Wednesday 5 November 2014

လီဗာပူးကို တစ်ဂိုးနဲ့ကပ်နိုင်ပြီး အုပ်စုတက်သွားတဲ့ ရီးရဲလ်မက်ဒရစ်(ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်)

Photo: လီဗာပူးကို တစ်ဂိုးနဲ့ကပ်နိုင်ပြီး အုပ်စုတက်သွားတဲ့ ရီးရဲလ်မက်ဒရစ်(ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်)
Wednesday, November 5, 2014

စပိန်မြေပေါ်မှာ သွားရောက်ကစားခဲ့ရတဲ့ပွဲမှာလည်း လီဗာပူးအသင်းက ရီးရဲလ်မက်ဒရစ်ကို တစ်ဂိုးတည်းနဲ့ ကပ်ရှုံးခဲ့ရပါတယ်။ ဒီနိုင်ပွဲကြောင့် ရီးရဲလ်မက်ဒရစ်ကတော့ အုပ်စုအဆင့်ကနေ လွတ်မြောက်သွားခဲ့ပြီဖြစ်ပြီ လီဗာပူးကတော့ အုပ်စုတက်ဖို့ ရုန်းကန်ရတော့မှာပါ။

လီဗာပူးဟာ ဒီပွဲအတွက် ဂျရတ်၊ ဘာလော့တယ်လီ၊ စတာလင် စတဲ့အမာခံကစားသမားတွေကို ပွဲထွက်စာင်းမှာ ချန်လှပ်ခဲ့ပါတယ်။ အဲဒီအစား မာကိုဗစ်၊ ဘိုရီနီ၊ ဂျိးအယ်လန်တို့ကို ပွဲထွက်စေခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ကတော့ ဘန်ဇီမား၊ ရော်နယ်ဒို၊ အစ္စကို၊ ဂျိမ်းစ်တို့နဲ့ လူစုံနီးပါး ပွဲထွက်လာပြီး ဂါရက်ဘေးလ်ကိုတော့ အရန်စာရင်းထဲမှာပဲ ထည့်ထားခဲ့တယ်။

လေးမိနစ်မှာပဲ ဂျိမ်းစ်ရိုဒရီဂွက်ဇ် အခွင့်အရေးရပြီး ကန်သွင်းခဲ့ပေမယ့် လီဗာပူးဂိုသမား မစ်ဂနိုလက် ကာကွယ်နိုင်ခဲ့တယ်။ ၁၁ မိနစ်မှာ ဘင်ဇီးမားရဲ့ထိုးဖောက်ချက်ကို စကာတယ် ကာကွယ်ရာကနေ ရော်နယ်ဒိုဆီရောက်သွားပြီး ကန်ချေက်ကောင်းခဲ့ပေမယ့်မစ်ဂနိုလက် ဒုတိယအကြိမ်မြောက် ကာကွယ်နိုင်ခဲ့တယ်။ ၂၇ မိနစ်မှာတော့ အိမ်ရှင် ရီးရဲလ်မက်ဒရစ်ကို လီဗာပူးဦးဆောင်ဂိုးပေးလိုက်ရပါတယ်။ နောက်ခံနေတက်လာတဲ့ မာဆယ်လိုက ဂိုးဧရိယာထဲ ဖြတ်တင်ပေးတာကို ဘန်ဇီးမားက အနီးကပ် အဆုံးသတ်ခဲ့ပြီး ဂိုးရယူပေးခဲ့တာပါ။ ပထမပိုင်းတစ်ပိုင်းလုံးနီးပါးမှာ လီဗာပူးက ဂိုးရဖို့အခွင့်အရေး တစ်ကြိမ်မှ နီးစပ်ခဲ့ခြင်းမရှိပါဘူး။

၅၈ မိနစ်မှာ မိုရီနိုရဲ့ဖြတ်တင်ပေးမှုတဆင့် လယ်လာနာ အခွင့်အရေးရခဲ့ပေမယ့် ဂိုးအဖြစ်တော့ မပြောင်းလဲ နိုင်ခဲ့ပါဘူး။ ဒီပွဲမှာ လီဗာပူးဟာ တိုက်စစ်ထက် ခံစစ်ပိုင်းက ပိုကောင်းနေခဲ့ပြီး ဂိုးသမား မစ်ဂနိုလက်လည်း လက်စွမ်းပြနေခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဂိုးသမား ကာဆီးလက်အတွက် ဒီပွဲက ၁၄၄ ပွဲမြောက် ချန်ပီယံလိဂ်ပွဲဖြစ်ခဲ့ပါတယ်။

ဘန်ဇီးမားကတော့ ဒီပွဲမှာလည်း ဂိုးသွင်းနိုင်ခဲ့လို့ ချန်ပီယံလိဂ်သမိုင်းမှာ ငါးပွဲဆက်တိုက်ဂိုးသွင်းတဲ့ လေးယောက်မြောက် ကစားသမားဖြစ်ခဲ့ပါတယ်။ အရင်တော့ မက်ဆီ၊ ခရစ္စတီယာနိုရော်နယ်ဒို၊ အွန်နရီတို့က ချန်ပီယံလိဂ်မှာ ငါးပွဲဆက်တိုက် ဂိုးသွင်းယူထားကြပါတယ်။

ဒုတိယပိုင်းမှလည်း ရီးရဲလ်မက်ဒရစ်က် ဒုတိယဦးဆောင်ဂိုး ရဖို့ ထိုးဖောက်ခဲ့ပေမယ့် လီဗာပူးခံစစ်က အမှားအယွင်း မရှိပဲ ကာကွယ် သွားနိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာ လီဗာပူး ခံစစ်ကစားပုံက ချီးကျူးချင်စရာဖြစ်ခဲ့ရတယ်။

Soccer Myanmar
စပိန်မြေပေါ်မှာ သွားရောက်ကစားခဲ့ရတဲ့ပွဲမှာလည်း လီဗာပူးအသင်းက ရီးရဲလ်မက်ဒရစ်ကို တစ်ဂိုးတည်းနဲ့ ကပ်ရှုံးခဲ့ရပါတယ်။ ဒီနိုင်ပွဲကြောင့် ရီးရဲလ်မက်ဒရစ်ကတော့ အုပ်စုအဆင့်ကနေ လွတ်မြောက်သွားခဲ့ပြီဖြစ်ပြီ လီဗာပူးကတော့ အုပ်စုတက်ဖို့ ရုန်းကန်ရတော့မှာပါ။

အိုဘားမား နိုဝင်ဘာ ၁၂ မြန်မာပြည်ရောက်မည်

Photo: အိုဘားမား နိုဝင်ဘာ ၁၂ မြန်မာပြည်ရောက်မည်
Wednesday, November 5, 2014

အမေရိကန်သမ္မတ Barack Obama ဟာ မြန်မာနိုင်ငံကို နိုဝင်ဘာလ ၁၂ ရက်နေ့ ကနေ ၁၄ ရောက်နေ့အထိ လာရောက်မယ်လို့ သမ္မတအိမ်ဖြူတော်က နိုဝင်ဘာ ၄ ရက်နေ့ နေ့စွဲနဲ့ ကြေငြာချက်ထုတ်ပြန်ပါတယ်။ သမ္မတ Obama ဟာ EAS အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲနဲ့ အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲတို့ကို နေပြည်တော်မှာ တက်ရောက်မှာပါ။

မြန်မာသမ္မတ ဦးသိန်းစိန်နဲ့လည်း သီးသန့်ဆွေးနွေးမှာ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါတွေအပြင် နိုဝင်ဘာလ ၁၄ ရက်နေ့မှာလည်း အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင် အစပျိုးလုပ်ဆောင်မှု အခမ်းအနား ကျင်းပပြီး အခမ်းအနား တက်ရောက်သူတွေနဲ့ အပြန်အလှန် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

အဲဒီနေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ရှိတယ်လို့လည်း အိမ်ဖြူတော်က ပြောပါတယ်။ နိုဝင်ဘာ ၁၀ ရက်ကနေ ၁၆ ရက်နေ့ထိ ကြာမယ့် အာရှခရီးစဉ်အတွင်းမှာ တရုတ်နိုင်ငံနဲ့ သြစတြေးလျ နိုင်ငံတွေကိုလည်း ဝင်ရောက်မှာ ဖြစ်ပါတယ်။
ဒီခရီးစဉ်ဟာ သမ္မတ အိုဘားမားအတွက်တော့ မြန်မာနိုင်ငံကို ဒုတိယမြောက် ခရီးစဉ်ဖြစ်ပြီး ပထမတခေါက်၂၀၁၂ နိုဝင်ဘာမှာ မြန်မာနိုင်ငံကို လာရောက်တုန်းကလည်း သမ္မတ ဦးသိန်းစိန်ရော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ပါ တွေ့ဆုံခဲ့တဲ့အပြင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ မြန်မာပြည်သူလူထုကို သမ္မတ အိုဘားမား မိန့်ခွန်းပြောကြားသွားခဲ့ပါတယ်။ 

VOA

အမေရိကန် သမ္မတ အိုဘားမားနဲ့ မြန်မာသမ္မတ ဦးသိန်းစိန် တို့ ရန်ကုန် လွှတ်တော်အဆောက်အအုံမှာ တွေ့ဆုံခဲ့ကြစဉ်။ ( နိုဝင်ဘာ ၁၉။ ၂၀၁၂။)

အမေရိကန် သမ္မတ အိုဘားမားနဲ့ မြန်မာသမ္မတ ဦးသိန်းစိန် တို့ ရန်ကုန် လွှတ်တော်အဆောက်အအုံမှာ တွေ့ဆုံခဲ့ကြစဉ်။ ( နိုဝင်ဘာ ၁၉။ ၂၀၁၂)

အမေရိကန်သမ္မတ Barack Obama ဟာ မြန်မာနိုင်ငံကို နိုဝင်ဘာလ ၁၂ ရက်နေ့ ကနေ ၁၄ ရောက်နေ့ အထိ လာရောက်မယ်လို့ သမ္မတအိမ်ဖြူတော်က နိုဝင်ဘာ ၄ ရက်နေ့ နေ့စွဲနဲ့ ကြေငြာချက်ထုတ်ပြန်ပါ တယ်။ သမ္မတ Obama ဟာ EAS အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲနဲ့ အမေရိကန်-အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ တို့ကို နေပြည်တော်မှာ တက်ရောက်မှာပါ။

မြန်မာနောက်ကြောင်းပြန်မလှည့်ရေး အိုဘားမားတိုက်တွန်းဖို့ HRW တောင်းဆို

Photo: မြန်မာနောက်ကြောင်းပြန်မလှည့်ရေး အိုဘားမားတိုက်တွန်းဖို့ HRW တောင်းဆို
Wednesday, November 5, 2014

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားအနေနဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်အစိုးရကို ဒီမိုကရေစီအသွင်ကူးပြောင်းရေး နောက်ကြောင်း ပြန်မလှည့်ဖို့ ထိထိရောက်ရောက် ပြောဆိုဆွေးနွေးဖို့ HRW နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ကြီးက တိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် သမ္မတ အိုဘားမားခရီးစဉ်အတွင်း မြန်မာပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို မြင်တွေ့နိုင်မယ်လို့လည်း မြန်မာလူထုအခြေပြု အဖွဲ့အစည်းတွေကလည်း မျှော်လင့်နေကြပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

