Saturday 17 May 2014

လာအိုလေယာဉ်ပျက်ကျမှု ကာကွယ်ရေး ဝန်ကြီးအပါအဝင် ၂၂ ဦး သေဆုံး

Photo: လာအိုလေယာဉ်ပျက်ကျမှု ကာကွယ်ရေး ဝန်ကြီးအပါအဝင် ၂၂ ဦး သေဆုံး
Saturday, May 17, 2014

အခမ်းအနား တခု တက်ရောက်ဖို့ လာအို ကာကွယ်ရေး ဝန်ကြီး ပါဝင်တဲ့ လာအို လေတပ်လေယာဉ်တစီး ဒီကနေ့ စနေနေ့ မနက်ပိုင်းက ပျက်ကျ သွားခဲ့လို့ ကာကွယ်ရေး ဝန်ကြီးအပါအဝင် အနည်းဆုံး လူ ၂၂ ဦး
သေဆုံး သွားပါတယ်။

သေဆုံးသွားသူတွေထဲမှာ လာအို ပြည့်သူ့ တော်လှန်ရေးပါတီ ထိပ်တန်း ခေါင်းဆောင်တွေလည်း ပါဝင်ပြီး ဒီမနက် လေယာဉ် ပျက်ကျမှုမှာ ၃ ဦးသာ အသက်ရှင်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ပါတယ်။

လာအိုနိုင်ငံ ဒု ဝန်ကြီးချုပ်လည်း ဖြစ်၊ ကာကွယ်ရေး ဝန်ကြီးလည်းဖြစ် လာအို ပါတီ ပေါလစ်ဗျူရို အဖွဲ့ဝင် လည်ြး ဖစ်သူ Douangchay Phichit ဟာ ပြည်သူ့ လုံခြုံရေး ဝန်ကြီး၊ ဗီယန်ကျန်း မြို့တော်ဝန် စတဲ့ သူတွေ နဲ့ အတူ နိုင်ငံရဲ့ အရှေ့မြောက် ပိုင်း ခရိုင်တခုနားမှာ ဒီမနက် ၆ နာရီ ကျော်လောက်က ပျက်ကျ သွား လို့ သေဆုံးသွားကြတဲ့ အကြောင်း ဘန်ကောက် ပို့စ် မှာ ဖော်ပြထားပါတယ်။

တာဝန် ရှိသူတွေကတော့ လေယာဉ်ပျက်ကျမှုမှာ အသက်ရှင်သူတွေကို ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နေပြီး ဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး စမ်းစစ်ဆေးဆဲ လို့ ပြောပါတယ်။

ဧရာဝတီ BLOG
အခမ်းအနား တခု တက်ရောက်ဖို့ လာအို ကာကွယ်ရေး ဝန်ကြီး ပါဝင်တဲ့ လာအို လေတပ်လေယာဉ်တစီး ဒီကနေ့ စနေနေ့ မနက်ပိုင်းက ပျက်ကျ သွားခဲ့လို့ ကာကွယ်ရေး ဝန်ကြီးအပါအဝင် အနည်းဆုံး လူ ၂၂ ဦး
သေဆုံး သွားပါတယ်။

ရွှေဂက်စ် စက်ရုံစွန့်ပစ်ပစ္စည်းကြောင့် ပင်လယ်ပြင် ရေသတ္တ၀ါ များ သေ ဆုံးနေရ

ကျောက်ဖြူ ရေနက် ဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်းခွင် အတွင်း သန္တာ ကျောက်တန်းများအား မိုင်းခွဲ၍ သေဆုံးသွားတဲ့ ရေနေသတ္တ၀ါများ
ရခိုင်ပြည်နယ်၊ ကျောက်ဖြူဒေသမှာ တရုတ်နိုင်ငံက တည်ဆောက် နေတဲ့ ရွှေသဘာဝ ဓာတ်ငွေ့ စီမံကိန်းနဲ့ ဆက်စပ်နေတဲ့ တည်ဆောက်ရေးလုပ်ငန်းခွင်တွေကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု၊ ပတ်ဝန်းကျင် ရေထု၊ လေထု ညစ်ညမ်း မှုတွေ ဖြစ်ပေါ်နေ တဲ့ အပြင် ရေနေ သတ္တ၀ါ အများ အပြားဟာလည်း စဉ်ဆက် မပြတ် သေဆုံးနေရပါတယ်။

ဂျပန်ကာကွယ်ရေးဥပဒေ ပြောင်းလဲပေးရန် ဝန်ကြီးချုပ်အာဘေး တောင်းဆို

Photo: ဂျပန်ကာကွယ်ရေးဥပဒေ ပြောင်းလဲပေးရန် ဝန်ကြီးချုပ်အာဘေး တောင်းဆို
Saturday, May 17, 2014 

ပင်လယ်ရပ်ခြား ဒေသများ၌ ဂျပန် တပ်ဖွဲ့ဝင်များ တိုက်ပွဲဝင်နိုင်ရန် ကာကွယ်ရေးဥပဒေ ပြောင်းလဲပြီး အခြေခံဥပဒေ အဓိပ္ပာယ် ဖွင့်ဆိုမှုတစ်ရပ် လုပ်ဆောင်ပေးရန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက တောင်းဆိုလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ဂျပန်ကာကွယ်ရေးဥပဒေ ပြောင်းလဲသင့်ကြောင့် ဝန်ကြီးချုပ်အာဘေး ရွေးချယ် ခန့်အပ်ထားသည့် အကြံပေးအဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ပြီး နာရီအနည်းငယ် အကြာတွင် ယခုကဲ့သို့သော တောင်းဆိုချက် ပေါ်ထွက်လာခြင်း ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ အငြင်းပွားမှုများကို ဖြေရှင်းရာတွင် စစ်ပွဲဆင်နွှဲခွင့်၊ စစ်အင်အား အသုံးပြုခွင့်၊ အသုံးပြုမည်ဟု ခြိမ်းခြောက်ခွင့်များကို ဂျပန်အခြေခံ ဥပဒေက ပိတ်ပင် တားမြစ်ထားသည်။

ဒုတိယကမ္ဘာစစ်အပြီး အမေရိကန် ဦးဆောင်ရေးဆွဲသည့် ဂျပန်အခြေခံ ဥပဒေပုဒ်မ ၉ အရ စစ်အင်အား အသုံးပြုမှုကို ပိတ်ပင်ထားပြီး ကိုယ်ပိုင်ကာကွယ်ရေး နယ်ပယ်တွင်သာ အင်အား အသုံးပြုခွင့်ပြုထားသည်။

သို့သော်လည်း အာရှ-ပစိဖိတ်ဒေသ၏ ပြောင်းလဲလာသော လုံခြုံရေး အခြေအနေနှင့်အညီ ဂျပန် တပ်မတော်၏ အခန်းကဏ္ဍကို ပြန်လည် ဆန်းစစ်လိုသည်ဟု ဝန်ကြီးချုပ်အာဘေးက ပြောကြားသည်။

ထို့အပြင် အပြည်ပြည်ဆိုင်ရာ ဥပဒေများအရ မဟာမိတ်နိုင်ငံများ တိုက်ခိုက်ခံပါက လက်နက်ကိုင် ဝင်ရောက် ကူညီပိုင်ခွင့် ရှိသည်ဟု ဂျပန်အစိုးရအဖွဲ့က ကာလရှည်ကြာ စွဲကိုင်ထားသော်လည်း အခြေခံဥပဒေက ယင်းကဲ့သို့ လုပ်ဆောင်နိုင်ခွင့်ကို ပိတ်ပင်ထားသည်။

အကြံပေးအဖွဲ့၏ အစီရင်ခံစာတွင် ကန့်သတ်ချက်ကို စွန့်ပယ်ရန်နှင့် စုပေါင်းထားသည့် ကိုယ်ပိုင် ကာကွယ်ရေးတွင် ဂျပန်နိုင်ငံ ပါဝင်လှုပ်ရှားရန် တောင်းဆိုထားပြီး အာဏာအလွဲသုံးစားမှုများ မဖြစ်ပေါ်စေရန် သတ်မှတ်ချက်များ ထည့်သွင်းထားရန် အကြံပြုထားသည်။

တရုတ်နှင့် မြောက်ကိုရီးယား နိုင်ငံတို့မှ ခြိမ်းခြောက်မှုများ ပေါ်ထွက်လာချိန်တွင် ယခုကဲ့သို့သော အကြံပေးချက်များ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ဂျပန်ဝန်ကြီးချုပ် အာဘေးအစိုးရအဖွဲ့မှာ မှားယွင်းသော လုပ်ဆောင်ချက်များ ပြုလုပ်နေခြင်းကြောင့် ဂျပန်နိုင်ငံ၏ အစစ်အမှန် ရည်ရွယ်ချက်ကို စိုးရိမ်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟူချန်ယင်က ပြောကြားသည်။

The Voice Weekly
ပင်လယ်ရပ်ခြား ဒေသများ၌ ဂျပန် တပ်ဖွဲ့ဝင်များ တိုက်ပွဲဝင်နိုင်ရန် ကာကွယ်ရေးဥပဒေ ပြောင်းလဲပြီး အခြေခံဥပဒေ အဓိပ္ပာယ်ဖွင့်ဆိုမှုတစ်ရပ် လုပ်ဆောင်ပေးရန် ဝန်ကြီးချုပ်ရှင်ဇိုအာဘေးက တောင်းဆို လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ဗေဒင်ဆရာတဦးက ၁၄ နှစ်အရွယ် အမျိုးသမီးငယ်အား သားမယားပြုကျင့်

အသက် (၁၄) နှစ်အရွယ် ခူမီး(ချင်း) မိန်းကလေးငယ်တစ်ဦးအား အသက် ၅၂ အရွယ် ဗေဒင်ဆရာတစ်ဦး မှသား မယားပြု ကျင့်ခဲ့သည့် မှုခင်းတစ်ရပ် ပလက်ဝမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

လာအိုဒုတိယ၀န်ကြီးချုပ် လေယာဉ်ပျက်ကျ သေဆုံး

Photo: လာအိုဒုတိယ၀န်ကြီးချုပ် လေယာဉ်ပျက်ကျ သေဆုံး
Saturday, May 17, 2014

လာအိုဒုတိယ၀န်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး ဒေါင်ချွိင် ပီချစ် Douangchay Phichit ဟာ မေလ ၁၇ ရက်နေ့ မနက်က လေယာဉ်ပျက်ကျမှုမှာ သေဆုံးခဲ့တယ်လို့ လာအိုစစ်တပ်က အတည်ပြုပြောဆိုပါတယ်။

