Thursday 6 June 2013

ရှေးဟောင်းအမွေအနှစ် အဆောက်အဦး (၂၀၀)ခန့်ကို ဘာသာနှစ်မျိုးဖြင့် သမိုင်းကြောင်းဖော်ပြမည်

Photo: ရှေးဟောင်းအမွေအနှစ် အဆောက်အဦး (၂၀၀)ခန့်ကို ဘာသာနှစ်မျိုးဖြင့် သမိုင်းကြောင်းဖော်ပြမည်

ဇွန်လ ၆ ရက် ၂၀၁၃

ရန်ကုန်မြို့အတွင်းရှိ ရှေးဟောင်းအမွေအနှစ် အဆောက်အဦးများ၏ သမိုင်းကြောင်းကို ကမ္မည်းပြား( blue plaques)များဖြင့် မြန်မာ၊ အင်္ဂလိပ် ဘာသာနှစ်မျိုးရေးသားကာ ဖော်ပြရန်အတွက် Philips ကုမ္ပဏီက ကန်ဒေါ်လာ (၇၅၀၀၀) ကိုလှူဒါန်းမည်ဖြစ်ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (Yangon Heritage Trust)မှ ဥက္ကဌ ဒေါက်တာသန့်မြင့်ဦးက ဆိုသည်။
 
“blue plaques တွေတပ်ဆင်ပေးမှာပါ။ အဲဒါမှ လူတွေက ဒါကအထင်ကရနေရာဖြစ်တယ်။ ဒီအဆောက်အဦးက ထိန်းသိမ်းသင့်တဲ့အဆောက်အဦးဖြစ်တယ်ဆိုတာ ကျွန်တော်တို့ပြည်သူပြည်သားတွေ သတိထားမိသွားအောင်   ထောက်ပြချင်တာပါ” ဟု (Yangon Heritage Trust)မှ ဥက္ကဌ ဒေါက်တာသန့်မြင့်ဦးက ပြောသည်။
 
အဆိုပါ ကမ္မည်းပြားများကို ဇွန်လအတွင်း၌ ရှေးဟောင်းအဆောက်အဦး (၂၀၀) ခန့်တွင်  တပ်ဆင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
 
Philips သည် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ယဉ်ကျေးမှုမြို့တော်ဖြစ်သည့် ရန်ကုန်မြို့၏ ဗိသုကာ လက်ရာ အမွေအနှစ်များကို ဖော်ပြနိုင်ရန် ကမ္မည်းပြား( blue plaques)များ တပ်ဆင်ရေးလုပ်ငန်းအတွက် အဆိုပါ အလှူငွေများအား ထည့်ဝင်လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။
 
“ Philips အနေနဲ့ မြန်မာနိုင်ငံမှာ ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေး စောင့်ရှောက်တဲ့ စနစ်တွေ တည်ထောင်ပေးဖို့၊ Philips ရဲ့ လူသုံးကုန် ပစ္စည်းတွေနဲ့ လူတွေ ပိုပြီး ကျန်းမာပျော်ရွှင်တဲ့ ဘ၀ နေထိုင်နိုင်စေဖို့ ၊ အရည်အသွေးမြင့် အလင်းပေးမှုစနစ်ဆိုင်ရာ အခြေခံ အဆောက်အအုံကို ကူညီ တည်ထောင်ပေးဖို့ ဖြစ်ပါတယ်” ဟု Philips ၏ အာဆီယံနှင့် ပစိဖိတ်ဒေသဆိုင်ရာ အမှုဆောင်အရာရှိချုပ် Mrs. Harjit Gill က ပြောသည်။
 
Philip ကုမ္ပဏီနှင့် ပူးပေါင်းမည့် ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (Yangon Heritage Trust) သည် မြို့ပြစီမံကိန်း မူဘောင်အတွင်း ရန်ကုန်မြို့၏ မြို့ပြအမွေအနှစ်များကို အများဆုံး ကာကွယ်စောင့်ရှောက်ရန်ဟူသော ဦးတည်ချက်ဖြင့် ၂၀၁၂ခုနှစ် မတ်လတွင် စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

