Tuesday 13 August 2013

ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်းတွင် မဟာဗျူဟာမြောက် တတိယနိုင်ငံအဖြစ် ဂျပန်နိုင်ငံ ပါဝင်ရန် ဆွေးနွေးမှုအတွက် ဂျပန်က အဆိုပြုမည်

8.1.1
ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်း တစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဇင်)
ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်းတွင် မဟာဗျူဟာမြောက် တတိယနိုင်ငံအဖြစ် စီးပွားရေး အင်အားကြီး နိုင်ငံဖြစ်သည့် ဂျပန်နိုင်ငံ ပါဝင်ပေါင်းစည်းရန် မြန်မာ-ထိုင်း ၀န်ကြီးအဆင့်များ ပူးတွဲဖိတ်ကြား

ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနား ရခိုင်ပြည် နယ်သို့ ရောက်ရှိနေ

Photo: ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနား ရခိုင်ပြည်နယ်သို့ ရောက်ရှိနေ

Tuesday, August 13, 2013

ရခိုင်ပြည်နယ် စစ်တွေမြို့သို့ သြဂုတ် ၁၂ ရက်က ရောက်ရှိလာသော ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနားအား ဒေသခံများက ကန့်ကွက်ဆန္ဒ ထုတ်ဖော်ခြင်းများကို ပြုလုပ်ခဲ့သည်။

ကင်တားနားသည် သြဂုတ် ၁၂ ရက် နံနက်ပိုင်းတွင် စစ်တွေမြို့သို့ ရောက်ရှိလာခဲ့ကြောင်းနှင့် ယင်းမှတစ်ဆင့် ဘူးသီးတောင် အကျဉ်းထောင်သို့ အမြန်ရေယာဉ်ဖြင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ဥပဒေ အရာရှိချုပ် ဦးလှသိန်းနှင့်အတူ သွားရောက်ခဲ့သည်။

ထိုသို့ ကင်တားနား ရောက်ရှိလာသည့် နံနက်ပိုင်းတွင် စစ်တွေလေယာဉ်ကွင်း ထွက်ပေါက်အနီး၌ ဒေသခံအချို့က ''ကင်တားနား ထွက်သွား၊ အလိုမရှိ'' ဟူသော စာသားများကို ရေးသားထားသည့် ပိုစတာများကို ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့သည်။

လေယာဉ်ကွင်းအနီး ဆန္ဒထုတ်ဖော်အပြီး ဘူးသီးတောင်သို့သွားမည့် သင်္ဘောဆိပ် တို့တွင်လည်း ထိုသို့ ငြိမ်သက်စွာ ဆန္ဒထုတ်ဖော် ခြင်းများကို ပြုလုပ်ခဲ့သည်။

ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သူ တစ်ဦးဖြစ်သော ဒေါ်ညိုအေးက ''ကင်တားနား လာမယ်လို့ ပြောသံကြားတိုင်း၊ ဘင်္ဂါလီတွေက အမျိုးမျိုးလုပ်တယ်။ ပြဿနာရှာတယ်၊ အငြိမ်မနေဘူး။ ဒါကို သံသယဖြစ်တယ်။ သွေးထိုးလှုံ့ဆော် ပေးနေတယ်လို့ ယူဆတယ်။ ပြီးတော့ သူ့အစီရင်ခံစာမှာလည်း မျှတခြင်း မရှိဘူးလို့ ယူဆတယ်။ ဒီလိုတာဝန်ကြီးမားတဲ့ လူတစ်ယောက်က တလွဲလုပ်နေရင် ဘင်္ဂါလီတွေက လုံးဝငြိမ်မှာ မဟုတ်ဘူး။ ဒါကြောင့် ရခိုင်ပြည် မဟုတ်ဘူး။ မြန်မာကိုတောင် မလာစေချင်တာပါ။ သူ့ကို ကျွန်မတို့ လက်မခံသလို ရခိုင်ပြည်သူ တစ်ရပ်လုံးကလည်း လက်ခံမှာ မဟုတ်ဘူး။ နောက်ထပ် လာရင်လည်း ဒီလိုမျိုး ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်သွားမှာပါ'' ဟု ပြောကြားသည်။
ကင်တားနား စစ်တွေဆိပ်ကမ်းသို့ ရောက်ရှိစဉ် ဆန္ဒထုတ်ဖော် သူများအနက် ဦးဆောင်သူများတွင် ပါဝင်သည့် အမျိုးသမီး တစ်ဦးဖြစ်သော ဒေါ်ညိုအေးနှင့် ၁၅ မိနစ်ခန့် ဖောင်တော်တွင်ရပ်ပြီး စကားပြောဆိုခဲ့သည်။ ယင်းသို့ ပြောဆိုရာတွင် ဆန္ဒပြရသည့် အကြောင်းအရင်းကိုလည်း မေးမြန်းခဲ့သည်။

