Tuesday 22 December 2015

MPT ဖုန်းနံပါတ်များလေလံအောင်သည့် ကျပ်သန်း(၂၉၀)ကျော်ဖြင့် ဘုန်းတော်ကြီး ပညာသင်ကျောင်း များတွင် မီးအိမ်လှူမည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)က ဖုန်းနံပါတ်အလှများ လေလံတင်ရောင်းချခဲ့ရာမှ လေလံ အောင်သည့် ကျပ်သန်း(၂၉၀)ကျော်ကို ဘုန်းတော်ကြီး ပညာသင်ကျောင်းများသို့ ဆိုလာစွမ်းအင် သုံးမီးအိမ်များ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။

“၀”မူးယစ်ရာဇာတွေရဲ့ ခြေလှမ်းကို ရပ်တန့်ပစ်ဖို့ လိုပြီ

“၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဟာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံရဲ့ နယ်နိမိတ် ထဲမှာတည်ရှိသလို အစိုးရရဲ့ သြဇာသက် ရောက်နေတဲ့ ဒေသလည်း ဖြစ်ပါတယ်။ ဒါပေမယ့် လတ်တလောကာလမှာ“၀” ဒေသက မူးယစ်ရာဇာတွေရဲ့ ခြေလှမ်းဟာ မူမမှန်ဘဲ မဟုတ်တာလုပ်ဖို့ ကြံစည်နေတဲ့ အရိပ်အယောင်မျိုးတွေ ဖြစ်လာ ပါတယ်။ အထူးသဖြင့် “၀”ခေါင်းဆောင်တွေဟာ စစ်အင်အားရော၊ လူအင်အားပါ ဖြည့်တင်းပြီး သူတို့ လိုချင်တဲ့ “၀”ပြည်နယ်ရဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားနေတဲ့သဘောဖြစ်ပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းက လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ “၀”အဖွဲ့ ပိုင်ဆိုင်တဲ့ လက်နက်တွေကို “၀” ခေါင်းဆောင်တွေ ကြည့်ရှုနေတဲ့ပုံတွေ ပျံ့နှံ့လာတာ တွေ့ရပါတယ်။

ရုံးသွားချိန် အတင့်ရဲစွာ ဆွဲကြိုးဖြတ်လုပြေးသူနှစ်ဦးအနက် တစ်ဦးကို ရပ်ကွက်ပြည်သူများ အကူအညီဖြင့် ဖမ်းဆီးမိ

ရုံးသွားအလုပ်သွားသူများနှင့်လူစည်ကားရာ နံနက်ခင်း၉နာရီအချိန် ဝန်းကျင်၌ပင် လှိုင်မြို့နယ် သဟာယ ၁၂ရပ်ကွက် ဘာတာ တွင်အတင့်ရဲစွာဆွဲကြိုးဖြတ်လုပြေးသူနှစ်ဦးအနက် တစ်ဦးကိုရပ်ကွက်ပြည်သူများ အကူအညီဖြင့်ဖမ်းဆီးမိသည်။

ငွေကျပ် သိန်း ၅၀ ခြိမ်းခြောက်တောင်းယူမှုဖြင့် စခန်းမှူးနှင့် တပ်သားများကို အရေးယူမည်

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မှ ပြန်လာသော အမျိုးသမီးတစ်ဦးထံမှ ငွေကျပ် သိန်း ၅၀ ခြိမ်းခြောက်တောင်းယူမှုဖြင့် မိုးကုတ်မြို့၊ ပိန်းပျစ်ကျေးရွာ ရဲစခန်းမှူးနှင့် ရဲတပ်သားလေးဦးကို ရဲအက်ဖြင့် အရေးယူမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တပ်မတော်နှင့် ယုံကြည်မှုတိုးမြှင့်ရန် ဆန္ဒရှိ၊ ဒေသဖွံ့ဖြိုးရေးအတွက် အကူ အညီ ဆက်ပေးရန်မျှော်လင့်

