Friday 18 March 2016

ညောင်ပင်သာကျေးရွာရှိ မီးဘေးသင့်ပြည်သူများအား တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများမှ ပစ္စည်းများလှူဒါန်း

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ကံသာကြီးကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာ၌ မတ် ၁၆ ရက် မွန်းလွဲပိုင်းတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး မီးလောင်ကျွမ်းခဲ့သည့် အဆောက်အအုံများနှင့် အပျက်အစီး များကို တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာပြည်သူများ ပူးပေါင်း၍ ရှင်းလင်းဖယ်ရှားခြင်း၊ မီးကြွင်းမီးကျန်များကို အပြီးသတ် မီးငြှိမ်းသတ်ခြင်းတို့အား ဆက်လက်ဆောင်ရွက်လျက်ရှိသည်။


သမ၀ါယမ ၀န်ကြီးဌာန မရှိတော့သော်လည်း သမချေးငွေများ သတ်မှတ်ချိန်အတိုင်း ဆပ်ရမည်

ဝန်ကြီးဌာနမရှိတော့ သော်လည်း ဗဟိုသမ၀ါယမ အ သင်းရှိနေသဖြင့် သမချေးငွေများ ကို သတ်မှတ်သည့် အချိန်အတွင်း ပြန်လည်ပေးဆပ်ရမည်ဟု သမ၀ါယမ၀န်ကြီးဌာနမှ သတင်း ရရှိသည်။အစိုးရသစ်လက်ထက်တွင် ၀န်ကြီးဌာနများလျှော့ချရာ၌ သမ ၀ါယမ ၀န်ကြီးဌာန ပါဝင်သော် လည်း ဦးစီးဌာနများ၊ အသင်းအဖွဲ့များကျန်ရှိနေသေး၍ ချေးငွေများသတ်မှတ်ချိန်အတွင်း ပြန်လည်ပေးဆပ်ရမည် ဖြစ်သည်။ သမ၀ါယမ၀န်ကြီးဌာနသည် ၂၀၁၅ ဒီဇင်ဘာနောက်ပိုင်းတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျပ် ၄၈၅ ဘီလီယံကျော် ထုတ်ချေးထားကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။