ကင်တားနားက ''ဆန္ဒထုတ်ဖော်တာက ခင်ဗျားတို့ အခွင့်အရေးသာ ဖြစ်တယ်။ ကျွန်တော့်ကို အချိန်မရွေး ပြောလို့ ရတယ်။ ခင်ဗျားတို့ ရင်ထဲက ခံစားချက် တွေကိုလည်း ကျွန်တော်နားလည်တယ်။ ကျွန်တော်တာဝန်ယူ ထားရတဲ့ အလုပ်ကို ကျွန်တော်လုပ်နေတယ်။ ခင်ဗျားတို့ ပြောချင်တဲ့ စကားတွေကိုလည်း ကျွန်တော် နားထောင်ရမယ်။ အခြားလူတွေ ပြောတဲ့ စကားတွေကိုလည်း ကျွန်တော် နားထောင်ရမယ်။ ကျွန်တော့် အစီရင်ခံစာကိုလည်း သေချာဖတ်ကြည့် စေချင်တယ်'' ဟု ပြောကြားသည်။

အဆိုပါ ဥပဒေ အရာရှိချုပ် ဦးလှသိန်း ဦးဆောင်သော ကင်တားနား အဖွဲ့သည် အမြန်ရေယာဉ်ဖြင့် ဘူးသီးတောင်သို့ သွားရောက်ခဲ့ရာ ဘူးသီးတောင်တွင်လည်း ဒေသခံများက ပိုစတာများ ကိုင်ဆောင်ကာ စီတန်းဆန္ဒ ထုတ်ဖော်မှုများကို ပြုလုပ်ခဲ့သည်။

ကင်တားနားသည် ဘူးသီးတောင် အကျဉ်းထောင်ရှိ ဘင်္ဂါလီ အကျဉ်းသား အချို့ကို သီးခြားတွေ့ဆုံ စကားပြောခဲ့ကြောင်း သိရသည်။ မနက်ဖြန်တွင် စစ်တွေမြို့တွင်းရှိ ဘင်္ဂါလီရပ်ကွက် တစ်ခုဖြစ်သော အင်ပါလာ ရပ်ကွက်သို့ သွားရောက်ကာ ဘင်္ဂါလီ ဘာသာရေး ခေါင်းဆောင်များနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း၊ ထို့ပြင် အစိုးရအဖွဲ့၊ ဒေသခံလူမှု အဖွဲ့အစည်းများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။

EMG

ရခိုင်ပြည်နယ် စစ်တွေလေဆိပ်သို့ ရောက်ရှိလာသော ကင်တားနားကို ဒေသခံအချို့က ကန့်ကွက်ဆန္ဒပြစဉ်
ရခိုင်ပြည်နယ် စစ်တွေလေဆိပ်သို့ ရောက်ရှိလာသော ကင်တားနားကို ဒေသခံအချို့က ကန့်ကွက်ဆန္ဒပြစဉ်
ရခိုင်ပြည်နယ် စစ်တွေမြို့သို့ သြဂုတ် ၁၂ ရက်က ရောက်ရှိလာသော ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနားအား ဒေသခံများက ကန့်ကွက်ဆန္ဒ ထုတ်ဖော်ခြင်းများကို ပြုလုပ်ခဲ့သည်။

တရား စီရင်ရေး၊ ဥပဒေ စိုးမိုးရေး ယိမ်းယိုင်နေမှု တို့ကို ထောက်ပြ ထားသော ဒေါ်အောင်ဆန်း စုကြည်၏ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီမှ ပထမဆုံး အစီရင်ခံစာ လွှတ်တော်သို့ တင်သွင်း