အမေရိကန်သမ္မတအိမ်ဖြူတော်ရဲ့ ကြေညာချက်အရ သမ္မတအိုဘားမားဟာ မြန်မာနိုင်ငံကို နိုဝင်ဘာလ ၁၂ ရက်နေ့ကနေ ၁၄ ရောက်နေ့အထိ လာရောက်မှာ ဖြစ်ပါတယ်။ နေပြည်တော်မှာကျင်းပမယ့် EAS အရှေ့အာရှထိပ်သီးဆွေးနွေးပွဲနဲ့ အမေရိကန် အာဆီယံ ထိပ်သီးဆွေးနွေးပွဲတို့ကို သမ္မတ အိုဘားမား တက်ရောက်မှာပါ။

နိုဝင်ဘာလ ၁၄ ရက်နေ့မှာတော့ ရန်ကုန်မြို့မှာ လူငယ်ထုနဲ့ အပြန်အလှန်ဆွေးနွေးမယ့် အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင် အစပျိုးလုပ်ဆောင် ဆွေးနွေးပွဲအခမ်းအနားကို သမ္မတ အိုဘားမား တက်ရောက်ဖို့ ရှိပါတယ်။ အဲဒီနေ့မှာပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာဖြစ်တယ်လို့ အိမ်ဖြူတော်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သမ္မတအိုဘားမားရဲ့ မြန်မာနိုင်ငံကိုသွားမယ့် ခရီးစဉ်မတိုင်ခင် နယူးယောက်အခြေစိုက် HRW နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီး အပါအ၀င် အခြားလူ့အခွင့်အရေး အဖွဲ့အစည်းတွေကနေ မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖော်ထုတ်အစီရင်ခံ တင်ပြခဲ့ကြတာပါ။ အိုဘားမားအနေနဲ့ မြန်မာအစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါမှာ ဒီအချက်တွေကိုကိုင်ပြီး စစ်မှန်တဲ့ပြုပြင်ပြောင်းလဲရေးအတွက် ဖိအားပေး ပြောဆိုဖို့ဖြစ်တယ်လို့ HRW ရဲ့ အာရှရေးရာတာဝန်ခံ John Sifton က ဗွီအိုအေကို ပြောပါတယ်။

“မြန်မာ့အသွင်ကူးပြောင်းရေးမှာ နောက်ကြောင်းပြန်လှည့်နေတဲ့ အဓိကအချက်တွေကတော့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာစစ်တပ်အကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးတာတွေ ရပ်တန့်နေတဲ့အခြေအနေတွေ၊ ဒီအတောအတွင်း ဘာသာခြားဖြစ်တဲ့ မူဆလင်တွေကို ပစ်မှတ်ထားပြီး အမုန်းစကားတွေ ပြန့်ပွားအောင် လုပ်ဆောင်နေတာတွေ ဖြစ်ပါတယ်။ တကယ်လို့များ မြန်မာခေါင်းဆောင်တွေဘက်က ဒါတွေကို မှန်မှန်ကန်ကန် မဖြေရှင်းဘူးဆိုရင် သမ္မတ အိုဘားမားအနေနဲ့ ပြောရမှာက မြန်မာဆက်ဆံရေးကို အမေရိကန်ဘက်က တိုးမြှင့်တော့မှာ မဟုတ်ဘူးဆိုတာရယ် နောက်ပြီး စစ်ရေးဆိုင်ရာ အကူအညီတွေ မပေးဘူးဆိုတာရယ်၊ World Bank တို့လို ကမ္ဘာ့ဘဏ်တွေကို မြန်မာကို ကူညီထောက်ပံ့ဖို့ အားမပေးတာရယ်၊ နောက်ပြီး ၂၀၁၅ ရွေးကောက်ပွဲကို ဒီမိုကရေစီ နည်းလမ်းတကျ လုပ်တာမဟုတ်ဘူး စတဲ့ သတိပေးပြောဆိုချက်တွေကို အိုဘားမားအနေနဲ့ သမ္မတ ဦးသိန်းစိန်ကိုပြောဖို့ HRW တိုက်တွန်းပါတယ်။”

ဒါ့အပြင် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက လူပုဂ္ဂိုလ်တဦးချင်းစီအတွက် စီးပွားရေးအရ ဒဏ်ခတ်တဲ့အနေနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိ အာဏာရနိုင်ငံရေးပါတီက သြဇာကြီးမားတဲ့ တောင်သာ လွှတ်တော်အမတ် ဦးအောင်သောင်းကို အမည်မဲစာရင်းမှာ ထည့်သွင်းလိုက်တာကို HRW က ထောက်ခံပေမဲ့ အာဏာကို ဆက်လက်ဆုပ်ကိုင်ထားဆဲ စစ်တပ်ခေါင်းဆောင်အားလုံးကိုပါ ဒဏ်ခတ်သင့်တယ်လို့ မြင်ကြောင်း John Sifton က ပြောပါတယ်။

“စစ်တပ်နဲ့နီးစပ်ပြီး သဘောထားတင်းမာသူတွေ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို မလိုလားတဲ့သူတွေဟာ ဒီလိုမျိုး အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရမယ်ဆိုတာ သတိပေးလိုက်တာပါ။ တကယ်လို့ ပြုပြင်ပြောင်းလဲရေးမှာ ပါဝင်သူတွေကိုတော့ ဒဏ်ခတ်အရေးယူ ပိတ်ဆို့တဲ့စာရင်းကနေ ပယ်ဖျက်ပေးနေပါတယ်။ ဒါဟာ မြန်မာ့အသွင်ကူးပြောင်းရေးကို တွန်းအားပေးတဲ့အနေနဲ့ အမေရိကန်အစိုးရက ဆောင်ရွက်နေတာပါ။ ဒါပေမဲ့ ပုဂ္ဂိုလ်တဦးချင်းစီကိုပဲ ဖိအားပေးတာမျိုးက မလုံလောက်ပါဘူး။”

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အရှေ့အာရှ ထိပ်သီးအစည်းအဝေးပွဲကို တက်ရောက်မယ့် သမ္မတ အိုဘားမားဟာ သူရဲ့ခရီးစဉ်အတွင်း အသွင်ကူးပြောင်းရေးကာလ မြန်မာပြည်သူတွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို နားလည်သဘောပေါက်ပြီး သမ္မတ ဦးသိန်းစိန်အစိုးရကို ထိထိရောက်ရောက် တိုက်တွန်းနိုင်မယ်လို့ လူထုအခြေပြု အဖွဲ့အစည်းတွေက မျှော်လင့်ထားကြတာပါ။ ဒါနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုကို ခေတ္တခဏရောက်ရှိနေတဲ့ လူထုအခြေပြု အဖွဲ့အစည်း ခေါင်းဆောင်တဦးဖြစ်သူ မဇင်မာအောင်ကတော့ အခုလို ပြောပါတယ်။

“ဒီဘက်မှာဆိုလို့ရှိရင်လည်း အိုဘားမားရဲ့ နိုင်ငံခြားရေး မူဝါဒတွေနဲ့ ပတ်သက်လို့ တော်တော်လေး ဝေဖန်ခံနေရတာတွေ ရှိတယ်ပေါ့နော်။ ကျမအနေနဲ့ကတော့ ဒီခရီးစဉ်ဟာ ခုန ဒီဘက်က သူ့ပြည်တွင်း နိုင်ငံရေးအခြေအနေနဲ့ ဖိအားတွေကို ကျော်လွန်ရုံသက်သက် ဒါမှမဟုတ်လို့ရှိရင်လည်း သံခင်းတမန်ခင်း တွေ့ကြပြီးတော့ စကားလုံး အလှအပတွေထက်ကို ကျော်ပြီးတော့ ကျမတို့ နိုင်ငံသူနိုင်ငံသားတွေနဲ့ တိုင်းပြည်အတွက် တကယ်လိုအပ်နေတဲ့ တကယ့် Agenda တွေပေါ့နော် အဲ့ဒါတွေကို အချိန်နဲ့တကွ တကယ့်လက်တွေ့ အကောင်အထည်ဖော်နိုင်တဲ့ဟာမျိုးကို မြန်မာအစိုးရတာဝန်ရှိတဲ့သူတွေနဲ့ပေါ့လေ တွေ့တဲ့အခါမှာ တွန်းတွန်းတိုက်တိုက်ပြောမယ်။ ကတိက၀တ်တွေလည်း ရစေချင်တယ်။”

နိုဝင်ဘာ ၁၀ ရက်ကနေ ၁၆ ရက်နေ့ထိ ကြာမယ့် အိုဘားမားရဲ့ အာရှခရီးစဉ်အတွင်းမှာ တရုတ်နိုင်ငံနဲ့ သြစတြေးလျ နိုင်ငံတွေကိုလည်း ဝင်ရောက်မှာ ဖြစ်ပါတယ်။ သမ္မတ အိုဘားမားအတွက် ဒီတခေါက် မြန်မာနိုင်ငံခရီးစဉ်ဟာ ဒုတိယမြောက်ဖြစ်ပြီး ပထမတခေါက် ၂၀၁၂ နိုဝင်ဘာမှာ မြန်မာနိုင်ငံကို လာရောက်တုန်းကလည်း သမ္မတ ဦးသိန်းစိန်ရော၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံ ခဲ့တဲ့အပြင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ မြန်မာပြည်သူလူထုကို သမ္မတ အိုဘားမား မိန့်ခွန်းပြောကြားသွားခဲ့ပါတယ်။

VOA
အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားအနေနဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်အစိုးရကို ဒီမိုကရေစီအသွင်ကူးပြောင်းရေး နောက်ကြောင်း ပြန်မလှည့်ဖို့ ထိထိရောက်ရောက် ပြောဆိုဆွေးနွေးဖို့ HRW နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ကြီးက တိုက်တွန်းလိုက်ပါတယ်။

အာရှနိုင်ငံများ အီဘိုလာဗိုင်းရပ်စ် တိုက်ဖျက်ရေး လုံလောက်စွာ ပါဝင်မှုမရှိဟု ဆို


Photo: အာရှနိုင်ငံများ အီဘိုလာဗိုင်းရပ်စ် တိုက်ဖျက်ရေး လုံလောက်စွာ ပါဝင်မှုမရှိဟု ဆို
Wednesday, November 5, 2014

အာရှနိုင်ငံတွေဟာ အီဘိုလာဗိုင်းရပ်စ်ပျံ့နှံ့မှု ရပ်တံ့အောင်ကူညီနိုင်တဲ့ သင်တန်းဆင်း ဆေးဘက်ပညာသည်တွေ ကြွယ်ကြွယ်ဝဝရှိပေမယ့် အီဘိုလာဗိုင်းရပ်စ် တိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာ အားထုတ်မှုကို လုံလုံ လောက်လောက် ပါဝင်မှု မရှိဘူးလို့ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဂျင်ယောင်ကင်မ်က နိုဝင်ဘာလ ၄ ရက်နေ့က ပြောပါတယ်။

ebola-texas-2_3062259bကိုရီးယားမြို့တော် ဆိုးလ်မြို့မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ကင်မ်က အီဘိုလာ ဗိုင်းရပ်စ်ကို အရင်းအမြစ် ကနေရပ်အောင်ကူဖို့ သင်တန်းဆင်းကျန်းမာရေး လုပ်သားတွေကို ကမ်းလှမ်းဖို့ အာရှနိုင်ငံတွေကို နှိုးဆော်တယ်လို့ ပြောပါတယ်။

တောင်ကိုရီးယားကတော့ အီဘိုလာတိုက်ဖျက်ရေးအတွက် အမေရိကန်ဒေါ်လာ ၅.၆ သန်း ထည့်ဝင်ဖို့ ကတိပြုထားပါတယ်။ တရုတ်ကတော့ အာဖရိက ၁၃ နိုင်ငံနဲ့နိုင်ငံတကာ အဖွဲ့အစည်း တွေကို အီဘိုလာ တိုက်ဖျက်ရေးအတွက် အမေရိကန်ဒေါ်လာ ၁၂၃ သန်း လှူပြီးပါပြီ။

