အမေရိကန်
သမ္မတ၏ တရားဝင်ဖိတ်ကြားချက်အရ မကြာမီရက်ပိုင်းအတွင်း သမ္မတ ဦးသိန်းစိန်
အမေရိကန်ပြည်ထောင်စုသို့ သွားရောက်မည်ဟု နိုင်ငံပိုင်ရုပ်/သံက မေလ ၁၃ ရက်
ညတွင် ထုတ်ပြန်ကြေညာ လိုက်သည်။
Monday, 13 May 2013
မူဆယ် ခရိုင် မန်နို လုံရွာ တွင် ရွာသား ၂ ဦးအား SSA(ယွတ်ဆစ်) မှ ပစ်ခတ်

မူဆယ်ခရိုင်၊ ကြူကုတ်မြို့နယ်ရှိ မန်နိုလုံရွာ တွင်နေထိုင်သော ဒေသခံ၂ဦးအား နေအိမ်တွင် နေထိုင်စဉ် SSA ယွတ်ဆစ်အဖွဲ့မှ ယမန်နေ့ ညနေ ၈ နာရီခွဲခန့်တွင် ပစ်ခတ်သွားကြောင်းသိရှိရပါသည်။
တရား မ၀င် မြန်မာ အလုပ် သမား ၁၀၀ ကျော် ဖမ်းဆီး ရမိ
ထိုင်းနိုင်ငံထဲ
တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာအလုပ်သမား ၁၀၀ ကျော်ကို တာ့ခ်ခရိုင် မဲဆောက်
မြို့နယ်ထဲမှာ မေ ၁၂ ရက်နေ့က ဖမ်းဆီးရမိတယ်လို့ မန်နေဂျာအွန်လိုင်း
ထိုင်းသတင်း မှာ ဖော်ပြ သွား ပါတယ်။
အီဂျစ် နိုင်ငံရှိ သံရုံးနှင့် မြို့ကြီးများအား ဗုံးခွဲရန် ကြံစည်ခဲ့သည့် စစ်သွေးကြွ များအား ဖမ်းဆီး
အီဂျစ်နိုင်ငံ ကိုင်ရို မြို့တော်ရှိ နိုင်ငံခြား သံရုံး တစ်ရုံးနှင့် မြို့ကြီးများအား ဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်ခဲ့သည့် အယ်လ်ကိုင်ဒါ အဖွဲ့နှင့် ဆက်နွှယ်နေသော စစ်သွေးကြွ သုံးဦးအား အီဂျစ် လုံခြုံရေး တပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ပြည်ထဲရေး ၀န်ကြီး မိုဟာမဒ်အိုင် ဘရာဟမ်က မေ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဆိုင် က လုန် မဟာဆန် နေရာရွှေ့၍ အိန္ဒိယ သို့ လမ်းကြောင်းပြောင်း
ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောနှင့် ဘင်္ဂလာဒေခ်ျ့နိုင်ငံ စစ်တကောင်း အကြား ၀င်ရောက် တိုက်ခတ်နိုင် သည်ဟု ခန့်မှန်းထားသော ဆိုင်ကလုန် မဟာဆန်မှာ လမ်းကြောင်း ပြောင်းပြီး အိန္ဒိယ အနောက်တောင်ဘက်ပိုင်းသို့ ဦးတည်နေကြောင်း သတင်း ရရှိသည်။
ရန်ကုန်မြို့ ၌ မိုး အနည်း ငယ် သာ ရွာသော် လည်း ရေ လျှံမှုဖြစ်

ဘင်္ဂလားပင်လယ်အော်၌ ဖြစ်ပေါ်နေသော မဟာဆန်မုန်တိုင်း၏အရှိန်ကြောင့် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၌ မိနစ်(၂၀)ခန့် ရွာသွန်းပြီးနောက် မဟာဗန္ဓုလတံတားအဆင်း ဗိုလ်တထောင်မြို့နယ် ၅၅ လမ်း ထိပ်တွင် ရေလျှံမှုဖြစ်သွားခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ် အောင် ဆန်း ဈေးကြီး အကြီး စား ပြင် ဆင် မည်
ရန်ကုန်တိုင်း ဒေသကြီး ပန်းဘဲတန်း မြို့နယ်ရှိ ဗိုလ်ချုပ် အောင်ဆန်း ဈေးကြီးသည် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ စည်ပင်သာယာ နယ်နိမိတ် ၃၃ မြို့နယ်ရှိ ဈေး ၁၆၈ ဈေး အနက် (က)အုပ်စုဝင် ဈေးတစ်ဈေးဖြစ်သကဲ့သို့ ပန်းဘဲတန်းမြို့နယ်၏ ရှေးဟောင်း အဆောက်အအုံ ၂၁ ခု အနက် တစ်ခု အပါအဝင် ဖြစ်သည်။
သံလုံးကောင် ကူးစက်ခံရမှုက အ၀လွန်ခြင်းနှင့် အခြားဇီဝရုပ်ဖြစ်ပျက်မှု မမှန် သည့် ရောဂါအချို့အား တိုက်ထုတ်နိုင်