8.1.1
တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီမှ လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းစဉ်
တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေး ယိမ်းယိုင်နေမှုတို့ကို ထောက်ပြ ထားသော ဒေါ်အောင်ဆန်းစုကြည်၏

အနည်းဆုံး လုပ်ခလစာ သတ်မှတ်ရေး ကော်မတီဝင်များ ၀န်ကြီးဌာနအတွင်း စတင်ရွေးချယ်

အနည်းဆုံး အခကြေးငွေ နည်းဥပဒေအရ အလုပ်သမားများ၏ အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ပေး မည့် ကော်မတီဝင်များကို သက်ဆိုင်ရာဝန်ကြီးဌာနအတွင်း စတင်ရွေးချယ် နေပြီဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ သိရသည်။

ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးနှင့် မြန်မာနိုင်ငံ စာနယ် ဇင်းကောင်စီ (ယာယီ) တို့ တွေ့ဆုံမှုတွင် အငြင်းပွား မီဒီယာ ဥပဒေများနှင့် ပတ်သက်၍ တိကျသော အဖြေထွက်ပေါ် ခဲ့ခြင်းမရှိ

8.1.1
စာနယ်ဇင်းကောင်စီ (ယာယီ)နှင့် တွေ့ဆုံပြီးနောက် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက် တစ်ဦးက မေးခွန်းမေးမြန်းနေစဉ် (ဓာတ်ပုံ-ကျော်ဇင်ဝင်း)
ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) တို့ တွေ့ဆုံမှုတွင် အငြင်းပွားနေသော မီဒီယာ ဥပဒေများနှင့် ပတ်သက်၍ တိကျသော အဖြေများ ထွက်ပေါ်ခဲ့ခြင်း မရှိကြောင်း သိရသည်။

အဆင့်မြင့် ဓာတ်ဆီ၊ အဆင့်မြင့် ဒီဇယ်ဆီနှင့် ဖုန်း ဟန်းဆက်များ တရားမ၀င် တင်သွင်းမှု များပြားနေပြီး အစိုးရအဖွဲ့ ခွင့်ပြုချက်ရပါက ဆိုင်များသို့ ၀င်ရောက် ဖမ်းဆီး စစ်ဆေးမည်

Photo: အဆင့်မြင့်ဓာတ်ဆီ၊ အဆင့်မြင့် ဒီဇယ်ဆီနှင့် ဖုန်းဟန်းဆက်များ တရားမ၀င် တင်သွင်းမှု များပြားနေပြီး အစိုးရအဖွဲ့ ခွင့်ပြုချက်ရပါက ဆိုင်များသို့ ၀င်ရောက်ဖမ်းဆီး စစ်ဆေးမည်

Tuesday, August 13, 2013

အဆင့်မြင့်ဓာတ်ဆီ (92 Ron & 95 Ron)၊ အဆင့်မြင့် ဒီဇယ်ဆီ (Premium Diesel) နှင့် ဖုန်းဟန်းဆက်များအား တရားဝင် လိုင်စင်လျှောက်ထား၍ တင်သွင်းခွင့် ပြုခဲ့သော်လည်း တရားဝင် လိုင်စင်ဖြင့် တင်သွင်းမှု မရှိဘဲ မှောင်ခိုလမ်းကြောင်းမှသာ တင်သွင်းနေသဖြင့် ထိုသို့ တင်သွင်းနေမှုများအား အစိုးရအဖွဲ့ ခွင့်ပြုချက် ရရှိပါက ဆိုင်များသို့ပင် ၀င်ရောက်ဖမ်းဆီးမည် ဖြစ်ကြောင်း တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီမှ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် မော်တော်ယာဉ် အစီးရေ လေးသိန်းကျော် အထိရှိကာ တစ်နေ့လျှင် ပျမ်းမျှ တစ်ဂါလန်နှင့် တွက်မည်ဆိုပါက တစ်နှစ်လျှင် ဂါလန်သိန်းပေါင်း ၁၄၄၀ ကုန်ကျမည် ဖြစ်သည်။ ကညနတွင် တရားဝင် မှတ်ပုံတင်ထားသည့် ဆိုင်ကယ်၊ ထော်လာဂျီ၊ သုံးဘီးယာဉ် ၃၇ သိန်းကျော် အတွက် တစ်ရက်လျှင် တစ်လီတာနှုန်းဖြင့် တွက်ပါက တစ်နှစ်လျှင် ဂါလန်သိန်းပေါင်း ၂၉၁၆ လိုအပ်မည် ဖြစ်သည်။ ထိုသို့ အနည်းဆုံး ပမာဏနှင့် တွက်ချက်ထားသည့်အပြင် ရေယာဉ်များ၊ လုပ်ငန်းသုံး ယန္တရားများ၊ မီးစက်သုံးဓာတ်ဆီ၊ ဒီဇယ်ဆီများအား တွက်ချက်ထားမှု မရှိကြောင်း သိရသည်။

