Wednesday 23 April 2014

ပြန်လည်ဖြစ်ပွားလာသော တိုက်ပွဲများကြောင် KIA တပ်ဖွဲ့ဝင်များ အလင်းဝ င်ရောက်မှု ပိုမိုများပြား


အေပြီလဆန်းပိုင်းတွင် ပြန်လည်ဖြစ်ပွားလာသော တိုက်ပွဲများကြောင့် KIA တပ်ဖွဲ့ဝင်များ အလင်း ၀င်ရောက် လာကြရာ အေပြီ ၂၂ ရက်နေ့တွင် KIA တပ်ဖွဲ့ဝင် (၂) ဦး လက်နက်မဲ့ထပ်မံ အလင်းဝင်ရောက် လာ ခဲ့ကြောင်း မြစ်ကြီးနားမြို့ ဌာနဆိုင်ရာရုံးတစ်ရုံးမှ သိရှိရသည်။

ယာဉ်ကြောပိတ်ဆို့မှု ပြဿနာဖြေရှင်းရေး ရန်ကုန်တိုင်းလွှတ်တော်မှာ ဆွေးနွေး

Photo: ယာဉ်ကြောပိတ်ဆို့မှု ပြဿနာဖြေရှင်းရေး ရန်ကုန်တိုင်းလွှတ်တော်မှာ ဆွေးနွေး
Wednesday, April 23, 2014

ရန်ကုန်မြို့တွင်း နေ့စဉ်ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကို ဖြေရှင်းဆောင်ရွက်ဖို့အတွက် ဒီကနေ့ ပြန်လည်ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ စတင်ဆွေးနွေးခဲ့ပါတယ်။

ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းဆောင်ရွက်ဖို့အဆိုကို တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ (က) လွှတ်တော်အမတ် ဦးမျိုးမင်းအောင်က ဒီနေ့ တင်သွင်းခဲ့တာပါ။ သူ့ရဲ့အဆိုနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမင်းအောင်က RFA ကို အခုလို ပြောပါတယ်။

"အပေါ်ကနေ ညွှန်ကြားထားတယ်၊ ဒါပေမဲ့ အောက်ခြေမှာ လိုက်နာမှုအားနည်းနေတာပေါ့၊ အထောက်အကူပြုကော်မတီတို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးဌာနတို့ ယာဉ်ထိန်းရဲတပ်ဖွဲ့တွေဆိုရင်လည်း ရဲစခန်းတွေမှာ ထပ်ပြီးတော့ဖွဲ့ထားပေးတယ်၊ အဲဒီအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ တစ်မြို့နယ်ချင်း စီမံချက်ကလေးပုံစံမျိုးနဲ့ အကောင်အထည်ဖော်လိုက်နိုင်ရင် တော်တော်လေးလျော့ပါးသွားမယ်လို့ တွက်တာပေါ့၊ တချို့တွေဆိုလို့ရှိရင်လည်း လမ်းဆုံလမ်းခွဖြစ်တယ်၊ မီးပွိုင့်မတတ်နိုင်သေးဘူးပေါ့၊ မတတ်နိုင်သေးတဲ့နေရာတွေမှာ ကျနော်တို့ အင်အားဘယ်လိုချပြီး ဖြေရှင်းမလဲ၊ အရေးယူမှုတွေ ဘယ်လိုလုပ်မလဲပေါ့၊ စီမံချက်ကလေးဆွဲပြီးလုပ်ဖို့ ဆိုလိုတာ"

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း ၄၈မြို့နယ်ရှိရာမှာ မြို့ထဲပိုင်းနဲ့ ဆင်ခြေဖုန်းဘက်တွေမှာ နေ့စဉ်လိုလို ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်နေတဲ့အတွက် နေ့စဉ် မြို့တွင်းအလုပ်လုပ်ကိုင်ကြရသူတွေဟာ အလုပ်သွားအလုပ်ပြန်မှာ အချိန်ကုန်ကြရတယ်လို့ ပြောကြပါတယ်။

အဲဒီအဆိုကို လာမယ့် ဧပြီလ ၂၅ ရက်နေ့မှာကျင်းပမယ့် တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ ဆက်လက်ဆွေးနွေးကြမယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့က နောက်ဆုံးကျင်းပခဲ့ကြောင်း သိရပါတယ်။

RFA Burmese
ရန်ကုန်မြို့တွင်း နေ့စဉ်ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကို ဖြေရှင်းဆောင်ရွက်ဖို့အတွက် ဒီကနေ့ ပြန်လည် ကျင်း ပ တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ စတင်ဆွေးနွေးခဲ့ပါတယ်။

စစ်ရှောင်စခန်းများသို့ ပြောင်းရွှေ့လာသော လဂျောင်ကျေးရွာ မိသားစုများမှ လူငယ်လူရွယ်များအား KIA မှ ဖမ်းဆီးကာ တိုက်ပွဲများတွင် အသုံးချရန် စီစဉ်

Photo: စစ်ရှောင်စခန်းများသို့ ပြောင်းရွှေ့လာသော လဂျောင်ကျေးရွာ မိသားစုများမှ လူငယ်လူရွယ်များအား KIA မှ ဖမ်းဆီးကာ တိုက်ပွဲများတွင် အသုံးချရန် စီစဉ်
Wednesday, April 23, 2014

ကချင်ပြည်နယ်တွင် အေပြီလဆန်းမှစ၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခဲ့ ပြီးနောက် အေပြီ ၂၀ ရက်နေ့မှ စတင်ကာ လဂျောင်ကျေးရွာနေ မိသားစုများ စစ်ရှောင်စခန်းများသို့ ပြောင်းရွှေ့လာကြရာ သက်ကြီးရွယ်အိုနှင့် ကလေးငယ်များ၊ အမျိုးသမီးများသာ ပါဝင်ပြီး လူငယ်လူရွယ်များကို KIA မှ ဖမ်းဆီးထားကြောင်း စစ်ရှောင် စခန်းသို့ ရောက်ရှိလာသော မိသားစုများထံမှ သိရသည်။

“ စခန်းကို ရောက်လာတာကတော့ လဂျောင်ရွာက သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေက များတယ်၊ လူလတ်ပိုင်းတွေနဲ့ လူငယ်တွေကတော့ ပါမလာဘူး၊ လောလောဆယ် ဒီစခန်းကို ရောက်လာတာ အိမ်ထောင်စု (၁၂) စုရှိပါတယ် ” ဟုစခန်း တာဝန်ခံကပြောသည်။

လဂျောင်ကျေးရွာအနီးတွင် တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် ပြောင်းရွှေ့ လာကြသော မိသားစုများမှာ အိမ်ထောင်စု (၂၃) စုခန့်ရှိပြီး မန်စီမြို့ပေါ်ရှိ နှစ်ခြင်းခရစ်ယာန်စစ်ရှောင်စခန်းနှင့် ဗန်းမော်မြို့ရှိ AD -၂၀၀၀ ကက်သလစ် အသင်းတော် စစ်ရှောင်စခန်းတို့တွင် နေထိုင်လျက်ရှိကြောင်း သိရသည်။

“ တိုက်ပွဲတွေဖြစ်နေတော့ လဂျောင်ဘက်က မိသားစုတွေ ရွာလုံးကျွတ်နီးပါး ပြေးလာကြတယ်၊ ဒီစခန်းကို ရောက်လာတာတော့ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေများတယ်၊ အမျိုးသားတွေဆိုရင် လည်း လူလတ်ပိုင်းတွေ၊ လူငယ်တွေ မပါသလောက်ပဲ ” ဟု ဗန်းမော်မြို့ ကရုဏာ မြန်မာလူမှုဖွံ့ဖြိုးရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဗန်းမော်ခရိုင်တွင် စစ်ရှောင်ဒုက္ခသည် စခန်းပေါင်း (၂၀) ကျော်ရှိပြီး လတ်တလောဖြစ်ပွားလျက်ရှိသော တိုက်ပွဲ များကြောင့် ဒုက္ခသည်ဦးရေ တစ်သောင်းကျော်ခန့် ထပ်တိုးလာခဲ့ရာ ဒုက္ခသည်ဦးရေမှာ စုစုပေါင်း ၇၀၀၀ ၀န်းကျင်ခန့်ရှိနေပြီဖြစ်ကြောင်းနှင့် နေရာထိုင်ခင်း၊ အစားအစာနှင့် ဆေးဝါးများမှာလည်း လိုအပ်ချက်များ ရှိနေဆဲ ဖြစ်ကြောင်း လူမှုကူညီရေးအဖွဲ့များထံမှ သိရသည်။

“ လဂျောင်ရွာက မိသားစုတွေ ထွက်ပြေးတိမ်းရှောင်လာတော့ KIA အဖွဲ့က လူလတ်ပိုင်းနဲ့ လူငယ်တွေကို ဖမ်းထားလိုက်လို့ စစ်ရှောင်စခန်းထိဘူး၊ တိုက်ပွဲတွေဖြစ်နေတော့ KIA က အင်အားလို နေပြီလေ၊ ဒါ့ကြောင့် ဘာမှမသိနားမလည်တဲ့ ရွာသားတွေကို လက်နက်တွေပေးပြီး တိုက်ပွဲထဲမှာ အသုံးချဖို့ စီစဉ်နေတယ်လို့ ကြားတယ် ” ဟု မန်စီမြို့ခံ တစ်ဦးက ပြောကြားခဲ့သည်။

