Monday 10 September 2012

မြန်မာ့ရေးရာ သတင်းပဒေသာ (၁၀-၉-၂၀၁၂ - ညပိုင်း)

Monday, September 10, 2012


- အဖမ်းခံထားရသူများ ပြန်လွှတ်ပေးရေးအတွက် ရဲစခန်းရှေ့ ဆန္ဒပြ click
- ဆန္ဒပြသူများ မသွားနိုင်ရန် မုံရွာ-ညောင်ပင်ကြီး စက်လှေဆိပ် ပိတ်၊ ၁၂ ဦး ဖမ်းဆီးခံရ
click
- လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက် ဆန္ဒပြ
click
- သမ္မတထံ လူတိုင်း တိုက်ရိုက် စာပေးပို့နိုင်
click
- ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ကျော်ဇော မြန်မာနိုင်ငံ ပြန်ခွင့်ရ
click
- တရားရုံးများကို ပုဂ္ဂလိက လက်မပြောင်းရန် ရှေ့နေများ တောင်းဆို
click
- အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ရခိုင် သွားရောက်လေ့လာ
click
- အမေရိကန်ဝန်ကြီးနှင့် ရခိုင်ပါတီတို့ တွေ့ဆုံ
click
- မီဒီယာ ဥပဒေမူကြမ်းသစ် ရေးဆွဲဖို့ ပြန်ကြားရေးဝန်ကြီးသစ် ပြင်ဆင်
click
- စာနယ်ဇင်းကောင်စီ ဖွဲ့စည်းရေး သတင်းစာဆရာများနှင့် ၀န်ကြီး တွေ့
click
- ဒေါ်အောင်ဆန်းစုကြည် NLD ဗဟိုအလုပ်အမှုဆောင်များနှင့် တွေ့ဆုံဆွေးနွေး
click
- တိုင်းရင်းသားရေးရာညီလာခံ ထိုင်းနိုင်ငံတွင် ကျင်းပမည်
click
- ရခိုင်နှစ်ပါတီ ပေါင်းစည်းရေး ကော်မတီအသီးသီးဖွဲ့စည်း
click
- နိုင်ငံတည်ဆောက်ရေးကွန်ဖရင့် ကျင်းပမည်
click
- နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် တွေ့ဆုံမေးမြန်းခန်း
click
- ဖားကန့်တွင် အရောင်းအ၀ယ်များ ရပ်ဆိုင်း
click
- ရန်ကုန်မြို့လယ်တွင် မီးလောင်
click
- အိန္ဒိယရဲ့ ရှေ့တန်းတပ်တွေ အမိန့်မနာခံ (အသံ)
click

ref:Dr lunswe

အလုံ၊အထက(၄) ကျောင်းတွင် ဗုံးတွေ့

ယနေ့၊ နေ့လည်ပိုင်း ရန်ကုန်၊ အလုံ အထက(၄) ကျောင်း အလံတိုင်အောက်တွင် ဗုံးတွေ့ ရှိသောကြောင့် ကျောင်းအတွင်း ရဲလုံခြုံရေးများက ယူဆောင်သွားခဲ့ကြောင်း၊ ကျောင်းတွင်း ဗုံးတွေ့ရှိသည်ကို ကျောင်းသားမိဘများသို့ အသိမပေးပဲ ဖုံးထားကြောင်း မကျေနပ်သော သူငယ်တန်း (A) မှ ကျောင်းသား မိဘတဦးကြေ့ပာသည်။

ဒါမှ ကွန်မြူနစ် ကွ ...၊ ပြန်မယ်ဆို အပြီးပြန်မယ် ..... ၊ နိုင်ငံရေး အမြတ်ထုတ်တာတော့ မခံနိုင်ဘူး ။ ဒေါက်တာ လှကျော်ဇော



ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ကျန်းမာရေး ဆိုးရွားနေပြီး နောက်ဆုံး အနေဖြင့် ရွှေတိဂုံဘုရားဖူးရန် ဆန္ဒရှိနေ ကြောင်း ဧရာဝတီသတင်းဌာနမှ သတင်းရေးသားခဲ့ပြီးနောက် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၏ သမီးဖြစ်သူ ဒေါက်တာလှကျော်ဇောအား သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းက သမ္မတဦးသိန်းစိန်မှ ပြန်လာခွင့်ပြုကြောင်း ဆက်သွယ် အကြောင်းကြားလာခဲ့သည်။ ဗိုလ်မှူးချုပ်ကျော်ဇော၏ နောက်ဆုံး ကျန်းမာရေး အခြေအနေ၊ ပြည်တော်ပြန် ခရီး၊ ဗမာပြည် ကွန်မြူနစ်ပါတီနှင့် ဆက်ဆံရေးတို့နှင့် ပတ်သက်ပြီး ဧရာဝတီ သတင်းထောက် ရန်ပိုင်က   ဒေါက်တာလှကျော်ဇောကို ဆက်သွယ်မေးမြန်းထားသည်။ ဒေါက်တာလှကျော်ဇောသည် ယခုအခါ တရုတ်နိုင်ငံကူမင်းမြို့တွင် ဖခင်ဖြစ်သူ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောကို အနီးကပ် နေထိုင်   ပြုစုနေသူဖြစ်သည်။

ABSDF မြောက်ပိုင်း ပါဂျောင်ဒေသ ကျောင်းသားများ သတ်ဖြတ်ခံရမှု တရားခံများ နိုင်ငံတော်မှ လွတ်ငြိမ်းခွင့်ပေးသည်ဖြစ်စေ ခွင့်မလွတ်နိုင်ဟု ကျောင်းသားဟောင်းများဆို.........



၁၉၉၂ခုနှစ်နှောင်းပိုင်းက ABSDF မှ မြောက်ပိုင်း ပါဂျောင်ဒေသတွင်ကျောင်းသားများအား သတ်ဖြတ်ခဲ့သည့်ရာဇ၀တ်မှုကျူးလွန်ခဲ့သူတရားခံစာရင်းပြုစုထားပြီးဖြစ်၍ လူထုထောက် ခံဆန္ဒပြုလက်မှတ်များ ရယူကာ နိုင်ငံတော်သို့တင်ပြသွားမည်ဟု စွပ်စွဲဖမ်းဆီးခံခဲ့ရာတွင်ပါဝင်ခဲ့သော   ကျောင်းသားဟောင်း ဦးဆမားညီညီက ပြောသည်။

ဒေါက်တာနိုင်အောင်ရဲ့ မြန်မာပြည် ခရီး(၄)


facebook နဲ့ Blog တွေကနေ  မြောက်ပိုင်းက အရိုးတွန်သံများကို ဖတ်ရတုန်းက   စို့စို့နင်နင်ကြီးဖြစ်ပြီး ၀မ်းနည်းနာကျင်နေခဲ့တာက ၃ ရက်မကဘူး။