Myit Makha Mediagroup
ရန်ကုန်မြို့အတွင်းရှိ ရှေးဟောင်းအမွေအနှစ် အဆောက်အဦးများ၏ သမိုင်းကြောင်းကို ကမ္မည်းပြား( blue plaques)များဖြင့် မြန်မာ၊ အင်္ဂလိပ် ဘာသာနှစ်မျိုးရေးသားကာ ဖော်ပြရန်အတွက် Philips ကုမ္ပဏီက ကန်ဒေါ်လာ (၇၅၀၀၀) ကိုလှူဒါန်းမည်ဖြစ်ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ (Yangon Heritage Trust)မှ ဥက္ကဌ ဒေါက်တာသန့်မြင့်ဦးက ဆိုသည်။

ပေါင်းလောင်း ဆည်ကြောင့် ကျေးရွာပြောင်းရသူများ နေရာ သစ်တွင် အခက်ကြုံ

Photo: ပေါင်းလောင်းဆည်ကြောင့် ကျေးရွာပြောင်းရသူများ နေရာသစ်တွင် အခက်ကြုံ
Thursday, June 6, 2013

ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်က ပေါင်းလောင်းဆည် ရေအားလျှပ်စစ်စီမံကိန်းကြောင့် ရွာဟောင်းကနေ ရွာသစ်ကို ရွှေ့လာရတဲ့ ဒေသခံတွေ ရေမီးအခက်အခဲအပြင် အလုပ်အကိုင်အခက်အခဲ ကြုံနေရပါတယ်။

ပင်လောင်းမြို့နယ် ထိန်ပင်နဲ့ သပြေကုန်းကျေးရွာအုပ်စုထဲက ရွာပေါင်း ၂၃ ရွာဟာ သူတို့နေရင်းရွာ အနောက်ဘက် ၁ မိုင်ကျော်အကွာက တောင်ကုန်း တောင်တန်းတွေပေါ် ပြောင်းရွှေ့နေကြရပြီး အခက်အခဲအမျိုးမျိုးနဲ့ ကြုံနေရတယ်လို့ ကျေးရွာ ရပ်မိရပ်ဖတဦးက ပြောပါတယ်။

“အခု မိုးကလည်း ရွာနေပြီ။ ရွှေ့ပြောင်းဖို့က ပစ္စည်းတွေသယ်ဖို့လည်း လမ်းတွေကလည်း ပျက်နေတယ်။ ကားအခက်အခဲလည်း ရှိတယ်။ ဖျက်ထားတဲ့အိမ်တွေလည်း အကုန်မကယ်နိုင်ဘူး။ လမ်းတွေက သွားလို့မရဘူး၊ ချော်နေတယ်။ တချို့နေရာတွေ ပျက်နေတာရှိတယ်။ ဒီမှာအကုန် ရှုပ်နေတယ်။ ဖျက်တဲ့သူက ဖျက်၊ သယ်တဲ့သူက သယ်။”
အခုလက်ရှိတည်ဆောက်နေတဲ့ အထက်ပေါင်းလောင်းဆည် စီမံကိန်းကြီး ပြီးသွားရင် သူတို့ရွာဟောင်းထဲကို ရေတွေ ၀င်လာတော့မှာဖြစ်တဲ့အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေက မနှစ် ဩဂုတ်လကစပြီး ပြောင်းရွှေ့ဖို့ ညွှန်ကြားထား တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒီနေ့ထိ မရွှေ့ရသေးတဲ့ ရွာတွေလည်း ကျန်နေသေးတဲ့အတွက် စီမံကိန်းဆိုင်ရာ တာဝန်ရှိသူတွေက ပြီးခဲ့တဲ့အပတ်က လာရောက်သတိပေးသွားပြီး ရွာထဲရေ၀င်လာရင် တာဝန်မယူကြောင်း၊ ပြောင်းရွှေ့ရေးမှာလည်း အကူအညီမပေးနိုင်ကြောင်း ပြောသွားတယ်လို့ ဆိုပါတယ်။

အခြားရွာသားတဦးကလည်း နေရာဟောင်းက မပြောင်းရင် ဒုက္ခရောက်မှာဖြစ်သလို နေရာသစ်မှာလည်း အခက်အခဲတွေ အများကြီးရှိတယ်လို့ ပြောပါတယ်။

