Friday 13 June 2014

ကားပေါ်တက်ဆန္ဒပြသည်ဆိုသောအမျိုးသမီးမှာ စိတ်ပိုင်းဆိုင်ရာဝေဒနာ ခံစားနေရသူ ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့သတင်းထုတ်ပြန်

 ရန်ကုန်- ယမန်နေ့က ပြည်လမ်းအေဒီမီးပွိုင့်တွင်ကားများပိတ်ဆို့နေစဉ် ကားတစ်စီးခေါင်မိုးပေါ်သို့တက်ကာ ဆန္ဒပြသည်ဆိုသောအမျိုးသမီးသည် စိတ်ပိုင်းဆိုင်ရာဝေဒနာခံစားနေရသူဖြစ်ကြောင်း ယာဉ်ထိန်းရဲ တပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။

ကမ္ဘာ့ဖလား Website ကို တိုက်မည်ဟု ဟက်ကာများကြေညာ

Photo: ကမ္ဘာ့ဖလား Website ကို တိုက်မည်ဟု ဟက်ကာများကြေညာ
Friday, June 13, 2014 

Anonymous ဟု အမည်ခံထားသည့် ကွန်ပျူတာနှင့် အင်တာနက် ခိုးဖောက်သည့် ဟက်ကာအုပ်စု တစ်စုသည် ကမ္ဘာ့ဖလား ဘောလုံးပွဲအတွက် အထူးတင်ဆက်ထားသည့် Website နှင့် ဘရာဇီးဘဏ် Website များကို တိုက်ခိုက်မည် ဖြစ်ကြောင်း သတိပေး ကြေညာထားသည်ဟု ft.com သတင်းတွင် ဖော်ပြထားသည်။

ယင်းအဖွဲ့သည် ဖော်ပြထားသည့် Website များကိုသာမက ဘရာဇီးနိုင်ငံအတွင်း ထောက်လှမ်းရေး လုပ်ငန်းများကို လုပ်ဆောင်နေသော စစ်ရဲထောက်လှမ်းရေး Website ကိုလည်း တိုက်ခိုက်သွားမည်ဟု ကြိမ်းဝါးထားကြောင်း ယင်းသတင်းက ဆိုသည်။

Anonymous အဖွဲ့သည် ပြောသည့်အတိုင်း လုပ်တတ်သည့် ဟက်ကာ အဖွဲ့အစည်း ဖြစ်ပြီး အမှန်တကယ် တိုက်ခိုက်မှုကို စတင်လိုက်လျှင် အခြားအဖွဲ့အစည်းများနှင့် လုပ်ငန်းများ ရပ်ဆိုင်းသွားနိုင်ပြီး အစိုးရ ဝန်ဆောင်မှု လုပ်ငန်းများပါ ထိခိုက်သွားမည် ဖြစ်သည်။

Xhacker TN ဟု အမည်ပေးထားသည့် ဟက်ကာအဖွဲ့ တစ်ဖွဲ့ကလည်း ဘဏ်လုပ်ငန်းများနှင့် ဆက်စပ်နေသည့် Webstie များ၏ အဖွင့်စာမျက်နှာများပေါ်သို့ ကမ္ဘာ့ဖလား အဖွဲ့ချုပ် FIFA ၏ မတရား လုပ်ရပ်များကို ဆန့်ကျင်ကြရန်၊ ဘောလုံးလောကအား ယင်းအဖွဲ့ချုပ်၏ ဗိုလ်ကျစိုးမိုးမှုကို ကန့်ကွက်ရန် စာတန်းပါ ဓာတ်ပုံများ လိုက်လံ တင်လျက်ရှိ ကြောင်း ft.com သတင်းတွင် ရေးသားထားသည်။

The Voice Weekly
Anonymous ဟု အမည်ခံထားသည့် ကွန်ပျူတာနှင့် အင်တာနက် ခိုးဖောက်သည့် ဟက်ကာအုပ်စု တစ်စုသည် ကမ္ဘာ့ဖလား ဘောလုံးပွဲအတွက် အထူးတင်ဆက်ထားသည့် Website နှင့် ဘရာဇီးဘဏ် Website များကို တိုက်ခိုက်မည် ဖြစ်ကြောင်း သတိပေး ကြေညာထားသည်ဟု ft.com သတင်းတွင် ဖော်ပြ ထားသည်။

ဒီယေဂိုဖော်လန်၏ အသင်းနှင့် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း ခြေစမ်းမည်

တောင်အမေရိကတိုက် ချန်ပီယံ ဥရုဂွေးအသင်းမှ ကမ္ဘာကျော် တိုက်စစ်မှူး ဒီယေဂိုဖော်လန် ကစားလျက် ရှိသည့် ဂျပန် ဂျေလိဂ်ကလပ် ဆီရီဇိုအိုဆာကာ အသင်းနှင့် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းတို့ သုဝဏ္ဏကွင်း၌ ဇွန်လ ၂၈ ရက်နေ့တွင် ခြေစမ်းကစားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်လိုက်သည်။ 

တောင်ငူတွင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဒေါ်အောင်ဆန်းစုကြည် ဟောပြောမည်

Photo: တောင်ငူတွင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဒေါ်အောင်ဆန်းစုကြည် ဟောပြောမည်
Friday, June 13, 2014

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် အခြေခံဥပဒေ ပုဒ်မ ၄၃၆ နှင့် ပတ်သက်၍ ဇွန်လ ၂၁ ရက်နေ့တွင် တောင်ငူခရိုင် ခြောက်မြို့နယ်မှ ဒေသခံ ပြည်သူများနှင့် ဆွေးနွေးသွားမည် ဖြစ်ကြောင်း အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒေါ်နန်းခင်ထွေးမြင့်က ပြောကြားသည်။

“အဖွဲ့ချုပ် ဥက္ကဋ္ဌ တောင်ငူကို လာမှာ သေချာပါတယ်။ ဘယ်သူတွေ ပါမလဲနဲ့ ဘယ်နေရာမှာ လုပ်ဖြစ်မယ် ဆိုတာကတော့ မသိသေးဘူး။ ပါတီဗဟိုက သူတွေ သွားရောက်ညှိနှိုင်းပြီးမှ သိရမှာပါ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲများအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ကျောင်းသားဟောင်းများ ဖြစ်ကြသော ဦးမင်းကိုနိုင်နှင့် ဦးကိုကိုကြီး (ပွင့်လင်းလူ့အဖွဲ့အစည်း) တို့ ပူးပေါင်း ပါဝင်သော ဟောပြောပွဲများကို မေလ နောက်ဆုံး အပတ်မှ စတင်ကာ မြို့ကြီးအချို့တွင် ကျင်းပခဲ့ကြပြီး မန္တလေးနှင့် နေပြည်တော်ကဲ့သို့သော မြို့ကြီးများတွင် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လူထုကို အသိပေး ဟောပြော ဆွေးနွေးခဲ့သည်။

“တောင်ငူကို ဗဟိုက ဦးဝင်းထိန်နဲ့အဖွဲ့ အခုလ ၁၅ ရက်နေ့မှာ လာမယ်။ ၄၃၆ ပြင်ဆင်ရေး ဆွေးနွေးပွဲ လုပ်ဖြစ် မလုပ်ဖြစ် မပြောတတ်သေးပါဘူး။ လုပ်ဖြစ်မယ်ဆိုရင် ဘယ်နေရာမှာ လုပ်မလဲ၊ ဘယ်အချိန်မှာ လုပ်ဖြစ်မလဲ ဆိုတာ ဦးဝင်းထိန်နဲ့ ညှိနှိုင်းဆွေးနွေးပြီးမှ သတင်းထုတ်ပြန်နိုင်ပါမယ်” ဟု တောင်ငူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးသီဟန်စိုးက ဆိုသည်။

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တောင်ငူကို နောက်ဆုံး လာရောက်ခဲ့သည်မှာ ကြားဖြတ်ရွေးကောက်ပွဲ မစမီ ၂၀၁၁ ခုနှစ် အောက်တိုဘာလက ဖြစ်ပြီး ယခုအကြိမ် လာရောက်ပါလျှင် ဒုတိယအကြိမ် လာရောက်သည်ဟု ပြောနိုင်ပြီး အခြေခံဥပဒေ ပုဒ်မ ၄၃၆ နှင့် ပတ်သက်ပြီး ပြင်ဆင်ရန် လိုအပ်ကြောင်း ပြည်သူလူထု နားလည်အောင် ဟောပြော ဆွေးနွေးနိုင်မည်ဟု ယုံကြည်ကြောင်း တောင်ငူမြို့ခံ အသက် ၄၁ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

တောင်ငူမြို့ အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောဆွေးနွေးပွဲနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ (ပွင့်လင်းလူ့အဖွဲ့အစည်း) ရုံးသို့ ထုတ်ပြန် ပြောဆိုခြင်း မရှိသေး၍ အဖွဲ့မှ မည်သူ လိုက်ပါ ဟောပြောမည်ကို မပြောတတ်ကြောင်း အဆိုပါ ရုံးအဖွဲ့မှူး ကိုဉာဏ်လင်းက ပြောကြားသည်။

ပုဒ်မ ၄၃၆ ၏ ပြဋ္ဌာန်းချက်ကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ သုံးပုံနှစ်ပုံက ပြင်ဆင်ရန် သို့မဟုတ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ထက်ဝက်ကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ အထမြောက်ပါက ဆန္ဒမဲပေးသူဦးရေ ထက်ဝက်ကျော်၏ ဆန္ဒမဲဖြင့် ပြင်ဆင်ရန် ဆိုသော ပြဋ္ဌာန်းချက်ကို အစားထိုး ပြင်ဆင်လိုကြောင်း NLD ပါတီက ထုတ်ပြန်ထားသည်။

လက်ရှိတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် နီပေါနိုင်ငံ ဝန်ကြီးချုပ် Mr. Sushil Koirala ၏ ဖိတ်ကြားချက်အရ ဇွန်လ ၁၃ ရက်နေ့၌ နီပေါနိုင်ငံသို့ သွားရောက်မည် ဖြစ်ပြီး နီပေါနိုင်ငံသမ္မတ Mr. Subash Chandra Nembang နှင့် ဝန်ကြီးချုပ် အပါအဝင် အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံကာ ဇွန်လ ၁၆ ရက်နေ့တွင် ပြန်လည် ရောက်ရှိမည် ဖြစ်ကြောင်း NLD ပါတီက ထုတ်ပြန်ထားသည်။

The Voice Weekly
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် အခြေခံဥပဒေ ပုဒ်မ ၄၃၆ နှင့် ပတ်သက်၍ ဇွန်လ ၂၁ ရက်နေ့တွင် တောင်ငူခရိုင် ခြောက်မြို့နယ်မှ ဒေသခံ ပြည်သူများနှင့် ဆွေးနွေးသွားမည် ဖြစ်ကြောင်း အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒေါ်နန်းခင်ထွေးမြင့်က ပြောကြားသည်။

ဖွဲ့စည်းပုံအသစ်ကို ၉၀ ရွေးကောက်ခံ အမတ်များ ရေးမည်

ဖယ်ဒရယ် ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်ကို ၉၀ ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် များအဖွဲ့က နိုင်ငံရေးအင်အားစုများနှင့် ပူးပေါင်းကာရေးဆွဲသွားမည်ဟု အတွင်းရေးမှူး ဦးဒေးဗစ်လှမြင့်က မဇ္ဈိမကို ပြောသည်။

မုတ်သုံလေအားကောင်း ရန်ကုန်မြို့တွင် မိုးကြီးနိုင်

ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန် ကောင်းနေသဖြင့် ရန်ကုန်မြို့တွင် နောက်သုံးရက်အထိ မိုးကြီးနိုင်သည်ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောကြားသည်။

“ အငြင်းပွားမူများကြားက အားကောင်းလာသော PR စနစ်

” 13.6.2014 လာမည့် ၂၀၁၅ တွင် ကျင်းပမည့် ရွေးကောက်ပွဲအပါအ၀င် ရွေးကောက်ပွဲအားလုံးတွင် အမျိုး သားလွှတ်တော် ကိုယ်စားလှယ်များရွေးချယ်ရာ၌ မဲအချိုးကျကိုယ်စားပြုစနစ် (Proportional Representa tive – PR) ကို ကျင့်သုံးရန် ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၁)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည် အဆိုတင်သွင်း ခဲ့တာနဲ့ပတ်သက်ပြီး လက်ရှိမြန်မာနိုင်ငံရဲ့ အခြေ အနေအရ ကျင့်သုံးရန်မသင့်သေးဘူးလို့ ထင်မြင်မိပါတယ်။ မဲအချိုးကျကိုယ်စားပြု PR စနစ်ဆိုသည်မှာ မဲဆန္ဒနယ် တခုတွင် မဲအများဆုံးရရှိသူက အနိုင်ရရှိသည့် ပုံစံမဟုတ်ဘဲ ထောက်ခံမဲအချိုးကျအပေါ်မူတည်ပြီး လွှတ် တော် ကိုယ်စားလှယ် ရရှိသည့်ပုံစံ ဖြစ်သည်။ ဒီ PR စနစ်ကို ကျင့်သုံးမယ်ဆိုရင် လူမျိုးစွဲ၊ ၀ါဒစွဲ၊ အစွန်း ရောက် ပါတီတွေက အချိုးကျစနစ်နဲ့ မဲရလာနိုင်ပါတယ်။ အဲဒီိလို ဖြစ်လာရင် တိုင်းပြည်ရဲ့ အန္တရာယ်ဟာ စိုးရိမ်ရတဲ့ အခြေအနေကို ရောက်သွားပါလိမ့်မယ်။ ဂျာမဏီနိုင်ငံမှာတောင် ဒီ PR စနစ်ကို ကျင့်သုံးခဲ့လို့ နာဇီတွေ နေရာရလာပြီး အာဏာရှင်ဟစ်တလာ တက်လာကာကို ဥပမာအနေနဲ့ ပြောချင်ပါ တယ်။

