Tuesday 1 October 2013

မန္တလေးမြို့မှ ကျောင်းသားတစ်ဦး မြို့ပြအင်ဂျင်နီယာ ဘာသာရပ်ဖြင့် တစ်ကမ္ဘာလုံး၌ ပထမရွှေတံဆိပ်ဆုရရှိ

အင်္ဂလန် နိုင်ငံ City & Guilds International(UK) က တိုက်ရိုက်စစ်ဆေး သောစာမေးပွဲတွင် Naypyidaw EngineeringCenter(NEC) အင်ဂျင်နီယာဒီပလိုမာသင်တန်းကျောင်းမှ ၂၀၁၁-၂၀၁၂ ပညာ သင်နှစ် ကျောင်း သားတစ်ဦးမှာ မြို့ပြအင်ဂျင်နီယာ ဘာသာရပ် တွင် တစ်ကမ္ဘာလုံး၌ ပထမဆုရ ရှိသွားသဖြင့် ရွှေတံဆိပ်ဆု ချီးမြှင့် ခြင်းခံခဲ့ရကြောင်း သိရသည်။

နိုင်ငံရေးမှာ တပ်မတော် ၀င်မပါဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

Photo: နိုင်ငံရေးမှာ တပ်မတော် ၀င်မပါဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း 
Tuesday, October 1, 2013

တပ်မတော်ဆိုတာ ပြည်သူတွေကို ကာကွယ်ဖို့နဲ့ တိုင်းပြည်ကို ကာကွယ်ဖို့ ပဲဖြစ်စေချင်တယ်၊ နိုင်ငံရေးထဲမှာပါဝင်တဲ့ တပ်မတော် မဖြစ်စေချင်ဘူး လို့ ဒေါ်အောင်ဆန်း စုကြည်က ဒီနေ့ ပြောဆိုလိုက်ပါတယ်။

နေပြည်တော် လွှတ်တော်ဝင်းအတွင်းမှာရှိတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီရေးရာအဆောင်မှာ ဒီနေ့ နေ့လည် ပိုင်းက သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က အခုလို တိုက်တွန်းပြောဆိုလိုက်တာပါ။

"တပ်မတော်ရဲ့ အခန်းကဏ္ဍဆိုတာဟာ ပြည်သူကိုကာကွယ်ဖို့၊ တိုင်းပြည် ကို ကာကွယ်ဖို့၊ ကျမဘယ်တုန်းကမှ နိုင်ငံရေးထဲကို ဝင်ပါတဲ့တပ်မတော်ကို အားမပေးခဲ့ဘူး၊ အဲဒါပွင့်ပွင့်လင်းလင်းပြောတာ၊ တပ်မတော်ကို မချစ်လို့ မဟုတ်ဘူး၊ ချစ်လို့ တန်ဖို့းထားလို့သာ မလုပ်စေချင်တာ၊ မလုပ်သင့်တဲ့ ကိစ္စမို့လို့ မလုပ်စေချင်တာ၊ တကယ်ဆို ပြည်သူလူထုက ရွေးချယ်ထားတဲ့ အရပ်သားအစိုးရဟာ တပ်မတော်အတွက် အားလုံးတာဝန်ယူရမယ်၊ တပ်မတော်ဆိုတာ ပိုက်ဆံရှာနေစရာ လိုရမယ့်ဟာမဟုတ်ဘူး၊ အရပ်သားအစိုးရက ပြည့်ပြည့်စုံစုံပေးထားရမှာ၊ အဲဒါမှ တပ်မတော်က အဆင့်မြင့်မြင့်နဲ့ အိနြေ္ဒရရနေနိုင်မှာ"

တပ်မတော်ကိုလည်း တကယ့်ကိုအရည်အချင်းပြည့်ဝပြီး ကမ္ဘာ့စံချိန်မှီ တဲ့၊ ပြည်သူတွေက ထောက်ခံအားပေးတဲ့ ၊ ပြည်သူချစ်တဲ့ တပ်မတော် ဖြစ်ေ စ ချင်တယ်လို့လည်း ပြောခဲ့ပါတယ်။
တပ်မတော် နဲ့ ပတ်သက်တာအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ၊ တရားဥပဒေစိုးမိုးရေး၊ တိုင်းပြည်စီးပွားရေး စတဲ့အချက်တွေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေ မေးမြန်းတာကို ဖြေကြားခဲ့ပါတယ်။

RFA Burmese
တပ်မတော်ဆိုတာ ပြည်သူတွေကို ကာကွယ်ဖို့နဲ့ တိုင်းပြည်ကို ကာကွယ်ဖို့ ပဲဖြစ်စေချင်တယ်၊ နိုင်ငံရေး ထဲမှာ ပါဝင်တဲ့ တပ်မတော် မဖြစ်စေချင်ဘူး လို့ ဒေါ်အောင်ဆန်း စုကြည်က ဒီနေ့ ပြောဆို လိုက်ပါတယ်။

ထန်းတပင်မြို့နယ်မှ မိခင်အရင်းကိုသတ်သည့်သားအား မော်လမြိုင်တွင် ဖမ်းဆီးရမိ

Photo: ထန်းတပင်မြို့နယ်မှ မိခင်အရင်းကိုသတ်သည့်သားအား မော်လမြိုင်တွင် ဖမ်းဆီးရမိ
Tuesday, October 1, 2013

၂၉.၉.၂၀၁၃ ရက်နေ့ ၀၆၃၀အချိန် ထန်းတပင်မြို့နယ်၊ဆန္ဒယော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မင်းစိုးသည် တစ်ရွာတည်းနေ ဒေါ်ထွေးကြည် (ခ)ဒေါ်မိုးမိုး မှာနေအိမ်တွင် ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရှိရ၍သွားရောက်ကြည့်ရှုခဲ့ရာ ဒေါ်ထွေးကြည်(ခ)ဒေါ်မိုးမိုးတွင် ဦးခေါင်းနောက် စေ့ပြတ်ရှဒဏ်ရာ၊ ဦးနှောက်ထွက်၊ ၀ဲလက်ကောက် ၀တ် ပြတ်ရှဒဏ်ရာ၊ ၀ဲလက်ညှိုးပြတ်၊ ၀ဲကျောကုန်း ထိုးသွင်းဒဏ်ရာ၊ ၀ဲရင်အုံထိုးသွင်းဒဏ်ရာ(၃)ချက်၊ ၀မ်းဗိုက်ထိုးသွင်းဒဏ်ရာ(၂)ချက် တို့ဖြင့် သေဆုံး နေသည်ကိုတွေ့ရှိရပြီး အနီးတွင် ရဲတင်း(၁)လက်၊ အရိုးအသွား (၆)လက်မခန့်ရှိဝါးရိုးတပ်မီးဖိုချောင် သုံးဓါး အကျိုး(၁)ချောင်း တို့အား တွေ့ရှိခဲ့ရပါသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍စုံစမ်းရာ ဒေါ်ထွေးကြည်(ခ)ဒေါ်မိုးမိုးမှာ ယင်းနေ့နံနက် ၀၃၃၀ အချိန်ခန့်က ၎င်း၏သားအရင်းဖြစ်သူ တင်ထွန်းဝင်းနှင့်စကားများခဲ့ကြောင်း၊ တင်ထွန်းဝင်းမှာ ထွက်ပြေး
တိမ်းရှောင်နေကြောင်း သိရှိရသဖြင့် အရေးယူပေးပါရန်ဦးကျော်မင်းစိုးမှ တိုင်တန်းခဲ့၍ တက်သစ်နယ်မြေရဲစခန်း (ပ)၉၆/၂၀၁၃၊ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူ စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အထူးမှုခင်းနှမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များနှင့်တက်သစ်နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များပူးပေါင်း၍ အမှုမှ ပြစ်မှုကျူးလွန်ထွက်ပြေးတိမ်းရှောင်နေသူ တင်ထွန်းဝင်းအား ဖမ်းဆီးရမိရေးအတွက်စုံစမ်းဆောင်ရွက်ခဲ့ရာ ၎င်းသည်မော် လမြိုင်မြို့တွင် ရောက်ရှိ တိမ်းရှောင်နေကြောင်း သိရှိရသဖြင့် မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ရှာဖွေဖမ်းဆီးခဲ့ရာ ၃၀.၉.၂၀၁၃ရက်နေ့ ၁၈၄၅ အချိန်တွင် မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်၊ တိုးချဲ့(၃)လမ်းတွင် ဖမ်းဆီးရမိခဲ့ပြီး ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
၂၉.၉.၂၀၁၃ ရက်နေ့ ၀၆၃၀အချိန် ထန်းတပင်မြို့နယ်၊ဆန္ဒယော်ကျေးရွာ အုပ်ချုပ်ရေးမှူး

ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာအားကစားသမားများ အားကစားသမား အာမခံ ပရီမီယံကြေးကို အခမဲ့ ဆောင်ရွက်ပေးမည်ဖြစ်ပြီး နိုင်ငံခြားသား အားကစားသမားများ အနေဖြင့် အာမခံဝယ်ယူနိုင်

Photo: ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာအားကစားသမားများ အားကစားသမား အာမခံ ပရီမီယံကြေးကို အခမဲ့ ဆောင်ရွက်ပေးမည်ဖြစ်ပြီး နိုင်ငံခြားသား အားကစားသမားများ အနေဖြင့် အာမခံဝယ်ယူနိုင်
Tuesday, October 1, 2013

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစား သမားများအတွက် အားကစားသမား အာမခံ ပရီမီယံကြေးကို အခမဲ့အဖြစ် မြန်မာ့အာမခံ လုပ်ငန်းနှင့် ပုဂ္ဂလိက အာမခံ ကုမ္ပဏီများ ပါဝင်သည့် အာမခံဈေးကွက်က ဆောင်ရွက်ပေး မည် ဖြစ်ကြောင်း မြန်မာ့အာမခံ ရုံးချုပ်တွင် စက်တင်ဘာ ၃၀ ရက်က ပြုလုပ်သည့် အစည်းအဝေးပွဲမှ သိရသည်။

မြန်မာနိုင်ငံမှ ပါဝင်ယှဉ်ပြိုင်မည့် မြန်မာအားကစား သမားများ စာရင်းကို အားကစား ၀န်ကြီးဌာနမှ ကောက်ခံသွားမည်ဖြစ်ပြီး အဆိုပါ အားကစားသမားများ အတွက် ကျသင့်မည့် ပရီမီယံကြေး ကျပ် ၅၀၀၀ ကို အခမဲ့ ဆောင်ရွက်ပေးမည်ဖြစ်ကာ နိုင်ငံခြားသား အားကစားသမားများ အနေဖြင့် အားကစားသမား အာမခံကို ၀ယ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။

''(၂၇) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲက နှစ်ပေါင်း ၄၄ နှစ်အတွင်းမှာ ပထမဆုံး အကြိမ် ကျင်းပတာဖြစ်တဲ့ မြန်မာနိုင်ငံ အနေနဲ့ ကမ္ဘာကနေ မြန်မာ့အာမခံကို သိအောင်ရယ်၊ မြန်မာအားကစားသမားတွေ အတွက်ကို ရည်ရွယ်ပြီး အခုလို အားကစားသမား အာမခံကို စီစဉ်ပေးတာ ဖြစ်ပါတယ်။ မြန်မာအားကစားသမားတွေ အတွက်ကတော့ အားကစားသမား ကိုယ်တိုင်နဲ့ အရန်အားက စားသမားအတွက်ပဲ အကျုံးဝင်မှာ ဖြစ်ပါတယ်'' ဟု ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။