“ရေမီးအစုံဖြစ်စေရမယ်ပြောပေမယ့် ရေတွေမလုံလောက်ဘူး။ မီးကတော့ ထားပါတော့၊ သုံးရေသောက်ရေတောင် လုံလုံလောက်လောက် မရဘူး။ ရေကန်ကြီးလုပ်ပေးတယ်၊ ရေကန်ကလည်း အပေါက်တွေနဲ့ လာထည့်ပေးတာလဲ ရေနောက်တွေ။ ရေနောက်တွေ ဘယ်လိုသောက်သုံးကြမလဲ။”

စီမံကိန်းကြောင့် ပြောင်းရွှေ့ရတဲ့ အိမ်ခြေ ၂ ထောင်ကျော်ရှိပြီး အိမ်ခြေတန်ဖိုးနဲ့ ညီမျှတဲ့ လျော်ကြေးကို အရစ်ကျ ထုတ်ပေးပေမယ့် အိမ်ဆောက်လိုသူ များတာကြောင့် အိမ်ဆောက်ပစ္စည်းနဲ့ လက်သမားခတွေ ဈေးတက်ကုန်ကြောင်း၊ ဒါကြောင့် ရှိတဲ့ငွေနဲ့ လောက်အောင် ဆောက်နေကြကြောင်း၊ ဆုံးရှုံးသွားတဲ့ သီးပင်စားပင်တွေအတွက် ၅ နှစ်စာ လျော်ပေးမယ်လို့ ပြောထားပေမယ့် ရှေ့ဆက် တသက်စာ လုပ်ကိုင်စားသောက်သွားဖို့ စိုက်ပျိုးမြေ အခက်အခဲတွေ ကြုံနေရတယ်လို့ သူက ဆက်ပြောပါတယ်။

အခုပြောင်းရွှေ့လာတဲ့နေရာဟာ တောင်ကုန်း၊ တောင်ကတုံးတွေဖြစ်တဲ့အတွက် မြေဆီလွှာညံ့ဖျင်းပြီး စိုက်ပျိုးရေး ခက်ခဲတာက တကြောင်း၊ အရင်က လယ်ယာဟောင်းဟာလည်း စီမံကိန်းဧရိယာထဲ ပါသွားသလို မပါတဲ့နေရာတွေလည်း အိမ်နဲ့ အင်မတန် အလှမ်းဝေးသွားတယ်လို့ ဆိုပါတယ်။

“တောင်သူလယ်သမားကတော့ လယ်ယာမရှိဘူးဆို ဘာမှမတတ်နိုင်ဘူး။ အခုက တောင်ကုန်းမှာရောက်ရင် လက်ရှိ မြေကွက်၊ ပဲကွက်တို့ ဘာမှမရှိတော့ဘူး။ တောင်ကုန်းမှာ ထင်းခုတ်စားဖို့ အလှမ်းဝေးသွားပြီ။”
ပေါင်းလောင်းစီမံကိန်းကြောင့် လူပေါင်း ၈ ထောင်ကျော် ပြောင်းရွှေ့ရမှာဖြစ်သလို လယ်မြေဧကပေါင်း ၆ ထောင်ကျော် ရေလွှမ်းဧရိယာထဲ ပါမှာဖြစ်တဲ့အတွက် ရွာသားတွေရဲ့ နစ်နာဆုံးရှုံးမှုတွေနဲ့ ပတ်သက်ပြီး ကယန်းမျိုးဆက်သစ် လူငယ်အဖွဲ့က ပြီးခဲ့တဲ့နှစ်က ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲတရပ် လုပ်ခဲ့သလို နိုင်ငံတော်သမ္မတကြီးဆီ လိပ်မူပြီးတော့ စာတစောင် ပေးပို့ခဲ့ပါသေးတယ်။

