Thursday 9 February 2012

ပြည်သူတွေလိုလားနေတဲ့ ထာဝရငြိမ်းချမ်းရေး (ပေးစာ-၁)

ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် အစိုးရအဖွဲ့ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ကိုလေ့လာ ကြည့်လိုက်ရင် အစိုးရအဖွဲ့သက်တမ်း (၁၀)လအတွင်း ထင်သာမြင်သာရှိတဲ့ အဓိကအချက်(၃)ချက် ရှိနေပါတယ်။ ဒီ(၃)ချက်ကတော့ ဒေါ်စုကြည်နဲ့ သမ္မတကြီးတို့ တွေ့ဆုံပြီး ပါတီနိုင်ငံရေးလှုပ်ရှားမှုများ ပွင့်လင်းမှုရှိလာခြင်း၊ ယခင်ထောက်လှမ်းရေးဟောင်းများအပါအ၀င် အကျဉ်းသားများလွှတ်ပေးခြင်းနဲ့ တိုင်းရင်းသားလက်နက်ကိုင် များနှင့် ငြိမ်းချမ်းရေးဆွေးနွေပွဲများ ပြုလုပ်နေခြင်းတို့ဖြစ်ပါတယ်။


အထက်ပါ(၃)ချက်အနက် ပါတီနိုင်ငံရေး လှုပ်ရှားမှုများ ပွင့်လင်းမှုရှိလာခြင်းနဲ့ အကျဉ်းသားများ လွှတ်ပေး ခြင်းဟာဆက်စပ်နေပြီး တိုးတက်ဖြစ်ပေါ်မှုတွေကို အမေရိကန်အပါအ၀င် နိုင်ငံတကာကအသိအမှတ်ပြုနေကြပါ တယ်။ ယခင်ကစစ်အစိုးရကိုဆန့်ကျင်ခဲ့ကြတဲ့ ပြည်တွင်း/ပြည်ပ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းအသီးသီးကဒီမိုကရေစီရေး လှုပ်ရှားမှုမှာ အဓိကတောင်းဆိုခဲ့တဲ့အချက်များဖြစ်ပါတယ်။ ဒီ အချက်(၂)ချက်ကို မထင်မှတ်လောက်အောင် ဦးသိန်းစိန်က လိုက်ရောမှုပြုခဲ့ပြီးနောက်မှာ ဒီမိုကရေစီရေး လှုပ်ရှားမှုများကို ဦးဆောင်နေပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်ကြီး/ ငယ်၊ အဖွဲ့အစည်းပေါင်းစုံရဲ့ တောင်းဆိုချက်ကတော့ တိုင်းရင်းသားလက်နက်ကိုင်များနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များအောင်မြင်ပြီး တစ်ပြည်လုံးအတိုင်းအတာဖြင့် ထာဝရငြိမ်းချမ်းရေးပဲဖြစ်လာပါတယ်။