ထိုသို့ အနည်းဆုံး တွက်ချက်မှု၏ လိုအပ်သည့် ပမာဏ စုစုပေါင်းမှာ ဂါလန်သိန်းပေါင်း ၄၃၅၆ အထိ လိုအပ်နေသော်လည်း ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ဓာတ်ဆီ၊ ဒီဇယ်ဆီအား တရားဝင် တင်သွင်းရန် လျှောက်ထားမှုမှာ ဂါလန်ပေါင်း ၃၉၁၃ သိန်းသာ တရားဝင် တင်သွင်းရန် လိုင်စင်လျှောက် ထားခဲ့ကြောင်း သိရသည်။

''ကျွန်တော်တို့ အနည်းဆုံးနှုန်းနဲ့ တွက်တာကိုပဲ တစ်နှစ်ကို ဂါလန် ၄၄၃ သိန်းလောက် တရားမ၀င် တင်သွင်းနေတာ တွေ့ရတယ်။ ပြီးတော့ ရိုးရိုးဓာတ်ဆီ၊ ရိုးရိုးဒီဇယ်ဆီတွေ တင်သွင်းဖို့ လျှောက်ကြတယ်။ အပြင်မှာကျ ဆိုင်တိုင်း၊ ဆိုင်တိုင်းမှာ အဆင့်မြင့်ဓာတ်ဆီ (92 Ron & 95 Ron)၊ အဆင့်မြင့် ဒီဇယ်ဆီ (Premium Diesel) တွေ ဆိုင်တိုင်းမှာ ရောင်းနေပါတယ်။ သူတို့ကိုလည်း ၀င်ရောက်စီးနင်းတဲ့ နေ့ဆိုတာ အစိုးရ အဖွဲ့တွေ ခွင့်ပြုတဲ့နေ့မှာ ဖြစ်လာမှာပါ'' ဟု ဦးတင်ရဲဝင်းက ဆိုသည်။

အလားတူပင် ဖုန်းဟန်းဆက်များအား တရားဝင် တင်သွင်းခွင့် ပြုထားသော်လည်း စတင်ခွင့်ပြု ခဲ့သည့်နေ့မှ ယခုအချိန်အထိ တစ်နှစ်ခွဲ ကာလအတွင်း အလုံးရေ တစ်သိန်းခွဲခန့်သာ တရားဝင် လိုင်စင်ဖြင့် တင်သွင်းခဲ့သည်။ နယ်စပ်ကုန်သွယ်ရေး စခန်းများတွင်မူ အလုံးရေ ၁၈၂ လုံးသာ တင်သွင်းခွင့် လိုင်စင်လျှောက်ထား ခဲ့သည်အထိ အခြေအနေ ဆိုးရွားနေကြောင်း သိရသည်။

တရားမ၀င် ကုန်သွယ်မှုများအား ရွေ့လျားဖမ်းဆီးခဲ့သည့် ခုနစ်လအတွင်း ဟန်းဆက်အလုံးရေ ၉၃၇၀ လုံးဖမ်းဆီးခဲ့မိကာ တန်ဖိုးအားဖြင့် ကျပ်သိန်း ၂၁၄၂ ကျော်ခန့် ရှိနေကြောင်း သိရသည်။ အများစု ဖမ်းဆီးမိသည်များမှာ ကိုယ်ပိုင်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ အငှားယာဉ်များ၊ ခရီးသည်တင်ယာဉ်များမှ ဖမ်းဆီးမိခြင်း ဖြစ်သည်။