နိုနို (ဗန်းမော်)
From : KDN
ကချင်ပြည်နယ်တွင် အေပြီလဆန်းမှစ၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခဲ့ ပြီးနောက် အေပြီ ၂၀ ရက်နေ့မှ စတင်ကာ လဂျောင်ကျေးရွာနေ မိသားစုများ စစ်ရှောင်စခန်းများသို့ ပြောင်းရွှေ့လာကြရာ သက်ကြီး ရွယ်အိုနှင့် ကလေးငယ်များ၊ အမျိုးသမီးများသာ ပါဝင်ပြီး လူငယ်လူရွယ်များကို KIA မှ ဖမ်းဆီးထားကြောင်း စစ်ရှောင် စခန်းသို့ ရောက်ရှိလာသော မိသားစုများထံမှ သိရသည်။

အသက် ၈ နှစ်အရွယ် ဆွံ့အနားမကြားမိန်းကလေးကို အသက် ၄၀ အရွယ်က မုဒိန်းကျင့်

Photo: အသက် ၈ နှစ်အရွယ် ဆွံ့အနားမကြားမိန်းကလေးကို အသက် ၄၀ အရွယ်က မုဒိန်းကျင့်
Wednesday, April 23, 2014

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ................ရပ်ကွက်ရှိ ................... လိုင်းခန်း အမှတ် (-) နေ လူမှု ၀န်ထမ်း ဦးစီးဌာန (၃) ဆွံ့အ နားမကြား ကလေးများကျာင်းမှ အသက် ရှစ်နှစ် အရွယ် ကလေးငယ် တစ်ဦးကို အသက် (၄၀) အရွယ် အမျိုးသား တစ်ဦးက အဓမ္မ ပြုကျင့်မှု တစ်ခု ဧပြီလ (၂၀) ရက်နေ့က ဖြစ်ပွား ခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ သတင်း ရရှိသည်။

ဖြစ်စဉ်မှာ သင်တန်းကျောင်း ပလက်ဖောင်းတွင် ညစ်နွမ်း ပေကျံနေသော အဆိုပါ ကလေးငယ်အား တွေ့ရ သဖြင့် ရေချိုး ပေးရန် သင်တန်းကျောင်း ဆရာမများက အ၀တ်အစား ချွတ်ပေးစဉ် သွေးများ ပေကျံနေသော အဓမ္မ ပြုကျင့် ခံရသည့် အမှတ်အသားများ တွေ့ရသဖြင့် မေးမြန်းရာ လက်ဟန်ပြ သင်္ကေတဖြင့် ၄င်းအား အဓမ္မ ပြုကျင့်ခဲ့ သူဖြစ် ကြောင်း ပြောဆိုခဲ့သည်ဟု မှုခင်း မှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါ ကလေးငယ်၏ ပြောကြား ချက်အရ အဓမ္မပြုကျင့်သူသည် ................. လိုင်းခန်း အနောက်ဘက် သစ်ပင်အောက်တွင် ယာယီ တဲထိုး၍ နေထိုင်သူ တစ်ဦးဖြစ်ပြီး၊ အဆိုပါ သစ်ပင်အောက်တွင် ပင် တွန်းလှဲကာ အဓမ္မ ပြုကျင့်ခဲ့ကြောင်း၊ ဦးခေါင်း ၀ဲဘက် ဂျိုစောင်းတွင် ပွန်းပဲ့ ဒဏ်ရာများ လည်း ရရှိခဲ့ကြောင်း လက်ဟန်ပြ သင်္ကေတ ဖြင့် ပြောဆို ခဲ့ကြောင်း သိရသည်။

““ကလေးကတော့ ကျန်းမာရေး အခြေအနေ သက်သာပါတယ်။ ဆေး စစ်ချက် လည်း ယူထား တာလည်း ရှိပါတယ်။ ဥပဒေ အတိုင်း စစ်ဆေးပြီးတော့ ဆက်လက် ဆောင်ရွက်မှာပါ”” ဟု မန္တလေးမြို့၊ အမှတ် (၃) ရဲစခန်းမှ စခန်းမှူး ရဲမှူး ထိုက်လင်းစိုးက ပြောသည်။

အဆိုပါ မှုခင်းဖြစ်စဉ်နှင့် ပတ်သက်၍ တရားခံကို အ၀တ်အစား သက်သေ များနှင့် အတူ ဖမ်းဆီး ထားပြီး (ပ)၂၂၃/၂၀၁၄ ပြစ်မှု ပုဒ်မ (၃၇၆) ဖြင့် အရေးယူရန် စီစဉ်ထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှသိရ သည်။

The Messenger
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ................ရပ်ကွက်ရှိ ................... လိုင်းခန်း အမှတ် (-) နေ လူမှု ၀န်ထမ်းဦးစီးဌာန (၃) ဆွံ့အ နားမကြား ကလေးများကျာင်းမှ အသက် ရှစ်နှစ် အရွယ် ကလေးငယ် တစ်ဦး ကို အသက် (၄၀) အရွယ် အမျိုးသား တစ်ဦးက အဓမ္မ ပြုကျင့်မှု တစ်ခု ဧပြီလ (၂၀) ရက်နေ့က ဖြစ်ပွား ခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ သတင်း ရရှိသည်။

လေယာဉ်ရှာဖွေရေးလုပ်ငန်း သုံးပုံနှစ်ပုံပြီးမြောက် ပျောက် ဆုံးလေ ယာဉ် ၏ မည် သည့်သဲလွန်စမျှ မတွေ့ရ

Photo: လေယာဉ်ရှာဖွေရေးလုပ်ငန်း သုံးပုံနှစ်ပုံပြီးမြောက်
ပျောက် ဆုံးလေယာဉ် ၏ မည်သည့်သဲလွန်စမျှ မတွေ့ရ
Wednesday, April 23, 2014

ဧပြီ ၈ရက်က ပျောက်ဆုံးသွားသော မလေးရှားလေကြောင်း လိုင်းခရီးစဉ် အမှတ် အမ်အိတ်ခ်ျ ၃၇၀ ခရီးသည်တင်လေယာဉ်အတွက် ရေအောက် ရှာဖွေရေး လုပ်ငန်းများပြုလုပ်လျက်ရှိရာ ရှာဖွေရေးဇုန်အကျယ်အ၀န်း၏ သုံးပုံနှစ်ပုံအား ပိုက်စိပ်တိုက် ရှာဖွေထောက်လှမ်းပြီးသည့်တိုင် ပျောက်ဆုံး
နေသည့်လေယာဉ်၏ အရိပ်အယောင်ကို မတွေ့ရသေးကြောင်း
သြစတြေးလျအစိုးရတာဝန်ရှိသူများက ဧပြီ ၂၁ ရက်တွင်ပြော
ကြားသည်။

ခရီးသည်နှင့် လေယာဉ်အမှုထမ်း စုစုပေါင်း ၂၃၉ ဦး တင်ဆောင်၍
ပျောက်ဆုံးသွားသော ခရီးစဉ်အမှတ် အမ်အိတ် ခ်ျ ၃၇၀ ဘိုရင်း ၇၇၇
လေယာဉ်ကို ဝေဟင်၊ ရေပြင် ရှာဖွေမှုများ အပြင်းအထန်လုပ်ဆောင်နေ
သည့်တိုင် ရှာဖွေရေးဇုန်အတွင်း မည်သည့်အပျက်အစီးမှ မတွေ့ရခြင်း
ကြောင့် ရှာဖွေရေးလုပ်ငန်းမျှော်လင့်ချက်မှာ အမေရိကန်ရေတပ်၏ ဘလူးဖင်း-၂၁ ရေအောက်ရှာဖွေရေးယာဉ်အပေါ်တွင် မူတည်နေပြီဖြစ်
သည်။

သို့ရာတွင် ဘလူးဖင်း ရေအောက်ဆင်းယာဉ်သည် ယနေ့အချိန်အထိ သတ်မှတ်ရှာဖွေရေးဇုန်အကျယ်အ၀န်း၏ သုံးပုံနှစ်ပုံကိုရှာဖွေပြီး
သည့်တိုင် ပျောက်ဆုံးလေယာဉ်နှင့်ပတ်သက်၍မည်သည့်သဲလွန်စ
မျှမရသေးကြောင်း ရှာဖွေရေးလုပ်ငန်း တာဝန်ရှိသူများက ပြောကြားသည်။