နေပြည်တော်အရှေ့ဘက်မိုင် ၂၀ ကျော်မှာရှိတဲ့ အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းကို မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ၂၀၀၄ ခုနှစ်က စတင်တည်ဆောက်နေတာဖြစ်ပြီး လာမယ့် ၂၀၁၄ – ၂၀၁၅ ခုနှစ်ထဲ အပြီးသတ်ဖို့ လျာထားကြောင်း၊ အဲဒီစီမံကိန်းကနေ ၁ နှစ်ကို လျှပ်စစ်ဓာတ်အား ပျမ်းမျှ ကီလိုဝပ် နာရီ သန်းပေါင်း ၄၅၄ သန်း ထုတ်ပေးနိုင်မယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။

DVB
ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်က ပေါင်းလောင်းဆည် ရေအားလျှပ်စစ်စီမံကိန်းကြောင့် ရွာဟောင်း ကနေ ရွာသစ်ကို ရွှေ့လာရတဲ့ ဒေသခံတွေ ရေမီးအခက်အခဲအပြင် အလုပ်အကိုင်အခက်အခဲ ကြုံနေရပါ တယ်။

၂၀၁၅ သမ္မတရာထူး ယှဉ်ပြိုင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြော

Photo: ၂၀၁၅ သမ္မတရာထူး ယှဉ်ပြိုင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြော
Thursday, June 6, 2013

နေပြည်တော်တွင် ယနေ့စတင်ကျင်းပသော ကမ္ဘာ့စီးပွားရေးဖိုရမ်၏ စကားဝိုင်းတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း
စုကြည်က ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် သမ္မတရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု အတည်ပြုပြောကြားလိုက်သည်။

တိုင်းပြည်ပွင့်လင်းလာမှုကို မျက်နှာချင်းဆိုင်ရမည်ဖြစ်ပြီး ကြောက်ရွံ့နေ
စရာ မလိုဟုလည်း ပြောသည်။

တပ်မတော်ကို စည်းကမ်းစနစ်တကျဖြင့် ဖွံ့ဖြိုးတိုးတက်စေလိုကြောင်း၊ ဒီမိုကရေစီစနစ်နှင့် သဟဇာတဖြစ်မည့် လက်နက်ကိုင်တပ်အဖြစ် မြင်
လိုကြောင်း ပြောသည်။

သမ္မတရာထူး ရယူရုံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြောင်းလဲလိုသည်
မဟုတ် ဒီမိုကရေစီနည်းမကျသော ဥပဒေများကို ပြောင်းလဲရေး လုပ်ဆောင်မည်ဟုလည်း ဆိုသည်။

အတိတ်ကို အသိအမှတ်ပြုရန် ဆိုသော်လည်း "လက်စားချေရန်"
"တရားစွဲ ခုံရုံးတင်ရန်" လုံးဝ အစီအစဉ်မရှိဟု ပြောဆိုသွားသည်။

ရခိုင်ပြည်ရှိ ပဋိပက္ခများအရေးပြောဆိုရာတွင်လည်း နှစ်ဘက် အသိုင်း
အဝိုင်းမှ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေး အဖြေရှာ ရင်ကြားစေ့ရေး၊
တရားဥပဒေ စိုးမိုးရေးနှင့် နိုင်ငံသားဥပဒေကို နိုင်ငံတကာ စံနှုန်းများ
နှင့် ကိုက်ညီစေရေးတို့ကို မီးမောင်းထိုး ပြောဆိုသည်။

ဧရာဝတီblog
နေပြည်တော်တွင် ယနေ့စတင်ကျင်းပသော ကမ္ဘာ့စီးပွားရေးဖိုရမ်၏ စကားဝိုင်းတွင် အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် သမ္မတရာထူး အတွက် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု အတည်ပြုပြောကြားလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေအရ အားလုံးတန်းတူဖြစ်ရမယ်လို့ ပြောကြား

Photo: ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေအရ အားလုံးတန်းတူဖြစ်ရမယ်လို့
ပြောကြား
Thursday, June 6, 2013

