Tuesday 5 November 2013

ရန်ကုန်တိုင်းအစိုးရက လာမည့် ဘတ်ဂျက်ကျပ်ငွေ ၃၃၄ ဘီလီယံကျော် သုံးစွဲရန် လွှတ်တော်သို့ တင်ပြ

လက်ရှိအစိုးရ၏ နောက်ဆုံးသက်တမ်းဘဏ္ဍာနှစ်ဖြစ်သော ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းအစိုးရက ဘတ်ဂျက်ငွေ ၃၃၄ ဘီလီယံကျော်ကိုသုံးစွဲရန် ရေးဆွဲလျာထားကြောင်း ရန်ကုန်တိုင်း လွှတ်တော်အထူးအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီးက တင်ပြခဲ့ သည်။

သတင်းမီဒီယာဥပဒေကြမ်းအရေးယူမှုပိုင်းတွင် နားလည်မှုလွဲနေဟုဆို

ပြည်သူ့လွှတ်တော်က ယမန်နေ့ကအတည်ပြုလိုက်သည့် သတင်းမီဒီယာဥပဒေကြမ်းသည် အရေးယူမှု အပိုင်း၌ နားလည်မှုလွဲမှားနေကြောင်း စာနယ်ဇင်းကောင်စီ(ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေက မဇ္ဈိမကို ပြောသည်။

ပြည်သူများအား ရှင်းလင်းအသိပေးခြင်း မရှိဘဲ ဓာတ်အားခများ တိုးမြှင့်ခဲ့ခြင်းသည် အာဏာရှင်စနစ် အငွေ့အသက် မကုန်သေးသည့် လုပ်ရပ်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ဝေဖန်

Photo: ပြည်သူများအား ရှင်းလင်းအသိပေးခြင်း မရှိဘဲ ဓာတ်အားခများ တိုးမြှင့်ခဲ့ခြင်းသည် အာဏာရှင်စနစ် အငွေ့အသက် မကုန်သေးသည့် လုပ်ရပ်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ဝေဖန်
Tuesday, November 5, 2013

ပြည်သူလူထုအား အသိပေးရှင်းလင်း ပြောကြားခဲ့ခြင်း မရှိဘဲ လျှပ်စစ်မီတာခများ တိုးမြှင့်ခဲ့ခြင်းမှာ အာဏာရှင်စနစ်၏ အငွေ့အသက် မကုန်သေးသည့် လုပ်ရပ်ဖြစ်သည်ဟု လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောကြားသည်။

နိုဝင်ဘာ ၄ ရက်က နေပြည်တော် လွှတ်တော်ဝင်း အတွင်းရှိ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီရေးရာ ဆောင်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အစိုးရအနေဖြင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေသည်ဟု ဆိုသော်လည်း မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို သေချာစွာ စဉ်းစားမထားဟု ထင်မြင်မိကြောင်း၊ အမှန်တကယ် ပြုပြင်ပြောင်းလဲ လိုပါက ပြည်သူလူထု၏အသံ၊ ဆန္ဒကို ရယူရမည် ဖြစ်ကြောင်း၊ လူအများစု လက်မခံနိုင်သော်လည်း နိုင်ငံအတွက် ရေရှည်ကောင်းကျိုး ရှိမည်ဆိုပါက အမုန်းခံ ဆောင်ရွက်ရန် လိုအပ်သည်ဟု နိုင်ငံရေးဆိုရိုး ရှိသော်လည်း ယခုလျှပ်စစ်မီးကဲ့သို့ ပြည်သူလူထု နိစ္စဓူဝ ဆက်စပ်နေသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ပြည်သူလူထု၏ဆန္ဒ၊ သဘောထားကို ရယူရန် လိုအပ်ကြောင်း ပြောကြားသည်။

''မီတာခကို အကြောင်းကြောင်းကြောင့်၊ တိုင်းပြည်ရဲ့ ရေရှည်အကျိုးကြောင့်၊ အကြောင်း ခိုင်ခိုင်လုံလုံ ရှိပြီးတော့ တိုးသင့်တယ်ဆိုရင် ပြည်သူကို ရှင်းပြရမယ်။ ဒီလို ဒီလို အခြေအနေတွေ ရှိတယ်။ ဒါကြောင့် ဒီလို ဒီလိုတော့ လုပ်ရလိမ့်မယ်။ ရေရှည်မှာတော့ ပြည်သူတွေက ဒီလို ဒီလိုတော့ အနစ်နာခံရ လိမ့်မယ်။ သို့ပေသော်လည်း တိုင်းပြည်ရဲ့ ရေရှည်အကျိုးအတွက် သည်းညည်းခံပြီး ၀ိုင်းဝန်းကူညီရမယ်။ ဒီလောက်တော့ မပြောဘဲနဲ့ မလုပ်ရဘူး။ ဒီလိုမရှင်းပြဘဲ လုပ်တာတော့ အာဏာရှင်စနစ်ရဲ့ အမွေဆိုးတွေရဲ့ အငွေ့အသက် မကုန်သေးဘူးလို့ဘဲ ပြောရမှာဘဲ'' ဟု ဒေါ်အောင်ဆန်းစုကြည်က The Daily Eleven သတင်းစာ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။