မေရီလန်းဆေးတက္ကသိုလ် မှ လေ့လာသူများက ကြွက်များတွင် သံလုံးကောင်ကူးစက်မှုခံထားရခြင်း က အ၀လွန်ခြင်းကို တိုက်ထုတ်နိုင်
ရုံသာမက ယင်းနှင့်ဆက်စပ်နေသော ဇီဝရုပ်ဖြစ်ပျက်မှုမမှန်ခြင်းတို့အား ပိုမို
ကောင်းမွန်စေကြောင်း တွေ့ရှိခဲ့သည်။ လေ့လာချက်များအရ ကမ္ဘာတစ်ဝန်း၌ လူဦးရေ
၂ဘီလီယံ ခန့်မှာ သံလုံးကောင် ကူးစက်မှုခံရလျက်ရှိကြောင်း သိရသည်။
ဆိုင်ကလုန်းမဟာစင် ကိုကိုးကျွန်း၏ အနောက်တောင်ဘက် မိုင် ၄၃၀ ခန့်အကွာ၊ ပုသိမ်မြို့၏ အနောက်တောင်ဘက်မိုင် ၅၇၀ ခန့်အကွာ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေ
မေလ ၁၃ ရက် မြန်မာစံတော်ချိန် နံနက် ၆ နာရီ ၃၀ မိနစ်အချိန်
တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော
ဆိုင်ကလုန်းမဟာစင်သည် မြန်မာနိုင်ငံ ကိုကိုးကျွန်း၏ အ နောက်တောင်ဘက်
မိုင်၄၃၀ ခန့်အကွာ၊ ပုသိမ်မြို့၏ အနောက်တောင်ဘက် မိုင် ၅၇၀ ခန့်အကွာ၊
အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့ ၏ အရှေ့တောင်ဘက် မိုင် ၃၈၀ ခန့်အကွာ
ပင်လယ်ပြင်ကို ဗဟိုပြုနေ သည်ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနက
သတင်းထုတ်ပြန်ခဲ့သည်။
မောင်တောဘေး နတ်မြစ်ထဲက ဖြစ်ရပ်တစ်ခု
လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်(၂၀)ခန့်ဖြစ်တဲ့ (၂-၅-၁၉၉၄) ရက်နေ့တုံးက
ဘင်္ဂလားပင်လယ်အော် ထဲက ဆိုင်ကလုန်းမုန်တိုင်းတစ်လုံးဟာ
စစ်တကာင်းမြို့နဲ့မောင်တောမြို့အကြားကဖြတ်ပြီး ကုန်းတွင်းကို ၀င်ရောက်ခဲ့ဘူးပါတယ်။
အဲဒီတုံးက ကျွန်တော်ခေါင်းဆောင်ပြီး ကွင်းဆင်းလေ့လာရေး ဆင်းခဲ့ကြပါတယ်။
အဲဒီတုံးကအတွေ့အကြုံလေးတစ်ခုကို သတိရလာမိပါတယ်။
အရွယ်တင်နုပျိုစေသည့ှ်Super Fruit သလဲသီး (Pomegrante)၏ အစွမ်းသတ္တိများ
၎င်းသည် ၀ိုင်နီ၊ လက်ဖက်ရည်ကြမ်းတို့ထက် Antioxidant ဓာတ်တိုးဆန့်ကျင်ပစ္စည်း ၃ဆ ပါဝင်သောကြောင့် Super Fruit ဟု ခေါ်ကြသည်။
မန္တလေးတွင် သံဖရိန်ဖြင့် အဆောက်အအုံ ဆောက်လုပ်မှု များပြားလာ၍ လက်သမားလုပ်ငန်း လုပ်ကိုင်သူများ ၀င်ငွေလျော့နည်းလာ

သံဖရိန်ဖြင့် တည်ဆောက်လျက်ရှိသော အဆောက်အအုံ တစ်ခုအား တွေ့ရစဉ်
မန္တလေးမြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းများတွင် သံဖရိန်ဖြင့် အဆောက်အအုံ
ဆောက်လုပ်မှု များပြား လာခြင်းကြောင့် လက်သမားလုပ်ငန်း လုပ်ကိုင်သူတို့
အလုပ်ပါးလာပြီး ၀င်ငွေလျော့ နည်း လာကြောင်း ဆောက်လုပ်ရေးလုပ်ငန်း
လုပ်ကိုင်သူများထံမှ စုံစမ်းသိရသည်။
![]() |
သံဖရိန်ဖြင့် တည်ဆောက်လျက်ရှိသော အဆောက်အအုံ တစ်ခုအား တွေ့ရစဉ် |
မန္တလေးမြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းများတွင် သံဖရိန်ဖြင့် အဆောက်အအုံ
ဆောက်လုပ်မှု များပြား လာခြင်းကြောင့် လက်သမားလုပ်ငန်း လုပ်ကိုင်သူတို့
အလုပ်ပါးလာပြီး ၀င်ငွေလျော့ နည်း လာကြောင်း ဆောက်လုပ်ရေးလုပ်ငန်း
လုပ်ကိုင်သူများထံမှ စုံစမ်းသိရသည်။
Subscribe to:
Comments (Atom)