ရခိုင်ပြည်နယ်အစိုးရက မြို့နယ် ၂ ခုမှာရှိတဲ့ မွှတ်စလင်တွေကို မိသားစု
တစ်ခုမှာ သားသမီး ၂ ဦးပဲ မွေးဖွားရမယ်လို့ အမိန့်ထုတ်ပြန်ခဲ့တာဟာ ခွဲခြားမှုတစ်ခုဖြစ်တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်က
ပြောဆိုခဲ့တဲ့အတွက် မကျေနပ်ကြောင်း ပြောဆိုသံတွေ ပေါ်ထွက်နေတာနဲ့ ပတ်သက်ပြီး RFA က မေးမြန်းခဲ့ရာမှာ အခုလို မကျေနပ်မှုတွေပေါ်ပေါက်
မှာကို ကြိုတင်တွက်ဆပြီး ဖြစ်ပါတယ်။

ဒါပေမယ့် တရားဥပဒေအောက်မှာ နိုင်ငံသားအားလုံး တန်းတူရည်တူ အခွင့်အရေးရှိရမှာ ဖြစ်တဲ့အတွက် မိမိအနေနဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ပြောစရာရှိတာကို အမှန်အတိုင်း ပြောရမှာပါပဲလို့ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

"ဥပဒေတစ်ခုအောက်မှာ အားလုံးကတန်းတူရည်တူဖြစ်ရမယ်၊ အဖွဲ့
အစည်းတစ်ခုပဲဖြစ်ဖြစ်၊ အသိုင်းအဝိုင်းတစ်ခုပဲဖြစ်ဖြစ် သက်သက်ဥပဒေ
တစ်ခုနဲ့ လုပ်တယ်ဆိုတာဟာ ဒါဟာ သာမာန် လူ့အခွင့်အရေးရှုထောင့်
ကကြည့်လို့ရှိရင် မကိုက်ညီဘူး၊ တရားဥပဒေစိုးမိုးရေးနဲ့လည်း မကိုက်ညီဘူး"

RFA က ပုံမှန်ထုတ်လွှင့်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်း
စုကြည် အစီအစဉ်အတွက် ဗုဒ္ဓဟူးနေ့က ဆက်သွယ်မေးမြန်းခဲ့ရာမှာ အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။

တဆက်တည်းမှာပဲ အမျိုးသမီးများ သားဆက်ခြားမှုအပေါ်သဘောထားကို
မေးမြန်းရာမှာတော့ ဒါဟာအမိန့်တစ်ခုအဖြစ် ထုတ်ပြန်ပြဌာန်းရမယ့် ကိစ္စမဟုတ်ပဲ မိမိတို့အမျိုးသမီးတွေရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ဖြစ်တယ်လို့
ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။

"ဒီဟာက ရွေးချယ်မှုတစ်ခုဖြစ်ရမယ်၊ အစိုးရအနေနဲ့ ပညာပေးရမယ်၊ ဘယ်လိုလုပ်ရမယ်၊ ဘယ်လိုလုပ်သင့်တယ်၊ ဘယ်လိုဖြစ်လို့ ဒီလိုလုပ်
သင့်တယ်၊ ဘယ်လိုပုံစံနဲ့ ကိုယ်လုပ်ချင်ရင် လုပ်နိုင်တယ်ဆိုတာ၊ အဲ့လိုပုံစံနဲ့ ပညာပေးသွားပြီးတော့ မိသားစုမှာ သားသမီးဘယ်လောက်ရှိဖို့ ဆုံးဖြတ်
တာက နောက်ဆုံးတော့ မိဘတွေရဲ့ဆုံးဖြတ်မှု ဖြစ်ရမှာပေါ့"

RFA Burmese
ရခိုင်ပြည်နယ်အစိုးရက မြို့နယ် ၂ ခုမှာရှိတဲ့ မွှတ်စလင်တွေကို မိသားစုတစ်ခုမှာ သားသမီး ၂ ဦးပဲ မွေးဖွား ရမယ်လို့ အမိန့်ထုတ်ပြန်ခဲ့တာဟာ ခွဲခြားမှုတစ်ခုဖြစ်တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်း အတွင်း ဒေါ်အောင်ဆန်း စုကြည် က ပြောဆိုခဲ့တဲ့အတွက် မကျေနပ်ကြောင်း ပြောဆိုသံတွေ ပေါ်ထွက်နေတာနဲ့ ပတ်သက်ပြီး RFA က မေးမြန်းခဲ့ရာမှာ အခုလို မကျေနပ်မှုတွေပေါ်ပေါက်မှာကို ကြိုတင်တွက်ဆပြီး ဖြစ်ပါတယ်။