ဂျပန်နဲ့ တရုတ်တို့ဟာ အနောက်အာဖရိကမှာရှိတဲ့ အီဘိုလာကူးစက်ခံ နိုင်ငံတွေဆီ ပစ္စည်း ကိရိယာတွေနဲ့ ဆေးဘက်ဝန်ထမ်းတွေကိုလည်း စေလွှတ်ခဲ့ပါတယ်။ ဒါပေမယ့် အာရှဒေသ တခုလုံးအနေနဲ့ တုံ့ပြန်မှုဟာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေနဲ့စာရင် အများကြီး နောက်ကျကျန်နေပါတယ်။

အမေရိကန်ကတော့ ဒေါ်လာ ၁ ဘီလျံနဲ့ ထောင်နဲ့ချီတဲ့ တပ်ဖွဲ့ဝင်တွေ စေလွှတ်ခဲ့ပြီးပါပြီ။ လာမယ့် ၆ လကနေ တနှစ်လောက်ထိ ထောင်နဲ့ချီတဲ့ ကျန်းမာရေးလုပ်သားတွေ လိုအပ်နေဆဲလို့ ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌကပြောပါတယ်။

နယ်စပ်ထိန်းချုပ်မှု တခုတည်းကို အားကိုးတာဟာ မီးလောင်နေတဲ့အိမ်ထဲမှာ အိမ်ခန်းထဲကို မီးခိုးမဝင်အောင် ရေစိုဝတ်ကို တံခါးအောက်မှာ ထည့်တာနဲ့ တူတယ်လို့လည်း ခိုင်းနှိုင်းပြောဆို ခဲ့ပါတယ်။

၁၉၇၆ ခုနှစ်က စတင်မှတ်တမ်းတင်ချိန်က စပြီး ခုချိန်ထိ လူသေမှုအများဆုံး ကူးစက်မှုကို နှိမ်နင်းရာမှာ ကူညီဖို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်သား အယောက်ထောင်ချီ လိုအပ်နေတာ ပါ။ အီဘိုလာဗိုင်းရပ်စ် ကူးစက်မှုကြောင့် အနောက်အာဖရိကနိုင်ငံတွေဖြစ်တဲ့ လိုက်ဘေးရီးယား၊ ဂီနီနဲ့ ဆီရီယာလီယွန်နိုင်ငံတွေက လူများစုဖြစ်တဲ့ လူအယောက် ၅၀၀၀ နီးပါး သေဆုံးခဲ့ပြီးပါပြီ။

ဒီဗွီဘီ
အာရှနိုင်ငံတွေဟာ အီဘိုလာဗိုင်းရပ်စ်ပျံ့နှံ့မှု ရပ်တံ့အောင်ကူညီနိုင်တဲ့ သင်တန်းဆင်း ဆေးဘက်ပညာ သည်တွေ ကြွယ်ကြွယ်ဝဝရှိပေမယ့် အီဘိုလာဗိုင်းရပ်စ် တိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာ အားထုတ်မှုကို လုံလုံ လောက်လောက် ပါဝင်မှု မရှိဘူးလို့ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဂျင်ယောင်ကင်မ်က နိုဝင်ဘာလ ၄ ရက်နေ့က ပြောပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ဘယ်လာရုစ်သမ္မတနိုင်ငံရှိ 72 Combined Training Centre နှင့် တင့်ကားပြင်ဆင်ရေးအလုပ်ရုံသို့ သွားရောက်ကြည့်ရှုလေ့လာ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၃ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ Borisov City ရှိ 72 Combined Training Centre သို့ သွားရောက်ကြည့်ရှု လေ့လာကြသည်။

အစိုးရအရာရှိကြီးများ ခြိုးခြံချွေတာရေးအစီအစဉ် ကျင့်သုံးရန် အိန္ဒိယဝန်ကြီး ချုပ် အမိန့်ထုတ်

Photo: အစိုးရအရာရှိကြီးများ ခြိုးခြံချွေတာရေးအစီအစဉ် ကျင့်သုံးရန် အိန္ဒိယဝန်ကြီး ချုပ် အမိန့်ထုတ်
Wednesday, November 5, 2014

အိန္ဒိယဝန်ကြီးချုပ် မိုဒီသည်က အစိုးရအဖွဲ့ အကြီးအကဲများ၏ အသုံးစရိတ်များ ကို ထိန်းချုပ်သွားရေးအတွက် ခြိုးခြံချွေတာရေး လုပ်ငန်းစဉ်များကို လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ကြေငြာခဲ့သည်ဟု သိရသည်။

အိန္ဒိယ အစိုးရအရာရှိများအနေဖြင့် ခရီးသွားရာတွင် ပထမတန်းစား ဇိမ်ခံခုံနေရာများတွင် စီးနင်းလိုက်ပါမှုများ၊ ကြယ်ငါးပွင့် အဆင့်ရှိ
ဟိုတယ်ကြီးများတွင် အစည်းအဝေးများ ကျင်းပခြင်းများနှင့် အဖိုးတန်ကားများကို ၀ယ်ယူနေခြင်းများကို စွန့်လွှတ်ကြရန် မိုဒီက
မှာကြားထားသည်။

ထို့ပြင် အစိုးရ အရာရှိများအနေဖြင့် အစည်းအဝေးများအား ဗီဒီယိုမှတစ်ဆင့် ပြုလုပ်ခြင်းကို အတတ်နိုင်ဆုံး လျှော့ချရန်နှင့် အစိုးရအဖွဲ့ အတွင်း မည်သည့် ရာထူးနေရာသစ်များကို မျှဖန်တီး ခန့်အပ်ခြင်းများ မပြုလုပ်ရန် မိုဒီက တားမြစ်လိုက်သည်။

ဝန်ကြီးချုပ် မိုဒီသည် ဘဏ္ဍာရေးလိုငွေပြနေခြင်းများကို လျှော့ချသွားရန် ဆန္ဒရှိနေပြီး ယင်းသို့ လုပ်ဆောင်ခြင်းဖြင့် ရွေးကောက်ပွဲ ကတိက၀တ်များကို တည်စေရန် လုပ်ဆောင်ခြင်း ဖြစ်သည်။

အစိုးရအဖွဲ့အနေဖြင့် အရေးပေါ် ဘဏ္ဍာငွေသုံးစွဲမှုများကို လာမည့်နှစ် မတ်လ မတိုင်မီကာလတွင် အနည်းဆုံး ၁၀ ရာခိုင်နှုန်းထိ လျှော့ချ သွားရန် လိုအပ်လျက်ရှိသည်။

အဆိုပါ ခြိုးခြံချွေတာရေး အစီအစဉ်များကို မိုဒီ၏ ဘီဂျေပီ ပါတီခေါင်းဆောင်များကလည်း ကြိုဆိုလက်ခံခဲ့ကြသည်။

“နာရင်ဒါ မိုဒီက သူဟာ နိုင်ငံရဲ့ ဘဏ္ဍာတိုက်ကို စောင့်ကြပ်မယ့်သူလို့ ရွေးကောက်ပွဲ မဲဆွယ်မှုကာလ မတိုင်မီကတည်းက ပြောခဲ့ပါတယ်၊ ဒါ့အပြင် သူဝန်ကြီးချုပ် ဖြစ်လာတဲ့အချိန်မှာလည်း တစ်ကျပ်တစ်ပြားမှ အလေ့အလွင့်မခံနိုင်ဘူးလို့ ပြောထားပါတယ်” ဟု ဘီဂျေပီပါတီ ၏ ပြောရေးဆိုခွင့်ရှိသူ ဆမ်ဘစ်တ်ပါထရာ က ပြောသည်။

“ သူပေးထားတဲ့ ကတိကဝတ်တွေတည်ဖို့၊ သူ့ရဲ့ ကိုယ်ပိုင် သဘောထားတွေအတိုင်း လုပ်ဆောင်ဖို့အတွက် မိုဒီနဲ့ သူ့အစိုးရ အဖွဲ့ကတော့ ခြိုးခြံချွေတာရေးလုပ်ငန်းစဉ် တစ်ခုကို စတင်လုပ်ဆောင်နေပါပြီ၊ ဒါတွေအားလုံးကတော့ အိန္ဒိယပြည်သူတွေ အတွက်ပါပဲ၊ ဒါကိုကျွန်တော်တို့ ကြိုဆိုရပါမယ်” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

သို့ရာတွင် အချို့သော အတိုက်အခံခေါင်းဆောင်များက မိုဒီ၏ ယင်းလုပ်ငန်းစဉ်သည် အစိုးရ၏ ဘဏ္ဍာငွေသုံးစွဲမှုများကို ထိထိရောက်ရောက် လျှော့ချနိုင်မည်မဟုတ်ပဲ ထင်ပေါ်ကျော်ကြားရန်အတွက်သာ ဖြစ်သည်ဟု ယူဆပြီး ထိုကဲ့သို့ ခြိုးခြံချွေတာရေး လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်မှာ ကြီးမားသော စိန်ခေါ်မှုပင်ဖြစ်သည်ဟု ဆိုကြသည်။

“ ခြိုးခြံချွေတာရေး လမ်းစဉ်ကို လိုက်ဖို့နဲ့ ဘဏ္ဍာငွေသုံးစွဲမှုပိုင်းကို လျှော့ချမယ့် မိုဒီအစိုးရရဲ့ ကြေငြာချက်နောက်ကွယ်မှာ ရည်ရွယ်ချက်ရှိပါတယ်၊ ဒီနေရာမှာ လူတွေကလည်း ခင်ဗျားရဲ့ ရည်ရွယ်ချက်တွေနဲ့ ခင်ဗျားဘာလုပ်ဖို့ ကြိုးစာနေလဲဆိုတာကို သိပါလိမ့်မယ်၊ ဒါကြောင့် ဒီလုပ်ငန်းစဉ်တွေကို သူတို့ လွှတ်တော်အမတ်တွေက ဘယ်လောက်တောင် လက်ခံကျင့်သုံးကြမလဲဆိုတာကို ကျွန်တော်တို့ မြင်ရပါလိမ့်မယ်” ဟု အိန္ဒိယ အေအေပီပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒီလစ်ပန်ဒေးက ပြောကြားသည်။

လက်ရှိအချိန်တွင် မိုဒီ၏ အစိုးရအဖွဲ့သည် ထိုကဲ့သို့ ဘဏ္ဍာငွေသုံးစွဲမှုများကို လျှော့ချရန်နှင့် အခြားသော အရင်းအမြစ်များ ရရှိရန် ဆောင်ရွက်နေသော်လည်း လက်ရှိအချိန်ထိ ယင်းကဲ့သို့ ခြိုးခြံချွေတာရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ်များကို ချပြခြင်း မရှိသေးပေ။ အိန္ဒိယတွင် ယခင် ကွန်ဂရက်ပါတီ အစိုးရလက်ထက်ကလည်း ယင်းကဲ့သို့သော ချွေတာရေး အစီအစဉ်များကို ကြေငြာခဲ့သော်လည်း ဆက်လက်လုပ်ကိုင်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။

Mizzima - News in Burmese
အိန္ဒိယဝန်ကြီးချုပ်မိုဒီသည်က အစိုးရအဖွဲ့ အကြီးအကဲများ၏ အသုံးစရိတ်များကို ထိန်းချုပ်သွားရေးအတွက် ခြိုးခြံချွေတာရေး လုပ်ငန်းစဉ်များကို လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ကြေငြာခဲ့သည်ဟု သိရသည်။