ဝ' ဒေသ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ၀' ဒေသ ဖွံ့ဖြိုးရေးအတွက် ဆက်လက်အကူအညီပေးရန်လည်းမျှော်လင့်သည်ဟု ၀' အထူးဒေသ (၂) ဒုတိယဥက္ကဋ္ဌ ဦးရှောက်မင်လျံက ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့အား ပြောကြားခဲ့သည်။

အ၀တ်လှမ်းစဉ် အရှိန်လွန်ကာ တိုက်ပေါ်မှပြုတ်ကျခဲ့သဖြင့်သေဆုံး

၂၁.၁၂.၂၀၁၅ ရက်နေ့ ၀၉၃၀ အချိန်တွင် စမ်းချောင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် စမ်းချောင်းမြို့နယ်၊ စမ်းချောင်းတောင်ရပ်ကွက်၊ စမ်းချောင်းလမ်းတွင် မိန်းကလေးငယ်တစ်ဦး တိုက်ပေါ်မှပြုတ်ကျပြီးသေဆုံးသွားကြောင်းသတင်းအရ သက်သေများနှင့်သွားရောက်စစ်ဆေးခဲ့ပါသည်။

သွားကိုက်ဝေဒနာ ချက်ချင်း သက်သာစေမယ့် နည်းလေး

သွားကိုက်ဝေဒနာ ဖြစ်တိုင်း Anbesol နဲ့ Orajel ကို လူအများစု သောက်ကြပါတယ်။ ဒါပေမယ့် ဒီသမားရိုးကျ အကိုက်အခဲပျောက်ဆေးနှစ်ခုလုံးမှာ ဓာတ်မတည့်မှုဖြစ်ခြင်း အပါအဝင် ဘေးထွက်ဆိုးကျိုးများစွာ ဖြစ်စေနိုင်တဲ့ benzocaine ထုံဆေးတစ်မျိုး ပါဝင်ပါတယ်။

တောင်သမန်အင်းကို အင်းစာရင်းမှ ပယ်ဖျက်ပြီး လေလံတင်ရောင်းချခြင်း ရပ်ဆိုင်းမည်

အောက်ဆီဂျင်ပြတ်လပ်နေသော တောင်သမန်အင်း-ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)
သဘာဝပတ်ဝန်းကျင် ပျက်စီးမှု မရှိစေရေးအတွက် တောင်သမန်အင်းကို အင်းစာရင်းမှပယ်ဖျက်ပြီး ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစတင်ကာ ငါးမွေးမြူရေး လုပ်ငန်းအတွက် လေလံတင်ရောင်းချခြင်းကို ရပ်ဆိုင်းမည် ဖြစ်ကြောင်း တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနက အမိန့် ကြော်ငြာစာ ထုတ်ပြန်သည်။
ရေချိုငါးလုပ်ငန်း ဥပဒေ လုပ်ထုံးလုပ်နည်းများကို ကျင့်သုံး ၍ မန္တလေးခရိုင်၊ အမရပူရမြို့ နယ် နတ်ရေကန်တိုက်၊ ဥယျာဉ် တော်တိုက်ရှိ ရေနေဧရိယာ ဧက ၁,၀၀၀ခန့်ရှိသော တောင်သ မန်အင်းကို အင်းစာရင်းမှ ပယ် ဖျက်လိုက်သည်ဟု ဒီဇင်ဘာ ၈ ရက်က ထုတ်ပြန်ခဲ့သည်။
တောင်သမန်အင်းကို သဘာဝပတ်ဝန်းကျင် ပျက်စီးမှု မရှိစေရန်နှင့် သဘာဝထိန်းသိမ်း ရေးကန်အဖြစ် ရေရှည်တည်တံ့ ခိုင်မြဲစေရန်အတွက် အင်းစာရင်း မှ ပယ်ဖျက်ခြင်းဖြစ်သည်ဟု ဖော် ပြထားသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် တရားမဝင်ကုန်စည်ဖမ်းဆီး မှုများ လာ ၍ ဒေသ တွင်း ကုန်စည်စီးဆင်းမှုအေးနေ