ကျပ်သိန်းတစ်ထောင်စီ သုံးစွဲထားမှု ငွေစာရင်းကို လွှတ်တော်သို့ နှစ်ပတ်အတွင်း ပေးပို့ရမည်

Photo: ကျပ်သိန်းတစ်ထောင်စီ သုံးစွဲထားမှု ငွေစာရင်းကို လွှတ်တော်သို့ နှစ်ပတ်အတွင်း ပေးပို့ရမည်
Friday, June 13, 2014

အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ သုံးစွဲထားသည့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ် သိန်းတစ်ထောင်စီ၏ ငွေစာရင်းများကို ဇွန်လ ၂၇ ရက်နေ့တွင် နောက်ဆုံးထား၍ လွှတ်တော်သို့ တင်ပြရန် ပြည်ထောင်စု လွှတ်တော်ရုံးက ညွန်ကြားလိုက်သည်။

၂၀၁၃ နှစ်ကုန်ပိုင်းမှ စ၍ သုံးစွဲခွင့် ပြုလိုက်သော မဲဆန္ဒနယ် ၃၂၅ မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၏ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ အသုံးစရိတ်များသည် ဇွန်လ ၉ ရက်နေ့အထိ ၂၅၂ မြို့နယ်မှ ငွေစာရင်းများသာ ရောက်ရှိသေးသောကြောင့် ကျန်ရှိ ၇၃ မြို့နယ်၏ စာရင်းကို တင်ပြရန် ယင်းကဲ့သို့ ညွန်ကြားလိုက်ခြင်း ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါ ငွေကြေးသုံးစွဲမှုနှင့် လုပ်ငန်းပြီးပြတ်မှု အစီရင်ခံစာများ အချိန်မီ ရောက်ရှိလာပါက ဇူလိုင်လမှ စ၍ ပြည်ထောင်စု စာရင်းစစ်ချုပ်၏ စစ်ဆေးမှု ခံယူသွားရမည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ရုံး၏ ညွန်ကြားချက်တွင် ရေးသားထားသည်။

ဒေသဖွံ့ဖြိုးရေး ကျပ်သိန်းတစ်ထောင်စီ သုံးစွဲရေးတွင် ပထမဆုံးအကြိမ် လုပ်ကိုင်ခဲ့ရသဖြင့် နေပြည်တော်ကောင်စီတွင် လုပ်ငန်း အခက်အခဲများ ရှိခဲ့ကြောင်း ငွေအသုံးစရိတ်များ တင်ပြမှု မရှိသည့် ဒက္ခိဏသိရီ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံလင်းက ဆိုသည်။
“နှစ်ပတ်အတွင်း အပ်နိုင်အောင် တော်တော် ကြိုးစားရဦးမယ်ဗျ” ဟု ၎င်းကဆိုသည်။

ထို့အပြင် မဲဆန္ဒနယ်မြေအတွင်း မြို့ပြနှင့် ဝေးသော ကျေးရွာဒေသများသို့ သွားရောက် လုပ်ကိုင်ရသည့် ဆောင်ရွက်ချက်များ ရှိသောကြောင့် ယခုကဲ့သို့ စောစီးစွာ တင်ပြနိုင်ခြင်း မရှိခြင်း ဖြစ်ကြောင်း ချောင်းဦးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောလှထွန်းက ဆိုသည်။ 

လွှတ်တော်သို့ သုံးစွဲငွေစာရင်း ပေးပို့ရန် ကျန်ရှိနေသော မြို့နယ်၊ မြို့နယ်ခွဲများမှာ ကချင်ပြည်နယ်မှ ၈ ခု၊ ကယားပြည်နယ်မှ တစ်ခု၊ ကရင်ပြည်နယ်မှ သုံးခု၊ ချင်းပြည်နယ်မှ ငါးခု၊ စစ်ကိုင်းတိုင်းမှ ၁၂ ခု၊ တနင်္သာရီမှ သုံးခု၊ ပဲခူးတိုင်းမှ ခြောက်ခု၊ မကွေးတိုင်းမှ တစ်ခု၊ မန္တလေးတိုင်းမှ (နေပြည်တော် အပါအဝင်) ကိုးခု၊ မွန်ပြည်နယ်မှ လေးခု၊ ရခိုင်ပြည်နယ်မှ သုံးခု၊ ရန်ကုန်တိုင်းမှ လေးခု၊ ရှမ်းပြည်နယ်မှ ၁၁ ခုနှင့် ဧရာဝတီတိုင်းမှ သုံးခု ဖြစ်ကြောင်း ညွန်ကြားချက်တွင် ပါရှိသည်။

ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကြေး စာရင်းများ အမြန်ဆုံး တင်ပြနိုင်ခဲ့ခြင်းမှာ ဒေသခံ ပါတီဝင်များနှင့် ရပ်ကျေးမှ လူများ၏ ကူညီဆောင်ရွက်မှု ပါဝင်ကြောင်း ကွတ်ခိုင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ်က ဆိုသည်။

The Voice Weekly
အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ သုံးစွဲထားသည့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ် သိန်းတစ်ထောင်စီ၏ ငွေစာရင်းများကို ဇွန်လ ၂၇ ရက်နေ့တွင် နောက်ဆုံးထား၍ လွှတ်တော်သို့ တင်ပြရန် ပြည်ထောင်စု လွှတ်တော်ရုံးက ညွန်ကြားလိုက်သည်။

ကမ္ဘာ့ဖလား ဗိုလ်လုပွဲနှင့် ပွဲစဉ်အချို့ မြန်မာ့ရုပ်မြင်သံကြား တိုက်ရိုက်ပြမည်

Photo: ကမ္ဘာ့ဖလား ဗိုလ်လုပွဲနှင့် ပွဲစဉ်အချို့ မြန်မာ့ရုပ်မြင်သံကြား တိုက်ရိုက်ပြမည် 
Friday, June 13, 2014

ဘရာဇီးနိုင်ငံတွင် ကျင်းပမည့် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ ပွဲစဉ်များအနက်မှ ဗိုလ်လုပွဲ အပါအဝင် ပွဲစဉ် ၈ ပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) က တိုက်ရိုက် ထုတ်လွှင့်ပြသမည် ဖြစ်ကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူး ဦးမျိုးမြင့်အောင်က ပြောကြားသည်။ 
“ဖွင့်ပွဲ အခမ်းအနားနဲ့ ဘရာဇီး-ခရိုအေးရှားပွဲ အပါအဝင် ၈ ပွဲ Free To Air ပြပါမယ်။ Sky Net နဲ့ ပူးပေါင်းပြီး လုပ်တာပါ။ စီစဉ်တာ နောက်ကျသွားတဲ့အတွက် ၈ ပွဲပဲ ပြလို့ရတာပါ” ဟု ၎င်းကဆိုသည်။

ထို့အပြင် ၁၆ သင်း ရှုံးထွက်အဆင့်မှ ဇွန်လ ၃၀ ရက်နေ့တွင် ယှဉ်ပြိုင်မည့် ပွဲစဉ် ၅၃ နှင့် ဇူလိုင်လ ၁ ရက်နေ့တွင် ယှဉ်ပြိုင်မည့် ပွဲစဉ် ၅၅၊ ကွာတားဖိုင်နယ်မှ ဇူလိုင်လ ၅ ရက်နေ့တွင် ကျင်းပမည့် ပွဲစဉ် ၅၇ နှင့် ဇူလိုင်လ ၆ ရက်နေ့တွင် ကျင်းပမည့် ပွဲစဉ် ၅၉၊ ဆီမီးဖိုင်နယ် ပွဲစဉ် ၂ ပွဲနှင့် ဗိုလ်လုပွဲများကို တိုက်ရိုက် ထုတ်လွှင့်ပြသမည် ဖြစ်ကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားထံမှ သိရသည်။

“တတိယလုပွဲကတော့ FIFA နဲ့ ညှိမရလို့ ပြလို့မရဘူး။ အဖွင့်ပွဲ ပြပြီးရင် နောက်ထပ်တစ်ပွဲကို ၃၀ ရက်နေ့မှ ပြရမှာဆိုတော့ ကြားထဲမှာ နောက်ထပ် အစီအစဉ်လေးတွေ ထပ်စီစဉ်ဖို့ စဉ်းစားနေပါတယ်” ဟု ဦးမျိုးမြင့်အောင်က ဆိုသည်။ 

ဘရာဇီးနိုင်ငံတွင် ဇွန်လ ၁၃ ရက်နေ့မှ ဇူလိုင်လ ၁၄ ရက်နေ့အထိ ကျင်းပမည့် ကမ္ဘာဖလား ဘောလုံးပြိုင်ပွဲကို မြန်မာနိုင်ငံတွင် Sky Net ရုပ်သံလိုင်းက တစ်ဦးတည် မူပိုင်ခွင့်ဖြင့် ပြရန် FIFA ထံမှ တရားဝင် ဝယ်ယူထားပြီး ပွဲစဉ်အားလုံးနှင့် ပွဲကြိုသုံးသပ်ချက်များကို Sky Net ရုပ်သံလိုင်းများတွင်သာ ပြသမည် ဖြစ်သည်။

“၈ ပွဲထဲ ပြတယ် ဆိုပေမယ့် အရေးကြီးတဲ့ ပွဲစဉ်တွေ ပါတဲ့အတွက် တော်သေးတယ်လို့ပဲ ပြောရမှာပေါ့။ ဖြစ်နိုင်ရင်တော့ တစ်ရက် တစ်ပွဲလောက် ပြစေချင်တယ်။ ကျွန်တော်တို့က Sky Net လည်း ဝယ်တတ်နိုင်တာ မဟုတ်တော့ ကိုယ်ကြိုက်တဲ့အသင်း ကန်တာ ကြည့်ချင်ရင် လက်ဖက်ရည်ဆိုင် သွားကြည့်ရမှာ” ဟု မင်္ဂလာဒုံမြို့နယ်မှ ဆိုင်ကယ်ကယ်ရီ မောင်းနှင်သူ ဦးကျော်ကျော်ဆွေက ဆိုသည်။

မူလက ဘရာဇီးနိုင်ငံတွင် ဇွန်လ ၁၃ ရက်နေ့မှ ဇူလိုင်လ ၁၄ ရက်နေ့အထိ ကျင်းပမည့် ကမ္ဘာဖလား ဘောလုံးပြိုင်ပွဲကို Sky Net ရုပ်သံလိုင်း တစ်ခုတည်းကသာ ပြသမည် ဆိုသည့်အတွက် ဘောလုံးဝါသနာရှင် အများစုက Sky Net နှင့် အစိုးရအဖွဲ့အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ပြုလုပ်ခဲ့အပြီး ယခုကဲ့သို့ အခမဲ့ ရုပ်သံလိုင်းများတွင် ပွဲစဉ်အချို့ ပြသမည့် အစီအစဉ် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

The Voice Weekly
ဘရာဇီးနိုင်ငံတွင် ကျင်းပမည့် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ ပွဲစဉ်များအနက်မှ ဗိုလ်လုပွဲ အပါအဝင် ပွဲစဉ် ၈ ပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) က တိုက်ရိုက် ထုတ်လွှင့်ပြသမည် ဖြစ်ကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူး ဦးမျိုးမြင့်အောင်က ပြောကြားသည်။ 

လက်နက်ကိုင်နှင့် ပြစ်မှုကျူးလွန်သူများ ထိန်းချုပ်ရေး မြန်မာ-ဘင်္ဂလားဒေ့ရှ် အရှိန်မြှင့် လုပ်ဆောင်မည်

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်တစ်လျှောက် လက်နက်ကိုင် အဖွဲ့များနှင့် ပြစ်မှုကျူးလွန်သူများကို ဟန့်တားထိန်းချုပ်နိုင်ရန် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်တို့ ပူးပေါင်းကာ အရှိန်မြှင့် လုပ်ဆောင်မည် ဖြစ်ကြောင်း မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ဇွန်လ ၁၂ ရက်နေ့က ပူးတွဲထုတ်ပြန် ကြေညာလိုက်သည်။

အခြေခံဥပဒေ ပုဒ်မ ၄၃၆ နှင့် ၅၉ (ဃ၊ စ) ကို မပြင်ရန် စစ်တွေတွင် ဆန္ဒပြ

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ နှင့် ပုဒ်မ ၅၉ (ဃ) နှင့် (စ) ကို မပြင်ဆင်ရန် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မြို့ခံ ၁၀၀၀ ဝန်းကျင် ဇွန်လ ၁၂ ရက်နေ့က ဆန္ဒပြ တောင်းဆိုခဲ့ကြကြောင်း ယင်းဆန္ဒပြမှုကို ဦးဆောင်သူ အာရကန်မောင်လှက ပြောကြားသည်။

ပညာရေးဝန်ကြီးဌာနနှင့် ဒေါက်တာကျင်ဌေးအမှု ၀န်ကြီးဌာနရှုံး

ပညာရေးဝန်ကြီးဌာန နှင့် ဖြစ်ပွားနေသော အမှုအတွက် ရန်ကုန်အဝေးသင်တက္ကသိုလ်၊ စီးပွားရေးဌာန၊ ဌာနမှူး ဒေါက်တာဒေါ်ကျင်ဌေးကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က အနိုင်ပေးသော အမိန့်ချ မှတ်လိုက်ကြောင်း သတင်းရရှိသည်။

ရန်ကုန်မြစ်အတွင်း ပြေးဆွဲသည့် စက်တပ်သမ္ဗန်များ မိုးသည်းချိန်တွင် ထွက်ခွာခြင်း မပြုရန်တားမြစ်