ပျောက်ဆုံး တောင်တက်သမားနှစ်ဦးကို ကျပ်သိန်း ၁၅၀ စီဖြင့် ဂုဏ်ပြု

Photo: ပျောက်ဆုံး တောင်တက်သမားနှစ်ဦးကို ကျပ်သိန်း ၁၅၀ စီဖြင့် ဂုဏ်ပြု
Wednesday, November 5, 2014

ကချင်ပြည်နယ် ခါကာဘိုရာဇီတောင်ထိပ်သို့ ရောက်ရှိခဲ့ပြီး တောင်အဆင်းတွင် ပျောက်ဆုံးခဲ့သည့် တောင်တက်သမားနှစ်ဦး အတွက် တက္ကသိုလ်များ ခြေလျင်နှင့်တောင်တက်အသင်း သဘာဝခေါ်သံ ဖောင်ဒေးရှင်းက ကျပ်သိန်း ၁၅၀ စီ အပါအဝင် ဂုဏ်ပြုဆုများဖြင့် ဂုဏ်ပြုခဲ့ကြောင်း အဆိုပါ ဖောင်ဒေးရှင်းထံမှ သိရှိရသည်။

နိုဝင်ဘာလ ၂ ရက်က ရန်ကုန်မြို့ UMFCCI ခန်းမတွင် ကျင်းပသော ခါကာဘိုရာဇီ သူရဲကောင်းများ ဂုဏ်ပြုပွဲ၌ တောင်တက်သမားနှစ်ဦး ဖြစ်သည့် ကိုအောင်မြင့်မြတ်နှင့် ကိုဝေယံမင်းသူတို့အပြင် အခြေစိုက်စခန်းသို့ ရောက်ရှိခဲ့သည့် တောင်တက်သမား ခြောက်ဦးကို ကျပ် ၁၀ သိန်းစီနှင့် ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးတွင် ပါဝင်ရင်း ရဟတ်ယာဉ် မတော်တဆမှုကြောင့် သေဆုံးခဲ့ရသူ ထူးဖောင်ဒေးရှင်းမှ ကပ္ပတိန် အောင်မြတ်တိုးအတွက် ဂုဏ်ပြုမှတ်တမ်း ပေးအပ်ခဲ့သည်။

တောင်တက်သမားနှစ်ဦး အတွက် ဂုဏ်ပြုငွေများကို ပရီမီယားကော်ဖီကုမ္ပဏီမှ ကျပ်ငွေသိန်း ၁၀၀ စီနှင့် အသင်းမှ ကျပ်ငွေ သိန်း ၅၀ စီ ထည့်ဝင်ခဲ့ကြောင်း၊ ဂုဏ်ပြုပွဲအတွက် ဝေဖန်သူအချို့ ရှိခဲ့သော်လည်း လုပ်သင့် လုပ်ထိုက်သည့် အတွက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကာ အသင်းအနေနှင့် တောင်တက်ခရီးစဉ်များကိုလည်း ဆက်လက်ထွက်ခွာသွားမည် ဖြစ်ကြောင်း တက္ကသိုလ်များခြေလျင်နှင့် တောင်တက်အသင်း သဘာဝခေါ်သံ ဖောင်ဒေးရှင်း ပြန်ကြားရေးတာဝန်ခံ ဦးကျော်နိုင်က ပြောကြားသည်။

“ကျွန်မအတွက်ကတော့ သူ အသက်ရှင်လိမ့်မယ်လို့ မျှော်လင့်နေတုန်းပါပဲ” ဟု အဆိုပါ အခမ်းအနားကို တက်ရောက်ခဲ့သည့် ကိုဝေယံမင်းသူ၏ မိခင်ဖြစ်သူက ဆိုသည်။

ပျောက်ဆုံးခဲ့သူ နှစ်ဦးသည် သြဂုတ်လ ၃၁ ရက် ညနေပိုင်းက တောင်ထိပ်သို့ ရောက်ရှိခဲ့ကာ တောင်ခြေစခန်းရှိသူများနှင့် နိုင်ငံတော်သီချင်းကို ပြိုင်တူဆိုခဲ့ကြပြီးနောက်တွင် အဆက်အသွယ် ပြတ်သွားခဲ့ခြင်း ဖြစ်သော်လည်း ယခုအချိန်အထိ အသက်ရှင်ရန် မျှော်လင့်ကြောင်း တောင်တက်အဖွဲ့တွင် ပါဝင်ခဲ့သူတစ်ဦးက ပြောကြားသည်။

“ဆုံးသွားတဲ့အတွက် ဖြေမဆည်အောင် ခံစားရပေမယ့် ပြည်သူ့အတွက်၊ ထူးဖောင်ဒေးရှင်းအတွက် တာဝန်ကျေပွန်အောင် ထမ်းဆောင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်” ဟု ကပ္ပတိန် အောင်မြတ်တိုး၏ ဇနီး ဒေါ်လှိုင်မြတ်တင့်က ဆိုသည်။

ဇူလိုင်လ ၂၆ ရက်က တောင်တက်သမားရှစ်ဦး ပါဝင်သည့်အဖွဲ့မှာ ခါကာကာဘိုရာဇီတောင်ကို တက်ရောက်ရန် ထွက်ခွာခဲ့ပြီး ခါကာဘိုရာဇီတောင်ထိပ်ကို နှစ်ဦးရောက်ရှိခဲ့ကာ ကျန်ခြောက်ဦးမှာ Base Camp တွင် ကျန်ရစ်ခဲ့သည်။

The Voice Weekly
ကချင်ပြည်နယ် ခါကာဘိုရာဇီတောင်ထိပ်သို့ ရောက်ရှိခဲ့ပြီး တောင်အဆင်းတွင် ပျောက်ဆုံးခဲ့သည့် တောင် တက်သမားနှစ်ဦးအတွက် တက္ကသိုလ်များ ခြေလျင်နှင့်တောင်တက်အသင်း သဘာဝခေါ်သံဖောင်ဒေး ရှင်းက ကျပ်သိန်း ၁၅၀ စီ အပါအဝင် ဂုဏ်ပြုဆုများဖြင့် ဂုဏ်ပြုခဲ့ကြောင်း အဆိုပါဖောင်ဒေးရှင်း ထံမှ သိရှိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘယ်လာရုစ် သမ္မတနိုင်ငံ သမ္မတ H.E.Alexander Grigoryevich Lukasheko အား ဂါရ၀ပြုတွေ့ဆုံ

Photo: တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘယ်လာရုစ် သမ္မတနိုင်ငံ သမ္မတ H.E.Alexander Grigoryevich Lukasheko အား ဂါရ၀ပြုတွေ့ဆုံ
Wednesday, November 5, 2014

ဘယ်လာရုစ်သမ္မတနိုင်ငံတွင် ချစ်ကြည်ရေးခရီးရောက်ရှိနေသည့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ဒေသ စံတော်ချိန် နံနက် ၁၁ နာရီတွင် နိုင်ငံတော်သမ္မတ H.E.Alexander Grigoryevich Lukasheko အားသမ္မတ နန်းတော်(Independence Palace)သို့ သွားရောက်၍ ဂါရ၀ပြုတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်ယုတို့ တက်ရောက်ကြပြီး ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတနှင့်အတူ ကာကွယ်ရေးဝန်ကြီးဌာန၀န်ကြီး Lt. Gen Yuri Zhadobin ၊ နိုင်ငံတော်ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးကော်မတီဥက္ကဌ Lt. Gen Gurulev Sergey Petrovich နှင့် သမ္မတ၏လက်ထောက် Mr. Brilev Valery တို့တက်ရောက်ကြသည်။

တွေ့ဆုံပွဲ၌ နိုင်ငံတော်သမ္မတကပြောကြားရာတွင် အဆွေတော်၏ ခရီးစဉ်ကာလအတွင်း တွေ့ဆုံဆွေးနွေးမှုများအရ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု အလားအလာများစွာရှိကြောင်း ကြားသိရ၍ ၀မ်းမြောက်ပါကြောင်း၊ လွန်စွာအရေးပါသည့် မြန်မာနိုင်ငံ၏မဟာဗျူဟာမြောက်တည်ရှိနေမှုအပေါ်မူတည်၍ နှစ်ဦးနှစ်ဖက်အကျိုးကို ဖော်ဆောင်နိုင်မည့်ပူးပေါင်းဆောင်ရ်ွမှုများလုပ်ဆောင်နိုင်ပါကြောင်း၊ အထူးသဖြင့် စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်မှုများစွာ ဆောင်ရွက်နိုင်ပြီး စစ်ဘက်နည်းပညာကျွမ်းကျင်သူအရာရှိများ မွေးထုတ်ပေးနိုင်ပါကြောင်း၊ နှစ်နိုင်ငံချစ်ကြည်ရေးသာမက ဘက်ပေါင်းစုံမှ လက်တွေ့ကျကျပူးပေါင်းဆောင်ရွက်နိုင်အောင် ကြိုးစားဆောင်ရွက်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်အား နှုတ်ခွန်းဆက်ပါကြောင်းနှင့် ဘယ်လာရုစ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးလာရောက်ရန် ဖိတ်ကြား ထားပါကြောင်း ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားရာတွင် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးကာလတွင် အဆင့်အမြင့် ဆုံး သံတမန်ကိုယ်စားလှယ်အဖွဲ့အဖြစ် ချစ်ကြည်ရေးခရီးစဉ်ကို စီစဉ်ပေးသော ဘယ်လာရုစ်အစိုးရအား ကျေးဇူးတင်ရှိပါကြောင်း၊ ဘယ်လာရုစ်နိုင်ငံလွတ်လပ်ရေးရရှိချိန်မှစ၍ နိုင်ငံတိုးတက်အောင် ဆောင်ရွက်နိုင်မှုများကိုလည်း ချီးကျူးပါကြောင်း၊ စနစ်တစ်ခုမှ တစ်ခုသို့ကူးပြောင်းမှုသည် လွယ်ကူသောကိစ္စ ရပ်မဟုတ်ပါကြောင်း၊မိမိတို့နိုင်ငံအနေဖြင့် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိချိန်မှ ၁၉၆၂ ခုနှစ်အထိ ပါလီမန်ဒီမိုကရေစီစနစ်ကျင့်သုံးခဲ့ကြောင်း၊ ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိတော်လှန်ရေးကောင်စီနှင့် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီတို့က ဆိုရှယ်လစ်စနစ်ပြောင်းလဲကျင့်သုံးခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ်တွင် ပြည်သူများ၏ တောင်းဆိုမှုအရ ပါတီစုံဒီမိုကရေစီစနစ်သို့ဦးတည်လာခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်တွင် ပါတီစုံဒီမိုကရေစီစနစ်နှင့် ဈေးကွက်စီးပွားရေးစနစ်ပြောင်းလဲကျင့်သုံးနေပါကြောင်း၊ ထိုသို့နှစ်ပေါင်းများစွာ ကြာရှည်ခဲ့သည်မှာ တိုင်းပြည် အတွင်း တည်ငြိမ်အေးချမ်းမှုပြဿနာကြောင့် ဖြစ်ပါကြောင်း၊ လက်ရှိသမ္မတကြီး ဦးသိန်းစိန် အစိုးရလက်ထက် ပြုပြင်ပြောင်းလဲမှုများသည် ဘယ်လာရုစ်သမ္မတနိုင်ငံကဲ့သို့သော မိတ်ဆွေများ၏ ပူးပေါင်းဆောင်ရွက်မှုများနှင့် အောင်မြင်အောင်တည်ဆောက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့နှစ်နိုင်ငံအကြား စစ်ဘက်ဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များစွာရှိသကဲ့သို့ စိန်ခေါ်မှုများလည်း ရှိပါကြောင်း၊ ဈေးကွက်စီးပွားရေးစနစ်တွင် ဦးစားပေးစနစ်မရှိသောကြောင့် အချိန်မဆိုင်းဘဲ ပူးပေါင်းဆောင်ရွက်မှုများ စီစဉ် ဆောင်ရွက်နိုင်ပါက အကောင်းဆုံးဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သောမြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှဝ်အဖွဲ့သည် ယနေ့နံနက် ဒေသစံတော်ချိန် ၁၀ နာရီ ၁၅ မိနစ်တွင် မင့်စ်မြို့ရှိ Victory Square သို့ရောက်ရှိရာ ဘယ်လာရုစ်သမ္မတနိုင်ငံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Lt. Gen Lybinko နှင့် အဖွဲ့မှ ကြိုဆိုနှုတ်ဆက်သည်။