နိုင်ငံခြားသား အားကစားသမားများ အနေဖြင့် Sport Contigent Personal Accident Insurance ကို ပရီမီယံကြေး ဒေါ်လာ ၁၀၀ နှင့် ၀ယ်ယူနိုင်ပြီး ထိခိုက်ဒဏ်ရာ ရရှိပါက ဒေါ်လာ ၅၀၀၀၀ အများဆုံး ပေးလျော်မည်ဖြစ်ပြီး ထိခိုက်ဒဏ်ရာ အမျိုးအစားကို မူတည်ကြောင်း သိရသည်။

မြန်မာအားကစား သမားများအတွက်မူ သေဆုံးပါက ကျပ်သိန်း ၅၀ ပေးလျော်မည်ဖြစ်ပြီး ဒဏ်ရာ အမျိုးအစားပေါ် မူတည်ကာ ပေးလျော်သွားမည် ဖြစ်ကြောင်း သိရသည်။ ယင်းအာမခံ အမျိုးအစားသည် နိုဝင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၂၃ ရက်အထိ အကျုံးဝင်မည်ဖြစ်ပြီး ဆီးဂိမ်းပြီးဆုံးပါက ယခင်ဆောင်ရွက်သည့် အတိုင်းသာ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။ အားကစားသမား အာမခံ အမျိုးအစား အနေဖြင့် ပရီမီယံကြေးကျပ် ၂၅၀၀၀ ဖြစ်ပြီး သိန်း ၅၀ အထိ အများဆုံး ၀ယ်ယူနိုင်ကြောင်း၊ ၀ယ်ယူထားသည့် အာမခံသည် တစ်နှစ် အကျုံးဝင်ကြောင်း သိရသည်။

Eleven Media Group

ဆီးဂိမ်းအားကစားသမားများ အာမခံအတွက် မြန်မာ့အာမခံ ရုံးချုပ်တွင် ဘဏ္ဍာရေးဒုဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ဆွေးနွေးစဉ်
ဆီးဂိမ်းအားကစားသမားများ အာမခံအတွက် မြန်မာ့အာမခံ ရုံးချုပ်တွင် ဘဏ္ဍာရေးဒုဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ဆွေးနွေးစဉ်
မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင် မည့် မြန်မာ အားကစား သမားများအတွက် အားကစားသမား အာမခံ ပရီမီယံကြေးကို အခမဲ့အဖြစ် မြန်မာ့ အာမခံ လုပ်ငန်းနှင့် ပုဂ္ဂလိက အာမခံကုမ္ပဏီများပါဝင်သည့် အာမခံဈေးကွက်က ဆောင်ရွက်ပေး မည် ဖြစ်ကြောင်း မြန်မာ့အာမခံ ရုံးချုပ်တွင် စက်တင်ဘာ ၃၀ ရက်က ပြုလုပ်သည့် အစည်းအဝေးပွဲမှ သိရ သည်။

ဘာသာပေါင်းစုံ ပါဝင်သော မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခြင်း နှစ်နှစ်ပြည့် ဆုတောင်းပွဲ အခမ်းအနားတွင် မြစ်ဆုံစီမံကိန်း ရပ်တန့်ရန် ဘာသာဝင်အားလုံး ဆန္ဒပြု

Photo: ဘာသာပေါင်းစုံ ပါဝင်သော မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခြင်း နှစ်နှစ်ပြည့် ဆုတောင်းပွဲ အခမ်းအနားတွင် မြစ်ဆုံစီမံကိန်း ရပ်တန့်ရန် ဘာသာဝင်အားလုံး ဆန္ဒပြု
 Tuesday, October 1, 2013

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဘာသာပေါင်းစုံ ပါဝင်သော မြစ်ဆုံ စီမံကိန်း ရပ်ဆိုင်းခြင်း နှစ်နှစ်ပြည့် ဆုတောင်းပွဲ အခမ်းအနားကို ဒေသခံ ဘာသာဝင်များက ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ယင်းဆုတောင်းပွဲသို့ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူများ၊ ဟိန္ဒူဘာသာဝင်များ၊ ဆစ်ခ် ဘာသာဝင်များ၊ မွတ်စလင် ဘာသာဝင်များ၊ ခရစ်ယာန် ဂိုဏ်းပေါင်းစုံ သာသနာ့ ဝန်ထမ်းများ လူဦးရေ ၃၀၀ ၀န်းကျင် တက်ရောက်ခဲ့ပြီး အခမ်းအနား ပြီးဆုံးခါနီးတွင် မြစ်ဆုံစီမံကိန်း ရပ်တန့်ရန် ဘာသာဝင် အားလုံးက ဆန္ဒပြုခဲ့ကြကြောင်း သိရသည်။

ယင်းဆုတောင်းပွဲတွင် ဘာသာပေါင်းစုံမှ လူဆယ်ဦးခန့်က မိမိတို့၏ ဆန္ဒနှင့် အမြင်များကို ထုတ်ဖော်ခဲ့ကြပြီး ဓမ္မဆရာဖာသာ နော်ဒင့်က ''လူတွေပယောဂ ကြောင့်တော့ မြန်မာမြို့ရွာတွေ မပျက်စီးစေချင်ဘူး။ ကချင် ပြည်နယ်မှာ လျှပ်စစ်လိုအပ်ချက်ဟာ ၅၀ မဂ္ဂါဝပ်လိုတယ်။ မြစ်ဆုံစီမံကိန်းဟာ မဂ္ဂါ ၀ပ် ၆၀၀၀ ကျော် ထုတ်လုပ်မယ် ဆိုတော့ ဒီလောက်ကြီးမားပြီး အန္တရာယ်များတဲ့ မြစ်ဆုံဆည် စီမံကိန်းဟာ လုံးဝမလိုအပ်ပါဘူး။ ယခု စီမံကိန်း မစတင်ခင်ကတည်းက လမ်းကြော တစ်လျှောက်က သစ်တောကြီးတွေ မကျန်တော့ဘူး။ ဒီဒေသကြီးသာ တရုတ်နိုင်ငံကို အပ်လိုက်ရင် မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာက ဘယ်မှာထားမှာလဲ။ ကျွန်တော်တို့ လက်ထက်မှာ အချိန်မီတားရမှာ။အခုတောင် ကျွန်တော်တို့ ကချင်ပြည်နယ်ရဲ့ ဘ၀ဟာ သံယံဇာတတွေ ထုတ်ယူလွန်းလို့ ကြံဖတ်ဘ၀ ရောက်နေပါပြီ''ဟု မိန့်သည်။

အခြားဆွေးနွေး သူများကလည်း မြစ်ဆုံစီမံကိန်းမှာ စင်ကာပူနိုင်ငံထက် သုံးဆကြီးမားသော တောင်ပေါ် ပင်လယ်ကြီးဖြစ်ပြီး ငလျင်ကြောနေရာတွင် တည်ဆောက်ထားသောကြောင့် ၎င်းဆည်ရေကြော တစ်လျှောက်တွင် မြန်မာနိုင်ငံသားများ မည်ကဲ့သို့ နေထိုင်ရမည်ကို စဉ်းစားစေလိုကြောင်း၊ ၎င်းအပြင် တရုတ်နိုင်ငံ၏ နည်းပညာ အရည်အသွေးနှင့် မိမိနိုင်ငံ၏ လုံခြုံရေး အခြေအနေကိုပါထည့် သွင်း စဉ်းစားကြရမည် ဖြစ်ကြောင်း၊ လုံးဝ အန္တရာယ် မရှိနိုင်ဟု ယူဆတည်ဆောက်ခဲ့သော ၀ိုင်းမော်မြို့နယ် အတွင်းက ၀ါရှောင် ဆည်ကလေးပင် သုံးကြိမ်တိုင် ဆည်ကျိုးပေါက်မှု ဖြစ်ပေါ်ခဲ့ပြီး လူအများ သေဆုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း၊ ကမ္ဘာပေါ်တွင်လည်း ဆည်များ၏ အန္တရာယ်ကြောင့် သေဆုံးဒုက္ခ ရောက်ရသူများ မရေမတွက် နိုင်အောင် ရှိကြောင်း တက်ရောက်သူများက ဆိုသည်။

ယင်းဆုတောင်းပွဲသို့ တက်ရောက်ခဲ့သူ ဒေါက်တာတူးဂျာက ၂၀၁၅ ရွေးကောက်ပွဲ တွင် မြစ်ဆုံဆည် စီမံကိန်းမှာ အကြီးမားဆုံး ဒီဘိတ်ဖြစ်လာနိုင်ပြီး ပြည်သူများ၏ ဆန္ဒသာ အဓိကကျကြောင်း ပြောကြားသည်။

၂၀၁၀ ခုနှစ် မေ ၂၈ ရက်တွင် နိုင်ငံတော် အစိုးရက မေခ-မလိခနှင့် ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းများ အကောင် အထည်ဖော်ခြင်း၊ မောင်းနှင်ဓာတ်အားထုတ် လုပ်ခြင်း၊ ပြန်လည်လွှဲပြောင်းခြင်းတို့ ဆောင်ရွက်ရန် ရင်းနှီးမြှုပ်နှံခွင့်လိုင်စင် ထုတ်ပေးခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မြစ်ဆုံဆည် ရေကာတာ စီမံကိန်းကို ၂၀၁၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ရပ်ဆိုင်း လိုက်ကြောင်း ကြေညာခဲ့သည်မှာ ယခု စက် တင်ဘာ ၃၀ ရက်တွင် နှစ်နှစ်ပြည်ခဲ့ပြီဖြစ် သည်။ မြစ်ဆုံဆည် တည်ဆောက်သည့် CPI ကုမ္ပဏီမှာ ယင်းစီမံကိန်းကို ပြန်လည် အကောင်အထည် ဖော်လိုပြီး ဆိုးကျိုးထက်ကောင်း ကျိုးများကြောင်း လွန်ခဲ့သော ဇွန် ၂၃ ရက် တွင် ကချင်ပြည်နယ် သတင်းစာ ဆရာအသင်း ၀င်များနှင့် သတင်းစာ ဆရာများအား CPI ကုမ္ပဏီ မန်နေဂျာ လီကောင်ဝှါက ဆိုသည်။

CPI ကုမ္ပဏီသည် ဧရာဝတီ မြစ်ညာ မြစ်ဝှမ်းရေအားလျှပ်စစ် တည်ဆောက်ရန် မြစ်ဆုံ၊ ချီဖွေ၊ ၀ူဆောက်၊ ဖီဆော၊ ခေါင် လံဖူး၊ ယဲ့နန်၊ လာဆာတို့တွင် စီမံကိန်း ခုနှစ်ခုရှိပြီး စုစုပေါင်း စက်တပ်ဆင်အင်အားမှာ မဂ္ဂါဝပ် နှစ်သောင်းခန့်ရှိပြီး တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနှုန်း ၁၀၀ ဘီလျံ ယူနစ်ခန့် ရှိမည်ဟု ယင်းကုမ္ပဏီ၏ မှတ်တမ်းစာအုပ်တွင် ဖော်ပြထားသည်။

Eleven Media  Group

မြစ်ဆုံရပ်ဆိုင်းခြင်း နှစ်နှစ်ပြည့် ဆုတောင်းပွဲ အခမ်းအနား ကျင်းပစဉ် (ဓာတ်ပုံ- ထွန်းလင်းအောင်)
မြစ်ဆုံရပ်ဆိုင်းခြင်း နှစ်နှစ်ပြည့် ဆုတောင်းပွဲ အခမ်းအနား ကျင်းပစဉ် (ဓာတ်ပုံ- ထွန်းလင်းအောင်)
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဘာသာပေါင်းစုံ ပါဝင်သော မြစ်ဆုံ စီမံကိန်း ရပ်ဆိုင်းခြင်း နှစ်နှစ်ပြည့် ဆုတောင်းပွဲ အခမ်းအနားကို ဒေသခံ ဘာသာဝင်များက ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စများ အဓိက ဆောင်ရွက် မည့် အဋ္ဌမ အကြိမ် လွှတ်တော် အစည်းအဝေးများ ယနေ့ စတင်မည်

