Wednesday 23 November 2011

ဘုရှ် နှင့် ဘလဲ တို့မှာ စစ်ရာဇဝတ်သားများ ဖြစ်ကြောင်း တရားရုံးပြော

မလေးရှား နိုင်ငံရှိ စစ်ဘက်ဆိုင်ရာ ပြစ်မှု ခုံရုံးတစ်ခုတွင် အမေရိကန် သမ္မတဟောင်း ဂျော့ခ်ျ ဒဗလျှူဘုရှ် နှင့် ယခင် ဗြိတိန် ဝန်ကြီးချုပ် ဖြစ်သူ တိုနီဘလဲတို့မှာ အီရတ်နိုင်ငံ နှင့်ဖြစ်ပွားခဲ့သည့် စစ်ပွဲများအတွင်းတွင် စစ်ပွဲဆိုင်ရာ ပြစ်မှုများကို  ကျူးလွန်ခဲ့သူများ အဖြစ် တွေ့ရှိခဲ့ရကြောင်း press tv သတင်းတွင် ဖော်ပြခဲ့သည်။ ကွာလာလမ်ပူရှိ စစ်ဘက် ဆိုင်ရာ ပြစ်မှုခုံရုံးရှိ ငါးဦးပါ ခုံသမာဓိ အဖွဲ့မှ ဆုံးဖြတ်ရာ၌ လွန်ခဲ့သည့် ၂၀၀၃ ခုနှစ်က အီရတ်နိုင်ငံသို့ ကျူးကျော် တိုက်ခိုက်ခဲ့သည့် လုပ်ရပ်တွင်  ဘုရှ်နှင့် ဘလဲ တို့မှာ လူမျိုးတုံး သတ်ဖြတ်မှုနှင့် လူသား ဖြစ်တည်မှုကို ဆန့်ကျင် သည့် ပြစ်မှု များကို ကျူးလွန်ခဲ့ကြောင်း ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

လွန်ခဲ့သည့် ၂၀၀၃ ခုနှစ်က အမေရိကန်နှင့် ဗြိတိန်တို့မှာ အီရတ်တွင် ဖျက်အားပြင်း လက်နက်များ တွေ့ရှိသည် ဆိုသည့် အချက်ဖြင့်  နိုင်ငံတကာ ဥပဒေကို ချိုးဖောက်မှုဖြင့် ကျူးကျော်စစ်ကို ဆင်နွဲခဲ့ခြင်း ဖြစ်သည်။ မလေးရှား နိုင်ငံရှိ သမာဓိခုံအဖွဲ့မှ ယခုလို ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး ပြောရာ၌ ထိုစဉ်က အမေရိကန်နှင့် ဗြိတိန်တို့မှာ ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက် လိုက်ခြင်း ဖြစ်ပြီး အီရတ် ပြည်သူတို့အပေါ်တွင် ကြီးကျယ် သည့် သေကြေမှုများကို ဖြစ်စေသော ကျူးလွန်မှု တစ်ရပ် ဖြစ်ေ ကြာင်း ပြောကြား သွားခဲ့သည်။

ခုံရုံးဆုံးဖြတ်သူများမှ ပြောရာ၌ ယင်းသို့ တိုက်ခိုက်မှု ပြုလုပ်ခဲ့သော်လည်း အဆိုပါ လက်နက်ကြီးများကိုတွေ့ရှိခဲ့ခြင်း မရှိသည် ကို ဗြိတန်နှင့် အမေရိကန် ခေါင်းဆောင်များ သိပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင်  အဆိုပါ စစ်ပွဲကြောင့် အီရတ်ပြည်သူ တစ်သန်းကျော် သေဆုံး ခဲ့ရကြောင်းလည်း  ကယ်လီဖိုးနီးယား အခြေစိုက် စုံစမ်းရေး အဖွဲ့အစည်းတစ်ခုမှ ပြောခဲ့သည်။ ယခုလို တွေ့ရှိ မှုအား ရောမရှိ နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံးသို့ တင်ပြသင့်ကြောင်းနှင့် ဘုရှ်နှင့် ဘလဲတို့အား စစ်ဘက်ဆိုင် ရာ ပြစ်မှု ကျူးလွန် သူများအဖြစ် စာရင်းသွင်းသင့်ကြောင်းလည်း ပြောကြား သွားခဲ့သည်။ 
မူရင်းလင့်