ရေအောက်ရှာဖွေဇုန်သည် ပျောက်ဆုံးလေယာဉ်ပျံသန်းမှုမှတ်တမ်းတင်
ကိရိယာ၏ဒုတိယမြောက်အချက်ပြလှိုင်းထွက်ပေါ်ရာနေရာအား
ဗဟိုပြု၍ အချင်းဝက် ၁၀ ကီလိုမီတာ အ၀န်းအ၀ိုင်းရှိကြောင်း သိရသည်။
ဘလူးဖင်း ၂၁ ရေအောက်ဆင်းယာဉ်၏ ပင်လယ်ကြမ်းပြင်
ရှာဖွေရေးဇုန်အကျယ်အ၀န်းမှာ ဧပြီ ၂၁ ရက်တွင် စတုရန်းကီလို
မီတာ ၄၉၄၉၁ အထိ ရောက်ရှိနေပြီဖြစ်ကြောင်း သြစတြေးလျ
တာဝန်ရှိသူများက ပြောကြားသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ
ဧပြီ ၈ရက်က ပျောက်ဆုံးသွားသော မလေးရှားလေကြောင်း လိုင်းခရီးစဉ် အမှတ် အမ်အိတ်ခ်ျ ၃၇၀ ခရီး သည်တင်လေယာဉ်အတွက် ရေအောက် ရှာဖွေရေး လုပ်ငန်းများပြုလုပ်လျက်ရှိရာ ရှာဖွေရေးဇုန် အကျယ် အ၀န်း ၏ သုံးပုံနှစ်ပုံအား ပိုက်စိပ်တိုက် ရှာဖွေထောက်လှမ်းပြီးသည့်တိုင် ပျောက်ဆုံးနေသည့်လေယာဉ်၏ အရိပ်အယောင်ကို မတွေ့ရသေးကြောင်း သြစတြေးလျအစိုးရတာဝန်ရှိသူများက ဧပြီ ၂၁ ရက်တွင်ပြော ကြား သည်။

အချိန်ပြောင်းလဲ ပြေးဆွဲသွားမည့် ရန်ကုန်-ကျိုက်ထို အထူးအမြန်ရထား

Photo: အချိန်ပြောင်းလဲ ပြေးဆွဲသွားမည့် ရန်ကုန်-ကျိုက်ထို အထူးအမြန်ရထား
Wednesday, April 23, 2014

ရန်ကုန်-ကျိုက်ထို အထူးအမြန်ရထားကို လာမယ့် ဧပြီလ(၂၅)ရက်နေ့ကစပြီး
အချိန်ပြောင်းလဲ ပြေးဆွဲသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်-ကျိုက်ထိုအတွက် လက်ရှိအချိန်အထိ အပတ်စဉ်ပုံမှန် ပြေးဆွဲနေတဲ့ စနေနေ့မနက်အစား တစ်ရက်တိုးပြီး သောကြာနေ့ညကို ပြောင်း လဲပြေးဆွဲသွားမှာဖြစ်ပါတယ်။ရန်ကုန်-ကျိုက်ထိုအထူးအမြန်ရထားကို ရန်ကုန်မြို့ အထက်ပုဇွန်တောင်လမ်းမှာရှိတဲ့ မလွှကုန်း မီးရထားစက်ခေါင်းစက်ရုံမှာ အသေးစိတ်ပြင်ဆင်မှုတွေ ပြုလုပ် လျက်ရှိပါတယ်။
 
ဒီအမြန်ရထားမှာ လူစီးတွဲ (၅)တွဲပါရှိပြီး ခရီးသည် (၃၃၀)ဦး လိုက်ပါနိုင်ကြောင်း သိရပါတယ်။ အဲကွန်းအမြန်ရထားအဖြစ် ပြေးဆွဲမှာဖြစ်တဲ့အတွက် အပတ်စဉ်ပြုလုပ်နေကျဖြစ်တဲ့ ထိန်းသိမ်းပြုပြင်မှု အပိုင်းကို အရင်ကထက် ပိုမိုဂရုစိုက်လုပ်ဆောင်ထားကြောင်း သိရပါတယ်။အခုလို အချိန်ပြောင်းလဲ ပြေးဆွဲတာဟာ ကျိုက်ထီးရိုးစေတီကို အရင်ကထက် သွားရောက်မှု ပိုမိုများပြားလာတဲ့အတွက်ဖြစ်ပြီး ရထားပြေးဆွဲရက်ကို ရှေ့တိုးဖို့ ခရီးသည်တွေက တောင်းဆိုတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။
 
အခုပြေးဆွဲမယ့် အထူးအမြန်ရထားဟာ သောကြာနေ့ည (၁၀)နာရီမှ ရန်ကုန်ဘူတာကြီး ကနေ ထွက်ခွာမှာဖြစ်ပြီး တနင်္ဂနွေနေ့ နေ့လည် (၁၂)နာရီမှာ ကျိုက်ထိုဘူတာရုံကနေ ပြန်လည် ထွက်ခွာလာမှာဖြစ်ပါတယ်။ ရထားလက်မှတ်ခကိုတော့ ယခင်နှုန်းထားအတိုင်း (၃၅၀၀)နှုန်းနဲ့ ပြေးဆွဲသွားမှာဖြစ်ပြီး ခရီးသည်ပမာဏပေါ် မူတည်ပြီး အခေါက်ရေကိုတိုးပြီး ပြေးဆွဲသွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

MRTV-4
ရန်ကုန်-ကျိုက်ထို အထူးအမြန်ရထားကို လာမယ့် ဧပြီလ(၂၅)ရက်နေ့ကစပြီး အချိန်ပြောင်းလဲ ပြေးဆွဲ သွား မှာဖြစ် တယ်လို့ သိရပါတယ်။ ရန်ကုန်-ကျိုက်ထိုအတွက် လက်ရှိအချိန်အထိ အပတ်စဉ်ပုံမှန် ပြေးဆွဲနေတဲ့ စနေနေ့မနက်အစား တစ်ရက်တိုးပြီး သောကြာနေ့ညကို ပြောင်း လဲပြေးဆွဲသွားမှာဖြစ်ပါတယ်။ရန်ကုန်-ကျိုက်ထိုအထူးအမြန်ရထားကို ရန်ကုန်မြို့ အထက်ပုဇွန်တောင်လမ်းမှာရှိတဲ့ မလွှကုန်း မီးရထား စက်ခေါင်း စက်ရုံမှာ အသေးစိတ်ပြင်ဆင်မှုတွေ ပြုလုပ် လျက်ရှိပါတယ်။

နိုင်ငံအနှံ့မှ တိုင်းရင်းသားလူငယ်များ ထားဝယ်တွင် တွေ့ဆုံမည်

Photo: နိုင်ငံအနှံ့မှ တိုင်းရင်းသားလူငယ်များ ထားဝယ်တွင် တွေ့ဆုံမည်
Wednesday, April 23, 2014

မြန်မာနိုင်ငံလုံးဆိုင်ရာ လူမှုအကျိုးပြု တိုင်းရင်းသား လူငယ်များ တွေ့ဆုံပွဲကို ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကလုံးထာ ကျေးရွာတွင် ဧပြီလ ၂၆ ရက်မှ ၂၈ ရက်နေ့အထိ ကျင်းပပြု လုပ်သွားမည် ဖြစ်ကြောင်း ထားဝယ် လူငယ်မိတ်သဟာယအဖွဲ့ (DYF) မှ ညှိနှိုင်းရေးမှူး ဦးဘိုဘိုအောင် က ပြောကြားသည်။

တိုင်ရင်းသား လူငယ်များနှင့် အခြားအဖွဲ့များအကြား ဆက်သွယ် ဆက်ဆံရေး အားကောင်းလာစေရန်၊ အနာဂတ် ပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားမှုများ အတွက် အတူတကွ လက်တွဲပူးပေါင်း လုပ်ဆောင်နိုင်မည့် နည်းဗျူဟာများကို ဖော်ဆောင် လာနိုင်ရန်နှင့် ဒေသအတွင်း မှန်ကန်သော သတင်းချိတ်ဆက်မှု ကွန်ရက်တစ်ခု ဖြစ်ပေါ်လာစေရန် ရည်ရွယ်ချက် များဖြင့် တွေ့ဆုံပွဲကို ပြုလုပ်ရခြင်း ဖြစ်သည်ဟု ၎င်းကရှင်းပြသည်။
“ဒေသအသီးသီးမှ တိုင်းရင်းသား လူငယ် ၂၀၀ ဦးကျော် တက်ရောက်ကာ တွေ့ဆုံ ဆွေးနွေးကြလိမ့်မယ်” ဟု ဦးဘိုဘိုအောင်က ဆိုသည်။

အဆိုပါ တွေ့ဆုံပွဲ ကာလအတွင်း တိုင်းရင်းသားပေါင်းစုံ ရိုးရာစားစရာ မုန့်ရောင်းပွဲတော် ပြုလုပ်ခြင်း၊ တိုင်းရင်းသား ရိုးရာအက များဖြင့် ဖျော်ဖြေဧည့်ခံခြင်းတို့အပြင် ထားဝယ် ယဉ်ကျေးမှု ပြခန်းတို့ကိုလည်း ခင်းကျင်း ပြသသွားမည်ဟု သိရသည်။

တွေ့ဆုံပွဲသို့ လာရောက်သူများမှ အဖွဲ့၏ လှုပ်ရှားမှုဆိုင်ရာ လုပ်ဆောင်ချက်များကို လှုပ်ရှားမှု ဓာတ်ပုံများ၊ ကာတွန်း၊ ကဗျာ၊ ဆောင်းပါး၊ မဂ္ဂဇင်း စသည့်များကို ပြင်ဆင်လာကြပြီး ပြသ သွားလိမ့်မည်ဟု ဦးဘိုဘိုအောင်က ရှင်းပြသည်။