ရှမ်းပြည် နယ်အရှေ့ပိုင်းတွင် တရားမဝင်ကုန် စည် စီးဆင်းမှုအား ဖမ်းဆီးမှုများပြား လာခြင်းကြောင့်ဒေသ တွင်း ကုန်စည် စီးဆင်းမှုအေးလာနေကြောင်း မော် တော်ယာဉ်လုပ်ငန်းရှင်များထံမှ သိရှိ ရသည်။

ဖားကန့်တွင် မြေသယ်ကား ကြိတ်မိ၍ သေဆုံးသူ ၂၀ ကျော်ရှိနေ

ဖားကန့်ဒေသ၌ မြေသယ် ကားကြီးများကို တွေ့ရစဉ် (ဓာတ်ပုံ – နန်းလွင်နှင်းပွင့်/ဧရာဝတီ)
ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ၂၀၁၅ ခုနှစ်အတွင်း ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းသုံး မြေတူးကား၊ မြေသယ်ကားများ ကြိတ်မိပြီး သေဆုံးသူ ၂၀ ကျော်ရှိနေသည်ဟု ကချင် အမျိုးသား လူမှုဖွံ့ဖြိုးရေး အဖွဲ့က ပြောသည်။

လက်ဖဝါးမှာ 'M' အက္ခရာရှိသူတွေဟာ တမူထူးခြားနေသူတွေဖြစ်

လက်ဖဝါးရှိ လက္ခဏာကောက်ကြောင်းလေးတွေက မိမိဝိသေသလက္ခဏာနဲ့ ကံကြမ္မာကို ဖော်ညွန်းနေတာလို့ ဆိုကြပါတယ်။ ဒါပေမယ့် လက်ဖဝါးမှာ M ပုံသဏ္ဍာန် အက္ခရာစလုံးရှိသူတွေဟာ တမူထူးခြားသူလို့ ဆိုပါတယ်။ အဲဒီပုဂ္ဂိုလ်တွေဟာ ထူးထူးခြားခြား အထုံ ပါရမီ ပါသူ၊ ဝမ်းတွင်း အသိရှိသူ၊ နောက်ပြီး ထူးကဲတဲ့ စီးပွားရေး လုပ်ဖော်ကိုင်ဖက်တွေ လို့လည်း ဆိုကြပါတယ်။

အမတ်လောင်းသင်တန်းများ ငွေကုန် အသံပြာ လူပန်း မဖြစ်စေဖို့

ထိပ်တန်းခရိုနီတဦးဆီက စပွန်ဆာတောင်းကျင်းပတဲ့အတွက်
ဝေဖန်သံတွေဆူညံခဲ့တဲ့ NLD အမတ်လောင်းတွေသင်တန်း အပတ်စဉ် ၁ သင်တန်းကတော့ အောင်မြင်စွာပြီးဆုံးခဲ့ပါပြီ။ သင်တန်းအမှတ်စဉ် ၃ ကစပြီးတော့ ခုလိုစပွန်ဆာမတောင်းတော့ဘဲ ပါတီပိုင်ငွေကြေးနဲ့
သင်တန်းပေးတော့မယ်လို့လည်း ကြားသိရပါတယ်။ ဒီအတွက်လည်း ၀မ်းသာရပါတယ်။ ပြည်သူ့အသံကိုနားထောင်တဲ့အတွက်ပါ။

မြန်မာအတွက်Euroသန်း (၇၀)EUနာက်ထပ်ထောက်ပံ့မည်

EU ဥရောပသမဂ္ဂ က မြန်မာနိုင်ငံမှာ ဆင်းရဲမှုလျှော့ချရေး၊ အစားအစာနဲ့ အဟာရဓါတ်ဖူလုံမှုရှိစေဖို့၊ တရားဥပဒေ စိုးမိုးရေး ပိုမိုကောင်းမွန်စေဖို့နဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် မြန်မာကျပ်ငွေ ၁၀၀ ဘီလီယံ နီးပါးနဲ့ ညီမျှတဲ့ Euro ငွေ သန်း ၇၀ ထပ်တိုး အကူညီ ပေးမှာ ဖြစ်တဲ့ အကြောင်း၊ EU ဥရောပသမဂ္ဂက တနင်္လာနေ့ က ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ကို ခေတ်မှီတဲ့ ရဲတပ်ဖွဲ့ဖြစ်အောင် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ပေးနေတာဆက်လက် ပံ့ပိုးသွားမှာ ဖြစ်တယ်လို့လည်းထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

