြေးအနေဖြင့် ဖြေလျှော့မပေးနိုင်သော်လည်း ခေါ်ဆိုမှုအချိန်ကို အထိုက်အလျောက် ဖြေလျှော့ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ 

ဥပမာသင်္ကြန်ကာလအတွင်း ငွေဖြည့်ကတ်ငွေကျပ် ၅၀၀၀ တန်ဆိုလျှင် ယခင်ထက်သတ်မှတ်မိနစ်၊ နာရီပိုမိုသုံးစွဲခံနိုင်စေရန် Promotion အနေဖြင့် လုပ်ဆောင်ပေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ယခုအခါ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ပြည်သူများထံ မိုဘိုင်းတယ်လီဖုန်း ၈ ဒသမ ၀၅သန်းကျော် ဖြန့်ဖြူးရောင်းချပေးခဲ့ပြီးဖြစ်သည်။ ယင်းအနက် တန်ဖိုးနည်းဖုန်းစုစုပေါင်း ၄ ဒသမ ၂၅ သန်းပါဝင်ပြီး CDMA ၈၀၀ MHz ၂၁၅၀၀၀၀၊ GSM တယ်လီဖုန်း ၁၅၃၉၇၀၀နှင့် WCDMA မိုဘိုင်းဖုန်း ၅၆၀၃၀၀တို့ကို ပြည်သူများထံ ဖြန့်ဖြူးရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

MOI Webportal Myanmar
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနအောက်ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် ပြည်သူများဆက်သွယ်မှုပြုရာတွင် ခေတ်မီလွယ်ကူစေရန်နှင့် ကမ္ဘာ့နိုင်ငံများကဲ့သို့ ဆက်သွယ်မှုကောင်းမွန်စေရန် နှစ်အနည်းငယ်အတွင်း တစိုက်မတ်မတ် အရှိန်အဟုန်မြှင့် လုပ်ဆောင်ပေးလျက်ရှိရာ ယခုအခါ တန်ဖိုးနည်းဖုန်းရောင်းချမှု တစ်နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် ယခင်ဖုန်းခေါ်ဆိုခ တစ်လအနည်းဆုံး ငွေကျပ် ၂၅၀၀ သတ်မှတ်သုံးစွဲမှုကို ယခုဧပြီလဆန်းပိုင်းမှစတင်၍ ဖျက်လိုက်ပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

တူမအရင်းဖြစ်သူကို ရောင်းစားသော ဦးလေးကို အမှုဖွင့်


မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် မြင်စိုင်းမြို့သစ်နေ အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို မူဆယ်တွင် အလုပ်ရမည်ဟု ဆိုကာ တရုတ်ဇနီးမယားအဖြစ် ရောင်းစားခဲ့သည် တိုင်ကြားခံရသည့် ဦးလေးကို ဧပြီလ ၁ ရက်နေ့က ကျောက်ဆည်မြို့နယ် ရဲတပ်ဖွဲ့စခန်းက အမှုဖွင့် အရေးယူခဲ့ကြောင်း နေပြည်တော် တိုင်းလူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဒုရဲမှူးမင်းနိုင်က ပြောကြားသည်။
၂၀၁၃ ခုနှစ် အောက်တိုဘာလ အတွင်းက ဦးလေးဖြစ်သူ ဦးမင်းမင်းနှင့် ဇနီးဖြစ်သူ ဒေါ်အေးငြိမ်းတို့က မူဆယ်မြို့တွင် အလုပ်ရမည်ဟု စည်းရုံးပြောဆိုကာ ကျပ်ငွေနှစ်သိန်းခွဲကို မိခင်ဖြစ်သူထံ ပေးအပ်၍

ရခိုင်ပြည်နယ်တွင် ဒုက္ခသည်စခန်းများမှ ကလေးငယ်တစ်သောင်းခွဲ ကျန်းမာရေးပြဿနာနှင့် ရင်ဆိုင်နေရ