၂၀၀၉ ခုနှစ်မှ စတင်ကျင်းပလာသော မြန်မာနိုင်ငံလုံး ဆိုင်ရာ လူမှုအကျိုးပြု တိုင်းရင်းသား လူငယ်များ တွေ့ဆုံပွဲများကို ပထမကြိမ်အဖြစ် မွန်ပြည်နယ် မုဒုံမြို့တွင် လည်းကောင်း၊ ဒုတိယအကြိမ်ကို ချင်းပြည်နယ် ကန်ပက်လက်မြို့တွင် လည်းကောင်း၊ တတိယအကြိမ်ကို စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်တွင် လည်းကောင်း၊ စတုတ္ထအကြိမ်ကို ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ် အင်းလေးတွင် လည်းကောင်း၊ ပဉ္စမအကြိမ်ကို ကရင်ပြည်နယ် မဲဆမိတ် ကျေးရွာတွင် လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ကာ ယခုနှစ်တွင် ဆဋ္ဌမ အကြိမ်ကို ထားဝယ်ဒေသတွင် ပြုလုပ်ခြင်း ဖြစ်သည်။

ယင်းလူမှုအကျိုးပြု တိုင်းရင်းသား လူငယ်များ တွေ့ဆုံပွဲကို ကလျာဏမိတ္တ ဖောင်ဒေးရှင်း၊ ထားဝယ် လူငယ်မိတ်သဟာယအဖွဲ့နှင့် ထားဝယ် ဖွံ့ဖြိုးရေးအဖွဲ့ (DDA) တို့ ပူးပေါင်း၍ လုပ်ဆောင်မည်ဟု သိရသည်။

The Voice Weekly
မြန်မာနိုင်ငံလုံးဆိုင်ရာ လူမှုအကျိုးပြု တိုင်းရင်းသား လူငယ်များ တွေ့ဆုံပွဲကို ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကလုံးထာ ကျေးရွာတွင် ဧပြီလ ၂၆ ရက်မှ ၂၈ ရက်နေ့အထိ ကျင်းပပြု လုပ်သွားမည် ဖြစ်ကြောင်း ထားဝယ် လူငယ်မိတ်သဟာယအဖွဲ့ (DYF) မှ ညှိနှိုင်းရေးမှူး ဦးဘိုဘိုအောင် က ပြောကြားသည်။

In Your Eyes ရုပ်ရှင်ဇာတ်ကားသစ် အွန်လိုင်းမှ တစ်ဆင့် ဖြန့်ချိ

Photo: In Your Eyes ရုပ်ရှင်ဇာတ်ကားသစ် အွန်လိုင်းမှ တစ်ဆင့် ဖြန့်ချိ
Wednesday, April 23, 2014

Avengers ရုပ်ရှင်ကား ရိုက်ကူးသည့် ဒါရိုက်တာ Joss Whedon သည်
သူ၏ ဇာတ်ကားသစ် In Your Eyes ကို အွန်လိုင်းမှတစ်ဆင့် ဖြန့်ချိခဲ့ကြောင်း သိရသည်။ ပရိသတ်များ တိုက်ရိုက် ကြည့်ရှုနိုင်မည့် ဒစ်ဂျစ်တယ် ဖြန့်ဖြူးရေး စနစ်ဖြင့် In Your Eyes ဇာတ်ကားကို ဖြန့်ချိခဲ့ခြင်းဖြစ်ပြီး ပရိသတ်များ အနေဖြင့် ၎င်းဇာတ်ကား ကိုကြည့်ရှုရန် အမေရိကန်ဒေါ်လာ ၅ ဒေါ်လာသာ ကုန်ကျမည်ဖြစ်သည်။

In Your Eyes ဇာတ်ကားကို ဧပြီ ၂ဝ ရက်ညနေပိုင်းက Tribeca ရုပ်ရှင်ပွဲတော်တွင် ပွဲဦးထွက် ရုံတင် ပြသခဲ့သည်။ ရုပ်ရှင်ဖြန့်ချိရေး စနစ်သစ်ဖြင့် စတင် ဖြန့်ချိခြင်းဖြစ်သည့် အတွက် စိတ်လှုပ်ရှားမိကြောင်း Joss Whedon က ပြောကြားခဲ့သည်။

In Your Eyes ဇာတ်ကားသည် အရှေ့ဘက် ကမ်းရိုးတန်းဒေသမှ ရေဗက္ကာ အမည်ရှိ အိမ်ရှင်မ တစ်ဦး၏ အချစ် ဇာတ်လမ်းကို ရိုက်ကူး ပုံဖော်ထားခြင်းဖြစ်သည်။ In Your Eyes ဇာတ်ကားတွင် ရေဗက္ကာ ဇာတ်ကောင် အဖြစ် Revolutionary Road နှင့် It's Complicated ဇာတ်ကားတို့မှ မင်းသမီး ဇိုးကာဇန်က သရုပ်ဆောင်ထားပြီး ရေဗက္ကာနှင့် ချစ်ကြိုက်မိသူ ထောင်ထွက်သမားအဖြစ် Cloverfield နှင့် The Congress ဇာတ်ကားတို့မှ မိုက်ကယ်စတာခ်ျလ်ဒေးဗစ်တို့က ပါဝင် သရုပ်ဆောင်ထားသည်။

In Your Eyes ဇာတ်ကားကို Youreyes movie.com နှင့် အမေရိကန် အခြေစိုက် ဗီဒီယိုဖြန့်ချိရေး ဝက်ဘ်ဆိုက် တစ်ခုဖြစ်သော Vimeo ဝက်ဘ်ဆိုက်တို့တွင် ဝင်ရောက် ကြည့်ရှုနိုင်သည်ဟု သိရသည်။

မြ၀တီ
Avengers ရုပ်ရှင်ကား ရိုက်ကူးသည့် ဒါရိုက်တာ Joss Whedon သည် သူ၏ ဇာတ်ကားသစ် In Your Eyes ကို အွန်လိုင်းမှတစ်ဆင့် ဖြန့်ချိခဲ့ကြောင်း သိရသည်။ ပရိသတ်များ တိုက်ရိုက် ကြည့်ရှုနိုင်မည့် ဒစ်ဂျစ် တယ် ဖြန့်ဖြူးရေး စနစ်ဖြင့် In Your Eyes ဇာတ်ကားကို ဖြန့်ချိခဲ့ခြင်းဖြစ်ပြီး ပရိသတ်များ အနေဖြင့် ၎င်း ဇာတ်ကား ကိုကြည့်ရှုရန် အမေရိကန်ဒေါ်လာ ၅ ဒေါ်လာသာ ကုန်ကျမည်ဖြစ်သည်။

စစ်ရေးအရ ဖိအားပေးလျှင် တစ်နိုင်ငံလုံးအပစ်ရပ် သဘောတူစာချုပ်တွင် လက်မှတ်မထိုးဟု ဗိုလ်ချုပ်ဂွန်မော်ပြော

Photo: စစ်ရေးအရ ဖိအားပေးလျှင် တစ်နိုင်ငံလုံးအပစ်ရပ် သဘောတူစာချုပ်တွင် လက်မှတ်မထိုးဟု ဗိုလ်ချုပ်ဂွန်မော်ပြော
Wednesday, April 23, 2014

စစ်ရေးအရ ဖိအားပေးမှုများရှိပါက တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးမည် မဟုတ်ကြောင်း ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော် ကပြောကြားလိုက်သည်။

အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေသော ဗိုလ်ချုပ်ဂွန်မော်သည် ၎င်း၏ခရီးစဉ်အတွင်း ကချင်တိုင်းရင်းသားမိသားစုများ နှင့် တွေ့ဆုံရာတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘တစ်ဖက်နဲ့တစ်ဖက် တွန်းအားပေးတဲ့၊ ဖိအားပေးတဲ့သဘောမျိုး တွေ့ရပါတယ်။ ထိုးစစ်ကို နည်းနည်းလုပ်လိုက်ရင်တော့ တအောင်းအဖွဲ့နဲ့ KIO ဘက်က အလွယ်တကူများ လက်မှတ်ရေးထိုးမလားဆိုတဲ့ အပိုင်းတွေလည်း ပါပါတယ်။ ဒါကြောင့်အခုနက ကျွန်တော်ပြောတာ ကျွန်တော်တို့က တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (NCA) အတွက် ကြိုးစားနေတဲ့ အချိန်အခါမှာ ဒီလိုမလုပ်ပါနဲ့။ စစ်ရေးအရ ဖိအားပေးရင် ကျွန်တော်တို့က လက်မှတ်ထိုးမှာမဟုတ်ဘူးလို့ ပြောရတဲ့ အနေအထားဖြစ်ပါတယ်’’ဟု ဗိုလ်ချုပ်ဂွန်မော်က ပြောသည်။

ဧပြီလအတွင်းက အစိုးရတပ်နှင့် ကေအိုင်အေ၊ တအောင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်(PSLF/TNLA) တို့ကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။

မကြာသေးမီက ဖြစ်ပွားခဲ့သော တိုက်ပွဲများသည် မမျှော်လင့်သည့် အနေအထားမှ ပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လာမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အပြောင်းအလဲမရှိ ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာ့ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးဗဟိုဌာန(MPC) အကြီးတန်းအကြံပေး ဦးလှမောင်ရွှေကပြောသည်။