မိမိ၏ ဆုံးဖြတ်ချက်သည် မှန်ကန်သည် ယူဆချက် ခိုင်မာပါက ပြည်သူအား တင်ပြသင့်ကြောင်း၊ အတိုက်အခံ ပြုလုပ်လာပါက နားလည်သဘောပေါက်ရန် ရှင်းပြရန် လိုအပ်ကြောင်း၊ အများက လက်မခံသော်လည်း မိမိ၏အတွက် အချက်အရ တိုင်းပြည်၏ အကျိုးဖြစ်ထွန်းမည်ဟု ထင်မြင်ပါက မိမိ၏ ရပ်တည်ချက်ဘက်က ရပ်တည်ကာ လုပ်ဆောင်ရမည်ဖြစ်ပြီး အကျိုးဆက်ကို မိမိသာ ခံရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးကို မှန်မှန်ကန်ကန် လုပ်ဆောင်ပါက ယင်းကဲ့သို့ ပြုမူဆောင်ရွက်ရမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောကြားသည်။

လျှပ်စစ်ဝန်ကြီးဌာနမှ အများပြည်သူ၏ ဆန္ဒသဘောထားနှင့် လွှတ်တော်၏ ဆုံးဖြတ်ချက် ရယူခြင်း မရှိခဲ့ဘဲ လျှပ်စစ်ဓာတ်အားခများကို နိုဝင်ဘာလမှစ၍ တိုးမြှင့်မည်ဟု အောက်တိုဘာ ၂၉ ရက်တွင် အစိုးရ သတင်းစာများ မှတစ်ဆင့် ကြေညာခဲ့သည်။

အများပြည်သူ (အိမ်သုံး) တစ်ယူနစ်မှ ယူနစ် ၁၀၀ အထိအတွက် ယခင်ဈေးနှုန်း အတိုင်း ၃၅ ကျပ်၊ ၁၀၁ ယူနစ်နှင့်အထက် ကျပ် ၅၀၊ အများပြည်သူ (စက်မှု၊ စီးပွားရေး၊ တစ်လုံးတစ်ခဲတည်း၊ ယာယီ) တစ်ယူနစ်မှ ယူနစ် ၅၀၀၀ အထိအတွက် ကျပ် ၁၀၀၊ ၅၀၀၁ ယူနစ်နှင့် အထက်အတွက် ကျပ် ၁၅၀၊ အစိုးရ ဌာနရုံးသုံး အတွက် တစ်ယူနစ် ကျပ် ၅၀ နှင့် အစိုးရဌာန စက်မှုသုံးအတွက် တစ်ယူနစ် ကျပ် ၁၀၀ ဖြင့် အသီးသီးပြောင်းလဲ ကောက်ခံမည် ဖြစ်သည်ဟု ကြေညာခဲ့ပြီး ဝေဖန်မှုများ ထွက်ပေါ်ခဲ့သော်လည်း လျှပ်စစ်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက လတ်တလောတွင် ပြန်လည်လျှော့ချ ကောက်ခံရန် အစီအစဉ် မရှိကြောင်း အောက်တိုဘာ ၃၀ ရက်က သတင်းထောက်များကို ပြောကြားသည်။

Eleven Media Group 

နိုဝင်ဘာ ၄ ရက်က မီဒီယာသမားများနှင့် တွေ့ဆုံ၍ မေးမြန်းမှုများကို ဒေါ်အောင်ဆန်းစုကြည်မှ ဖြေကြားပေးနေစဉ်
ပြည်သူလူထုအား အသိပေးရှင်းလင်း ပြောကြားခဲ့ခြင်း မရှိဘဲ လျှပ်စစ်မီတာခများ တိုးမြှင့်ခဲ့ခြင်းမှာ အာဏာရှင်စနစ်၏ အငွေ့အသက်မကုန်သေးသည့် လုပ်ရပ်ဖြစ်သည်ဟု လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောကြားသည်။

ဆင်ဦးစီးကို အစွယ်ဖြင့် ထိုးခဲ့သော ဆင်ဖြူတော်ကို ဆရာဝန်များ၏ စစ်ဆေးချက်ပေါ်မူတည်ပြီး မူလနေရာတွင်သာ ချုပ်နှောင်ထား

ဆင်ဦးစီးကို အစွယ်ဖြင့်ထိုးကာ သေဆုံးစေခဲ့သော ရာဇဂ္ဂသီရိပစ္စယဂဇရာဇာ ဆင်ဖြူတော်ကို ကျွမ်းကျင်သော ဆရာဝန်များ၏ စစ်ဆေးချက်ပေါ် မူတည်ပြီး မူလနေရာတွင်သာ ချုပ်နှောင်ထိန်းသိမ်း ထားသေးကြောင်း ရတနာဆင်ဖြူတော် ဥယျာဉ်မှ ဦးစီးအရာရှိ ဦးတင်ဌေးဦးက နိုဝင်ဘာ ၃ ရက်က ပြောကြားခဲ့သည်