Friday 9 January 2015

အီရတ် အလယ်ပိုင်းက ဆမ်မာရာမြို့ကို IS တွေ ဝင်တိုက်

Photo: အီရတ် အလယ်ပိုင်းက ဆမ်မာရာမြို့ကို IS တွေ ဝင်တိုက်
Friday, January 9, 2015  

အီရတ်နိုင်ငံ အလယ်ပိုင်း ဆမ်မာရာ မြို့က အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေကို IS အစ္စလာမ်မ္မစ် နိုင်ငံအဖွဲ့ စစ်သွေးကြွတွေက ဝင်ရောက် တိုက်ခိုက်ခဲ့လို့ လူ ၂ ဦး သေဆုံး သွားပြီး တခြား လူ ၃၀ နီးပါးလောက် ဒဏ်ရာ ရရှိသွားတယ်လို့ အီရတ် အရာရှိတွေက ပြောပါတယ်။

ဆမ်မာရာမြို့ အနောက်ပိုင်း အဝေးပြေး လမ်းမပေါ်က စစ်ဆေးရေး ဂိတ်တွေကို ပစ်မှတ်ထားပြီး အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ၅ ကြိမ် ဆက်တိုက် ပြုလုပ် ခဲ့ကြတာလို့ သိရပါတယ်။

ဆမ်မာရာ မြို့ပေါ်ကို မော်တာတွေနဲ့ အရင်ဆုံး ပစ်ခတ်ခဲ့ပြီး နောက်မှ အသေခံ ဗုံးခွဲမှုတွေနဲ့ တိုက်ခိုက် ခဲ့ကြတာ ဖြစ်ပါတယ်။

အီရတ် စစ်သားတွေနဲ့ ရှီယာ စစ်သားတွေက မြို့ကို စစ်သွေးကြွတွေ သိမ်းပိုက်မယ့် ရန်က ကာကွယ် နိုင်ခဲ့ပြီး အမေရိကန် ဦးဆောင်တဲ့ လေကြောင်း တိုက်ခိုက်မှုတွေ အကူအညီနဲ့ တောင်ပိုင်းက မြို့ရွာ အချို့ကို ပြန်လည် သိမ်းပိုက် နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဆမ်မာရာ မြို့ဟာ ဆွန်နီ မွတ်ဆလင်တွေ အဓိက နေထိုင်တဲ့ မြို့ဖြစ်ပေမယ့် ရှီယာ မွတ်ဆလင်တွေရဲ့ ဘာသာရေး အထွဋ်အမြတ် ထားရာ အရေးပါဆုံး ဒေသ တစ်ခု ဖြစ်ပါတယ်။

BBC Burmese

ဆမ်မာရာမြို့က အီရတ် လုံခြုံရေး တပ်ဖွဲ့ဝင်တစ်ဦး
ဆမ်မာရာမြို့က အီရတ် လုံခြုံရေး တပ်ဖွဲ့ဝင်တစ်ဦး
အီရတ်နိုင်ငံ အလယ်ပိုင်း ဆမ်မာရာ မြို့က အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေကို IS အစ္စလာမ်မ္မစ် နိုင်ငံအဖွဲ့ စစ်သွေးကြွတွေက ဝင်ရောက် တိုက်ခိုက်ခဲ့လို့ လူ ၂ ဦး သေဆုံး သွားပြီး တခြား လူ ၃၀ နီးပါးလောက် ဒဏ်ရာ ရရှိသွားတယ်လို့ အီရတ် အရာရှိတွေက ပြောပါတယ်။

ကုလလူ့အခွင့်အရေး ကိုယ်စားလှယ်က ကျောင်းသားသပိတ်များအကြောင်း မေးမြန်း

Photo: ကုလလူ့အခွင့်အရေး ကိုယ်စားလှယ်က ကျောင်းသားသပိတ်များအကြောင်း မေးမြန်း
Friday, January 9, 2015 

မြန်မာနိုင်ငံတွင် ယခုနှစ်ပိုင်းအတွင်း ဖြစ်ပွားနေသော ကျောင်းသားဆန္ဒပြပွဲ၊ ကျောင်းသားသမဂ္ဂ သပိတ်စခန်းများ အကြောင်းနှင့် ၂၀၁၅ ခုနှစ်ဆန်းပိုင်းတွင် ပြုလုပ်မည့် သပိတ်စခန်းများ အကြောင်းကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗ.က.သ) နှင့် တွေ့ဆုံကာ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee က မေးမြန်းခဲ့ကြောင်း ဗ.က.သ ပြန်ကြားရေး တာဝန်ရှိသူ ကိုရဲရင့်ကျော်က ပြောကြားသည်။

ရန်ကုန်မြို့တော်ရှိ ကုလသမဂ္ဂဆိုင်ရာ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) ရုံးတွင် ဇန်နဝါရီလ ၈ ရက်နေ့ ကျောင်းသားသမဂ္ဂများ အပါအဝင် အရပ်ဘက် အဖွဲ့အစည်းများနှင့် တွေ့ဆုံစဉ် ယင်းသို့ မေးမြန်းခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းလင်းပြောကြားသည်။

ဗ.က.သ အဖွဲ့ကိုယ်စား ကျောင်းသား၊ ကျောင်းသူသုံးဦးက ကုလလူ့အခွင့်အရေး ကိုယ်စားလှယ်နှင့် တွေ့ဆုံခဲ့ပြီး လက်ရှိ ပညာရေးစနစ် အပြောင်းအလဲနှင့် လွတ်လပ်စွာ ပညာသင်ကြားခွင့် အခြေအနေအကြောင်း မေးမြန်းခဲ့ကြောင်း ကျောင်းသားသမဂ္ဂဝင်များထံမှ စုံစမ်းသိရှိရသည်။

“ရက် ၆၀ အလွန် ဘာတွေလုပ်ဖို့ ဆောင်ရွက်ထားလဲ။ အင်အားဘယ်လောက် ရှိတာလဲ ဆိုတာ၊ ရခိုင်ပြည်နယ်က ကျောင်းသားတွေ အခြေအနေနဲ့ ဘာသာရေး ကွဲပြားမှုရှိတဲ့ ကျောင်းသားတွေအတွက် ဘယ်လိုသဘောရသလဲ ဆိုတာ မေးပါတယ်” ဟု ကိုရဲရင့်ကျော်က ပြောကြားသည်။

ယင်းအပြင် ကျောင်းသားသမဂ္ဂ အဖွဲ့များ၏ အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး ပညာရေး ဝန်ကြီးဌာနနှင့် တွေ့ဆုံရန် တောင်းဆိုချက်ကို အစိုးရ တာဝန်ရှိသူများဘက်မှ တုံ့ပြန်မှု တစ်စုံတစ်ရာ မရှိခြင်း အကြောင်းကို Ms. Yanghee Lee မှတစ်ဆင့် အစိုးရထံ မေးမြန်းပေးရန် တောင်းဆိုခဲ့သေးကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“ကျောင်းသားတွေရဲ့ အခြေအနေကို ချပြလိုက်တာပဲ။ သူနဲ့တွေ့ပြီးတော့ ဘာလုပ်မှာလဲ ဆိုတာတော့ ဗ.က.သ မူအတိုင်း ဆက်လုပ်သွားမှာပဲ” ဟု ကုလလူ့အခွင့်အရေး ကိုယ်စားလှယ်နှင့် တွေ့ဆုံခဲ့သူ မြင်းခြံခရိုင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ဝင် ကိုဇော်လင်းအောင်က ရှင်းပြသည်။

Ms. Yanghee Lee ကို လက်တလော ကျောင်းသားလှုပ်ရှားမှု၊ ကျောင်းသားအဖွဲ့များ၏ အစိုးရထံ တောင်းဆိုထားသော အချက်အလက်များနှင့် မြန်မာအစိုးရထံ ထောက်ပံ့နေသော ရန်ပုံငွေများကို ပြန်လည် သုံးသပ်သင့်ကြောင်းနှင့် တိုင်းရင်းသား ဘာသာစကား သင်ကြားခွင့် အခြေအနေတို့ကိုလည်း တင်ပြခဲ့ကြောင်း ဗ.က.သ အဖွဲ့ဝင်များက ဆိုသည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်တွင် ကျောင်းသား၊ ကျောင်းသူ အင်အား ၂၅၀၀ ကျော်ရှိပြီး ခရိုင် ၂၆ ခုတွင် ဖွဲ့စည်းထားပြီး ဖြစ်သည်။

The Voice Weekly
မြန်မာနိုင်ငံတွင် ယခုနှစ်ပိုင်းအတွင်း ဖြစ်ပွားနေသော ကျောင်းသားဆန္ဒပြပွဲ၊ ကျောင်းသားသမဂ္ဂ သပိတ် စခန်းများ အကြောင်းနှင့် ၂၀၁၅ ခုနှစ်ဆန်းပိုင်းတွင် ပြုလုပ်မည့် သပိတ်စခန်းများ အကြောင်းကို ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗ.က.သ) နှင့် တွေ့ဆုံကာ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee က မေးမြန်းခဲ့ကြောင်း ဗ.က.သ ပြန်ကြားရေး တာဝန်ရှိသူ ကိုရဲရင့်ကျော်က ပြောကြားသည်။

ကျိုက်ထီးရိုး တောင်တက်လမ်းတွင် ပီရူးနိုင်ငံသူအား အဓမ္မပြုကျင့်ပြီး လူကိုသတ်ရန် ကြံသူကို ထောင်ဒဏ် ၄၃ နှစ် ချမှတ်

Photo: ကျိုက်ထီးရိုး တောင်တက်လမ်းတွင် ပီရူးနိုင်ငံသူအား အဓမ္မပြုကျင့်ပြီး လူကိုသတ်ရန် ကြံသူကို ထောင်ဒဏ် ၄၃ နှစ် ချမှတ်
Friday, January 9, 2015 

ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးတောင်ခြေ တောင်တက်လမ်း၌ ရှုခင်းဓာတ်ပုံများ ရိုက်ကူးရင်း တစ်ဦးတည်း လမ်းလျှောက်နေသည့် ပီရူးနိုင်ငံသူ Miss Danianucia အား ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၂ဝ ရက် နံနက် ၉ နာရီခွဲခန့် က ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာနေ ဇော်မင်းလတ်(ခ) ကုလားကြီး(၂၂)နှစ် (ကျောက်ထုလုပ်သား)က အဓမ္မပြုကျင့်ပြီး ပစ္စည်းလု၊ လူကိုသတ်ရန်ကြံစည်ခဲ့သဖြင့် ကင်မွန်းချောင်း နယ်မြေရဲစခန်းက (ပ)၄၄/၂ဝ၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆/၃ဝ၇/၃၇၉ ဖြင့် ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်က သထုံခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဇန်နဝါရီ ၇ ရက်က သထုံခရိုင်တရားသူကြီးဦးထိန်မင်းက ပြစ်မှုကျူးလွန်သူ ဇော်မင်းလတ်(ခ)ကုလားကြီးအား ပြစ်မှုပုဒ်မ ၃၇၆ အရ ထောင်ဒဏ်တစ်သက်တစ်ကျွန်း(အနှစ် ၂ဝ နှင့်ညီမျှသည်)၊ ပြစ်မှုပုဒ်မ ၃ဝ၇ ထောင်ဒဏ်တစ်သက် တစ်ကျွန်း(အနှစ် ၂ဝ နှင့်ညီမျှသည်)၊ ပြစ်မှုပုဒ်မ ၃၇၉ အရအလုပ်ကြမ်းနှင့်ထောင်ဒဏ် သုံးနှစ်(သီးခြားစီ) ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်းသိရသည်။

(ကြေးမုံ)
The Mirror Daily
ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးတောင်ခြေ တောင်တက်လမ်း၌ ရှုခင်းဓာတ်ပုံများ ရိုက်ကူးရင်း တစ်ဦးတည်း လမ်းလျှောက်နေသည့် ပီရူးနိုင်ငံသူ Miss Danianucia အား ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၂ဝ ရက် နံနက် ၉ နာရီ ခွဲခန့် က ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာနေ ဇော်မင်းလတ်(ခ) ကုလားကြီး(၂၂)နှစ် (ကျောက်ထု လုပ်သား) က အဓမ္မပြုကျင့်ပြီး ပစ္စည်းလု၊ လူကိုသတ်ရန်ကြံစည်ခဲ့သဖြင့် ကင်မွန်းချောင်း နယ်မြေရဲစခန်းက

ထမင်းစားပြီး လုပ်မိတတ်ကြတဲ့ အဆိုးဆုံး အလေ့အကျင့်များ

Photo: ထမင်းစားပြီး လုပ်မိတတ်ကြတဲ့ အဆိုးဆုံး အလေ့အကျင့်များ
Friday, January 9, 2015 

သင်ဟာ နေ့စဉ်ပုံမှန်စားနေတဲ့ အစားအစာပေါ် အလေးထားဂရုစိုက်တတ်သူ၊  ကိုယ့်ရဲ့ကိုယ်ပိုင်ကျန်းမာရေး၊ အရေပြားတွန့်ခြင်းတွေကို ထိန်းသိမ်းချင်သူတွေထဲက တစ်ဦးဆိုရင်တော့ ကျွမ်းကျင်ပညာများ ပြုစုထားတဲ့ ဒီအချက် (၇) ချက်ကို ကြည့်ရှုလေ့လာသင့်ပါတယ်။ ဒါကတော့ အခြေခံအကျဆုံးနဲ့ မဖြစ်မနေ သိထားသင့်တဲ့ ထမင်းစားပြီးပြီးချင်း မလုပ်သင့်တဲ့ အဆိုးဆုံးအရာတွေပါ။

ဆေးလိပ်သောက်ခြင်း
ထမင်းစားပြီး ဆေးလိပ် ချက်ချင်းသောက်တာမျိုးဟာ ထမင်းစားပြီးချိန်မှာ လုပ်လေ့လုပ်ထရှိကြတဲ့ အဆိုးဆုံးအရာတွေထဲက တစ်ခုပါ။ ထမင်းစားပြီး သောက်တဲ့ ဆေးလိပ်တစ်လိပ်ဟာ တခြားအချိန်မှာသောက်တဲ့ ဆေးလိပ် (၁၀) လိပ်နဲ့ ညီမျှပါတယ်။