ပြီးတော့ အဲဒီထဲက အကြောင်းအရာတွေက ကျမရဲ့ အသိစိတ်ထဲကနေ တော်တော်နဲ့ ထွက်မသွားခဲ့ဖူး။ ညတော်တော်များများမှာ လူငယ်တွေရဲ့ သွေးလူးနေတဲ့ ကျောပြင်တွေ၊ပြီးတော့အမျိုးသမီးအချို့ရဲ့ အံ့ကြိတ်ငိုသံတွေကို   ပြန်စဉ်းစားရင်း အိပ်မပျော်နိုင်တဲ့ ညတွေ တကယ်ရှိခဲ့ပါတယ်။

Facebook တွင်လုံခြုံစိတ်ချစွာရှိနေဖို့အတွက် အကြံပြုချက် (၇) ချက်


Facebook တွင်လုံခြုံစိတ်ချ အစစ်အမှန် မဟုတ်သော ကမ္ဘာသည် အန္တရာယ်တစ်ခုပင် ဖြစ်နိုင်သည်။


ဖေ့ဘုတ်ခ်တွင် သင်သည် ဘေးအန္တရယ်မှ ကင်းဝေးရန် အောက်ပါအချက် ၇ ချက်ကို
အသေအချာ ဖတ်ရှုပါ။

၁။ အများနှင့် သက်ဆိုင်ခြင်းမှ သင့်ကိုယ်သင် ပုန်းကွယ်ပါ။

ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ အသစ်ခန့်အပ်သည့် အခမ်းအနားတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန် ပြောကြားသည့် မိန့်ခွန်း




အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ-

အခုဆိုရင် ပြည်ထောင်စုဝန်ကြီးအသစ်တွေ၊ ဒုတိယဝန်ကြီး အသစ်တွေ ကတိသစ္စာ ပြုခဲ့ကြပါပြီ။   ပြည်ထောင်စုဝန်ကြီးအသစ်တွေ၊ ဒုတိယဝန်ကြီးတွေ ယခုလို အသစ်ခန့်အပ်ခြင်း ခံရတဲ့အတွက် ဝမ်းသာ ဂုဏ်ယူမိကြောင်း၊ ကျွန်တော်တို့ အစိုးရအဖွဲ့က လှိုက်လှဲစွာ ကြိုဆိုကြောင်း ရှေးဦးစွာ ပြောကြားလိုပါ တယ်။

လွှတ်တော်အထက်မှာ ဘယ်သူမှ မရှိဘူးလား

ယခုလပိုင်း လွှတ်တော်အတွင်းတွင် ကိုယ်စားလှယ်များနှင့် အခြေခံဥပဒေ ခုံရုံးတို့အကြား အငြင်းပွားမှု၏ နိဂုံးသည် သမ္မတကြီး ဦးသိန်းစိန်၏ ခုံရုံးအဖွဲ့ဝင် ကိုးဦးကို ရာထူးမှ နှုတ်ထွက်ခွင့်ပြုဆိုသည့်   ကြေညာချက်ဖြင့် အဆုံးသတ်သွား ပြီဟု ခန့်မှန်းရသော်လည်း ထိုအရေးကိစ္စ၏ နောက်ဆက်တွဲတွင် လွှတ်တော်ကို သမ္မတက မလွန်ဆန်နိုင်ဟူသော ယူဆချက် ပေါ်ပေါက်လာသည်။

ခုံရုံးဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် အဖွဲ့ဝင် ၈ ဦးတို့သည် လွှတ်တော်မှ တင်သွင်းသည့် ရေးရာကော်မတီများ ကို ပြည်ထောင်စု အဆင့် သတ်မှတ်ပေးရေးနှင့် ပတ်သက်ပြီး ဥပဒေပိုင်းဆိုင်ရာ အထောက်အထား အခိုင်အမာ ပြသကာ ပေးနိုင်ခွင့် မရှိကြောင်း ရပ်တည်ချက်ကြောင့် လွှတ်တော်နှစ်ရပ်အတွင်း ထိုအရေးကိစ္စကိုသာ ပြီးခဲ့သည့် သြဂုတ်လ တစ်လလုံး နီးပါး ဆွေးနွေးတင်ပြနေခဲ့ကြသည်။

ဒီချုပ်မှ စက်တင်ဘာ ၁၀ ရက် ရက်စွဲဖြင့် ကြေငြာချက်တစ်စောင်ထုတ်ပြန်....


ပုတ်ပွနေသော မိန်းကလေး အလောင်းတွေ့

ကမာရွတ်မြို့နယ် ဗဟိုလမ်း အမှတ် ၁၉၅ (ခိုင်ရွှေဝါ ဆိုက္ကားဂိတ်မှတ်တိုင် အနီး) နေအိမ်တိုက်ခန်း တစ်ခု တွင် အသက် ၁၃ နှစ် အရွယ် အိမ်ဖော် မိန်းကလေး တစ်ဦး အသတ်ခံခဲ့ရကြောင်း အဆိုပါနေရာသို့ သွားရောက်သတင်းရယူနေသူ The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

အသတ်ခံရသော မိန်းကလေး၏ အလောင်းမှာ ပုတ်ပွနေပြီး အဆိုပါတိုက်ခန်း၌ ၄င်းနှင့် အတူ နေထိုင်သူ  မှာ MRTV-4 ရုပ်/သံဌာန တွင် အစီအစဉ်တင်ဆက်သူ တစ်ဦးဟု သိရှိရပြီး ကမာရွတ်ရဲ တပ်ဖွဲ့စခန်းက   ခေါ်ယူစစ်ဆေးလျှက်ရှိကြောင်း ၄င်းက ဆက်လက် သတင်းပေးပို့သည်။
 

အင်တာနက်မြန်နှုန်းအကြောင်းကို LSP ( Local Service Provider) တစ်ခုမှ တာဝန်ရှိသူတစ်ဦးနှင့် တွေ့ဆုံမေးမြန်းခြင်း

အင်တာနက်သုံးစွဲသူတွေ အမြဲတမ်း စိတ်ဝင်တစား မေးမြန်းပြောဆိုနေကြတဲ့ အင်တာနက်မြန်နှုန်းအကြောင်းကို LSP ( Local Service Provider) တစ်ခုမှ တာဝန်ရှိသူတစ်ဦးနှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။