ဒုတိယ၀န်ကြီးချုပ်နဲ့အဖွဲ့ဟာ AN74-300 စစ်ဖက်လေယာဉ် နဲ့ လာအိုအရှေ့မြောက်ပိုင်း ဇီရန်ကွမ်းခရိုင်မှာ ဖွင့်ပွဲအခမ်းအနားတခုကို တက်ရောက်ဖို့သွားရင်း လေယာဉ်မဆင်းမီ မနက် ၆နာရီခွဲမှာ ပျက်ကျခဲ့တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် ထိုင်းရတ်သတင်းဌာနက လာအိုစစ်တပ်ကို ကိုးကားပြီးဖော်ပြပါတယ်။

လာအိုဒုတိယ၀န်ကြီးချုပ်အပြင် ဗီယင်ကျန်းမြို့တော် အုပ်ချုပ်ရေးမှူးနဲ့ ဇနီး၊ လာအိုပြည်သူ့ တော်လှန်ရေးပါတီအတွင်းရေးမှူး နဲ့ တော်လှန်ရေးပါတီ ၀ါဒဖြန့်ချီရေးကော်မတီဥက္ကဌတို့လည်း လေယာဉ်ပျက်ကျမှုမှာ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

လေယာဉ်ပျက်ကျရတဲ့အကြောင်းရင်းကိုတော့ မသိရှိသေးပါဘူး။ လေယာဉ်ပေါ်မှာ လူ ၂၀ လောက် လိုက်ပါသွားကြပြီး တွဲဖက်လေယာဉ်မှူး၊ သူနာပြုတဦးနဲ့ တခြားသူတဦး စုစုပေါင်း ၃ ဦး အသက်ရှင်တယ်လို့ ထိုင်းရတ်သတင်းဌာနက ဆိုပါတယ်။ 

ဒီဗွီဘီ
လာအိုဒုတိယ၀န်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး ဒေါင်ချွိင် ပီချစ် Douangchay Phichit ဟာ မေလ ၁၇ ရက်နေ့ မနက်က လေယာဉ်ပျက်ကျမှုမှာ သေဆုံးခဲ့တယ်လို့ လာအိုစစ်တပ်က အတည်ပြုပြောဆိုပါတယ်။

အခွန်မဆောင်သည့် စီးပွားရေးလုပ်ငန်းများ ပိတ်သိမ်းအရေးယူမည်

အခွန်ပေးဆောင်ခြင်း မရှိသည့် စီးပွားရေး လုပ်ငန်းများကို ယခုဘဏ္ဍာနှစ် (၂၀၁၄-၁၅ ဘဏ္ဍာနှစ်) မှစတင်၍ လုပ်ငန်းလိုင်စင် ပိတ်သိမ်းသည်အထိ အရေးယူမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။ 

အမြန်လမ်းတွင် ရာဇာမင်း ယာဉ်တိမ်းမှောက်မှု လူထိခိုက်သေမှု အမြင့်ဆုံး စံချိန်တင်

Photo: အမြန်လမ်းတွင် ရာဇာမင်း ယာဉ်တိမ်းမှောက်မှု လူထိခိုက်သေမှု အမြင့်ဆုံး စံချိန်တင်
Saturday, May 17, 2014 

ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းတွင် ငါးနှစ်ကျော် ကာလအတွင်း ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှု ခုနစ်ရာကျော်တွင် လွန်ခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့သည့် ရာဇာမင်း ယာဉ်တိမ်းမှောက်မှုမှာ လူထိခိုက်သေမှု အမြင့်ဆုံး ဖြစ်ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

ရန်ကုန်-နေပြည်တော်လမ်း စတင်ဖွင့်လှစ်ချိန် ၂၀၀၉ ခုနှစ် မတ်လမှ ၂၀၁၄ ခုနှစ် ဧပြီလ ၂၂ ရက်နေ့အထိ ငါးနှစ်ကျော် ကာလအတွင်း ယာဉ်မတော်တဆမှုပေါင်း ၇၃၀ ကျော် ဖြစ်ပွားခဲ့ရာ သေဆုံးသူပေါင်း ၃၆၇ ဦးနှင့် ဒဏ်ရာရရှိသူပေါင်း ၁၀၀၀ ကျော် ရှိခဲ့ကြောင်း တရားဝင် ထုတ်ပြန်ချက်များအရ သိရသည်။

မေလ ၁၂ ရက်နေ့ ည ၆ နာရီက နေပြည်တော်မှ ရန်ကုန်သို့ လူ ၄၄ ဦး တင်ဆောင်လာသည့် ရာဇာမင်းခရီးသည် တင်ယာဉ်သည် မိုင်တိုင်အမှတ် ၁၉၇ အရောက်တွင် လမ်းဘေးချော်ထွက်ကာ တံတားပေါ်မှ ပြုတ်ကျခဲ့သဖြင့် လူ ၁၃ ဦး ယင်းနေရာတွင် ပွဲချင်းပြီးသေဆုံး၍ တစ်ဦးမှာ ဆေးရုံတွင် သေဆုံးခဲ့ပြီး ကျန် လူ ၃၀ ဒဏ်ရာရရှိခဲ့သည်။

အဆိုပါ မတော်တဆမှု ဖြစ်ပွားခဲ့သည့် ရာဇာမင်းယာဉ်ကို မောင်းနှင်ခဲ့သည့် ယာဉ်မောင်း ဦးမင်းခန့် (ခေါ်) ထွန်းခန့်စိုးသည် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့က ရန်ကုန်မြို့တော် တောင်ဥက္ကလာပ မြို့နယ်အတွင်း ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သဖြင့် ယာဉ်မောင်းလိုင်စင် သုံးနှစ် ပိတ်သိမ်းခံထားရပြီး လိုင်စင်ပိတ် ခံထားရသည့် ကာလတွင် ရာဇာမင်းယာဉ်ကို မောင်းနှင်ခဲ့ခြင်း ဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ရုံးမှ သိရှိရသည်။

ယင်းဖြစ်ပွားမှုတွင် မဆင်မခြင် မောင်းနှင်ခြင်းနှင့် ခရီးသည်များ လုံခြုံစွာ သယ်ယူပို့ဆောင်ရာတွင် စနစ်တကျ ကြီးကြပ်ရန် အားနည်းခဲ့ခြင်းကြောင့် ရန်ကုန်-နေပြည်တော်-ရန်ကုန် ခရီးစဉ် ပြေးဆွဲခွင့်ကို မေလ ၁၅ ရက်နေ့မှ ရပ်ဆိုင်းခဲ့ကြောင်း နေပြည်တော် ကုန်းလမ်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ ဆောင်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

နေပြည်တော်အထွက် စစ်ဆေးရေးဂိတ်မှအထွက် အမြန်လမ်းပေါ် ရောက်ချိန်တွင် ယာဉ်ယိမ်းယိုင်နေမှုကို သတိထားမိခဲ့ကြောင်း ယင်းယာဉ်ပေါ်တွင် လိုက်ပါလာသည့် အစိုးရဝန်ထမ်း အမျိုးသမီးတစ်ဦးက ပြောကြားသည်။
“မြန်လည်း မြန်တယ်။ ထိန်းမရဘူး ဆိုတာကို သိသာတယ်” ဟု ၎င်းးကဆိုသည်။

သေဆုံးသွားသည့် ခရီးသည်များသည် အထူးခရီးသွား အာမခံ ဝယ်ယူထားသူများ ဖြစ်သဖြင့် အာမခံလျော်ကြေး ကျပ်သိန်း ၃၀၊ အလုံးစုံ မော်တော်ယာဉ် အာမခံကြေး ၁၀ သိန်း၊ သူတစ်ပါးထိခိုက်မှု အာမခံ ကျပ်ငါးသိန်းစုစုပေါင်း တစ်ဦးစီအတွက် ကျပ် ၄၅ သိန်းစီကို မိသားစုများအား ဘဏ္ဍာရေး ဝန်ကြီးဌာနက မေလ ၁၄ ရက်နေ့တွင် ပေးအပ်ခဲ့သည်။

ရာဇာမင်းယာဉ် တိမ်းမှောက်မှုသည် ယာဉ်မတော်ဆမှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် အမြန်လမ်းတွင် အကျွတ်အလွတ်ပွဲ ကျင်းပပြီး တစ်ရက်ခန့် အကြာတွင် ဖြစ်ပွားခဲ့ပြီး ယင်းမတိုင်မီ အမြန်လမ်း ၁၁၆ မိုင်တွင် ဧပြီလ ၁၂ ရက်နေ့ ည ၂ နာရီကျော်က တောင်ပြာတန်း အဝေးပြေးယာဉ်နှင့် မတ်တူးယာဉ် တိုက်မိပြီး မီးလောင်ကျွမ်းကာ လူ ၁၃ ဦး သေဆုံးခဲ့သည်။

ယာဉ်တိမ်းမှောက်မှုများ မကြာခဏ ဖြစ်ပွားနေမှုကြောင့် အမြန်သေ လမ်းမကြီးဟု ဝေဖန်မှုများ ဟိုးလေးတကျော် ထွက်ပေါ်နေချိန် နေပြည်တော်၌ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၌ မေလ ၁၅ ရက်နေ့က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်တို့က ၃၃၆ မိုင် သုံးဖာလုံ ရှည်လားသည့် ယင်းအမြန်လမ်းသည် တစ်မိုင်လျှင် ကျပ် သန်း ၂၅၀၀ အကုန်အကျခံ၍ ဖောက်လုပ် ထားသော်လည်း အမြန်လမ်း၏ စံချိန်စံနှုန်း မမီသော ကွန်ကရစ်လမ်းသာ ဖြစ်နေသေးကြောင်း ဝန်ခံပြောဆိုကြသည်။

အမြန်လမ်း လေးလမ်းသွားကို စံချိန်စံညွှန်းမီ ရှစ်လမ်းသွားအဖြစ် ပြုလုပ်ပါက ကျပ် ဘီလီယံ ၅၅၀ ခန့် ထပ်မံကုန်ကျမည် ဖြစ်ပြီး အမေရိကန် အစိုးရ၏ နည်းပညာ အကူအညီဖြင့် ပြုပြင်ရန် စီစဉ်လျက်ရှိသော အမြန်လမ်းကို လမ်းတစ်ခြမ်းလျှင် ယာဉ်လေးစီး မောင်းနှင်နိုင်သည့် ရှစ်လမ်းသွားအဖြစ် ပြုလုပ်သွားမည် ဖြစ်ကြောင်း ဦးစိုးတင့်က ပြောကြားသည်။