မြန်မာအတွက်Euroသန်း (၇၀)EUနာက်ထပ်ထောက်ပံ့မည်

EU ဥရောပသမဂ္ဂ က မြန်မာနိုင်ငံမှာ ဆင်းရဲမှုလျှော့ချရေး၊ အစားအစာနဲ့ အဟာရဓါတ်ဖူလုံမှုရှိစေဖို့၊ တရားဥပဒေ စိုးမိုးရေး ပိုမိုကောင်းမွန်စေဖို့နဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် မြန်မာကျပ်ငွေ ၁၀၀ ဘီလီယံ နီးပါးနဲ့ ညီမျှတဲ့ Euro ငွေ သန်း ၇၀ ထပ်တိုး အကူညီ ပေးမှာ ဖြစ်တဲ့ အကြောင်း၊ EU ဥရောပသမဂ္ဂက တနင်္လာနေ့ က ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ကို ခေတ်မှီတဲ့ ရဲတပ်ဖွဲ့ဖြစ်အောင် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ပေးနေတာဆက်လက် ပံ့ပိုးသွားမှာ ဖြစ်တယ်လို့လည်းထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဂရိတ်ဝေါ ဦးတင်မောင်နှင့် ဇနီးဒေါ်နန်းလှစိန် ပိုင်ဆိုင်သော စီးတီးမန်း ကုမ္ပဏီသည် ၁၈ နှစ်ကြာ ၀င်ငွေခွန် တိမ်းရှောင်ရန်အတွက် ၀င်ငွေကြေညာလွှာ တင်သွင်းရန် ပျက်ကွက်သည်ဟုဆိုကာ ၀င်ငွေခွန်ဥပဒေပုဒ်မ ၄၇ (ဂ) ဖြင့် အမှုဖွင့်ထားသည်မှာ သုံးလနီးပါး ကြာပြီဖြစ်သော်လည်း တရားစွဲတင်နိုင်ခြင်း မရှိသေး

ဂရိတ်ဝေါလ် ဦးတင်မောင်နှင့် ဇနီး ဒေါ်နန်းလှစိန်တို့ကို ၎င်းတို့ပိုင်ဆိုင်သော စီးတီးမန်း ကုမ္ပဏီသည် ၁၈ နှစ်ကာလကြာ ၀င်ငွေခွန် တိမ်းရှောင်ရန်အတွက် ၀င်ငွေကြေညာလွှာ တင်သွင်းရန် ပျက်ကွက်သည်ဟု ဆိုကာ ချမ်းအေးသာစံမြို့နယ် အခွန်ဦးစီးဌာနမှူးက ၀င်ငွေခွန် ဥပဒေပုဒ်မ ၄၇ (ဂ)ဖြင့် အမှုဖွင့်ထားသည်မှာ သုံးလနီးပါး ကြာပြီဖြစ်သော်လည်း ယခုအချိန်ထိ တရားစွဲတင်နိုင်ခြင်း မရှိသေးကြောင်း သတင်းရရှိသည်။
"အမှုဖွင့်ထားပြီး စစ်ဆေးစရာ ရှိတာတွေတော့ စစ်ဆေးထားတယ်။ ဒါပေမဲ့ တရားစွဲတင်ဖို့အတွက် ဥပဒေ အကြံပြုချက် တင်ထားတာ ပြန်ကျမလာသေးဘူး။ ဒါကြောင့် တရားစွဲ မတင်နိုင်သေးဘူး။ ဥပဒေရုံးက ပြန်ကျလာမှပဲ တရားစွဲတင်နိုင်မှာပါ"ဟု အဆိုပါ အမှုဖွင့်ထားသည့် အမှတ် (၈) ရဲစခန်းမှ စခန်းမှူးက ဆိုသည်။