မေး။ ။ မြန်မာနိုင်ငံမှာ အင်တာနက်တွေ ဘာကြောင့်နှေးတယ်လို့ ယူဆပါသလဲ။
ဖြေ။ ။ လူကြောင့်လို့ပဲ ကျွန်တော်ဖြေချင်ပါတယ်။ National Gateway ကို တာဝန်ယူထိန်းသိမ်း ရတဲ့လူတွေက Traffic Pattern တွေကို အမြဲစောင့်ကြည့်ပြီး International Link များအပေါ် မျှတမြန်ဆန်နိုင်စေရန် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ဖို့လိုမယ်ထင်ပါတယ်။ ဒီလိုမဟုတ်ရင် Traffic များတဲ့အချို့ International Link များတွင် ပြည့်ကျပ်နေနိုင်ပြီး တစ်ချို့ Link များတွင် Traffic မရှိဘဲ မညီမမျှဖြစ်ပြီး နှေးနေနိုင်ပါတယ်။ National Gateway ဆိုတာကလည်း မူအားဖြင့် နိုင်ငံတော်မှ ထိန်းချုပ်တယ်ဆိုပြီး နည်းပညာအားနည်းနေရင် တစ်နိုင်ငံလုံး အင်တာနက်နှေးနေတာ အမှန်တော့ ထူးဆန်းတဲ့ကိစ္စမဟုတ်ပါဘူး။ အမှန်တကယ် ထူးဆန်နေတာက အင်တာနက်ကသာ နှေးနေ တယ်။ နိုင်ငံတော်က၀ယ်ထားတဲ့ Bandwidth ကိုသုံးစွဲမှုက သုံးပုံမှာတစ်ပုံလောက်ပဲသုံးပြီး ကျန်နှစ်ပုံက အလဟသဖြစ်နေမယ်ဆိုရင် နိုင်ငံတော်ဘဏ္ဍာငွေတွေက အလဟသဖြစ်နေပြီး အင်တာနက်ကလည်း နှေးနေဦးမယ်။ ဒီလိုနှေးနေဦးမယ်ဆိုရင် တိုင်းပြည်နဲ့ပြည်သူတွေအတွက် ကတော့ ငွေကုန်ကြေးကျများပြီး အလုပ်မဖြစ်တဲ့ Internet ၀န်ဆောင်မှုတစ်ခု ဖြစ်နေမှာပါပဲ။

"မူဂျာဟစ်သူပုန်များ/ RSO အပါအ၀င် ကုလားဆိုးအဖွဲ့များ၏ ရိုဟင်ဂျာအမည်ခံနှင့် လက်နက်ကိုင်တို့၏ မဟာဗျူဟာ" အပိုင်း(၁)



အမှာစာ
        မြန်မာနိုင်ငံ အနောက်ဘက်ပိုင်း ရခိုင်ပြည်နယ်ဒေသအချို့တွင် မူဂျာဟစ်သူပုန်များ RSO အပါအ၀င် ကုလားဆိုးအဖွဲ့များ၏ အကြမ်းဖက်မှုများသည် မည်သည့်ဘာသာဝင်ကမှ မလုပ်ရဲသော၊မလုပ်ရက်သော ရက်စက်ကြမ်းကြုတ်သည့် လူသတ်မှု ၊ မုဒိမ်းမှုများကို ပြုလုပ်နေ ကြဆဲ ဖြစ်သည်ကို သိသူနည်းပါးမည်။
        ယခုဖော်ပြထားသည့် မှုခင်းများမှာ ယင်းဒေသများအတွင်း ဖြစ်ပျက်ခဲ့သည့် အကြမ်းဖက်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုအများအပြားအနက်မှ ဒေသဆိုင်ရာ အာဏာပိုင်များက မှတ်တမ်းတင် နိုင်ခဲ့သည်များကိုသာ ကောက်နှုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။
        မောင်းတောမြို့ကို လူအုပ်ဖြင့်ဝင်စီးပြီး အောင်မြင်ပါက ဘင်္ဂလားဒေ့ရှ်မှ ဘင်္ဂါလီ(၂)သိန်းခွဲ ကျော်အား အချိန်နှင့်တစ်ပြေးညီ မြန်မာနိုင်ငံသို့ သွင်းယူမည့်လုပ်ဇာတ်မှာ လူမဆန်သည့်အပြင် လူမျိုးရေး၊ဘာသာရေးထက် OIC ၏အလိုဆန္ဒအတိုင်း အာရှနိုင်ငံအသစ် NEW Asia ထူထောင် ကြေညာရေး (၁၅-၉-၂၀၀၅)နေ့ ဒါကာမြို့ထုတ် The Daily Ittefaq သတင်းစာတွင်ဖော်ပြ) မဟာ ဗျူဟာကို နိုင်ငံတကာမှ ရှင်းရှင်းလင်းလင်း သိမြင်စေခဲ့ပါသည်။

တရုတ် search engine ကုမ္ပဏီ Baidu က ပြိုင်ဘက် မိုဘိုင်း browser များထက် ၂၀ ရာခိုင်နှုန်း ပိုမိုလျင်မြန်သည့် မိုဘိုင်း browser သစ်တစ်မျိုးကို Android ဟန်းဆက်များအတွက် ဖြန့်ချိ


တရုတ် search engine ကုမ္ပဏီ Baidu က ပြိုင်ဘက် မိုဘိုင်း browser များထက် ၂၀ ရာခိုင်နှုန်း ပိုမိုလျင်မြန်သည့် မိုဘိုင်း browser သစ်တစ်မျိုးကို Android ဟန်းဆက်များအတွက် ဖြန့်ချိပေးခဲ့သည်။

မုံရွာမြို့ ဆုတောင်းပြည့်ဘုရားကြီး ပိတ်လှောင်ခံထားရသည့် မသွဲ့သွဲ့ဝင်းအား ၁၂ နာရီ ခန့်တွင် နန်ချွန်ဆိပ်ကမ်းတွင် ဖမ်းဆီးသွား






မုံရွာမြို့ ဆုတောင်းပြည့်ဘုရားကြီး ပိတ်လှောင်ခံထားရသည့် မသွဲ့သွဲ့ဝင်းအား ၁၂ နာရီ ခန့်တွင် နန်ချွန်ဆိပ်ကမ်းတွင် ဖမ်းဆီးသွားကြောင်း။ ပထမသတင်းဖြင့် နောက်ဆက်တွဲ သတင်း (10-9-2012 ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်တွင် မုံရွာမြို့ ဆုတောင်းပြည့်ဘုရားကြီး ရင်ပြင်တော်တွင် ဆားလင်းကြီးမြို့နယ် ၀က်မှေးကျေးရွာ လက်ပံတောင်းတောင် ကျေးရွာနှင့် လယ်ယာမြေသိမ်းခံ ရသော ဒေသခံတောင်သူ (၁၀)ဦးခန့် ဘုရားဝတ်ပြုဆုတောင်းနေသည်ကို ဒေသဆိုင်ရာ အာဏာပိုင်များက ဟန့်တားသည့်အနေဖြင့် မုံရွာမြို့ ဆုတောင်းပြည့်ဘုရားကြီး ရင်ပြင်တော်ဝင်ပေါက်အားလုံးအား ထိုဒေသ ခံများအား ထွက်ပေါက်မရှိစေရန် ယခုအချိန်ထိ ပိတ်လှောင်ထားသဖြင့် ဆုတောင်းပြည့်ဘုရားကြီးသို့ လာရောက်ဘုရားဖူးမြှော်ကြသူများ အခက်ကြုံတွေရသည်။)