ရခိုင်ပြည်နယ်တွင်း ကု လသမဂ္ဂနှင့် အကူအညီပေးရေး အဖွဲ့အစည်းများ၏ အစီအစဉ် များ ရပ်ဆိုင်းထားရမှုကြောင့် ဒုက္ခသည်စခန်းများရှိ ကလေးငယ် တစ်သောင်းခွဲအတွက် ကျန်းမာ ရေး ဆိုင်ရာပြဿနာများမှာ စိုးရိမ် ဖွယ်ရာဖြစ်နေကြောင်း ကုလ သမဂ္ဂ လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးရုံး(OCHA)က ဧပြီ ၂ ရက်တွင် သတင်းထုတ်ပြန်သည်။
ထို့အပြင်စစ်တွေမြို့ဒုက္ခ သည်စခန်းများရှိ အဟာရချို့တဲ မှုပြင်းထန်စွာ ခံစားနေရသော ကလေးငယ် ၃၀၀ အတွက်လည်း လိုအပ်ချက်များ မဖြည့်ဆည်းပေး နိုင်ဘဲရှိနေသည်ဟု ဆိုသည်။

အခြေခံဥပဒေ ပြင်ရန် ရေနံချောင်းမြို့နယ်တွင် NLD ဦးဆောင် ဆန္ဒပြမည်


ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန်အတွက် မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်အတွင်း ဆန္ဒပြပွဲတစ်ရပ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဦးဆောင် ပြုလုပ်သွား မည် ဖြစ်ကြောင်း ရေနံချောင်းမြို့ အိုးဘိုရပ်ကွက် NLD ပါတီ အတွင်းရေးမှူး ဦးစိုးညွန့်က ပြောကြားသည်။
အဆိုပါ ဆန္ဒပြပွဲကို ရေနံချောင်းမြို့နယ် NLD ပါတီဝင်များ အပါအဝင် ဒေသခံ ၄၀၀ ကျော်ဖြင့် ဧပြီလ ၄ ရက်နေ့တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

နေ့အပူချိန်မြင့်တက်နေခြင်းကြောင့် ကားမီးလောင်မှုများ သတိထားရန်လို


နိုင်ငံတစ်ဝန်း နေ့အပူချိန် မြင့်မားနေခြင်းကြောင့် ရန်ကုန် မြို့ကဲ့သို့ အပူချိန်မြင့်ပြီး ယာဉ် သုံးစွဲမှုများသည့် ဒေသများတွင် ယာဉ်မီးလောင်မှုအန္တရာယ် မကြာ ခဏ ကြုံတွေ့နေရသည်။
ရန်ကုန်မြို့၏ နေ့အပူချိန်မှာ ၃၅ မှ ၄၂ ဒီဂရီ စင်တီဂရိတ်ကြား ရှိနေခြင်းကြောင့် ယာဉ်မောင်းသူ များသည် မိမိတို့ယာဉ်၏ အိတ်ဇောတည်ဆောက်ပုံ၊ ၀ိုင်ယာကြိုး များအခြေအနေနှင့် ဆီသန့်ရှင်းမှု ရှိ၊ မရှိ ဂရုစိုက်သင့်ကြောင်း မော်တော်ယာဉ်ပြုပြင်သည့်လုပ် ငန်းအတွေ့အကြုံနှစ်ပေါင်း ၂၀ ခန့်ရှိသူ ဦးကျော်စွာ ကပြောသည်။

မျက်နှာဘေးဘက်မှာ အကျိတ်ကြီးပေါက်လို့ အသည်းပုံခေါင်းဖြစ်နေတဲ့ အင်ဒိုကလေးငယ်

Myanmar Online News's photo.
အင်ဒိုကလေးငယ်တစ်ဦးဟာ သူ့မျက်နှာရဲ့ညာဘက်ခြမ်းပေါ်မှာ အကျိတ်ထူထူကဲ ကဲပေါက်ပြီး မွေး ဖွားလာခဲ့ပါတယ်။ ဒီ့အတွက် အဲ့ဒီ့ကလေးငယ်ရဲ့ ဦးခေါင်းဟာ အသည်းပုံဖြစ်နေပါတယ်။
ဒီကလေးရဲ့ နာမည်ကတော့ Muhammad Nafi ဖြစ်ပြီး နှစ်လသားအရွယ်ရပါပြီ။ သူ့ရဲ့အကြိတ်ဟာ ခပ်မြန်မြန်ပဲ ကြီးကြီးလာနေပါတယ်။ သူ့ရဲ့မျက်နှာဟာ ဖူးယောင်နေပြီး ပုံပျက်ပန်းပျက် ဖြစ်ကျန်ရစ်ခဲ့ တာပါပဲ။

လှိုင်သာယာတွင် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများကို လူငယ်တစ်စုက ဓား၊ သံတုတ်များနှင့် ထိုးကြိတ် ရိုက်နှက်