ထို့နောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ဂုဏ်ပြုပန်းခွေအား သတ်မှတ်နေရာသို့ ပို့ဆောင်အလေးပြုသည်။ ထို့နောက် နိုင်ငံတော်စစ်တီးဝိုင်းအဖွဲ့က နှစ်နိုင်ငံသီချင်းများတီးမှုတ်ကြသည်။ ဆက်လက်ပြီး ဂုဏ်ပြုတပ်ဖွဲ့နှင့် နိုင်ငံတော်စစ်တီးဝိုင်းတို့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ချီတက်အလေးပြုခဲ့ကြပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် စစ်ပွဲအတွင်းကျဆုံးခဲ့သည့် စစ်သည်များအား ဂုဏ်ပြုထွန်းညှိထား သည့် မငြိမ်းသောမီးတောက်နှင့် ဒုတိယကမ္ဘာစစ်အတွင်း သမိုင်းဝင်တိုက်ပွဲများဖြစ်ပွားရာ မြို့များကို ကိုယ်စားပြု ဂုဏ်ပြု ထားသည့် အထိမ်းအမှတ်နေရာများကို ကြည့်ရှုလေ့လာခဲ့ကြောင်း သတင်းရရှိသည်။

Credit : Senior General Min Aung Hlaing
ဘယ်လာရုစ်သမ္မတနိုင်ငံတွင် ချစ်ကြည်ရေးခရီးရောက်ရှိနေသည့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ဒေသ စံတော်ချိန် နံနက် ၁၁ နာရီတွင် နိုင်ငံတော်သမ္မတ H.E.Alexander Grigoryevich Lukasheko အားသမ္မတ နန်းတော်(Independence Palace)သို့ သွားရောက်၍ ဂါရ၀ပြုတွေ့ဆုံသည်။

အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်မည့် ဆွာရက်ဇ်၊ မော်စကိုအသင်းကို အနိုင်ကစားရမည်ဟု အဂူရိုပြော

Photo: အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်မည့် ဆွာရက်ဇ်၊ မော်စကိုအသင်းကို အနိုင်ကစားရမည်ဟု အဂူရိုပြော
Wednesday, November 5, 2014

လန်ဒန်− ယနေ့ ညဥ့်နက်ပိုင်း (ကြာသပတေးနေ့ အစောပိုင်း) တွင် ကစားမည့် အေဂျက်ဇ်-ဘာစီလိုနာပွဲ၌ ဆွာရက်ဇ်မှာ အ သင်းဟောင်းကို ပြန်လည်ရင်ဆိုင် ရမည်ဖြစ်သလို မန်စီးတီးမှာလည်း မဖြစ်မနေ အနိုင်ကစားရတော့မည်ဖြစ် ကြောင်း တိုက်စစ်မှူး အဂူရိုက ပြောသည်။

အေဂျက်ဇ်နှင့်ပွဲတွင် ဘာစီလို နာမှ ဆွာရက်ဇ်မှာ အသင်းနှင့် ပထမဆုံးချန်ပီယံ လိဂ် ကို အသင်း ဟောင်းနှင့် ပြန်တွေ့သည့်ပွဲတွင် ကစားရမည်ဖြစ်ပြီး ဘာကာမှာ  ရီးရဲလ်နှင့် ဆယ်လ်တာဗီဂိုကို ရှုံးထား၍ လာလီဂါအဆင့် (၄) နေရာ သို့ ကျဆင်းသွားသည်။

သို့သော် ကွင်းလယ်လူ ဘက် စကွတ်က ပြည်တွင်းပွဲနှစ်ပွဲဆက် အခြေအနေ ဆိုးခဲ့ခြင်းကို ချန်ပီယံ လိဂ်တွင် အဆုံးသတ်မည်ဟု ပြော ထားသည်။

ဘာစီလိုနာသည် ထိုပွဲတွင် အင်နီယေစတာ၊ မက်သရူး၊ ဆာဂျီရော်ဘတ်တို၊ နောက်ခံလူ ဗာမယ်လန်တို့ မပါဝင်နိုင်သလို  မက်ဆီမှာလည်း ပြီးခဲ့သည့် ချန်ပီယံလိဂ်နှစ်ပွဲဆက်တိုက် ဂိုးမရခဲ့ပေ။ အေဂျက်ဇ်သည် အိမ်ကွင်း ဖြစ်သော်လည်း တိုက်စစ်မှူး ဗစ်တာဖစ်ရှာမှာ ဒဏ်ရာကြောင့်မပါဝင်နိုင်ပေ။ မန်စီးတီးသည် ပထမအကြိမ် သရေကျခဲ့သော ရုရှားစီအက်စ်အေကေ မော်စကို ကို အိမ်ကွင်းတွင် အနိုင်ရမှာသာ ဒုတိယ နေရာသို့ ရောက်နိုင်ပြီး အုပ်စုတက်ခွင့် မျှော်မှန်းနိုင်မည်  ဖြစ်ရာ အကြိတ်အနယ် ကစားရ မည်ဖြစ်သည်။ တိုက်စစ်မှူး အဂူရိုက မော်စကိုအသင်းနှင့်ပွဲမှာ အရေးအကြီးဆုံးဖြစ်ပြီး မဖြစ်မနေအနိုင်ရရန် လိုအပ်ကြောင်း ဆိုထားသည်။ မန်စီးတီးတွင် ဒေးဗစ် ဆေးလ်ဗားနှင့် ကိုလာ ရော့ဗ် တို့ မပါဝင်နိုင်သော်လည်း လမ်းပတ်ပြန်လည်ပါဝင်လာဖွယ်ရှိသည်။

Ref: Goal
လန်ဒန်− ယနေ့ ညဥ့်နက်ပိုင်း (ကြာသပတေးနေ့ အစောပိုင်း) တွင် ကစားမည့် အေဂျက်ဇ်-ဘာစီလိုနာပွဲ၌ ဆွာရက်ဇ်မှာ အ သင်းဟောင်းကို ပြန်လည်ရင်ဆိုင် ရမည်ဖြစ်သလို မန်စီးတီးမှာလည်း မဖြစ်မနေ အနိုင်ကစားရတော့မည်ဖြစ် ကြောင်း တိုက်စစ်မှူး အဂူရိုက ပြောသည်။

ဖရီးဂိတ် စစ်ရေယာဉ် F-21 ထိုင်းနှင့် စင်ကာပူရှိ ရေတပ်စခန်း သုံးခုသို့ သွားမည်

Photo: ဖရီးဂိတ် စစ်ရေယာဉ် F-21 ထိုင်းနှင့် စင်ကာပူရှိ ရေတပ်စခန်း သုံးခုသို့ သွားမည်
Wednesday, November 5, 2014

 ရေဒါဖြင့် ဖမ်းယူ၍မရ သည့် နည်းပညာဖြင့် တည်ဆောက် ထားသည့် တပ်မတော် (ရေ)မှ ဖရီးဂိတ်စစ်ရေယာဉ် F-21 သည် ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံများရှိ ရေတပ်စခန်း သုံးခုသို့ ချစ်ကြည် ရေးခရီးအဖြစ် လှည့်လည်သွား ရောက်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

ယခုနှစ် သြဂုတ်လတွင် ပြုလုပ်ခဲ့သော (၈)ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ အ စည်းအဝေး၌ ထိုင်းရေတပ်ဦး စီးချုပ်၊ စင်ကာပူ ရေတပ်ဦးစီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ် (ရေ)တို့၏ သဘောတူညီချက်အရ ယခုကဲ့သို့ ချစ်ကြည်ရေးခရီးသွားရောက်မည်ဖြစ်ကြောင်း တပ်မတော် (ရေ)၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါခရီးစဉ်သည် နိုဝင် ဘာ ၁၀ ရက်မှ ၃၀ ရက်အထိ ရက်ပေါင်း ၂၀ ခန့်ကြာမြင့်မည်ဖြစ်ပြီး ခရီးအကွာအဝေး မိုင် ၄၀၀၀ ကျော်ခန့်ရှိကာ ထိုင်းနိုင်ငံဖူးခက်ရေတပ် စခန်း၊ Chuk Samed ရေတပ် စခန်း၊ စင်ကာပူနိုင်ငံ ချန်ဂီရေတပ် စခန်းများသို့ လှည့်လည်သွားလာ မည် ဖြစ်သည်။

ဖော်ပြပါ ဖရီးဂိတ်စစ်ရေ ယာဉ်တွင် မြန်မာ့တပ်မတော် (ရေ) မှ အဆင့်မြင့်အရာရှိကြီးတစ်ဦး ဦးဆောင်မည်ဖြစ်ပြီး အရာရှိ စစ်သည်များ လိုက်ပါမည်ဖြစ် ကြောင်း တပ်မတော်အရာရှိကြီး တစ်ဦးက ပြောသည်။

‘‘အရင်တုန်းက ဒီလိုမျိုး စစ် သင်္ဘောတွေ နိုင်ငံလှည့်တာ သိပ် မရှိဘူး။ အခု အစိုးရအပြောင်းအ လဲမှာ နိုင်ငံကလည်း ပွင့်လင်းလာ တော့ ဒါမျိုးတွေ တော်တော်များ များတွေ့လာရတယ်။ တခြားနိုင်ငံတွေကလည်း လာကြတယ်လေ။ အဓိကတော့ ဒီလိုသွားတယ်ဆို တာ ချစ်ကြည်ရေးသဘောအနေ နဲ့ နှစ်နိုင်ငံရေတပ်ချင်းအတွေ့အ ကြုံဖလှယ်တဲ့ သဘောပါပဲ’’ဟု တပ်မတော် (ရေ)တွင် တာဝန် ထမ်းဆောင်ခဲ့သည့် အငြိမ်းစား အရာရှိကြီးတစ်ဦးက ပြောသည်။

အစိုးရသစ်လက်ထက်တွင် ဂျပန်၊ တရုတ်၊ ထိုင်းနိုင်ငံတို့မှ ရေတပ်သင်္ဘောများ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မှုများရှိခဲ့ပြီး မြန်မာ့တပ်မတော် (ရေ)အနေဖြင့်လည်း အိမ်နီးချင်းနိုင်ငံအချို့သို့ သွားရောက်လေ့လာမှုများ ပြုလုပ်ခဲ့သည်။

အဆိုပါ ဖရီးဂိတ်စစ်ရေ ယာဉ်များသည် ကိုယ်ပျောက်ဒီ ဇိုင်းနည်းပညာဖြင့် တီထွင်ထားပြီး ရေဒါစက်ကွင်းများမှ ဖမ်းယူမရ စေရန် ပြုလုပ်ထားသော စစ်သင်္ဘောများဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဋ္ဌာနမှ အရာရှိတစ်ဦးက ပြောသည်။