သစ်သီးဝလံများ
သစ်သီးဟာ ခန္ဓာကိုယ်ထဲရောက်ပြီဆိုရင် အစာချေဖျက်တာကို ချက်ချင်း စတင်လေ့ရှိပါတယ်။ သို့ပေမယ့်လို့ အဲဒါဟာ ထမင်းနဲ့ ခွဲစားတဲ့အချိန်မှာသာ ဖြစ်တာပါ။ ဒါကြောင့်လည်း သစ်သီးကို အစာပြေအဖြစ် သုံးဆောင်ကြတာဖြစ်ပါတယ်။ ထမင်းစားပြီး အသီးကို ချက်ချင်းစားမယ်ဆိုရင်တော့ ပထမစားထားတဲ့ အစာတွေကြောင့် ခန္ဓာကိုယ်မှာ အဲဒီအတိုင်းဆက်လက်ရှိနေပြီး (cellulite) ဆဲလ်လူလိုက် အဆီဖွဲ့စည်းမှုကို အဟန့်အတားဖြစ်စေတဲ့ အစာအိမ်အဆိပ်အတောက်တွေကို ချန်လှပ်ပေးခဲ့ပါလိမ့်မယ်။ ဒါကြောင့် သစ်သီးကို အစာအိမ် ဟင်းလင်းဖြစ်နေချိန် သို့မဟုတ် ထမင်းစားပြီး ၂ နာရီလောက်အကြာမှာသာ စားသုံးသင့်တယ်လို့ အကြံပြုထားပါတယ်။

လက်ဖက်ရည်သောက်ခြင်း
လက်ဖက်ရည်ရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ theine ဟာ ခန္ဓာကိုယ်အတွင်းရှိ သံဓာတ်နဲ့ ဆက်စပ်နေပြီး အစာချေဖို့ အခက်အခဲဖြစ်စေပါတယ်။ အထူးသဖြင့် သွေးအားနည်းသူတွေမှာ ဖြစ်ပေါ်နိုင်ပါတယ်။ ထို့ကြောင့် အစာစားပြီး အနည်းဆုံး (၁) နာရီအကြာမှသာ သောက်တာ အကောင်းဆုံးဖြစ်ပါတယ်။

ရေကူးခြင်း
ရေက ခန္ဓာကိုယ်အတွင်း သွေးလည်ပတ်မှုကို လှုံ့ဆော်ပေမယ့် အစာစားပြီးတဲ့အချိန်မှာ သွေးက အစာချေ လုပ်ငန်းဆောင်ရွက်ရာဖြစ်တဲ့ အစာအိမ်ဆီသာ သွားရောက်ကြပါတယ်။  အပူချိန် ရုတ်တရက် ပြောင်းလဲမှုတွေဖြစ်ပေါ်ရာဖြစ်တဲ့ လက်နဲ့ ခြေဖ၀ါး စတဲ့နေရာတွေကိုတော့ မဟုတ်ပါဘူး။

သက်သောင့်သက်သာဖြစ်စေတဲ့ ခါးပတ်
ဒါက လူတွေ ထမင်းစားချိန်မှာ လုပ်တတ်ကြတဲ့ အလေ့အထတစ်ခုဖြစ်ပါတယ်။ ကိုယ်ကျပ်ဘောင်းဘီ ဝတ်မရခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလို မလုပ်သင့်တဲ့ နောက်အကြောင်းပြချက်တစ်ခုက နောက်ထပ် တစ်ခုခုထပ်စားဖို့ လိုအပ်နေသလို စိတ်ခံစားချက်ဖြစ်စေလို့ပဲဖြစ်တယ်။

ကိုယ်လက်လှုပ်ရှားခြင်းများ
ကယ်လိုရီးလျော့ချဖို့အတွက် ထမင်းစားပြီး လေ့ကျင့်ခန်း လုပ်ပေးသင့်တယ်လို့ လူအများစုက ယူဆထားကြတယ်။ အမှန်တော့ အပြင်းအထန် အားစိုက်လုပ်ရတဲ့ အလုပ်မျိုး ရှောင်သင့်ပါတယ်။ ဘာလို့လဲ ဆိုတော့ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုကြောင့် အစာချေစနစ်ကို ထိခိုက်အန္တရာယ်ဖြစ်စေတယ်။ ဒါပေမယ့် လမ်းလျောက်ခြင်းတစ်ခုကိုတော့ လုပ်ဆောင်နိုင်ပါတယ်။

အိပ်ခြင်း
အိမ်ငိုက်လာရင်တောင် ထမင်းစားပြီး အိပ်ခြင်းကို အပြင်းထန် တားမြစ်ထားပါတယ်။ ဘာ့ကြောင့်လဲဆိုရင် ပတ်လက်လှန်အနေအထားနဲ့ ရှိတဲ့ အချိန်မှာ အစာချေစနစ်က ပုံမှန်တိုင်း မလည်ပတ်နိုင်လို့ပဲဖြစ်ပါတယ်။ အဲဒီလိုအိပ်တာက အစာအိမ်ပြသနာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

Source: HFS
Trend Myanmar
သင်ဟာနေ့စဉ်ပုံမှန်စားနေတဲ့ အစားအစာပေါ် အလေးထားဂရုစိုက်တတ်သူ၊  ကိုယ့်ရဲ့ကိုယ်ပိုင် ကျန်းမာ ရေး၊ အရေပြားတွန့်ခြင်းတွေကို ထိန်းသိမ်းချင်သူတွေထဲက တစ်ဦးဆိုရင်တော့ ကျွမ်းကျင်ပညာများ ပြုစု ထားတဲ့ ဒီအချက်(၇)ချက်ကို ကြည့်ရှုလေ့လာသင့်ပါတယ်။ ဒါကတော့ အခြေခံအကျဆုံးနဲ့ မဖြစ်မနေ သိ ထားသင့်တဲ့ ထမင်းစားပြီးပြီးချင်း မလုပ်သင့်တဲ့ အဆိုးဆုံးအရာတွေပါ။

သမ္မတနှင့် နိုင်ငံရေးထိပ်သီးခေါင်းဆောင်များ၊ တိုင်းရင်းသားရေးရာ ဝန်ကြီး များနှင့် တိုင်းရင်းသားကိုယ်စားလှယ်ခေါင်းဆောင်များ ဇန်နဝါရီ ၁၂ ရက်တွင် တွေ့မည်

နိုင်ငံရေး ထိပ်သီးခေါင်းဆောင်များ၊ တိုင်းရင်းသားရေးရာဝန်ကြီးများနှင့် တိုင်းရင်းသားကိုယ်စားလှယ် ခေါင်း ဆောင်များ ယခုလ ၁၂ ရက်နေ့တွင် သမ္မတအိမ်တော်၌ တွေ့ဆုံဆွေးနွေးရန် နိုင်ငံရေး ပါတီ ဥက္ကဋ္ဌများနှင့် တိုင်းရင်း သား ရေးရာဝန်ကြီးများထံသို့ ဖိတ်စာများ ပို့ထားကြောင်း ဖိတ်ကြားခံရသူများ ထံမှ သိရသည်။

ဟိန္ဒားသတ္တုတွင်းအမှုကို ဆက်လက်စစ်ဆေးရန် ကြားဖြတ်အမိန့်ချ

Photo: ဟိန္ဒားသတ္တုတွင်းအမှုကို ဆက်လက်စစ်ဆေးရန် ကြားဖြတ်အမိန့်ချ
Friday, January 9, 2015

တနင်္သ࿿ာ ရီတိုင်းဒေသကြီး ထားဝယ်ခရိုင်တွင် စည်းကမ်းမဲ့စွန့်ပစ်မြေစာများကြောင့် ဆုံးရှုံးမှုများကို တာဝန်ယူ မဖြေရှင်း ပေးသဖြင့် ဒေသခံများကအမှတ်(၂) သတ္တုတွင်း လုပ်ငန်းနှင့် မြန်မာပွန်ပီ ပက်ကုမ္ပဏီတို့ကို တရားစွဲဆိုထား သည့်အမှုကို ဆက်လက်စစ်ဆေးရန် အတွက် ထားဝယ်ခရိုင်တရားရုံးမှ ဇန်နဝါရီ ရရက်တွင် ကြားဖြတ်အ မိန့်ချမှတ် လိုက်ကြောင်း တရားလိုအ ကျိုးဆောင်ရှေ့နေများထံမှသိရသည်။

ထိုင်းနိုင်ငံသားပိုင် မြန်မာပွန် ပီပက်ကုမ္ပဏီ၏စည်းကမ်းမဲ့စွန့်ပစ် သည့်မြေစာများကြောင့် ထိခိုက်ဆုံး ရှုံးမှုကို တာဝန်ယူမဖြေရှင်းပေး သ ဖြင့် အမှတ်(၂)သတ္တုတွင်းလုပ်ငန်း နှင့် တနင်္သ࿿ာရီ တိုင်းဒေသကြီး ထား ဝယ်ခရိုင်ရှိ ဟိန္ဒားသတ္တုတွင်းတွင် သတ္တုတူးဖော်နေ သည့် မြန်မာပွန် ပီပက်ကုမ္ပဏီတို့ကို မြောင်းပြိုကျေး ရွာဒေသခံကိုးဦးက ၂၀၁၄ခုနစ်မေ လက တရားစွဲ ဆိုထားခြင်းဖြစ်သည်။

''ပြီးခဲ့တဲ့ ရုံးချိန်းကတင်ပြခဲ့ တဲ့ နှစ်ဖက်လျှောက်လဲချက်တွေအ ပေါ်မှာ အမှုကိုဆက်စစ်ဖို့ကြားဖြတ် အမိန့်ချလိုက်တာပါ''ဟု တရားလို အကျိုးဆောင်ရှေ့နေကပြောသည်။ ရုံးချိန်း(၂၀) ကြိမ်မြောက်တွင် ယခုကဲ့သို့ ကြားဖြတ်အမိန့်ချခဲ့ခြင်း ဖြစ်ပြီး လာမည့် ဇန်နဝါရီ ၂၁ရက်၌ ပြုလုပ်မည့် (၂၁)ကြိမ်မြောက်ရုံးချိန်း တွင် တရားလိုများကို စတင်စစ်ဆေး တော့မည်ဖြစ်ကြောင်း တရား လိုများ နှင့်ゞင်းတို့၏အကျိုးဆောင်ရှေ့နေ ထံမှ သိရသည်။

''ဒီနေ့ရုံးချိန်းက အဆုံးအဖြတ် ပဲလို့သိထားတယ်။ အမှုကို ပလပ်မ လားလို့စိုးရိမ်နေတာ။ အခုလိုမျိုး ဆက်စစ်မယ်လို့ အမိန့်ချ လိုက်တော့ ပျော်တာကတော့ အတိုင်းထက် အလွန်ပါပဲ'' တရားစွဲရာ တွင် ပါဝင် သူမြောင်းပြိုဒေသခံတစ်ဦးက ပြော သည်။

တရားပြိုင်ဘက်မှအမှုမှာ တ ရားစွဲရန်မလိုအပ်ကြောင်း၊ ထိခိုက် ပျက်စီးမှုမှာ ကြာမြင့်နေပြီဖြစ်သည့် အတွက် ယခုမှတရားစွဲဆိုခြင်းမှာ လည်း ကာလစည်းကမ်းတစ်နှစ်ထက် ကျော် လွန်နေကြောင်း၊ အစိုးရဌာနထံ သို့ ပေးပို့သည့်သတိပေးစာတွင် လည်း မန်နေဂျာ နာမည်ဖြင့်ပေးပို့ ထားခြင်းကြောင့် ဌာနနှင့်သက်ဆိုင် ခြင်းမရှိသဖြင့် တရားမဝင်ကြောင်း စသဖြင့် လျှောက် လဲခဲ့သည်ဟု တ ရားလိုများ က ပြောသည်။

သဘာဝပတ်ဝန်းကျင် ထိခိုက် မှုနှင့်ဥယျာဉ်ခြံမြေများဆုံးရှုံးနေခြင်း ကြောင့် တရားစွဲဆိုသင့်သည့်အမှုဖြစ် ပြီး ထိခိုက်ပျက်စီးမှုများမှာ ကုမ္ပဏီ မှစတင်လုပ်ဆောင်ချိန်မှစ၍ ဆက် တိုက်ဖြစ်ပွား လာကြောင်း၊ အမှတ် (၂)သတ္တုတွင်းလုပ်ငန်း တိုင်းဒေသ ကြီး မန်နေဂျာ ထံပေးပို့သည့် သတိ ပေးစာတွင်လည်း မန်နေဂျာနာမည် နှင့် ဌာန ပူးတွဲပါရှိပြီးဖြစ်သည့်အ တွက် ဌာန ကို ကိုယ်စားပြုပေး ပို့ခြင်း ဖြစ်ကြောင်း ပြန်လည်ချေပခဲ့သည် ဟု တရားခွင်တွင်ကြားခဲ့ရသည်များ ကို တရားလိုများက ပြောဆိုသည်။

ထားဝယ်ခရိုင်တရားရုံးမှထုတ် ပြန်ထားသော ပဏာမငြင်းချက်သုံး ချက်ဖြစ်သည့် ''ယခုအမှုကိုတရားစွဲ ဆိုရန်အကြောင်း ရင်းပေါ်ပေါက်ခြင်း မရှိဆိုခြင်းမှာ မှန်၊မမှန်'' ''ယခုအမှု မှာ ကာလစည်းကမ်း ထက်ကျော် လွန်နေသည်ဆိုခြင်းမှာ မှန်၊မမှန်'' ''အစိုးရထံပို့သည့် notice  သည် တရားမဝင်ဟုဆိုခြင်းမှာ မှန်၊မမှန်'' တို့အပေါ်တွင် တရားလိုဘက်ကိုအ နိုင်ပေးကာ ဆက်လက် စစ်ဆေးရန် ကြားဖြတ်အမိန့်ချခဲ့ခြင်းဖြစ်ကြောင်း တရားလိုအကျိုးဆောင်ရှေ့နေထံမှ သိရသည်။