ဗိုလ်ချုပ်ဂွန်မော်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး ၎င်းခရီးစဉ်အတွင်း ဗိုလ်ချုပ်ဂွန်မော်သည် ကုလအဖွဲ့နှင့် အမေရိကန်အစိုးရ အကြီးတန်းအရာရှိများကို တွေ့ ဆုံခဲ့ပြီး ကချင်အရေးနှင့် မြန်မာ့ ငြိမ်းချမ်းရေးဖြစ်စဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ကေအိုင်အေဒုတိယစစ်ဦးစီးချုပ်က မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် အမေရိကန်ပြည်ထောင်စုအနေဖြင့် ပါဝင်သွားရန်အတွက်လည်း တောင်းဆိုခဲ့သည်။

‘‘သဘောတူညီချက်တွေ ခိုင်မာစေဖို့ ကျွန်တော်တို့အနေနဲ့ အမေရိကန်ပြည်ထောင်စုကို လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်မှာ အသိသက်သေအနေနဲ့ ပါဝင်စေချင်ပါတယ်’’ဟု ဗိုလ်ချုပ်ဂွန်မော်က ရိုက်တာသတင်းဌာနအား ဧပြီ ၂၁ ရက်ကပြောကြားခဲ့သည်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန် ကေအိုင်အိုကိုယ်စားလှယ်များ ပါဝင်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)နှင့် အစိုးရတို့ မေလအတွင်း ထပ်မံ တွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်သည်။

7 day Daily
စစ်ရေးအရ ဖိအားပေးမှုများရှိပါက တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်စာချုပ်တွင် ပါဝင် လက်မှတ်ရေးထိုးမည် မဟုတ်ကြောင်း ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော် ကပြောကြား လိုက် သည်။

ကုန်စည်ပို့ဆောင်ရးဆိုင်ရာ အငြင်းပွားမှုတွေအတွက် ရေးဆွဲနေသည့် စည်းမျဉ်း

Photo: ကုန်စည်ပို့ဆောင်ရးဆိုင်ရာ အငြင်းပွားမှုတွေအတွက် ရေးဆွဲနေသည့် စည်းမျဉ်း
Wednesday, April 23, 2014

ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေမှာ ဖြစ်ပွားလေ့ရှိတဲ့ အငြင်းပွားမှုတွေနဲ့ သက်ဆိုင်တဲ့ စည်းကမ်းချက်တွေကို
 
အဝေးပြေးကုန်စည်ပို့ဆောင်မှု လုပ်ငန်းရှင်များအသင်းက ရေးဆွဲနေတယ်လို့ သိရပါတယ်။ အချက်(၁၃)ချက်ပါဝင်တဲ့ အဲ့ဒီစည်းကမ်းချက်တွေဟာ လမ်းခရီးအတွင်း ကုန်စည်ပျက်စီးမှုတွေရှိတဲ့ အခါမှာ လျော်ကြေးပေး မှုတွေအတွက် အငြင်းပွားစရာမဖြစ်အောင် ရည်ရွယ်ထားတယ်လို့ သိရပါတယ်။
 
လက်ရှိမှာတော့ အဲ့ဒီလို အငြင်းပွားမှုပြဿနာတွေ ဖြစ်ပေါ်လာရင်တော့ ပျက်စီးဆုံးရှုံးမှုအတွက် ယာဉ်ပိုင်ရှင်၊ ကားဂိတ်နဲ့ကုန်သည်တို့ အချိုးတူကျခံစေတယ်လို့ သိရပါတယ်။
 
ကုန်တင်ယာဉ်မောင်းတွေကတော့ လမ်းခရီးမှာ ကုန်ပစ္စည်း ပျက်စီး မှုတွေဖြစ်ပေါ်လာရင် ယာဉ်မောင်းတွေဟာ အဓိကတာဝန်ခံနေရတဲ့အတွက် အခုစည်းမျဉ်းသစ်ကို အတည်ပြုမယ်ဆိုရင် လက်ခံနိုင်တယ် လို့ ပြောဆိုကြပါတယ်။စည်းမျဉ်းမှုကြမ်းကိုတော့ အသင်းရဲ့ ဥပဒေအကြံပေးနဲ့ ညှိနှိုင်းမှုတွေပြုလုပ်ပြီး အတည်ပြုစည်းမျဉ်းစည်းကမ်းကို အမြန်ဆုံးထုတ်ပြန်ပေးသွားမှာ ဖြစ်တယ်လို့သိရပါတယ်။

MRTV-4
ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေမှာ ဖြစ်ပွားလေ့ရှိတဲ့ အငြင်းပွားမှုတွေနဲ့ သက်ဆိုင်တဲ့ စည်းကမ်းချက်တွေ ကို အဝေးပြေးကုန်စည်ပို့ဆောင်မှု လုပ်ငန်းရှင်များအသင်းက ရေးဆွဲနေတယ်လို့ သိရပါတယ်။ အချက်(၁၃) ချက် ပါဝင်တဲ့ အဲ့ဒီစည်းကမ်းချက်တွေဟာ လမ်းခရီးအတွင်း ကုန်စည်ပျက်စီးမှုတွေရှိတဲ့ အခါ မှာ လျော်ကြေးပေး မှုတွေအတွက် အငြင်းပွားစရာမဖြစ်အောင် ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

သင်္ကြန်ကာလ အတွင်း အမြန်လမ်းတွင် ယာဉ်တိုက်မှု ၂၂ မှု ဖြစ်ပွား၍ ၁၆ ဦးသေဆုံး

Photo: သင်္ကြန်ကာလ အတွင်း အမြန်လမ်းတွင် ယာဉ်တိုက်မှု ၂၂ မှု ဖြစ်ပွား၍ ၁၆ ဦးသေဆုံး
Wednesday, April 23, 2014

၂ဝ၁၄ ခုနှစ် ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ သင်္ကြန်ကာလ လေးရက်တာ ကာလအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆ ဖြစ်ပွားမှုပေါင်း ၂၂ မှု ဖြစ်ပွားခဲ့သည့် အနက် ၁၆ ဦး သေဆုံးပြီး ၄၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

၂ဝ၁၃ ခုနှစ် ပထမလေးလပတ် ကာလထက် ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဧပြီ ၁၇ ရက်အထိ ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှု ပိုမို များပြားလာခဲ့ကြောင်း၊ လေးလတာ အတွင်း ယာဉ်မတော်တဆမှု ၁၄၇ မှုဖြစ်ပွားခဲ့ရာ ၅၇ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ၂၆၂ ဦးအထိ ရှိခဲ့ကြောင်း အမြန်လမ်း ကွပ်ကဲမှု ရဲတပ်ဖွဲ့မှူးရုံး၏ သတင်း ထုတ်ပြန်ချက်များ အရ သိရသည်။

ယခုလအတွင်း ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးပေါ်တွင် ထိခိုက်ဒဏ်ရာ ရရှိမှုနှင့် လူသေဆုံးမှု အများဆုံးမှာ ဧပြီ ၁၂ ရက် နံနက်က ဖြစ်ပွား ခဲ့သည့် တောင်ကြီး-ရန်ကုန် ခရီး သည်တင် မှန်လုံယာဉ် တစ်စီးက အိမ်စီးကား တစ်စီးကို နောက်မှ ဝင်တိုက်၍ လူ ၁၃ ဦး သေဆုံးကာ ငါးဦးခန့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်ဟု ရန်ကုန်-မန္တလေး အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ယင်းကဲ့သို့ အမြန်လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆ ဖြစ်ပွားမှုနှုန်း မြင့်တက် လာခြင်းကို ကာကွယ်ရန် ယခုနှစ် ဖေဖော်ဝါရီမှ စတင်ကာ အမြန်လမ်းမကြီးပေါ် ဖြတ်သန်း မောင်းနှင်နေသော အိမ်စီးယာဉ်များ၊ အဝေးပြေး အိတ်စပတ်စ် ခရီးသည်တင် မော်တော်ကားကြီးများကို သတ်မှတ် မိုင်နှုန်းထက် ပိုမို မောင်းနှင်မှု မရှိစေရေး စစ်ဆေးမှု များအား အရှိန်မြှင့် ဆောင်ရွက်ခဲ့ရာတွင် အမှုပေါင်း ၄၅ဝ ခန့်ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်နိုင် ခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး၏ သတင်း ထုတ်ပြန်ချက်များ အရ စုံစမ်း သိရသည်။

မြ၀တီ
၂ဝ၁၄ ခုနှစ် ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ သင်္ကြန်ကာလ လေးရက်တာ ကာလအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆ ဖြစ်ပွားမှုပေါင်း ၂၂ မှု ဖြစ်ပွားခဲ့သည့် အနက် ၁၆ ဦး သေ ဆုံးပြီး ၄၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ပြည်လုံကျွတ် သန်းခေါင်စာရင်း အိမ်ထောင်စု ၁၁ သန်းခန့် စာရင်းကောက်ပြီးစီး

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်း ကောက်ယူခြင်း လုပ်ငန်းကို မတ် ၃၀ မှ ဧပြီ ၁၀ ရက်အထိ ၁၂ ရက်ကြာ ဆောင်ရွက်ခဲ့ရာ အိမ်ထောင်စု ၁၀၇၁၉၈၈၇ စု ကောက် ယူပြီးစီးကြောင်း ယနေ့သတင်း ထုတ်ပြန်သည်။