နာမည်ကျော် Heineken ဘီယာ မြန်မာဘရူဝါရီလီမိတက် နှင့် ပြန်လည် ချိတ်ဆက်ပြီး မြန်မာဈေးကွက်အတွင်း ၀င်ရောက်ရန် ပြင်ဆင်နေ



နယ်သာလန်နိုင်ငံ အခြေစိုက် နာမည်ကျော် Heineken ဘီယာသည် မြန်မာကုမ္ပဏီ မြန်မာဘရူဝါရီ လီမိတက်နှင့် ပြန်လည်ချိတ်ဆက်ပြီး မြန်မာဈေးကွက် အတွင်းဝင် ရောက်ရန်ပြင်ဆင်နေကြောင်း မြန်မာ ဘရူဝါရီ လီမိတက်နှင့် နီးစပ်သည့် စီးပွားရေး အသိုင်းအ၀ိုင်းထံမှ သတင်းရရှိပါသည်။

အာရှနိုင်ငံများ ကုန်သွယ်ရေးအဟန့်အတားများပိုမို ဖယ်ရှားပေးရန် ဟီလာရီကလင်တန် တိုက်တွန်း

ပစိဖိတ်ဒေသ လွတ်လပ်စွာကုန်သွယ်မှုပေါ်ထွန်းလာရေးအတွက် ကုန်သွယ်ရေးဆိုင်ရာ အဟန့်အတား များကို ဖယ်ရှားပေးစေလိုကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က   ဒေသ တွင်းနိုင်ငံများကိုတိုက်တွန်းပြောဆိုကြောင်း BBC သတင်းဌာနကရေးသားဖော်ပြသည်။ ရုရှားနိုင်ငံ၊ ဘလာဒီဗော့စတော့ ဆိပ်ကမ်းမြို့တွင် စက်တင်ဘာလ ၈ ရက်နေ့က စတင်ကျင်းပသော အာရှပစိဖိတ် ထိပ်သီးဆွေးနွေးပွဲ၌ နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်က ယင်းသို့ပြောဆိုခြင်းဖြစ်သည်။

အဝေးရောက် သေဒဏ်ချမှတ်ထားခြင်းကို ပယ်ဖျက်ပေးရန်တောင်းဆိုသွားမည်မဟုတ်ဟု ဆို

အမည်ပျက်စာရင်း (Black List ) ရင်းပယ်ဖျက်ပေးထားပြီဖြစ်ပေမယ့် အဝေးရောက်ချမှတ်ထား သည့် သေဒဏ်ပြစ်မှုများရုတ်သိမ်းပေးခြင်းမရှိသေးသည့် အပေါ် နိုင်ငံတော်သမ္မတနှင့်တွေ့ဆုံစဉ်၌ ရုတ်သိမ်းပေးရန်တောင်းဆိုသွားမည် မဟုတ်ကြောင်း မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် ABSDF ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ကိုထွန်းအောင်ကျော်ကပြောသည်။

ယခင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စစ်ဦးစီးချုပ်အဖြစ် တာဝန်ယူအုပ်ချုပ်သည့် စစ်အစိုးရလက်ထက်တွင် ကိုမိုးသီးဇွန်နှင့် ကိုထွန်းအောင်ကျော်တို့ကို အမည်ပျက်စာရင်းတွင်ထည့်သွင်းခဲ့ခြင်းနှင့်အတူ အဝေးရောက်ပြစ်ဒဏ်အဖြစ် သေဒဏ်ချမှတ်ထားခဲ့သည်။

facebook အတွက်သိထားသင်.တဲ.အချက်(၈)ချက်



(၁) တစ်စုံတစ်ယောက်ကို Block လုပ်ရန်
Setting ထဲက Privacy Setting မှာ Block List ကို တွေ့ ရမှာပါ။ အဲဒီမှာ သင် Block
လုပ်ချင်သူရဲ့ Emial ရိုက်ထည့်ပြီး Remove လုပ်ရုံပေါ့။ Friend Request
ထပ်ပို့ မှပဲ သင်တို့  သူငယ်ချင်း ဖြစ်နိုင်ပါတော့မယ်။

(၂) Comment တွေဖျက်ဖို့ 
Remove Button နဲ့  ခပ်လွယ်လွယ် ဖယ်ရှားလိုက်ရုံပေါ့။

နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်သို့ စတင်ဖွင့်လှစ်ခဲ့သည့် သောကြာနေ့မှစ၍ ယနေ့အထိ တင်ပြစာ(၅၀)ကျော် ရောက်ရှိထားပြီး ဖြစ်

သမ္မတရုံး Mail Box ဖွင့်လှစ်ရခြင်း အကြောင်းအရင်းအောက်ပါအတိုင်း ဖြစ်ပါသည်-

၁။ နိုင်ငံတော်သမ္မတကြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ လူမှုရေး စသည့်မူဝါဒများနှင့်စပ်လျဉ်း၍ ပြည်သူများ၏ ထင်မြင်ယူဆချက်များ၊ အကြံပြုချက်များ သိရှိနိုင်စေရန်၊

၂။ ပြည်သူများမှ နိုင်ငံတော်သမ္မတထံ တိုက်ရိုက်တင်ပြလိုသော အရေးကြီးကိစ္စရပ်များ၊ ပြည်သူများ၏ အမှန်တစ်ကယ်နစ်နာဆုံးရှုံးနေမှုများ စသည်တို့မှာ ရံဖန်ရံခါတွင် ရုံးလုပ်ငန်းအဆင့်ဆင့်အရ ကြန့်ကြာနေသော ကိစ္စရပ်များကို သိရှိဖြေရှင်းပေးနိုင်ရန်၊

ကိုမိုးသီးကြီး ကဲ နေသည်


ဘင်္ဂါလီ ခိုးဝင်သူများသည် ဘင်္ဂလာဒေ့ရှ် ၏ တာဝန်သာဖြစ်သည် ဟု စစ်တွေ လူမှုအဖွဲ့အစည်း ကိုယ်စားလှယ် က အမေရိကန် ဒု ၀န်ကြီးအားပြောကြား



