Wednesday 25 November 2015

ညှဉ်းပန်းနှိပ်စက်ခံရသော ကလေးငယ်၏မိသားစုအား ကျပ်သိန်း ၁၀၀ ပေး၍ အမှုပိတ်ခဲ့သည်ဆိုခြင်းမှာ မဟုတ်ဟုဆို

အွန်လိုင်းပေါ်တွင် ပျံ့နှံ့ နေသကဲ့သို့ ‘အမျိုးသားလွှတ် တော် တပ်မတော်သားကိုယ်စား လှယ်၏ နေအိမ်မှ ညှဉ်းပန်းနှိပ် စက်ခံရသော ကလေးငယ်၏မိခင် အား ကျပ်သိန်း ၁၀၀ ပေးကာ အမှုပိတ်သိမ်းခဲ့သည် ဆိုခြင်း မှာ မ ဟုတ်မှန်ကြောင်း အနောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ကျော် ထွဋ်က ပြောသည်။

ကလေးငယ်ကို လက်ပြန် ကြိုးတုပ်ကာ ရိုက်နှက်ခဲ့သည့် အိမ်ဖော်ဒေါ်သန်းနွဲ့ကို ဒီဇင်ဘာ ၇ ရက်တွင် ဗဟန်းမြို့နယ် တရား ရုံး၌ စတင်စစ်ဆေးသွားမည်ဖြစ် သည်ဟုဆိုသည်။ ရိုက်နှက်ခံခဲ့ရ သည့် ကလေးငယ် သည် ဗဟန်း မြို့နယ် တက္ကသိုလ်ရိပ်သာလမ်း သစ်ရှိ အိမ်မှာပင် ပြန်လည်နေ ထိုင်လျက်ရှိကြောင်း သတင်းရရှိ သည်။

‘‘ကလေးကို ရိုက်တဲ့ဒေါ်သန်း နွဲ့ကို မြို့နယ် လူမှုဝန်ထမ်းဦးစီး ဌာနက အရာရှိကိုယ်တိုင်တရား လိုလုပ်ပြီး စွဲဆိုထားတယ်။ ရဲ တွေကတော့ ဒေါ်သန်းနွဲ့ကို စစ် ဆေးနေပါတယ်။ အမှုစစ်ဆေး လို့ပေါ်လာခဲ့ရင်လည်း နောက် ထပ်ပုဒ်မတွေထပ်တိုးလာနိုင်ပါ တယ်’’ဟု ဒုရဲမှူးကြီးကျော်ထွဋ်က ပြောသည်။

ဗဟန်းမြို့နယ်တရားရုံး၏ အမှတ် ၅၀၈/၁၅ ဖြင့် တရားလို ဒေါ်စန်းစန်းအေး (ဗဟန်းမြို့နယ် လူမှု ၀န်ထမ်း ဦးစီးဌာန) ဦးစီးအ ရာရှိ မြို့နယ်ကလေးသူငယ်အခွင့် အရေးဆိုင်ရာကော်မတီ အတွင်း ရေးမှူးဖြစ်သူမှ စွဲဆိုထားခြင်းဖြစ် ကြောင်း ဒုရဲမှူးကြီးကျော်ထွဋ်က ဆိုသည်။

ရိုက်နှက်ခံခဲ့ရသည့် ကလေး ငယ်သည် လက်ရှိ အချိန်တွင် ကလေးငယ်၏ မိခင်တောင်းဆို ချက်အရ ဗဟန်းမြို့နယ် တက္က သိုလ်ရိပ်သာလမ်းသစ်  အိမ်အမှတ် ၂၅ (C4) ခြံဝင်းတွင် နေထိုင် လျက်ရှိကြောင်း ၈၈ မျိုးဆက်ပွင့် လင်း လူ့အဖွဲ့အစည်းမှ မမီးမီး က ပြောသည်။

‘‘ကလေးကို လူမှုဝန်ထမ်းဦး စီးဌာနက စောင့်ရှောက်ထားမယ် ဆိုပြီး ရဲစခန်းကိုပြောတယ်။စခန်း ကလည်း ကလေးအမေတောင်း ဆိုချက်ကြောင့် ဗဟန်းမြို့နယ်က အိမ်ကိုပြန်ပို့လိုက်တယ်။ အမှန်တကယ်က ဒါမျိုးမလုပ်သင့်ဘူး။ ကလေးက ဒီအိမ်မှာပဲ နှိပ်စက်ခံလာရတဲ့ကလေး ဖြစ်တယ်။ နောက်ပြီး မိခင်ဆိုတာ ကလည်း ကလေးကို ငွေဆယ်သိန်းယူပြီး ရောင်းလိုက်သလို ဖြစ်နေတော့ ကလေးလုံခြုံမှု၊ စိတ်အားငယ်မှု ကို လုပ်ပေးနိုင်မယ်မထင်ဘူး’’ဟု မမီးမီးက ပြောသည်။

ရိုက်နှက်ခံရသည့် မစုဝေ နှင့်ပတ်သက်၍ စစ်ဆေးနေမှုများကို စောင့်ကြည့်နေပြီးလိုအပ်ပါက သက်ဆိုင်ရာ ဌာနများသို့ ဆက် လက်တိုင်ကြားမည်ဖြစ်ကြောင်း မမီးမီးက ပြောသည်။

7Day Daily 

No comments:

Post a Comment