အဆိုပါ စစ်ရေယာဉ်ဖရီး ဂိတ် F-21 သည် ၂၀၁၃ မတ်လ ကလည်း မလေးရှားနိုင်ငံသို့သွားရောက်ခဲ့ဖူးသည်။

7Day DAILY 

စစ်ရေယာဉ် F-21 (ဓာတ်ပုံ − တပ်မတော်(ရေ) ဖေ့ဘွတ်ခ်)

စစ်ရေယာဉ် F-21 (ဓာတ်ပုံ − တပ်မတော်(ရေ) ဖေ့ဘွတ်ခ်)

 ရေဒါဖြင့် ဖမ်းယူ၍မရ သည့် နည်းပညာဖြင့် တည်ဆောက် ထားသည့် တပ်မတော် (ရေ)မှ ဖရီးဂိတ်စစ်ရေ ယာဉ် F-21 သည် ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံများရှိ ရေတပ်စခန်း သုံးခုသို့ ချစ်ကြည် ရေးခရီးအဖြစ် လှည့်လည်သွား ရောက်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

မန္တလေးတိုင်းတွင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ စတင်ဖွဲ့စည်း

မန္တလေး−မန္တလေးတိုင်းဒေသကြီး တွင် စားသုံးသူအငြင်းပွားမှု ဖြေ ရှင်းရေး အဖွဲ့ကို စတင်ဖွဲ့စည်းနေ ပြီဖြစ်ကြောင်း သတင်းရရှိသည်။

ပန်းဆိုးတန်း-ဒလ တံတားစီမံကိန်း အကောင်အထည်ဖော်ဖြစ်လျှင်လည်း မြေဈေးတက်ရန် မသေချာ

Photo: ပန်းဆိုးတန်း-ဒလ တံတားစီမံကိန်း အကောင်အထည်ဖော်ဖြစ်လျှင်လည်း မြေဈေးတက်ရန် မသေချာ
Wednesday, November 5, 2014

ရန်ကုန်−ရပ်ဆိုင်းထားသော ရန် ကုန်-ဒလ မြစ်ကူးတံတားစီမံ ကိန်း ပြန်လည်စတင်လာပါက လည်း ဒလဘက်ခြမ်းရှိ အိမ်၊ ခြံ၊ မြေဈေးနှုန်းမှာ ယခင်ကကဲ့သို့ သိ သာစွာ ပြန်လည်လှုပ်ခတ်လာနိုင် ဖွယ်မရှိကြောင်း ရန်ကုန်မြို့အ ခြေစိုက် အိမ်၊ ခြံ၊ မြေ အကျိုး ဆောင်လုပ်ငန်းများက ဆိုသည်။

ဒလဘက်ခြမ်းရှိ အိမ်၊ ခြံ၊ မြေဈေးနှုန်းများမှာ တံတားတည် ဆောက်မည့် အစီအစဉ် ရပ်ဆိုင်း လိုက်ပြီးနောက် တောက်လျှောက်အေးစက်နေခဲ့ပြီး အရောင်းအ၀ယ် မဖြစ်သလောက်အခြေအနေသို့ ရောက်သွားကြောင်း ဒေသခံများကပြောသည်။

‘‘အရောင်းဝယ်အေးနေတာ ကတော့ အခုအချိန်ထိပဲ။ တကယ် လို့ တံတားစီမံကိန်း ပြန်ပေါ်လာ ခဲ့မယ်ဆိုရင်တောင် တချို့သူတွေက စီမံကိန်းသတင်းကို သိပ်အယုံကြည်မရှိတော့တာကြောင့် အရင်တစ်ခေါက်ကလိုတော့ သိပ်ပြီး လှုပ်လှုပ်ခတ်ခတ် ဖြစ်လာမယ် တောင်မထင်ဘူး’’ ဟု  Perfect World အိမ်ခြံမြေနှင့်စာချုပ်စာတမ်းဝန်ဆောင်မှုလုပ်ငန်း မန်နေဂျာကိုနိုင်က ပြောသည်။

ယခုအခါတွင် ဒလဘက်ခြမ်းရှိ မြေကွက်များမှာ ရောင်းလိုသူများသာရှိပြီး ၀ယ်သူမရှိဘဲ အချို့ မြေပိုင်ရှင်များမှာ စီမံကိန်းသ တင်းကြောင့် အဆမတန်တက်ခဲ့ သည့် နှုန်းထားကိုသာ လက်ကိုင် ပြု ဈေးခေါ်ထားဆဲဖြစ်သည်ဟု ဒလမြို့နယ်မှ ဒေသခံပွဲစားများ က ပြောသည်။

‘‘တစ်ခါတလေတော့ ၀ယ် ဖို့လာစုံစမ်းတဲ့ တစ်ယောက်တလေတော့ ရှိတယ်။ ဒါပေမဲ့ ခေါ် ဈေးက လက်လှမ်းမမီနိုင်တဲ့ဈေး ဖြစ်နေတော့ ဈေးတောင်မဆစ်ဘဲ လှည့်ပြန်ကုန်ကြတယ်’’ ဟု ဒေသခံပွဲစားကိုသိန်းစိုးက ပြောသည်။

ယခင်က ဒလမြို့ပေါ်တွင် ပေ ၂၀ × ပေ ၆၀ မြေကွက်မှာ ကျပ်သိန်း ၁၀၀ အောက်သာ ရှိရာမှ တံတားစီမံကိန်းသတင်းကြောင့် ကျပ်သိန်း ၂၀၀ ကျော်အထိ မြင့်တက်ခဲ့ပြီး အချို့နေရာများမှာ ကျပ်သိန်း ၅၀၀ ခန့်အထိ ဖြစ်သွားခဲ့သည်ဟု သတင်းရရှိသည်။

‘‘တံတားစီမံကိန်းက ပြန်ပြင် မလား၊ မပြင်ဘူးလား ဆိုတာတော့ မသိဘူး။ ကြားလည်းမကြားဘူး။ ဒါပေမဲ့ ဖြစ်ပြီးသား မြေကွက်ဈေးက ပြန်ကျဖို့ မဖြစ်နိုင်သေးဘူး’’ဟု ဒလမြို့နယ်တွင်း နေထိုင်သော မြေပိုင်ရှင်တစ်ဦး ဖြစ်သူ ဦးလှဝေက ပြောသည်။

 အဆိုပါ တံတားစီမံကိန်း  ပြန်လည်စတင်ဖြစ်ရန် မသေချာသည့်အခြေအနေ တွင် ရှိနေစဉ် ရန်ကုန်မြို့သစ်စီမံကိန်းမှာ ပြန်လည် လုပ်နိုင်သည်ဟုဆိုသော သတင်းစကားကြောင့် ကြည့်မြင် တိုင်တစ်ဖက်ကမ်းအား ဒလဘက် ကမ်းထက်ဝယ်လက်များက ပိုမိုမျှော်လင့်နေကြသည်ဟု သိရှိရ သည်။

7Day DAILY 

ရန်ကုန်တစ်ဖက်ကမ်း ဒလမြို့ရှိ ရပ်ကွက်တစ်ခု (ဓာတ်ပုံ − နစ်ကီ)

ရန်ကုန်တစ်ဖက်ကမ်း ဒလမြို့ရှိ ရပ်ကွက်တစ်ခု (ဓာတ်ပုံ − နစ်ကီ)

ရန်ကုန်−ရပ်ဆိုင်းထားသော ရန် ကုန်-ဒလ မြစ်ကူးတံတားစီမံ ကိန်း ပြန်လည်စတင်လာပါက လည်း ဒလဘက်ခြမ်းရှိ အိမ်၊ ခြံ၊ မြေဈေးနှုန်းမှာ ယခင်ကကဲ့သို့ သိသာစွာ ပြန်လည်လှုပ်ခတ်လာနိုင် ဖွယ်မရှိ ကြောင်း ရန်ကုန်မြို့အ ခြေစိုက် အိမ်၊ ခြံ၊ မြေ အကျိုး ဆောင်လုပ်ငန်းများက ဆိုသည်။

သရေခေတ္တရာမြို့ဟောင်းအနီး ခရီးသွားကားများအတွက် ကားပါကင်တည်ဆောက်

သရေခေတ္တရာမြို့ဟောင်း သို့ လာရောက်လည်ပတ်ကြသော ခရီးသွား ဧည့်သည် များ ကားရပ် နားရာတွင် လွယ်ကူစေရန် သရေခေတ္တရာပြတိုက် အနီးတွင် ကားထားရန် နေရာတစ်ခုတည်ဆောက်နေကြောင်း သိရသည်။

ယနေ့ည ရွှေတိဂုံရင်ပြင်တွင် ညအိပ်မည့်သူများ ဧည့်စာရင်းအတွက် မှတ်ပုံတင်ယူလာရမည်

Photo: ယနေ့ည ရွှေတိဂုံရင်ပြင်တွင် ညအိပ်မည့်သူများ ဧည့်စာရင်းအတွက် မှတ်ပုံတင်ယူလာရမည်
Wednesday, November 5, 2014

ရန်ကုန် - မသိုးသင်္ကန်းရက်လုပ် ပူဇော်မည့် တန်ဆောင်မုန်းလ ဆန်း ၁၄ ရက် (ယနေ့) ညတွင် ည အိပ်ကုသိုလ်ယူသူများ အနေဖြင့် မှတ်ပုံတင်များ ယူဆောင် လာရ မည်ဖြစ်ပြီး ဧည့်စာရင်းတိုင်ကြား နိုင်ရန် နေရာငါးနေရာသတ်မှတ် ပေးသွားမည်ဖြစ်ကြောင်း ရွှေတိဂုံ စေတီဂေါပကအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

‘‘ဘုရားမှာ ညအိပ်မယ့်လူ တွေက မှတ်ပုံတင်နဲ့ ဧည့်စာရင်း တိုင်ရမယ်။ မနက်ကတည်းက မိုက်တွေနဲ့ လိုက်ပြီးနှိုးဆော်မယ်။ ဧည့်စာရင်းမတိုင်ဘူး၊ မှတ်ပုံတင် မပါဘူးဆိုရင်တော့ အိပ်လို့မရပါ ဘူး’’ဟု ၎င်းက ပြောသည်။

မသိုးသင်္ကန်းရက်လုပ်ပူဇော် မည့် တန်ဆောင်မုန်းလဆန်း ၁၄ ရက်ည၌ ရင်ပြင်တော်ပေါ်တွင် ည အိပ်ခွင့်ပြုခဲ့ခြင်းကို ပြီးခဲ့သည့်နှစ် မှ စတင်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ထိုနှစ် က ရင်ပြင်တော်ပေါ်တွင် ညအိပ် သူ ဘုရားဖူး လေးသောင်းဝန်းကျင်ရှိကြောင်း အထက်ပါတာဝန်ရှိသူ က ပြောသည်။

 ‘‘ရင်ပြင်တော်ပေါ်ကို ည ၁၀ နာရီနောက်ဆုံးတက်ခွင့်ပေး မယ်။ နောက်ပိုင်း ကတော့ တက် ခွင့်မပေးဘူး။ ဆင်းမယ့်လူတွေ တော့ ဆင်းလို့ရတယ်’’ဟု ၎င်းက ပြောသည်။

ယင်းညတွင် လုံခြုံရေးအနေ ဖြင့် ရွှေတိဂုံစေတီ လုံခြုံရေးများ နှင့် သက်ဆိုင်ရာ ဘက်မှ ရဲတပ် ရင်းတစ်ရင်းက ဆောင်ရွက်ပေး သွားမည်ဟု ၎င်းက ဆိုသည်။