Democracy today 

ဟိန္ဒားသတ္တုတွင်းလုပ်ငန်းခွင်ကို တွေ့ရစဉ်။ Photo -Dawei Watch
ဟိန္ဒားသတ္တုတွင်းလုပ်ငန်းခွင်ကို တွေ့ရစဉ်။ Photo -Dawei Watch
တနင်္သ࿿ာ ရီတိုင်းဒေသကြီး ထားဝယ်ခရိုင်တွင် စည်းကမ်းမဲ့စွန့်ပစ်မြေစာများကြောင့် ဆုံးရှုံးမှုများကို တာဝန်ယူ မဖြေရှင်း ပေးသဖြင့် ဒေသခံများကအမှတ်(၂) သတ္တုတွင်း လုပ်ငန်းနှင့် မြန်မာပွန်ပီ ပက်ကုမ္ပဏီ တို့ကို တရားစွဲဆိုထား သည့်အမှုကို ဆက်လက်စစ်ဆေးရန် အတွက် ထားဝယ်ခရိုင်တရားရုံးမှ ဇန်နဝါရီ ရရက်တွင် ကြားဖြတ်အ မိန့်ချမှတ် လိုက်ကြောင်း တရားလိုအ ကျိုးဆောင်ရှေ့နေများထံမှသိရသည်။

သီရိလင်္ကာ ရွေးကောက်ပွဲတွင် လက်ရှိ သမ္မတရှုံးနိမ့်

Photo: သီရိလင်္ကာ ရွေးကောက်ပွဲတွင် လက်ရှိ သမ္မတရှုံးနိမ့်
Friday, January 9, 2015

သီရိလင်္ကာ သမ္မတ ရွေးကောက်ပွဲတွင် သမ္မတမဟိန္ဒရာဇပက်ဆာ ရွေးကောက်ပွဲတွင် ရှုံးနိမ့်မှုကို လက်ခံလိုက်ပြီး ရာထူး လွှဲပြောင်းပေးရေးကို အဆင်ပြေချောမွေ့စွာ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သမ္မတ၏ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ၀ီဇယနန္ဒဟာရက်က ဇန်နဝါရီ ၉ ရက်တွင် ပြောကြားလိုက်သည်။

"သမ္မတကြီးက ဝန်ကြီးချုပ်ဟောင်း ရာနီဝစ်ကရီမီဆင်ဟီနဲ့ တွေ့ပြီးသွားပါပြီ။ ရွေးကောက်ပွဲမှု ရှုံးနိမ့်တယ်ဆိုတာ လက်ခံလိုက်ပြီး ပြည်သူတွေရဲ့ ဆန္ဒအတိုင်း လုပ်ဆောင်ပေးသွားမယ်လို့ ကတိပြုထားပါတယ်" ဟု ပြောကြားသည်။

Mizzima - News in Burmese
သီရိလင်္ကာ သမ္မတ ရွေးကောက်ပွဲတွင် သမ္မတမဟိန္ဒရာဇပက်ဆာ ရွေးကောက်ပွဲတွင် ရှုံးနိမ့်မှုကို လက်ခံ လိုက်ပြီး ရာထူး လွှဲပြောင်းပေးရေးကို အဆင်ပြေချောမွေ့စွာ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သမ္မတ၏ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ၀ီဇယနန္ဒဟာရက်က ဇန်နဝါရီ ၉ ရက်တွင် ပြောကြား လိုက်သည်။

အမေရိကန် သန်းကြွယ်သူဌေး ဂျော့ဆိုးရော့စ် စစ်တွေသို့ရောက်ရှိ

Photo: အမေရိကန် သန်းကြွယ်သူဌေး ဂျော့ဆိုးရော့စ် စစ်တွေသို့ရောက်ရှိ
Friday, January 9, 2015

အမေရိကန်သန်းကြွယ်သူဌေးတစ်ဦးဖြစ်သူ ဂျော့ဆိုးရော့စ် (George-Soros)သည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ဇန်နဝါရီလ ၈ ရက်နေ့ကရောက်ရှိခဲ့သည်။

သူသည် ယင်းနေ့နံနက် ၁ဝ နာရီခွဲခန့်က စစ်တွေလေဆိပ်သို့ သူ၏ကိုယ်ပိုင်လေယာဉ်ဖြင့် ရောက်ရှိ လာခြင်းဖြစ်ပြီး သူ၏လေယာဉ်ပေါ်တွင် ပြည်နယ်ဝန်ကြီးချုပ်ဦးမောင်မောင်အုန်းနှင့် တစ်နာရီခန့် သီးသန့်ဆွေးနွေးခဲ့ကြသည်။

မည်သည့်အကြောင်းအရာကိုဆွေးနွေးခဲ့သည်ဆိုသည်ကို အသေးစိတ်သိရှိနိုင်ရန် ပြည်နယ်ဝန်ကြီးချုပ် အား နိရဉ္စရာက တွေ့ဆုံမေးမြန်းခွင့်တောင်းခဲ့သော်လည်း ဝန်ကြီးချုပ်က “နောက်နေ့မှမေး”ဟုဆိုကာ ဖြေကြားရန် ငြင်းဆန် ခဲ့သည်။

ယင်းသို့ဆွေးနွေးအပြီး ဂျော့ဆိုးရော့စ်သည် စစ်တွေရှိ ဘင်္ဂါလီဒုက္ခသည်စခန်းတစ်ခုဖြစ်သော သက်ကေပြင်စခန်းနှင့် ရခိုင်ဒုက္ခသည်စခန်းတစ်ခုဖြစ်သော စက်ရုံစုစခန်းများသို့ သွားရောက်လေ့လာခဲ့သည်။

ယင်းနောက် စစ်တွေမြို့တွင်းရှိ ဘင်္ဂါလီရပ်ကွက်ဖြစ်သော အောင်မင်္ဂလာရပ်ကွက်အတွင်းသို့ ဝင်ရောက် ပြီးရပ်ကွက်တွင်းရှိ ဘင်္ဂါလီများအား သွားရောက် တွေ့ဆုံခဲ့သည်။

ယင်းနောက် စစ်တွေဟိုတယ်တွင် ခေတ္တအနားယူကာ လေဆိပ်သို့ပြန်လာပြီး ရန်ကုန်သို့ ညနေ ၄ နာရီ ခွဲတွင် ပြန်လည် ထွက်ခွာသွားခဲ့သည်။

ဂျော့ဆိုးရော့စ်သည် စစ်တွေရှိ မြို့မိမြို့ဖအချို့ပါဝင်ဖွဲ့စည်းထားသော အရေးပေါ်ပေါင်းစပ်ညှိနှိုင်းရေး စင်တာ အဖွဲ့ဝင် များနှင့် တွေ့ဆုံရန်စီစဉ်ထားသော်လည်း တွေ့ဆုံခဲ့ခြင်းမရှိခဲ့ဟု အဆိုပါ စင်တာ၏အဖွဲ့ဝင်များ က ဆိုသည်။

ယင်းအပြင် ပြည်နယ်အစိုးရအဖွဲ့နှင့်လည်း သီးသန့်တွေ့ဆုံခဲ့ခြင်းမရှိခဲ့ပေ။ စစ်တွေခရီးစဉ်အတွင်း သူ၏လုံခြုံရေးကို သူ၏ ကိုယ်ပိုင်လုံခြုံရေးဝန်ထမ်းများအပါအဝင် ရခိုင်ဒေသ အာဏာပိုင်များ၏ လုံထိန်းတပ်ဖွဲ့ဝင်များနှင့် အထူးတင်းကျပ်စွာ လုံခြုံရေးယူထားခဲ့သည်။

ဂျော့ဆိုးရော့စ်သည် ရခိုင်ပြည်နယ်သို့မလာရောက်မီ ဇန်နဝါရီလ ၇ ရက်နေ့က နေပြည်တော်တွင် ဘူးသီးတောင် မဲဆန္ဒနယ်မှ ဘင်္ဂလီလူမျိုး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်အပါအဝင် အမျိုးသမီးအရေး လှုပ်ရှားသူ ဒေါ်ဝေေ၀နုနှင့် ဘင်္ဂလီ လူ့အခွင့်အရေးကာကွယ်သူ ဦးကျော်လှအောင်တို့နှင့်တွေ့ဆုံခဲ့ပြီး ရခိုင် ပြည်နယ်အတွင်းရှိ လူမျိုးစုနှစ်ခု အတူ ယှဉ်တွဲနေထိုင်ရေးကိစ္စရပ်အပါအဝင် အခြားကိစ္စရပ်တစ်ချို့ကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု ဦးရွှေမောင်၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

နိရဉ္စရာ 

ဂျော့ဆိုးရော့စ် ကိုယ်ပိုင်လေယာဉ်ဖြင့် ရောက်ရှိလာစဉ်။ ( ဓါတ်ပုံ- နိရဉ္စရာ)
ဂျော့ဆိုးရော့စ် ကိုယ်ပိုင်လေယာဉ်ဖြင့် ရောက်ရှိလာစဉ်။ ( ဓါတ်ပုံ- နိရဉ္စရာ)
အမေရိကန်သန်းကြွယ်သူဌေးတစ်ဦးဖြစ်သူ ဂျော့ဆိုးရော့စ် (George-Soros)သည် ရခိုင်ပြည်နယ်၊ စစ်တွေ မြို့ သို့ ဇန်နဝါရီလ ၈ ရက်နေ့ကရောက်ရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ဥက္ကဋ္ဌ နေရာအတွက်သာ ကြိုးစားမည့် သတင်း မဟုတ်ဟု NLD ငြင်းဆို

Photo: ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ဥက္ကဋ္ဌ နေရာအတွက်သာ ကြိုးစားမည့် သတင်း မဟုတ်ဟု NLD ငြင်းဆို
Friday, January 9, 2015

လာမည့် အထွေထွေရွေးကောက်ပွဲ အပြီးတွင် ပေါ်လာမည့် အစိုးရအဖွဲ့သစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ဥက္ကဋ္ဌ နေရာအတွက်သာ ကြိုးစားမည်ဟူသော သတင်းမှာ မဟုတ်မှန်ကြောင်း NLD ဗဟိုကော်မတီဝင်များက ငြင်းဆိုလိုက်သည်။

၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လွှတ်တော်အတွင်း ပြင်ဆင်နိုင်ခြင်း မရှိပါက ဥပဒေပြုလွှတ်တော် တစ်ရပ်ရပ်တွင် ဥက္ကဋ္ဌတစ်ဦး အဖြစ် တာဝန်ထမ်းဆောင်နိုင်ဖွယ် ရှိကြောင်း NLD ပါတီ ပြန်ကြားရေး အဖွဲ့ဝင်တစ်ဦးကို ကိုးကားပြီး ပြည်တွင်းမီဒီယာတစ်ခု ဖြစ်သော The Trade Times ၏ လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြထားမှုအပေါ် ၎င်းတို့က ယင်းသို့ ငြင်းဆိုခြင်း ဖြစ်သည်။

“ကျွန်တော်တို့က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လွှတ်တော်အတွင်းမှာ ပြင်ဆင်နိုင်အောင် ကြိုးစားနေတဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဘာလုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို မချပါဘူး၊ ဒီလို သတင်းမှားတွေက ခဏခဏ ဖြစ်တတ်တာပဲလေ” ဟု NLD ဗဟိုကော်မတီဝင် ဦးဝင်းမြင့်က ဆိုသည်။

ထို့အပြင် NLD ပါတီ၏ ရှေ့လုပ်ငန်းစဉ်များကို ဆုံးဖြတ်ချက် ချမှတ်နေခြင်းသည် ပြောင်းလဲနေသော နိုင်ငံရေး အခြေအနေများ အပေါ်တွင်သာ မူတည်လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲ မတိုင်မီ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ခြင်း မရှိပါက ဒေါ်အောင်ဆန်းစုကြည်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ကိုက်သော လွှတ်တော်တစ်ရပ်ရပ်၏ ဥက္ကဋ္ဌတစ်ဦး အဖြစ် တာဝန်ထမ်းဆောင်မည် ဖြစ်ကြောင်း The Trade Times တွင် ဖော်ပြထားသည်။

NLD ပါတီ ဗဟိုကော်မတီဝင် တစ်ဦးဖြစ်သူ ဦးဝင်းထိန်ကလည်း “ကျွန်တော်ကတော့ ဥက္ကဋ္ဌ ဒီလိုဆုံးဖြတ်ချက် ချမယ်လို့ မယုံဘူး၊ အဲဒါသတင်းမှား တစ်ခုပါ” ဟု ဆိုသည်။

“ဖွဲ့စည်းပုံ ပြင်ဆင်ဖို့အချိန်က မလုံလောက်တော့ဘူး။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လွှတ်တော်ဥက္ကဋ္ဌ နေရာ ထမ်းဆောင်ခွင့်ရရင်လည်း ဝမ်းသာကျေနပ်မှာပါ” ဟု NLD ပါတီ ပြန်ကြားရေးအဖွဲ့ဝင် စာရေးဆရာ မုံရွာအောင်ရှင်က ပြောကြားကြောင်း The Trade Times က ဖော်ပြထားသည်။

သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်ဥက္ကဋ္ဌ နေရာ ထမ်းဆောင်မည့် ကိစ္စကို ပြောကြားခဲ့ခြင်း မရှိကြောင်း စာရေးဆရာ မုံရွာအောင်ရှင်က ငြင်းဆိုသည်။

“ကျွန်တော် အဲဒီလို လုံးဝမပြောခဲ့ပါဘူး၊ အားလုံးအသိပဲလေ ဒီအချိန်ဟာ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် အားလုံးက ကြိုးစားပမ်းစား လုပ်နေကြတာ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း သမ္မတ ဖြစ်နိုင်ဖို့ အတွက်ကို ကြိုးစားနေကြတာပါလို့ ပြောခဲ့တာ၊ နိုင်ငံခြားသားတစ်ယောက် ဆိုတော့ မြန်မာလို နားလည်မှု အားနည်းပြီး ရောထွေးသွားတာ ဖြစ်မယ်။ သေချာတာတော့ ကျွန်တော်ဟာ ပြောရေးဆိုခွင့်ရှိသူ မဟုတ်ဘူး၊ နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေးရှိသူ မဟုတ်ပါဘူး” ဟု ၎င်းကဆိုသည်။

သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ဥက္ကဋ္ဌ နေရာအတွက် ကြိုးစားမည်ဟု ဖော်ပြချက်တွင် သတင်းမီဒီယာ ကျင့်ဝတ်အရ မှန်ကန်ကြောင်း The Trade Times မီဒီယာ အယ်ဒီတာချုပ် ဦးခင်မောင်အေးက ပြောကြားသည်။

“ဦးအောင်ရှင်က ပြောတာ သေချာပါတယ်၊ နိုင်ငံခြားသား တစ်ယောက်တည်း မဟုတ်ပါဘူး၊ မြန်မာနိုင်ငံသား သတင်းထောက်တစ်ဦးပါ ပါပါတယ်၊ သေသေချာချာ အချက်အလက်ရရှိလို့ ရေးသားထားတာပါ၊ တစ်ဖက်က သဘောထား ဘယ်လိုရှိသလဲ ဆိုတာတော့ မသိပါဘူး” ဟု ၎င်းကဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ သမ္မတ ဖြစ်ခွင့်ကို တားမြစ်ထားသည်ဟု ဆိုသော ပုဒ်မ ၅၉ (စ) ပါ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ပြင်ဆင်နိုင်ခြင်း မရှိပါက NLD ပါတီက လွှတ်တော်မဲဆန္ဒနယ် အများစုတွင် အနိုင်ရရှိသော်လည်း နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတ နေရာများတွင် ဒေါ်အောင်ဆန်းစုကြည်ကို တင်မြှောက်နိုင်မည် မဟုတ်ပေ။

ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်နိုင်ခြင်း မရှိပါက ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦးဖြစ်သူ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကို သမ္မတအဖြစ် ထောက်ခံသွားမည် ဖြစ်ကြောင်း NLD ပါတီ ဗဟိုကော်မတီဝင် တစ်ဦး၏ ပြောဆိုချက်ကို ကိုးကားပြီး ၂၀၁၄ နှစ်ကုန်ပိုင်းတွင် နိုင်ငံခြား သတင်းဌာနတစ်ခုက ဖော်ပြခဲ့သည်။

သို့သော်လည်း အဆိုပါ ပြောဆိုချက်သည် နားလည်မှု မှားယွင်းခြင်းကြောင့် မှားယွင်းဖော်ပြထားခြင်း ဖြစ်ကြောင်း NLD ပါတီ ဗဟိုကော်မတီဝင်များက ငြင်းဆိုခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အပြီး ပေါ်ပေါက်လာမည့် လွှတ်တော်များတွင် ပြင်ဆင်အတည်ပြုနိုင်မည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားထားသည်။

The Voice Weekly
လာမည့် အထွေထွေရွေးကောက်ပွဲ အပြီးတွင် ပေါ်လာမည့် အစိုးရအဖွဲ့သစ်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD ပါတီ) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ဥက္ကဋ္ဌ နေရာအတွက်သာ ကြိုးစားမည် ဟူသော သတင်းမှာ မဟုတ်မှန်ကြောင်း NLD ဗဟိုကော်မတီဝင်များက ငြင်းဆိုလိုက်သည်။

သစ်ခိုးထုတ်မှုဖြင့်ဖမ်းခံရသည့် တရုတ်နိုင်ငံသားများအရေး မျှမျှတတကိုင်တွယ် စေလိုကြောင်း တရုတ်အစိုးရပြောကြား

Photo: သစ်ခိုးထုတ်မှုဖြင့်ဖမ်းခံရသည့် တရုတ်နိုင်ငံသားများအရေး မျှမျှတတကိုင်တွယ် စေလိုကြောင်း တရုတ်အစိုးရပြောကြား
Friday, January 9, 2015

ကချင်ပြည်နယ်အတွင်း သစ်ခိုးထုတ်မှုဖြင့် မြန်မာ့တပ် မတော်က ဇန်နဝါရီပထမပတ် တွင် ဖမ်းဆီးထိန်းသိမ်းထားသော တရုတ်နိုင်ငံသား တစ်ရာကျော် အရေးကို မှန်မှန်ကန်ကန်နှင့် မျှမျှတတကိုင်တွယ်ဆောင်ရွက် စေလိုကြောင်း တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိ သူက ဇန်နဝါရီ ၇ ရက်တွင် ပြော ကြားလိုက်သည်။

ထိန်းသိမ်းခံ တရုတ်နိုင်ငံ သားများအရေးအတွက် ရန်ကုန် မြို့ရှိ တရုတ်သံရုံးက စုံစမ်း စစ်ဆေးမှုများစတင်ပြုလုပ်နေပြီ ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ ဟုန်လေ ကပြောကြားကြောင်း တရုတ် နိုင်ငံမှလာသည့် သတင်းများ၌ ဖော်ပြထားသည်။

ကချင်ပြည်နယ်ဝိုင်းမော်မြို့ နယ်အတွင်း နိုင်ငံခြားသား ၁၀၀ ကျော်အပါအဝင် သစ်ခိုးထုတ်နေ သူများကို ရာနှင့်ချီသောသစ်တင်ယာဉ်များနှင့်အတူ တပ်မတော် စစ်ကြောင်းက ဇန်နဝါရီ ၂ ရက်မှ ၄ ရက်အတွင်း ဖမ်းဆီးထိန်းသိမ်းထားကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

သို့သော်သစ်ခိုးထုတ်မှုတွင် ဖမ်းဆီးရမိသည့် ခိုးဝင်လာသူများကို အမည်ပျက်စာရင်းသွင်းပြီး လဝကဥပဒေအတိုင်း အရေးယူ သွားမည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီး ဌာနမှသတင်းရရှိသည်။

တရားမဝင် သစ်ခိုးထုတ် စခန်းတွင် ဖမ်းဆီးရမိသူများကို တပ်မတော်ကလူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနနှင့် အခြားဆက်စပ်ဝန်ကြီး ဌာနများသို့ လွှဲပြောင်းပေးမည်ဖြစ် သည်။‘‘၅၂ ဦးလွှဲပြီးပါပြီ။ ဒါပေမဲ့ တရုတ်တွေအပြင် မြန်မာတွေပါ ပါနေတော့ လိုက်ပြီးစိစစ်နေပါ တယ်။ အကုန်လုံးတော့မရောက် လာသေးပါဘူး’’ ဟု ဖမ်းဆီးရာ တွင် လိုက်ပါဆောင်ရွက်နေသူ တစ်ဦးက ဖမ်းဆီးထားသူများကို တပ်မတော်မှ လ၀ကသို့ လွှဲပြောင်းပြီးကြောင်း ပြောသည်။

တရားမဝင် သစ်ခိုးထုတ် စခန်းတွင် မြန်မာနိုင်ငံသား ကျား၊ မ ၂၀ ဦးနှင့် တရုတ်နိုင်ငံသား၁၀၂ ဦးကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။

လူများအပြင် တရားမဝင် သစ်ခိုးထုတ်ရာတွင် အသုံးပြု သည့် ဘူဒိုဇာတစ်စီး၊ ပါဂျဲရိုးလေးစီး၊ ပီကင်းဂျစ်လေးစီး၊ ဝန်ဆွဲယာဉ်သုံးစီး၊ နှစ်ခန်းတွဲယာဉ်နှစ်စီး၊ သစ်တင်ယာဉ် ၄၃၆ စီး၊ ဒေါင်ဖန်းယာဉ်သုံးစီး၊ ကရိန်းနှစ်စီး စုစုပေါင်း ယာဉ် ၄၅၅ စီး၊ ဆိုင် ကယ်ကိုးစီးဖမ်းဆီးရမိခဲ့ခြင်းဖြစ် သည်။ ‘‘တစ်ချိန်တည်းမှာပဲ ဖမ်း ဆီးခံတရုတ်နိုင်ငံသားတွေရဲ့ တရားဥပဒေအရ အခွင့်အရေးနဲ့ အကျိုးစီးပွားကို အကာအကွယ် ပေးဖို့ကိစ္စကို သေချာစေချင်ပါ တယ်’’ဟု ထိန်းသိမ်းခံရသည့် တရုတ်နိုင်ငံသားများအရေးနှင့် ပတ်သက်ပြီး ဇန်နဝါရီ ၇ ရက်က ပြုလုပ်သည့်သတင်းစာရှင်းလင်း ပွဲတွင်သတင်းထောက်များ၏ မေးမြန်းမှုကိုတရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဟုန်လေကပြန်လည်ဖြေကြားခဲ့ ကြောင်း တရုတ်နိုင်ငံအခြေစိုက် သတင်းဌာနများက ရေးသားကြ သည်။

7Day DAILY 

သစ်ခိုးထုတ်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းထားသော တရုတ်နှင့် မြန်မာနိုင်ငံသား အချို့ကို တွေ့ရစဉ် (ဓာတ်ပုံ − ကာကွယ်ရေးဦးစီးရုံး)
သစ်ခိုးထုတ်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းထားသော တရုတ်နှင့် မြန်မာနိုင်ငံသား အချို့ကို တွေ့ရစဉ် (ဓာတ်ပုံ − ကာကွယ်ရေးဦးစီးရုံး) 
ကချင်ပြည်နယ်အတွင်း သစ်ခိုးထုတ်မှုဖြင့် မြန်မာ့တပ် မတော်က ဇန်နဝါရီပထမပတ် တွင် ဖမ်းဆီး ထိန်းသိမ်း ထားသော တရုတ်နိုင်ငံသား တစ်ရာကျော် အရေးကို မှန်မှန်ကန်ကန်နှင့် မျှမျှတတ ကိုင်တွယ် ဆောင်ရွက် စေလိုကြောင်း တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိ သူက ဇန်နဝါရီ ၇ ရက်တွင် ပြော ကြားလိုက်သည်။

ကက်သလစ်ဂိုဏ်းချုပ် ဆရာတော် ချားစ်ဘိုနှင့် တွေ့ဆုံမေးမြန်းခြင်း

Photo: ကက်သလစ်ဂိုဏ်းချုပ် ဆရာတော် ချားစ်ဘိုနှင့် တွေ့ဆုံမေးမြန်းခြင်း
Friday, January 9, 2015

မဇ္ဈိမ အကြီးတန်း သတင်းထောက် နန်းမြင့် မေးမြန်းသည်။

အမေး။ ။ ဆရာတော်အား ပုပ်ရဟန်းမင်းကြီးဖရန်စစ်က ဘာကြောင့် ရွေးကောက်ခဲ့တယ်လို့ထင်ပါသလဲ။

အဖြေ။ ။ ပုပ်ရမင်းကြီးက မသိတဲ့သူတွေ၊ မေ့နေတဲ့သူတွေ၊ ဆင်းရဲတဲ့သူတွေကို အဝေးမှာနေတဲ့သူတွေကို ပိုပြီး ဦးစားပေးတယ်။ အရင်က ကာဒီနယ်ပေးတယ်ဆိုတာ အီတလီ၊ အမေရိကန်နိုင်ငံ ထင်ရှားတဲ့နေရာတွေကနေပြီး ရွေးတယ်။ ကက်သလစ်အများကြီးရှိတဲ့ နေရာ ကနေပြီး ရွေးလေ့ရှိတယ်။

မြန်မာပြည်က ဒီမိုကရေစီပွင့်လင်းလာတဲ့ ရာသီဖြစ်တယ်ဆိုတော့ သူအားပေးချင်တဲ့ သဘောမျိုးနဲ့ ကမ္ဘာ ကိုလည်း သိစေချင်တဲ့သဘော မျိုးနဲ့ နိုင်ငံတော်ကို ဂုဏ်ပြုချင်တဲ့ သဘောမျိုးနဲ့ရော ကမ္ဘာကလည်း မိသားစု ချင်းဖြစ်တာကြောင့် တစ်နိုင်ငံနဲ့တစ်နိုင်ငံ ဝိုင်းကူညီကြဖို့အတွက် ဖြစ်တယ်။

အမေး။ ။ ဆရာတော်နဲ့ ပုပ်ရဟန်းမင်းကြီးတို့ တိုက်ရိုက်တွေ့ဆုံခွင့် ရမယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဘာတွေဆွေးနွေးသွားဖို့ ရှိပါသလဲ။

အဖြေ။ ။ ဆရာတော်တို့အနေနဲ့က မြန်မာပြည်တကယ်စစ်မှန်တဲ့၊ တရားမျှတတဲ့ ဒီမိုကရေစီရဖို့နဲ့ ရွေးကောက်ပွဲ တွေလုပ်နိုင်ဖို့။ မြန်မာပြည်ကို စိတ်ဝင်စားပြီး အချင်းချင်း ၀ိုင်းဝန်းကူညီပေးကြဖို့အတွက် ဆွေးနွေးသွား
ပါမယ်။ မြန်မာပြည်မှာ ငြိမ်းချမ်းရေး၊ ဘာသာရေးကြောင့် အဓိကရုဏ်း
ဖြစ်နေတာတွေ ရှိတယ်။ လူမျိုး ရေးကြောင့် တပ်မတော်နဲ့ ပြည်တွင်း
စစ်တွေ ဖြစ်တယ်။ ဒီကိစ္စတွေကို ဆွေးနွေးပြီးနောက် သူတို့အနေနဲ့ ဘယ်လို အကြံဉာဏ်ပေးချင်လဲ ပြောမယ်။

အမေး။ ။ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ဘာသာရေး အဓိကရုဏ်းတွေအပေါ် ဘယ်လိုမြင်ပါသလဲ။

အဖြေ။ ။ ရခိုင်နဲ့ ဘင်္ဂါလီကိစ္စမှာ ဘာသာရေးခေါင်းဆောင်တွေ ခဏခဏ တွေ့ဆုံဆွေးနွေးကြရမယ်။ လက်ရှိ အခြေအနေကို ပြောကြမယ်။ ထုတ်ပြန်ကြေညာချက်တွေ ထုတ်ကြမယ်။ အဲဒီလို များများလုပ်နိုင်လေ ငြိမ်းချမ်းရေး တစ်ဖြည်းဖြည်း ဖြစ်သွားမယ်။ မြန်မာပြည်မှာ အားလုံးက ဘာသာရေးကို ကိုင်းရှိုင်းသူတွေချည်းပဲ။ ဘာသာရေး ခေါင်းဆောင်တွေ အချင်းချင်း ညီညွှတ်ကြတယ်။ ဆွေးနွေးကြတယ်။ နားလည်မှုပြတယ်ဆိုရင် တစ်ခြားဗဟုသုတတွေ ပိုပြီးရရှိလာမယ်။ ဒီပြဿနာကြီးက အကြာကြီးအောင်းနေမယ်ဆိုရင် ပိုပြီး အခက်အခဲဖြစ်နိုင်တယ်။