Photo: ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စများ အဓိက ဆောင်ရွက် မည့် အဋ္ဌမ အကြိမ် လွှတ်တော် အစည်းအဝေးများ ယနေ့ စတင်မည်
Tuesday, October 1, 2013

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စများ အဓိက ဆောင်ရွက် မည့် အဋ္ဌမအကြိမ် လွှတ်တော် အစည်းအဝေးများ ယနေ့ (အောက်တိုဘာ ၁) ရက်တွင် ပြန်လည် စတင်မည်ဖြစ်သည်။

ပြည်ထောင်စု လွှတ်တော်တွင် ဖွဲ့စည်းခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်မှု အစီရင်ခံစာကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်မတိုင်မီ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြရမည်ဖြစ်ရာ ယခုစတင်မည့် လွှတ်တော် အစည်းအဝေးများတွင် သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် အလေးထား ဆောင်ရွက်ရမည် ဖြစ်သည်။

ပြည်ထောင်စု လွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပြီး ကော်မတီ၏ ဦးတည်ချက်၊ သက်တမ်း၊ တာဝန်၊ လုပ်ထုံး လုပ်နည်းများ၊ လုပ်ပိုင်ခွင့်များနှင့် ရပိုင်ခွင့်များကို သတ်မှတ်နိုင်ခဲ့သည်။

ထို့နောက် လွှတ်တော်သည် သြဂုတ် ၃၀ ရက်တွင် ရပ်နားခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ၏ လုပ်ငန်းစဉ်များကိုပါ ခေတ္တရပ်နား ထားခဲ့သည်။

ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေးကို စက်တင်ဘာ ၃၀ ရက်တွင် ထပ်မံပြုလုပ်ခဲ့ပြီး ယခုပြန်လည် စတင်မည့် လွှတ်တော်အစည်းအဝေး ကာလတစ်လျှောက်တွင် ကော်မတီ၏ လုပ်ငန်းစဉ်များကို အလေးထား ဆောင်ရွက်ကြမည်ဟု သိရသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ အတွင်းရေးမှူး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်က ''နောက်လုပ်မယ့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ လေ့လာ သုံးသပ်ရေးဆိုင်ရာ အစည်းအဝေးတွေမှာ ပါတီအလိုက် အဖွဲ့ဝင် လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တစ်ဦးချင်း ဆွေးနွေးတာတွေ ရှိမှာပါ။ အကုန်လုံးညှိပြီးမှ ပြည်ထောင်စု လွှတ်တော်ကို တင်မှာပါ။ ကျစ်ကျစ်လျစ်လျစ်နဲ့ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဘယ်အချက်တွေ ပြင်ဆင်သင့်တယ်ဆိုတဲ့ အကြံပြုချက်တွေ ပါမှာပါ။ လက်ရှိ အခြေအနေနဲ့ မကိုက်ညီတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါဝင်တဲ့ အချက်တွေကို လေ့လာသုံးသပ် တင်ပြဖို့ရှိပါတယ်'' ဟု ပြောကြားသည်။

လာမည့်လွှတ်တော်တွင် မီဒီယာဆိုင်ရာ ဥပဒေကြမ်း သုံးခုဖြစ်သည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းဆိုင်ရာ လုပ်ငန်းဥပဒေ၊ သတင်းမီဒီယာ ဥပဒေနှင့် အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ဥပဒေကြမ်းများ အားလုံးကို ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော် သမ္မတက သဘောထား မှတ်ချက်နှင့် ပြန်လည် ပေးပို့လာ သည့် ပြည်ထောင်စု တရားစီရင်ရေးဆိုင်ရာ ဥပဒေ၊ ဆက်သွယ်ရေး ဥပဒေနှင့် တောင်သူလယ်သမား အကျိုးစီးပွား မြှင့်တင်ရေးဆိုင်ရာ ဥပဒေကြမ်းများကို လွှတ်တော်စတင် ကျင်းပသည့်အချိန်မှ တစ်ပတ်အတွင်း အပြီးသတ် ထုတ်ပြန်နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

လာမည့်လွှတ်တော်တွင် ဆောင်ရွက်ရန် ဥပဒေကြမ်းပေါင်း ၃၀ ကျော်ရှိကြောင်း သိရသည်။ အောက်တိုဘာ ၁ ရက်တွင် ပြန်လည် စတင်မည့် အဋ္ဌမအကြိမ် လွှတ်တော် အစည်းအဝေးများတွင် အစိုးရ ၀န်ကြီးဌာန အသီးသီးမှ ထပ်တိုးဘတ်ဂျက်များကို ထပ်မံ တောင်းခံမည်ဖြစ်ပြီး ထပ်မံတောင်းခံသည့် ဘတ်ဂျက်များသည် ထပ်မံတောင်းခံသင့် မသင့်၊ သုံးသင့် မသုံးသင့် ဆိုသည်ကို ၀န်ကြီးဌာနအလိုက် လွှတ်တော်ကော်မတီ အသီးသီးမှ စိစစ်မည် ဖြစ်သည်။

Eleven Media Group

သတ္တမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး မကျင်းပမီ လွှတ်တော် ကိုယ်စားလှယ်များနှင့် အစိုးရအဖွဲ့ ဒုတိယ၀န်ကြီးများကို တွေ့ရစဉ်
သတ္တမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး မကျင်းပမီ လွှတ်တော် ကိုယ်စားလှယ်များနှင့် အစိုးရအဖွဲ့ ဒုတိယ၀န်ကြီးများကို တွေ့ရစဉ်
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စများ အဓိက ဆောင်ရွက် မည့် အဋ္ဌမအကြိမ် လွှတ်တော် အစည်းအဝေးများ ယနေ့ (အောက်တိုဘာ ၁) ရက်တွင် ပြန်လည် စတင်မည်ဖြစ်သည်။

အမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာ အတွက် ဦးစားပေး အကောင် အထည် ဖော်မည့် ကုန်စည်များနှင့် ဦးစားပေး ကဏ္ဍများကို အထောက်အကူပြုမည့် ကဏ္ဍများ သတ်မှတ်

Photo: အမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာ အတွက် ဦးစားပေး အကောင် အထည် ဖော်မည့် ကုန်စည်များနှင့် ဦးစားပေး ကဏ္ဍများကို အထောက်အကူပြုမည့် ကဏ္ဍများ သတ်မှတ်
Tuesday, October 1, 2013

ပို့ကုန်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပို့ကုန်ယှဉ်ပြိုင်နိုင်စွမ်း တိုးတက်ရေးအတွက် အမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာကို ရေးဆွဲရန် ပြင်ဆင်နေပြီး အဆိုပါ မဟာဗျူဟာအတွက် ဦးစားပေး အကောင်အထည်ဖော်မည့် ကုန်စည်များ၊ ယင်းဦးစားပေး ကဏ္ဍများကို ထောက်အကူပြုမည့် ကဏ္ဍများကို သတ်မှတ်ပြီးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

ပို့ကုန်မဟာဗျူဟာတွင် ဦးစားပေး အကောင်အထည်ဖော်မည့် ကုန်စည်များမှာ ဆန်၊ ပဲအမျိုးမျိုးနှင့် ဆီထွက်သီးနှံ၊ ရေထွက်ကုန်ပစ္စည်း၊ အထည်အလိပ်နှင့် အ၀တ်အထည်၊ သစ်နှင့်သစ်တောထွက် ပစ္စည်းတို့ဖြစ်ပြီး ဦးစားပေး ၀န်ဆောင်မှုအဖြစ် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းကို သတ်မှတ်ထားကာ အလားအလာကောင်းသည့် ကဏ္ဍအဖြစ် ရော်ဘာကို သတ်မှတ်ထားကြောင်း သိရသည်။ အဆိုပါ ဦးစားပေး ကဏ္ဍများကို အထောက်အကူပြုစေမည့် ကဏ္ဍများအဖြစ် ကုန်သွယ်မှုဆိုင် ရာ ငွေကြေးဝန်ဆောင်မှု၊ ကုန်သွယ်မှု သတင်းအချက်အလက်နှင့် ကုန်သွယ်မှု မြှင့်တင်ရေး၊ အရည်အသွေး စီမံခန့်ခွဲခြင်း၊ ကုန်သွယ်မှု လျင်မြန်ချောမွေ့ခြင်းနှင့် ကုန်စည်သယ်ယူ ပို့ဆောင်ရေး ကဏ္ဍများကို သတ်မှတ်ထားကြောင်း သိရသည်။

အမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာကို အကြိုညှိနှိုင်း ဆွေးနွေးခြင်း၊ အသေးစိတ် ညှိနှိုင်းခြင်း၊ မဟာဗျူဟာ ရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်း စသည့်အဆင့်လေးဆင့်ဖြင့် ငါးနှစ်ကြာ ရေးဆွဲအကောင်အထည် ဖော်သွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် အကြိုညှိနှိုင်း ဆွေးနွေးခြင်း၊ အသေးစိတ် ညှိနှိုင်းခြင်း အဆင့်များကို ဆောင်ရွက်ပြီးစီး ခဲ့သဖြင့် မဟာဗျူဟာ ဒီဇိုင်းရေးဆွဲခြင်း အဆင့်နှင့် အကောင်အထည် ဖော်ခြင်းအဆင့်တို့ အတွက် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာ ရေးဆွဲအကောင် အထည် ဖော်နိုင်ရေးအတွက် ဂျာမနီနိုင်ငံ GIZ အဖွဲ့၏ ထောက်ပံ့မှုဖြင့် နိုင်ငံတကာ ကုန်သွယ်မှုစင်တာက နည်းပညာ အကူအညီ ပေးသွားမည်ဖြစ်ပြီး အဆိုပါဗျူဟာ ရေးဆွဲရန် ဦးဆောင်သူအဖြစ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ ဦးဆောင်ကာ အစိုးရဌာနများနှင့် ပုဂ္ဂလိကကဏ္ဍမှ ပို့ကုန်လုပ်ငန်း ကဏ္ဍများကို ကိုယ်စားပြု ပါဝင်သူများ ပါဝင်ကြမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိကာလတွင် မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန် ဖွဲ့စည်းပုံမှာ ပင်မထုတ်ကုန် အနည်းငယ် အပေါ်၌သာ လုံးဝမှီခို အားထားနေရပြီး ယင်းထုတ်ကုန်များမှာ သယံဇာတများ၊ သဘာဝဓာတ်ငွေ့၊ ကျွန်းသစ်နှင့်စိုက်ပျိုးရေး၊ ရေထွက်ကုန် စသည်များ ဖြစ်ကြောင်း သိရသည်။

ထိုသို့ ပင်မထုတ်ကုန် အနည်းငယ်အပေါ်သာ မှီခိုအားထား နေရခြင်းကြောင့် အစိုးရက ပြည်ပပို့ကုန် အမျိုးအစားများ စုံလင်များပြား လာစေရန်အတွက် မူဝါဒများ ချမှတ်ဆောင်ရွက် နေကြောင်း၊ ကုန်သွယ်မှု ကဏ္ဍအတွက် ဘဏ္ဍာရေး ငွေကြေးကိစ္စများ ပံ့ပိုးပေးခြင်း၊ ဈေးကွက်ချဲ့ထွင် ပေးခြင်းနှင့် ကုန်သွယ်မှု မြှင့်တင်ဆောင်ရွက် ပေးခြင်းများကို ဆောင် ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ELeven Media Group