ရန်ကုန်မြစ်အတွင်းရှိ ပြေးဆွဲနေသော စက်တပ်သမ္ဗန်ယာဉ်များအား သက်ဆိုင်ရာ ဂိတ်တာဝန်ရှိသူများက ခရီးသည်များ ဘေးကင်းလုံခြုံမှု ရှိစေရန်အတွက် မိုးသည်းထန်စွာ ရွာသွန်းချိန်နှင့် လေပြင်းတိုက်ခတ် နေချိန်များတွင် ထွက်ခွာခြင်း မပြုလုပ်ရန် အသိပေး တားမြစ်ထားကြောင်း ဒလမြို့ ကမာအောင် စက်တပ် သမ္ဗန်ယာဉ်အဖွဲ့၏ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ 

ရန်ကုန်၌ အဆင့်မြင့် ပန်းခြံ ငါးခု ထွက်ပေါ်လာမည်

ရန်ကုန်မြို့တွင် လူနေအိမ်ခြေ တိုးတက် များပြားလာသကဲ့သို့ တိုက်တာအဆောက်အအုံများလည်း တစ်နေ့ တခြား တိုးတက်လာလျက်ရှိ ရာ ပြည်သူအများအပန်းဖြေနေရာ များဖြစ်သည့် ပန်းခြံများအနက် ပန်းခြံ ငါးခုကို အဆင့်မြှင့်တင်မှုများပြုလုပ် လျက်ရှိကြောင်း သိရသည်။ 

သံလွင်မြစ် ရေအားလျှပ်စစ် စီမံကိန်းများ နိုင်ငံတကာ အဖွဲ့များနှင့် စစ်ဆေးမည်

Photo: သံလွင်မြစ် ရေအားလျှပ်စစ် စီမံကိန်းများ နိုင်ငံတကာ အဖွဲ့များနှင့် စစ်ဆေးမည်
Friday, June 13, 2014

သံလွင်မြစ်ကြောင်း တလျှောက် ရေအားလျှပ်စစ် စီမံကိန်းများနှင့်ပတ်သက်ပြီး သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စစ်ဆေးမှုများကို နိုင်ငံ တကာ စစ်ဆေးရေး အဖွဲ့များနှင့် စစ်ဆေးပြီးမှ လုပ်ကိုင်ခွင့်ပြုရန် စီစဉ်ထားကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင် စု ဝန်ကြီး ဦးခင်မောင်စိုးက ဧရာဝတီကို ပြောသည်။

“ကျနော်တို့ အစိုးရကလည်း ဒါကို မစစ်ဘူး။ လုပ်မယ့် ကုမ္ပဏီကိုလည်း မစစ်ခိုင်းဘူး။ တရားမျှတမှု ဖြစ်အောင် ကျနော်တို့ တတိယ လူကို စစ်ခိုင်းမယ်။ ဒီအတွက် ပွင့်လင်းမြင်သာအောင် တင်ဒါလည်း ခေါ်မယ်။ အဲဒီအဖွဲ့ စစ်တာကို ကျနော်တို့ လက်ခံသွားမယ်”ဟု ၎င်းက ဆိုသည်။

သံလွင်မြစ်ပေါ်တွင် ရေအားလျှပ်စစ် စီမံကိန်း ၆ ခုကို တည်ဆောက်ရန် လျာထားကြောင်း၊ အဆိုပါ စီမံကိန်း ၆ ခုမှာ ရှမ်းပြည်နယ် အတွင်း မဂ္ဂါဝပ် ၁၄၀၀ ထွက်နိုင်သည့် အထက်သံလွင် (ကွမ်လုံ) စီမံကိန်း၊ မဂ္ဂါဝပ် ၁၀၀၀ ထွက်နိုင်သည့် နောင်ဖ စီမံကိန်း၊ မဂ္ဂါဝပ် ၂၀၀ ထွက်နိုင်သည့် မန်တောင်း စီမံကိန်း၊ မဂ္ဂါဝပ် ၇၁၁၀ ထွက်နိုင်မည့် မိုင်းတုံ စီမံကိန်းတို့ ဖြစ်ပြီး၊ ကယားပြည်နယ် အတွင်းတွင် မဂ္ဂါဝပ် ၄၅၀၀ ထွက်နိုင်မည့် ရွာသစ် စီမံကိန်းနှင့် ကရင်ပြည်နယ်အတွင်း မဂ္ဂါဝပ် ၁၃၆၀ ထွက်နိုင်မည့် ဟတ်ကြီး စီမံကိန်းတို့ ဖြစ်ကြောင်း သိရသည်။

ထိုသံလွင်မြစ် ရေအားလျှပ်စစ် စီမံကိန်းများနှင့်ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး နှင့် လူမှုအဖွဲ့အစည်း ၁၀၀ ကျော်၊ တိုင်းရင်းသား ၃၀၀၀ ကျော်တို့က လက်မှတ်ရေးထိုး ကန့်ကွက်ထားသည်။

ကန့်ကွက်ရာတွင် ပါဝင်သော မြန်မာနိုင်ငံရှိ မြစ်ချောင်းများ လေ့လာရေးအဖွဲ့မှ အဖွဲ့ဝင်တဦးဖြစ်သည့် စောသာပိုးက အစိုးရ အနေဖြင့် သဘာဝပတ်ဝန်းကျင် လေ့လာမှုကို နိုင်ငံတကာမှ ခေါ်ယူစစ်ဆေးပေးမည်ဆိုပါက ဝမ်းမြောက်စွာကြိုဆိုကြောင်း၊ စစ်ဆေးမှုမှာလည်း ပွင့်လင်းမြင်သာမှုရှိရန် လိုကြောင်း၊ နိုင်ငံတကာ အသိအမှတ်ပြု ကုမ္ပဏီ ဖြစ်ရန် လိုကြောင်း၊ စစ်ဆေးရာတွင်လည်း မြစ်ကြောင်းတလျှောက်ကို နှစ်ရှည် စစ်ရန်လိုကြောင်း ပြောကြားသည်။

“ရေကာတာ ဆောက်ဖို့ နိုင်ငံတကာက သတ်မှတ်ပုံစံတွေ ရှိတယ်။ ဒါတွေကို ကုမ္ပဏီက လိုက်နာမနာ ဘယ်သူစစ်မှာလဲ။ နောက် ဒီနေရာတွေက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရှိတော့ လုံခြုံရေးအရ တပ်က ပါလာရင် တိုက်ပွဲ တွေထပ်ဖြစ်မှာ စိုးတယ်။ အစိုးရအနေနဲ့ ဒီထက်ပိုပြီး စာချုပ်မှာပါတယ် ဆိုတာ ပွင့်လင်းစွာချပြနိုင်တဲ့ အနေအထားရှိသင့်နေပြီ”ဟု စောသာပိုးက ဧရာဝတီသို့ပြောသည်။

လက်ရှိတွင် ကွမ်လုံ စီမံကိန်းကြောင့် နမ်ကျင်း ကျယ်ရွာ၊ ဟဲတောက် ကျင်းရွာ၊ ဒေါင်းကြည်ရွာ၊ တာကျင်းနီရွာမှ နေအိမ် ၆၄ လုံး၊ လူဦးရေ ၄၁၈ ဦး ပြောင်းရွှေ့ရမည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ သိရသည်။

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုဝန်ကြီး ဦးမော်သာထွေးက “သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ အကျိုးအပြစ်၊ လူမှုရေး ဆိုင်ရာ အကျိုးအပြစ် (EIA-SIA) တွေကို ကျနော်တို့ စင်္ကာပူ အခြေစိုက် ကုမ္ပဏီတခု ဖြစ်တဲ့ BANCA ကုမ္ပဏီက စစ်ဆေး ပေးထားပါတယ်။ အခု ပြောင်းရမယ့် ရွာတွေကို လျော်ကြေးပေးဖို့ သူတို့ ပြန်လည်ထူထောင်ဖို့ စတာတွေကို ကျနော်တို့တွေ ဆက်လုပ်ဖို့ အဖွဲ့တဖွဲ့ကို မကြာ ခင် ဖွဲ့ပေးပါမယ်”ဟု ဧရာဝတီကို ပြောသည်။

အဆိုပါ အဖွဲ့တွင် သစ်တောရေးရာ ဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ပြည်နယ် အစိုးရ၊ လယ်ယာ၊စိုက်ပျိုးရေး ဝန်ကြီး ဌာန၊ သက်ဆိုင်ရာ ကုမ္ပဏီတာဝန်ခံနှင့် ရပ်မိရပ်ဖများ ပါဝင်သွားမည် ဖြစ်ကြောင်း၊ ယင်းအဖွဲ့ကို ယခုလအတွင်း ဖွဲ့စည်းမည် ဖြစ်ပြီး၊ ပြောင်းရွှေ့ရမည့် အိမ်မြေများအတွက် လျော်ကြေး ကိစ္စများနှင့် အခြား ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို လုပ်ဆောင် ပေး မည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ယင်းစီမံကိန်းစာချုပ်အရ လျှပ်စစ်ဓါတ်အား ၁၄၀၀ မဂ္ဂါဝပ်ထွက်ရှိမည်ဖြစ်ပြီး ထွက်ရှိမည့် ပမာဏ၏ ၁၀ ရာခိုင်နှုန်းအနေဖြင့် မဂ္ဂါဝပ် ၁၄၀ ကို အခမဲ့ရရှိမည် ဖြစ်ကြောင်း၊ ရေအသုံးပြုခ အနေဖြင့် ကုမ္ပဏီရရှိသည့်အမြတ်ငွေမှ ၁၅ ရာခိုင်နှုန်းကို အစုရှယ်ယာအနေဖြင့် ထပ်မံရရှိမည် ဖြစ်ကြောင်း သိရသည်။

စီမံကိန်းကိုတရုတ်နိုင်ငံမှ အမေရိကန် ဒေါ်လာ ၂၀၅၃ သန်း အကုန်ကျခံကာ အပြည့်အဝ ရင်းနှီးမည် ဖြစ်ပြီး စီမံကိန်း ကာလ ၈ နှစ်ဖြင့် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ စီမံကိန်းကာလ ၈ နှစ်အတွင်း အနီးဝန်းကျင် ကျေးရွာများကို တရုတ်ဘက်မှ အခမဲ့မီးပေးရမည်ဖြစ်ကြောင်း ဒုဝန်ကြီး ဦးမော်သာထွေးက ပြောဆိုသည်။

“ကျနော်တို့ဘက်က သေချာ ပြောနိုင်တာက ဒီစီမံကိန်းကြောင့် နှစ်စဉ် ဝင်ငွေ အမေရိကန် ဒေါ်လာသန်း ၈၀ နီးပါး လောက် နိုင်ငံ တော်က ရပါတယ်။ နောက်တခုက ကျနော်တို့ ဒီကုမ္ပဏီမှာ ရှယ်ယာရှင် အနေနဲ့ ပြန်ပါမှာ ဖြစ်တယ်။ သူတို့ တရုတ်ဘက်ကို ရောင်း ရတဲ့ လျှပ်စစ် ရောင်းငွေတွေကို ကျနော်တို့က ရှယ်ယာရှင် အနေနဲ့ ရမှာပါ။ ကျနော်တို့ကအလကားရတဲ့ပမာဏထပ်ပိုလိုချင်ရင် လျှပ်စစ်ဝယ်သုံးရမှာ မှန်တယ်။ ဒါပေမယ့် ကုမ္ပဏီကတရုတ်ကိုပို့တဲ့ဈေးအတိုင်းဘဲရောင်းရမယ်။အဲဒီဈေးကလည်း နိုင်ငံတကာက သတ်မှတ်ဈေး အတိုင်း နဲ့ဘဲရောင်းရမှာပါ”ဟု ၎င်းက ပြောသည်။

စီမံကိန်း လုပ်ငန်း လုပ်ကိုင်ခွင့် အရ နှစ် ၃၀ နှင့် ထပ်မံ သက်တမ်းတိုးနှစ် အရ စုစုပေါင်း နှစ် ၄၀ လုပ်ကိုင်ခွင့် ပြုရာတွင် မြန်မာနိုင်ငံ က အမေရိကန် ဒေါ်လာ ၂၉၈၈ သန်းရရှိမည် ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံသူထက် ဒေါ်လာ သန်းပေါင်း ၃၀၀ ကျော် ပိုရရှိမည် ဖြစ်ကြောင်းလည်း ဆိုသည်။

“ဝင်ငွေခွန် အရ ထုတ်ပြန်ထားတဲ့ ရင်းနှီးမြှုပ်နှံမှု စည်းမျဉ်းအရ ဝင်ငွေခွန် ၅ နှစ် ကင်းလွတ်ခွင့် ပေးထားတယ်။ အဲဒါပြီးလို့ နောက် ၂၁ နှစ်ကို ၁၂. ၅ ရာခိုင်နှုန်း၊ ကျန်တဲ့ နှစ်တွေမှာ ၂၅ ရာခိုင်နှုန်း ကောက်မယ်။ ကျန်တဲ့ ကုန်သွယ် လုပ်ငန်းခွန်၊ အမြတ်ခွန်တွေလည်း သတ်မှတ်ထားသလို ပေးဆောင်ရမယ်။ ဘာမှလျော့ပေါ့ပေးတာမရှိဘူး”ဟု ဦးမော်သာထွေးက ပြောသည်။