နစ်မြှုပ်သင်္ဘောပေါ်မှ မိုဘိုင်းဖုန်း အချက်အလက်တွေကို စစ်ဆေးနေ တဲ့ တောင် ကိုရီးယား စုံစမ်းစစ်ဆေးသူများ

Photo: နစ်မြှုပ်သင်္ဘောပေါ်မှ မိုဘိုင်းဖုန်း အချက်အလက်တွေကို စစ်ဆေးနေ တဲ့ တောင် ကိုရီးယား စုံစမ်းစစ်ဆေးသူများ
Wednesday, April 23, 2014

တောင်ကိုရီးယား နိုင်ငံက စုံစမ်းစစ်ဆေးသူတွေဟာ နစ်မြှုပ်ခဲ့တဲ့ ကူးတို့သင်္ဘော  Sewol  " ဆ၀ူး " ပေါ်မှာ ပါလာခဲ့တဲ့ခရီးသည် (၄၀၀)ကျော်နဲ့
သင်္ဘောအမှုထမ်းတွေရဲ့ မိုဘိုင်းဖုန်း အချက်အလက်တွေကို စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။ သင်္ဘောပေါ်က စွန့်ခွာဖို့ လုံလောက်တဲ့ အကြံဥာဏ် မရခဲ့ဘူးဆိုတဲ့ အသက်ရှင် လွတ်မြောက်လာသူတွေရဲ့ ပြောပြချက်ဟာ မှန်ကန်ခြင်းရှိ၊ မရှိ အတည်ပြုဖို့ စုံစမ်းစစ်ဆေးသူတွေက ဒီလိုလုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ခရီးသည် (၄၇၆)ဦးနဲ့ အမှုထမ်းတွေကို တင်ဆောင်လာတဲ့ ကူးတို့သင်္ဘောဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က တိမ်းမှောက်ခဲ့တာဖြစ်ပြီး သင်္ဘောပေါ်မှာ ပါလာသူအများစုဟာ အထက်တန်း ကျောင်းသားတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။
 
ဒီလိုတိမ်းမှောက်မှုကြောင့် သေဆုံးသူ (၁၀၄)ဦးထိ ရှိလာပြီး (၁၉၈)ဦး ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ သင်္ဘောတိမ်းမှောက်ခဲ့တဲ့အချိန်နဲ့ ဘယ်လိုတိမ်း မှောက်ခဲ့သလဲဆိုတာကို စုံစမ်းစစ်ဆေးသူတွေနဲ့ ကမ်းခြေစောင့်တပ်ဖွဲ့တစ်ဖွဲ့က စုံစမ်းနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် သူတို့ဟာ သင်္ဘောရဲ့ ကြေညာချက် ထုတ်ပြန်ရေးစနစ်ကနေ ဘယ်လို အကြံပေး ကြေညာချက် ထုတ်ပြန်ခဲ့သလဲဆိုတာကိုလည်း စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။ အသက်ရှင် လွတ်မြောက်လာတဲ့ ခရီးသည်တွေရဲ့ ပြောပြချက်တွေ အရတော့ သင်္ဘောတိမ်းမှောက်ချိန် မှာ မိမိရှိနေတဲ့ နေရာမှာ မိမိနေဖို့သာ ပြောခဲ့တယ်လို့ ဆိုပါတယ်။
 
အာဏာပိုင်တွေဟာ ဒီသင်္ဘော မှောက်မှုပြီးနောက် လူ(၄၄)ဦးကို နိုင်ငံတွင်းက ထွက်ခွာခွင့် ပိတ်ပင်လိုက်ပြီး အဲ့ဒီပိတ်ပင်ခံရသူတွေ ထဲမှာ ကူးတို့သင်္ဘောကို ပိုင်ဆိုင်တဲ့ ကုမ်္ပဏီက အလုပ်အမှုဆောင်တွေနဲ့ ၀န်ထမ်းတွေအပြင် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးမှာ ပါဝင်ပတ်သက်သူတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် သင်္ဘောကုမ္ပဏီ အနေနဲ့ ခရီးသည်တွေရဲ့ ဘေးကင်းလုံခြုံရေးနဲ့ ပတ်သက်ပြီး အရေး ပေါ်လေ့ကျင့်ရေး အစီအစဉ် လုပ်ဆောင်ခဲ့ခြင်းရှိ၊ မရှိ စုံစမ်းစစ်ဆေးနေရသလို ကုန်သေတ္တတွေကို လည်း ဘေးကင်းလုံခြုံစွာ တင်ဆောင်လာခြင်းရှိ၊ မရှိကိုလည်း စုံစမ်းစစ်ဆေး နေတယ်လို့ သိရပါတယ်။ စုံစမ်းစစ်ဆေးသူတွေဟာ သင်္ဘောမာလိန်မှူး၊ တတိယအရာရှိနဲ့ သင်္ဘောပဲ့ကိုင် တို့ကို ပေါ့ဆမှုနဲ့ ဖမ်းဆီးထားပြီး သင်္ဘောမတော်တဆမှု ဖြစ်ပွားချိန်မှာ တတိယအရာရှိက သင်္ဘောကို မောင်းနှင်နေတယ်လို့ သိရပါသည်။ 

MRTV-4
တောင်ကိုရီးယား နိုင်ငံက စုံစမ်းစစ်ဆေးသူတွေဟာ နစ်မြှုပ်ခဲ့တဲ့ ကူးတို့သင်္ဘော  Sewol  " ဆ၀ူး " ပေါ်မှာ ပါလာခဲ့တဲ့ခရီးသည် (၄၀၀)ကျော်နဲ့ သင်္ဘောအမှုထမ်းတွေရဲ့ မိုဘိုင်းဖုန်း အချက်အလက်တွေကို စုံစမ်း စစ်ဆေးနေတယ်လို့ သိရပါတယ်။ သင်္ဘောပေါ်က စွန့်ခွာဖို့ လုံလောက်တဲ့ အကြံဥာဏ် မရခဲ့ဘူးဆိုတဲ့ အသက်ရှင် လွတ်မြောက်လာသူတွေရဲ့ ပြောပြချက်ဟာ မှန်ကန်ခြင်းရှိ၊ မရှိ အတည်ပြုဖို့ စုံစမ်း စစ်ဆေး သူတွေက ဒီလိုလုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ခရီးသည် (၄၇၆)ဦးနဲ့ အမှုထမ်းတွေကို တင်ဆောင်လာတဲ့ ကူးတို့သင်္ဘောဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က တိမ်းမှောက်ခဲ့တာဖြစ်ပြီး သင်္ဘောပေါ်မှာ ပါလာသူအများစုဟာ အထက်တန်း ကျောင်းသားတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

အဝေးပြေးယာဉ်များ၏ အရေးပေါ်ထွက်ပေါက်များနှင့် ပတ်သက်ပြီး အသိပညာပေးမှုတွေ ပြုလုပ်လာသည့် အဝေးပြေးယာဉ်လိုင်းများ

Photo: အဝေးပြေးယာဉ်များ၏ အရေးပေါ်ထွက်ပေါက်များနှင့် ပတ်သက်ပြီး အသိပညာပေးမှုတွေ ပြုလုပ်လာသည့် အဝေးပြေးယာဉ်လိုင်းများ
Wednesday, April 23, 2014

အဝေးပြေးယာဉ်လိုင်းတွေအနေနဲ့ ယာဉ်မတော်တဆမှုတွေဖြစ်ပွားတဲ့အခါမှာ ခရီးသည်တွေရဲ့ ဘေးကင်းလုံခြုံမှုအတွက် ယာဉ်ရဲ့အရေးပေါ် ထွက်ပေါက် အသုံးပြုပုံတွေနဲ့ပတ်သက်ပြီး ယာဉ်နောက်လိုက်တွေကို အသိပညာပေးမှုတွေ ပြုလုပ်လာကြတယ်လို့ သိရပါတယ်။ လက်ရှိ အဝေးပြေးယာဉ်တွေ မတော်တဆမှုဖြစ်ပွားရာမှာတော့ ယာဉ်မတော်တဆမှုကြောင့် အသက်ဆုံးရှုံးရမှုတွေရှိသလို ခရီးသည်တွေအနေနဲ့ ယာဉ်ပေါ်မှာပါတဲ့ အရေးပေါ်ထွက်ပေါက်တွေနဲ့ ပတ်သက်ပြီးသေချာစွာ အသုံးမပြုတတ်တာကြောင့် မလိုလားအပ်ဘဲ အသက်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတာတွေ့ရပါတယ်။
 
လက်ရှိအဝေးပြေးယာဉ်လိုင်းတွေမှာ အသုံးပြုနေတဲ့ ယာဉ်အများစုကတော့ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံနဲ့ ကိုရီးယားနိုင်ငံထုတ်ယာဉ်တွေဖြစ်ပြီး အမျိုးအစားပေါ်မူတည်ကာ ယာဉ်ရဲ့တည်ဆောက်ပုံခြင်း ကွာခြားမှုတွေရှိပါတယ်။ ဒါပေမယ့် ယာဉ်အမျိုးအစားအားလုံးမှာတော့ ယာဉ်မတော်တဆ မှုတွေဖြစ်ပေါ်လာတဲ့အခါ ခရီးသည်တွေလွတ်မြောက်နိုင်တဲ့အတွက် အရေးပေါ်ထွက်ပေါက်တွေနဲ့ အရေးပေါ်သုံးပစ္စည်းတွေပါရှိတယ်လို့ သိရပါတယ်။
 