အမေး။ ။ အမုန်းစကားနဲ့ ပတ်သက်ပြီး ဘာသာရေး အဓိကရုဏ်းတွေ ဦးတည်လာတဲ့အပေါ် ဆရာတော်သုံး သပ်ပေးပါဦး။

အဖြေ။ ။ အပြင်မှာရှိတဲ့ မူစလင်တွေက ပြောကြတယ်။ မြန်မာပြည်မှာရှိတဲ့ မူစလင်တွေကို ညှင်းဆဲတယ် ဘာညာ ဆိုတဲ့ဟာတွေက ဒီပြဿနာကို ရှင်းနိုင်မှ မရှင်းနိုင်ဘူးဆိုရင် နိုင်ငံတကာ အကြမ်းဖက်သူတွေ လာနိုင်တယ်။ အဲ့ဒီအလားအလာရှိတယ်။ ဗုဒ္ဓဘာသာအပိုင်း ကြည့်တဲ့အခါမှာ ဦးဆောင်နေတဲ့ ဆရာတော်တွေအနေနဲ့ ကြည့်တဲ့အခါလည်းပဲ တစ်ကမ္ဘာလုံးရဲ့ အခြေအနေတွေ သတင်းတွေ၊ မူစလင်တွေရဲ့ အကြမ်းဖက်မှုတွေမှာ မူစလင်အနည်းစုလုပ်ပေမယ့် သူတို့က အဲဒီလိုပေါ်နေတယ်။ ဗုဒ္ဓဘာသာနဲ့ ပြန်စဉ်းစားရင် ၈၅ ရာခိုင် နှုန်းရှိပြီး ဒါတွေကို လက်ခံလို့ရှိရင် ဗုဒ္ဓဘာသာအတွက် အန္တရာယ်ဖြစ်သွားမယ်။ သူတို့လည်း စည်းတားတဲ့ သဘောနဲ့ ပြောတာဆိုတာတွေက အစ္စလာမ်ဘာသာကို ရှုပ်ချပြောတဲ့ စကားတွေလည်း အမုန်းစကားတွေ ပါလာတယ်။ ဘယ်လိုပဲဖြစ်နေနေ အကြမ်းဖက်တာကိုတော့ ဘယ်လိုမှ လက်မခံဘူး။ ဗုဒ္ဓဘာသာဆိုတာ သိမ်မွေ့တာဖြစ်တဲ့အတွက် အဖြေရှာပြီး လုပ်နိုင်ဖို့ အရေးကြီးတယ်။

အမေး။ ။ မျိုးစောင့် ဥပဒေတွေအပေါ် ဆရာတော်အမြင်။

အဖြေ။ ။ လက်ထပ်ထိမ်းမြားခြင်းနှင့် ပတ်သက်ပြီး ဘာသာရေးဆိုတာ ယုံကြည်မှုသက်သက်ပဲဖြစ်တယ်။ ဘယ်သူကမှ ကိုယ့်ကိုဟိုဘာသာပြောင်းပါ။ အဓမ္မလုပ်လို့ မရဘူး။ ဘာသာပြောင်းချင်တယ်ဆိုရင် အာဏာပိုင်တွေကို တင်ရမယ်။ သူတို့ခွင့်ပြုမှဆိုတာ ဆရာတော်အနေနဲ့ လုံးဝလက်မခံဘူး။ ဘာသာရေးကို အတင်းအကြပ် လုပ်တယ်ဆိုရင် ဒီမိုကရေစီရဲ့ခွန်အားက နည်းနေတယ်။ လွတ်လပ်တဲ့နေရာ မဟုတ်တော့ဘူး။ ဘာသာရေးကို လွတ်လွတ်လပ်လပ်နဲ့ တစ်ဖက်သားဘာသာကို ရိုသေမယ်။ လေးစားမယ်။ ထိခိုက်တဲ့ စကားတွေ၊ ရှုတ်ချတဲ့ စကားတွေ မပြောဖို့ အရေးကြီးတယ်။

အမေး။ ။ ဆရာတော်အနေနဲ့ ပြုလုပ်သွားမယ့် ရှေ့လုပ်ငန်းစဉ်များကိုလည်း သိရှိလိုပါတယ်။

အဖြေ။ ။ အဓိကအရေးကြီးတဲ့ ကဏ္ဍဖြစ်တဲ့ ရခိုင်နဲ့ ကေအိုင်အေဘက်ကို အရေးပေးပြီး ဆောင်ရွက်မယ်။ ဘာသာရေး ခေါင်းဆောင်တွေနဲ့ ပူးပေါင်းမယ်။ အစိုးရက ဘယ်လောက်ခွင့်ပြုမလဲ၊ ဆင်းရဲသူတွေကို ပညာရေးပိုင်း၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးပိုင်းမှာ အားပေးမယ်။ ဗာဒီကန်နဲ့ အစိုးရသံအမတ် ဆက်သွယ်ရေးမှာ လုပ်နိုင်ဖို့ဆောင်ရွက်ချင်တယ်။

အမေး။ ။ ရဟန်းမင်းအမတ် အနေနဲ့ ဘယ်လိုတာဝန်တွေ ထမ်းဆောင်ခွင့်ရရှိလာမလဲ။

အဖြေ။ ။ ဒီနယ်ဖြစ်ပြီးနောက်ပိုင်း ရဟန်းမင်းကြီး ပျံလွန်တော်မူပြီးဖြစ်စေ၊ ရဟန်းမင်းကြီး အနားယူတဲ့အခါဖြစ်စေ၊ နောက်ထပ်ရဟန်းမင်းကြီး အသစ်ရွေးဖို့အတွက် ကာဒီနယ်အပါး ၁၂၀ က မဲပေးပိုင်ခွင့် ရှိတယ်။ ကိုယ်ကလည်း ရဟန်းမင်းကြီးအဖြစ်နဲ့ ရွေးကောက်နိုင်ခြင်းခံနိုင်တဲ့ အခွင့်အရေးလည်း ရှိတယ်။ အသက် ၈၀ မပြည့်မချင်း ရဟန်းမင်းကြီး ဖြစ်ပိုင်ခွင့်ရှိတယ်။

ဆရာတော်ကို ကာဒီနယ်အဖြစ်နဲ့ ရွေးတယ်ဆိုတာ ကိုယ်ရဲ့ဂုဏ်သိက္ခာထက်၊ ရဟန်းမင်းကြီးက မြန်မာပြည်ကို ဦးစားပေးချင်တယ်။ တိုးတက်စေချင်တဲ့ သဘောမျိုးဖြစ်တဲ့အတွက်ကြောင့် ကမ္ဘာက မြန်မာပြည်ကို ပိုပြီးအားပေးမယ်။ ဆရာတော်အနေနဲ့ ဘာသာခွဲခြားမှုမရှိဘဲ အချင်းချင်း ညီအစ်ကိုမောင်နှမလို မြင်တတ်ရင်၊ စိတ်ကောင်းနှလုံးကောင်းနဲ့ မြင်တတ်တယ်ဆိုရင် မြန်မာပြည်က ပိုပြီးငြိမ်းချမ်းမယ်။ ငြိမ်းချမ်းဖို့ အတွက် တရားမျှတမှု ရှိရမယ်။ တရားမျှတမှု ရှိမယ်ဆိုရင် တိုးတက်မယ်။
ဆရာတော်ချားစ်ဘို၏ အတ္ထုပ္ပတ္တိအကျဉ်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ မုံလကျေးရွာတွင် ဖွားမြင်ခဲ့သူ သက်တော် ၆၆နှစ် ၊ရဟန်းဝါ ၃၅ ဝါနှင့် ဆရာတော်ဝါ ၂၅ ဝါရှိ ရန်ကုန် ကက်သလစ် ဂိုဏ်းချုပ်ဆရာတော် ဖြစ်သည်။

Mizzima - News in Burmese
မဇ္ဈိမ အကြီးတန်း သတင်းထောက် နန်းမြင့် မေးမြန်းသည်။
အမေး။ ။ ဆရာတော်အား ပုပ်ရဟန်းမင်းကြီးဖရန်စစ်က ဘာကြောင့် ရွေးကောက်ခဲ့တယ်လို့ထင်ပါသလဲ။
အဖြေ။ ။ ပုပ်ရမင်းကြီးက မသိတဲ့သူတွေ၊ မေ့နေတဲ့သူတွေ၊ ဆင်းရဲတဲ့သူတွေကို အဝေးမှာနေတဲ့သူတွေကို ပိုပြီး ဦးစားပေးတယ်။ အရင်က ကာဒီနယ်ပေးတယ်ဆိုတာ အီတလီ၊ အမေရိကန်နိုင်ငံ ထင်ရှားတဲ့ နေရာ တွေကနေပြီး ရွေးတယ်။ ကက်သလစ်အများကြီးရှိတဲ့ နေရာ ကနေပြီး ရွေးလေ့ရှိတယ်။

လက်ပံတောင်း ပဋိပက္ခအတွက် ဒေါ်စု ပြောကြားချက် အစိုးရအဖွဲ့ ငြင်းဆို

Photo: လက်ပံတောင်း ပဋိပက္ခအတွက် ဒေါ်စု ပြောကြားချက် အစိုးရအဖွဲ့ ငြင်းဆို
Friday, January 9, 2015

လက်ပံတောင်း ပဋိပက္ခသည် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ အကြံပြုချက်များကို အကောင်အထည် ဖော်ရေး ကော်မတီက လိုက်နာဆောင်ရွက်ခြင်း မရှိသောကြောင့် ဖြစ်ရသည် ဟူသော ဒေါ်အောင်ဆန်းစုကြည် ပြောကြားမှုနှင့် ပတ်သက်ပြီး ထိုသို့မဟုတ်ကြောင်း အကောင်အထည်ဖော်ရေး ကော်မတီ အတွင်းရေးမှူး ဦးတင်မြင့်က မီဒီယာကို ပြောသည်။

“ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အလေးထား လိုက်နာဆောင်ရွက်နေတဲ့ အပြင် အကြံပြုချက်ထဲမှာ မပါတာတွေကိုပါ ဒေသခံ ပြည်သူတွေ အတွက် လုပ် ဆောင်ပေးနေပါတယ်” ဟု သမ္မတရုံးဝန်ကြီးဌာန အမှတ်(၆) က ယနေ့ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌဖြစ်သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော် မရှင်တွင် ကော်မရှင်အစီရင်ခံစာ၊ အကြံပြုချက်တို့ကို အကောင်အထည်ဖော်ရသည့် လုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးတင်မြင့် လည်း အဖွဲ့ဝင်ဖြစ်ခဲ့သည်။ ကော်မရှင်၏ အကြံပြုချက် ၄၂ ချက် အနက် ၂၉ ချက် တို့ကို အကောင်အထည်ဖော်ရေး ကော်မတီက အလေးထားဆောင်ရွက် ခဲ့ပြီး ဖြစ်ကြောင်းနှင့် ဆောင်ရွက်နေဆဲ အချက် ၁၃ ချက်သာ ကျန်တော့ ကြောင်း လည်း ၎င်းကော်မတီ၏ နှစ်ပတ်လည် အစီရင်ခံစာ တွင် ဖော်ပြ ထားသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက မြေယာသိမ်းဆည်းမှုများအတွက် ခေတ်ကာလနှင့်ညီသော လျော်ကြေးများ တိုးပေးရေး၊ အစားထိုးမြေယာများ ချထားပေးရေး၊ စီမံကိန်းအတွက် မလိုသည့်မြေယာများကို ဒေသခံတို့အား ပြန်ချပေးရေး စသည်တို့ အပါအ၀င် မြေယာဆိုင်ရာ အကြံပြုချက် ရှစ်ချက်၊ သဘာဝပတ်ဝန်းကျင် မထိခိုက်ရေးဆိုင်ရာ ၂၃ ချက်၊ ဒေသခံတို့၏ လူမှုစီးပွား ဆိုင်ရာ ကိုးချက်နှင့် သာသနိက အဆောက်အအုံများနှင့် ပတ်သက်သည့် နှစ်ချက်ဟူ၍ အကြံပြုချက်ပေါင်း ၄၂ ချက်တို့တွင် မြေယာဆိုင်ရာ အကြံပြုချက် တစ်ချက်၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ၁၁ ချက်နှင့် လူမှုစီးပွားဆိုင်ရာ အချက်တစ်ချက် ပေါင်း ၁၃ ချက်သာ ဆောင်ရွက်ရန် ကျန်ရှိဟုလည်း ပြောသည်။

“မြေယာအကြံပြုချက်အရ လျော်ကြေးနဲ့ ထောက်ပံ့ကြေးတွေ ဆက်လက်ထုတ် ပေး နေပါတယ်။ သဘာဝ ပတ်ဝန်းကျင်အတွက်က ESIA အစီရင်ခံစာမူကြမ်းကို ဒုတိယအကြိမ် ပြင်ဆင်ဖြည့်စွက်နိုင်ဖို့ ဆောင်ရွက်နေပါတယ်။ တချို့လုပ်ငန်း တွေ က စီမံကိန်း စလည်တော့မှ ဆောင်ရွက်ရမယ့် လုပ်ငန်းတွေပါ” ဟုလည်း ၎င်းက ပြောသည်။

လူမှုစီးပွားအကြံပြုချက်တွင် ဆောင်ရွက်ရန် ကျန်နေသည့် တစ်ချက်ဖြစ်သော ဒေသခံတို့အား အလုပ်အကိုင်ခန့်ထားရေးနှင့် ပတ်သက်ပြီး “လူငယ် ၂၀၀ ကို လခပေးပြီး လုပ်ငန်းခွင်သင်တန်း တက်စေခဲ့ပေမယ့် ပြင်ပသွေးထိုးမှုတွေ ကြောင့် အကုန်လုံး ပြန်ထွက်သွားကြတယ်။ အလုပ်ခန့်ဖို့ကျတော့ စီမံကိန်းက မစသေးလို့ပါ။ အသေးစား အလတ်စားစက်မှု လုပ်ငန်းတွေအတွက်လည်း ဆောင်ရွက်နေပါတယ်” ဟု ဦးတင်မြင့်က ဖြည့်စွက်ပြောသည်။