အမေရိကန်နိုင်ငံခြားရေးဌာန ဒုလက်ထောက်ဝန်ကြီး (Joseph Y. Yun) နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒက်ရက်ခ် မစ်ချယ် (Derek J. Mitchell) ဦးဆောင်သော အဖွဲ့က စစ်တွေအခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ယနေ့ မွန်းလွဲ တစ်နာရီတွင် နေ့လယ်စာ စားယင်း တွေ့ဆုံရာ၌ ဘင်္ဂါလီ ခိုးဝင်သူများသည် ဘင်္ဂလာဒေ့ရှ် ၏ တာဝန်သာဖြစ်သည် ဟု စစ်တွေ ဒေသခံများကိုယ်စား တက်ရောက်သူများက ပြောကြား ခဲ့သည့်အပြင် Human Rights Watch အဖွဲ့၏ လွန်ခဲ့သည့် တစ်လခန့်က ထုတ်ပြန်ခဲ့သော ဘင်္ဂါလီဆူပူမှု အရေးအခင်းဆိုင်ရာ အစီရင်ခံစာ တွင် ၁၉၄၂-ခုနှစ်က ဘင်္ဂါလီများက ရခိုင်လူမျိုး တစ်သိန်းခန့်ကို သတ်ဖြတ်ခဲ့သော အရေးအခင်းကို ချန်လှပ်ခဲ့ခြင်းကို ဝေဖန်ထောက်ပြခဲ့သည်ဟု စစ်တွေအခြေစိုက် ၀ံလက် ဖောင်ဒေးရှင်း၏ ဒါရိုက်တာ တစ်ဦး ဖြစ်သူ ဦးကျော်ဇောဦးက ပြောကြားခဲ့သည်ဟု Coral Arakan အားပြောကြားခဲ့သည်။

Myanmar Telecom ကုမ္ပဏီကို ရှယ်ယာထုတ်ရောင်းရန် ဦးကိုကိုလှိုင်အကြံပြု

ဆက်သွယ်ရေးကော်ပိုရေးရှင်းအပိုင် Myanmar Telecom ကုမ္ပဏီ၏ရှယ်ယာများကို နိုင်ငံတော် အနေဖြင့်သာ ပိုင်ဆိုင်ထားခြင်းမဟုတ်ဘဲ အများပြည်သူသို့ပြန်လည်ရောင်းချပေးသင့်ကြောင်း နိုင် ငံတော်သမ္မတ၏ နိုင်ငံရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်ကပြောကြားလိုက်သည်။ 
ဆက်သွယ်ရေးကော်ပိုရေးရှင်းသည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို အသွင်ပြောင်းလဲဖွဲ့စည်း ထားသည့် ကော်ပိုရေးရှင်းတစ်ခုသာ ဖြစ်သည့်အတွက် Regulatory နှင့် Operator မှာ ဌာနတစ်ခုတည်း၏ လက်အောက်၌ ဆက်လက်ရပ်တည်သွားနိုင်သည်ဟု စောင့်ကြည့်လေ့လာသူများက သံသယရှိနေခဲ့သည်။ 

အင်တာနက်စနစ်ချို့ယွင်းပါက လျော်ကြေးပြန်ပေးမည်ဟု ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းပြောကြား

အင်တာနက်စနစ်ကိုယုံကြည်၍ နိုင်ငံခြားကုမ္ပဏီများမှအပ်နှံသည့် outsourcing လုပ်ငန်းများကို   ပြည်တွင်းမှ လုပ်ကိုင်ကြရန်လိုအပ်ကြောင်း၊ အင်တာနက်စနစ်ချို့ယွင်းခဲ့ပါက   လျော်ကြေး အနေဖြင့် ပြန်လည်ပေးအပ်သွားမည်ဖြစ်သည့်အတွက် ယုံကြည်စိတ်ချစွာလုပ်ကိုင်ဆောင်ရွက်စေလိုကြောင်း ဆက်သွယ်ရေး၊စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသိန်းထွန်း ကပြောသည်။

WHAT REPORTER MEANS???- သတင်းသမားဟူသည်-------


REPORTER MEANS???- သတင်းသမားဟူသည်-------

စာနယ်ဇင်းလွတ်လပ်ခွင့်ကို ပြည်သူတွေ ကြိုက်သည်။ စာပေစီစစ်ရေးကို လူတွေက မလိုလားပါ။ အဲဒီအထဲမှာ သတင်းသမားတွေက ပိုပြီး စာနယ်ဇင်းလွတ်လပ်ခွင့် ရှိစေချင်ပြီး စာပေစီစစ်တဲ့ ဆင်ဆာအဖွဲ.ကို ပိုပြီး မရှိစေချင်ဆုံး အုပ်စုတွေပါ။  ။

တချိန်တည်းမှာလည်း သတင်းသမားတွေကိုယ်တိုင်က တာဝန်ခံ တာဝန်ယူသော- Responsible and Reputatable ဖြစ်တဲ့ သတင်းသမား Professionalism ဖြစ်ဖို.လိုသည်။ သတင်းသမားတွေ လိုက်နာရမည့် Journalistic ethic and Code of Conducts စည်းကမ်း ကျင့်ဝတ်ဆိုတာတွေလဲ စောင့်စည်းဖို. လိုပါသည်။

ယန်စီမြစ်ကြီး အနီရောင်လွှမ်းနေပြီ



တရုတ်နိုင်ငံမှာ အရှည်ဆုံး မြစ်တစ်စင်းဖြစ်တဲ့ ယန်စီမြစ်ဟာ ဘာအကြောင်းကြောင့် ဆိုတာ မသိရပဲ   သွေးရောင်ဖြစ်သွားတာကို ပြီးခဲ့တဲ့ သောကြာနေ့ (စက်တင်ဘာ ၇) တရုတ် အစိုးရ ပိုင် ရုပ်သံက ထုတ်လွင့်ပြသ သွားပါတယ်။

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ နှစ်ဖက်လူဦးရေ သိပ်သည်းမှုဆိုင်ရာကိစ္စရပ်များ ဖြေရှင်းနိုင်မည့် အစီအမံ အထောက်အပံ့များကို အမေရိကန်က မြန်မာနိုင်ငံနှင့် ပူးပေါင်းဖြေရှင်းသွားမည်