ပင်လယ်ရေကြောင်း ကုန်သွယ်မှု ပြုလုပ်နေသည့် သင်္ဘောတစ်စင်းအား တွေ့ရစဉ်
ပင်လယ်ရေကြောင်း ကုန်သွယ်မှု ပြုလုပ်နေသည့် သင်္ဘောတစ်စင်းအား တွေ့ရစဉ်
ပို့ကုန်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပို့ကုန်ယှဉ်ပြိုင်နိုင်စွမ်း တိုးတက်ရေးအတွက် အမျိုးသားအဆင့် ပို့ကုန် မဟာ ဗျူဟာကို ရေးဆွဲရန် ပြင်ဆင်နေပြီး အဆိုပါ မဟာဗျူဟာအတွက် ဦးစားပေး အကောင်အထည်ဖော်မည့် ကုန်စည်များ၊ ယင်းဦးစားပေး ကဏ္ဍများကို ထောက်အကူပြုမည့် ကဏ္ဍများကို သတ်မှတ်ပြီးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးတွင် စိန်ခေါ်ချက် ၁၀ ချက်ရှိဟုဆို

မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေး ကာလတွင် ကြီးမားသည့် စိန်ခေါ်ချက် ၁၀ ချက်ရှိသည် ဟု နိုင်ငံ တကာမှ သုတေသီများနှင့် နိုင်ငံရေး လေ့လာသူများက ပြောဆိုထားကြောင်း ရန်ကုန်မြို့ တော် ၀င်နှင်း ဆီ ခန်းမ၌ စက်တင်ဘာ ၂၉ ရက်က ပြုလုပ်သည့် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေး ကာလတွင် ရင်ဆိုင် ရမည့် အခွင့်အလမ်းနှင့် စိန်ခေါ်ချက်များ အကြောင်း ဆွေးနွေးပွဲတွင် ဒေါက်တာသောင်းထွန်း က ပြောကြား သည်။

ဝန်ကြီးဌာနများ အနေဖြင့် နိုင်ငံခြား အကူအညီ အထောက်အပံ့များ ရယူသုံးစွဲရာတွင် အလေအလွင့်နှင့် အလွဲသုံးစား မဖြစ်စေရေး ကြပ်မက်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ပြောကြား

ဝန်ကြီးဌာနများ အနေဖြင့် နိုင်ငံခြား အကူအညီ အထောက်အပံ့များ ရယူသုံးစွဲရာတွင် အလေအလွင့်နှင့် အလွဲသုံးစား မဖြစ်စေရေး ကြပ်မတ်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က စက်တင်ဘာ ၃၀ ရက် ကနေ ပြည်တော်၌ ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ ချေးငွေ/ထောက်ပံ့ ကူညီမှု (Loan/Grant) များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြမှု အခမ်းအနားတွင် ပြောကြားခဲ့သည်။

ဂျပန်-မြန်မာ ပူးပေါင်းပြီး ဆန်စက်၊ ပေါင်းဆန်စက်၊ ဆန်ထွက်ပစ္စည်း၊ ဖွဲနုဆီတို့ ထုတ်လုပ်မည့် Myanmar Japan Rice Industry Co., Ltd ဖွဲ့စည်းခွင့်ရရှိ

8.1.1
ဂျပန်နိုင်ငံ ဆိပ်ကမ်းသို့ ရောက်ရှိနေသည့် မြန်မာ့ဆန်များကို တွေ့ရစဉ် (ဓာတ်ပုံ-MAPCO)
ဂျပန်နိုင်ငံ အခြေစိုက် Mitsui Corporation နှင့် မြန်မာလယ်ယာ စီးပွားရေး အများပိုင် ကော်ပိုရေးရှင်း (MAPCO) တို့ ပူးပေါင်းကာ ဆန်နှင့်ဆန်ထွက် ပစ္စည်းများ ထုတ်လုပ်မည့် Myanmar Rice Industry Co., Ltd ကို စက်တင်ဘာ နောက်ဆုံးပတ်တွင် ဖွဲ့စည်းခွင့် ရရှိခဲ့ကြောင်း သတင်းရရှိသည်။

ပထမဆုံး အကြိမ်အဖြစ် ဂျပန်ရေတပ်မှ လေ့ကျင့်ရေး စစ်သင်္ဘော သုံးစင်း မြန် မာနိုင်ငံ သို့ ငါးရက်ကြာ ချစ်ကြည်ရေးခရီး လာရောက်

Photo: ပထမဆုံး အကြိမ်အဖြစ် ဂျပန်ရေတပ်မှ လေ့ကျင့်ရေး စစ်သင်္ဘော သုံးစင်း မြန် မာနိုင်ငံ သို့ ငါးရက်ကြာ ချစ်ကြည်ရေးခရီး လာရောက်
Tuesday, October 1, 2013

ဂျပန်ရေတပ် ကာကွယ်ရေး တပ်ဖွဲ့မှ လေ့ကျင့်ရေး စစ်သင်္ဘော သုံးစင်း မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ်အဖြစ် ငါးရက်ကြာ ချစ်ကြည်ရေးခရီး လာရောက်ခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာ-ဂျပန် နှစ်နိုင်ငံ အပြန်အလှန် နားလည်မှုအရ ဂျပန်ရေတပ် ကာကွယ်ရေး တပ်ဖွဲ့မှ အရာရှိများအား ပြည်ပလေ့ကျင့် သင်တန်းပေးရေး အစီအစဉ်အရ လာရောက်ခြင်းဖြစ်ပြီး မြန်မာ့တပ်မတော် (ရေ) မှ အရာရှိ စစ်သည်များနှင့် အားကစား ပူးပေါင်း လေ့ကျင့်မှုများ၊ အခြားကူးလူး ဆက်ဆံမှုများ ပြုလုပ်သွားရန် ရှိကြောင်း သိရသည်။

ဂျပန်ရေတပ် ကာကွယ်ရေး တပ်ဖွဲ့အနေဖြင့် ယခုလာရောက်သည့် ခရီးစဉ်တွင် မြန်မာ့တပ်မတော် (ရေ) နှင့် စစ်ရေးလေ့ကျင့်မှုများ ပူးပေါင်း လုပ်ဆောင်သွားရန် အစီအစဉ် မရှိသော်လည်း အနာဂတ် ခရီးစဉ်များတွင် ယင်းကဲ့သို့ စစ်ရေးလေ့ကျင့်မှုများ ပူးပေါင်းပြုလုပ်သွားရန် အစီအစဉ် ရှိကြောင်း သိရသည်။

''အခုခရီးစဉ်မှာတော့ စစ်ရေးလေ့ကျင့်မှုတွေ ပူးပေါင်းလုပ်ဆောင်ဖို့ အစီအစဉ် မရှိပေမယ့် အနာဂတ် မြန်မာနိုင်ငံကို လာရောက်မယ့် ချစ်ကြည်ရေး ခရီးစဉ်တွေမှာတော့ စစ်ရေးလေ့ကျင့်မှုတွေ ပူးပေါင်းလုပ်ဆောင်ဖို့ အစီအစဉ် ရှိပါတယ်'' ဟု ဂျပန်ရေတပ် ကာကွယ်ရေးတပ်ဖွဲ့မှ စစ်ရေယာဉ်မှူး F. KITGAWA က ပြောကြားသည်။

ဂျပန်ရေတပ် ကာကွယ်ရေး တပ်ဖွဲ့မှ လေ့ကျင့်ရေး သင်္ဘောများဖြစ်သော KASHIMA, SHIRAYUKI, ISOYUKI သင်္ဘောသုံးစင်းတွင် အရာရှိစစ်သည် ၇၀၀ ကျော် လိုက်ပါလာပြီး မြန်မာနိုင်ငံတွင် ခေတ္တနေထိုင်မည့် ငါးရက်ကြာ ကာလအတွင်း ရန်ကုန်မြို့တွင်း ထင်ရှားသည့် နေရာများသို့ သွားရောက် လည်ပတ်ရန် စီစဉ်ထားကြောင်း သိရသည်။

လက်ရှိမြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်နေချိန်တွင် မြန်မာနိုင်ငံသားများနှင့် ချစ်ကြည်ရေးအရ ကူးလူးဆက်ဆံမှုများ ပြုလုပ်နိုင်သည့်အတွက် ၀မ်းသာမိကြောင်းလည်း စစ်ရေယာဉ်မှူး F. KITGAWA က ပြောကြားသည်။

ယခုကဲ့သို့ ပထမဆုံးအကြိမ်အဖြစ် ဂျပန်ရေတပ် ကာကွယ်ရေး တပ်ဖွဲ့မှ လေ့ကျင့်ရေး သင်္ဘောများ လာရောက်ခြင်းကို လှိုက်လှဲစွာ ကြိုဆိုခဲ့သည့် မြန်မာ့တပ်မတော်(ရေ)မှ အရာရှိ စစ်သည်များအား The Daily Eleven သတင်းစာက သဘောထား မှတ်ချက်ပေး ရန် မေးမြန်းမှုအပေါ် မြန်မာ့တပ်မတော် (ရေ) မှ အရာရှိ စစ်သည်များက ဖြေကြားရန် ငြင်းဆိုခဲ့သည်။

လက်ရှိတွင် မြန်မာနိုင်ငံသည် နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ ဆက်ဆံမှုများအား တိုးမြှင့်ဆောင်ရွက် လျက်ရှိပြီး ၂၀၁၃ ခုနှစ် အတွင်း အိန္ဒိယနိုင်ငံနှင့် ဂျပန်နိုင်ငံမှ စစ်သင်္ဘောများ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကြောင်း သိရသည်။

ယခုနှစ်အတွင်း မြန်မာနိုင်ငံသို့ တရုတ်နှင့် ကိုရီးယားနိုင်ငံများ မှ ရေကြောင်း ဘက်ဆိုင်ရာ ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရန် ရေကြောင်းဌာနမှ M.V HAIXUN 01 သင်္ဘောသည် ဇူလိုင်၂၄ ရက်က မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်ခဲ့သည်။

၎င်းပြင် တရုတ်နိုင်ငံမှ ရေတပ်ဆေးရုံ သင်္ဘော (Peace Ark) သည် မြန်မာနိုင်ငံသို့ သြဂုတ် ၂၈ ရက်က ရောက်ရှိခဲ့ပြီး အခမဲ့ ဆေးကုသမှုများကို ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

Eleven Media Group

စက်တင်ဘာ ၃၀ ရက်က သီလ၀ါဆိပ်ကမ်းသို့ ရောက်ရှိလာသည့် ဂျပန်ရေတပ်မှ လေ့ကျင့်ရေး စစ်သင်္ဘောကို တွေ့ရစဉ် (ဓာတ်ပုံ- အောင်ဇော်ထွန်း)
စက်တင်ဘာ ၃၀ ရက်က သီလ၀ါဆိပ်ကမ်းသို့ ရောက်ရှိလာသည့် ဂျပန်ရေတပ်မှ လေ့ကျင့်ရေး စစ်သင်္ဘောကို တွေ့ရစဉ် (ဓာတ်ပုံ- အောင်ဇော်ထွန်း)
ဂျပန်ရေတပ် ကာကွယ်ရေး တပ်ဖွဲ့မှ လေ့ကျင့်ရေး စစ်သင်္ဘော သုံးစင်း မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ် အဖြစ် ငါးရက်ကြာ ချစ်ကြည်ရေးခရီး လာရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ခွေးရူးပြန် ရောဂါကြောင့် နှစ်စဉ်သေဆုံးသူ ဦးရေ ၁၀၀၀ ခန့် ရှိနေ

Photo: ခွေးရူးပြန် ရောဂါကြောင့် နှစ်စဉ်သေဆုံးသူ ဦးရေ ၁၀၀၀ ခန့် ရှိနေ
Tuesday, October 1, 2013