“ရှစ်လမ်းသွားချဲ့ဖို့ထက် ရှိပြီးသားလမ်းကို နိုင်ငံတကာ စံနှုန်းအတိုင်း အရည်အသွေးမီ လုပ်ဖို့လိုပါတယ်။ နိုင်ငံတကာက ဟိုင်းဝေးလမ်းတွေလည်း ရှစ်လမ်းသွား မဟုတ်ပါဘူး။ လေးလမ်းကိုပဲ အန္တရာယ်ကင်းကင်းနဲ့ မြန်အောင် မောင်းနိုင်အောင် ဖောက်ထားတယ်။ တရုတ်နဲ့ ယိုးဒယားက လမ်းတွေမှာ တောင်အကွေ့တွေကို အရှိန်ချပြီး ကွေ့စရာ မလိုအောင် ဖောက်ထားတယ်၊ တံတား အတက်အဆင်းတွေမှာ ကားမခုန်ဘူး” ဟု ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် တစ်ဦးက ဝေဖန်ပြောကြားသည်။

သို့သော်လည်း အမြန်လမ်း ဖွင့်လှစ်လိုက်သည့် ငါးနှစ်ကျော် ကာလအတွင်း ယာဉ်မတော်တဆမှု များတွင် ယာဉ်မောင်း ပေါ့ဆမှုကြောင့် ၆၃ ဒသမ ၆၄ ရာခိုင်နှုန်း၊ ယာဉ်ကြောင့် ၂၃ ဒသမ ၈ ရာခိုင်နှုန်း၊ ရာသီဥတုကြောင့် ၀ ဒသမ ၄ ရာခိုင်နှုန်း ဖြစ်ပြီး လမ်းအရည်အသွေးကြောင့် ၁ ဒသမ ၁၆ ရာခိုင်နှုန်းသာ မတော်တဆမှုများ ဖြစ်ပွားခဲ့ကြောင်း အစိုးရအဖွဲ့၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။

အမြန်လမ်းပေါ်တွင် ယာဉ်မတော်တဆမှု ဖြစ်ပွားနိုင်သည့် အခြေအနေများ လျော့ကျရန် အချက်ပြမီး ပြုလုပ်ခြင်း၊ ရောင်ပြန်များ တပ်ဆင်ခြင်း၊ လမ်းအချက်ပြ သင်္ကေတနှင့် မိုင်နှုန်းတိုင်း ကိရိယာ တပ်ဆင်ခြင်း လုပ်ငန်းများ၏ လုပ်ဆောင်ပြီးစီးမှု အခြေအနေမှာ ၂၀ ရာခိုင်နှုန်းခန့်သာ ရှိသေးကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

The Voice Weekly
ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းတွင် ငါးနှစ်ကျော် ကာလအတွင်း ဖြစ်ပွားခဲ့သော ယာဉ်မတော် တဆမှု ခုနစ်ရာကျော်တွင် လွန်ခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့သည့် ရာဇာမင်း ယာဉ်တိမ်းမှောက်မှုမှာ လူထိခိုက်သေမှု အမြင့်ဆုံး ဖြစ်ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

မလေးရှားတွင် ထိန်းသိမ်းခံထားရသော မြန်မာလုပ်သားများ နေ ရပ်ပြန်နိုင်ရေး လာ မည့်လတွင် စတင်ဆောင်ရွက်မည်

မလေးရှားနိုင်ငံရှိ ကန့်စခန်း အသီးသီး တွင် ရောက်ရှိနေသော မြန်မာ လုပ်သားများ နေရပ်ပြန်နိုင်ရန် အတွက် လမည်လမှ စတင်ကာ One-stop စနစ်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အလုပ်သမား အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန မှ သိရသည်။ 

အိန္ဒိယရွေးကောက်ပွဲမှာ ဂူဂျရတ်ပြည်နယ် အုပ်ချုပ်ရေးမှူး အနိုင်ရတာကြောင့် ပြည်သူတွေ အောင်ပွဲခံ

Photo: အိန္ဒိယရွေးကောက်ပွဲမှာ ဂူဂျရတ်ပြည်နယ် အုပ်ချုပ်ရေးမှူး အနိုင်ရတာကြောင့် ပြည်သူတွေ အောင်ပွဲခံ
Saturday, May 17, 2014 
 
၂၀၁၄ အိန္ဒိယရွေးကောက်ပွဲမှာ ဟိန္ဒူအမျိုးသားဝါဒီ၊ ဂူဂျရတ်ပြည်နယ် အုပ်ချုပ်ရေး မှူး နာရမ်ဒရာ မော်ဒီက နှစ်ပေါင်း ၃၀ အတွင်း မဲအပြတ် အသတ်နဲ့ အနိုင်ရရှိခဲ့တာကြောင့် အိန္ဒိယနိုင်ငံတ၀ှမ်း အိန္ဒိယပြည်သူတွေ အောင်ပွဲခံနေကြပါတယ်။

အိန္ဒိယ၀န်ကြီးချုပ်သစ်အဖြစ် ရွေးကောက်ခံရတဲ့ မော်ဒီဟာ မကြာခင်မှာ ဂူဂျရတ်ပြည်နယ်ကနေ မြို့တော်ဒေလီမှာ သွားရောက်ပြီး အောင်ပွဲခံချီတက်ပွဲ သွားရောက်တော့မှာလည်း ဖြစ်ပါတယ်။ လက်ရှိဝန်ကြီးချုပ် မန်မိုဟန်ဆန်း ကတော့ ကွန်ဂရတ်ပါတီက ရွေးကောက်ပွဲမှာ အပြတ်အသတ် ရှုံးနိမ့်ခဲ့ တာကြောင့် ၀န်ကြီးချုပ်ရာထူးကနေ နှုတ်ထွက်မယ် လို့ မျှော်လင့်ရပါတယ်။

India၀န်ကြီးချုပ်သစ်မော်ဒီက အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးကို ပြန်ပြီးဦးမော့ လာအောင် ဆောင်ရွက်မယ်လို့ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးစဉ်အတွင်း အိန္ဒိယပြည်သူတွေကို ကတိပေးထားပါတယ်။

ရွေးကောက်ပွဲမဲရလဒ်တွေအရ ဘီဂျေပီပါတီတခုထဲက အနည်းဆုံးရရမယ့် အမတ်နေရာ ၂၇၂ ကို ကျော်လွန်ခဲ့တာကြောင့် မဟာမိတ်ပါတီတွေမပါပဲနဲ့တောင် အစိုးရဖွဲ့နိုင်ပြီဖြစ်ပါတယ်။ မဟာမိတ် ပါတီတွေရဲ့ အမတ်နေရာတွေပါထည့်တွက်ရင် အမတ်နေရာ ၃၃၀ ကျော်ရရှိမှာဖြစ်ပါတယ်။

ဒါပေမယ့် ၂၀၀၂ ခုနှစ်က ဂူဂျရတ်ပြည်နယ်မှာဖြစ်ပွားခဲ့ ဘာသာရေး အဓိကရုန်းတွေကို မတားဆီး မဟန့်တားနိုင်ခဲ့တာကြောင့် သူ့ရဲ့ခေါင်းဆောင်မှု အပေါ် သံသယရှိတဲ့ ပြည်သူတွေ လည်း အများအပြားရှိပါတယ်။ ဂူဂျရတ်အရေးအခင်းမှာ လူအနည်းဆုံး ၁၀၀၀ လောက်သေဆုံးခဲ့ပြီး အများစုက မွတ်စလင်တွေဖြစ်ကြပါတယ်။

မော်ဒီကတော့ စွပ်စွဲချက်တွေကို ငြင်းဆန်ထားပြီး တရားစွဲအရေးယူခံ ရတာလည်း မရှိခဲ့ပါဘူး။ မော်ဒီ အိန္ဒိယ၀န်ကြီးချုပ်အဖြစ်ရွေးကောက်ခံရမှုကို အမေရိကန်သမတ အိုဘားမား နဲ့ ဗြိတိန်ဝန်ကြီချူုပ် ဒေးဗစ်ကင်မရွန်းတို့ အပါအ၀င် ကမ္ဘာ့ခေါင်းဆောင်တွေက ကြိုဆိုခဲ့ကြပါတယ်။

ပါကစ္စတန်ဝန်ကြီးချုပ် နာဝပ်ရှရစ်ကလည်း ဘီဂျေပီပါတီရဲ့အောင်မြင်မှုကို ဂုဏ်ပြုခဲ့ပါတယ်။ ကွန်ဂရက်ပါတီကတော့ အဂတိလိုက်စားမှုတွေ၊ အခုနောက်ပိုင်းနှစ်တွေမှာ ထိရောက်တဲ့ စီမံအုပ်ချုပ်မှု၊ ခေါင်းဆောင်မှု မပေးနိုင်ခဲ့ဘူးဆိုတဲ့စွဲချက်တွေကြောင့် အိန္ဒိယနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့ပြီးနောက်ပိုင်း ရွေးကောက်ပွဲသမိုင်းတလျှောက်မှာ မဲရရှိမှု အနည်းဆုံးဖြစ်ခဲ့ပါတယ်။

DVB
၂၀၁၄ အိန္ဒိယရွေးကောက်ပွဲမှာ ဟိန္ဒူအမျိုးသားဝါဒီ၊ ဂူဂျရတ်ပြည်နယ် အုပ်ချုပ်ရေး မှူး နာရမ်ဒရာ မော်ဒီက နှစ်ပေါင်း ၃၀ အတွင်း မဲအပြတ် အသတ်နဲ့ အနိုင်ရရှိခဲ့တာကြောင့် အိန္ဒိယနိုင်ငံတ၀ှမ်း အိန္ဒိယပြည်သူတွေ အောင်ပွဲခံနေကြပါတယ်။

သမဝါယမ ဝန်ကြီးဌာန၏ တိုးမြှင့်ချေးငွေများ အောက်တိုဘာလတွင် ထုတ်ချေးမည်

ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် ကျေးလက်ဒေသတွင် အသေးစား ချေးငွေများ ထုတ်ချေးနေသော သမဝါယမ ဝန်ကြီးဌာနက ချေးငွေ တိုးမြှင့်ချေးပေးရန် တင်ပြထားသော သမဝါယမ အသင်းများကို အောက်တိုဘာလတွင် စတင်ထုတ်ချေးမည် ဖြစ်ကြောင်း သမဝါယမ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်အောင်က ပြောကြားသည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အများပြည်သူ ဒစ်ဂျစ်တယ် စာကြည့်တိုက် ၀န်ဆောင်မှုပေးထား

