
ရန်ကုန်၊ သီတဂူ ဆရာတော်ကြီး၏ အထူးကြေညာချက်ဆိုသော ထုတ်ပြန် ချက်တစ်စောင်အား ဇန်နဝါရီ ၁၃ ရက်က ထုတ်ပြန်လာခဲ့ရာ ယင်းထုတ် ပြန်ချက်သည် ဆရာလေးတစ်ပါးက မှားယွင်းစွာ ထုတ်ပြန် လိုက်ခြင်းဖြစ် ပြီး သီတဂူဆရာတော်ကြီးအနေဖြင့် ထုတ်ပြန်ခိုင်းခြင်းမရှိဟု ဇန်နဝါရီ ၁၄ ရက်က ရန်ကုန် တိုင်းမ် ဂျာနယ်သို့ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့(ဗဟို)မှ ဦးပါမောက္ခက မိန့်ကြား သည်။