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ နှစ်ဖက်လူဦးရေ သိပ်သည်းမှုဆိုင်ရာကိစ္စရပ်များ ဖြေရှင်းနိုင်မည့် အစီအမံ အထောက်အပံ့များကို အမေရိကန်က မြန်မာနိုင်ငံနှင့် ပူးပေါင်းဖြေရှင်းသွားမည်ဖြစ်ကြောင်း အမေရိ ကန်နိုင်ငံ ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဂျိုးဆက်ယန်းက ယခုလ ၈ ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိစဉ် ပြောကြားသွားခဲ့ကြောင်းသိရသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးနှင့် အမေရိကန်နိုင်ငံ ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဂျိုးဆက်ယန်း၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာဒဲရစ်မစ်ချယ်နှင့် အမေရိကန်ကိုယ်စားလှယ်များသည် ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ၏ ပကတိအခြေအနေအမှန်ကို လေ့လာရန် ယခုလ ၈ ရက်က စစ်တွေသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။

ထိုင်းဝန်ကြီးချုပ်အား တရုပ်ကွန်ဖြူးရှပ်ငြိမ်းချမ်းဆုရွေးချယ်ရေးအဖွဲ့ကဆုပေးအပ်ရန်အမည်စာရင်းတင်သွင်း။

 
 
တရုပ်နိုင်ငံ ကွန်ဖြူးရှပ်ငြိမ်းရေးဆုရွေးချယ်ရေးအဖွဲ့မှာ ၂၀၁၂ခုနှစ်"ကွန်ဖြူးရှပ်ငြိမ်းချမ်းရေးဆု" ချီးမြှင့်အတွက် ထိုင်းဝန်ကြီးချုပ်ယင်လပ်ရှင်နာဝပ်၊ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ဟောင်းကိုဖီအာနန်၊ မိုက္ကရိုဆော့တည်ထောင်သူ ဘီလီဂိတ်တို့အား ဇကာတင်ရွေးချယ်လိုက်သည်။ 

လူတိုင်းမှာ စဉ်းစားဖို့ ခေါင်းတစ်လုံး ရှိတယ်

ဒီဆောင်းပါးကို လူထုစိန်ဝင်းက ၂၀၁၀ပြည့်နှစ်၊ ဒီဇင်ဘာလအတွင်းမှာ ရေးသားခဲ့ပါတယ်။ ဆင်ဆာ (ဖြုတ်) ထိခဲ့တာကြောင့် ဖော်ပြခွင့်မရခဲ့တဲ့ ဆောင်းပါးဖြစ်ပါတယ်။

‘ မြန်မာတွေ ဒီမိုကရေစီအတွက် အဆင်သင့်ဖြစ်ရဲ့လား’ နိုင်ငံခြားသားမဟုတ်တဲ့ မြန်မာ လူမျိုး တစ်ယောက်ရဲ့ ပါးစပ်က ဒီလိုမေးခွန်းမျိုး ထွက်လာတာကြားရတော့ ပြုံးလိုက်မိတယ်။ ‘ ဒီပုတ် ထဲက ဒီပဲတွေချည့် ပါပဲလား’ လို့လည်း ကောက်ချက် ချလိုက်တယ်။

၂၃၇ ဧကကျော်ရှိသည့် တညင်းကုန်းအုတ်စက်ရုံကို မြေတစ်ဧကလျှင် တစ်လငှားရမ်းခကျပ် ၇၄၀၀၀ ကျော်ဖြင့် Mother Industrial ကုမ္ပဏီလီမိတက်သို့ စက်မှုဝန်ကြီးဌာနမှ တင်ဒါမခေါ်ဘဲ လုပ်ကိုင်ခွင့်ပေး



၂၃၇ ဧကကျော် ကျယ်ဝန်းသည့် တညင်းကုန်းအုတ်စက်ရုံကို မြေတစ်ဧကလျှင် တစ်လငှားရမ်းခ ကျပ် ၇၄၀၀၀ ကျော်ဖြင့် စက်မှုဝန်ကြီးဌာနမှ Mother Industrial ကုမ္ပဏီလီမိတက်သို့ လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း စက်မှုဝန်ကြီးဌာနနှင့် Mother Industrial တို့ လက်မှတ်ရေးထိုးချုပ်ဆိုသည့် သဘောတူစာချုပ်ပါ အချက်များအရ သိရသည်။

လာမယ့် တနင်္ဂနွေနေ့မှာ ဒေါ်စုရဲ့  US ခရီးစဉ် စမယ်

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် တနင်္ဂနွေနေ့ စက်တင်ဘာလ ၁၆ ရက်
နေ့ မှာ အမေရိကန် ပြည်ထောင်စုကို ထွက်ခွာမှာဖြစ်ပါတယ်။

“လေဒီ က စက်တင်ဘာ ၁၆ ရက်နေ့ ထွက်မယ်”ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်း က ဆိုပါ တယ်။

NCGUB ၀န်ကြီးချုပ် ဒေါက်တာ စိန်ဝင်း ပြည်တော်ပြန်ဝင်မှာလား

ညွှန့်ပေါင်းအစိုးရ ၀န်ကြီး ဒေါက်တာစိန်ဝင်းကို နံမည်ပျက်စာရင်း ( Blacklist ) က ပယ်ဖျက်ပေးလိုက်တဲ့ စာရင်း မှာ ပါဝင်လာပြီးနောက် သူ့အနေနဲ့ ပြည်တော်ပြန်၊ မပြန် ကိစ္စကို VOA မြန်မာပိုင်း ဌာနမှူး ဦးသန်းလွင်ထွန်း က မေးမြန်ထားတာကို ပြန်လည် ကူးယူဖော်ပြပေးလိုက်ပါတယ်။

တော်ပြန်ကြတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့ အခြေစိုက် အဝေးရောက်ပြည်ထောင်စု မြန်မာနိုင်ငံညွှန့်ပေါင်းအစိုးရ ဝန်ကြီးချုပ်ဦးစိန်ဝင်း ကို ဗွီအိုအေမြန်မာသတင်းဌာန ဌာနမှူး ဦးသန်းလွင်ထွန်း က တွေ့ဆုံမေးမြန်းထားပါတယ်။

၁၀-၉-၂၀၁၂ ရက်နေ့သတင်းများ

- ရသေ့တောင်မြို့တွင် ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနား တရက်ကြို ကျင်းပ click
- စာကြည့်တိုက်နည်းပညာသင်တန်း ပို့ချ click
- မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖွဲ့ စစ်တွေကို ရောက်ရှိ click 
- လွှတ်တော်ကော်မတီနဲ့ ဥပဒေပညာရှင်တွေ တွေ့ဆုံ click
- ဥပဒေစိုးမိုးရေးကော်မတီနဲ့ ပညာရှင်တွေ တွေ့ဆုံ click
- တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဋ္ဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေး click
- ၈၈ မျိုးဆက် စာနယ်ဇင်းရှင်းလင်းပွဲ ကျင်းပ click
- ၆၄ နှစ်မြောက် ကရင်နီအမျိုးသား အာဇာနည်နေ့ KNPP ဦးဆောင်ကျင်းပ click
- အစ္စရေးမှာ ဂျူးလူငယ်တွေကို ရဲက ဖမ်းဆီး click
- APEC ခေါင်းဆောင်တွေ ရုရှားမှာ စုဝေး click
- ကမ္ဘာ့စီးပွားရေး တိုးတက်ရေး APEC ခေါင်းဆောင်တွေ ဆွေးနွေး click
- အမေရိကန် သမ္မတလောင်းတွေ အပြိုင်မဲဆွယ် click