မြန်မာနိုင်ငံတွင် ခွေးရူးပြန် ရောဂါကြောင့် သေဆုံးသူဦးရေ တရားဝင် ထုတ်ပြန်ချက်များအရ ၂၄၀ ဦးသာ ရှိသည်ဟု ဆိုသော်လည်း နှစ်စဉ်ခွေး ရူးပြန် ရောဂါကြောင့် သေဆုံးသူမှာ ၁၀၀၀ ခန့် ရှိနေကြောင်း စက် တင်ဘာ ၂၈ ရက်က ပြုလုပ်ခဲ့သည့် ''ကမ္ဘာ့ခွေးရူးပြန် ရောဂါနေ့ အထိမ်း အမှတ် ဟောပြောပွဲ'' တွင် ပါမောက္ခ ဒေါက်တာချစ်စိုး၏ ပြောကြားချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ်အတွင်း ခွေးရူးရောဂါ ဖြစ်ပွားသူ ၂၀၅ ဦးရှိရာ ၂၀၅ ဦး သေဆုံးခဲ့ပြီး၊ ၂၀၁၁ ခုနှစ်တွင် ခွေးရူးရောဂါ ဖြစ်ပွားသူ ၂၄၀ ဦးရှိရာ ၂၄၀ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ကမ္ဘာပေါ်တွင် ခွေးရူးရောဂါကြောင့် ၁၅ မိနစ်လျှင် တစ်ဦးနှုန်း သေဆုံးနေပြီး တစ်နှစ်လျှင် ၅၅၀၀၀ ၀န်းကျင် အသက်ဆုံးရှုံး နေကြောင်းနှင့် မြန်မာနိုင်ငံ တွင်နှစ်စဉ် ၂၀၀ ဦးကျော် သေဆုံးနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ထုတ်ပြန်ချက်များအရ သိရသည်။

တိရစ္ဆာန်မှ ကိုက်မိ၊ ခြစ်မိခြင်း၊ ရောဂါရှိသည့် တိရ စ္ဆာန်၏ သွားရည်မှတစ်ဆင့် မိမိခန္ဓာကိုယ်၏ ပေါက်ပြဲနေသည့် အရေပြားနှင့် ထိတွေ့ခြင်း၊ မျက်စိ၊ ပါးစပ်တစ်ခုခုအတွင်း ရောက်ရှိပါက ရောဂါကူးစက်နိုင်ကြောင်း...

တိရစ္ဆာန်မှတစ်ဆင့် လူသို့ကူးစက်ပြီး လူသေဆုံးမှု မြင့်မား သည့် ရောဂါများတွင် ခွေးရူးပြန်ရောဂါမှာ တစ်ခုအပါအ၀င် ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် အတွင်းက အာဖရိကနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ မွေးမြူရေး တိရ စ္ဆာန်များ သုတေသနဗဟို (ILRI) မှ ထုတ်ပြန်ခဲ့သည့် ကျန်းမာရေး သုတေသန စာတမ်းအရ သိရသည်။

ခွေးရူးပြန်ရောဂါသည် တိရစ္ဆာန်မှတစ်ဆင့် လူသို့ကူးစက်ရာ တွင် ကြောင်၊ ခွေး၊ မြေခွေး၊ လင်းနို့ တို့မှတစ်ဆင့် လူသို့ကူးစက်နိုင်ပြီး မြန်မာနိုင်ငံတွင် ခွေးမှတစ်ဆင့် ကူးစက်မှု ပိုမိုများပြားကြောင်း သိရသည်။

ခွေးရူးပြန်ရောဂါသည် Rabies ဟုခေါ်သည့်ဗိုင်းရပ်စ်ပိုး တစ်မျိုးကြောင့်ဖြစ်ပြီး ယင်းပိုးကူးစက် ခံရလျှင် ဦးနှောက်နှင့် အာရုံကြောမကြီးသို့ ရောက်ရှိပြီး ရောဂါလက္ခဏာများ ပြလေ့ရှိကြောင်း၊ ခွေးရူးပြန်ရောဂါ ဗိုင်းရပ်စ်ပိုး သယ်ဆောင်ထားသည့် တိရစ္ဆာန်မှ ကိုက်မိ၊ ခြစ်မိခြင်း၊ ရောဂါရှိသည့် တိရ စ္ဆာန်၏ သွားရည်မှတစ်ဆင့် မိမိခန္ဓာကိုယ်၏ ပေါက်ပြဲနေသည့် အရေပြားနှင့် ထိတွေ့ခြင်း၊ မျက်စိ၊ ပါးစပ်တစ်ခုခုအတွင်း ရောက်ရှိပါက ရောဂါကူးစက်နိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ခွေးရူးပြန်ရောဂါပိုးနှင့် ပတ်သက်၍ စစ်ဆေးပေးနိုင် သည့် ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းမှာ ရန်ကုန်တိုင်း ဒေသကြီးတွင် အင်းစိန်မြို့နယ်၊ မန္တလေးတိုင်း ဒေသကြီးတွင် စဥ့်ကိုင်မြို့နယ်တို့၌သာ ရှိနေသေးပြီး ရောဂါပျံ့နှံမှုအား လေ့လာရာတွင် ယင်းဒေသနှစ်ခုမှ တွေ့ရှိချက်ကိုသာ နိုင်ငံ့အတိုင်းအတာဖြင့် မှတ်ချက်ယူနေရကြောင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ ရောဂါပျံ့နှံ့မှု လေ့လာရေးဌာနစုမှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက်အရ သိရသည်။

Eleven Media Group

တိရစ္ဆာန်ဆေးကုခန်း တစ်ခုတွင် ကာကွယ်ဆေး ထိုးနှံနေသည့် အိမ်မွေးခွေးအား တွေ့ရစဉ် (ဓာတ်ပုံ-ထွယ်ဆန်အောင်)
တိရစ္ဆာန်ဆေးကုခန်း တစ်ခုတွင် ကာကွယ်ဆေး ထိုးနှံနေသည့် အိမ်မွေးခွေးအား တွေ့ရစဉ် (ဓာတ်ပုံ-ထွယ်ဆန်အောင်)
မြန်မာနိုင်ငံတွင် ခွေးရူးပြန် ရောဂါကြောင့် သေဆုံးသူဦးရေ တရားဝင် ထုတ်ပြန်ချက်များအရ ၂၄၀ ဦးသာ ရှိသည်ဟု ဆိုသော်လည်း နှစ်စဉ်ခွေး ရူးပြန် ရောဂါကြောင့် သေဆုံးသူမှာ ၁၀၀၀ ခန့် ရှိနေကြောင်း စက် တင်ဘာ ၂၈ ရက်က ပြုလုပ်ခဲ့သည့် ''ကမ္ဘာ့ခွေးရူးပြန် ရောဂါနေ့ အထိမ်း အမှတ် ဟောပြောပွဲ'' တွင် ပါမောက္ခ ဒေါက်တာချစ်စိုး၏ ပြောကြားချက်အရ သိရသည်။

ရန်ကုန်မြို့တော်တွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်၍ အရေးယူမှု တစ်လလျှင် ပျမ်းမျှ ၆၇ မှုခန့်ရှိပြီး ဒဏ်ငွေ ကျပ် ၃၃၀၀၀၀ ကျော်ရရှိ

ရန်ကုန်မြို့တော်တွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်၍ အရေးယူမှု တစ်လလျှင် ပျမ်းမျ ၆၇ မှုခန့်ရှိနေပြီး ယင်းအရေးယူမှု မှ ဒဏ်ငွေကျပ် ၃၃၅၀၀၀ ခန့် ရရှိကြောင်း စက်တင်ဘာ ၃၀ ရက်က ပြုလုပ်သည့် ပထမအကြိမ် ရန်ကုန် တိုင်းဒေသကြီး လွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေးတွင် ရန်ကုန်မြို့တော် ၀န် ဦးလှမြင့်က ပြောကြားသည်။

တိုက်လေယာဉ်တစ်စင်း ရန်ကုန်လေဆိပ် ပြေးလမ်းပေါ်၌ အရှိန်ထိန်းချုပ် သည့် လေထီးမပွင့်၍ ရန်ကုန်လေဆိပ် ခေတ္တပိတ်ခဲ့ရ

8.1.11
မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်မှ တိုက်လေယာဉ်တစ်စင်းအား ၂၀၁၃ မတ် ၁၉ ရက်က ရန်ကုန်လေဆိပ်၌ တွေ့ရစဉ် (ဓာတ်ပုံ-ရွှန်းလဲ့ဝင်း)
မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ်မှ တိုက်လေယာဉ်တစ်စင်း ရန်ကုန်လေ ဆိပ် ပြေးလမ်းပေါ်၌ အရှိန် ထိန်းချုပ်သည့် လေထီးမပွင့်မှုကြောင့် ၂၀၁၃ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်၊ မွန်းလွဲပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင် ရာ လေဆိပ်အား ခေတ္တပိတ်ခဲ့ရကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံကို ပြန်လည် ထူထောင်မည် ဆိုပါက စေတနာရှိရုံနှင့်မရဘဲ အကောင်အထည် ဖော်နိုင်သည့် အရည်အချင်းနှင့် သတ္တိများ ရှိရမည်ဟု ပြည်ထောင်စု လွှတ်တော်နာယက ပြောကြား

မြန်မာနိုင်ငံကို ပြန်လည်ထူထောင်မည် ဆိုပါက စေတနာရှိရုံဖြင့် မရဘဲ အကောင်အထည် ဖော်နိုင်သည့် အရည်အချင်းနှင့် သတ္တိများ ရှိရမည် ဟု ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက စက်တင်ဘာ ၂၉ ရက်က ပြောကြားသည်။

မလေးရှားပရိသတ်များစိတ်ခံစားမှုထိန်းချုပ်ရန် မလေးရှားသံအမတ် တိုက်တွန်း

Photo: မလေးရှားပရိသတ်များစိတ်ခံစားမှုထိန်းချုပ်ရန် မလေးရှားသံအမတ်
တိုက်တွန်း
Tuesday, October 1, 2013

မြန်မာ နိုင်ငံတွင်ဖြစ်ပွားခဲ့သည့်လူမျိုးရေး ပဋိပက္ခအခြေအနေများကြောင့် ဆီးဂိမ်းပြိုင်ပွဲသို့လာရောက်မည့် အားကစားသမားများ၊ အသင်း တာဝန်ရှိသူများနှင့် ပရိသတ်များ အနေဖြင့်၎င်းတို့၏ အသက်အန္တ ရာယ်လုံခြုံရေးအတွက် စိုးရိမ်ပူ ပန်မှုရှိမနေရန် အားကစားဝန်ကြီး ဌာနဒုတိယဝန်ကြီး ဦးဇော်ဝင်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်း လူမျိုး ခြားများနှင့်ဖြစ်ပွားခဲ့သည့် ကိစ္စရပ် များကြောင့် ဆီးဂိမ်းပြိုင်ပွဲသို့လာ ရောက်ယှဉ်ပြိုင်မည့် ဘာသာခြား နိုင်ငံတချို့မှ စိုးရိမ်ပူပန်မှုရှိနေရာ ယင်းတို့၏လုံခြုံရေးအပေါ် မြန်မာ အစိုးရက အာမခံချက်ပေးခဲ့သည်။မြန်မာနိုင်ငံရှိဆီးဂိမ်းပြင် ဆင်မှုနှင့်ပတ်သက်၍ မလေးရှား အားကစားကလောင်ရှင်များ လာ ရောက်လေ့လာစဉ် အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇော် ဝင်းနှင့်တွေ့ဆုံစဉ် လုံခြုံရေးအ ခြေအနေအပေါ်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

''ဆီးဂိမ်းပြိုင်ပွဲမှာလုံခြုံရေး ကို တင်းတင်းကျပ်ကျပ်ချသွားမှာ ပါ။ ဒီကိုလာလို့လေယာဉ်ပေါ်က နေဆင်းလာတာနဲ့ လုံခြုံရေးကို အမြင့်ဆုံးအခြေအနေမှာထား ပြီးစောင့်ရှောက်သွားမှာပါ။ အား ကစားကွင်းတိုင်းမှာလဲ ရဲစခန်း တွေထားရှိသွားမှာဖြစ်လို့ ဘာမှ စိုးရိမ်စရာမလိုပါဘူး''ဟုပြောသည်။