ဓာတ်ဆီ၊ ဒီဇယ်ဆီနှင့် ဖုန်းဟန်းဆက်များ၏ တရားဝင် တင်သွင်းခွင့် လိုင်စင်အား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ထုတ်ပေးနေခြင်း ဖြစ်သော်လည်း ဓာတ်ဆီဒီဇယ်ဆီများ တင်သွင်းခွင့်အား စွမ်းအင်ဝန်ကြီးဌာနကသာ တိုက်ရိုက်သက်ဆိုင်ကြောင်း သိရသည်။ အလားတူပင် ဖုန်းဟန်းဆက်များ တရားဝင် တင်သွင်းမှုမှာလည်း ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနနှင့်သာ တိုက်ရိုက်သက်ဆိုင်ကြောင်း ဦးတင်ရဲဝင်းက ဆိုသည်။

EMG

ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင် တစ်ဆိုင်အား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင် တစ်ဆိုင်အား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
အဆင့်မြင့်ဓာတ်ဆီ (92 Ron & 95 Ron)၊ အဆင့်မြင့် ဒီဇယ်ဆီ (Premium Diesel) နှင့် ဖုန်းဟန်းဆက် များအား တရားဝင် လိုင်စင်လျှောက်ထား၍ တင်သွင်းခွင့် ပြုခဲ့သော်လည်း တရားဝင်လိုင်စင်ဖြင့် တင်သွင်းမှု မရှိဘဲ မှောင်ခိုလမ်းကြောင်းမှသာ တင်သွင်းနေသဖြင့် ထိုသို့ တင်သွင်းနေမှုများအား အစိုးရအဖွဲ့ ခွင့်ပြု ချက် ရရှိပါက ဆိုင်များသို့ပင် ၀င်ရောက်ဖမ်းဆီးမည် ဖြစ်ကြောင်း တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်း ချုပ်ရေး ဗဟိုကော်မတီမှ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ပြောကြားသည်။

ဖလား (၅)လုံး လိုချင်တယ်လို့ ဆိုလာတဲ့ ဗန်ပါစီ

Photo: ဖလား (၅)လုံး လိုချင်တယ်လို့ ဆိုလာတဲ့ ဗန်ပါစီ 
===========================

Tuesday, August 13, 2013

ကွန်မြူနတီဒိုင်း အဖြစ် ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ ယူနိုက်တက်နှင့် အက်ဖ်အေ ချန်ပီယံ ၀ီဂန်တို့ ယှဉ်ပြိုင် ကစားသွားခဲ့ကြရာ မန်ယူနိုက်တက် အသင်းက ၀ီဂန်အသင်းကို (၂-၀)ဂိုးဖြင့် အနိုင်ရရှိ သွားခဲ့ ပါသည်။ မန်ယူနိုက်တက် အတွက် အနိုင်ဂိုး နှစ်ဂိုးစလုံးကို နယ်သာလန် တိုက်စစ်မှုး ဗန်ပါစီက သွင်းယူ ပေးသွားခဲ့ပါသည်။

ဗန်ပါစီက - "ဂိုးသွင်းနိုင်တဲ့ အရသာက တကယ်ကောင်းတယ်၊ အထူးသဖြင့် ၀င်ဘာလေမှာပေါ့၊ မန်ယူ အသင်းသား အားလုံးအတွက် ကျွန်တော် ၀မ်းမြောက် မိပါတယ်။ ပြီးခဲ့တဲ့ နှစ်တုန်းက ခေါင်းတိုက်ပြီး သွင်းတဲ့ဂိုး သိပ်မရှိခဲ့ဘူး၊ အဲဒါကြောင့် မလို့ ခေါင်းတိုက် ဘောတွေမှာ တိုးတက်အောင် ကျွန်တော် လေ့ကျင့်ခဲ့တယ်၊ ပြီးတော့ လက်ရှိ မန်ယူအသင်းကို ကျွန်တော် ယုံကြည်တယ်၊ ဇာဟာတို့လို လူငယ်လေး တွေလည်း အသင်းမှာ ရှိတယ်၊ ကျွန်တော်တို့ဟာ ချန်ပီယံ အသင်းသားတွေပါ၊ ပရီးမီးယားလိဂ် ချန်ပီယံ ရေပန်းစားမှုမှာ ကျွန်တော်တို့က ဘာလို့ တတိယ အဆင့် ရောက်နေလဲ ဆိုတာတော့ ကျွန်တော် နားမလည်နိုင်ပါဘူး၊ ပြိုင်ဘက် အားလုံးကို ကျွန်တော်တို့ အစွမ်းကုန် ကြိုးစား ရင်ဆိုင်သွားမယ်၊ ကျွန်တော်တို့အတွက် ဖလား (၅)လုံး ရနိုင်တဲ့ အခွင့်အရေးတွေ ရှိနေတယ်၊ ဖလားအားလုံး ကျွန်တော်တို့ လိုချင်တယ်" ဟု ပြောကြားသွားခဲ့သည်။