လှိုင်သာယာမြို့နယ် အမှတ် (၅) ရပ်ကွက်ရှိ ဗိုလ်ချုပ်လမ်းပေါ်တွင် ဧပြီလ ၂ ရက် ည ၉ နာရီခန့်က အဆိုပါရပ်ကွက် ရာအိမ်မှူးတစ်ဦးနှင့် ဆယ်အိမ်မှူး နှစ်ဦးကို လူငယ်ခုနစ်ဦး ပါဝင်သော အုပ်စုက ဓားဖြင့်ထိုး၊ သံတုတ်ဖြင့် ရိုက်နှက်ခဲ့ကြောင်း အဆိုပါရပ်ကွက် နေသူများထံမှ သိရှိရသည်။
ဗိုလ်ချုပ်လမ်းနှင့် မြရိပ်ညို (၅) လမ်းထောင့်ရှိ ရွှေနဒီ အရက်ဆိုင်ရှေ့တွင် လူတစ်ဦး ရိုက်နှက်ခံထားရသည့် ဒဏ်ရာများဖြင့် လမ်းပေါ်လဲကျနေကြောင်း သတင်းရ၍ အမှတ် (၅) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ ဆယ်အိမ်မှူး နှစ်ဦးက သွားရောက်ကြည့်ရှုပြီး ရပ်ကွက်အုပ်ချုပ်ရေး ရုံးရှိ တာဝန်ကျနေသူ ရာအိမ်မှူးထံ
ဖုန်းဆက် အကြောင်းကြားနေစဉ် ဓားနှင့် သံတုတ်များ ကိုင်ဆောင်ထားသော လူငယ်ခုနစ်ဦး ရောက် ရှိလာပြီး ထိုးကြိတ် ရိုက်နှက်ခဲ့ကြောင်း အမှတ် (၅) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်လွင်သန်း

ရန်ကုန် မြို့တော် နယ်နိမိတ် အတွင်း မော်တော် ဆိုင်ကယ် စီးနင်း ခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ ခရိုင်/ မြို့နယ် အုပ်ချုပ်ရေး မှူးများ၊ နယ်မြေခံ ရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်း ရဲတပ်ဖွဲ့ တို့မှ အရေးယူ ဆောင်ရွက် လျက် ရှိသည့် ကိစ္စ

၁။ ရန်ကုန်မြို့တော်နယ်နိမိတ်အတွင်း မော်တော်ဆိုင်ကယ် စီးနင်းခြင်းခွင့်မပြုဟု သတ်မှတ် ထားသော်လည်းအချို့မြို့နယ်များတွင် စည်းကမ်းမဲ့ မောင်းနှင်လျက် ရှိပါကြောင်းနှင့် ဆိုင်ကယ်အပိုပစ္စည်း အရောင်း ဆိုင်များနှင့် ဆိုင်ကယ် ပြင်ဆိုင်များသည်လည်း ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်လျက်ရှိပါကြောင်း၊ လိုင်စင်မဲ့ဆိုင် ကယ်များ စီးနင်းနေသောကြောင့် မတော်တဆမှုများ ဖြစ်လာပါက ဖမ်းဆီးအရေးယူရန် အခက်အခဲဖြစ်နေ ကြောင်း ဒေသခံပြည်သူများက ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ဆပ်ကော်မတီသို့ ပေးပို့ လာသည့် အတွက် သက် ဆိုင်ရာ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ နယ်မြေခံ ရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်း ရဲတပ်ဖွဲ့တို့မှ အရေးယူ ဆောင် ရွက်ထားရှိမှုအား မိဘပြည်သူများ သိရှိနိုင်ရန် တင်ပြအပ်ပါသည်။

ရိုဟင်ဂျာဟုထွက်ဆိုသောဘင်္ဂါလီများကိုသန်းခေါင်စာရင်းကောက်ယူခြင်းမရှိဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ပြောကြား