လွှတ်တော်ကိုယ်စားလှယ်များသာမက အစိုးရအဖွဲ့များလည်း နိုင်ငံရေးပင်စင်ရရှိမည်ဟု သူရဦးရွှေမန်းပြော

တစ်လုံးတစ်ခဲ တည်းပေးအပ်မည့် နိုင်ငံရေးပင် စင်ငွေသည် လွှတ်တော်ကိုယ်စား လှယ်များကိုသာ ပေးအပ်မည်မ ဟုတ်ဘဲ နိုင်ငံတော်သမ္မတ၊ ၀န် ကြီးများ၊ ၀န်ကြီးချုပ်များအပါအ ၀င် အုပ်ချုပ်ရေးပိုင်းမှ ပုဂ္ဂိုလ်များ အားလုံး ပါဝင်ကြောင်း ပြည် ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

ဂရိတ်ဝေါ ဦးတင်မောင်နှင့် ဇနီးဒေါ်နန်းလှစိန် ပိုင်ဆိုင်သော စီးတီးမန်း ကုမ္ပဏီသည် ၁၈ နှစ်ကြာ ၀င်ငွေခွန် တိမ်းရှောင်ရန်အတွက် ၀င်ငွေကြေညာလွှာ တင်သွင်းရန် ပျက်ကွက်သည်ဟုဆိုကာ ၀င်ငွေခွန်ဥပဒေပုဒ်မ ၄၇ (ဂ) ဖြင့် အမှုဖွင့်ထားသည်မှာ သုံးလနီးပါး ကြာပြီဖြစ်သော်လည်း တရားစွဲတင်နိုင်ခြင်း မရှိသေး

တော်ဝင်နှင်းဆီ ဆေးရုံအား တွေ့ရစဉ်
ဂရိတ်ဝေါလ် ဦးတင်မောင်နှင့် ဇနီး ဒေါ်နန်းလှစိန်တို့ကို ၎င်းတို့ပိုင်ဆိုင်သော စီးတီးမန်း ကုမ္ပဏီသည် ၁၈ နှစ်ကာလကြာ ၀င်ငွေခွန် တိမ်းရှောင်ရန်အတွက် ၀င်ငွေကြေညာလွှာ တင်သွင်းရန် ပျက်ကွက်သည်ဟု ဆိုကာ ချမ်းအေးသာစံမြို့နယ် အခွန်ဦးစီးဌာနမှူးက ၀င်ငွေခွန် ဥပဒေပုဒ်မ ၄၇ (ဂ)ဖြင့် အမှုဖွင့်ထားသည်မှာ သုံးလနီးပါး ကြာပြီဖြစ်သော်လည်း ယခုအချိန်ထိ တရားစွဲတင်နိုင်ခြင်း မရှိသေးကြောင်း သတင်းရရှိသည်။

ပြည် တက္ကသိုလ် ကျောင်းသူတဦး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှု ဖြစ်ပွား

ပြည် တက္ကသိုလ် (ဓာတ်ပုံ- ကောင်းမြတ်မင်း/ဧရာဝတီ)
ပြည် တက္ကသိုလ်က ကျောင်းသူ တဦး နဝဒေး တံတားပေါ်ကနေ ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှု တခု ဖြစ်ပွားခဲ့ပါတယ်။

တပ်သားတစ်ဦး လုယက်ခံရ

မင်္ဂလာဒုံမြို့နယ် တပ်မ တော်ဆေးတက္ကသိုလ်တွင် တာ ၀န်ထမ်းဆောင်နေသည့် တပ် သားတစ်ဦး တပ်မတော်ဂေါက် ကွင်းရှိ ဒဂုံဝန်ထမ်းအိမ်ရာအနီး တွင် ရိုက်နှက်လုယက်ခံရပြီး ပြစ် မှုကျူးလွန်သူများကို ဖမ်းဆီးရမိ ခြင်းမရှိသေးကြောင်း မင်္ဂလာဒုံ ရဲစခန်းမှ ရဲမှူးဝင်းရွှေက ပြော သည်။