“စာအုပ်စာပေလူ့မိတ်ဆွေ၊ စာပေမြင့်မှ လူမျိုးတင့်မည်၊ အလိမ္မာ စာမှာရှိ” ဟူသော ဆောင်ပုဒ်များအရ ရန်ကုန်မြောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ခရိုင်အတွင်းရှိ ပြည်သူများ လေ့လာဖတ်ရှုရန်လွယ်ကူသော နေရာများတွင် စာပေရေချမ်းစင်များကို စိုက်ထူထားပြီးဖြစ်သည်နှင့်အတူ မေ ၉ ရက် နံနက်ပိုင်းက ရန်ကုန်မြောက်ပိုင်း ခရိုင်အတွင်းရှိ လှိုင်သာယာမြို့နယ် ဒဂုံဧရာ အဝေးပြေးဝင်း အတွင်းရှိ ဟင်္သာညီနောင်ကားဂိတ်နှင့် မင်္ဂလာဒုံမြို့နယ် အပြည်ပြည်ဆိုင်ရာ လေဆိပ် ပြည်တွင်း ထွက်ခွာနေရာ တို့တွင် ဗဟုသုတဖြစ်ဖွယ်ရာ သုတ၊ ရသ၊ စာအုပ်ပေါင်း ၆၃၉၉အုပ်ကို Public Digital Library Service များတွင် စီစဉ်ဖြည့်ဆည်းပေးထားကြောင်း သိရသည်။ 

ရွှေပဲဆီသန့် လောင်စာသိုလှောင်ရုံ မီးလောင်

လှိုင်သာယာမြို့နယ် စက်မှုဇုန် (၂) ရှိ ရွှေပဲဆီသန့် စက်ရုံတွင် မေလ ၁၅ ရက် နံနက် ၃ နာရီ ၃၀ မိနစ်က လောင်စာ သိုလှောင်ရုံအတွင်း လွှစာမှုန့်များ အပူလွန်ကဲရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။ 

ယင်းမာပင် မြို့နယ်တွင် လေပြင်းကြောင့် အိမ် ၁၀၀ ကျော်ခန့် အမိုးလန်ပြီး ဓာတ်တိုင် ၅၀ ခန့် လဲပြို

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ယင်းမာပင်မြို့နယ်ရှိ ကျေးရွာအချို့ တွင် မေလ ၁၅ ရက်နေ့ ညနေပိုင်း ၅ နာရီ ခန့်တွင် ၁၅ မိနစ်ခန့် တိုက်ခတ်ခဲ့သော လေပြင်းကြောင့် လူနေအိမ် ၁၀၀ ကျော်ခန့် အမိုးလန်ခဲ့ပြီး ဓာတ်မီး တိုင် ၅၀ နီးပါးခန့် လဲပြိုခဲ့ကြောင်း လေပြင်းဒဏ်ခံခဲ့ရသည့် ဒေသခံများနှင့် ကယ်ဆယ်ရေး လုပ်ငန်း များ ဆောင်ရွက်နေသူများထံမှ သိရသည်။

အမျိုးစောင့်ဥပဒေ ရည်ရွယ်ချက်များ မဘသနှင့် လူမှုအဖွဲ့အစည်းများ တွေ့ဆုံ ရှင်းလင်းမည်

ပြည်ထောင်စုလွှတ်တော်တွင် ရေးဆွဲနေသော အမျိုးစောင့်ဥပဒေ ရည်ရွယ်ချက်များနှင့် ပတ်သက်ပြီး အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (ဗဟို) နှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများ တွေ့ဆုံ ရှင်းလင်း မည် ဖြစ်ကြောင်း အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ရေး အထောက် အကူပြု ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ရေး ကော်မတီဝင် ဦးသွင်စစ်မာန်အောင်က ပြောကြား သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် စာနယ်ဇင်း အဖွဲ့အစည်း များ တွေ့ဆုံ

Photo: ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် စာနယ်ဇင်း အဖွဲ့အစည်း များ တွေ့ဆုံ
Saturday, May 17, 2014 

ယခုနှစ် ဒီဇင်ဘာ ပထမပတ်တွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲများတွင် သတင်းရယူရာတွင် အထောက်အကူ ဖြစ်စေရန်နှင့် ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေများကို မီဒီယာများမှ ဝေဖန် အကြံပြုနိုင်စေရန် ရွေးကောက်ပွဲ ကော်မရှင်နှင့် စာနယ်ဇင်း အဖွဲ့အစည်းများ မေလ ၁၆ ရက်နေ့တွင် တွေ့ဆုံခဲ့ကြောင်း Reuters သတင်းဌာနမှ ဦးအောင်လှထွန်းက ပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲကို ရန်ကုန်တိုင်းဒေသကြီး Summit Parkview ဟိုတယ်တွင် ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ MJC၊ MJA၊ MJN၊ MJU၊ MRA အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။

“ကျွန်တော်က White Card ကိစ္စကို အဓိကထားပြီး မေးတယ်။ တခြား နိုင်ငံတွေမှာ မရှိတဲ့ ဒီ White Card ကိစ္စကို ဘာလို့ ခွင့်ပြုထားသလို့ မေးတော့ ကော်မရှင်က လွှတ်တော်က ပြဋ္ဌာန်းထားတဲ့ ဥပဒေအတိုင်း လုပ်တာပါ။ သူတို့နဲ့ မဆိုင်ပါဘူးလို့ ပြောတယ်။ နောက်ပြီး အိမ်နီးနားချင်း ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့ အိန္ဒိယနိုင်ငံမှာ ကြိုတင်မဲ မရှိဘူး ဆိုတာကို ထောက်ပြခဲ့တယ်” ဟု ၎င်းကဆိုသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက မီဒီယာများ အနေနှင့် ရွေးကောက်ပွဲ သတင်းများ ရယူ ရေးသားရာတွင် လည်းကောင်း၊ ရွေးကောက်ပွဲနှင့် ဆိုင်သော အချက်အလက်များ မေးမြန်းရာတွင် လည်းကောင်း၊ ရွေးကောက်ပွဲနှင့် ဆိုင်သော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေနှင့် နည်းဥပဒေများကို ပိုင်နိုင်စွာ လေ့လာပြီးမှ ရေးသားကြရန် ပြောကြားခဲ့ကြောင်း ယင်းအခမ်းအနားသို့ တက်ရောက်ခဲ့သူ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့် ရှိသူများ စာရင်းကို ကြိုတင် ထုတ်ပြန်ထားမည် ဖြစ်ရာ ယင်းစာရင်းတွင် မိမိ၏ အမည် မတွေ့ရှိပါက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲတွင် အကြောင်းကြားနိုင်ကြောင်း ဦးတင်အေးက ဆိုသည်။

ရွေးကောက်ပွဲ ကော်မရှင်၏ ရပ်တည်ချက်နှင့် တရားမျှတမှု ရှိရန် လိုအပ်ချက်များကို ထောက်ပြ မေးမြန်းခဲ့ကြောင်း သတင်းစာဆရာကြီး ဖိုးသောကြာ (ခေတ်+မိုး) က ပြောကြားသည်။

“ကော်မရှင်ဆိုတာ သမာသမတ် ကျရမယ်။ ပြည်သူများအပေါ်မှာ ရင်ဝယ်သားကဲ့သို့ သဘောထားရမယ့် ပုဂ္ဂိုလ်တွေပဲ ဖြစ်သင့်တယ်။ တရားမျှတမှု ဆိုတာ ကော်မရှင် တစ်ခုတည်း လုပ်လို့မရဘူး။ ကော်မရှင်ကို ပံ့ပိုးတဲ့ အစိုးရကိုယ်တိုင်က မျှတရမယ်။ အဲဒါကြောင့် အစိုးရထဲက ဝန်ထမ်းတွေ တရားမျှတအောင် ကော်မရှင်က တိုက်တွန်းပေးပါလို့ ဆွေးနွေးခဲ့တယ်” ဟု ၎င်းကဆိုသည်။

ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့အစည်းအတွင်း တပ်မတော် အရာရှိဟောင်းများ ပါဝင်နေမှုကြောင့် ဝေဖန်မှုများ ရှိသော်လည်း ရွေးကောက်ပွဲများကို လွတ်လပ်မှုနှင့် တရားမျှတမှုရှိရန် လုပ်ဆောင်မည်ဟု ကတိပေးကြောင်း မေလ ၁၅ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားထားသည်။

လစ်လပ်မဲဆန္ဒနယ် ၃၀ ရှိသောကြောင့် ယခုနှစ် ဒီဇင်ဘာလ ပထမပတ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးမည် ဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲ မဲဆန္ဒရှင်များ စာရင်းကို သြဂုတ်လမှ စတင်ကာ ရှစ်လအတွင်း ကောက်ယူမည် ဖြစ်ပြီး မဲဆန္ဒရှင်များ အနေနှင့် စာရင်းအတွင်း မပါရှိပါက သက်ဆိုင်ရာ ကော်မရှင် ရုံးများထံသို့ ဆက်သွယ် မေးမြန်းကြ ရန် ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။

The Voice Weekly
ယခုနှစ် ဒီဇင်ဘာ ပထမပတ်တွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲများတွင် သတင်းရယူရာတွင် အထောက်အကူ ဖြစ်စေရန်နှင့် ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေ များကို မီဒီယာများမှ ဝေဖန် အကြံပြုနိုင်စေရန် ရွေးကောက်ပွဲ ကော်မရှင်နှင့် စာနယ်ဇင်း အဖွဲ့အစည်းများ မေလ ၁၆ ရက်နေ့တွင် တွေ့ဆုံခဲ့ကြောင်း Reuters သတင်းဌာနမှ ဦးအောင်လှထွန်းက ပြောကြားသည်။

အမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆ ဖြစ်ပွားမှုများနှင့် ပတ်သက်၍ မန္တလေး တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးက ဌာနဆိုင်ရာ များနှင့် အဖွဲ့အစည်းများသို့ အကြံပြုစာပေးပို့

Photo: အမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆ ဖြစ်ပွားမှုများနှင့် ပတ်သက်၍ မန္တလေး တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးက ဌာနဆိုင်ရာ များနှင့် အဖွဲ့အစည်းများသို့ အကြံပြုစာပေးပို့
Saturday, May 17, 2014 

အမြန်လမ်းမကြီးတွင် ယာဉ်မတော်တ ဆဖြစ်ပွားမှုများနှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်းက ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများသို့ အကြံပြုစာ ပေးပို့ထားရှိကြောင်း သိရသည်။

လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်းအနေဖြင့် အမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှု လျော့နည်းရေးကိစ္စများ ဆောင်ရွက်နိုင်ရန် အကြံပြုတင်ပြချက်များကို ၀န်ကြီးရုံး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန (နေပြည်တော်)၊ ၀န်ကြီးရုံး၊ ရထားပို့ဆောင်ရေး ၀န်ကြီးဌာန(နေပြည်တော်)၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာန (နေပြည်တော်)၊ ညွှန်ကြားရေးမှူးချုပ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (နေပြည်တော်)နှင့် အမြန်လမ်းမကြီး (အင်ဂျင်နီယာချုပ်)အဖွဲ့သို့ အကြံပြုစာများ ပေးပို့ထားရှိကြောင်း သိရှိရသည်။

ဝန်ကြီးဦးကျော်ဆန်း၏ အကြံပြုစာတွင် (100km) မောင်းပါက တစ်မိနစ်လျှင် တစ်မိုင်နှုန်း ခရီးရောက်သဖြင့် ယာဉ်များ အမြန်လမ်းမကြီး စတင်ခရီးထွက်ခွာသည့် (တိုးဂိတ်) တွင် အချန်ထိန်းဇယား ထုတ်ပေးပြီး စထွက်ချိန် ရောက်ရမည့် တိုးဂိတ်အလိုက် အချိန်သတ်မှတ်ပေးကာ လမ်းတစ်လျှောက် (100km) မောင်းနှင်စေရန် ထိန်းကြောင်းခြင်း (တစ်ခါတည်း တိုးဂိတ်မှ အရေးယူသည့်အဖွဲ့ ထားရှိအရေးယူပေးရန်)၊ မိုင်တစ်ရာအရှည် လမ်းပိုင်းတွင် အနည်းဆုံး လေးနေရာ၌ ယာဉ်၏ အမြန်နှုန်းတိုင်း ကိရိယာတပ်ဆင်ပြီး (100km) အထက် မောင်းနှင်သော ယာဉ်မောင်းအား ဖမ်းဆီးခြင်း၊ အမြန်လမ်းမကြီးတွင် ယာဉ်များ ညာလမ်းမှ မောင်းရန်နှင့် အလယ်လမ်းအား ကျော်တက်ရုံမှလွဲ၍ မမောင်းရန် သတ်မှတ်ခြင်း (ဓာတ်ပုံမှတ်တမ်းများ ရယူကာ အရေးယူရန်)၊ ညပိုင်းတွင် လမ်းကြောင်းပြ အမှတ်အသား (အချက်ပြမီးဝါ တပ်ဆင်ထားသည့်  လမ်းကြောင်း) မှ မောင်းနှင်စေပြီး နောက်ကားလမ်းတောင်းပါက ညာဘက်သို့ ဖယ်ပေးသည့်စနစ် ကျင့်သုံးမောင်းနှင်ခြင်း၊ နံနက်ပိုင်း ၂ နာရီနှင့် ၃ နာရီတွင် အိပ်ငိုက်တတ်၍ ရန်ကုန်ဘက်၊ မန္တလေးဘက်ခြမ်းတွင် ကြားစခန်း နှစ်နေရာခန့် ဖွင့်လှစ်ကာ ၂ နာရီအချိန်တွင် ရောက်ရှိလာသည့် ကားများအား ခေတ္တရပ်နားစေပြီး ယာဉ်မောင်းများ မျက်နှာသစ်၊ ကိုယ်လက်လှုပ်ရှားမှု ပြုစေကာ ၁၅ မိနစ်ကြာမှ ပြန်လည်ထွက်ခွာစေခြင်း၊ ယာဉ်မတော်တဆမှု အဖြစ်များဆုံး ကွေ့နေရာများတွင် အထူးအရှိန်လျှော့ မောင်းနှင်ရန် စီစဉ်ပေးခြင်း၊ အမြန်ယာဉ်မောင်း အားလုံးအား ဤဖြစ်စဉ် အမှန်များချပြပြီး (100km) ထက် ပိုမမောင်းရန်၊ မောင်းနည်းစနစ်၊ နားရန်စနစ်များ၊ ယာဉ်စည်းကမ်း အသိပေးရန်၊ သင်တန်းများအားလုံး တက်ရောက်ရန်၊ (ရန်ကုန်-မန္တလေး)တို့မှ သင်တန်းတက်ဇယားဖြင့် အားလုံးသင်တန်း တက်ရောက်နိုင်ရန် ပို့/ဆက်၊ ကညန၊ ယာဉ်တို့မှ သင်တန်းများ စီစဉ်ပို့ချပေးခြင်း စသည့်အချက်များနှင့် စုစုပေါင်း အကြံပြုချက် အချက်နှစ်ဆယ်အား တင်ပြထားရှိကြောင်း သိရသည်။

Eleven Media Group 

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တစ်နေရာအား ဝေဟင်မှ မြင်တွေ့ရစဉ် (ဓာတ်ပုံ-အောင်သူ)
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တစ်နေရာအား ဝေဟင်မှ မြင်တွေ့ရစဉ် 
အမြန်လမ်းမကြီးတွင် ယာဉ်မတော်တ ဆဖြစ်ပွားမှုများနှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်းက ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများသို့ အကြံပြုစာ ပေးပို့ထား ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြောင်းလဲမှုများ နောက်ပြန်မလှည့်စေရန် အမေရိ ကန် သမ္မတ အိုဘားမားက စီးပွားရေးပိတ်ဆို့မှု တစ်နှစ် ထပ်မံတိုးမြှင့်

မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြောင်းလဲမှုများ နောက်ပြန်မလှည့်စေရန် တားဆီးသည့်အနေဖြင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုများကို အိုဘားမားအစိုးရက တစ်နှစ်ထပ်မံ တိုးမြှင့်လိုက်ကြောင်း သိရသည်။

ရန်ကုန်မြို့၌ ယနေ့နှင့် မန္တလေးမြို့၌ မေ ၁၈ ရက်တွင် ကျင်းပမည့် NLD နှင့် ၈၈ မျိုးဆက်တို့၏ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဆိုင်ရာ ဟောပြောပွဲများကို လူထုစိတ်ဝင်စားမှုမြင့်တက်

Photo: ရန်ကုန်မြို့၌ ယနေ့နှင့် မန္တလေးမြို့၌ မေ ၁၈ ရက်တွင် ကျင်းပမည့် NLD နှင့် ၈၈ မျိုးဆက်တို့၏ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဆိုင်ရာ ဟောပြောပွဲများကို လူထုစိတ်ဝင်စားမှုမြင့်တက်
Saturday, May 17, 2014  

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁၂) ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်းမှ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဆိုင်ရာ အောက်မြန်မာပြည် ဟောပြောပွဲကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ ဗိုလ်စိန်မှန် အားကစားကွင်းတွင် ယနေ့(မေ ၁၇ ရက်)တွင် ပြုလုပ်သွားမည်ဖြစ်ပြီး အထက်မြန်မာပြည် ဟောပြောပွဲကို မေ ၁၈ ရက်တွင် မန္တလေးမြို့၌ ပြုလုပ်သွားမည်ဖြစ်ရာ အဆိုပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဆိုင်ရာ ဟောပြောပွဲများကို လူထုစိတ်ဝင်စားမှု မြင့်တက်လျက်ရှိသည်။

ရန်ကုန်မြို့၌ ပြုလုပ်မည့် ဟောပြောပွဲကို နံနက် ၈ နာရီ မိနစ် ၃၀ တွင် စတင် ပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါဟောပြောပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်ငြိမ်း ချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်တို့ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဆိုင်ရာများကို အဓိကထား ဟောပြောသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်း လူထုဟောပြောပွဲကျင်းပရေး ပူးပေါင်းကော်မတီမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးစိုးညွန့်က “တက်လာမှာက နည်းတာ မဟုတ်ဘူး။ နေရာဆံ့တာမဆံ့တာ က ရွှေဂုံတိုင်လမ်းကြီးပိတ်သွားမယ်။ လမ်း ကြိုလမ်းကြားတွေ အကုန်ပိတ်သွားမယ်။ တောင်ငူတို့ ဒိုက်ဦးတို့ဘာတို့ ကနေလာကြ မှာ။ တစ်မြို့နယ်ကို ကားအစီး၂၀၊ ၂၅၊ ၃၀ လောက်လာကြမှာ။ ကျွန်တော်တို့က ၅၀၀၀၀ ပတ်ဝန်းကျင်လောက် မှန်းထားပါတယ်။ ဒါ့အပြင် အိမ်ထဲက နားထောင်မယ့် ပရိသတ်ကလည်း သောင်းနဲ့ချီပြီးရှိပါတယ်။ ဒီနေရာရွေးချယ်ရခြင်းအားဖြင့် ရပ်ကွက်ထဲက ပြည်သူတွေလည်း နားထောင်လို့ရတယ်။ လမ်းပိတ်ဆို့နိုင်တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာနယ်မြေ အနောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးနဲ့ ဆက်သွယ်ထားပါတယ်” ဟု ပြောကြားသည်။

ရန်ကုန်တွင် ပြုလုပ်မည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဆိုင်ရာ ဟောပြောပွဲအပေါ် လူငယ်အနုပညာရှင် ကွန်ရက်မှ အသက် ၂၇ နှစ် အရွယ် မဇွန်စီက “ကျွန်မသွားမှာပါ။ အရမ်းစိတ်ဝင်စားတယ်။ ဒီလိုမျိုး NLD နဲ့ ၈၈ ချည်းပဲ မဟုတ်ဘဲ တစ်နိုင်ငံလုံးမှာရှိတဲ့ ဗမာလူငယ်တွေ၊ ဗမာလူမှု အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ အခြေခံဥပဒေမှာ တိုင်းရင်းသားတွေနဲ့အတူတူ ဗမာပြည်မှာ အေးအတူ ပူအမျှ နေချင်တယ်။ အဲဒီလိုစကားတွေ ပြော ကြမယ်ဆိုရင် ပိုပျော်စရာကောင်းမလားလို့ပေါ့။ အခုလက်ရှိ ၂၀၁၅ လာမယ့် နိုင်ငံရေး အခင်းအကျင်း အပြောင်းအလဲကိုလည်း ဒီဘက်မှာ အခြေခံဥပဒေကို ပြင်ဆင်ချင်တဲ့ အချက်တွေပြင်ခွင့်ရမယ်။ အတိုင်းအတာတစ် ခုအထိ ပြည်သူလူထုဘက်က ဖြစ်စေချင်တဲ့ ဟာတွေကို အောင်အောင်မြင်မြင် ပြောနိုင်မယ်။ ကြိုးစားလုပ်ဆောင်ပေးတဲ့သူတွေ ဘက်ကလည်း အောင်မြင်အောင်လုပ်ဆောင် ပေးနိုင်မယ်ဆိုရင် ပြောင်းလဲသွားမယ်ဆိုရင် ၂၀၁၅ မှာ ဘာအပြောင်းအလဲလေးများ ထပ်ဖြစ်ဦးမလဲဆိုတာ ၂၀၁၄ မကုန်ခင်မှာ မျှော်လင့်ချင်သေးတယ်” ဟု ပြောကြားသည်။

“ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဟောပြောပွဲကျင်းပတယ်ဆိုရင် ဘယ်နားမှာပဲ ကျင်းပကျင်းပ ကျွန်တော်တို့က လိုက်ပြီးအားပေးနေရမှာလေ။ မနက်ဖြန်လုပ်မယ့်ပွဲကို လာကြမှာပဲ။ အပြည့်လာမှာပဲ။ အားပေးကြ မှာပဲ။ ကျွန်တော်လည်းလာမှာပဲ။ လက်ရှိ ဖွဲ့စည်းပုံကို လက်ခံတဲ့ ပြည်သူဆိုတာ မရှိသလောက်ရှားပါတယ်” ဟု ချောက်မြို့နယ် ပေပင်ကုန်းရွာမှ ရန်ကုန်မြို့သို့ ခေတ္တရောက်ရှိနေသူ ဦးအောင်မင်းက ပြောကြားသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့၏ ပူးပေါင်းကော်မတီမှ ထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်တွင် “ရွေးကောက်ခံ ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းသာရှိတဲ့ လွှတ်တော်ထဲမှာ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှ အခြေခံဥပဒေ ပြင်ဆင်လို့ရမည်ဆိုသည့် ပုဒ်မ ၄၃၆”၊ “ပြည်သူ့ကိုယ် စားလှယ်မဟုတ်တဲ့ ၂၅ ရာခိုင်နှုန်းက မထောက်ခံရင် ပြင်ဆင်လို့မရနိုင်တဲ့ ပုဒ်မ ၄၃၆”၊ “လွှတ်တော်ထဲက ၇၅ ရာခိုင်နှုန်း ကျော်ထောက်ခံသော်လည်း ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံးရဲ့ ထက်ဝက်ကျော်ထောက်ခံမှ ပြင်ဆင်လို့ရမယ်ဆိုတဲ့ ပုဒ်မ ၄၃၆”၊ “အခြေခံဥပဒေကို လွှတ်တော်ထဲမှာ ဘယ်လိုမှ ပြင်ဆင်လို့မရနိုင်အောင် လုပ်ထားတဲ့ပုဒ်မ ၄၃၆”  စသည့် စာသားများအား ရေးသားဖော်ပြထားသည်။

နိုင်ငံတကာမှ ဖွဲ့စည်းပုံအခြေခံဥပဒေ ပညာရှင်များ၏ လေ့လာသုံးသပ်ချက်အရ ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံတွင်မျှ မြန်မာ နိုင်ငံ၏ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥ ပဒေလောက်ပြုပြင်ပြောင်းလဲရန် တင်းကျပ် ခက်ခဲသော ဖွဲ့စည်းပုံအခြေခံဥပဒေမရှိ ကြောင်း၊ မည်သည့်နိုင်ငံတွင်မှ ရွေးချယ်တင် မြှောက်ခြင်းမခံရသော ကိုယ်စားလှယ်များ၏ သဘောတူညီချက်မပါလျှင် ပြင်ဆင်၍မရ နိုင်ဟူသော ဖွဲ့စည်းပုံအခြေခံ ဥပဒေဟူ၍ မရှိကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီစံနှုန်းများနှင့် ကိုက်ညီစေရန်လည်းကောင်း၊ ၎င်းးဒီ မိုကရေစီစံနှုန်းများအနက် အဓိကဖြစ်သော ပြည်သူ၏ ဆန္ဒကို လေးစားခြင်းဟူသောမူကို ခိုင်မြဲစေရန် လည်းကောင်း၊ ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေပုဒ်မ ၄၃၆ကို အမြန်ဆုံး ပြင်ဆင်ရန် လိုအပ်ကြောင်း စသည်တို့ကို အဆိုပါလက်ကမ်းစာစောင်တွင် ရေးသားဖော်ပြထားသည်။

မန္တလေးမြို့ အောင်ပင်လယ်ကွင်းတွင် ဟောပြောပွဲပြုလုပ်ရန် ပြင်ဆင်မှုများ ဆောင်ရွက်နေသူ ကိုဇာနည်အောင်က “အောင်ပင်လယ်ကွင်းကို ပြင်ဆင်မှုပြုလုပ်တဲ့အပိုင်းမှာ ပြည်သူလူထုကို အေးစေချင်တဲ့ အမေစုရဲ့ ဆန္ဒနဲ့ရင်တွေပူနေတာတွေကိုလည်း အတတ်နိုင်ဆုံးအေးအောင် လုပ်ပေးမယ်။ နေပူတာကိုလည်း အေးအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကွင်းတစ်ခုလုံးကို အရိပ်အာဝါသပေးဖို့ ကြိုး စားလုပ်နေတယ်။ ကျွန်တော်တို့ လက်ခံထားတဲ့ လူထုခေါင်းဆောင်ရယ် ၈၈ အရေးတော်ပုံက မွေးဖွားပေါက်ဖွားလာတဲ့ ခေါင်းဆောင်ကိုမင်းကိုနိုင်တို့ရဲ့ နိုင်ငံရေးလမ်းစဉ် နိုင်ငံရေးခြေလှမ်းကို ထုတ်လိုက်တယ်။ အခြေခံ ဥပဒေ ၄၃၆ ပြင်ဖို့ လူထုထောက်ခံမှုယူပြီး လွှတ်တော်ကို ပို့မယ်ဆိုတဲ့ ပြည်သူလူထုရဲ့ ဆန္ဒက ဒါပါဆိုတာကို ကျွန်တော်တို့လက်ခံပါတယ်။ အခု ၂၀၁၄ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်ဟာ ပြည်သူလူထုအတွက် နောက်ဆုံးအခွင့်အရေးပဲ။ ကျွန်တော်တို့ ရုန်းကြကန်ကြရမယ်။ အဲဒီအတွက် စိတ်ဓာတ်တွေပျော့ညံ့ရင် ကျွန်သက်ရှည်မယ်။ စိတ်ဓာတ်တွေ မပျော့ညံ့ကြ ပါနဲ့။ ကျွန်တော်တို့ ခေါင်းဆောင်တွေ ချမှတ်ထားတဲ့ လမ်းစဉ်တွေကို လိုက်မယ်” ဟု ပြောကြားသည်။

“ဖွဲ့စည်းပုံကို ကျွန်တော်တို့ အမြင်အရလည်းပြင်သင့်တယ် ထင်ပါတယ်။ ပုဒ်မ ၄၃၆ တင်မကဘူး။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအခန်း ၁၂ မှာပါတဲ့ကိစ္စတွေက ပြင်သင့်တာတွေပါ။ တချို့တွေကပုဒ်မ ၄၃၆ ဆိုတဲ့ အနက်အဓိပ္ပါယ်ကို နားမလည်ဘူး။ ခုလိုလာရောက်ဟော ပြောတော့ပိုပြီး သိသွားတာပေါ့။ ကျယ်ကျယ်ပြန့်ပြန့် သိရှိသွားနိုင်ပါတယ်။ ကျွန်တော်တို့ သိရှိရသလောက်ကတော့ မြို့ခံလူထုအနေနဲ့  အားတတ်သရော စိတ်ဝင်စားမှုရှိကြပါတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးတင်အောင်က ပြောကြားသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဆိုင်ရာ ဟောပြောပွဲများကို မေ ၁၇ ရက်တွင် ရန်ကုန်မြို့ ၌လည်းကောင်း၊ မေ ၁၈ ရက်တွင် မန္တလေး မြို့၌လည်းကောင်း ပြုလုပ်ပြီးပါက ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပြည်သူလူထု လက်မှတ်ရေးထိုး လှုပ်ရှားမှုကို မေ ၂၇ ရက်မှ ဇူလိုင် ၁၉ ရက်အထိ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာ ပြုလုပ်သွားမည်ဖြစ်ရာ NLD နှင့် ၈၈ မျိုး ဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းတို့သာမက ကျောင်းသားသမဂ္ဂများ၊ လယ်သမား အလုပ်သမားသမဂ္ဂများ၊ နိုင်ငံရေးအင်အားစုများ စသည့်အဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက် သွားမည်ဖြစ်သည်။

Eleven Media Group 

ရန်ကုန်မြို့ ဗိုလ်စိန်မှန်ကွင်း၌ ယနေ့ပြုလုပ်မည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲအတွက် ပြင်ဆင်နေသည် ကို မေ ၁၆ ရက်က တွေ့ရစဉ်
ရန်ကုန်မြို့ ဗိုလ်စိန်မှန်ကွင်း၌ ယနေ့ပြုလုပ်မည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲအတွက် ပြင်ဆင်နေ သည် ကို မေ ၁၆ ရက်က တွေ့ရစဉ်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းဆောင် ရွက် သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁၂) ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း မှ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဆိုင်ရာ အောက်မြန်မာပြည် ဟောပြောပွဲကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ ဗိုလ်စိန် မှန် အားကစားကွင်းတွင် ယနေ့(မေ ၁၇ ရက်)တွင် ပြုလုပ်သွားမည်ဖြစ်ပြီး အထက်မြန်မာပြည် ဟောပြောပွဲ ကို မေ ၁၈ ရက်တွင် မန္တလေးမြို့၌ ပြုလုပ်သွားမည်ဖြစ်ရာ အဆိုပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဆိုင်ရာ ဟောပြောပွဲ များကို လူထုစိတ်ဝင်စားမှု မြင့်တက်လျက်ရှိသည်။

