Sunday 21 October 2012

မောင်တောမြို့နယ် လူစု လူဝေး လုံခြုံရေးက သေနတ်ပစ်ခတ် လူစုခွဲ

ရခိုင်ပြည်နယ် အနောက်ဘက် မောင်တောမြို့နယ်တွင် ယမန်နေ့က လူစုလူဝေးဖြစ်လာသည့် အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက သေနတ်  မိုးပေါ် ပစ်ဖောက်ပြီးလူစု ခွဲလိုက်ရကြောင်း သိရှိရသည်။
မောင်းတောမြို့နယ် ဗောဓိကုန်းကျေးရွာ အနီးတွင် မွတ်ဆလင်များမှ လူစုရာမှ လူစုကွဲရန် စစ်တပ်မှ သေနတ် ၄ ချက် ပစ်ဖောက်ခဲ့ကြောင်း ကျေးရွာသား တဦးက ပြောသည်။

အင်းလျားကန်ပေါင်သို့ ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့လာရောက်ပြီး လုံခြုံရေး ဝန်ထမ်းနှင့် ဆိုင်ဝန်ထမ်းများအား မင်းမဲ့စရိုက်ဆန်စွာ ဝိုင်းဝန်းရိုက်နှက် ထိုးကြိတ်ခဲ့သူအချို့ကို ဖမ်းဆီးရမိပြီ


 
 Sunday, 21 October 2012 11:14

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်ရှိ အင်းလျားကန်ပေါင်သို့ ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့ လာရောက်ပြီး လုံခြုံရေးဝန်ထမ်းနှင့် ဆိုင်ဝန်ထမ်းများကို မင်းမဲ့စရိုက်ဆန်စွာ ၀ိုင်းဝန်းရိုက်နှက
်ထိုးကြိတ်      သူ အချို့ ကို ဖမ်းမိပြီဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါဖြစ်စဉ်မှာ အောက်တို ဘာလ ၁ ရက်နေ့ ည ၉ နာရီကျော် အချိန်တွင် ကန်ဘောင်လုံခြုံရေး ၀န်ထမ်း တစ်ဦးက ကန်ပေါင်ပေါ်မှ ဆင်းခိုင်းသဖြင့် မကျေမနပ်ဖြစ်နေသော သူများက ည ၁၁ နာရီ ၀န်း ကျင်တွင် ဆိုင်ကယ်များဖြင့် လာရောက်လာပြီး အဆိုပါဝန်ထမ်းနှင့် ဆိုင်ဝန်ထမ်းအချို့ကို ၀ိုင်းဝန်း ထိုးကြိတ်ခဲ့ကြောင်း သိရသည်။