လက်ရှိတွင် ကွမ်လုံ စီမံကိန်းမှာ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ တရုတ်နိုင်ငံမှ Hanergy Holding Group Limited နှင့် အေးရှားဝေါလ် ကုမ္ပဏီတို့ ဖက်စပ်၊ တည်ဆောက် လုပ်ကိုင် လွှဲပြောင်း(JV- BOT) စနစ်ဖြင့် လုပ်ဆောင်မည် ဖြစ်ပြီး ရှမ်းပြည်နယ် အတွင်း သံလွင်မြစ်ပေါ်တွင် ဆက်လက် လုပ်ဆောင်မည့် နောင်ဖ စီမံကိန်းနှင့် နမ်မမြစ်ပေါ်တွင် ဆောက်မည့် မန်တောင်း စီမံကိန်းတို့ကို တရုတ်နိုင်ငံမှ Hydro-china Corporation နှင့် မြန်မာနိုင်ငံမှ International Group Of Entrepreneurs Co.LTD တို့က လုပ်ဆောင်မည် ဖြစ်သည်ဟု ဆိုသည်။

ကျန်စီမံကိန်းများကို လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံမှ Thailand’s EGAT Internationak Co.LTD, China Three Gorges Corporation, China Datang Overseas Investment Co.LTD တို့နှင့် ရွှေတောင်၊ အေးရှားဝေါလ်၊ International Group Of Entrepreneurs Co.LTD တို့က ပူးပေါင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

စီမံကိန်း အများဆုံး လုပ်ကိုင်ခွင့်ရသည့် နိုင်ငံခြား ကုမ္ပဏီများမှာ တရုတ်နိုင်ငံမှ ဖြစ်ပြီး ပြည်တွင်း တွင်လည်း အေးရှားဝေါလ်၊ ရွှေတောင်၊ IGE တို့က အများဆုံးလုပ်ခွင့်ရထားပြီး လုပ်ကိုင်ခွင့် ရထားသည့် အချက်နှင့် ကုမ္ပဏီ ရွေးချယ်မှု စံနှုန်းများကိုမူဝန်ကြီးဌာနမှအသေး စိတ်ထုတ်ပြန်ခြင်း မရှိပေ။

လက်ရှိ ထုတ်ပြန်ချက်များ အရ မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ် စီမံကိန်းများကို လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ လုပ်ငန်းပေါင်း ၁၁ ခု၊ တိုင်းရင်းသား လုပ်ငန်းရှင်များမှ လုပ်ငန်း ၇ ခု၊ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၄၆ ခု၊ ပေါင်း ၆၄ ခုကို လုပ်ဆောင်ရန် ခွင့် ပြုထားကြောင်း၊ အဆိုပါ ပမာဏတွင် ရပ်တန့်ထားသည့် စီမံကိန်းများနှင့် တည်ဆောက်ဆဲ စီမံကိန်းများ ပါဝင်ကြောင်း သိရသည်။

ဧရာဝတီ

ကချင်ပြည်နယ် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း လုပ်ငန်းခွင် (ဓာတ်ပုံ – Jinghpaw TarGyi)
ကချင်ပြည်နယ် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း လုပ်ငန်းခွင် (ဓာတ်ပုံ – Jinghpaw TarGyi)
သံလွင်မြစ်ကြောင်း တလျှောက် ရေအားလျှပ်စစ် စီမံကိန်းများနှင့်ပတ်သက်ပြီး သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ စစ်ဆေးမှုများကို နိုင်ငံ တကာ စစ်ဆေးရေး အဖွဲ့များနှင့် စစ်ဆေးပြီးမှ လုပ်ကိုင်ခွင့်ပြုရန် စီစဉ်ထား ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင် စု ဝန်ကြီး ဦးခင်မောင်စိုးက ဧရာဝတီကို ပြောသည်။

ဗြိတိသျှ ဟဲဗီးဝိတ် လက်ဝှေ့ကျော် ဒေးဗစ်ပရိုက်စ် သုံးကြိမ် ဆက်တိုက် အောင်ပွဲ ဆွတ်ခူး

Photo: ဗြိတိသျှ ဟဲဗီးဝိတ် လက်ဝှေ့ကျော် ဒေးဗစ်ပရိုက်စ် သုံးကြိမ် ဆက်တိုက် အောင်ပွဲ ဆွတ်ခူး
Friday, June 13, 2014

ဗြိတိသျှ ဟဲဗီးဝိတ် လက်ဝှေ့ကျော် တစ်ဦးဖြစ်သူ ဒေးဗစ်ပရိုက်စ်သည် ဂျာမနီ နိုင်ငံတွင် ယခု သီတင်းပတ် အကုန်က ထိုးသတ်ခဲ့သည့် စိန်ခေါ်ပွဲတွင် ယူကရိန်း နိုင်ငံမှ ယာလို ဆလက်ဗ် ဇာဗို ရော့တ်ညီကို အနိုင် ထိုးသတ်၍ ၄င်း၏ သုံးကြိမ် ဆက်တိုက်အောင်ပွဲကို ဆွတ်ခူး နိုင်ခဲ့ ကြောင်း သိရသည်။

အသက် ၃ဝ နှစ်အရွယ်ရှိ လီဗာပူးမြို့မှ လက်ဝှေ့ကျော် ပရိုက်စ်သည် ပြိုင်ဘက် လက်ဝှေ့ သမားကို ပွဲစတင်သည် နှင့်တစ်ပြိုင်နက် အင်အားပြင်း လက်သီးများဖြင့် တရစပ် ထိုးသတ် ခဲ့သည်။ သို့ရာတွင် ပရိုက်စ်သည် ဇာဗိုရော့တ်ညီကို ၁ဝ ချီအတွင်း အလဲထိုးနိုင်ခြင်း မရှိဘဲ ဒိုင်အဆုံး အဖြတ်အမှတ်ဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

မိမိသည် ကြေးစား လက်ဝှေ့သမားအဖြစ် ငါးနှစ်ကြာ ထိုးသတ်ခဲ့ ဖူးသော်လည်း ၁ဝ ချီ အထိ ထိုးသတ် ခဲ့သည်မှာ မိမိအတွက် ပထမဆုံး အကြိမ် ဖြစ်ကြောင်းနှင့် ဇာဗိုရော့တ်ညီသည် ယှဉ်ပြိုင် ထိုးသတ်ရန် ခက်ခဲသည့် ပြိုင်ဘက် တစ်ဦးဖြစ်ပြီး ၄င်းသည် ယှဉ်ပြိုင် ထိုးသတ်စဉ် မျက်နှာကို လက်ဖြင့် အကာအကွယ် ယူထားခြင်းကြောင့် ၄င်းကို အမိအရ ထိုးသတ်ရန် မလွယ်ကူကြောင်း၊ သို့သော် ယခုပွဲစဉ်တွင် မိမိ၏ ထိုးသတ်ချက်များအပေါ် ကျေနပ် အားရ မိကြောင်း ပရိုက်စ်က ပြောကြားခဲ့သည်။

ပရိုက်စ်သည် လက်ဝှေ့ပွဲပေါင်း ၂ဝ ထိုးသတ် ထားရာတွင် နှစ်ပွဲသာ ရှုံးနိမ့်ထားပြီး လွန်ခဲ့သည့် နှစ်အတွင်းကလည်း အမေရိကန် ပြည်ထောင်စုမှ တိုနီသော်မဆင်ကို ရှုံးနိမ့်ခဲ့ကြောင်း သိရ သည်။

မြ၀တီ
ဗြိတိသျှ ဟဲဗီးဝိတ် လက်ဝှေ့ကျော် တစ်ဦးဖြစ်သူ ဒေးဗစ်ပရိုက်စ်သည် ဂျာမနီ နိုင်ငံတွင် ယခု သီတင်းပတ် အကုန်က ထိုးသတ်ခဲ့သည့် စိန်ခေါ်ပွဲတွင် ယူကရိန်း နိုင်ငံမှ ယာလို ဆလက်ဗ် ဇာဗို ရော့တ်ညီကို အနိုင် ထိုးသတ်၍ ၄င်း၏ သုံးကြိမ် ဆက်တိုက်အောင်ပွဲကို ဆွတ်ခူး နိုင်ခဲ့ ကြောင်း သိရသည်။

ဟင်းသီးဟင်းရွက် စားသုံးခြင်းဖြင့် အဆုတ်ကင်ဆာ ဖြစ်ပွားခြင်းမှ လျော့ပါးစေနိုင်

Photo: ဟင်းသီးဟင်းရွက် စားသုံးခြင်းဖြင့် အဆုတ်ကင်ဆာ ဖြစ်ပွားခြင်းမှ လျော့ပါးစေနိုင်
Friday, June 13, 2014

မုန်လာဥကို နေ့စဉ် သို့မဟုတ် ရက်သတ္တ တစ်ပတ်တွင် တစ်ဥ စားပေးခြင်းဖြင့် အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေ၏ ထက်ဝက် သို့မဟုတ် ထို့ထက်ပို၍ လျော့နည်း သွားစေကြောင်း ကင်ဆာ အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ဦးစိုးအောင်က ပြောကြားခဲ့သည်။

''ဆေးလိပ်သောက်သူ၊ ဆေးလိပ်သောက်ပြီး ဖြတ်ထားသူနဲ့ ဆေးလိပ်ငွေ့ကို တစ်ဆင့်ခံ ရှူမိသူတွေဟာ အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေ အလားအလာထဲမှာ ပါဝင်နေတယ်။ ဟင်းသီးဟင်းရွက် တွေမှာပါတဲ့ ဗီတာ ကလိုရင်းဓာတ်က အဆုတ်ကင်ဆာရဲ့ ကင်ဆာဆဲလ် အဖုအကျိတ်တွေကို မကြီးထွားအောင် ကာကွယ်ပေးတဲ့ အတွက် သက်တမ်းစေ့ နေနိုင်ခဲ့တဲ့ သာဓကတွေ အများကြီးပါ'' ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ရက်သတ္တ တစ်ပတ်မှာ မုန်လာဥနီ နှစ်ဥစားလျှင် အဆုတ်ကင်ဆာ ဖြစ်ပွားနှုန်း ၆ဝ ရာခိုင်နှုန်းကျဆင်းစေသည်။ ရက်သတ္တ တစ်ပတ်မှာ အစိမ်းရောင် ပန်းဂေါ်ဖီ သတ္တုရည် နှစ်ကြိမ်သောက်လျှင် အဆုတ်ကင်ဆာ ဖြစ်ခြင်းကို ၇ဝ ရာခိုင်နှုန်း ကျဆင်းစေသည်။ အမျိုးသမီးများ အတွက် ပန်းဂေါ်ဖီနှင့် ခရမ်းချဉ်သီးတို့ဟာ ပို၍အကျိုး သက်ရောက်မှု ရှိသည်။ အမျိုးသားများ အတွက် မုန်လာဥနီနှင့် လိမ္မော်သီးများက ပို၍ အကျိုးသက်ရောက်မှု ရှိသည်။

မြန်မာနိုင်ငံတွင် အဆုတ်ကင်ဆာ ဖြစ်ပွားနှုန်းမှာ ရင်သားကင်ဆာနှင့် သားအိမ်ခေါင်း ကင်ဆာပြီးလျှင် တတိယ အဖြစ်အများဆုံး ဖြစ်ကြောင်း မြန်မာနိုင်ငံ ကင်ဆာ တိုက်ဖျက်ရေး ဗဟိုမှ သိရသည်။

မြ၀တီ
မုန်လာဥကို နေ့စဉ် သို့မဟုတ် ရက်သတ္တတစ်ပတ်တွင် တစ်ဥစားပေးခြင်းဖြင့် အဆုတ်ကင်ဆာဖြစ်နိုင်ခြေ၏ ထက်ဝက် သို့မဟုတ် ထို့ထက်ပို၍ လျော့နည်း သွားစေကြောင်း ကင်ဆာအထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ဦးစိုးအောင်က ပြောကြားခဲ့သည်။

တယ်လီနောဆင်းမ်ကတ် စတင်ရောင်းချိန်တွင် မြို့အားလုံးအသုံးပြုနိုင်မည် မဟုတ်

Photo: တယ်လီနောဆင်းမ်ကတ် စတင်ရောင်းချိန်တွင် မြို့အားလုံးအသုံးပြုနိုင်မည် မဟုတ်
Friday, June 13, 2014

တယ်လီနောမှ ဆင်းမ်ကတ်များစတင်ရောင်းချသည့် အချိန်တွင် မြန်မာနိုင်ငံ၏ အဓိက မြို့ကြီးများဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့နှင့် အခြားမြို့ကြီးအချို့တွင်သာ အသုံးပြုနိုင်ဦးမည်ဖြစ်ကြောင်း တယ်လီနောမြန်မာကုမ္ပဏီမှ သတင်းရရှိသည်။

‘‘ကျွန်တော်တို့ရဲ့ ကွန်ရက် ကို မြန်မာနိုင်ငံရဲ့ အဓိကမြို့ကြီး သုံးခုအပေါ်မှာ အခြေခံပြီးတော့ ကွန်ရက်ဖြန့်ကြက်သွားမှာဖြစ်တဲ့အတွက် ဆင်းမ်ကတ်စရောင်းတဲ့ အချိန်မှာ အဲဒီမြို့တွေနဲ့ တခြားမြို့ကြီးတွေမှာပဲ ကနဦးအသုံးပြုနိုင်ဦးမှာပါ။ မြို့ဘယ်နှခုပါမယ် ဆိုတာတော့ မသိသေးဘူး’’ဟု တယ်လီနောမြန်မာမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

တယ်လီနောမြန်မာအနေဖြင့် ဆင်းမ်ကတ်များကို စက်တင်ဘာအတွင်း ငွေကျပ် ၁၅၀၀ ဖြင့် စတင်ရောင်းချပေးသွားမည်ဖြစ်ပြီး စတင်အသုံးပြုနိုင်မည့် မြို့ကြီးများကိုလည်း ပြည်သူများသိရှိနိုင်ရန် ထုတ်ပြန်သွားမည်ဖြစ်သည်။ နိုင်ငံသားစိစစ်ရေးကတ်ရှိသူတိုင်း လိုသလောက်ဝယ်ယူနိုင်မည်ဖြစ်ပြီး ကန့်သတ်ထားခြင်းမရှိကြောင်းသတင်းရရှိသည်။