ဗန်ပါစီမှာ မန်ယူအသင်းသို့ ပြောင်းရွေ့ပြီး ရောက်စရာသီမှာပင် ပရီးမီးယားလိဂ် ချန်ပီယံကို သိမ်းပိုက်နိုင်ခဲ့သလို၊ ယခုနှစ်တွင်လည်း ကွန်မြူနတီဒိုင်းကို ဆွတ်ခူးနိုင်ခဲ့သည်။ 


ရိုးရာလေး 
ကွန်မြူနတီဒိုင်းအဖြစ် ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ ယူနိုက်တက်နှင့် အက်ဖ်အေ ချန်ပီယံ ၀ီဂန်တို့ ယှဉ်ပြိုင် ကစားသွားခဲ့ကြရာ မန်ယူနိုက်တက်အသင်းက ၀ီဂန်အသင်းကို (၂-၀)ဂိုးဖြင့် အနိုင်ရရှိ သွားခဲ့ပါသည်။ မန်ယူနိုက်တက်အတွက် အနိုင်ဂိုးနှစ်ဂိုးစလုံးကို နယ်သာလန်တိုက်စစ်မှုး ဗန်ပါစီက သွင်းယူ ပေးသွားခဲ့ပါသည်။

ဗုဒ္ဓဘာသာဝင်တို့နှင့် တင်းမာမှု ဖြစ်ပြီးနောက် သီရိလင်္ကာတွင် မွတ်စလင်တို့က ဗလီတစ်ခုပိတ်ရန် သဘောတူ

8.1.1
ကိုလံဘိုမြို့ရှိ တိုက်ခိုက်ခံခဲ့ရသော ဗလီအပြင်တွင် သီရိလင်္ကာရဲများ သြဂုတ် ၁၁ ရက်က ကင်းလှည့်နေစဉ် (Photo: AFP)
ဗုဒ္ဓဘာသာဝင်များနှင့် တင်းမာမှုများ ဖြစ်ပေါ်ပြီးနောက် မြို့တော်ကိုလံဘိုရှိ ဗလီအသစ်တစ်လုံးကို ပိတ် ပစ်ရန် သီရိလင်္ကာ နိုင်ငံရှိ မွတ်စလင်ခေါင်းဆောင်များက သြဂုတ် ၁၂ ရက်တွင် သဘောတူလိုက်ကြောင်း သိရသည်။

တစ်ယူနစ်လျှင် ၂၂ ကျပ် အရှုံးခံ ရောင်းချပေးနေရ၍ မီတာခများ လျှော့ချမည့် အစီအစဉ် မရှိကြောင်း လျှပ်စစ်ဒုဝန်ကြီး ပြောကြား

တစ်ယူနစ်လျှင် ၂၂ ကျပ် အရှုံးခံ ရောင်းချပေးနေရ၍ မီတာခများ လျှော့ချမည့် အစီအစဉ် မရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်သန်းဦးက သြဂုတ် ၁၂ ရက်တွင် ကျင်းပ သည့် ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

တောင်သူများ၏ သိမ်းဆည်းခံ လယ်မြေများ ပြန်လည် ရရှိရေးနှင့် တရားစွဲခံရခြင်းများ ရုပ်သိမ်းပေးရေး တောင်ငူမြို့မှ လိုင်ဇာမြို့အထိ လမ်းလျှောက်မည်

ပြည်နယ်နှင့် တိုင်း ၁၄ ခုမှ တောင်သူ လယ်သမားများ၏ သိမ်းဆည်း ခံထားရသည့် လယ်မြေများ ပြန် လည် ရရှိရေးနှင့် တောင်သူများ တရားစွဲ ခံထားရသည်များ ရုပ်သိမ်းပေးရေး အတွက် တောင်ငူမြို့မှ