အမေရိကန် အရေးယူ သက်တမ်းတိုးမှု မြန်မာတုန့်ပြန်

Photo: အမေရိကန် အရေးယူ သက်တမ်းတိုးမှု မြန်မာတုန့်ပြန်
Saturday,  May 17, 2014 

အမေရိကန်အစိုးရက မြန်မာအပေါ် စီးပွားရေး ဒဏ်ခတ်ထားမှု သက်တမ်း တနှစ်တိုး လိုက်တာဟာ အမေရိကန်နဲ့ မြန်မာ ဆက်ဆံရေး မှာ နောက်ကြောင်းပြန် လှည့် သွားတာမျိုး ဖြစ်နေတယ် လို့ မြန်မာ အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ်က ဗွီအိုအေကို ပြောပါတယ်။ တဖက်မှာလည်း မြန်မာ အစိုးရရဲ့ပြုပြင် ပြောင်းလဲရေး ဆောင်ရွက် ချက်တွေဟာ မရေရာ မသေချာဖြစ်နေသေး တာကြောင့် အမေရိကန်ဘက်က ဖိအားပေး တာဖြစ်တယ်လို့လည်း မြန်မာတချို့က သုံးသပ်ပါတယ်။ မနေ့က အမေရိကန် သမ္မတ အိုဘားမားကနေ အမေရိကန်ကုမ္ပဏီတွေ အနေနဲ့ မြန်မာစစ်တပ်နဲ့ တွဲပြီး စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေမလုပ်ဖို့ ပိတ်ပင်တားမြစ်တဲ့ အမိန့် နောက်ထပ် သက်တမ်းတိုးလိုက်တာပါ။ မအင်ကြင်းနိုင်က အကြောင်းစုံပြောပြမှာပါ။

ဒီလိုစီးပွားရေးပိတ်ဆို့ မှု  သက်တမ်းတနှစ်တိုးလိုက်တဲ့ အကြောင်းရင်းထဲမှာ ရခိုင်ပြည်နယ် အရေးကိစ္စဟာ အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသားလုံခြုံရေးနဲ့ အမျိုးသား အကျိုးစီးပွားကို ဆက်လက်ခြိမ်းခြောက်နေတာ၊ နောက် မြန်မာ စစ်တပ်အနေနဲ့ နိုင်ငံရေးနဲ့ စီးပွားရေးမှာ ဆက်လက်ပါဝင်နေတာ စတဲ့ အချက်တွေ အဓိကဖြစ်တယ်လို့ သမ္မတ အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက် မှာဖေါ်ပြထားပါတယ်။ နောက်ပြီး အမေရိကန် အမျိုးသား လုံခြုံရေးကောင်စီ ပြောခွင့်ရ ပုဂ္ဂိုလ်ရဲ့ပြောဆိုချက်ထဲမှာလည်း  မြန်မာနိုင်ငံ ရဲ့ ပြုပြင်ပြောင်းလဲရေး ဟာ နောက်ကြောင်းပြန် လှည့်သွားမယ်ဆိုရင် အရေးယူနိုင်အောင် အခုလို သက်တမ်းတိုးလိုက် တာဖြစ်တယ်လို့လည်း ပြော သွားတာပါ။

ဒါပေမယ်လို့ မြန်မာအစိုးရဘက် ကတော့ ဒါဟာ ကျိုးကြောင်းစီလျော်မှုမရှိပဲ အမေရိကန်နဲ့ မြန်မာ ဆက်ဆံရေးကို နောက်ကြောင်းပြန်လှည့် သွားတာမျိုး ဖြစ်နေတယ်လို့ နိုင်ငံတော်သမ္မတရုံးရဲ့ အမည်မဖေါ်လိုတဲ့ အကြီးတန်း အရာရှိတဦးက ဗွီအိုအေကိုပြောပါတယ်။

" မြန်မာနိုင်ငံကို Engagement လုပ်တဲ့ အမေရိကန်ပေါ်လစီက အာရှနဲ့ ပြန်လည်ပေါင်းစည်းရေးပေါ့။ အထူးသဖြင့် အရှေ့တောင်အာရှ အာဆီယံနဲ့ ပြန်လည် ပေါင်းစည်းရေးဆိုတဲ့ အမေရိကန်ရဲ့ မူဝါဒမှာ ဒါက နောက်ပြန်ဆုတ်သွားတဲ့ သဘောလို့ ကျနော်တို့က စဉ်းစားစရာဖြစ် တယ်ပေါ့နော်။ ဒီ Sanction ချမှတ်လိုက်ခြင်းဟာ ကျနော်တို့ နိုင်ငံ ကို နောက်ကြောင်းပြန်လှန်သွားမှာ စိုးရိမ်တယ် ဆိုသော်လည်းပဲ အမေရိကန်နိုင်ငံ နိုင်ငံခြားရေးမူဝါဒ ချမှတ်ထားတဲ့ အပေါ်မှာ နောက်ကြောင်းပြန် လှည့်သွားတာလား ဆိုတာ ကျနော်တို့ အနေနဲ့ စဉ်းစားစရာဖြစ်တယ်။ ဒါပေမဲ့ ကျနော်တို့ ကတော့ နောက်ကြောင်းပြန် မလှည့်ဘူးပေါ့နော်။"

လက်ရှိမှာလည်း အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှုဟာ ၂၀၁၃ ခုနှစ်ကိန်းဂဏန်းတွေအရ ၁ ရာခိုင်နှုန်းလောက်ပဲရှိတယ်လို့လည်း သူကဆိုပါတယ်။   ဒါ့အပြင် သမ္မတဦးသိန်းစိန် အစိုးရအနေနဲ့ ဒီမိုကရေစီနည်း အတိုင်း ပြုပြင်ပြောင်းလဲရေးတွေဆောင်ရွက်နိုင်ဖို့ကြိုးပမ်းဆောင်ရွက်နေချိန်မှာ
ရခိုင်အရေး ကိစ္စဟာ မမျှော်လင့်ပဲကြုံတွေခဲ့ရတဲ့ အခက်အခဲ စိန်ခေါ်မှုတခုဖြစ်တယ်လို့လည်း အကြီးတန်းအရာရှိက ဆိုပါတယ်။

" ဒီရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းပြီးတော့ အားလုံးကောင်းပါပြီဆိုတဲ့ အနေအထားကို ရောက်ဖို့က ကျနော်တို့က ရှုပ်ထွေးနက်နဲတဲ့ နောက်ကွယ်က အကြောင်းတရားတွေကြောင့် ချက်ခြင်း လက်ငင်းဖြစ်လာဖို့ဆိုတာ အများကြီး အခက်အခဲရှိတယ်။ ဒါအတွက်လည်း ကျနော်တို့က နိုင်ငံတကာရော၊ မိတ်ဖက်နိုင်ငံတွေရော အားလုံးရဲ့ အကြံဉာဏ်တွေ၊ အကူအညီထောက်ပံ့မှုတွေ နဲ့ ပြေလည်အောင် ကျနော်တို့ ဆောင်ရွက်နေတယ်။ ကြိုးစားနေတယ်။ ကြိုးစားနေတဲ့ဟာက အမေရိကန်အစိုးရရဲ့ အခု ပြစ်ချက်တစ်ခု ဆိုပြီးတော့ ပြောတဲ့ အတွက် ဒါကတော့ မကောင်းစရာ အကြောင်းတရား တခုလို့ပြောရမှာပါ။"

အသွင်ကူးပြောင်းရေး ကာလကိုဖြတ်သန်းနေရချိန်မှာ တပ်မတော်ရဲ့အခန်းကဏ္ဍ ပါဝင်နေတာကို အမေရိကန်ပြည်ထောင်စုက ထောက်ပြဝေဖန်နေပေမယ့် ဒီအတွက် အချိန်အတိုင်းအတာ ယူရမယ်ဆိုတာကို သက်ဆိုင် ရာခေါင်းဆောင်တွေကပြောထားပြီးသာဖြစ်တယ်လို့လည်း သူကပြောပါတယ်။

ဒါပေမယ့် လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းကတော့ မြန်မာစစ်တပ် ရဲ့ ဆောင်ရွက်ချက်တွေကို ၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်းအထိ အမေရိကန်ဘက်က စောင့်ကြည့်ဖို့ရည်ရွယ်ထားတာကြောင့် အခုလို စီးပွားရေးပိတ်ဆို့မှု သက်တမ်းကို ထပ်တိုးလိုက်တာဖြစ်တယ်လို့မြင်ပါတယ်။

" ကျနော်မြင်တာကတော့ စီးပွားရေးလုပ်ငန်းရပ်တွေနဲ့ပတ်သက်ပြီးတော့ အရပ်ဖက်တွေ ပုံသဏ္ဍာန်တွေ ပေါ်မှာ အမေရိကန်အစိုးရက အလျှော့ပေးခဲ့ တာတွေ၊ တော်တော်များများရှိတယ်။ အရင်က အရေးယူ ပိတ်ဆို့ထား တာတွေ တော်တော်များများ ရှိတာတွေကို ကျနော်တို့ တွေ့ရပါတယ်။ ဒီအကြမ်းဖက် တိုက်ဖျက်မှု၊ ဥပဒေနဲ့ ငွေကြေးခဝါချမှု ဥပဒေတွေ ကို မြန်မာနိုင်ငံမှာ မှန်မှန်ကန်ကန်ပြဋ္ဌာန်းနိုင်မယ်ဆိုရင် ပြုပြင်ပြောင်းလဲမှုတွေ လုပ်မယ် ဆိုတဲ့ သတင်းတွေအထိ ကျနော်တို့ ကြားသိရပါတယ်။

ဒါကြောင့်မို့ အမေရိကန်နိုင်ငံဘက်ကနေ မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့ အရေးယူမှုတွေ တဖြေးဖြေး အလျှော့ပေးလာတယ်။ တဖြေးဖြေး ပြုပြင်ပြောင်းလဲမှုတွေကို ပိုမိုဆောင်ရွက်နိုင်အောင် အပြု သဘောဆန်တဲ့ ဆောင်ရွက်မှုတွေရှိမယ်လို့ ကျနော်မြင်ပါတယ်။ အဲ့ ဒါပေမဲ့ စစ်တပ်နဲ့ပတ်သက်တဲ့ အပိုင်းအပေါ်မှာတော့ အမေရိကန်ဟာ ၂၀၁၅ အလွန် ဒီမိုကရေစီခေတ် ကို စောင့်ကြည့် သွားလိမ့်မယ်လို့ ကျနော် ဒီလိုယူဆမိပါတယ်။ "
အခုလို သက်တမ်းတိုးလိုက်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အရေးယူ ဒဏ်ခတ်မှု ဟာ ၁၉၉၇ခုနှစ်ကတည်းက မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတာတွေမလုပ်ဖို့ သမ္မတ အမိန့်အာဏာနဲ့ တားမြစ်ခဲ့တာဖြစ်ပြီး  ၂၀၁၃ခုနှစ်မှာတော့ ပြင်ဆင်ချက်နဲ့အတူ သက်တမ်းထပ်ပြီးတော့ တိုးခဲ့တာဖြစ်ပါတယ်။