- NY မြို့ လေဆင်နှာမောင်း ဝင် click
- ဟောင်ကောင်မှာ ရွေးကောက်ပွဲ ကျင်းပ click
- တရုတ်ပညာရေးအစီအစဉ်ကို ဟောင်ကောင် ပယ်ချ click

- အင်းလေး ဖယ်ခုံ လယ်မြေသိမ်းမှု click 
- ရှမ်းလူမျိုးများကို နိုင်ငံသားအဖြစ် ထိုင်းလက်ခံ  click
- မသန်းစွမ်း အိုလံပစ် ပိတ်ပွဲကျင်းပ  click
- ဂါဇာကို  အစ္စရေး လေကြောင်းက တိုက်ခိုက်  click
- မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဍားကျွန်း၊ ဘူးသီးတောင်တို့မှ ၇၃ နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနား click 
- ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက် ကြေးနီစီမံကိန်း ဘေးထွက်ဆိုးကျိုး ဟောပြော click    

ဘ၀မှာ အချိန်တစ်နာ၇ီလောက်ပိုအိပ်ရင် ဘာတွေပြောင်းလဲနိုင်သလဲ



ကျွမ်းကျင်သူတွေကတော့ ဘဝ မှာအချိန်တစ်နာရီ ပိုအိပ်ရုံဖြင့် ပြောင်း လဲနိုင်တာတွေဟာ အများကြီးပါလို့ ဖြေခဲ့ပါတယ်။ အချိန်တစ်နာရီပို၍ အိပ်စက်ရုံဖြင့် သင့်ရဲ့ကျန်းမာရေး၊ ကိုယ်အလေးချိန် ၊အိမ်ထောင်ရေးသာ ယာမှုတို့အပေါ် သက်ရောက်မှုရှိပါ တယ်။ တကယ်လို့သင့်ရဲ့အချိန်ဟာ (၇)နာရီနဲ့ (၈)နာရီအောက်ရောက်နေ ရင်တော့အောက်မှာ ကွန်ပျူတာစော စောပိတ်ပြီး စောစောအိပ်သင့်တဲ့အ ကြောင်းပြချက် (၉)မျိုးကိုဖော်ပြလိုက် ပါတယ်။
(၁) လုံလောက်စွာ အိပ်စက်ခြင်းက ကျန်းမာရေးကို ပိုကောင်းစေတယ်
လုံလောက်စွာမအိပ်သူတွေမှာ သွေးတိုး၊ ဆီးချို၊ ကိုယ်အလေးချိန်တိုး ခြင်း နှလုံးရောဂါစတဲ့ ဆိုးဝါးတဲ့ရော ဂါတွေ ပိုဖြစ်လေ့ရှိတယ်လို့ ဆိုပါ တယ်။ လေ့လာမှုတစ်ခုအရ နေ့ဆိုင်း အလုပ်ဆင်းသူ ကျန်းကျန်းမာမာ အလုပ်သမားလူငယ် (၁ဝ)ဦးကို ည တိုင်းဆင်းခိုင်းပြီးရက်အနည်းငယ်ကြာ သောအခါ ထိုသူတို့၏သွေးတွင်း သကြားဓာတ်မှာ ဆီးချိုဖြစ်ခါနီး လူ တစ်ယောက်ရဲ့သကြားဓာတ်နီးပါးမြင့် တက်နေကြောင်းတွေ့ရပါတယ်။ 


ဖုန်းငွေဖြည့်ကတ်များကို စက်တင်ဘာလ ၁၅ ရက်နေ့မှစ၍ အွန်လိုင်းမှ တိုက်ရိုက်ဝယ်ယူနိုင်မည်

 
 ဂျီအက်စ်အမ်၊ စီဒီအမ်အေ (၈၀၀) ကမ်းရိုးတန်းဖုန်းများ၏ ကြိုတင်ငွေဖြည့်ကတ်များကို အွန်လိုင်းမှ တိုက်ရိုက်ဝယ်ယူနိုင်တော့မည်ဖြစ်ကြောင်း အဆိုပါဝန်ဆောင်မှုကို ပြုလုပ်ပေးသည့် Myanmar Softgate Technology မှ ကိုရန်နောင် စိုး၏ပြောပြချက်အရ သိရသည်။

ဒေါက်တာနိုင်အောင်ရဲ့ မြန်မာပြည် ခရီး(၃)


ဒေါက်တာနိုင်အောင်ရဲ့ အင်တာဗျူးတွေကိုဖတ်ပြီး ပေးကြတဲ့ comment တွေကလည်းစိတ် ၀င်စားစရာတွေပါပဲ။comment ၀င်ရေးတဲ့ သူအချို့မှာ ဒေါက်တာနိုင်အောင်တို့ ကိုမိုးသီးဇွန်တို့ကို တကယ်သိပြီး ရေးနေတာဖြစ်တဲ့အတွက်  စိတ်ဝင်စားစရာကောင်းသလို၊ ကျမတို့ မသိရတာတွေ၊ မမြင်တာတွေလည်း မြင်ရပါတယ်။

ကျမအနေနဲ့တော့ ကိုမိုးသီးဇွန်ကိုလည်း သတင်းစာရှင်းလင်းပွဲမှသာ ပထမဆုံးတွေ့ဖူးမြင်ဖူး၊ မေးခွန်း ၂ခွန်းလောက်သာမေးဖူးခဲ့သလို ဒေါက်တာနိုင်အောင်ကိုလည်း ခုမှတွေ့ပြီး မေးဖူးပါတယ်။
 အဲဒါကြောင့် ကျမက သူတို့ကို ဖျတ်ခနဲမြင်တဲ့ အမြင်တခုအနေနဲ့ပဲ ရေးသားနိုင်ပါတယ်။

သမ္မတနှင့်တွေ့လိုသော ပြည်တော်ပြန်များ အချည်းနှီးဖြစ်

သမ္မတ၏ ဖိတ်ကြားချက်ဟု အကြောင်းပြပြီး ပြည်တွင်းသို့ သွားရောက် ခဲ့သော ပြည်ပ အတိုက်အခံ အုပ်စုကို သမ္မတက တွေ့ဆုံရန် ငြင်းပယ် ခဲ့သည်ဟု ပြည်တော်ပြန် အဖွဲ့ဝင် တဦးက ဆိုပါသည်။