လက်ရှိတွင် တယ်လီနော အနေဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများပေးနိုင်ရန်အတွက် အထက်မြန်မာပြည်မန္တလေးနှင့် အောက်မြန်မာပြည် ရန်ကုန်တို့တွင် အမြဲတမ်းပြန်လည်အဆင့်မြှင့်တင်နိုင်မည့် ဒေတာစင်တာနှစ်ခုတည်ဆောက်ထားပြီး ဆင်းမ်ကတ်များစတင်ရောင်းချမည့်အချိန်တွင် တာဝါတိုင်ပေါင်း၈၀၀ နှင့် ၁၀၀၀ ကြား တည်ဆောက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ကျွန်တော်တို့အနေနဲ့ တာဝါတိုင်တည်ဆောက်ရေးလုပ်ငန်းတွေကို နောက်ပိုင်းမှာ တစ်လကို ၃၀၀ နဲ့ ၄၀၀ လောက်ထိတိုးချဲ့တည်ဆောက်နိုင်မှာဖြစ်တဲ့အတွက် ကျန်တဲ့မြို့တွေမှာလည်း မကြာခင်ကာလမှာပဲ အသုံးပြုလို့ ရသွားမှာပါ’’ဟု တယ်လီနော မြန်မာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တယ်လီနောအနေဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပေးရာတွင် 2G နှင့် 3G ကွန်ရက် နှစ်ခုစလုံး ပေးသွားမည်ဖြစ်ပြီး အင်တာနက်အသုံးပြုရာတွင်လည်း ပိုက်ဆံကုန်မည်ကို စိုးရိမ်စရာမလိုအောင် သက်သာသော နှုန်းထားဖြင့် ပေးသွားမည်ဟုတယ်လီနောမြန်မာဥက္ကဋ္ဌ Mr.Petter Furberg က Net Mon-day တွင် တတိယအကြိမ်မြောက် ပြောကြားထားသည်။

7Day Daily

တယ်လီနောဖုန်းကွန်ရက်အား စမ်းသပ်အသုံးပြုနေစဉ်(Telenor Myanmar)
တယ်လီနောဖုန်းကွန်ရက်အား စမ်းသပ်အသုံးပြုနေစဉ်(Telenor Myanmar)
တယ်လီနောမှ ဆင်းမ်ကတ်များစတင်ရောင်းချသည့် အချိန်တွင် မြန်မာနိုင်ငံ၏ အဓိက မြို့ကြီးများဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့နှင့် အခြားမြို့ကြီးအချို့တွင်သာ အသုံးပြုနိုင်ဦးမည်ဖြစ်ကြောင်း တယ် လီနော မြန်မာ ကုမ္ပဏီမှ သတင်းရရှိသည်။

အော်ရီဒူး (Ooredoo) ကုမ္ပဏီမှ လာမည့်ငါးနှစ်အတွင်း မြန်မာဝန်ထမ်းဦးရေ ၉၉ ရာခိုင်နှုန်းခန့်ထားမည်

Photo: အော်ရီဒူး (Ooredoo) ကုမ္ပဏီမှ လာမည့်ငါးနှစ်အတွင်း မြန်မာဝန်ထမ်းဦးရေ ၉၉ ရာခိုင်နှုန်းခန့်ထားမည်
Friday, June 13, 2014

နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်သော အော်ရီဒူး (Ooredoo) ကုမ္ပဏီမှ လာမည့် ၅ နှစ်အတွင်း ၀န်ထမ်းဦးရေ၏ ၉၉ ရာခိုင်နှုန်းအား မြန်မာနိုင်ငံသား ၀န်ထမ်းများ ခန့်အပ် သွားမည်ဖြစ်ကြောင်း အော်ရီဒူး (Ooredoo) ကုမ္ပဏီမှ လူမှုဆက်ဆံရေးနှင့် ပြန်ကြားရေးမန်နေဂျာ ဒေါ်သီရိကြာညိုက ဇွန်လ ၁၀ ရက်နေ့တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

လက်ရှိ အော်ရီဒူးကုမ္ပဏီတွင် မြန်မာဝန်ထမ်းဦးရေ အယောက် ၇၀၀ ကျော်ရှိပြီး ၀န်ထမ်းအားလုံး၏ ၇၆ ရာခိုင်နှုန်း ဖြစ်ကာ ကျန် ၂၄ ရာခိုင်နှုန်းမှာ ကမ္ဘာ့နိုင်ငံပေါင်း ၄၂ နိုင်ငံမှ ၀န်ထမ်းများ ဖြစ်သည်။

““၀န်ထမ်းခန့်ထားရေးနဲ့ သင်ကြားရေးမှာ အကြီးအကျယ် ရင်းနှီး မြှုပ်နှံထားပါတယ်။ သုံးစွဲသူ ပရိသတ်တွေကို ကမ္ဘာ့အဆင့် ၀န်ဆောင်မှုတွေ ပေးနိုင်အောင် အင်မတန် အရည်အချင်း ပြည့်ဝပြီး ကျွမ်းကျင်တဲ့ ၀န်ထမ်း အများကြီး ရှိနေပါပြီ။ ငါးနှစ်အတွင်းမှာ မြန်မာဝန်ထမ်း ဦးရေ ၉၉ ရာခိုင်နှုန်းခန့် ထားသွားပါမယ်””ဟု ဒေါ်သီရိကြာညိုက မြန်မာသံတော်ဆင့်သို့ ပြောသည်။

အော်ရီဒူး (Ooredoo) ကုမ္ပဏီသည် ကာတာနိုင်ငံ အခြေစိုက်ဖြစ်ပြီး ပိုင်ရှင်မှာ ဘာသာခြားဖြစ် သောကြောင့်ဟု ဆိုကာ အော်ရီဒူးမှ ထွက်သော ကုန်ပစ္စည်းများ ၀ယ်ယူ မသုံးရန်နှင့် အော်ရီဒူးကုမ္ပဏီ၌ အလုပ်မလုပ်ရန် အသိပညာပေး ဟောပြောပွဲအား ဇွန်လ ၇ ရက်နေ့က မကွေးပရိယတ္တိ စာသင်တိုက်၌ ဆရာတော် ဦးပါမောက္ခ ဦးဆောင်ကာ ပြုလုပ်ခဲ့သေးသည်။

““ကာတာနိုင်ငံက OIC ပါတဲ့ ၅၇ နိုင်ငံထဲမှာ ပါနေတယ်။ OIC ကို ၀င်လို့မရလို့ အော်ရီဒူး (Ooredoo) ကနေ မြန်မာပြည်ကို ၀င်ရောက်လာတာ။ ဆက်သွယ်ရေး လမ်းကြောင်းဆိုတာ တိုင်းပြည်ရဲ့ ပဓာနကျတဲ့ နေရာကို ၀င်ယူလိုက်တယ်””ဟုဆရာတော် ဦးပါမောက္ခက မြန်မာသံတော်ဆင့်သို့ မိန့်ကြားခဲ့သည်။

အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) သည် ၁၉၆၉ ခုနှစ်၌ အစ္စလာမ်မစ် ခေါင်းဆောင်များက ထိပ်သီး ကွန်ဖရင့် ပြုလုပ်ကာ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အဖွဲ့ဝင် နိုင်ငံပေါင်း ၅၇ နိုင်ငံရှိကာ ၅၆ နိုင်ငံသည် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများဖြစ်သည်။ OIC ရုံးခန်းကို ရန်ကုန်မြို့၌ ဖွင့်လှစ်ရန် စီစဉ်ခဲ့မှုများရှိပြီး ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့၍ ရုပ်သိမ်းခဲ့ရသည်။

ယင်းကဲ့သို့ အော်ရီဒူး ထုတ်ကုန်များ မသုံးစွဲရန် ပြောဆိုနေမှုများနှင့် ပတ်သက်၍ ““တကယ်တော့ ကျွန်မတို့က နိုင်ငံတကာ တယ်လီကွန် ဆက်သွယ်ရေး ကုမ္ပဏီဖြစ်ပါတယ်။ ကိုယ့်သုံးစွဲသူ ပရိသတ်ကို အကောင်းတကာ့ အကောင်းဆုံး မိုဘိုင်းပစ္စည်းတွေနဲ့ ၀န်ဆောင်မှုတွေကို ပေးဖို့ပဲ အာရုံစိုက်နေပါတယ်။ ဒီတော့ ကျွန်မတို့ ကုန်ပစ္စည်း အမှတ်တံဆိပ်တွေ မိဘပြည်သူတွေဆီ ပျံ့နှံ့ပြီး ပြည်သူလူထုအတွက် ကောင်းကျိုး ဆောင်ရွက် တာတွေ တွေ့တဲ့ အခါမှာရှိနေတဲ့ သံသယတွေ အလိုလို ပျောက်သွားလိမ့်မယ်လို့ ထင်ပါတယ်””ဟု ဒေါ်သီရိ ကြာညိုက ထွက်ပေါ်နေသော အော်ရီဒူးအပေါ် ဝေဖန်မှုများနှင့် ပတ်သက်၍ ရှင်းလင်းခဲ့သည်။

အဆိုပါကဲ့သို့ ဘာသာရေးအား နိုင်ငံရေးနှင့် စီးပွားရေးကဏ္ဍတွင် ရောယှက်ခြင်းအား နိုင်ငံရေး အသိုင်းအ၀ိုင်းနှင့် စီးပွားရေး အသိုင်းအ၀ိုင်းမှ လည်း ဝေဖန် လျက်ရှိသည်။

““အန်တီက မြင်တာကတော့ စီးပွားရေး ကိစ္စတွေမှာ၊ နိုင်ငံရေး ကိစ္စတွေမှာ ဘာသာရေးတွေ ပါလာတာကို ဒီလို အချိန်မျိုးမှာ မဖြစ်စေချင်ဘူး””ဟု ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း က သုံးသပ်ခဲ့သည်။

နိုင်ငံတစ်နိုင်ငံတွင် စီးပွားရေးနှင့် နိုင်ငံရေးအပေါ်၌ ဘာသာရေး လွှမ်းမိုးမှုများပါက တိုင်းပြည်အတွက် အန္တရာယ်ရှိပြီး တိုးတက်မည် မဟုတ်ကြောင်း စီးပွားရေး ပညာရှင်တစ်ဦးဖြစ်သူ ပါမောက္ခ ဒေါက်တာ မောင်မောင်စိုးကလည်း ““Business က Business ပဲလေ။ ဘာသာရေးဆိုတာ Power ရယ် အာဏာရယ်ပဲ မူတည်တယ်။ Business ကို Business လို့ပဲမြင်စမ်းပါ။ တိုင်းပြည်မှာ မရှုပ်စမ်းပါနဲ့။ နိုင်ငံတစ်နိုင်ငံမှာ ဘာသာရေး လွှမ်းမိုးတာ သိပ်များရင် အဲဒီနိုင်ငံ ဘယ်တော့မှ မတိုးတက်ဘူးဗျ””ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။

အော်ရီဒူး (Ooredoo) ကုမ္ပဏီသည် ယခုလက်ရှိ ကာတာနိုင်ငံ၊ ကူဝိတ်နိုင်ငံ၊ အိုမန်နိုင်ငံ၊ အယ်လ်ဂျီးရီးယား နိုင်ငံ၊ တူနီးရှားနိုင်ငံ၊ အီရတ်နိုင်ငံ၊ ပါလက်စတိုင်းနိုင်ငံ၊ မော်ဒီးနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံ စသည်တို့တွင် ဆက်သွယ်ရေး လုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး ၂၀၀၂ ခုနှစ်တွင် ၀င်ငွေ အမေရိကန်ဒေါ်လာ ဒေါ်လာ ၉ ဒသမ ၃ ဘီလီယံ ရှိခဲ့ကာ၂၀၁၂ ဒီဇင်ဘာအထိ သုံးစွဲသူ ၉၂ ဒသမ ၉ သန်းရှိသည်။

မြန်မာသံတော်ဆင့်
နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်သော အော်ရီဒူး (Ooredoo) ကုမ္ပဏီမှ လာမည့် ၅ နှစ်အတွင်း ၀န်ထမ်းဦးရေ၏ ၉၉ ရာခိုင်နှုန်းအား မြန်မာနိုင်ငံသား ၀န်ထမ်းများ ခန့်အပ် သွားမည်ဖြစ်ကြောင်း အော်ရီဒူး (Ooredoo) ကုမ္ပဏီမှ လူမှုဆက်ဆံရေးနှင့် ပြန်ကြားရေးမန်နေဂျာ ဒေါ်သီရိကြာညိုက ဇွန်လ ၁၀ ရက်နေ့တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

ဇွန် ၁၂ ရက် နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် ရန်ကုန်တစ်မြို့လုံးနီးပါး ယာဉ်ကြောပိတ်ဆို့ကာ သွားလာမှုများ ရပ်ဆိုင်း

တာမွေအ၀ိုင်းထိပ်မီးပွိုင့်အနီး အရှေ့ရွှေဂုံတိုင်လမ်းပေါ်တွင် မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံနေသည်ကို ဇွန် ၁၂ ရက် နံနက်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

ဇွန် ၁၂ ရက် မနက်အစောပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရန်ကုန်တစ်မြို့လုံးနီးပါး ယာဉ်ကြော များပိတ်ဆို့ကာ ရန်ကုန်မြို့တွင်း သွားလာနေသည့် ရုံးဝန်ထမ်းများ၊ ခရီးသွားပြည်သူများလည်း အချိန်အတန် ကြာသည်အထိ သွားလာမှုရပ်ဆိုင်းခဲ့ကြောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။ 