မြန်မာနိုင်ငံတိုးတက်မှုနှေးကွေးခြင်းသည် ညီညွတ်ရေးအား ပျော့နေ သောကြောင့် ဖြစ်၍ သတိထားရန်လို ဟု ပါမောကချုပ်ဆရာတော်မိန့်ကြား

အခြားနိုင်ငံများနှင့်နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံတိုးတက်မှုနှေးကွေးခြင်းသည် ညီညွတ်ရေးအားပျော့နေသောကြောင့်ဖြစ်သည်ကို သတိထားကြရန် လိုအပ်ကြောင်း အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသကမိန့်ကြားသည်။

အထည်ချုပ်စက်ရုံ ပြိုကျမှု ထွက်ပြေးနေသူများကို ဖမ်းဆီးရန် ဘင်္ဂလားဒေ့ရှ်တရားသူကြီးအမိန့်ထုတ်

လူပေါင်း ၁,၁၀၀ ကျော် သေဆုံးခဲ့သော အထည်ချုပ်စက် ရုံ ပြိုကျမှုအတွက် လူသတ်မှုများ ရင်ဆိုင်ရန် တရားရုံးသို့ ရောက်မလာသူ ၂၄ ဦးကို ဖမ်းဆီးရန်နှင့် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို သိမ်း ဆည်းရန် ဘင်္ဂလားဒေ့ရှ်တရားရုံး က အမိန့်ထုတ်သည်။

ရန်ကုန်လေဆိပ်တွင် ဘင်္ဂါလီတစ်ဦးကို ဖမ်းမိခဲ့ရာမှ ဒလတွင် ခိုအောင်းနေသော ဘင်္ဂလီ နှစ်ဦးကို ထပ်မံ ဖမ်းမိ

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ပြည်ပထွက်ခွာဆောင်တွင် ဒီဇင်ဘာလ ၁၉ ရက် မွန်းလွဲပိုင်းက မြန်မာ နိုင်ငံကူး လက်မှတ်ကိုင်ဆောင်ထားသော အသက် ၂၀ အရွယ်ရှိ ဘင်္ဂလီ အမျိုးသားတစ်ဦးကို သတင်းရဲ တပ်ဖွဲ့က ဖမ်းဆီးကာ စစ်ဆေးခဲ့ရာမှ ဒလမြို့နယ်ရှိ နေအိမ်တစ်လုံးတွင် ပုန်းခိုနေသော ဘင်္ဂလီအမျိုးသားနှစ်ဦးကို ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန် တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

မြန်မာရေလုပ်သားသုံးဦးကို မြန်မာသင်္ဘောသားများကယ်တင်၍ ရန်ကုန်မြို့သို့ ပို့ဆောင်ပေး

မြန်မာရေလုပ်သားတစ်ဦးကို ကယ်တင်လာစဉ် (ဓာတ်ပုံ - Ko Zaw Htak Khine Facebook)
ပင်လယ်ပြင်တွင် ၁၀ ရက်ကြာ မျောပါနေသော ကျားဖောင်ပေါ်ရှိ မြန်မာရေလုပ်သားသုံးဦးကို မြန်မာသင်္ဘောသားများပါသည့် ပင်လယ်ကူးသင်္ဘောက ထားဝယ် မြို့ကမ်းခြေမှ မိုင် ၁၂၀ အကွာ၌ ကယ်တင်ခဲ့ပြီး ဒီဇင်ဘာ ၁၂ ရက်က ရန်ကုန်မြို့သို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။