ဒုဝန်ကြီးဦးဇော်ဝင်းအနေ ဖြင့် လုံခြုံရေးတင်းကျပ်စွာချထား မည်ဟုဆို
ခဲ့သော်လည်း ဆီးဂိမ်း ပြိုင်ပွဲကျင်းပမည့် လေးနေရာအတွက် လုံခြုံရေးအင်
အားအရေအ တွက်မည်မျှထားရှိမည်ဆိုခြင်းအ ပေါ်ထုတ်ဖော်ပြောကြား
ခဲ့ခြင်း မရှိကြောင်းသိရသည်။

ထို့အပြင်မြန်မာနိုင်ငံဆိုင် ရာ မလေးရှားသံအမတ်ကြီး Dr. Ahmad Faisal က ''မလေးရှား နိုင်ငံသားတွေအနေနဲ့ ဆီးဂိမ်း ကျင်းပတဲ့နေရာတွေ
မှာပဲနေထိုင် သင့်ပါတယ်။ မြန်မာနိုင်ငံသားတွေ က ယဉ်ကျေးသလို ဧည့်ဝတ်ကျေ ပွန်တဲ့သူတွေပါ။ ဒါပေမဲ့ မြန်မာ နိုင်ငံသားတွေရဲ့စိတ်ဟာ ပြိုင်ပွဲ အရှိန်မြင့်လာခဲ့ရင် စိတ်ခံစားမှုက အမြင့်ဆုံးကို ရောက်လာတတ်ကြ တယ်။ ဒါကြောင့်ကျွန်တော်တို့ရဲ့ ပရိသတ်တွေအနေနဲ့ အားကစား ပြိုင်ပွဲတွေ သွားရောက်ကြည့်ရှု ရာမှာ အပြုအမူတွေ၊ စိတ်ခံစားမှု တွေကို ထိန်းချုပ်ထားဖို့လိုပါလိမ့် မယ်''ဟု တိုက်တွန်းခဲ့သည်။

ထို့အပြင် မလေးရှားအား ကစားကလောင်ရှင်အဖွဲ့ဥက္ကဋ္ဌ Ahmed Khawariကလည်း မိမိ တို့အနေဖြင့် ယခုလိုလာရောက် လည်ပတ်ရာတွင် အဖွဲ့အစည်းများ က ပြင်ဆင်ထားမှုအသေးစိတ်အ ချက်အလက်များ၊ ကျွန်ုပ်တို့ကြောက် ရွံ့သည့် ကိစ္စရပ်များအပေါ်အသေး စိတ်ရှင်းလင်းပေး
ခဲ့ကြောင်း၊ သိ လိုသည်များထက် ပိုမိုသိခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့
သည်။

Yangon Media Group
မြန်မာ နိုင်ငံတွင်ဖြစ်ပွားခဲ့သည့် လူမျိုးရေး ပဋိပက္ခအခြေအနေများကြောင့် ဆီးဂိမ်းပြိုင်ပွဲသို့လာရောက်မည့် အားကစားသမားများ၊ အသင်း တာဝန်ရှိသူများနှင့် ပရိသတ်များ အနေဖြင့်၎င်းတို့၏ အသက်အန္တ ရာယ်လုံခြုံရေးအတွက် စိုးရိမ်ပူ ပန်မှုရှိမနေရန် အားကစားဝန်ကြီး ဌာနဒုတိယဝန်ကြီး ဦးဇော်ဝင်းက ပြောကြားခဲ့သည်။

စာအုပ်ဖတ်ခြင်းဖြင့် လက်တွေ့လောကဘ၀ကို အထောက်အကူပြုစေမည့် သိပံ္ပနည်းကျအချက် ၁၀ ချက်

လူအများစုတွေဟာ စာအုပ်ဖတ်ခြင်းကို ၀ါသနာအရသော်လည်းကောင်း၊ ဗဟုသုတရလိုသောကြောင့်သော်လည်းကောင်း၊ တစ်ကိုယ်တည်းသီးသန့်နေလိုသောကြောင့်သော်လည်းကောင်း စသဖြင့် ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ဖတ်ရှုကြပါတယ်။ သို့သော်လည်း စာဖတ်ခြင်းအားဖြင့် သင့်ရဲ့ ပြင်ပလူနေမှု ဘ၀ကို အပေါင်းသင်္ကေတဖြစ်စေမဲ့ အချက်တွေကို သင်သိ သွားမယ်ဆိုလျှင်တော့ အံအားသင့်မှာပါ။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ကို သုံးဆ တိုးချဲ့မည်

Photo: မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ကို သုံးဆ တိုးချဲ့မည်
Tuesday, October 1, 2013

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မူးယစ်ဆေးဝါး အန္တရာယ် နှိမ်နင်းရန် အတွက် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့အား နဂိုထက် သုံးဆပိုမို တိုးချဲ့သွားမည် ဖြစ်ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ဇော်လင်းထွန်းက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

''မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး တပ်ဖွဲ့ကို တိုးချဲ့ဖို့အတွက် ဖွဲ့စည်းပုံ ကျပြီးပါပြီ။ နဂိုထက် သုံးဆပိုမို တိုးချဲ့သွားမှာ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တိုးချဲ့တာ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးမှာက ထုတ်လုပ် မှုနဲ့ သုံးစွဲမှုတို့ကို အဓိက တားဆီးနှိမ်နင်းသွားမှာ ဖြစ်ပါတယ်'' ဟု မူး ယစ်ေ ဆး ၀ါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုတိယ ရဲမှူးကြီး ဇော်လင်းထွန်း က ထပ်မံပြောကြားသည်။

လက်ရှိတွင် မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှု ဖြစ်စဉ်များအရ နေ့စဉ်လိုလို ဖမ်းရ မိမှု အပေါ် သုံးသပ်ချက်များအရ မူးယစ်ဆေးဝါးပိုင်းတွင် သယ်ယူရောင်းဝယ် ၊ သုံးစွဲ မှုများ မြင့်တက်လာကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးများကို တရားမ၀င် ထုတ်လုပ်၊ သယ်ဆောင် လျက်ရှိသည့် ဒုစရိုက်ဂိုဏ်း အဖွဲ့များမှ လက်နက်မှောင်ခိုနှင့် လူကုန်ကူးမှု များကို လုပ်ဆောင်လျက်ရှိပြီး အာဆီယံ နိုင်ငံများကဲ့သို့ အနောက် အာဖရိက နိုင်ငံများရှိ မူးယစ်ဆေးဝါး ဂိုဏ်းများ၏ အန္တရာယ်သည်လည်း ခြိမ်းခြောက်လျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး ကင်းစင်ပပျောက်ရေးအတွက် သက်ဆိုင် ဌာနများ ပါဝင်သည့် ၁၅ နှစ် စီမံကိန်းကို ၁၉၉၉- ၂၀၀၀ ခုနှစ်မှ စတင်ကာ တားဆီးနှိမ်နင်းမှုများ ပြုလုပ်ခဲ့ပြီး ၂၀၁၃-၂၀၁၄ခုနှစ်တွင် စီမံကိန်း ကာလ ပြည့် မည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး မူးယစ်ဆေးဝါး ကင်းစင်ပပျောက်ရေး အတွက် ပြည်သူလူထု ပူးပေါင်းပါဝင်သည့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး (၅)နှစ်စီမံကိန်းဖြင့် အကောင်အထည် ဖော်နေကြောင်း သိရသည်။

Eleven Media Group
မူးယစ်ဆေးဝါးမှုဖြင့် မြန်မာနိုင်ငံအတွင်း ခိုးဝင်လာသည့် ထိုင်းနိုင်ငံသားအား ထိုင်းသက်ဆိုင်ရာ တာဝန်ရှိသူများထံ ပြန်လည်လွှဲပြောင်း အပ်နှံစဉ် (ဓာတ်ပုံ-မျိုးမင်းထက်)
မူးယစ်ဆေးဝါးမှုဖြင့် မြန်မာနိုင်ငံအတွင်း ခိုးဝင်လာသည့် ထိုင်းနိုင်ငံသားအား ထိုင်းသက်ဆိုင်ရာ တာဝန်ရှိသူများထံ ပြန်လည်လွှဲပြောင်း အပ်နှံစဉ် (ဓာတ်ပုံ-မျိုးမင်းထက်)
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မူးယစ်ဆေးဝါးအန္တရာယ် နှိမ်နင်းရန်အတွက် မူးယစ်ဆေးဝါး တား ဆီးနှိမ် နင်းရေး ရဲတပ်ဖွဲ့အား နဂိုထက် သုံးဆပိုမို တိုးချဲ့သွားမည် ဖြစ်ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ဇော်လင်းထွန်းက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ကမ္ဘာ့ နှာခေါင်းအရှည်ဆုံးလူသား

Photo: ကမ္ဘာ့ နှာခေါင်းအရှည်ဆုံးလူသား
Tuesday, October 1, 2013

တူရကီနိုင်ငံသား ဖြစ်ပြီးသူရဲ့နာမည်ကတော့ Mehmet Ozyurek လို
့ခေါ်ပါတယ်။

Mေarchလ 2010ခုနှစ်မှာနောက်ဆုံးတိုင်းတာချက်အရ 3.5 လက်မ 
(8.8 cm) ရှည်တဲ့သူရဲ့နှာခေါင်းကြောင့်ကမ္ဘာ့ နှာခေါင်း အရှည်ဆုံးလူသား
အဖြစ်ဂင်းနစ်စံချိန်တင်ခံထားရပါတယ်။

ZK(ကနောင်)
Scientist Myanmar
တူရကီနိုင်ငံသား ဖြစ်ပြီးသူရဲ့နာမည်ကတော့ Mehmet Ozyurek လို့ခေါ်ပါတယ်။

မွေးဖွားကာစ ကလေးရဲ့ရနံက မိခင်ဖြစ်သူရဲ့ဦးနှောက်ကို အလွန်သံယောဇဉ် ခိုင်မာအောင်လှုပ်ဆော်ကြောင်း လေ့လာချက်တွေအရတွေ့ရှိချက်

Photo: မွေးဖွားကာစ ကလေးရဲ့ရနံက မိခင်ဖြစ်သူရဲ့ဦးနှောက်ကို အလွန်သံယောဇဉ်
ခိုင်မာအောင်လှုပ်ဆော်ကြောင်း လေ့လာချက်တွေအရတွေ့ရှိချက်
Tuesday, October 1, 2013

ကနေဒါ နိင်ငံ Motreal သိပ္ပံပညာ တက္ကသိုလ်ရဲ့ လေ့လာမူအသစ်
တစ်ရပ်အရ မိခင်နှင့်ကလေးကြားဆက်သွယ်မူပေါင်းကူး တစ်ခုအနေနှင့် ကလေးတွေရဲ့ရနံ ကြောင့် ပိုပြီး ရင်နှီး ချစ်ခင်စေကြောင်းကို တွေ့ရှိ
ခဲ့ရပါတယ်။

မွေးကာစ ကလေးရနံဟာ မိခင်တွေ အတွက်ကတော့ ကြားလေ မသွေးနိင်အောင် လှုပ်ဆော်ပေးပြီး အင်အားပြည်ဝတဲ့ ခံစားမူတစ်မျိုး ဖြစ်ကာ နွေးထွေးတဲ့ အသိကို ပေးစွမ်းပါတယ်။ ကလေးမွေး ဖွားပြီး လို့ အချို့ မိခင်တွေဟာ လုပ်ငန်းခွင်ပြန်ဝင်တဲ့ အချိန် မှာတောင် ဒီခံစားမူကို ပြန်ခံစားမိစေပြီး သူမ ဘယ်ပဲသွားသွား သူမရဲ့ အတွေးထဲမှာ ကလေးကို သတိရ တမ်း တနေစေပါတယ်။

