Friday 27 December 2013

ရှစ်မိုင်လမ်းဆုံတွင် ဂျပန်နည်းပညာအသုံးပြုထားသည့် ခေတ်မီမီးပွိုင့်စမ်းသပ်တပ်ဆင်

ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့တတ်သည့်နေရာများထဲမှ တစ်ခုဖြစ်သည့် မရမ်းကုန်းမြို့နယ် ရှစ်မိုင် လမ်း ဆုံတွင် ဂျပန်နည်းပညာဖြင့်ပြုလုပ်ထားသည့် အဆင့်မြင့် ခေတ်မီမီးပွိုင့်အား စမ်းသပ်တပ်ဆင် အသုံးပြုနေကြောင်း သိရသည်။

ဦးလေးဖြစ်သူက အသက်ခုနစ်နှစ်နှင့်လေးနှစ်အရွယ် တူမနှစ်ဦးကို အဓမ္မပြုကျင့်

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် အသက်ခုနစ်နှစ်နှင့်လေးနှစ်အရွယ်သာရှိကြသည့် ကလေးငယ်နှစ်ဦးကို ဦးလေးတော်စပ်သူ က သားမယားဖြစ် ပြုကျင့်ခဲ့သဖြင့် အရေးယူပေးရန် ဒီဇင်ဘာ ၂၅ ရက် ည ၁၂ နာရီခွဲ က အမှုဖွင့်တိုင်ကြားထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။

အရက်ကြောင်ကြောင်ပြီး မိမိကိုယ်မိမိ လှံဖြင့်ထိုးသတ်

မကွေးတိုင်းဒေသကြီး မင်းလှ မြို့နယ် ဆုံကုန်းကျေးရွာနေ စိုးလွင် သည် ယခုလ ၂၃ ရက် နံနက် ၁ဝ နာရီ ၁၅မိနစ်က အရက် အလွန်အကျွံ သောက်စားခဲ့ပြီး မူးယစ်ကာစိတ်ကယောင်ချောက်ချား ဖြစ်ပြီး ဝမ်း ဗိုက်အောက်အားလှံဖြင့် မိမိကိုယ်မိမိထိုးခဲ့သည်။