![ဖာဂူဆန် Old Trafford ကို နှုတ်ဆက်
Monday, May 13, 2013
အင်္ဂလန်ပရီမီယာလိဂ် ဘောလုံးပွဲတွေမှာတော့ မန်ချက်စတာယူနိုက်တက် နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ဟာ နည်းပြအဖြစ်နဲ့ အိုးလ်ထရက်ဖို့ဒ် ပရိသတ်တွေကို တနင်္ဂနွေနေ့က နှုတ်ဆက်လိုက်ပြီဖြစ်ပါတယ်။
တနင်္ဂနွေနေ့က ဆွမ်စီးနဲ့ ကစားတဲ့ပွဲဟာ ဆာအဲလက်စ် အတွက် အိုးလ်ထရက်ဖို့ဒ် ကွင်းမှာ နောက် ဆုံးပွဲပါ။ အဲဒီပွဲမှာ ၂ သင်းစလုံးက ကစားသမားတွေက အရင် ထွက်လာခဲ့ပြီးတော့ ဖာဂူဆန်ကို Guard of Honour ပေးပြီး ဂုဏ်ပြုခဲ့ကြသလို အိုးလ်ထရက်ဖို့ တကွင်းလုံးမှာရှိတဲ့ ပရိသတ်တွေအားလုံးကလည်း အလံတွေ ဝှေ့ ယမ်းပြီး၊ သီချင်းတွေ သံပြိုင်သီဆိုပြီး ဖာဂူဆန်ကို နောက်ဆုံး နှုတ်ဆက်ခဲ့ကြပါ တယ်။ ဒီပွဲမှာ မန်ယူအသင်းက ဆွမ်စီးအသင်းကို ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရခဲ့ပြီး ဖာဂူဆန်ရဲ့ အိုးလ်ထရက်ဖို့ဒ် နောက်ဆုံးပွဲကို အနိုင်နဲ့ အဆုံးသတ်ပေးနိုင်ခဲ့ပါတယ်။
မန်ယူအတွက် ဂိုးတွေကို တိုက်စစ်မှူး ချီချာရီတို နဲ့ ဖာဒီနန်တို့က သွင်းပေးခဲ့တာပါ။ ဒီပွဲမှာ ဖာဂူဆန်အတွက် အိုးလ်ထရက်ဖို့မှာ နောက်ဆုံးပွဲဖြစ်သလို မန်ယူကွင်းလယ် ကစားသမား ပေါလ်စခိုးလ်အတွက်လည်း နောက်ဆုံးနှုတ်ဆက်ပွဲလည်းဖြစ်ပါတယ်။
ပွဲအပြီးမှာတော့ လွန်ခဲ့တဲ့ နှစ် ၂၀ က ပရီမီယာလိဂ်ဖလားကို ပထမဆုံးအကြိမ် မန်ယူ အသင်းအတွက် ကိုင်မြှောက်ပေးခဲ့တဲ့ အသင်းခေါင်းဆောင်ဟောင်း ၂ ယောက် စတိဗ်ဘရုစ်နဲ့ ဘရိုင်ယန်ရော့်ဘ်ဆင်တို့က ပရီမီယာလိဂ်ဖလားကို ကွင်းထဲကို သယ်လာပေးခဲ့ပါတယ်။ နောက်ဆုံးမှာ လက်ရှိအသင်းခေါင်းဆောင် အဖြစ် တာဝန်ယူထားတဲ့ ဗီဒစ် နဲ့ အယ်ဗရာတို့က ဖာဂူဆန်ကို ဂုဏ်ပြုတဲ့အနေနဲ့ ပရီမီယာလိဂ်ဖလားကို ဆာအဲလက်ဖာဂူဆန် အရင်ဆုံးကိုင်မြောက်စေပြီး ဂုဏ်ပြုပေးခဲ့ပါတယ်။
စနေနေ့က ကစားတဲ့ တခြားပွဲတွေမှာတော့ အဲဗာတန်က ၀က်စ်ဟမ်းကို ၂ ဂိုး ၁ ဂိုးး နဲ့ နိုင်ခဲ့သလို၊ နယူးကာဆယ်ကလည်း QPR ကို ၂ ဂိုး ၁ ဂိုး ၊ တော့တင်ဟမ်က စတုတ်ခ်စီးတီးကို ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရခဲ့ပါတယ်။
VOA Burmese News
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် @[459386844101959:274:Myanmar Online News] ကို like လုပ်ထားပါ](https://fbcdn-sphotos-h-a.akamaihd.net/hphotos-ak-ash3/s480x480/941783_574027725971203_86856801_n.jpg)