ရခိုင်ပြည်နယ်အတွင်း သန်း ခေါင်စာရင်းကောက်ယူရာတွင် ရိုဟင်ဂျာဟု ထွက်ဆိုသော ဘင်္ဂါလီ လူမျိုးများကို စာရင်းကောက်ယူခြင်း မရှိကြောင်း ရခိုင်ပြည်နယ်အစိုးရ သတင်းပြန်ကြားရေးအဖွဲ့ အတွင်း ရေးမှူးဦးဝင်းမြိုင်က ရန်ကုန်တိုင်းမ် သို့ပြောသည်။
ယင်းကဲ့သို့ သန်းခေါင်စာရင်း ကောက်ယူရာတွင် စစ်တွေမြို့နယ် အတွင်းမှ အစ္စလာမ်ဘာသာဝင်များ က ရိုဟင်ဂျာထွက်ဆိုသော်လည်း အ ချို့က ဘင်္ဂါလီဟုသာထွက်ဆိုကြောင်း ဦးဝင်းမြိုင်ကဆိုသည်။
''တချို့က ရိုဟင်ဂျာလို့ပြောလို့ သန်းခေါင်စာရင်းမကောက်ဘူး။ တ ချို့ကတော့ ဘင်္ဂါလီပြောတယ်'' ဟု ¤င်းကပြောသည်။

သဂြုင်္ိဟ်မည့် အမျိုးသမီးအလောင်းကို သမီးဖြစ်သူက စစ်ဆေးရာမှ လူသတ်မှုပေါ်

လှိုင်သာယာမြို့နယ် အမှတ် (၁၅) ရပ်ကွက် ယုဇနလမ်းတွင် နှလုံးလေဟပ် သေဆုံးသည်ဟုဆိုကာ သဂြုင်္ိဟ်တော့မည့် အသက် ၅၅ နှစ်အရွယ် အမျိုးသမီး ရုပ်အလောင်းကို သမီးဖြစ်သူက စစ်ဆေးခဲ့ရာမှ ခင်ပွန်းဖြစ်သူ၏ ရိုက်နှက်ဒဏ်ကြောင့် သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု စစ်ဆေး ပေါ်ပေါက်ခဲ့ကြောင်း ယင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
ဧပြီလ ၁ ရက်နေ့ နံနက်ပိုင်းက လှိုင်သာယာမြို့နယ် အမှတ် (၁၆) ရပ်ကွက်တွင် နေထိုင်သူ မသန္တာဝင်း၏ နေအိမ်သို့ ပထွေးဖြစ်သူ အသက် ၄၀ ဦးစိုးဝင်းနိုင် ရောက်ရှိလာပြီး မတ်လ ၃၁ ရက်နေ့ညက

မြန်မာကာကွယ်ရေးဝန်ကြီးနဲ့ ကန်ကာကွယ်ရေးဝန်ကြီး တို့တွေ့ဆုံ

အမေရိကန်နိုင်ငံ ​ဟာဝိုင်ယီ ​ပြည်နယ် ​ဟိုနိုလူလူမြို့မှာ ​ကျင်းပတဲ့ ​အမေရိကန်နဲ့ ​အာဆီယံ ​ကာကွယ်ရေး ​၀န်ကြီးဆွေးနွေးပွဲကို ​မြန်မာ ​ကာကွယ်ရေး ​၀န်ကြီးလည်း ​တက်ရောက်ကြောင်း ​Chennel ​News ​Asia ​သတင်းဓာတ်ပုံမှာ ​ဖော်ပြထားပါတယ်။
အမေရိကန် ​အစိုးရရဲ့ ​ဖိတ်ကြားချက်အရ ​တက်ရောက်တာဖြစ်တယ်လို့ ​သိရပြီး ​ မြန်မာကာကွယ်ရေး ​၀န်ကြီး ​တဦးအနေနဲ့ ​နှစ်ပေါင်း ​၅၀ ​နီးပါးအတွင်း ​ပထမဆုံး ​အကြိမ် ​အမေရိကန်နိုင်ငံကို ​သွားရောက် တာဖြစ်တယ်လို့လည်း ​မြန်မာသတင်းတွေမှာ ​ဖော်ပြထားပါတယ်။

ရခိုင်မှာ ကျန်းမာရေး စောင့်ရှောက်မှု မလုံမလောက်ဖြစ်

Myanmar Rohingya
မြန်မာနိုင်ငံ ​ရခိုင်ပြည်နယ်မှာ ​နိုင်ငံတကာအဖွဲ့အစည်းက ​ကူညီထောက်ပံ့ရေး ​လှုပ်ရှားနိုင်မှု ​နည်းလာတဲ့ အတွက် ​လူအယောက်ပေါင်း ​ရှစ်သိန်းလောက် ​ကျန်းမာရေးစောင့်ရှောက်မှု ​မလုံလောက်မှုတွေ ​ကြုံတွေ့နေရတယ်လို့ ​ကုလသမဂ္ဂက ​ပြောပါတယ်။