ဗြိတိန်အခြေစိုက် Jaguar Land Rover မော်တော်ယာဉ်ကုမ္ပဏီ၏ အရောင်းပြခန်း၊ ၀န်ဆောင်မှုစင်တာနှင့် ယာဉ်အပိုပစ္စည်းများ ပါဝင်သော 3S စင်တာ ရန်ကုန်မြို့ ၌ စတင်ဖွင့်လှစ်

Photo: ဗြိတိန်အခြေစိုက် Jaguar Land Rover မော်တော်ယာဉ်ကုမ္ပဏီ၏ အရောင်း ပြ ခန်း၊ ၀န်ဆောင်မှုစင်တာနှင့် ယာဉ်အပိုပစ္စည်းများ ပါဝင်သော 3S စင်တာ ရန်ကုန်မြို့ ၌ စတင်ဖွင့်လှစ်
Friday, June 13, 2014

ဗြိတိန်အခြေစိုက် Jaguar Land Rover  မော်တော်ယာဉ်ကုမ္ပဏီ၏ အရောင်းပြခန်း၊ ဝန်ဆောင်မှုစင်တာနှင့် ယာဉ်အပိုပစ္စည်းများ ပါဝင်သော 3S စင်တာကို ၂ဝ၁၄ ခုနှစ် ဇွန် ၁၂ ရက်တွင် ရန်ကုန်မြို့၌ စတင်ဖွင့်လှစ်ခဲ့ကြောင်း Capital Automotive Ltd  မှ သိရသည်။
 
“အခုလို Jaguar Land Rover ကို မြန်မာပြည်ဈေးကွက်ထဲ ခေါ်ယူဖို့ကျွန်တော်တို့ တော်တော်ကြိုးစားခဲ့ရပါတယ်။ Jaguar Land Rover မော်တော်ယာဉ်တွေကို ဝယ်ယူအသုံးပြုသူတွေအတွက်လည်း ကျွန်တော်တို့ အကောင်းဆုံး ဝန်ဆောင်မှုတွေပေးသွားမှာ ပါ။ မြန်မာနိုင်ငံမှာ Jaguar Land Rover  မော်တော်ယာဉ်ကို တရားဝင် အရောင်းကိုယ်စားလှယ်အဖြစ် Capital Automotive Ltd မှရောင်းချပေးမှာ ဖြစ်ပါတယ်”ဟု Capital Automotive Ltd မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးခင်ထွန်းက ပြောကြားသည်။
 
Capital Automotive Ltd သည် Jaguar Land Rover  ကုမ္ပဏီထုတ် မော်တော်ယာဉ်များကို မြန်မာနိုင်ငံတွင် တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် တင်သွင်းဖြန့်ဖြူးရောင်းချခွင့်ရရှိထားပြီး အဆိုပါJaguar Land Rover ၏ 3S စင်တာကို အမှတ်-၃၊ ၁၂ ရပ်ကွက်၊ အင်းစိန်လမ်း၊ လှိုင်မြို့နယ်၌ ဖွင့်လှစ်ထားခြင်း ဖြစ်သည်။
 
ယခု ဖွင့်လှစ်သော Jaguar Land Rover ကုမ္ပဏီ၏ S3 စင်တာသည် Jaguar Land Rover  ကုမ္ပဏီထုတ် All-New Range Rover, Range Rover Evopue , Jaguar XF  အစရှိသည့် မော်တော်ယာဉ်များကို ရောင်းချပေးမည့်အပြင် ရောင်းချထားသော ကားများကိုလည်း ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများကို ဆောင်ရွက်ပေးမည်ဖြစ်သည်။
 
Jaguar Land Rover Automotive PLC သည် ဗြိတိန်အခြေစိုက် မော်တော်ယာဉ်ထုတ်လုပ်သည့်ကုမ္ပဏီဖြစ်ပြီး ၂ဝဝ၈ ခုနှစ် တွင် Jaguar  နှင့် Land Rover ပူးပေါင်းကာ တည်ထောင်ထားခြင်းဖြစ်သည်။ ၂ဝဝ၂ ခုနှစ်တွင် Jaguar  နှင့် Land Rover တို့သည် Ford Motor ကုမ္ပဏီ၏ လက်အောက်တွင် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။  ၂ဝဝ၈ ခုနှစ် မတ်လတွင် Ford ကုမ္ပဏီသည် အိန္ဒိယ Tata Motor သို့ Jaguar Land Rover ကို ရောင်းချရန် သဘောတူညီမှုရရှိခဲ့ပြီး ဇွန် ၂ ရက်တွင် Jaguar Land Rover ကို Tata Motor မှ အပြီးသတ်ဝယ်ယူနိုင်ခဲ့၍ Jaguar Land Rover Automotive PLC အဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့သည်။ Jaguar Land Rover သည် နိုင်ငံပေါင်း ၁၇ဝ ကျော်သို့ ထုတ်လုပ်မှု၏ ၈ဝ ရာခိုင်နှုန်းအား တင်ပို့ ရောင်းချလျက်ရှိပြီး ဗြိတိန်၏အကြီးဆုံးသော ပို့ကုန်များထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်။
 
Jaguar Land Rover  ကုမ္ပဏီသည် အိုင် ၅၄ တောင်ဘက် စတန့်ဖိုးရှိုင်းယားစီးပွားရေးဇုန်တွင် စတာလင်ပေါင်သန်း ၅ဝဝ ရင်းနှီးမြှုပ်နှံကာ မော်တော်ယာဉ်အင်ဂျင်များ ထုတ်လုပ်ရန် တည်ဆောက်နေသည်။ Jaguar Land Rover သည် ၂ဝ၁၃ ခုနှစ် မတ်လအထိ ဝင်ငွေ စတာလင်ပေါင် ၁၅ ဒသမ ၈ ဘီလျံ ရရှိခဲ့ပြီးအခွန်မပေးဆောင်မီ အမြတ်စတာလင်ပေါင် ၁ ဒသမ ၆၇၈ ဘီလျံ ရရှိခဲ့သည်။
 
လက်ရှိအချိန်တွင် Capital Auto-motive Ltd သည် ရန်ကုန်မြို့တွင် မော်တော်ယာဉ်အရောင်းပြခန်း ခုနစ်ခုနှင့် မော်တော်ယာဉ်ပြုပြင်ရေးစင်တာ ဆယ့်သုံးခုကို ဖွင့်လှစ်ထားပြီး အမေရိကန်အခြေစိုက် Ford ကားများကို မြန်မာနိုင်ငံသို့တရားဝင်တင်သွင်းဖြန့်ဖြူးရောင်းချလျက် ရှိသည်။

Eleven Media Group  

Jaguar Land Rover ကုမ္ပဏီ၏ 3S စင်တာကားအရောင်းပြခန်း ဖွင့်ပွဲမြင်ကွင်း
Jaguar Land Rover ကုမ္ပဏီ၏ 3S စင်တာကားအရောင်းပြခန်း ဖွင့်ပွဲမြင်ကွင်း
ဗြိတိန်အခြေစိုက် Jaguar Land Rover  မော်တော်ယာဉ်ကုမ္ပဏီ၏ အရောင်းပြခန်း၊ ဝန်ဆောင် မှု စင်တာနှင့် ယာဉ်အပိုပစ္စည်းများ ပါဝင်သော 3S စင်တာကို ၂ဝ၁၄ ခုနှစ် ဇွန် ၁၂ ရက်တွင် ရန်ကုန်မြို့၌ စတင်ဖွင့်လှစ်ခဲ့ကြောင်း Capital Automotive Ltd  မှ သိရသည်။

မော်ဒန်ခေတ်ဦး ပန်းချီဆရာကြီး ဦးခင်မောင်ရင်၏ ဈာပနအား စာပေနှင့် အနုပညာအသိုင်းအ၀ိုင်းမှ အသိမိတ်ဆွေများ လိုက်ပါပို့ဆောင်

Photo: မော်ဒန်ခေတ်ဦး ပန်းချီဆရာကြီး ဦးခင်မောင်ရင်၏ ဈာပနအား စာပေနှင့် အနုပညာအသိုင်းအ၀ိုင်းမှ အသိမိတ်ဆွေများ လိုက်ပါပို့ဆောင်
Friday, June 13, 2014
 
မြန်မာနိုင်ငံ၏ မော်ဒန်ခေတ်ဦးတွင် ပါဝင်ခဲ့သည့် ပန်းချီဆရာကြီးများအနက် တစ်ဦးဖြစ်သည့် ပန်းချီ ဦးခင်မောင်ရင်၏ ဈာပနအခမ်းအနားကို ဇွန် ၁၂ ရက် ညနေ ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပြီး စာပေနှင့် အနုပညာအသိုင်းအဝိုင်းမှ အသိမိတ်ဆွေများ လိုက်ပါပို့ဆောင်ပေးခဲ့ကြသည်။
 
ပန်းချီ ဦးခင်မောင်ရင်သည် ကွယ်လွန်ချိန်တွင် အသက် ၇၆ နှစ်ရှိပြီဖြစ်ပြီး ဇွန် ၁ဝ ရက် ညနေ ၃ နာရီခွဲဝန်းကျင်တွင် ပင်လုံဆေးရုံ၌ ကွယ်လွန်ခဲ့ကြောင်း သတင်းရရှိသည်။
 
သူ၏ နောက်ဆုံးပန်းချီပြပွဲကို ၂ဝ၁၃ ခုနှစ် နိုဝင်ဘာ ၈ ရက်က အသက် ၇၅ နှစ် ပြည့် အထိမ်းအမှတ်အဖြစ်“ခင်မောင်ရင် ၇၅” အမည်ဖြင့် ပြုလုပ်ခဲ့သည်။ 
 
ပန်းချီ ဦးခင်မောင်ရင်ကို ၁၉၃၈ ခုနှစ် နိုဝင်ဘာ ၁၈ရက်တွင် သာယာကုန်းရွာ ပဲခူးမြို့၌ မွေးဖွားခဲ့သည်။ ဗိသုကာအင်ဂျင်နီယာဘွဲ့ရရှိခဲ့ပြီး ၁၉၆ဝပြည့်နှစ်တွင် ပန်းချီ စတင်ရေးဆွဲခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် ပန်းချီ ဦးခင်မောင်ရင်၏ ပထမဆုံးတစ်ကိုယ်တော်ပြ ပွဲကို အမေရိကန်ကောင်စစ်ဝန်၏ နေအိမ်၌ ပြုလုပ်ခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် မြန်မာမော်ဒန် လှုပ်ရှားမှုအဖြစ်ပြုလုပ်ခဲ့သည့် ပထမဆုံး မော်ဒန်သီးသန့်ပန်းချီပြပွဲတွင် ဗဂျီအောင်စိုး၊ ဦးခင်မောင်(ဘဏ်)၊ ကိုရွှေအောင်သိမ်း၊ အုပ်ကြီးတို့နှင့် တွဲဖက်ပြသခဲ့သည်။ မြန်မာ မော်ဒန်ပန်းချီလှုပ်ရှားမှုတွင် အရေးပါသည့် အခန်းကဏ္ဍက ပါဝင်ခဲ့သည့် “အေအိုင်” ရုံးခန်းတည်ထောင်သူတစ်ဦးလည်း ဖြစ်သည်။ ပန်းချီ ခင်မောင်ရင်သည် ရုပ်ရှင်ဒါရိုက်တာအဖြစ် အဓိကဝါသနာပါသူဖြစ်ပြီး “နှမလက်လျှော့နေလေတော့” အပြင် အခြားရုပ်ရှင်တစ်ကားကိုလည်း ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သည်။ ထို့ပြင် မဂ္ဂဇင်းများတွင် ရေးသားခဲ့သော စာစုများကို စုစည်း၍ အနုပညာစံ၊ ပေါ်ဦးသက် အလည်လာခြင်းနှင့် ကျွန်တော်တစ်ယောက်တည်း ကျန်နေမှာပဲ စာအုပ်များကို ထုတ်ဝေခဲ့သည်။ 
ပန်းချီဆရာကြီးသည် ခင်မောင်ရင်အမည်ဖြင့် ပန်းချီဆိုင်ရာစာအုပ်များ ရေးသားခဲ့သည်။

Eleven Media Group
မြန်မာနိုင်ငံ၏ မော်ဒန်ခေတ်ဦးတွင် ပါဝင်ခဲ့သည့် ပန်းချီဆရာကြီးများအနက် တစ်ဦးဖြစ်သည့် ပန်းချီ ဦးခင်မောင်ရင်၏ ဈာပနအခမ်းအနားကို ဇွန် ၁၂ ရက် ညနေပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပြီး စာပေနှင့် အနုပညာ အသိုင်းအဝိုင်းမှ အသိမိတ်ဆွေများ လိုက်ပါပို့ဆောင်ပေးခဲ့ကြသည်။

စစ်ကိုင်းမြို့တွင် KNU နှင့် KNU-NDA ငြိမ်းချမ်းရေးအဖွဲ့တို့အကြား ပဋိပက္ခဖြစ်ပွား

Photo: စစ်ကိုင်းမြို့တွင် KNU နှင့် KNU-NDA ငြိမ်းချမ်းရေးအဖွဲ့တို့အကြား ပဋိပက္ခဖြစ်ပွား
Friday, June 13, 2014

စစ်ကိုင်းမြို့တွင် အပစ်အခတ်ရပ်စဲထားသည့် KNU အဖွဲ့နှင့် KNU -NDA  ငြိမ်းချမ်းရေးအဖွဲ့တို့အကြား ဇွန် ၁၂ ရက် နေ့လည် ၁၂ နာရီခွဲခန့်က ပဋိပက္ခဖြစ်ပွားခဲ့သည့်အတွက် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် အဆိုပါအဖွဲ့အစည်းနှစ်ခုကို ခေါ်ယူကာ ညှိနှိုင်းဆွေးနွေးခဲ့ရကြောင်း သတင်းရရှိသည်။
 