ထို့အပြင် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အကြံပြုချက်များတွင် မပါဝင်သည့် ဒေသခံတို့ အလုပ်မရမီ စောင့်ဆိုင်းဆဲကာလအတွင်း စားဝတ်နေရေးအတွက် နှစ်စဉ် ထောက်ပံ့ကြေးများကို ခြောက်လ တစ်ကြိမ် ကြိုတင်ထုတ်ပေး လျက်ရှိသည်ဆို၏။

“ထောက်ပံ့ကြေးကို သိမ်းတဲ့လယ်ဧကအလိုက် ထုတ်ပေးထားပါတယ်။ ထောက်ပံ့ ကြေး အစီအစဉ်ကို ထောက်ခံတဲ့ ရွာသားတွေကို သူတို့ဆန္ဒအရ တချို့ကို ဘဏ်စာရင်းဖွင့်ထားပေးပြီး တချို့က ငွေလာထုတ် ကြပါတယ်” ဟုလည်း ၎င်းက ရှင်းပြသည်။

တောင်သူတို့အတွက် အချိုးကျ ရာနှုန်းလစာ (discount salary) အဖြစ် လယ်တစ်ဧကမှ ၁၀ ဧကအထိ အသိမ်းခံရသည့် တောင်သူအား တစ်လလျှင် အမေရိကန် ဒေါ်လာ ၇၀၊ ၁၀ ဧက မှ ၂၀ ဧကအထိကို ဒေါ်လာ ၁၂၀၊ ၂၀ ဧကနှင့် အထက်ကို ဒေါ်လာ ၁၆၀ နှုန်းဖြင့် ၂၀၁၄ သြဂုတ်လ ၆ ရက်မှ စတင်ထုတ် ပေးခဲ့ရာ စီမံကိန်း ဧရိယာကျေးရွာ ၃၃ ရွာမှ တောင်သူတစ်ထောင် ခန့်တို့ကို ထုတ်ပေးခဲ့ပြီး ၎င်းတို့ အနက် ၅၅၆ ဦးတို့ကို ဘဏ်စာရင်းဖွင့် ပေးထားကြောင်း၊ ၄၂၁ ဦးကိုမူ မြန်မာကျပ် ငွေသိန်း ခြောက်ထောင်ကျော် (၆၀၂၂ ဒသမ ၅၂ သိန်း)ထုတ်ပေးထားပြီးဖြစ်ကြောင်း သိရသည်။

“လက်ပံတောင်း စီမံကိန်းစုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို အလေးထား ဆောင်ရွက်နေတဲ့အပြင် အကြံပြုချက်မှာ မပါတဲ့ အခုလို ထောက်ပံ့မှုတွေကိုလည်း ဆောင်ရွက်နေပါတယ်။အခု ထပ်ဖြစ် တဲ့ ပဋိပက္ခ တွေက ကိုဟန်ဝင်းအောင်တို့လို ပြင်ပပယောဂတွေ လှုံဆော်သွေးထိုးမှုတွေ ကြောင့်သာ ဖြစ်ရတာပါ၊ စုံစမ်းရေးကော်မရှင်ဥက္ကဋ္ဌ ပြောသလို မဟုတ်ပါဘူး” ဟုလည်း ၎င်းက အတည်ပြု ပြောကြားခဲ့ သည်။

ဒေသခံတောင်သူများသည် မိမိတို့လိုလားချက်များကို လက်နက်စွဲကိုင်ခြင်း မရှိဘဲ ငြိမ်းချမ်းစွာ ဆန္ဒဖော် ထုတ်နိုင်သကဲ့သို့ လာရောက်ဆွေးနွေးညှိနှိုင်းပါက လည်း လက်ခံတွေ့ဆုံပြီး ပြေလည်သည်အထိ ဆောင်ရွက်ပေးသွားမည်ဟုလည်း ၎င်းက ဖိတ်ခေါ်ပြောကြားခဲ့သည်။

Mizzima - News in Burmese  

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်နေ့ နံနက်ပိုင်းက ကော့မှူးမြို့နယ် အထွေထွေ အုပ်ချုပ် ရေး ဦးစီးဌာန၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် ကော့မှူးမြို့နယ် မဲဆန္ဒရှင်များ၊ ကော့မှူး အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ဒေသဖွံ့ဖြိုးရေး ကိစ္စများအတွက် သွားရောက်တွေ့ဆုံစဉ်။ (ဓာတ်ပုံ - ငြိမ်သစ်ညီ၊ မဇ္ဈိမ)
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်နေ့ နံနက်ပိုင်းက ကော့မှူးမြို့နယ် အထွေထွေ အုပ်ချုပ် ရေး ဦးစီးဌာန၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် ကော့မှူးမြို့နယ် မဲဆန္ဒရှင်များ၊ ကော့မှူး အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ဒေသဖွံ့ဖြိုးရေး ကိစ္စများအတွက် သွားရောက်တွေ့ဆုံစဉ်။ (ဓာတ်ပုံ - ငြိမ်သစ်ညီ၊ မဇ္ဈိမ)
လက်ပံတောင်း ပဋိပက္ခသည် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ အကြံပြုချက်များကို အကောင်အထည် ဖော်ရေး ကော်မတီက လိုက်နာဆောင်ရွက်ခြင်း မရှိသောကြောင့် ဖြစ်ရသည် ဟူသော ဒေါ်အောင်ဆန်းစုကြည် ပြောကြားမှုနှင့် ပတ်သက်ပြီး ထိုသို့မဟုတ်ကြောင်း အကောင်အထည်ဖော်ရေး ကော်မတီ အတွင်းရေးမှူး ဦးတင်မြင့်က မီဒီယာကို ပြောသည်။

ကျောင်းသားစုံညီပွဲတော် စစ်တွေမြို့၌ကျင်းပ

၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက် ကျောင်းသားစုံညီပွဲတော်ကို ဇန္န၀ါရီလ ၇ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ၀င်္ကဘာကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဇနီးဖြစ်သူနှင့် စကားများ ခဲ့သည့် အမျိုးသား ကြိုးဆွဲချသေဆုံး

၈.၁.၂၀၁၅ ရက်နေ့ ၀၁၄၀ အချိန်တွင် လှိုင်သာယာမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လှိုင်သာယာမြို့ နယ်၊ အမှတ်(၁)ရပ်ကွက်တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးကြောင်း သတင်းအရ သွားရောက် စစ်ဆေးရာ ၎င်းရပ်ကွက်နေ အသက် (၄၁)နှစ်ခန့် အမျိုးသားမှာ အမြင့်(၈)ပေခန့်ရှိ နေအိမ်ထုပ်တန်း၌ ကြိုးဆွဲချသေဆုံး နေသည်ကို တွေ့ရှိရပါသည်။

ကေတုမတီစက်မှုဥယျာဉ်မြို့တော်တည်ဆောက်ရန် ထောက်ခံပွဲနှင့် ကန့်ကွက် ဆန္ဒ ထုတ်ဖော်မှုများ တောင်ငူတွင် အပြိုင်အဆိုင်ပြုလုပ်

Photo: ကေတုမတီစက်မှုဥယျာဉ်မြို့တော်တည်ဆောက်ရန် ထောက်ခံပွဲနှင့် ကန့်ကွက် ဆန္ဒ ထုတ်ဖော်မှုများ တောင်ငူတွင် အပြိုင်အဆိုင်ပြုလုပ်
Friday, January 9, 2015

ပဲခူးတိုင်းဒေ သကြီး တောင်ငူမြို့နယ်အတွင်း ကေတုမတီစက်မှုဥယျာဉ်မြို့တော် ကြီးတည်ဆောက်ရန် စီစဉ်မှု အား ထောက်ခံပွဲနှင့် ကန့်ကွက်ဆန္ဒထုတ် ဖော်ပွဲများကို ဇန်နဝါရီ ၈ရက် တစ် ရက်တည်းမှာပင် နေရာနှစ်ရာ၌ အပြိုင်အဆိုင်ပြုလုပ် ခဲ့ကြသည်။
အဆိုပါကေတုမတီစက်မှု ဥယျာဉ်မြို့တော်ကို တောင်ငူမြို့နှင့် ၉မိုင်ခန့်ဝေးသော ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၁၄၃နှင့် ၁၄၈ အကြားတွင် မြေဧက ၁၀၇၈၉ ဧကဖြင့် ကေတုမတီ ဖွံ့ဖြိုးတိုးတက် ရေးအများနှင့်သက်ဆိုင်သောကုမ္ပဏီ မှ ဦးဆောင်လုပ် ကိုင်မည်ဖြစ်သည်။

အဆိုပါစက်မှုဥယျာဉ်မြို့ တော်အား ထောက်ခံပွဲကို တောင်ငူ မြို့၏ အနောက်ဘက် မိုင်တိုင် ၁၅၂ အနီးတွင် ဇန်နဝါရီ ၈ရက် မွန်းလွဲ တစ်နာရီခန့်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကန့်ကွက်ဆန္ဒထုတ်ဖော်ပွဲကို တောင် သူလယ်သမားပါတီမှ ဦးဆောင်ကာ လူအင်အား ၅ဝဝကျော်ဖြင့် ဇန်နဝါရီ ၈ရက် မွန်းလွဲ ၁နာရီခန့်က တောင်ငူ မြို့အတွင်း လမ်းလျှောက်ဆန္ဒထုတ် ဖော်ခဲ့ကြသည်။

ကေတုမတီ စက်မှုဥယျာဉ်စီမံ ကိန်းကိုထောက်ခံခြင်းအခမ်းအနားတွင် သဘာပတိများအဖြစ်မြို့မိ၊ မြို့ဖ ဦးမြင့်ညို၊ ဦးရဲဝင်းနှင့် ဒေါက်တာ ဘ ဆွေတို့ကဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ သဘာပတိဒေါက် တာဘဆွေက ''ဒီ နေ့ပဲ မြို့ထဲမှာ ဆန္ဒထုတ်ဖော်ကြမယ် ပြောတယ်။ သူတို့ပြောနေ၊ တောင်း ဆိုတာတွေနဲ့ပတ်သက်လို့ ပြောချင် တယ်။ တရားမဝင်မြေရောင်းဝယ် တယ်ပြောကြ တယ် ။ မြေဟာ တရား မဝင်ဝယ်လို့မရဘူးလို့ ပြောချင်တယ်။ နောက်မြေပွဲစားတွေဖမ်းရမယ်လို့ ပြောတယ်။ ဘယ်ဥပဒေမှာမှ ပွဲစား ဖမ်းရမယ်၊ ဖမ်းလို့ရတယ် လို့ မကြား ဖူး ဘူး''ဟု ပြောသည်။

ကေတုမတီဖွံ့ဖြိုး တိုးတက်ရေး အများပိုင်ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက် တာ ဒေါ်ခင်ခင်ဝင်းက ''ကျွန်မတို့က မြေဝယ်ရာမှာ ပွဲစားနဲ့ပဲ ဝယ်တာ မဟုတ်ပါဘူး။ နီးစပ်ရာမိတ်ဆွေများ ကတစ် ဆင့် ဝယ်ခဲ့ တာပါ။ တန်ရာတန် ကြေးညှိနှိုင်းဈေးနဲ့ဝယ်ခဲ့ တာဖြစ်ပါတယ် ။ ရှေ့ဆက်ပြီးပြောရရင် ကျွန်မ တို့ အခုရုံးခန်းဖွင့်ပြီးတော့ဝယ်သွားဖို့ ကြိုးစားသွားမယ်။ ရောင်း ချင်တဲ့ သူ ရုံးကိုလာပြီး ညှိနှိုင်း ဈေးနဲ့ဝယ်သွား မှာပါ''ဟု ပြောသည်။

ဆန္ဒထုတ်ဖော်ပွဲတွင် တောင် သူလယ်သမားပါတီဥက္ကဋ္ဌဌ ဦးကျော် စိုးမိုးက ''အခုလိုလုပ်ရတာက လယ် သမားတွေရဲ့ဘဝတွေ သားစဉ်မြေး ဆက်နစ်နာမှာစိုးလို့ပါ။ လယ်သမား ဆိုတာ လယ်ပဲ လုပ်တတ် တာ။ ဒီ စက်မှုဥယျာဉ်ကြီးပေါ်လာရင် လယ် သမားလူ တန်းစားကနေ အလုပ် သမားလူတန်းစား ဖြစ်သွားမယ်။ လယ်သမားဘဝဆိုရင် လယ်ယာမြေ တွေကို သားစဉ်မြေးဆက် အမွေ ပေးလို့ရ တယ်။ အလုပ်သမားဘဝ ဆိုရင် ဘာမှပေးလို့မရတဲ့အပြင် အသက် ၆ဝပြည့်ရင် ဘာမှလုပ်လို့ မရတော့ဘူး။ ကုမ္ပဏီကလဲ လှည့် ကြည့်မှာမဟုတ်ဘူး။ လယ်သမား ဆိုတာ အသိပညာ ကလဲ နည်း တယ်။ ရရင်လဲ ညစောင့်အလုပ်ပဲ ရမှာ။ သူတို့ဘဝတွေ ပျောက်မှာစိုးလို့ လယ်သမားတွေအတွက် ရည်ရွယ် ပြီးတော့လုပ်တာပါ'' ဟု ပြောသည်။