“ ကျနော်တို့ဗျာ သမ္မတနဲ့ တွေ့ဖို့ ဆိုပြီးတော့ မနေ့ကနေ ပြည်တော်မှာ သွားစောင့်ပါတယ်။ ဦးအောင်မင်း၊ ဦးစိုသိန်း၊ အလုပ် သမား ၀န်ကြီး ဦးမောင်မြင့်တို့နဲ့တော့ တွေ့ပါရဲ့ ။ ဒါပေမဲ့ သမ္မတက သူမအားတော့ပါဘူး ဆိုပြီး မတွေ့လိုက်ရဘဲ ရန်ကုန်ကို ပြန်ခဲ့ရတယ်လေ” ဟု ဆိုပါသည်။

ဦးနေ၀င်း သမီးပိုင် န၀ရတ် ဟိုတယ် ပြန်ဖွင့်မည်

 
ရန်ကုန်မြို့  အင်းစိန် လမ်းမ အမှတ် ၂၅၇ တွင် ရှိသည့် န၀ရတ် ဟိုတယ် ကို အကြီးစား ပြင်
ဆင်မှု များ ပြု လုပ် နေ ပြီး မကြာခင် ပြန်လည် ဖွင့်လှစ်တော့ မည် ဟု FNG မှ သတင်း ရရှိ
သည်။

ပါရီရှိကမ္ဘာ့ဈေးအကြီးဆုံးဟိုတယ်ခန်း။

ပြင်သစ်နိုင်ငံ ပါရီရှိ ၁၉၂၈ကစတင်ဖွင့်လှစ်ခဲ့သော Hotel George V.ဟိုတယ်မှ Royal Suite အခန်း၏ တညတာတည်းခိုခမှာ အမေရိကန်ဒေါ်လာ ၂၄၅၅၀ ဖြစ်ပြီး ကမ္ဘာ့ပေါ်တွင်ဈေးအကြီးဟိုတယ်အခန်းခစာ ရင်းတွင်နံပါတ် ၁၁ ချိတ်ဆွဲထားသည်။

ဟောင်ကောင်တွင်ရှိသော ကမ္ဘာ့ဈေးအကြီးဟိုတယ်ခန်း။

ဟောင်ကောင်ရှိ InterContinental ဟိုတယ်သည်ကမ္ဘာပေါ်တွင်ဈေးအကြီးဆုံးဟိုတည်ခန်းပါဝင်သော ဟိုတယ်တခုအဖြစ်ကျော်ကြားလှသည်။ ပြည့်စုံခမ်းနားသော The Presidential Suite အခန်း၏ တညတာတည်းခိုခမှာ အမေရိကန်ဒေါ်လာ ၁၃၇၁၅ကျသင့်မည်ဖြစ်ပြီး အခန်းအကျယ်သည် ၂၅၀၀ စကွဲယားပေကျယ်ဝန်းသောအခန်းဖြစ်သည်။ သီးသန့်အားကစားလေ့ကျင့်ခန်း၊အမိုးပေါ်တွင်ပါရှိသည့် သီးသန့်ရေကူးကန်၊ ထမင်းစားခန်း၊ စာဖတ်ခန်း၊ ကိုယ်ပိုင်မီးဖိုချောင်၊အိပ်ခန်းကျယ်နှင့် ရေချိုးခန်း ပါရှိသည်။  

ဦးဥတ္တမနေ့ အခမ်းအနားသို့ ပြည်နယ် ဝန်ကြီးချုပ် ပထမဆုံး တက်ရောက်

 
မြန်မာ့ လွတ်လပ်ရေး မီးရှူး တန်ဆောင်ဟု ရခိုင် တိုင်းရင်းသားများ တင်စား ခေါ်ဝေါ်ကြသော ဆရာတော် ဦးဥတ္တမ၏ ၇၃ ကြိမ်မြောက် အထိမ်းအမှတ် နေ့ကို စစ်တွေမြို့ ဦးဥတ္တမ ခန်းမတွင် ယနေ့ကျင်း ပရာ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပြည်နယ် ဝန်ကြီးချုပ် ပထမဆုံးအကြိမ် တက်ရောက်ခဲ့ကြကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေး ဌာနမှ ဦးဦးလှသိန်း က ပြောကြားသည်။

"ရွှေမန်းသူက အမြန်လမ်းမှ တိုးဂိတ်တစ်ခုကို ၀င်တိုက်"

ယနေ့ (၉၊ ၉၊ ၂၀၁၂)၊ ည ၉ နာရီခန့်က အမြန်လမ်းမှတစ်ဆင့် နေပြည်တော်မှ မန္တလေးမြို့သို့ ထွက်ခွာမောင်းနှင်လာသော "ရွှေမန်းသူ" လူစီးယာဉ် တစ်စီး(ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင် လီမိတက်- ဗန္ဒုလ သယ်ယူပို့ဆောင်ရေး လုပ်ငန်း၏ ယာဉ်)သည် မန္တလေးမြို့အ၀င် တိုးဂိတ်အရောက်တွင် ယာဉ်၏ဘေး ပစ္စည်းထည့်သည့်အခန်းတံခါးပွင့်ပြီး တိုးဂိတ်အဆောက်အဦးတစ်ခုအား ၀င်ရောက်တိုက်မိ ခဲ့ကြောင်းသိရပြီး တိုးဂိတ်အဆောက်အဦးမှာ ပျက်စီးသွားကြောင်းနှင့် ထိခိုက်ဒဏ်ရာရ/သေဆုံးသူမရှိကြောင်း CJMyanmar က သတင်းရရှိပါသည်။
 
ref:CJMyanmar

လောင်ပြန်ပြီ ......... လောင်ပြန်ပြီ ၊


ယနေ့ မွန်းလွဲ၂း၁၈ နာရီကကျောက်တံတားမြို့နယ်၊ ၃၈ လမ်း၊အိမ်နံပါတ် B (၁၇၁)၊ ၈ လွှာ တွင်မီးလောင်မှုဖြစ်ပွားခဲ့ပြီး မွန်းလွဲ ၂း၄၂ နာရီတွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည် ။မီးလောင်မှုကြောင့်အဆိုပါနေအိမ်ရှိအသက် ၇၀ အရွယ်ခန့်အမျိုးသား  (လေဖြတ်နေသူ)တစ်ဦးသေ ဆုံးခဲ့ကြောင်းသတင်းရရှိသည်။အဆိုပါမီးလောင်မှုကိုသက်ဆိုင်ရာမှစုံစမ်းစစ်ဆေးလျှက်ရှိကြောင်း  သိရသည်။