မိခင်တွေ အတွက် ကိုယ်ကလေး ရဲ့ ရနံက ဘာနှင့်တူသလဲဆိုတာ မပြောပြနိင်ပေမဲ့ သူမရဲ့ အသိတွေထဲမှာ လွှမ်းမိုးတံဆိပ်ခတ်ကာ သူမ ကို ပျော်ရွှင်မူတွေ၊ အပန်းဖြေမူတွေ၊ ပင်ပန်းမူကို ပြေပျောက်စေတဲ့ ခံစားမူတွေ ဖြစ်စေပါတယ်။

အခြားအစွမ်းထက်တဲ့ အားဆေး တစ်ခုကို မှီဝဲ နေရသလိုပါပဲ။

ဒါကြောင့် အမျိုးသားတွေအနေနှင့် ဒီအချက်ကို နားလည်မူတစ်ခုအရ သိရှိထားကာ တကယ်လို့ မိမိ ဇနီးနှင့် ပြသနာတစ်စုံတစ်ရာ ရှိခဲ့ရင်တောင်မှ ကလေးမွေးပြီးစ မိခင်တွေ. ကို နာကျင်စေကာ ကလေးကိုချစ်စိတ်ဖြင့် မိခင်အဝေးကို ခေါ်မသွားရန်လိုအပ်ပါတယ်။ အကြောင်းက အမျိုး
သမီးတွေရဲ့ ဦးနှောက်ထဲ မှာ ဌင်းတို့ကလေးရဲ့ ရနံက တကယ်ပဲ သူတို့ကို ပျော်ရွှင်စေကာ သူတို့ရဲ့ဘ၀၊ သူတို့ရဲ့နှလုံးသား၊ သူတို့ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေလို့ပါပဲ။

ပျော်ရွှင်တဲ့မိသားစု ဘ၀များပိုင်ဆိုင်နိင်ကြပါစေ။

Aung Heine (MM Social Sky)
ကနေဒါ နိင်ငံ Motreal သိပ္ပံပညာ တက္ကသိုလ်ရဲ့ လေ့လာမူအသစ်တစ်ရပ်အရ မိခင်နှင့်ကလေးကြား ဆက်သွယ်မူပေါင်းကူး တစ်ခုအနေနှင့် ကလေးတွေရဲ့ရနံ ကြောင့် ပိုပြီး ရင်နှီး ချစ်ခင်စေကြောင်းကို တွေ့ရှိ
ခဲ့ရပါတယ်။

မချမ်းဘောအုပ်ချုပ်ရေးမှူးမှ စစ်ရှောင်စခန်း ကိုဒုက္ခပေးနေ

Photo: **မချမ်းဘောအုပ်ချုပ်ရေးမှူးမှ စစ်ရှောင်စခန်း ကိုဒုက္ခပေးနေ**

၁.၁၀.၂၀၁၃၊ အင်္ဂါနေ့

ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်မျိုးအောင်သည် မချမ်းဘောမြို့ တစ်ဖက်ကမ်း နောင်ခိုင် ကျေးရွာတွင် ခိုလှုံ နေသော စစ်ရှောင်စခန်း ကို ဒုက္ခပေးနေကြောင်းကြားသိရသည်။

ဒုက္ခပေးပုံမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို စစ်ရှောင်စခန်းသို့ ခဏခဏ စာရင်းသွားကောက်စေခြင်း၊ စစ်ဆေးခြင်း၊ စခန်းတွင်း၌ ရုံးစာရေးများကို အချိန်ပြည့် အလှည့်ကျစောင့် ကြပ်စေခြင်း၊ ဒုက္ခသည်များကို မိမိအရပ်သို့ ပြန်ရန်အမြဲတမ်း ကြိမ်းမောင်းခြင်းများ ပြုလုပ်နေ သောကြောင့် ဒုက္ခသည်များကြောက်ရွံ့ နေရကြောင်းသိရသည်။

၎င်း အုပ်ချုပ်ရေးမှူးသည် ရုံးတွင်း၊ ရုံးပြင်၌လည်း အာဏာနှင့်ဖိ၍ လက်အောက်ငယ်သားများ၊ ဒေသခံများကို အနိုင်ကျင့် စော်ကား နေကြောင်းလည်း ဒေသခံများနှင့် အုပ်ချုပ် ရေးလိုင်းဝန်ထမ်းများ၏ ပြောပြချက်အရကြားသိရပါသည်။ 

ယခုအချိန်တွင် နောင်ခိုင်ကျေးရွာ၊ နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်း၌ ဒုက္ခသည် (၄၃) ယောက် ခိုလုံနေကြောင်း ကူညီကြောင်းသိရသည်။


jinghpaw kasa
ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်မျိုးအောင်သည် မချမ်းဘောမြို့ တစ်ဖက် ကမ်း နောင်ခိုင် ကျေးရွာတွင် ခိုလှုံ နေသော စစ်ရှောင်စခန်း ကို ဒုက္ခပေးနေကြောင်းကြားသိရသည်။

ရေငုပ်သင်္ဘော တည်ဆောက်ခဲ့သည့် အမေရိကန် ဆယ်ကျော်သက်လူငယ်

Photo: ရေငုပ်သင်္ဘော တည်ဆောက်ခဲ့သည့် အမေရိကန် ဆယ်ကျော်သက်လူငယ်
Tuesday, October 1, 2013

Justin Beckerman လို့ အမည်ရတဲ့ အမေရိကန်နိုင်ငံ၊ နူးဂျာစီပြည်နယ်မှ အသက် ၁၈ နှစ်အရွယ် အထက်တန်း ကျောင်းသာတစ်ဦးဟာ အနက်ပေ ၃၀ တွင် ခုတ်မောင်းနိုင်သည့် ရေငုပ်သင်္ဘောတစ်စင်းအား အောင်မြင်စွာ တီထွင်နိုင်ခဲ့ပါတယ်။

ထူးခြားလှတဲ့ ဤတီထွင်မှုဟာ ချက်ခြင်းဆိုသလို ပြန်နှံ့သွားခဲ့ပြီး နိုင်ငံတကာ သတင်းဌာနများက Justin အား ခေတ်သစ်ရဲ့ သော်မတ်စ်အက်ဒီဆင်
လို့တောင် တင်စားခေါ်ဝေါ နေကြပြီဖြစ်ပါတယ်။

ယင်းအနေနဲ့ အဆိုပါ ရေငုပ်သင်္ဘောအား ရေပိုက်များတွင် အသုံးပြုသည့် ပလတ်စတတ်သားဖြင့် ဖန်တီးခဲ့ခြင်းဖြစ်သည်။ ယင်းအနေဖြင့် ငယ်စဉ်ဘဝကတည်းက အီလက်ထရောနစ်ပစ္စည်းများ စုဆောင်းခြင်းကို ဝါသနာပါသူဟု သိရှိရသည်။ ယင်း၏ ရေငုပ်သင်္ဘောအတွက် လိုအပ်သည့် စက်ကရိယာများနှင့် အီလက်ထရောနစ် ပစ္စည်းများကို ယင်း၏နေအိမ် ဂိုထောင်အတွင်းမှ ရှိပြီးသား ပစ္စည်းများကို အသုံးချခဲ့ခြင်းဖြစ်သည်။

ဤရေငုပ်သင်္ဘော တည်ဆောက်မှု၏ စုစုပေါင်း ကုန်ကျစရိတ်မှာ မယုံကြည်နိုင်ဖွယ်ရာ ဒေါ်လာ ၁ ထောင်သာ ဖြစ်သည်ဟု သိရှိရသည်။

Justin သည် ကလေးဘဝကပင် အင်ဂျင်နီယာ နည်းပညာနှင့် တီထွင်ဖန်တီးမှုတို့ကို လွန်စွာစိတ်ဝင်စားသူဖြစ်ကြောင်း ယင်းအနေဖြင့် ဖုန်စုပ်စက်များ ၊ ဂျက်အင်ဂျင် အသေးစားများ ၊ ဒီဗီဒီ ကြည့်ရှုနိုင်သည့် စက်များကို တည်ထွင်ခဲ့ဖူးကြောင်း သိရှိရသည်။

Myanmar Consumer Guide
Justin Beckerman လို့ အမည်ရတဲ့ အမေရိကန်နိုင်ငံ၊ နူးဂျာစီပြည်နယ်မှ အသက် ၁၈ နှစ်အရွယ် အထက်တန်း ကျောင်းသာတစ်ဦးဟာ အနက်ပေ ၃၀ တွင် ခုတ်မောင်းနိုင်သည့် ရေငုပ်သင်္ဘော တစ်စင်း အား အောင်မြင်စွာ တီထွင်နိုင်ခဲ့ပါတယ်။

အသက် ၈ နှစ်အရွယ် မိန်းကလေး လိင်အင်္ဂါမှသွေးထွက်၍ မျှော့ဝင်သည် ထင်ကာ ဆေးရုံပြရာမှ အဓမ္မပြုကျင့်ခံခဲ့ရမှန်းသိ၍ အဖွားဖြစ်သူမှ အမှုဖွင့်

Photo: အသက် ၈ နှစ်အရွယ် မိန်းကလေး လိင်အင်္ဂါမှသွေးထွက်၍ မျှော့ဝင်သည် ထင်ကာ ဆေးရုံပြရာမှ အဓမ္မပြုကျင့်ခံခဲ့ရမှန်းသိ၍ အဖွားဖြစ်သူမှ အမှုဖွင့်
Tuesday, October 1, 2013

နှစ်တန်းကျောင်းသူတစ်ဦးကို ဆေးရုံသို့ ပြသခဲ့ရာတွင် အဓမ္မပြုကျင့်ခြင်း ခံထားရကြောင်း မှတ်ချက်ပေးခဲ့ သဖြင့် ပြစ်မှု ကျူးလွန်သူအား အရေးယူပေးရန် အဖွားဖြစ်သူက စက်တင်ဘာ ၂၄ ရက်တွင် ဒဂုံဆိပ်ကမ်း ရဲစခန်း၌ အမှုဖွင့် တိုင်တန်းထားသည်။

အမှုကို ဒဂုံဆိပ်ကမ်းမြို့နယ်နေသော အဓမ္မပြုကျင့်ခံရသည်ဟုဆိုသော ကလေးငယ်၏ အဖွားတော်စပ်သူ ဒေါ်---- (၆၀)နှစ်က အမှုဖွင့် တိုင်တန်းထားခြင်းဖြစ်သည်။ စက်တင်ဘာ ၁၈ ရက် ည ၉ နာရီ အချိန်က သူမ၏ မြေးဖြစ်သူ မ-----(၈)နှစ်၊ ဒုတိယတန်း (-----၊ ဒဂုံတောင်) ၏ မိန်းမကိုယ်တွင် သွေးများ ထွက်နေသည်ကို တွေ့ရှိခဲ့ရ၍ “မျှော့” ကောင်ဝင်နေသည်ဟု ထင်မြင်မိခဲ့သည်ဟုလည်း အဖွားဖြစ်သူက ရဲအားပြောပြထားသည်။