  မသိုးသင်္ကန်းရက်လုပ်ပူ ဇော်ပွဲကို ယခုနှစ်တွင် အကြိမ် (၃၀)မြောက်ပြုလုပ် ခြင်းဖြစ်ပြီး အဖွဲ့ကိုးဖွဲ့ပါဝင် ရက်လုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

7Day DAILY 

ပြီးခဲ့သည့် နှစ်က မသိုးသင်္ကန်းရက်နေကြသူများ (ဓာတ်ပုံ − နစ်ကီ)

ပြီးခဲ့သည့် နှစ်က မသိုးသင်္ကန်းရက်နေကြသူများ (ဓာတ်ပုံ − နစ်ကီ)

ရန်ကုန် - မသိုးသင်္ကန်းရက်လုပ်ပူဇော်မည့် တန်ဆောင်မုန်းလဆန်း ၁၄ ရက် (ယနေ့) ညတွင် ညအိပ် ကုသိုလ်ယူသူများအနေဖြင့် မှတ်ပုံတင်များယူဆောင်လာရမည်ဖြစ်ပြီး ဧည့်စာရင်းတိုင်ကြားနိုင်ရန် နေရာ ငါးနေရာသတ်မှတ် ပေးသွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

ဓားကိုင် လူလေးဦးက ငွေများနှင့် ဟန်းဆက်များကို လုယူထွက်ပြေး

ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန် မြို့နယ်ရှိ စားသောက်ဆိုင် တစ်ဆိုင်ကို မိုးရွာနေစဉ် နိုဝင်ဘာ ၃ ရက် နံနက် ၂ နာရီ ၁၅ မိနစ်က ဆိုင်တွင်းဗီရို အံဆွဲထဲရှိငွေကျပ် ၃၂ သိန်းကို လုယူထွက်ပြေးခဲ့သဖြင့် အင်းစိန်မြို့မ ရဲစခန်းက အမှုဖွင့် အရေးယူ ထားသည်။

ရန်ကုန်မြို့ ယာဉ်ပိတ်ဆို့မှုပြဿနာ ၆ လအတွင်း ဖြေရှင်းမယ်လို့ စည်ပင်ဌာနပြော

Photo: ရန်ကုန်မြို့ ယာဉ်ပိတ်ဆို့မှုပြဿနာ ၆ လအတွင်း ဖြေရှင်းမယ်လို့ စည်ပင်ဌာနပြော
Wednesday, November 5, 2014

ရန်ကုန်မြို့တော်မှာ နေ့စဉ်ယာဉ်ကြော ပိတ်ဆို့မှုပြဿနာ ကို ဖြေရှင်းနိုင်ဖို့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရက ၆ လအတွင်း လမ်းတွေတိုးချဲ့ ဖောက်လုပ်မှာဖြစ်သလို မီးပွိုင့်စနစ်တွေကို ပြုပြင်သွားမယ်လို့ ရန်ကုန်မြို့ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI မှာ ဒီကနေ့ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ ပြောပါတယ်။

ရန်ကုန်မြို့မှာရှိတဲ့ မီးပွိုင့်တွေကို တစ်နေရာထဲကနေ ယာဉ်ကြောအခြေအနေကို ကြီးကြပ် နိုင်အောင် ဆောင် ရွက်သွားမယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ လမ်းတံတားဋ္ဌာန ညွှန်ကြား ရေးမှူး ဦးတင်မောင်ကြည်က ပြောပါတယ်။

"ရန်ကုန်မြို့မှာ မီးပွိုင့် ၁၆၉ ပွိုင့်ရှိတယ်၊ အဲဒီ့မီးပွိုင့်တွေ ၁ဝ မိုင်ကုန်းကနေ မြို့လယ်အထိ ရေတွက်မယ်ဆိုရင် ၇၅ ပွိုင့်ရှိမယ်၊ အဲဒီ့ ၇၅ ပွိုင့် မဖြစ်မနေ synchronize လုပ်ဖို့လိုပါတယ်၊ နောက်ထပ် commend center လုပ်ဖို့လိုပါတယ်၊ ဒီမီးပွိုင့်တွေအကုန်လုံး ခေတ်မီစနစ်ပြောင်းပြီးတာနဲ့ CCTV အားလုံးပါပါတယ်၊ ကားတွေ နဲ့ပတ်သက်လို့ ပြစ်မှုကျူးလွန်တာလည်း ဖမ်းလို့ရပါတယ်"

ရန်ကုန်မြို့တော်အတွင်း ယာဉ်ကြောပိတ်ဆို့မူဖြစ်ရတဲ့ အကြောင်းအရင်းတွေထဲမှာ ကားရပ်နားစရာနေရာတွေ နည်းပါးလွန်းတာလဲပါဝင်တာကြောင့် ယာဉ်ရပ်နားစရာနေရာတွေ တည်ဆောက်ရေးအတွက် ပြည်တွင်းပြည်ပက လုပ်ငန်းရှင်တွေ ဖိတ်ခေါ်သွားမယ်လို့ သိရပါတယ်။

ရန်ကုန်မြို့မှာ ယာဉ်အစီးရေ ၄ သိန်းကျော်ရှိကြောင်းသိရပါတယ်။

ဒီအတောအတွင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ခရိုင်စည်ပင်နဲ့ မြို့နယ်အဆင့် စည်ပင် သာယာရေးကော်မတီ ရွေးကောက်တင်မြှောက်ပွဲကို ဒီမိုကရေစီနည်းလမ်းနဲ့ ပထမဆုံးအကြိမ်အဖြစ် လာမယ့်ဒီဇင်ဘာလ ၂၇ရက်နေ့မှာ ကျင်းပတော့မှာဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းစာရင်းကို ဒီနေ့ထုတ်ပြန်ကြေညာလိုက်ပါတယ်။

RFA Burmese
ရန်ကုန်မြို့တော်မှာ နေ့စဉ်ယာဉ်ကြော ပိတ်ဆို့မှုပြဿနာကို ဖြေရှင်းနိုင်ဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရက ၆ လအတွင်း လမ်းတွေတိုးချဲ့ ဖောက်လုပ်မှာဖြစ်သလို မီးပွိုင့်စနစ်တွေကို ပြုပြင်သွားမယ်လို့ ရန်ကုန်မြို့ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI မှာ ဒီကနေ့ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ ပြောပါတယ်။

သမ္မတအိုဘားမား ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာ ၁၄ ရက်တွင် ရန်ကုန်မြို့၌ တွေ့ဆုံမည်ဟု အိမ်ဖြူတော်က ပြောကြား

အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာ ၁၄ ရက်တွင် တွေ့ဆုံမည်ဖြစ်ကြောင်း အိမ်ဖြူတော်က နိုဝင်ဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဘီလာရုစ်သမ္မတတို့တွေ့ဆုံ၍ နှစ်နိုင်ငံစစ်ဘက်ဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

ဘီလာရုစ်သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့် ဘီလာရုစ်နိုင်ငံ သမ္မတတို့ နိုဝင်ဘာ ၄ ရက်က ဘီလာရုစ်နိုင်ငံ သမ္မတနန်းတော် တွင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စများ ဆွေးနွေး ခဲ့ကြောင်း မြန်မာ့ရုပ်မြင်သံကြား သတင်းဖော်ပြချက်အရ သိရသည်။

ရန်ကုန်မြို့အတွင်း ဆိုင်ကယ်ဖြင့် လုယက်မှုဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားနေခြင်းကြောင့် ဆိုင်ကယ်စီးနင်းသူများကို ဖမ်းဆီးမှုတိုးမြှင့်


အောက်တိုဘာ ၃၀ ရက် ည ၁၁ နာရီက တာမွေမြို့နယ်အတွင်း ဆိုင်ကယ်စီးနင်းသူများအား စစ်ဆေးနေ သည် ကို တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)
ရန်ကုန်မြို့အတွင်း ဆိုင်ကယ်ဖြင့် လုယက်မှုဖြစ်စဉ်များ ဖြစ်ပွားလာမှုကြောင့် မှုခင်းကျဆင်းစေရန်နှင့် ကြိုတင်ကာကွယ်ရန်အတွက် ဆိုင်ကယ်စီးနင်း သွားလာနေသူများကို ထိရောက်စွာ စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများ၏ ပြောကြားချက်အရ နိုဝင်ဘာ ၄ ရက်တွင် သိရသည်။

လူတစ်ဦးသေဆုံးသော ယာဉ်တိုက်မှုကျူးလွန်ကာ တိမ်းရှောင်နေသော ယာဉ်မောင်းနှင့်ယာဉ်အား စစ်ဆေးရှာဖွေလျက်ရှိ

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ ၌ လားရှိုး-မူစယ် မြို့ အထွက်တွင် ၂၀၁၄ ခုနှစ် နိုဝင်ဘာလ (၂)ရက်နေ့ (၁၈း၃၀) အချိန်ခန့်က စစ်သည်တစ်ဦးယာဉ်တိုက်မှုဖြစ်၍ သေဆုံးခဲ့ကြောင်း သိရသည်။

မြန်မာအမျိုးသမီးစွန့်ဦးတီထွင်သူများ၏ ဟောပြောပွဲများပထမဆုံး အကြိမ်ကျင်းပမည်

ရန်ကုန်− ကမ္ဘာလုံးဆိုင်ရာ စွန့်ဦး တီထွင်လှုပ်ရှားမှုရက်သတ္တပတ် အထိမ်းအမှတ်(Global Entre- preneurship Week)အဖြစ်မြန်မာအမျိုးသမီး စွန့်ဦးတီထွင်သူ များ၏ ဟောပြောပွဲကို နိုဝင်ဘာ ၁၅ ရက်မှ ၂၃ ရက်အထိ (နိုဝင်ဘာ ၁၇၊ ၂၂ ရက် မသေချာသေး) ပထမဆုံးအကြိမ် ထည့်သွင်းကျင်းပသွား မည်ဖြစ် ကြောင်း သတင်းရရှိသည်။

ပြည်တွင်းလေယာဉ်ကွင်း ၃၀ အဆင့်မြှင့်မည့်ကိစ္စ ၀န်ကြီးဌာန မလှုပ်၍ ကြန့်ကြာနေဟု ဆို

ပြည်တွင်းရှိ လေယာဉ်ကွင်း ၃၀ ကို အဆင့်မြှင့်တင်ရေး တင်ဒါခေါ်ယူရန် ၀န်ကြီးဌာနသို့ တင်ပြထား သော်လည်း အကြောင်းပြန်ကြားမှုမရှိသေးသဖြင့် ကြန့် ကြာမှုများရှိနေကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြား မှု ဦးစီးဌာနမှ သတင်းရရှိသည်။

လူမှုဖူလုံရေး အာမခံလုပ်သားများ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများတွင် ဆေးကုသနိုင်ရန် ပူးပေါင်းဆောင်ရွက်လိုသူများကို ခေါ်ယူ

လူမှုဖူလုံရေးအာမခံ ကြေးပေးသွင်းထားသည့် အာမခံလုပ်သားများ ပုဂ္ဂလိကဆေးရုံ၊ဆေးခန်းများတွင် အခမဲ့ဆေးကုသနိုင်ရန် ပူးပေါင်းဆောင်ရွက်လိုသည့် ဆေးရုံဆေးခန်းများကို အဆိုပြုလွှာ ခေါ်ယူရန် ရှိကြောင်း သတင်းရရှိသည်။