ဒီနယ်မြေ ရချင်တယ်ဆိုရင်တော့ ကျနော်တို့နဲ့ တိုက်ပါ

Photo: “ဒီနယ်မြေ ရချင်တယ်ဆိုရင်တော့ ကျနော်တို့နဲ့ တိုက်ပါ”
Thursday, June 6, 2013

ဝတိုင်းရင်းသားများနေထိုင်သည့်နေရာကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ်မှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်အဆင့် တရားဝင် သတ်မှတ်ပေးရန် တောင်းဆိုနေခြင်းဖြစ်ကြောင်း၊ ဗဟိုအစိုးရအုပ်ချုပ်မှုအောက်မှ ခွဲထွက်ရန် ရည်ရွယ်ခြင်း မရှိကြောင်း
UWSA ဝ လက်နက်ကိုင်အဖွဲ့က ပြောသည်။

" ဝဒေသကို ပြည်ထောင်စုကနေ ခွဲထွက်ဖို့ မရည်ရွယ်ပါဘူး " ဟု UWSA ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်သော UWSP ပါတီ ပြောခွင့်ရ အရာရှိ ဦးဆမ်ခွန်က ဧရာဝတီကို ပြောသည်။

"ဒေသ " ဟူသည်မှာ "ပြည်နယ်"ထက် သေးငယ်သောကြောင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆိုသည်ကို လက်ခံနိုင်ခြင်း မရှိကြောင်း သူက ဆက်ပြောသည်။

ဝဒေသ တောင်ပိုင်းနှင့် ပတ်သက်ပြီး အစိုးရနှင့် ဝ ခေါင်းဆောင်တို့ သဘောထားခြင်း မတိုက်ဆိုင်ကြဟု ဆိုသည်။

“အဲဒီနေရာကနေ ဖယ်မပေးနိုင်ဘူး။ အဲဒီနေရာကို စစ်ပွဲတွေနဲ့ ရင်းပြီး ရထားတာပါ။
ဒီနယ်မြေ ရချင်တယ်ဆိုရင်တော့ ကျနော်တို့နဲ့ တိုက်ပါ။ ဒီအတိုင်းတော့ ကျနော်တို့ ထွက်မသွားနိုင်ပါဘူး” ဟု ဝ အရာရှိက ပြောသည်။

(ငြိမ်းငြိမ်း ရေးသားတဲ့ UWSA Wants Autonomous State, Not Independence www.irrawaddy.org/archives/36522 ကနေ ကောက်နုတ်ဖော်ပြပါတယ်။)

ဧရာဝတီblog
ဝတိုင်းရင်းသားများနေထိုင်သည့်နေရာကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ်မှ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရ ပြည်နယ် အဆင့် တရားဝင် သတ်မှတ်ပေးရန် တောင်းဆိုနေခြင်းဖြစ်ကြောင်း၊ ဗဟိုအစိုးရ အုပ်ချုပ် မှုအောက် မှ ခွဲထွက်ရန် ရည်ရွယ်ခြင်း မရှိကြောင်း UWSA ဝ လက်နက်ကိုင်အဖွဲ့က ပြောသည်။

တနင်္သာရီ ကမ်းလွန်ဒေသ ရေနက်ပိုင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်နှစ်ခု ထိုင်းကုမ္ပဏီ PTTEP South Asia Limited လုပ်ကိုင်ခွင့် ရရှိ

offshore-june6
ကန်ပေါက်မြို့နယ်ရှိ သဘာဝဓာတ်ငွေ့ ထိန်းချုပ်ဖြန့်ဖြူးရေး စခန်းကို တွေ့ရစဉ်
တနင်္သာရီတိုင်း ဒေသကြီးရှိ တနင်္သာရီ ကမ်းလွန်ဒေသ ရေနက်ပိုင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်နှစ်ခုကို ထိုင်းကုမ္ပဏီ PTTEP South Asia Limited မှ လုပ်ကိုင်ခွင့်ရ ရှိခဲ့ကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။