တောင်ငူမြို့ခံဦးဆွေက ''လက် ပံတောင်းတောင်လို တောင်သူ လယ်သမားတွေကို အဖြစ်မခံနိုင် ဘူး။ စက်မှုစီမံကိန်းကြီးဖြစ်လာပြီ ဆိုရင် တောင်သူလယ်သမားတွေ ဒုက္ခရောက်ရလိမ့်မယ်။ အဲဒါကြောင့် စက်မှုဇုန်ကိုအလိုမရှိပါဘူး။ လယ် သမားတွေရဲ့လယ်တွေ အသိမ်းမခံ နိုင်လို့ ဒီလိုလုပ်နေရတာ။ ကျွဲနဲ့ နွား နဲ့ရုန်းကန်နေလို့ တစ်တိုင်းတစ်ပြည် လုံးထမင်းစားနေကြရတာပဲ။ သူတို့ လယ်မားတွေက ကျွန်တော်တို့ပြည် သူတွေရဲ့ကျေးဇူးရှင်တွေပါပဲ''ဟုဆို သည်။

ဆန္ဒထုတ်ဖော်ရာတွင်ပါဝင်သူ တစ်ဦးက ''ဒီလယ်ယာမြေတွေကို ကျွန်တော်တို့ချစ်တယ်။ စိတ်ကူးထဲ တောင်မရှိတဲ့သူတွေက အခုတော့ ချစ်ဟန်ဆောင်နေကြပြီ။ ကျုပ်တို့ လယ်သမားတွေက ဖြူစင်ပါတယ်။ ကျုပ်တို့လယ်ယာမြေတွေကို တန်ဖိုး ထားပါတယ်။ အဲဒါကြောင့် ကျုပ်တို့ လယ်ယာမြေတွေကို မထိပါနဲ့လို့ ပြောချင်ပါတယ်။ အခုလိုဆန္ဒထုတ် ဖော်လို့ ကျွန်တော်တို့ ဘာမှမရပါ ဘူး''ဟု ပြောသည်။

အဆိုပါဆန္ဒထုတ်ဖော်ရာ တွင် 'လယ်သမားရဲ့ဘဝတွေ ခရိုနီတွေ မနှိပ်စက်ကြနဲ့၊ လယ်သမားရဲ့ ဘဝ တွေ ငွေကြေးရှင်များ မနှိပ်စက်ကြ နဲ့၊ စက်မှုဥယျာဉ်မြို့တော် အလိုမရှိ၊ ကေတုမတီ ဖွံ့ဖြိုးတိုး တက်ရေး ကုမ္ပဏီအလိုမရှိ၊ ခရိုနီကုမ္ပဏီလက် ကိုင်တုတ်များ အလိုမရှိ၊ တရား မဝင် မြေရောင်း၊ မြေဝယ်သူများအား အရေးယူပေးရေး ဒို့အရေး၊ မြေပွဲ စားများ ဖမ်ဆီးပေးရေး ဒို့အရေး၊ တို့မြေ အပိုင်စီး သူများကို ဆန့်ကျင် ရေး ဒို့အရေး၊ ခေတ်သစ်မြေရှင် စနစ်ကျဆုံးရေး ဒို့အရေး' စသည့် ကြွေးကြော်သံများနှင့် ဆောင်ပုဒ် များဖြင့် ကန့်ကွက် ဆန္ဒထုတ်ဖော် ခဲ့ကြသည်။

စက်မှုဥယျာဉ်စီမံကိန်း တည် ထောင်ရေးထောက်ခံပွဲတွင် တက် ရောက်လာသူတစ်ဦးဖြစ်သည့် လူ ငယ်များပရဟိတအသင်းမှ ကိုမော် သိန်းနိုင်က ''ရောင်းသူဝယ်သူအသံ မတူဘဲ ဘာမှမ ဖြစ်နိုင်ပါ ဘူး။ ကျွန် တော့်အမြင်အရကတော့ စက်မှုဇုန် လုပ်တာကောင်းပါတယ်။ လူငယ် တွေအလုပ်လုပ်မှ အလုပ်တွေရှိပါမှ တိုးတက်ဖွံ့ ဖြိုးမှုရှိမယ်။ ဒီလိုပဲယူ ဆပါတယ်''ဟု ဆိုသည်။

မြေရောင်းချခဲ့ပြီးဖြစ်သော လယ်သမားများအား တစ်ဦးလျှင် ကုမ္ပဏီက အစုရှယ်ယာ ၁ဝဝကျော် အားပေးအပ်ခဲ့ပြီး စက်မှုဇုန်ဖော် ထုတ်ခြင်းထောက်ခံပွဲကို လူအင် အား ၁ဝဝဝဝခန့် တက်ရောက် ခဲ့ကြ ကြောင်း သိရသည်။

TLWC
Democracytoday

တောင်ငူမြို့တွင် ဇန်နဝါရီ ၈ရက်က ကေတုမတီစက်မှုဥယျာဉ်မြို့တော် တည်ဆောက် မည့် ကိစ္စအပေါ် ကန့်ကွက်သူများက ဆန္ဒထုတ်ဖော်ကြစဉ်။ ဓာတ်ပုံ-သန့်လွမ်းဝေချစ်
တောင်ငူမြို့တွင် ဇန်နဝါရီ ၈ရက်က ကေတုမတီစက်မှုဥယျာဉ်မြို့တော် တည်ဆောက် မည့် ကိစ္စအပေါ် ကန့်ကွက်သူများက ဆန္ဒထုတ်ဖော်ကြစဉ်။ ဓာတ်ပုံ-သန့်လွမ်းဝေချစ်
ပဲခူးတိုင်းဒေ သကြီး တောင်ငူမြို့နယ်အတွင်း ကေတုမတီစက်မှုဥယျာဉ်မြို့တော် ကြီးတည်ဆောက်ရန် စီစဉ်မှု အား ထောက်ခံပွဲနှင့် ကန့်ကွက်ဆန္ဒထုတ် ဖော်ပွဲများကို ဇန်နဝါရီ ၈ရက် တစ် ရက်တည်းမှာပင် နေရာနှစ်ရာ၌ အပြိုင်အဆိုင်ပြုလုပ် ခဲ့ကြသည်။

ဆိုမာလီယာ နိုင်ငံတွင် အစိုးရ တပ်ဖွဲ့ဝင် များ၏ တိုက်ခိုက် မှုကြောင့် စစ်သွေးကြွ ၂ဝ ဦး သေဆုံး

Photo: ဆိုမာလီယာ နိုင်ငံတွင် အစိုးရ တပ်ဖွဲ့ဝင် များ၏ တိုက်ခိုက် မှုကြောင့် စစ်သွေးကြွ ၂ဝ ဦး သေဆုံး
Friday, January 9, 2015

ဆိုမာလီယာနိုင်ငံ အရှေ့မြောက်ပိုင်း ပန့်လန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ ဂယ်ဂါလာမြို့တွင် စစ်သွေးကြွများအပေါ် ထိုးစစ်ဆင်လျက်ရှိသည့်
အစိုးရတပ်ဖွဲ့ဝင်များ၏ နှစ်ရက်ကြာ တိုက်ခိုက်မှုကြောင့် အယ်ရှာဘတ် စစ်သွေးကြွ ၂ဝ ဦး သေ ဆုံးပြီး အခြား ၂၉ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသတွင်း သတင်းဌာနက ဇန်နဝါရီ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုများ အတွင်း စစ်သွေးကြွများ သေဆုံးမှုကို ပန့်လန်းဒေသ ခေါင်းဆောင် အဘတ်ဒီဝေလီမိုဟာမက်အလီက အတည်ပြု ပြောကြားခဲ့သည်။

၎င်းတိုက်ခိုက်မှုအတွင်း အစိုးရတပ်ဖွဲ့ဝင် ငါးဦး သေဆုံးခဲ့ကြောင်း အလီက ထပ်လောင်း ပြောကြားခဲ့သည်။ အစိုးရ တပ်ဖွဲ့ ဝင်များသည် စစ်သွေးကြွများ၏ လက်နက်များကို ဖျက်ဆီးခဲ့ပြီး ထောက်လှမ်းရေး ကိရိယာများကိုလည်း သိမ်း ဆည်းနိုင် ခဲ့ကြောင်း သိရသည်။

မြ၀တီ
ဆိုမာလီယာနိုင်ငံ အရှေ့မြောက်ပိုင်း ပန့်လန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ ဂယ်ဂါလာမြို့တွင် စစ်သွေးကြွများအပေါ် ထိုးစစ်ဆင်လျက်ရှိသည့် အစိုးရတပ်ဖွဲ့ဝင်များ၏ နှစ်ရက်ကြာ တိုက်ခိုက်မှုကြောင့် အယ်ရှာဘတ် စစ်သွေးကြွ ၂ဝ ဦး သေ ဆုံးပြီး အခြား ၂၉ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသတွင်း သတင်းဌာနက ဇန်နဝါရီ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုများ အတွင်း စစ်သွေးကြွများ သေဆုံးမှုကို ပန့်လန်းဒေသ ခေါင်းဆောင် အဘတ်ဒီဝေလီမိုဟာမက်အလီက အတည်ပြု ပြောကြားခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲ မဲမသမာမှုများဖြစ်မည် စိုးရိမ်ဟု ကုလကိုယ်စားလှယ်ထံ တင်ပြ

Photo: ၂၀၁၅ ရွေးကောက်ပွဲ မဲမသမာမှုများဖြစ်မည် စိုးရိမ်ဟု ကုလကိုယ်စားလှယ်ထံ တင်ပြ
Friday, January 9, 2015

၂၀၁၅ ရွေးကောက်ပွဲတွင် ရန်ကုန် စည်ပင်ရွေးကောက်ပွဲ၌ ဖြစ်ခဲ့သော မဲမသမာမှုမျိုး ဖြစ်ပေါ်လာမည်ကို စိုးရိမ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီလီကို တင်ပြခဲ့သည်ဟု ကရင်အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့၏ ဒါရိုက်တာ နော်စူစန်နာလှလှစိုးက ပြောသည်။

ဇန်နဝါရီလ ၈ ရက်က မြန်မာဂျာနယ်လစ် ကွန်ရက်ရုံးခန်းတွင် အရပ်ဘက်အဖွဲ့အစည်းများက ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စယန်ဟီလီနှင့် တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

စည်ပင်ရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် ဖိအားပေးအကျပ်ကိုင်မှုများ၊ အကြမ်းဖက်ခံရမှုများကို နှိုင်းယှဉ်၍ ၂၀၁၅ ရွေးကောက်ပွဲ တွင် ဖြစ်လာနိုင်သည့် အခက်အခဲ၊ အားသာချက်၊ အားနည်းချက်များကို ပြောဆို ဆွေးနွေးခဲ့သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

နော်စူစန်နာလှလှစိုးက“ကျွန်မက စည်ပင်ရွေးကောက်ပွဲဝင်ခဲ့တာဆိုတော့ ရှင်းပြခဲ့ပါတယ်” ဟု ပြောသည်။

နော်စူဆန်နာလှလှစိုး၊ ဒေါက်တာ ရန်မျိုးသိမ်း၊ ကိုမာကီအပါအဝင် ခြောက်ဦး ပါဝင်သော အဖွဲ့သည် ဇန်နဝါရီ ၈ ရက် နံနက် ၉ နာရီအချိန်က စတင်တွေ့ဆုံခဲ့ပြီး ၂၀၁၅ တွင် ကျင်းပမည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ အဓိက ပြောဆိုခဲ့ကြခြင်း ဖြစ်သည်။

မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများအဖွဲ့ တာဝန်ခံ ဒေါ်ခင်ဥမ္မာက “စည်ပင်ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ၊ ရွေးကောက်ပွဲ မဲသမာမှုတွေ ကြုံလိုက်ရတာကို လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအလားအလာကို စည်ပင်ရွေးကောက်ပွဲ အခြေအနေကို သုံးသပ်ပြောဆိုခဲ့တယ် လို့သိရပါတယ်”ဟု ပြောသည်။

မစ္စယန်ဟီလီက ဆွေးနွေးပွဲမစမီ ရွေးကောက်ပွဲ၏ အရေးပါပုံ၊ နိုင်ငံတကာက စိတ်ဝင်တစား စောင့်ကြည့်နေမှုများနှင့် ဒီမိုကရေစီ ကူးပြောင်းရေးတွင် ရွေးကောက်ပွဲမည်မျှထိ အရေးကြီးသည်ကို အဓိက ပြောဆိုကာ အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ယင်းဆွေးနွေးပွဲတွင် နိုင်ငံ့အရေး လေ့လာသုံးသပ်ချက် ဆောင်းပါးများရေးနေသည့် ဒေါက်တာရန်မျိုးသိမ်းက စည်ပင်ရွေးကောက်ပွဲဖြစ်စဉ်များ၊ သုံးသပ်ချက်များကို ဆွေးနွေးတင်ပြခဲ့သည်။ ကုလသမဂ္ဂလူ့အခွင့် အရေး အထူးကိုယ်စားလှယ်နှင့် အရပ်ဘက်အဖွဲ့အစည်းများက တွေ့ဆုံစဉ် မျိုးစောင့်ဥပဒေ၊ အမျိုးသမီး အခွင့်အရေး ဆုံးရှုံးမှုများ၊ သတင်းထောက်ကိုပါကြီး အသတ်ခံရမှုဖြစ်စဉ် နောက်ဆုံးအခြေအနေနှင့် အမျိုး သားပညာရေးဥပဒေအရေးကိစ္စများကို တင်ပြဆွေးနွေးခဲ့ကြသည်။

အရပ်ဘက်အဖွဲ့အစည်းအများက တင်ပြသည့် အကြောင်းအရာများကို မစ္စယန်ဟီလီက ၂၀၁၅ ခုနှစ် ဧပြီလတွင်ပြုလုပ်မည့် ကုလသမဂ္ဂ လူ့အခွင့် အရေး ကောင်စီသို့ တင်ပြမည့် အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြမည်ဖြစ် သည်။

Mizzima - News in Burmese 

(ဓာတ်ပုံ - အီးပီအေ)
(ဓာတ်ပုံ - အီးပီအေ) 
၂၀၁၅ ရွေးကောက်ပွဲတွင် ရန်ကုန် စည်ပင်ရွေးကောက်ပွဲ၌ ဖြစ်ခဲ့သော မဲမသမာမှုမျိုး ဖြစ်ပေါ်လာမည်ကို စိုးရိမ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီလီကို တင်ပြခဲ့သည်ဟု ကရင်အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့၏ ဒါရိုက်တာ နော်စူစန်နာလှလှစိုးက ပြောသည်။

အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေးဆွဲမှုတွင် ဒေါ်အောင်ဆန်းစုကြည် ပါစေလိုဟု အရှေ့ပိုင်း တက္ကသိုလ် ဒု-ပါချုပ်ပြော

အမျိုးသားပညာရေးဥပဒေကြမ်းကို ပြင်ဆင်ရေးဆွဲရာတွင် နိုင်ငံတကာအတွေ့အကြုံများစွာရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပါဝင်အကြံပြုစေလိုကြောင်း ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ် ဒု-ပါမောက္ခချုပ် ဒေါ်မာလာအောင်က မဇ္ဈိမကို ပြောသည်။

ဒုက္ခသည်နှင့် နေရပ်စွန့်ခွာသူ အများဆုံးစာရင်းတွင် မြန်မာပါဝင်

မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူနှင့် ဒုက္ခ သည် စုစုပေါင်း ရှစ်သိန်းကျော်ရှိ ပြီး ကမ္ဘာပေါ်၌ ဒုက္ခသည်အများဆုံးနိုင်ငံများစာရင်းတွင် ပါဝင်နေကြောင်း ကုလသမဂ္ဂက ဇန်န၀ါရီ ၇ ရက်စွဲဖြင့် သတင်း ထုတ်ပြန် သည်။

အစ္စလာမ္မစ်နှင့်အကြမ်းဖက်မှု စကားလုံးများကို လုံးဝခွဲထုတ်ရန် အီးယူ တိုက်တွန်း

Photo: အစ္စလာမ္မစ်နှင့်အကြမ်းဖက်မှု စကားလုံးများကို လုံးဝခွဲထုတ်ရန် အီးယူ တိုက်တွန်း
Friday, January 9, 2015 

ဥရောပသမဂ္ဂ (အီးယူ) က ညီညွတ်မှုကို ပြသကြဖို့ ဆော်သြရင်း အစ္စလာမ္မစ် ဆိုတဲ့ စကားလုံးနဲ့ အကြမ်းဖက်မှုဆိုတဲ့ စကားလုံးတို့ကို လုံးဝခွဲထုတ်ဖို့ လူတွေကို မနေ့က တိုက်တွန်းလိုက်ပါတယ်။

“ဥရောပအတွက် ကျမတို့တည်ရှိမှုရဲ့ အခြေခံတန်ဖိုးက စာနယ်ဇင်းလွတ်လပ် ခွင့်ပါ။ ဒါဟာ ကျမတို့ရဲ့ အတွေးအခေါ် လွတ်လပ်မှု၊ ဘဝရဲ့ ဘုံလမ်းကြောင်း အတွက် နှလုံးသားထဲမှာ ရှိတဲ့အရာပါ။ ဥရောပသမဂ္ဂဟာဆက်ပြီး အတွင်းရော အပြင်ပါ ညီညွတ်နေမယ်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဟာ နိုင်ငံရေးအရသာ မဟုတ်ဘဲ လုံခြုံရေးအတွက် ယဉ်ကျေးမှုဓလေ့အရပါ အဓိကစိန်ခေါ်မှုပဲ” လို့ ဥရောပ သမဂ နိုင်ငံခြားရေး မူဝါဒခေါင်းဆောင် ဖေဒေရီကာ မိုဂီရီနီက လတ်ဗီယာနိုင်ငံခြားရေးဝန်ကြီးနဲ့အတူ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

လူမဆန်တဲ့ ရက်စက်တဲ့ အပြုအမူကို လုပ်ရာမှာ အသုံးချနိုင်တဲ့ ဘာသာတရား မရှိဘူးလို့လည်း သူက ပြောဆိုခဲ့ပါတယ်။

ပြင်သစ်မြို့တော် ပါရီက အပတ်စဉ်ထုတ် သရော်စာသတင်းစာတိုက်  ရှာလီ ယေဘဒို ရဲ့ ရုံးခန်းကို သေနတ်သမားတွေဟာ ဘုရားသခင်က အကြီးမြတ်ဆုံး လို့ အဓိပ္ပာယ်ရတဲ့ အာရပ်ဘာသာစကား အလ်လာဟူ အက်ကဘာလို့ အော်ရင်း ဝင်ရောက်ပစ်ခတ်ခဲ့တဲ့အတွက် သတင်းစာတိုက် တည်ထောင်သူ အယ်ဒီတာ ချုပ် အပါအဝင် လူ ၁၂ ယောက် သေဆုံးခဲ့ပါတယ်။

အဲဒီနောက် သေနတ်သမားတွေဟာ ကားအနက်ရောင်တစီးနဲ့ အတူအော်ဟစ် ရင်း ထွက်ပြေးလွတ်မြောက်သွားတယ်လို့ မျက်မြင်သက်သေတွေက ပြောခဲ့ ပါတယ်။ 

ဒီဗွီဘီ

ဖေဒေရီကာ မိုဂီရီနီ
ဖေဒေရီကာ မိုဂီရီနီ
ဥရောပသမဂ္ဂ (အီးယူ) က ညီညွတ်မှုကို ပြသကြဖို့ ဆော်သြရင်း အစ္စလာမ္မစ်ဆိုတဲ့ စကားလုံးနဲ့ အကြမ်း ဖက်မှုဆိုတဲ့ စကားလုံးတို့ကို လုံးဝခွဲထုတ်ဖို့ လူတွေကို မနေ့က တိုက်တွန်းလိုက်ပါတယ်။

ကမ္ဘာ့ရေနံဈေး ထပ်မံကျဆင်းနေသော်လည်း ပြည်တွင်း စက်သုံးဆီဈေးနှုန်းမှာ ပြောပလောက်အောင် ကျဆင်းခြင်းမရှိ

၂ဝ၁၄ ခုနှစ် ဇန်နဝါရီက ကမ္ဘာ့ရေနံဈေးနှုန်းသည် တစ်စည်လျှင် ၉၄ ဒေါ်လာဝန်းကျင်ရှိခဲ့ရာမှ  ပြီးခဲ့သည့် ဇွန်လမှစ၍ ဆက်တိုက်လိုလို ကျဆင်းလာခဲ့ပြီး ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလဆန်းတွင် တစ်စည်လျှင် ဒေါ်လာ ၅ဝ အောက်အထိ ကျဆင်းလာခဲ့သော်လည်း ပြည်တွင်းရေနံဆီနှင့် ဓာတ်ဆီဈေးနှုန်းများ ပြောပ လောက်အောင် ကျဆင်းခြင်းမရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

လက်ပံတောင်းအရေး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက် ကော်မတီငြင်းဆို

Photo: လက်ပံတောင်းအရေး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက် ကော်မတီငြင်းဆို
Friday, January 9, 2015 

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ ပဋိပက္ခတွေ ဆက်လက် ဖြစ်ပွားရတာဟာ စုံစမ်းစစ်ဆေးရေး
ကော်မရှင် အစီရင်ခံစာအပေါ် အပြည့်အ၀ လိုက်နာ အကောင်အထည် ဖော်မှု မရှိတာကြောင့် ဆိုတဲ့ ကော် မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်ဟာ မဟုတ်မှန်ကြောင်း အစီရင်ခံစာ အကောင်အ ထည် ဖော်မှု ကော်မတီက ဒီနေ့ နေပြည်တော်မှာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပပြီး ငြင်းဆို လိုက်ပါတယ်။

အကောင်အထည်ဖော်မှု ကော်မတီအနေနဲ့ စုံစမ်းရေးကော်မတီရဲ့အစီရင်ခံစာပါ တိုက်တွန်းအကြံပြုချက်တွေ ထက်တောင် ကျော်လွန်ပြီး ဆောင်ရွက်ပေးနေ တယ်လို့ အကောင်အထည်ဖော်မှုကော်မတီ အတွင်း ရေးမှူး ဦးတင်မြင့်က သတင်း စာ ရှင်းလင်း ပွဲမှာ အခုလို ပြောကြားခဲ့ပါတယ်။

"စုံစမ်းရေးကော်မရှင် ဥက္ကဌက ပြောတယ်ပေါ့၊ သို့သော်လည်း လိုက်နာမှု မရှိဘူးဆိုတဲ့အပိုင်းက ကျနော်တို့ ဖက်က စုံစမ်းရေးကော်မရှင် အကြံပေး ချက်တွေကို အပြည့်အဝဆောင်ရွက်ပေးနေတယ်၊ ဒီအစီရင်ခံစာမှာပါ တဲ့ အချက်တွေအပြင်တောင်မှ ပိုပြီးတော့ဆောင်ရွက်ပေးနေတာတွေကို တင်ပြလိုတယ်၊ လျော်ကြေးတွေ ပေးလိုက်ဆိုပြီး ကျနော်တို့ပေး တယ်၊ သို့သော် ကျနော်တို့ရဲ့ စေတနာမေတ္တာကို နားလည်တဲ့လူထုက လာ ထုတ်တယ်၊ လျော်ကြေးမထုတ်တဲ့လူတွေကို ကျနော်တို့က ဖြောင်းဖျပြီး အိမ်တိုင်ယာ ရောက်လိုက်ပေးတယ်၊ အဲဒီ့ရွာတွေမှာကို လိုက်ပြီးတော့ပေးတယ်၊ အဲ့လိုပေးတဲ့ဟာကို လက်မခံတဲ့သူက မလိုက်နာတာလား၊ ကျနော်တို့က စုံစမ်းရေးကော်မရှင်မှာပါတဲ့အတိုင်း လျော်ကြေးပေးနေတာ နှစ်ကြိမ်၊ သုံးကြိမ်အထိပေးနေ တာကို လျော်ကြေးမယူပါဘူးလို့ ပြောနေတဲ့သူတွေ၊ ကျနော်တို့ကတော့ ဒီစုံစမ်းရေးကော်မရှင်ရဲ့ အကြံပြု ချက်တွေအပေါ်မှာ ဆောင်ရွက်ပါတယ်၊ အဲတော့ မလိုက်နာဘူးဆိုတာ မဟုတ်ပါဘူး

ဒါ့အပြင် ပဋိပက္ခတွေ ထပ်မံမပေါ်ပေါက်စေဖို့အတွက် ဒေသခံတောင်သူတွေနဲ့ တွေ့ဆုံညှိနှိုင်းပြီး စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်သွားမယ် လို့လည်း အတွင်းရေးမှူး ဦးတင်မြင့်က ဆိုပါတယ်။ ဒေသခံ
တောင်သူ တွေ ကို သွေးထိုးလှုံ့ဆော်နေသူတွေနဲ့ ပြင်ပအဖွဲ့အစည်းတွေကို အမှုဖွင့်အရေးယူဖို့ ပြင်ဆင်နေ တယ်လို့လည်း ပြောပါတယ်။

ဆားလင်းကြီးမြို့နယ်က ကျေးရွာ ၂၆ ရွာကို ကြေးနီစီမံကိန်းဧရိယာအဖြစ် သတ်မှတ်ထားရာကနေ ၇ ရွာကို ထပ်တိုးဧရိယာအဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့က စီမံကိန်းတိုးချဲ့ဧရိယာတွေမှာ ၀မ်ပေါင်ကုမ္ပဏီဝန်ထမ်းတွေ က ခြံ စည်းရိုးဝင်ခတ်ရာ တားမြစ်ခဲ့တဲ့ ဒေသခံတွေတောင်သူတွေနဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေ ပဋိပက္ခဖြစ်ပွားပြီး
ဒေသခံတောင်သူ ဒေါ်ခင်ဝင်း သေနတ်ထိမှန်သေဆုံးခဲ့တာဖြစ်ပါတယ်။

RFA Burmese
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ ပဋိပက္ခတွေ ဆက်လက် ဖြစ်ပွားရတာဟာ စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာအပေါ် အပြည့်အ၀ လိုက်နာ အကောင်အထည် ဖော်မှု မရှိတာကြောင့် ဆိုတဲ့ ကော် မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်ဟာ မဟုတ်မှန်ကြောင်း အစီရင်ခံစာ အကောင်အ ထည် ဖော်မှု ကော်မတီက ဒီနေ့ နေပြည်တော်မှာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပပြီး ငြင်းဆို လိုက်ပါတယ်။

ပါရီတိုက်ခိုက်မှုအတွက် သံသယရှိသူ သုံးဦးအနက် အငယ်ဆုံးတစ်ဦး လက်နက်ချအဖမ်းခံပြီး အလိုရှိသော ညီအစ်ကိုနှစ်ဦး၏ ဓာတ်ပုံကို ပြင်သစ်ရဲတပ်ဖွဲ့ ထုတ်ပြန်

အေအက်ဖ်ပီ၏ ဟောင်ကောင်ရုံးခွဲမှဝန်ထမ်းများက ပြင်သစ်မဂ္ဂဇင်း တိုက်ခိုက်ခံရမှုတွင် သေဆုံးခဲ့သူများ နှင့် တစ်သားတည်းရှိကြောင်း စာတန်းများကို ဇန်န၀ါရီ ၈ ရက်တွင် ကိုင်ဆောင်ပြသနေစဉ်
ပြင်သစ်နိုင်ငံကို အံ့ဩတုန်လှုပ်စေခဲ့သော ပါရီရှိ မဂ္ဂဇင်းတစ်စောင်ကို အကြမ်းဖက်တိုက်ခိုက်မှုအတွက် သံသယရှိသူ သုံးဦးအနက် အငယ်ဆုံးသူတစ်ဦးသည် ရဲတပ်ဖွဲ့ထံ လက်နက်ချအဖမ်းခံခဲ့ကြောင်း ယင်းအမှုကို ကိုင်တွယ်ဖြေရှင်းနေသည့် အဖွဲ့နှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။ လူမှုမီဒီယာ၌ ပျံ့နှံ့ခဲ့သော တရားခံဟု မသင်္ကာသူသုံးဦး၏ အမည်များတွင် ၎င်းအမည်ကိုတွေ့ခဲ့ရပြီးနောက် အသက် ၁၈ နှစ်အရွယ် ဟာမစ်မိုရက်သည် ဒေသစံတော်ချိန် ဇန်နဝါရီ ၇ ရက် ည ၁၁ နာရီတွင် ရဲတပ်ဖွဲ့ထံ လာရောက်အဖမ်းခံခဲ့သည်။