ကလောမြို့ သောက်သုံးရေဖြန့်ဖြူးရေး စီမံကိန်းအတွက် ဒေါ်လာတစ်သိန်းကျော် ဂျပန်ကူညီ

Photo: ကလောမြို့ သောက်သုံးရေဖြန့်ဖြူးရေး စီမံကိန်းအတွက် ဒေါ်လာတစ်သိန်းကျော် ဂျပန်ကူညီ
Wednesday, November 5, 2014

ရန်ကုန်−ရှမ်းပြည်နယ်၊ ကလော မြို့တွင် သောက်သုံးရေဖြန့်ဖြူး ရေးစီမံကိန်းကို ဂျပန်အစိုးရ၏ အ မေရိကန်ဒေါ်လာ တစ်သိန်းကျော် ကူညီပံ့ပိုးမှုဖြင့် ဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာသို့ လွှဲပြောင်းပေး အပ်ခဲ့ကြောင်း ဂျပန်သံရုံးက သ တင်းထုတ်ပြန်သည်။

ဂျပန်အစိုးရ၏ အသေးစား စီမံကိန်းများ ထောက်ပံ့ရေးအစီ အစဉ်ဖြင့် သောက်သုံးရေ ဖြန့်ဖြူးရေး စီမံကိန်းကို ကူညီခဲ့ခြင်းဖြစ်ပြီး စီမံကိန်းဖွင့်လှစ်ပွဲနှင့် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကိုနိုဝင်ဘာ ၁ ရက်က ကျင်းပပြုလုပ်ခဲ့သည်။

ရှမ်းပြည်နယ်တောင်ပိုင်းရှိ တောင်ပေါ်မြို့ဖြစ်သော ကလော မြို့သည် ထုံးကျောက်အောက်ခံ မြေသားပေါ်တွင် တည်ရှိသော ကြောင့် စက်တူးတွင်းများမှ ရေ ကောင်း ရေသန့်ရရှိရန် ခက်ခဲနေ ပြီး ဒေသခံများအနေဖြင့် ရေ ထွက်ပေါက်များမှ သွယ်ယူထား သော ဖြန့်ဖြူးရေများကိုသာ အသုံးပြုနေရသည်။

မြို့ပေါ်ရှိ ရပ်ကွက်သုံးခုသို့ သွယ်တန်းထားသော ရေပိုက်များ သည် သက်တမ်းကြာမြင့်သော ကြောင့် ရေယိုစိမ့်၍ ရပ်ကွက်နေသူများ ဖြန့်ဖြူးရေလုံလောက်စွာ မရရှိဘဲ ရေ၀ယ်ယူသုံးစွဲနေခဲ့ရကြောင်း သံရုံးထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဂျပန်အစိုးရ၏ အသေးစား စီမံကိန်းများ ထောက်ပံ့ရေးအစီ အစဉ်ဖြင့် ရေထွက်စနစ်ကို ပြု ပြင်ခြင်း၊ သံပိုက်များဖြင့် ရေပိုက် သွယ်တန်းခြင်း၊ ရေတင်မော်တာ နှင့် ပန့်များ တပ်ဆင်ခြင်း၊ ရေသို လှောင်ကန်နှင့် ရေဖြန့်ဖြူးကန် များ တည်ဆောက်ရန် ပံ့ပိုးပေးခဲ့ ခြင်းဖြစ်သည်။

အထက်ပါ စီမံကိန်းတည် ဆောက်ခဲ့ခြင်းကြောင့် ဒေသခံ သုံးထောင်ကျော်အတွက် နေ့စဉ် ရေဂါလန် ခုနစ်သောင်းကျော် ဖြန့်ဝေပေးနိုင်မည်ဖြစ်ပြီး ဒေသခံများ၏ လူမှုစီးပွားဘ၀များတွင် အကျိုးသက်ရောက်မှု ဖြစ်စေမည်ဖြစ်ကြောင်း ဂျပန်သံရုံးက ဆို သည်။ မြန်မာနိုင်ငံတွင် အသေးစားစီမံကိန်းများ ဆောင်ရွက်ရန် ဂျပန်အစိုးရသည် ၁၉၉၃ မှ စတင်၍ ပညာရေး၊ ကျန်းမာရေး၊ လူမှုဖူလုံရေးနှင့် သဘာဝပတ်ဝန်းကျင်၊ အခြေခံအဆောက်အအုံနှင့် အခြားလုပ်ငန်းများအတွက် စီမံကိန်းပေါင်း ၆၉၀ ကျော် တည်ဆောက်ရန် ပံ့ပိုးပေးခဲ့ပြီးဖြစ်သည်။

7Day DAILY 

ကလောမြို့တောင်ပေါ် ရှုခင်းကို တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင် (အမရပူရ))

ကလောမြို့တောင်ပေါ် ရှုခင်းကို တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင် (အမရပူရ))

ရန်ကုန်−ရှမ်းပြည်နယ်၊ ကလော မြို့တွင် သောက်သုံးရေဖြန့်ဖြူး ရေးစီမံကိန်းကို ဂျပန်အစိုးရ၏ အ မေရိကန် ဒေါ်လာ တစ်သိန်းကျော် ကူညီပံ့ပိုးမှုဖြင့် ဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာသို့ လွှဲပြောင်းပေး အပ်ခဲ့ကြောင်း ဂျပန်သံရုံးက သ တင်းထုတ်ပြန်သည်။

ကမ္ဘောဇနှင့် SMBC ဘဏ် ပူးပေါင်း၍၀န်ထမ်းလေ့ကျင့်ရေးနှင့် ဘဏ်လုပ်ငန်း ဆိုင်ရာနည်းပညာများ ဆောင်ရွက်မည်

ကမ္ဘောဇဘဏ်နှင့် ပြည်တွင်း၌ ဘဏ်ခွဲဖွင့်ရထားသော ဂျပန်နိုင်ငံ SMBC ဘဏ်တို့ ၀န်ထမ်း လေ့ကျင့်ရေးနှင့် ဘဏ် လုပ်ငန်းဆိုင်ရာ နည်းပညာများ မကြာမီ ပူးပေါင်းလုပ်ဆောင် သွားမည်ဖြစ်ကြောင်း ကမ္ဘောဇဘဏ် ဒုဥက္ကဋ္ဌ ဦးသန်းလွင်ကပြောကြားသည်။

ကန်ကြီးထောင့်မြို့နယ်တွင် စက်မှုဇုန်အကောင်အထည်ဖော်ရန် စီစဉ် စက်မှုဇုန်တည်ဆောက်ရန် လယ်မြေများကို သိမ်းယူခြင်းမဟုတ်ဘဲ ဒေသခံများနားလည်အောင် ရှင်းပြ၀ယ်ယူနေသည်ဟုဆိုသော်လည်း မြေယာပြဿနာအနည်းငယ်ရှိနေ

ကန်ကြီးထောင့်မြို့နှင့် ပုသိမ်မြို့ကြား၊ ပုသိမ်မြစ်နှင့် အနီးတစ်ဝိုက်အတွင်းရှိ လယ်မြေဧက သုံးထောင် ကျော်တွင် စက်မှုဇုန် စီမံကိန်းအကောင်အထည်ဖော် ရန် လယ်မြေများကို လယ်သမား များထံမှ ၀ယ်ယူ နေကြောင်း ဧရာ ၀တီဖွံ့ဖြိုးရေးကုမ္ပဏီမှ သတင်းရ ရှိသည်။

ကန်တော်ကြီးအတွင်းရေဆိုးစွန့်ပစ်မှု စည်ပင်က ချက်ထရီယမ်ဟိုတယ်ကို သတိပေး

ရန်ကုန်မြို့၏ အထင်က ရဟိုတယ်တစ်ခုဖြစ်သော ချက်ထ ရီယမ်ဟိုတယ်မှ ရေဆိုးများကို ကန်တော်ကြီး ထဲသို့ စွန့်ပစ်နေ သည့်အတွက် သတ်မှတ်ရက် အတွင်း ပိုက်လိုင်းမှ တစ်ဆင့် မြောင်းထဲသို့ စွန့်ပစ်ရန် ညွှန် ကြားထားပြီး မပြုလုပ်ပါက တရားစွဲဆိုမည်ဟု ရန်ကုန်စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိ သည်။

မကွေးဆေးတက္ကသိုလ် ကျောင်းသားများ အုပ်စုဖွဲ့ တိုက်ခိုက်မှု ထပ်မံမခံ ရအောင် စီစဉ်ပေးမည်ဟု တိုင်းနယ်/လုံဝန်ကြီး ကတိပြု

မကွေးဆေးတက္ကသိုလ် ကျောင်းသားများအား အုပ်စုဖွဲ့ တိုက်ခိုက်နေရမှုများ ထပ်မံမဖြစ် ပေါ်စေရန် လုံခြုံရေးအစီအမံများ လုပ်ဆောင်သွားမည်ဟု မကွေးတိုင်းဒေသကြီး နယ်/လုံဝန်ကြီးက ကတိပြုလိုက် ကြောင်း မကွေးဆေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂက ပြောကြားသည်။

ပြည်သာယာ ရွာတံတား အနီးတွင် လမ်းလျှောက်နေသူ တစ်ဦး ကားကြိတ်မိ၍ သေဆုံး

ကသာခရိုင် ကသာမြို့နယ်၊ပြည် သာယာရွာ တံတား အနီးတွင် နိုဝင် ဘာ ၃ ရက် နံနက် ၈နာရီခန့်ကလမ်း လျှောက်နေသူ ဦးထွန်းရွှေ အသက် ၅၈နှစ်၊ ပြည်သာယာ ရွာနေသူသည် ကားကြိတ်မိ၍ သေဆုံး သွားကြောင်း သိရသည်။

နိုင်/ကျဉ်းအဖြစ် စိစစ်ရန် တင်ပြထားသူများကိစ္စ အစိုးရထုတ်ပြန်ချက်သည် ယခင် အစိုးရလက်ထက်က ဥပဒေမဲ့ဖမ်းဆီး၍ ကြီးလေးသည့်ပြစ်ဒဏ်များ ချမှတ်ခဲ့ သည်ကို သိလျက်နှင့် ဆက်လက်အကာအကွယ်ပေးနေသည့် လုပ်ရပ်ဟု AAPP နှင့် FPPS ထုတ်ပြန်

လက်ကျန်နိုင်ငံရေး အကျဉ်းသားအဖြစ် စိစစ်ရန်တင်ပြထားသူများကိစ္စ အစိုးရထုတ်ပြန်ချက်သည် ယခင် အစိုးရလက်ထက်က ဥပဒေမဲ့ လက်လွတ်စပယ် ဖမ်းဆီး၍ အဆမတန် ကြီးလေးသည့်ပြစ်ဒဏ်များ ချမှတ် ခဲ့သည်ကို သိလျက်နှင့် ဆက်လက်အကာအကွယ်ပေးနေသည့် လုပ်ရပ်ဖြစ်သည်ဟု နိုင်ငံရေး အကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPS) တို့က နိုဝင်ဘာ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဦးအောင်သောင်းနဲ့ အမရာဘဏ် မပတ်သက် ဟုဆို

အမေရိကန် ပြည်ထောင်စုက စီးပွားရေးပိတ်ဆို့ အရေးယူထားတဲ့ ဦးအောင်သောင်း နဲ့ ယူနိုက်တက် အမရာဘဏ်တို့ ပတ်သက်မှု လုံးဝ မရှိဘူးလို့ ယူနိုက်တက်အမရာဘဏ် အမှုဆောင် အရာရှိချုပ် ဦးသန်းဝင်းဆွေ က ဆိုပါတယ်။