စစ်ကိုင်းမြို့ ပါရမီရပ်ကွက်တွင် အခြေစိုက်သည့် ယင်းအဖွဲ့အစည်းနှစ်ခုမှ ဗိုလ်မှူးစောကေထူး (KNU) နှင့် NDA ငြိမ်းချမ်းရေးအဖွဲ့မှ ဒုတိယဗိုလ်မှူးကြီး စောအယ်စေးထူးတို့အကြား ယခင်ကဖြစ်ပွားခဲ့သည့် မကျေလည်မှုများအရ ယခုကဲ့သို့ပဋိပက္ခဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
 
“စဖြစ်တဲ့နေရာက KNU လို့သိရတဲ့ လူတွေနေတဲ့ ပါရမီရပ် ဆားဂိုဒေါင်လမ်းမှာပါ။ အဲဒီသူတို့ရဲ့ အတည်ပြုလို့မရသေးတဲ့ ရုံးကိုသွားတော့ တာဝန်ခံမရှိဘူး။ သူတို့ကို ဆွေးနွေးဖို့ ခေါ်တယ်။ အဲဒီမှာ ဗိုလ်ကြီးစောကေထူးကိုတွေ့လို့ ကားနဲ့လိုက်ပြီး သူတို့ ကားရှေ့ကနေ ပိတ်ရပ်ထားတာကို တိုက်ပြီး မောင်းပြေးတာ။ မောင်းပြေးတာက စရဖရုံးကိုပါ။ အဲဒီရုံးအပေါက်မှာ ကားကိုပိတ်ရပ်ထားပြီး ကျွန်တော့်တာဝန်ခံကို ဥပဒေဘောင်အတွင်းက ကူညီဆောင်ရွက်ပေးဖို့ သက်ဆိုင်ရာနဲ့သတင်းတပ်ဖွဲ့ကို အကြောင်းကြားခိုင်း ခဲ့တယ်”ဟု ဖြစ်စဉ်နှင့်ပတ်သက်၍ NDA ငြိမ်းချမ်းရေးအဖွဲ့၏ အထူးတပ်ဖွဲ့မှူး ဗိုလ်မှူးကြီး စောနဂါးက ပြောကြားသည်။
 
“မေ ၁၉ ရက်က ကျွန်တော့်ကို မူဆယ်မှာ တည်းနေတဲ့ ဟိုတယ်အတွင်းကို ဝင်လာပြီး သူတို့က ရိုက်နှက်ဖမ်းဆီးခဲ့ပြီး စစ်ကိုင်းကို အာဏာပိုင်အဖွဲ့အစည်း မသိအောင် ကြိုးတုပ်ခေါ်လာတယ်။ ပြီးတော့ တစ်ရက်ခွဲလောက် အကျယ်ချုပ်ခံခဲ့ရတယ်။ အဲဒါကို အာဏာပိုင်အဖွဲ့က အချင်းချင်းဖြေရှင်းဆိုပြီး ဘာမှဖြေရှင်းမပေးဘူး”ဟု ဒုတိယဗိုလ်မှူးကြီး စောအယ်စေးထူးက ပြောကြားသည်။
 
ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး KNU အဖွဲ့သည် ရောက်ရှိလာသည့် မီဒီယာများနှင့် တွေ့ဆုံခြင်းမပြုဘဲ ဝေးဝေးနေရန် ပြောဆိုခဲ့သည်။ 
 
အဆိုပါဖြစ်စဉ်ကို စစ်ကိုင်းမြို့ ခရိုင်တပ်ဖွဲ့မှူးရုံးတွင် ညဥ့် ၁၂ နာရီအထိ ညှိနှိုင်းမှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း သိရသည်။

Eleven Media Group
စစ်ကိုင်းမြို့တွင် အပစ်အခတ်ရပ်စဲထားသည့် KNU အဖွဲ့နှင့် KNU -NDA  ငြိမ်းချမ်းရေး အဖွဲ့ တို့ အကြား ဇွန် ၁၂ ရက် နေ့လည် ၁၂ နာရီခွဲခန့်က ပဋိပက္ခဖြစ်ပွားခဲ့သည့်အတွက် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် အဆိုပါ အဖွဲ့အစည်းနှစ်ခုကို ခေါ်ယူကာ ညှိနှိုင်းဆွေးနွေးခဲ့ရကြောင်း သတင်းရရှိသည်။

မကွေးမြို့ ဆားရွှေကင်းရပ် ဧရာဝတီမြစ်အနီးရှိ ရေအိုင်အတွင်း မူလတန်း ကျောင်းသားငါးဦး ရေနစ်သေဆုံး

မကွေးမြို့ ဆားရွှေကင်းရပ် မီးရထားရုံးနှင့် မျက်နှာချင်းဆိုင် ကမ်းနားလမ်း အောက် ခြေရှိ ဧရာဝတီမြစ် ကမ်းမှ ရေအိုင်အတွင်း ဇွန် ၁၂ ရက် မွန်းလွဲပိုင်း က ရာဇမုနိတောင်ပေါ်ကျောင်း ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းမှ မူလတန်းကျောင်းသားငါးဦး ရေနစ်သေဆုံးခဲ့ကြောင်း ယင်းဘုန်းတော်ကြီးကျောင်း တာဝန်ရှိသူများထံမှ သိရသည်။

သန္တိသုခ သံဃာအချို့ပြန်လွတ်လာ

Photo: သန္တိသုခ သံဃာအချို့ပြန်လွတ်လာ
Friday, June 13, 2014

  ဇွန်လ(၁၀)ရက်နေ့ ညမှာ အာဏာပိုင်တွေက မဟာသန္တိသုခကျောင်းကနေ ဖမ်းဆီး ထိန်းသိမ်းခံခဲ့တဲ့ သံဃာအပါး (၂၀)ထဲက သံဃာတော်တွေထဲက (၁၅)ပါး ဇွန်လ ၁၁ ရက်နေ့မှာ ပြန်လွတ်လာပြီ ဖြစ်ပါတယ်။

သံဃာတော် (၅)ပါးကိုတော့ ဆက်လက် ထိန်းသိမ်းထားတယ်လို့ သာသနာရေး ဝန်ကြီးဌာနက အတည်ပြု ပြောဆိုပါတယ်။ ဒီသံဃာ(၅)ပါးနဲ့ ပတ်သက်ပြီး ဘယ်လို ဆုံးဖြတ်မလဲ ဆိုတာကို တော့ စိစစ်နေဆဲ ဖြစ်တယ်လို့ သာသနာရေး ဝန်ကြီး ဌာနက တာဝန်ရှိသူတဦးက ဘီဘီစီကို ပြောပါတယ်။

မဟာသန္တိသုခကျောင်းကြီးကို နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ လက်ထက်မှာ ပီနန်ဆရာတော်ကြီး ဦးပညာဝံသကို အပ်နှင်းခဲ့တာဖြစ်ပြီး အခုအခါမှာ ဂေါပကအဖွဲ့က ပြန်လည်ရယူဖို့ကြိုးပမ်းလာရာက ပိုင်ဆိုင်မှု အငြင်းပွားတဲ့ ပြဿနာစတင်လာခဲ့တာ ဖြစ်ပါတယ်။

အခုနောက်ဆုံး သံဃမဟာနာယကအဖွဲ့ရဲ့ အမိန့်စာနဲ့ ကျောင်းနေသံဃာတွေကို ဖယ်ရှားပေးဖို့ ညွှန်ကြားခဲ့ပြီး မဖယ်ပေးတဲ့သူတွေကို ခေါ်ယူထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။

ပြန်လွတ်လာတဲ့အထဲမှာ ပီနန်ဆရာတော်ကြီးရဲ့ ကိုယ်စားလှယ် အဖြစ် လွှဲအပ်ခြင်းခံထားရတဲ့ လန်ဒန်က ဆရာတော် ဦးဥတ္တရ မပါဝင်သလို ခုချိန်ထိ လည်း အဆက်အသွယ်မရသေးဘူးလို့ ဒါယိကာ တစ်ဦးက ပြောပါတယ်။

မဟာသန္တိသုခကျောင်းကို နိုင်ငံတော်သံဃမဟာနာယက အဖွဲ့နဲ့ အာဏာပိုင်တွေက ဝင်ရောက်စဉ် ဖမ်းဆီးခဲ့တဲ့ လူ (၃၂)ဦးကိုတော့ တာမွေရဲစခန်းက ခံဝန်ကတိ နဲ့ လွှတ်ပေးခဲ့ပါတယ်။ သန္တိသုခကျောင်းကြီးအနား မလာပါဘူး၊ ကျောင်းကြီးနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာလည်း ပါဝင်ပတ်သက်လုပ်ဆောင်တာမျိုး မလုပ်ဘူးဆိုတာ သဘောတူကြောင်း ခံဝန်လက်မှတ်ထိုးပေးခဲ့ရတယ်လို့ လွတ်လာသူ တဦးက ပြောပြပါတယ်။

သာသနာရေးဝန်ကြီးဌာန ဘက်ကတော့ သံဃတော်တွေဟာ မဟာသန္တိသုခကျောင်းမှာ ခွင့်ပြုချက်မရှိဘဲ သီတင်းသုံးနေထိုင်တဲ့အတွက် ထိန်းသိမ်းထားဖြစ်ပြီး ဒီအတွက် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ရဲ့ လုပ်ထုံးလုပ်နည်းတွေ နဲ့ အညီ စိစစ်အရေးယူမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
ဇွန်လ(၁၀)ရက်နေ့ ညမှာ အာဏာပိုင်တွေက မဟာသန္တိသုခကျောင်းကနေ ဖမ်းဆီး ထိန်းသိမ်းခံခဲ့တဲ့ သံဃာအပါး (၂၀)ထဲက သံဃာတော်တွေထဲက (၁၅)ပါး ဇွန်လ ၁၁ ရက်နေ့မှာ ပြန်လွတ်လာပြီ ဖြစ်ပါတယ်။

အီရတ် အရေးပေါ်အခြေအနေ ကြေညာဖို့ ပျက်ကွက်

Photo: အီရတ် အရေးပေါ်အခြေအနေ ကြေညာဖို့ ပျက်ကွက်
Friday, June 13, 2014

 အီရတ်နိုင်ငံမှာ အစ္စလာမ်မစ် စစ်သွေးကြွ တွေက မြို့တွေကို တိုက်ခိုက် သိမ်းယူတာတွေ လျင်အမြန် ဆက်လက် ဖြစ်ပွားနေရာမှာ အီရတ် ပါလီမန်ကတော့ အရေးပေါ် အခြေအနေ ကြေညာဖို့ကို မဆောင်ရွက် နိုင်ခဲ့ပါဘူး။

ဝန်ကြီးချုပ် နိုရီ အဲလ် မာလိကီက နိုင်ငံကို အရေးပေါ် အခြေအနေ ကြေညာဖို့ တောင်းဆိုခဲ့ပြီး ပါလီမန်မှာ ထောက်ခံသူ အမတ် အရေအတွက် မလုံလောက်ခဲ့လို့ အထ မမြောက်ခဲ့တာ ဖြစ်ပါတယ်။

အီရတ် နိုင်ငံရေးမှာ အက်ကြောင်းကွဲနေပြီး ညီညွတ်မှု ပျက်ပြားနေပြီ ဆိုတာကို ပြသနေတာလို့ ဘီဘီစီ သတင်းထောက်က သုံးသပ်ပါတယ်။

အဲလ်ခိုင်းဒါး နဲ့ ဆက်စပ်နေတဲ့ ISIS တပ်ဖွဲ့တွေဟာ သူတို့ သိမ်းယူထားတဲ့ မိုဆူးလ် နဲ့ တစ်ကရစ် မြို့တွေမှာ တပ်တွေ ပြန်ပေါင်းမိကြပြီး အခုအခါ မြို့တော် ဘက္ကဒက်အထိ ချီတက်ဖို့ စီစဉ်ထားပြီလို့ ဆိုပါတယ်။

ဒါပေမယ့် ဆမ်မရာ မြို့ကို ချီတက် တိုက်ခိုက်ရာမှာတော့ အစိုးရတပ်တွေကနေ လေကြောင်း အကူအညီအနဲ့အတူ တားဆီးနိုင်ခဲ့ပါတယ်။

နိုင်ငံမြောက်ပိုင်းက ရေနံ ကြွယ်ဝတဲ့ ကာကွက်မြို့ကိုလည်း ကာ့ဒ် စစ်တပ်က ထိန်းချုပ်ထားလိုက်ပြီ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

အီရတ် စစ်သွေးကြွ အချို့ တွေ့ရစဉ်
အီရတ် စစ်သွေးကြွ အချို့ တွေ့ရစဉ်
 အီရတ်နိုင်ငံမှာ အစ္စလာမ်မစ် စစ်သွေးကြွ တွေက မြို့တွေကို တိုက်ခိုက် သိမ်းယူတာတွေ လျင်အမြန် ဆက်လက် ဖြစ်ပွားနေရာမှာ အီရတ် ပါလီမန်ကတော့ အရေးပေါ် အခြေအနေ ကြေညာဖို့ကို မဆောင်ရွက် နိုင်ခဲ့ပါဘူး။

သုံးရက်ကြာ မိုးကြီးမည်

Photo: သုံးရက်ကြာ မိုးကြီးမည်
Friday, June 13, 2014

  အာရေဗျ ပင်လယ်အော်တွင် ဖြစ်ပေါ်နေသော နွားနောက် မုန်တိုင်းအရှိန် ကြောင့် ရန်ကုန်မြို့ အပါအဝင် မြန်မာနိုင်ငံ အောက်ပိုင်း ဒေသများ နောက်သုံး ရက်အထိ မိုးကြီး မည် ဖြစ်ပြီး ရေကြီး ရေလျှံမှုများဖြစ် ပေါ်လာနိုင်ကြောင်း သတင်း ရရှိသည်။