ဒါပေမယ့် ခရီးသည်တွေအနေနဲ့ ယာဉ်ရဲ့အရေးပေါ်ထွက်ပေါက်တွေနဲ့ပတ်သက်ပြီး သိရှိမှုအားနည်းနေသလို ယာဉ်အမျိုးအစားကိုလိုက်ပြီး အရေးပေါ်ထွက်ပေါက်ထားရှိရာနေရာ ကွာခြားမှုတွေရှိနေတာကြောင့် ယာဉ်လိုင်းတွေအနေနဲ့ ခရီးသည်တွေရဲ့ လုံခြုံမှုအတွက် မိမိတို့ယာဉ်လိုင်းရဲ့ ယာဉ်နောက်လိုက်တွေကို အရေးပေါ်ထွက်ပေါက် အသုံးပြုပုံနဲ့ပတ်သက်ပြီး လေ့ကျင့်သင်ကြားပေးမှုတွေ ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။
 
မကြာမီကာလအတွင်းက ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်မှာ ဖြစ်ပွားခဲ့တဲ့ တောင်ပြာတန်း အဝေးပြေးယာဉ်ရဲ့ မတော်တဆမှုမှာတော့ ခရီးသည်တွေနဲ့ ယာဉ်နောက်လိုက်တွေ အနေနဲ့ အရေးပေါ်ထွက်ပေါက်တွေနဲ့ပတ်သက်ပြီး ကောင်းစွာမသိရှိတာကြောင့် ခရီးသည်(၆) ဦး အသက်ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

MRTV-4
အဝေးပြေးယာဉ်လိုင်းတွေအနေနဲ့ ယာဉ်မတော်တဆမှုတွေဖြစ်ပွားတဲ့အခါမှာ ခရီးသည်တွေရဲ့ ဘေးကင်း လုံခြုံမှု အတွက် ယာဉ်ရဲ့အရေးပေါ် ထွက်ပေါက် အသုံးပြုပုံတွေနဲ့ပတ်သက်ပြီး ယာဉ်နောက်လိုက်တွေကို အသိပညာပေးမှုတွေ ပြုလုပ်လာကြတယ်လို့ သိရပါတယ်။ လက်ရှိ အဝေးပြေးယာဉ်တွေ မတော်တဆ မှုဖြစ်ပွား ရာမှာတော့ ယာဉ်မတော်တဆမှုကြောင့် အသက်ဆုံးရှုံးရမှုတွေရှိသလို ခရီးသည်တွေအနေနဲ့ ယာဉ်ပေါ်မှာ ပါတဲ့ အရေးပေါ်ထွက်ပေါက်တွေနဲ့ ပတ်သက်ပြီးသေချာစွာ အသုံးမပြုတတ်တာကြောင့် မလို လား အပ်ဘဲ အသက်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတာတွေ့ရပါတယ်။

လက်မောင်းမှာ ဗုဒ္ဓရုပ်ပွားတော်ပုံ တက်တူးထိုးထားတဲ့ ဗြိတိန်ခရီးသွား တစ်ယောက်ကို ဖမ်းဆီးပြီး သီရိလင်္ကာကနေ ပြည်နှင်ဒဏ်ပေးခဲ့

Photo: လက်မောင်းမှာ ဗုဒ္ဓရုပ်ပွားတော်ပုံ တက်တူးထိုးထားတဲ့ ဗြိတိန်ခရီးသွား တစ်ယောက်ကို ဖမ်းဆီးပြီး သီရိလင်္ကာကနေ ပြည်နှင်ဒဏ်ပေးခဲ့
Wednesday, April 23, 2014

အသက် ၃၇ နှစ်အရွယ် Naomi Michelle Coleman ဆိုသူ ဗြိတိန်အမျိုးသမီးခရီးသွားတစ်ယောက်ကို သီရိလင်္ကာနိုင်ငံ ၊ ကိုလံဘိုမြို့ တော်က Bandaranaike အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သီရိလင်္ကာအာဏာပိုင် တွေက တင်္နလာနေ့ က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ သူမဟာ အိန္ဒိယနိုင်ငံကနေ သီရိလကာင်္နိုင်ငံကို လေယာဉ်နဲ့  ရောက်ရှိလာသူပါ။

ရဲအဖွဲ့ ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သူမဟာ ‘ တခြားလူမျိုးတွေရဲ့ ဘာသာရေးခံယူချက်တွေကို ထိပါးအောင် လုပ်မှု’ နဲ့ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။ Naomi ဟာ သူမရဲ့ လက်မောင်းမှာ ဗုဒ္ဓရုပ်ပွားတော်ပုံ ဆေးမင်ထိုးထားမှုကြောင့် အခုလို ဖမ်းဆီးခံခဲ့ရတာပါ။

သူမ ကိုဖမ်းဆီးပြီးမကြာမီမှာပဲ သီရိလင်္ကာရာဇ၀တ်တရားသူကြီးက ပြည်နှင်ဒဏ်အမိန့် ချမှတ်ခဲ့တယ်လို့  သိရပါတယ်။ လက်ရှိတော့ နိုင်ငံခြားသားထိန်းသိမ်းရေးစင်တာမှာ သူမကို ထိန်းသိမ်းထားတယ်လို့  သိရပါတယ်။

သိရီလင်္ကာနိုင်ငံဟာ ဗုဒ္ဓဘာသာကို အလေးထားကိုးကွယ်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အာဏာပိုင်တွေဟာ ဗုဒ္ဓဘာသာကို စော်ကားရာရောက်တဲ့ အပြုအမူတွေအပေါ် ပြင်းထန်တဲ့ပြစ်ဒဏ်ချမှတ်လေ့ရှိပါတယ်။

လွန်ခဲ့တဲ့နှစ်တုန်းကလည်း Notthingham မြို့ သား Anthony Ratcliffe ကို ဗုဒ္ဓရုပ်ပွားတော်ပုံ ဆေးမင် ပါရှိမှုကြောင့် နိုင်ငံထဲ ၀င်ခွင့်တားမြစ်ခဲ့ပြီး ပြင်သစ်ခရီးသွားသုံးယောက်ကိုလည်း ဗုဒ္ဓရုပ်ပွားတော်ကို နမ်းရှုံ့ ခဲ့ မှုကြောင့် ထောင်ဒဏ်ချမှတ်ခဲ့ပါသေးတယ်။

Trend Myanmar
အသက် ၃၇ နှစ်အရွယ် Naomi Michelle Coleman ဆိုသူ ဗြိတိန်အမျိုးသမီးခရီးသွားတစ်ယောက်ကို သီရိ လင်္ကာနိုင်ငံ ၊ ကိုလံဘိုမြို့ တော်က Bandaranaike အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သီရိလင်္ကာ အာဏာပိုင် တွေက တင်္နလာနေ့ က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ သူမဟာ အိန္ဒိယနိုင်ငံကနေ သီရိ လကာင်္နိုင်ငံ ကို လေယာဉ်နဲ့  ရောက်ရှိလာသူပါ။

မန္တလေးတွင် နေ့အပူချိန်မြင့်တက်၍ တစ်ရက်အတွင်း ခြောက်ဦးသေဆုံး

Photo: မန္တလေးတွင် နေ့အပူချိန်မြင့်တက်၍ တစ်ရက်အတွင်း ခြောက်ဦးသေဆုံး
Wednesday, April 23, 2014

မြန်မာတစ်နိုင်ငံလုံးတွင် ခရမ်းလွန် ရောင်ခြည် အညွှန်းကိန်းတန်ဖိုးများ လွန်ကဲအဆင့်သို့ ရောက်ရှိနေပြီး မန္တလေးတိုင်း ဒေသကြီး၏ နေ့အပူချိန်မှာ ဧပြီလအတွင်း မြင့်တက်လာသဖြင့် အပူဒဏ်ကြောင့် ဧပြီလ၂၁ ရက်နေ့ တစ်ရက်အတွင်း လူခြောက်ဦး သေဆုံးခဲ့ကြောင်း မန္တလေး ပြည်သူ့ဆေးရုံကြီးနှင့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

ယင်းအပြင် အပူဒဏ်ကြောင့် ဧပြီလ ၂၁ ရက်နေ့တွင် လူခြောက်ဦး၊ ဧပြီလ ၂၂ ရက်နေ့တွင် လူငါးဦး စုစုပေါင်း ၁၁ ဦး မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေကြောင်း အဆိုပါ ဆေးရုံကြီး ဆေးနှင့် လူမှုဆက်ဆံရေး အရာရှိ ဦးမင်းလွင်က ပြောကြားသည်။

“အဓိက ဖြစ်တဲ့သူတွေကတော့ နေပူထဲမှာ လုပ်ကိုင်တဲ့ လက်လုပ်လက်စားတွေ၊ နေပူထဲမှာနေတဲ့ ကလေးငယ်လေးတွေ၊ အရက်သမားတွေ သူတို့တွေက ပိုပြီး အဖြစ်များတယ်” ဟု ၎င်းကဆိုသည်။

