
ြ မြန်မာလက်ရွေးအသင်း၏ ဖိလစ်ပိုင်ငြိမ်းချမ်းရေးဖလားပြိုင်ပွဲဗိုလ်လုပွဲစဉ်ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV မှ စက်တင်ဘာ ၆ရက် မြန်မာစံတော်ချိန် ညနေ ၅း၁၅ မိနစ်တွင် တိုက်ရိုက်ထုတ်လွှင့်ပေးသွားမည်ဖြစ်သည်။ မြန်မာအသင်းသည် ယင်းပြိုင်ပွဲကို ဆီမီးဖိုင်နယ်အဆင့်မှစတင်ယှဉ်ပြိုင်ကစား ခဲ့ကြပြီး ပါလက်စတိုင်း အသင်းကို (၄-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည်ဗိုလ်လုပွဲစဉ်တွင် တရုတ်တိုင်ပေ အသင်းအား(၅-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သော အိမ်ရှင်ဖိလစ် ပိုင်အသင်းနှင့်ရင်ဆိုင်ရမည်ဖြစ်သည်။ ယင်းပွဲစဉ်ကို ထုတ်လွှင့်ပြသနိုင်ရန်အတွက် အမေရိကန်ဒေါ်လာ ၉၅၀၀ ခန့်သုံးစွဲခဲ့ရသည်။