နွားနောက်(Nanauk) မုန်တိုင်း အရှိန် ကြောင့် မုတ်သုံမိုးအား ကောင်းလာခြင်းဖြစ် ပြီး ရန်ကုန်၊ ပဲခူးတိုင်း ဒေသကြီးနှင့် မွန်ပြည် နယ်တို့ရှိ နေရာ ၁၁ နေရာတွင် ရေကြီးနိုင် ကြောင်း နာဆာက ခန့်မှန်းထားသည်ဟု မိုးလေဝ သပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။ ‘‘နာဆာရဲ့ ကောင်းကင် ဓာတ်ပုံတွေအရ ဒီသုံးခုမှ စုစု ပေါင်း ၁၁ နေရာ ရေကြီးရေလျှံ မှုဖြစ်ပေါ်နိုင်တယ်။ ဖြစ်လည်း ဖြစ်ပေါ်နေတယ်လို့ တွေ့ရတယ်။ နောက်သုံးရက်အထိ မိုးကောင်း နိုင်တယ်။ မုတ်သုံကောင်းရင် တော့ ရေကြီးရေလျှံမှုတွေက တော့ ရှိနေဦးမှာပဲ’’ဟု မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။

ရေကြီးရေလျှံမှုများဖြစ်ပေါ်လာနိုင်သည့်နေရာများမှာ ရန်ကုန်တိုင်း ဒေသကြီး သုံးခွမြို့ နယ်၊ မွန်ပြည်နယ် သထုံမြို့ အရှေ့ဘက်၊ ပဲခူးတိုင်းဒေသကြီး ဝေါမြောက်ဘက်၊ ကျုံဒိုးနားအနီး ရှိ နေရာများဖြစ်သည်။

အထက်ပါ လေးနေရာတွင်ရေအနက် တစ်ပေကျော်ရှိမည်ဖြစ်ပြီး ကျန်နေရာများတွင် တစ်ပေမကျော်နိုင်ဟု ဒေါက်တာထွန်းလွင်က ပြောသည်။

‘‘နွားနောက်က ပိုအားကောင်းလာလေလေ မြန်မာနိုင်ငံဘက်မှာ မုတ်သုံမိုးကြောင့် မိုးပိုရွာလေလေဖြစ်မှာ။ ရန်ကုန်အပါအ၀င် အောက်ပိုင်းဒေသတစ်ခုလုံး မိုးကြီးနိုင်တယ်’’ ဟု မိုးဇ/လဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောသည်။

နွားနောက်မုန်တိုင်း အရှိန် ကြောင့် ရန်ကုန်၊ ဧရာဝတီနှင့် ပဲခူး တိုင်းဒေသကြီးတို့တွင် နေရာ ကွက်၍ မိုးကြီးနိုင်ပြီး မြစ်ဝကျွန်း ပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာ ရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်နာရီလေတိုက်နှုန်း မိုင် ၄၀ ဖြင့် တိုက်ခတ်နိုင်သည်ဟု မိုးလေ ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦး စီးဌာနမှ သတင်းရရှိသည်။

နွားနောက် မုန်တိုင်းသည် အာရေဗျပင်လယ်တွင် ဒုတိယ မြောက်ဖြစ်ပေါ်လာသော မုန် တိုင်းဖြစ်ပြီး ယခုတစ်ကြိမ်တွင်မြန်မာနိုင်ငံက အမည်ပေးခဲ့ခြင်း ဖြစ်သည်။

ဖြစ်ပေါ်လာသည့်  မုန် တိုင်းငယ်များကို အိန္ဒိယသမုဒ္ဒ ရာနှင့် ထိစပ်နေသော နိုင်ငံ ၁၁ ခုမှ အလှည့်ကျအမည်ပေးခဲ့ခြင်း ဖြစ်ရာ မြန်မာနိုင်ငံအလှည့်တွင် ယခုမုန်တိုင်းကို နွားနောက်ဟု အမည်ပေးခဲ့ခြင်း ဖြစ်သည်။

Author: အိဖြူလွင် / အောင်သစ်လွင်

7Day Daily
အာရေဗျ ပင်လယ်အော်တွင် ဖြစ်ပေါ်နေသော နွားနောက် မုန်တိုင်းအရှိန် ကြောင့် ရန်ကုန်မြို့ အပါအဝင် မြန်မာနိုင်ငံ အောက်ပိုင်း ဒေသများ နောက်သုံး ရက်အထိ မိုးကြီး မည် ဖြစ်ပြီး ရေကြီး ရေလျှံမှုများဖြစ် ပေါ်လာနိုင်ကြောင်း သတင်း ရရှိသည်။

ယာဉ်ကြောကျပ်၍ အတွင်းခံ ၀တ်စုံဖြင့်ဆန္ဒပြသော အမျိုးသမီးကို ယာယီထိန်းသိမ်းပြီး ပြန်လွှတ်

Photo: ယာဉ်ကြောကျပ်၍ အတွင်းခံ ၀တ်စုံဖြင့်ဆန္ဒပြသော အမျိုးသမီးကို ယာယီထိန်းသိမ်းပြီး ပြန်လွှတ်
Friday, June 13, 2014

 ပြည်လမ်းနှင့် ပါရမီ လမ်းထောင့် အေဒီမီးပွိုင့်တွင် ကားခေါင်မိုးပေါ်၌ အတွင်းခံ ဝတ်စုံဝတ်ကာ ပုံစံမျိုးစုံဖြင့် ယာဉ် ကြောကျပ်တည်းမှုအပေါ် တစ် ကိုယ်တော်ဆန္ဒပြသူ အသက် (၃၀)ကျော် အမျိုးသမီးတစ်ဦးကို မရမ်းကုန်းရဲစခန်းက ခေတ္တထိန်း သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

‘‘သူနဲ့ ဆွေမျိုးနီးစပ်သူတွေ လာခေါ်တဲ့အထိ စခန်းမှာခဏထားမှာပါ။ အမှုမဖွင့်ထားပါဘူး။ လူကောင်းပကတိပါ။ ဘာမှမဖြစ်ပါဘူး’’ဟု မရမ်းကုန်းရဲစခန်းမှ တာဝန်ကျရဲဝန်ထမ်း တစ်ဦးက ဖြေကြားသည်။

ဖခင်နှင့် အဆင်မပြေဖြစ်ပြီး စိတ်ဆိုး၍နေအိမ်မှထွက်လာစဉ် ပြည်လမ်းတွင် ကားလမ်းများ အချိန်ကြာမြင့်စွာ ပိတ်နေသော ကြောင့် ယခုကဲ့သို့ လုပ်ဆောင် ခြင်းဖြစ်ကြောင်း၊ ပုံမှန်လူကောင်း ပကတိဖြစ်ပြီး မည်သည့်ဆေးဝါးမျှ မှီဝဲထားသည်ကို မတွေ့ရှိရကြောင်း၊ ရာဇဝတ်မှုမမြောက် သောကြောင့် အမှုဖွင့်အရေးမယူ ခြင်းဖြစ်ကြောင်း မရမ်းကုန်းရဲ စခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဇွန်လ ၁၂ ရက်တွင် မိုးသည်း ထန်စွာ ရွာသွန်းသောကြောင့် ကားလမ်းမပေါ် မြောင်းရေများ လျှံတက်ခဲ့ပြီး ရန်ကုန်မြို့ အဓိက လမ်းများတွင် ယာဉ်ကြောကျပ်တည်း မှုများဖြစ်ပွားခဲ့သည်။ ပြည်လမ်း မပေါ်တွင် ရေများ လျှံတက်မှု ကြောင့် အင်းလျားမီးပွိုင့်၊ လှည်း တန်းခုံးတံတားများတွင် ယာဉ် ကြောကျပ်တည်းမှုဖြစ်ပေါ်ခဲ့သည်။

‘‘ဘယ်လိုမှ မတတ်နိုင်ဘူး။ မနက်က လမ်းတွေပေါ်ရေကျော် တော့ ပွိုင့်ကို ဖြတ်ချလိုက်ရ တယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လမ်းရှင်းတယ်။ ပြည်လမ်းက ကားတွေက လှည်းတန်းကနေ အေဒီအထိပိတ်နေတော့ အဲဒီ ဘက်ခြမ်းကို ခေတ္တရပ်ထားပြီး ပါရမီလမ်းကို လွှတ်ထားလိုက် တာ။ ပြည်လမ်းလွှတ်လိုက်ရင် လည်း သွားလို့မှမရတာ။ အဲဒါ ကြောင့် ပိတ်ထားလိုက်ရတာပါ’’ဟု အေဒီမီးပွိုင့်မှ တာဝန်ကျယာဉ်ထိန်းရဲက ပြောသည်။

ပြည်လမ်းဘက်ခြမ်း အေဒီ မီးပွိုင့်ကို ကြာရှည်စွာပိတ်ထား ခြင်းကြောင့် ကွေ့ကြောယူထား သော ဆန္ဒပြသူအမျိုးသမီးသည် လမ်းလယ်တည့်တည့်တွင် ကား ရပ်ထားပြီး ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

လမ်းလယ်တွင်ကားကိုရပ်ထားပြီး အနီးရှိ ပွိုင့်မိနေသော တခြားသူတစ်ဦး၏ အနက်ရောင်ကားပေါ်တပ်ကာ ဆန္ဒပြခဲ့သည်။ မိနစ်အနည်းငယ်ကြာတွင် ဝတ် ဆင်ထားသည့် အပေါ်ယံအင်္ကျီ အဝတ်စားများကိုချွတ်ကာ ကား ခေါင်မိုးပေါ်တက်၍ ထပ်မံဆန္ဒပြ ခဲ့သည်ဟု မြင်တွေ့ရသူများက ပြောသည်။

‘‘ပုံစံမျိုးစုံနဲ့ ဆန္ဒပြနေတာ။ အပေါ်ယံအင်္ကျီတွေမရှိတော့ သူ့ အနားကို မော်တော်ပီကယ်တွေ ကလည်း မကပ်ရဲဘူး။ အောက် ကနေ အဲဒီလိုမလုပ်ပါနဲ့ ကားတွေ ကျပ်နေတယ်လို့ အော်အော်ပြော ပြီး တောင်းပန်နေတာတော့တွေ့ တယ်’’ဟု ကိုယ်တွေ့ကြုံခဲ့ရသူ တစ်ဦးက ပြောသည်။

‘‘ပွိုင့်မိနေတဲ့ လူတစ်ယောက်ရဲ့ ကားအနက်ပေါ် တက်ထိုင်တော့ ကားပေါ်က လူက ဆင်းသွားပြီး၊ မော်တော်ပီကယ်ကိုသွားပြောတယ်။ မော်တော်ပီကယ်ကလည်း အမျိုးသမီးရဲမေဖမ်းမှရမယ်ပြောလို့ စောင့်နေတုန်း သူက အပေါ်အကျီတွေချွတ်လိုက်တယ်။ ခဏကြာတော့ကားခေါင်မိုးပေါ်တက်သွားပြီး၊ ပုံထဲမှာမြင်တဲ့အတိုင်းပဲ’’ ဟု ဖြစ်စဉ်ကို မြင်တွေ့ခဲ့သော တက်သစ်စအဆိုတော် ဟန်နီမောင်မောင်က ပြောသည်။

 ဆန္ဒပြမှု နှစ်နာရီခန့် ကြာ မြင့်ပြီးနောက် လုံထိန်းရဲတပ်ဖွဲ့ ဝင်ကားတစ်စီးရောက်ရှိလာကာ အဆိုပါအမျိုးသမီးကို မရမ်းကုန်း ရဲစခန်းသို့ ပို့ဆောင်ခဲ့သည်ဟု သတင်းရရှိသည်။ အဆိုပါဆန္ဒပြသူ အမျိုးသမီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ပြီး ၎င်း၏လုပ်ရပ်ကို ထူးဆန်းသည်ဟုမှတ်ယူကာ မှတ်ချက်အမျိုးမျိုးပေး၍ ရှုတ်ချဝေဖန်မှုများရှိခဲ့သလို ရန်ကုန်မြို့၏ ယာဉ်ကြောကျပ်တည်းမှုကိုခံစားရသူများကလည်း ယာဉ်ကြောကျပ်တည်းမှုကို ပထမဆုံး ဆန္ဒပြခဲ့၍ မှန်ကန်သောလုပ်ရပ်ဖြစ်သည်ဟု အားပေးခဲ့ကြသည်။

Author: အိဖြူမွန်
7Day Daily

ကားပေါ်တက်၍ ဆန္ဒပြနေသော အမျိုးသမီးကို တွေ့ရစဉ်
ကားပေါ်တက်၍ ဆန္ဒပြနေသော အမျိုးသမီးကို တွေ့ရစဉ် (ဓာတ်ပုံ − ဟန်နီမောင်မောင်)
 ပြည်လမ်းနှင့် ပါရမီ လမ်းထောင့် အေဒီမီးပွိုင့်တွင် ကားခေါင်မိုးပေါ်၌ အတွင်းခံ ဝတ်စုံဝတ်ကာ ပုံစံမျိုးစုံဖြင့် ယာဉ် ကြောကျပ်တည်းမှုအပေါ် တစ် ကိုယ်တော်ဆန္ဒပြသူ အသက် (၃၀)ကျော် အမျိုးသမီးတစ်ဦးကို မရမ်းကုန်း ရဲစခန်းက ခေတ္တထိန်း သိမ်းခဲ့ကြောင်း သတင်းရရှိသည်။