ထို့ကြောင့်ပင် ကလေးငယ်အား သင်္ဃန်းကျွန်း စံပြဆေးရုံမှတစ် ဆင့် မြောက်ဥက္ကလာ ဆေးရုံသို့ သွားရောက်ပြသခဲ့ရာတွင် မြေးဖြစ်သူမှာ အဓမ္မပြုကျင့်ခြင်းခံထားရသည်ကို သိရှိခဲ့သည်ဟု ဆိုထားသည်။
ထို့ကြောင့် မြေးငယ်ဖြစ်သူအား မေးမြန်းရာတွင် စက်တင်ဘာ ၁၈ ရက်ညဦးပိုင်း အချိန်က အိမ်နီးချင်း ဖြစ်သူ မောင်----- (၁၅) နှစ်က လမ်းအတွင်းရှိ လူမနေသော အဆောက်အအုံအတွင်းသို့ ခေါ်ဆောင် သွားပြီး သားမယားအဖြစ် တစ်ကြိမ် ပြုကျင့်ခဲ့ကြောင်း ပြောပြထားသည်ဟု လည်း အဖွားဖြစ်သူက အမှုဖွင့်ရာတွင် ထွက်ဆိုထားသည်။

ယင်းကြောင့် မြေးငယ်ဖြစ်သူအာ အဓမ္မပြုကျင့်ခဲ့သူ မောင်------(၁၅)နှစ် အား အရေးယူပေးရန် စက်တင် ဘာ ၂၄ ရက်တွင် စွပ်စွဲ အမှုဖွင့် တိုင်တန်းထားခြင်းဖြစ်သည်ဟု ရဲဌာနက ဆိုသည်။

ယင်းတိုင်တန်းမှုကို ဒဂုံဆိပ်ကမ်းရဲစခန်းက (ပ) ၃၂၈/၂၀၁၃ဖြင့် အမှုဖွင့်ပြီး စွပ်စွဲခံထားရသူအား ရဲစခန်းတွင် ထိန်းသိမ်းစစ်ဆေးနေပြီး ပြစ်မှုထင်ရှား ပါကလည်း ပုဒ်မ ၃၇၆ ဖြင့် တရားစွဲတင်ပို့မည်ဟု တိုင်းရဲဌာနမှ သိရသည်။

Mizzima
နှစ်တန်းကျောင်းသူတစ်ဦးကို ဆေးရုံသို့ ပြသခဲ့ရာတွင် အဓမ္မပြုကျင့်ခြင်း ခံထားရကြောင်း မှတ်ချက်ပေးခဲ့ သဖြင့် ပြစ်မှု ကျူးလွန်သူအား အရေးယူပေးရန် အဖွားဖြစ်သူက စက်တင်ဘာ ၂၄ ရက်တွင် ဒဂုံဆိပ်ကမ်း ရဲစခန်း၌ အမှုဖွင့် တိုင်တန်းထားသည်။

အကိုက်အခဲပျောက်ဆေး ပါရာစီတမောလ် လိုအပ်သည်ထက် ပိုသောက်လျှင် အဆိပ်သင့် သေဆုံးနိုင်

Photo: အကိုက်အခဲပျောက်ဆေး ပါရာစီတမောလ် လိုအပ်သည်ထက် ပိုသောက်လျှင် အဆိပ်သင့် သေဆုံးနိုင်

Tuesday, October 1, 2013

ပါရာစီတမောလ်ဆေး ၅၀၀ မီလီဂရမ် ဆေးပြားအား လိုအပ်သည်ထက် ပိုမို သောက်သုံးမိပါက အဆိပ်သင့် သေဆုံးနိုင်ကြောင်း အထွေထွေရောဂါကု ဆရာဝန် ဦးစန်းထွေးက ပြောကြားသည်။

“အခြား ဆေးတွေထက် ပါရာစီတမောလ်ဆေးကို လူတွေက အလွယ်တကူ ဝယ်သောက်လေ့ ရှိကြတယ်။ ဒီဆေးရဲ့ အဓိက ဘေးထွက်ဆိုးကျိုးက အသည်း ရဲ့ လုပ်ဆောင်မှုကို တိုက်ခိုက်တာပဲ။

အရွယ်ရောက်ပြီးတဲ့ လူတစ်ယောက်ဟာ ဆေးတစ်ခါသောက်ရင် ပါရာစီ တမောလ် ၅၀၀ မီလီဂရမ် ၂ ပြားထက် ပိုမသောက်သင့်ပါဘူး” ဟု ၎င်းက ထပ်မံ ပြောကြားသည်။

ပါရာစီတမောလ် လွန်ကဲသည့် လက္ခဏာများမှာ ဗိုက်အောင့်ခြင်း၊ အော့ အန်ခြင်း၊ မူးဝေခြင်း၊ မစားချင် မသောက်ချင် ဖြစ်ခြင်း၊ ချွေးထွက်လွန်ခြင်း၊ စိတ်ရှုပ်ထွေးခြင်းများ ဖြစ်ပေါ်တတ်ပြီး အဆိုးဆုံး လက္ခဏာများအဖြစ် မျက်လုံးဝါခြင်း၊ ဆီးမည်းမည်းသွားခြင်း၊

အစာအိမ် အပေါ်ပိုင်း၌ နာကျင်ခြင်းစသည့် ဝေဒနာများ ဖြစ်ပွား တတ်ပြီး နောက် ဆုံး အခြေအနေအဖြစ် အသက်ဆုံးရှုံးသည်အထိ ပင် ဖြစ်နိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ရောင်းချနေသည့် ပါရာစီတမောလ်ဆေးများမှာ နိုင်ငံစုံမှ ဝင်ရောက်ပြီး ဈေးနှုန်းအမျိုးမျိုးဖြင့် ရောင်းချနေကာ ဆေးတောင့်၊ ဆေးပြား၊ ဆေးရည်၊ စအိုတွင်းထည့် ဆေးတောင့် စသည်ဖြင့် ဆေးဝါးပုံစံ အမျိုးမျိုးရှိကြောင်း သိရသည်။

“ဒီဆေးကို ပုံမှန်သောက်မယ်၊ စနစ်တကျသာ သောက်မယ်ဆိုရင် ခေါင်း ကိုက်တာ၊ ကြွက်သား နာကျင်ကိုက်ခဲတာ၊ အဆစ်အမြစ်ရောင်၊ ခါးနာ၊ သွားကိုက်၊ အအေးမိ ဖျားနာတာတွေ ပျောက်ကင်းစေနိုင်ပေမယ့် ဆေးလွန် ရင်တော့ သေနိုင်ပါတယ်။ နောက်တစ်ခုက ဒီဆေးနဲ့ မတည့်ဘဲ ခန္ဓာကိုယ်မှာ အနီကွက်တွေ ပေါ်လာတာ၊

အသက်ရှူရတာ ခက်တာ၊ မျက်နှာ၊ လျှာနဲ့ လည်ချောင်းစတဲ့ အစိတ် အပိုင်းတွေ ရောင်ရမ်းတတ်တာမျိုးလည်း တချို့ လာပြတဲ့ လူနာတွေ မှာ တွေ့ရတယ်” ဟု အထက်ပါ ဆရာဝန်က ပြောကြားသည်။

မြန်မာနိုင်ငံအတွင်းရှိ အသက်အရွယ်ကြီးသည့် လူတချို့သည် ခန္ဓာကိုယ် နာကျင် ကိုက်ခဲ၍ ပါရာစီတမောလ်ဆေး စားရင်း ဆေးစွဲသွားကာ ပဲလှော် စားသကဲ့သို့ စားနေကြခြင်းများကို ရှောင်ရှားသင့်ပြီး အထက်ဖော်ပြပါ လက္ခ ဏာ များ ပေါ်လာပါက မိမိသဘောနှင့် မိမိဘာသာ ဆေးသုံးစွဲနေမှုကို ရပ်ပြီး ဆရာဝန်နှင့် အမြန်ဆုံး ပြသကာ ကုသမှုခံယူသင့်ကြောင်း အထက်ပါ ပုဂ္ဂိုလ် က အကြံပြုပြောကြားသည်။

ချစ်ဆုဆွေ
ပါရာစီတမောလ်ဆေး ၅၀၀ မီလီဂရမ် ဆေးပြားအား လိုအပ်သည်ထက် ပိုမို သောက်သုံးမိပါက အဆိပ် သင့် သေဆုံးနိုင်ကြောင်း အထွေထွေရောဂါကု ဆရာဝန် ဦးစန်းထွေးက ပြောကြားသည်။

ရုံးမတက်ဘဲ ဖမ်းဆီးခြင်းဥပဒေကို မလေးရှား၌ ဆန္ဒပြ

Photo: ရုံးမတက်ဘဲ ဖမ်းဆီးခြင်းဥပဒေကို မလေးရှား၌ ဆန္ဒပြ
Tuesday, October 1, 2013

မလေးရှားပါလီမန်မှ အဆိုတင်ပြသော လုံခြုံရေးဆိုင်ရာအကြံပြုချက်အား ကန့်ကွက်သည့် လှုပ်ရှား တက်ကြွသူ ၃ဝခန့် ပါလီမန်သို့ ချီတက်ကြပြီး ကန့်ကွက်စာကို ပေးခဲ့ကြကြောင်း သိရသည်။ ကန့်ကွက်သူ များတွင် လူ့ အခွင့်အရေးဆိုင်ရာ ရှေ့နေများ၊ ပြည်သူလူထုမှ ကိုယ်စားလှယ် များပါဝင်ကြပြီး ယခုပါလီမန်မှ အဆိုပြုမှုသည် စစ်ဆေးမှုမရှိဘဲ ဖမ်းဆီးထားခွင့်ဖြစ်၍ အစိုးရသည် ပေးပြီးသောကတိကို ဖောက် ဖျက်ကြောင်း ထုတ်ဖော်ပြောဆို ကြသည်။

မကြာမီက မလေးရှားတွင် ဖြစ်ပေါ်ခဲ့သောအကြမ်းဖက်လုပ် ရပ်လှိုင်းများပေါ်ထွက်ခဲ့ပြီး နာ ဂျစ်အစိုးရသည် ရဲအားလုပ်ပိုင် ခွင့်တိုးပေးသည့် ၁၉၅၉ခုနှစ် ရာဇဝတ်မှုတားဆီးရေးအက်ဥပ ဒေကို ပြုပြင်သည့်အချက်များ တင်ပြခဲ့သည်။ ယခင်ကလည်း အစိုးရအပေါ် ဆန့်ကျင်ကန့်ကွက် မှုများကြောင်း ပြည်တွင်းလုံခြုံရေး အက်ဥပဒေနှင့် အရေးပေါ်ဥပဒေ EO တို့ကို ပယ်ဖျက်ပေးခဲ့ရဖူး သည်။

''ဒီဥပဒေများဟာ အမြင် မတူသဘောထားကွဲလွဲမှုများကို နှိပ်ကွပ်ရန်သာဖြစ်ပြီး လုပ်ပိုင်ခွင့် အလွဲသုံးစား မလုပ်ဟု ယုံကြည် တယ်''ဟု ရွေးကောက်ပွဲပြုပြင် ပြောင်းလဲရေးလိုလားသူ ဗာဘငါေ က ထုတ်ဖော်ပြောခဲ့ သည်။ပြန်လည်သုံးသပ်ခြင်းမရှိ ဘဲ ထိန်းသိမ်းထားခြင်းမှာ မမှန်ကန် ကြောင်း ပြည်ထဲရေးဝန်ကြီး Za- hid Hamidi က ပြောဆိုခဲ့ သည်။ သို့သော် အဆိုပြုချက် မူကြမ်းတွင် ထိန်းသိမ်းထားနိုင် ရေးအတွက် လိုအပ်သည်များ ပါဝင်နေကြောင်း အထင်ကရ ရှေ့နေများက ပြောဆိုကြသည်။

Yangon Media Group
မလေးရှားပါလီမန်မှ အဆိုတင်ပြသော လုံခြုံရေးဆိုင်ရာအကြံပြုချက်အား ကန့်ကွက်သည့် လှုပ်ရှား တက်ကြွသူ ၃ဝခန့် ပါလီမန်သို့ ချီတက်ကြပြီး ကန့်ကွက်စာကို ပေးခဲ့ကြကြောင်း သိရသည်။