အင်ကြင်းနိုင် (ဗွီအိုအေ မြန်မာပိုင်း)
အမေရိကန်အစိုးရက မြန်မာအပေါ် စီးပွားရေး ဒဏ်ခတ်ထားမှု သက်တမ်း တနှစ်တိုး လိုက်တာဟာ အမေရိကန်နဲ့ မြန်မာ ဆက်ဆံရေး မှာ နောက်ကြောင်းပြန် လှည့် သွားတာမျိုး ဖြစ်နေတယ် လို့ မြန်မာ အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ်က ဗွီအိုအေကို ပြောပါတယ်။ တဖက်မှာလည်း မြန်မာ အစိုးရရဲ့ပြုပြင် ပြောင်းလဲရေး ဆောင်ရွက် ချက်တွေဟာ မရေရာ မသေချာဖြစ်နေသေး တာကြောင့် အမေရိကန်ဘက်က ဖိအားပေး တာဖြစ်တယ်လို့လည်း မြန်မာတချို့က သုံးသပ်ပါတယ်။ မနေ့က အမေရိကန် သမ္မတ အိုဘားမားကနေ အမေရိကန်ကုမ္ပဏီတွေ အနေနဲ့ မြန်မာစစ်တပ်နဲ့ တွဲပြီး စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေမလုပ်ဖို့ ပိတ်ပင်တားမြစ်တဲ့ အမိန့် နောက်ထပ် သက်တမ်းတိုးလိုက်တာပါ။ မအင်ကြင်းနိုင်က အကြောင်းစုံ ပြောပြမှာပါ။

ရန်ကုန်-မန္တလေးလမ်း တိုးချဲ့မယ်

Photo: ရန်ကုန်-မန္တလေးလမ်း တိုးချဲ့မယ်
Saturday, May 17, 2014 

လူအများ အပြား သေဆုံးခဲ့ရတဲ့ ယာဉ် မတော်တဆမှု အပြီးမှာ ရန်ကုန်-မန္တလေး အမြန် လမ်းမကြီး ကို လမ်းစနစ် လုံခြုံရေး အတွက် ၄ လမ်းသွား ကနေ ၈ လမ်း သွား အထိ တိုးချဲ့ အဆင့်မြှင့်တင် တော့မှာ ဖြစ်ပါတယ်။

ယာဉ်မောင်း တွေကြောင့် ဖြစ်တဲ့ ပြဿနာတွေ လျှော့ချနိုင်ဖို့ လည်း အမြန်လမ်းမကြီးများ ဥပဒေ ပြဋ္ဌဌာန်းနိုင်ရေး ကို လာမယ့် လွှတ်တော်မှာ တင်ပြဖို့ ရှိတယ်လို့ ရန်ကုန်-မန္တလေး အမြန်လမ်း ပြင်ဆင် ထိန်းသိမ်းရေး အဖွဲ့က အင်ဂျင်နီယာ မှူးကြီး ဦးကြည်ဇော်မြင့် က ပြောပါတယ်။

ရန်ကုန်-မန္တလေး လမ်းမကြီး အဆင့်မြှင့်ရာမှာ နိုင်ငံတကာက လိုအပ်တဲ့ ငွေကြေးနဲ့ နည်းပညာ အကူအညီတွေ ရဖို့ အစိုးရက ဆွေးနွေး နေသလို ဒီနှစ်ထဲမှာပဲ အမြန် လမ်းမကြီးများ ဥပဒေ ပြဋ္ဌဌာန်းနိုင်ဖို့ ကိုလည်း ဆောက်လုပ်ရေး ဌာနက ဆောင်ရွက် နေတယ်လို့ ပြောပါတယ်။

မိုင် ၃ဝဝ ကျော် ရှည်တဲ့ ရန်ကုန်-မန္တလေး လမ်းမကြီး ကို ငွေကျပ် ဘီလျံ ၉ဝဝ ကျော် အကုန်ကျခံ ဆောက်လုပ်ခဲ့ပေမယ့် ယာဉ်မတော်တဆမှုတွေ ခဏခဏ ဖြစ်နေတော့ ဒီလမ်းကြီး အဆင့်မြှင့်ဖို့ အစိုးရ က ထပ်မံ လုပ်ဆောင်ရတာ ဖြစ်ပါတယ်။

ဒီလမ်းကို နိုင်ငံတကာ အဆင့်မီ အမြန် လမ်းမကြီး အဆင့်အထိ ဆောက်လုပ်ဖို့ ကုန်ကျစရိတ် မတတ်နိုင် ခဲ့တဲ့အတွက် ကွန်ကရစ်လမ်း အဖြစ် သုံးစွဲရတာ ဖြစ်တယ် လို့ ဆိုပါတယ်။

ဒီလမ်းမကြီး ပေါ်မှာ လူပေါင်း (၁၄)ဦးသေဆုံးပြီး (၂၉)ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့ ယာဉ်မတော်တဆမှု မှာ ရာဇာမင်း ခရီးသည်တင် ယာဉ်လိုင်းဟာ မဆင်မခြင် မောင်းနှင်မှု နဲ့ ခရီးသည် တွေကို လုံခြုံစွာ သယ်ယူ ပို့ဆောင် ရာမှာ စနစ်တကျ ကြီးကြပ်ဖို့ အားနည်း ခဲ့တယ် ဆိုပြီး ဒီယာဉ်လိုင်း ရဲ့ ရန်ကုန်-နေပြည်တော် ခရီးစဉ် ပြေးဆွဲခွင့် ကို အစိုးရက ပိတ်သိမ်း လိုက်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ကျပ် ဘီလျံ ၉ဝဝ ကျော် ကုန်တဲ့ လမ်းမကြီးအား တွေ့ရစဉ်
ကျပ် ဘီလျံ ၉ဝဝ ကျော် ကုန်တဲ့ လမ်းမကြီးအား တွေ့ရစဉ်
လူအများ အပြား သေဆုံးခဲ့ရတဲ့ ယာဉ် မတော်တဆမှု အပြီးမှာ ရန်ကုန်-မန္တလေး အမြန် လမ်းမကြီး ကို လမ်း စနစ် လုံ ခြုံရေး အတွက် ၄ လမ်းသွား ကနေ ၈ လမ်း သွား အထိ တိုးချဲ့ အဆင့်မြှင့်တင် တော့မှာ ဖြစ်ပါတယ်။

SSA (၀မ်ဟိုင်း) အဖွဲ့ လက်ချက်နဲ့ ၁ ဦးသေ၊ ၈ ဦးပျောက်ဆုံးနေ

Photo: SSA (၀မ်ဟိုင်း) အဖွဲ့ လက်ချက်နဲ့ ၁ ဦးသေ၊ ၈ ဦးပျောက်ဆုံးနေ
Saturday, May 17, 2014 

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ မန်စံကျေးရွာအုပ်စု၊ နောင်အော်ကျေးရွာနေသူ ဦးရဲလင်းနိုင်အား (၁၅-၅-၂၀၁၄)ရက်နေ့၊ နေ့လည်(၁၁)နာရီချိန်မှာ ရှမ်းပြည်တပ်မတော် SSA (၀မ်ဟိုင်း) အဖွဲ့မှ ကျောက်ထွန်းဦး ခေါင်းဆောင်သော ရှမ်းလက်နက်ကိုင် (၂၀)ယောက်က နေအိမ်တွင် လာရောက်ဖမ်းဆီးရာမှာ ဦးရဲလင်းနိုင် ကြောက်ရွံ့ထိတ်လန့်ပြီး ထွက်ပြေးတာကြောင့်  ရှမ်းလက်နတ်ကိုင်များမှ မသေမခြင်း သေနတ်နှင့် ပစ်ခတ် သတ်ဖြတ်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သစ်ထူးလွင်မှ သတင်းရရှိပါတယ်။

၁၅-၅-၂၀၁၄၊ ရက်နေ့မှာ  နော်အော်ကျေးရွာသား၊ ရှမ်းတိုင်းရင်းသား ဦးစောလှ၊ ဦးသီရိ၊ ဦးတင်ပေါင်း၊ဦးအိုက်ထွန်းတို့ (၄)ယောက်နှင့်အတူ ၊ မန်စံရွာနေ ဦးကျော်သိန်း လားရှိုး မှ အမည်မသိ အရောင်း/၀ယ် လာရောက်လုပ်ကိုင်သူ (၃) ဦး၊ စုစုပေါင်း(ဂ)ယောက်ကိုလည်း  SSA (၀မ်ဟိုင်း) မှ ကျောက်ထွန်းဦးနှင့်  ရှမ်းလက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားပါတယ်။

အဆိုပါ ရွာသားတွေနဲ့ အတူ ဦးရဲလင်းနိုင် ကိုတော့ ဖမ်းဆီးခေါ်ဆောင်တာ မလိုက်လို့ နေရာတွင် အသေပစ်တာကြောင့် သေဆုံးသွားတာ ဖြစ်ကြောင်း သစ်ထူးလွင်မှ စုံစမ်းသိရှိရပါတယ်။ ဖမ်းဆီးသွားတဲ့ (၈)ဦးကတော့ အသက်သေလာ ရှင်လား မသိဘူးလို့ ဒေသခံတွေ ပြောပြချက်အရသိရပါတယ်။

Credit : THIT HTOO LWIN

ရှမ်းပြည်တပ်မတော် SSA  (၀မ်ဟိုင်း ) ၊ ကျောက်ထွန်းဦး ၊ ပစ်သတ်သဖြင့် သေဆုံးသူ ရဲလင်းနိုင်၊ နောင်အော်ကျေးရွာ
ရှမ်းပြည်တပ်မတော် SSA  (၀မ်ဟိုင်း ) ၊ ကျောက်ထွန်းဦး ၊ ပစ်သတ်သဖြင့် သေဆုံးသူ ရဲလင်းနိုင်၊ နောင်အော်ကျေးရွာ
ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ မန်စံကျေးရွာအုပ်စု၊ နောင်အော်ကျေးရွာနေသူ ဦးရဲလင်းနိုင်အား (၁၅-၅-၂၀၁၄)ရက်နေ့၊ နေ့လည်(၁၁)နာရီချိန်မှာ ရှမ်းပြည်တပ်မတော် SSA (၀မ်ဟိုင်း) အဖွဲ့မှ ကျောက်ထွန်းဦး ခေါင်းဆောင်သော ရှမ်းလက်နက်ကိုင် (၂၀)ယောက်က နေအိမ်တွင် လာရောက် ဖမ်းဆီးရာမှာ ဦးရဲလင်းနိုင် ကြောက်ရွံ့ထိတ်လန့်ပြီး ထွက်ပြေးတာကြောင့်  ရှမ်းလက်နတ်ကိုင် များမှ မသေမခြင်း သေနတ်နှင့် ပစ်ခတ် သတ်ဖြတ်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သစ်ထူးလွင်မှ သတင်းရရှိပါတယ်။