မယ်စကြ၀ဠာပြိုင်ပွဲ ကျင်းပရာအနီး ကားဖြင့်တိုက်မှုကြောင့် လူတစ်ဦးသေ၊ ၁၄ ဦး ဒဏ်ရာရ

လာ့စ်ဗီးဂတ်စ်မြို့ Planet Holly Wood ဟိုတယ်ရှေ့ ယာဉ်မတော်တဆမှုကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေစဉ် (David Becker/reuters)
မယ်စကြ၀ဠာ ပြိုင်ပွဲ ကျင်းပနေသော ကာစီနိုရုံနှင့် ဟိုတယ်တစ်ခုအနီးတွင် တနင်္ဂနွေညက ယာဉ်တိုက်မှု ဖြစ် ပွားပြီး လူတစ်ဦး သေဆုံးကာ ၁၄ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ သည်ဟု လာ့စ်ဗီးဂတ်စ်မြို့ အရာ ရှိများက ပြောသည်။

ရုရှား လေကြောင်းတိုက်ခိုက်မှုများကြောင့် ဆီးရီးယားတွင် လူဒါဇင်ပေါင်းများစွာ သေဆုံး

ဆီးရီးယားနိုင်ငံ အီဒ လစ်မြို့တွင် ရုရှားလေယာဉ်များ ၏ လက်ချက်ဟု ယုံကြည်ရသော လေကြောင်း တိုက်ခိုက်မှုများအ တွင်း လူ ၄၃ ဦးထက်မနည်း သေ ဆုံးခဲ့ကြောင်း တက်ကြွလှုပ်ရှား သူများနှင့် ဒေသခံများ၏ ပြော ကြားချက်အရ သိရသည်။

ရန်ကုန်နှင့် ဧရာဝတီရှိ မြို့နယ်ခြောက်ခုတွင် အာဟာရ အားဖြည့်ဆန်များ ဇန်န၀ါရီ၌ စတင်ရောင်းချမည်

ရန်ကုန်နှင့် ဧရာဝတီ တိုင်းရှိ မြို့နယ်ခြောက်ခုတွင် အာ ဟာရအားဖြည့်ဆန်များကို ဇန်န ၀ါရီ၌ ဖြန့်ဖြူးရောင်းချမည်ဖြစ် ကြောင်း သတင်းရရှိသည်။

ဆိုလာပြားနှင့် ဘက်ထရီအိုးတွဲစဉ် အပူလွန်ပြီး တာဟန်းရှိ မိဘမဲ့ဂေဟာမီးလောင်

ကလေးမြို့ တာဟန်းရပ် ကွက် နယ်မြေ(၁၁)ရှိ PCM အ သင်းတော် မိဘမဲ့ဂေဟာတွင် ဆို လာနှင့်ဘက်ထရီအိုးတွဲရာမှ အပူ လွန်ကဲ့၍ ရှော့ခ်ဖြစ်ပြီး မီးလောင် မှု ဒီဇင်ဘာ ၂၀ ရက် ည ၁၀ နာရီ ကျော်က ဖြစ်ပွားခဲ့ကြောင်း စစ် ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီး ဌာနရုံးမှ သတင်းရရှိသည်။

ရွှေတိဂုံစေတီတော်တွင် မောင်းသူမဲ့လေယာဉ်ငယ်နှင့် ဒရုန်းလွှတ်တင်ခွင့် ပိတ်ပင်

ရွှေတိဂုံစေတီတော်နှင့် စေတီတော်အနီးဝန်းကျင်ကို ဝေဟင်မှ ဒရုန်းဖြင့်ရိုက်ကူးထားသောမြင်ကွင်း (ဓာတ်ပုံ − Stanislav Sedov and Dmitry Moiseenko/AirPano)
ရွှေတိဂုံစေတီတော်ပေါ် နှင့် ၀တ္တကမြေအတွင်း မောင်းသူ မဲ့လေယာဉ်ငယ်နှင့် ဒရုန်းများ (Drones နှင့် UAV) ကို စေတီတော်လုံခြုံရေးအရ လွှတ်တင်မောင်းနှင်ခွင့် မပြုတော့ကြောင်းသတင်းရရှိသည်။