ဧပြီလ ၂၁ ရက်နေ့တွင် မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ မန္တလေးမြို့ပေါ်မှ အရက်အလွန်အကျွံ သောက်သုံးသူနှင့် နေပူထဲတွင် အလုပ် လုပ်ကိုင်သည့် လူရှစ်ဦး ရောက်ရှိလာကာ နှစ်ဦးမှာအပူရှပ် (Heat Stroke) သေဆုံးပြီး ရောက်ရှိလာခဲ့ကြောင်း ဦးမင်းလွင်က ထပ်မံပြောကြားသည်။
“မနေ့က နေတော်တော်လေး ပူတယ်။ ချွေးတွေထွက် မူးလဲပြီး ဆေးရုံ ရောက်လာတာ” ဟု မန္တလေး ဆေးရုံကြီးသို့ ဧပြီလ ၂၁ ရက်နေ့တွင် ရောက်ရှိကာ ဆေးကုသမှု ခံယူနေသည့် မန္တလေးမြို့ခံ ကျပန်း အလုပ်လုပ်ကိုင်သူ အသက် ၈၃ နှစ် အရွယ်ရှိ ဦးငွေအောင်က ဆိုသည်။

အပူရှပ်ခြင်းကြောင့် ဆေးရုံသို့ ရောက်ရှိလာသူ များသည် အသက် ၂၀ နှစ်မှ ၈၀ နှစ်ကျော်များ ဖြစ်ကြပြီး သေဆုံးသူ နှစ်ဦးသည် အသက် ၃၀ နှစ်ခန့် ရှိကြောင်း ဦးမင်းလွင်က ပြောဆိုသည်။
“ဧပြီ ၂၁ ရက်နေ့ ညနေ ၆ နာရီခွဲလောက်မှာ ရောက်လာတယ်။ အပူကြောင့် သေဆုံးသွားတဲ့ အလောင်းနှစ်လောင်းပါ ရောက်လာတယ်။ ယောက်ျားလေး တစ်ယောက်၊ မိန်းကလေးတစ်ယောက် သေတာ။ ကျန်တဲ့သူတွေကတော့ လူနာရဲ့ အခြေအနေပေါ်မှာ မူတည်ပြီး ဆေးရုံမှာ ဆက်ထားသွားမှာ။ ကျွန်တော်တို့ဆေးရုံ အနေနဲ့ကလည်း ရေခဲတွေ၊ လိုအပ်တဲ့ ဆေးဝါးတွေ၊ လူအင်အားတွေကို အဆင်သင့် လုပ်ထားပါတယ်” ဟု ၎င်းကထပ်မံဆိုသည်။
မန္တလေးခရိုင် မဟာအောင်မြေ မြို့နယ်တွင် ဧပြီလ ၂၁ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်က အခြေအနေမဲ့ သွားလာနေထိုင်နေသည့် အမျိုးသမီး တစ်ဦးသည် အရက်အလွန်အကျွံ သောက်စား၍ လမ်းဘေးတဲ အတွင်းတွင် သေဆုံးနေကြောင်း၊ အဆိုပါ နေ့ရက်တွင်ပင် အမရပူရမြို့နယ် ရှမ်းလေးကျွန်း ကျေးရွာထိပ် လမ်းလယ်ကျွန်းပေါ်တွင် အသက် ၃၇ နှစ်အရွယ် အမျိုးသား တစ်ဦးသည် အစာရေစာ ပြတ်လပ်၍ အပူကြောင့် အင်အားချိနဲ့ သေဆုံးနေကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

ယင်းနေ့တွင်ပင် မိတ္ထီလာမြို့ မြင်းကန်ကျေးရွာ အနီးတွင် အသက် ၄၀ နှစ်အရွယ်ရှိ အမျိုးသား တစ်ဦးသည် အရက်အလွန်အကျွံ သောက်ပြီး သေဆုံးခဲ့ကြောင်း၊ ယင်းအပြင် မြင်းခြံမြို့နယ်ရှိ ဘုန်းကြီးကျောင်း အတွင်းတွင် အသက် ၈၀ နှစ်အရွယ်ရှိ အမျိုးသမီးကြီး တစ်ဦးသည် ပြင်ပဒဏ်ရာ မရှိဘဲ သေဆုံးနေခဲ့သဖြင့် အဆိုပါ သေမှုသေခင်းနှင့် ပတ်သက်ပြီး သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း အဆိုပါ ရုံးမှတ်တမ်းအရ ထပ်မံသိရသည်။

ရာသီဥတု ခန့်မှန်းချက်အရ လက်ရှိ နှစ်နွေရာသီတွင် အပူလွန်ကာလ ဖြတ်သန်းရဖွယ် ရှိသဖြင့် ရာသီဥတု ပူပြင်းသော အချိန်တွင် အပူလွန်ရောဂါများ၊ အပူရှပ်ခြင်း (Heat Stroke) ဖြစ်ပွားလာပါက အဆင်သင့် ကုသနိုင်ရန် မန္တလေး ဆေးရုံကြီးတွင် ဆေးဝါးများ၊ ရေခဲများ၊ အခန်းများကို မတ်လ တတိယ အပတ်မှစတင်ပြီး ကြိုတင် ပြင်ဆင်ထား ခဲ့ကြောင်း မန္တလေး ဆေးရုံကြီးဆေးနှင့် လူမှုဆက်ဆံရေးအရာရှိ ဦးမင်းလွင်က The Voice သို့ ပြောကြားထားသည်။

Heat Stroke ဖြစ်၍ ရောက်လာသော လူနာများအတွက် မန္တလေးတိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနနှင့် လူမှုကူညီရေး အသင်းများက ကူညီဆောင်ရွက်ပေးခြင်းအပြင် အရေးပေါ် လူနာကုသဌာနတွင် ဝန်ထမ်းအင်အား ၈၀ ကျော် ထားရှိထားကြောင်း မန္တလေး ပြည်သူ့ဆေးရုံကြီး မှတ်တမ်းများအရ ထပ်မံသိရသည်။

အပူရှပ်ခြင်း (Heat Stroke) ဖြစ်ပွားပါက အပူချိန် ကျသွားစေရန် ရေစိမ်ထားသည့် တဘက်ဖြင့် ခန္ဓာကိုယ်ကို ပတ်ထားခြင်း၊ လေအေးပေးစက် ဖွင့်ထားစေခြင်း၊ နေရောင်ခြည်ဖြင့် တိုက်ရိုက် မထိတွေ့စေခြင်းတို့ ပြုလုပ်ရန် လိုအပ်ကြောင်း မန္တလေး ပြည်သူ့ဆေးရုံကြီး ဆေးနှင့် လူမှုဆက်ဆံရေး အရာရှိ ဦးမင်လွင်က ထပ်မံပြောကြားသည်။

ပြီးခဲ့သည့်၂၀၁၀ ပြည့်နှစ် မေလက ပြင်းထန်သော အပူချိန်ကြောင့် မန္တလေးတိုင်းဒေသကြီးတွင် လူရာချီ သေဆုံးခဲ့သည်။ မန္တလေးတိုင်းဒေသကြီးတွင် အမြင့်ဆုံး နေ့အပူချိန်မှာ ဧပြီလ ၂၁ ရက်နေ့ တိုင်းတာချက်အရ မန္တလေးမြို့တွင် ၄၂ ဒသမ ၂ ဒီဂရီစင်တီဂရိတ်၊ ပြင်ဦးလွင်တွင် ၃၃ ဒသမ ၅ ဒီဂရီစင်တီဂရိတ်၊ ကျောက်ဆည်တွင် ၄၁ ဒသမ ၆ ဒီဂရီ စင်တီဂရိတ်၊ မြင်းခြံတွင် ၄၁ ဒသမ ၆ ဒီဂရီစင်တီဂရိတ်၊ ညောင်ဦးတွင် ၄၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်၊ ရမည်းသင်းတွင် ၄၀ ဒသမ ၆ ဒီဂရိစင်တီဂရိတ်တို့ ရှိကြောင်း မန္တလေးတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

သင်္ကြန်ကာလ အပြီးတွင် အပူချိန် သိသိသာသာ မြင့်တက်လာမှုကြောင့် မိုးရွာစေရန် မန္တလေးမြို့တော်တွင် မိုးခေါ် လွန်ဆွဲပွဲများ ကျင်းပလျက် ရှိသည်။

The Voice Weekly
မြန်မာတစ်နိုင်ငံလုံးတွင် ခရမ်းလွန် ရောင်ခြည် အညွှန်းကိန်းတန်ဖိုးများ လွန်ကဲအဆင့်သို့ ရောက်ရှိနေပြီး မန္တလေးတိုင်း ဒေသကြီး၏ နေ့အပူချိန်မှာ ဧပြီလအတွင်း မြင့်တက်လာသဖြင့် အပူဒဏ်ကြောင့် ဧပြီလ၂၁ ရက်နေ့ တစ်ရက်အတွင်း လူခြောက်ဦး သေဆုံးခဲ့ကြောင်း မန္တလေး ပြည်သူ့ဆေးရုံကြီးနှင့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

အတိုက်ခံရသည့် အမ်အေအိုင်လေယာဉ်သည် သမ္မတစီးသည့် လေယာဉ်ဟုဆို

Photo: အတိုက်ခံရသည့် အမ်အေအိုင်လေယာဉ်သည် သမ္မတစီးသည့် လေယာဉ်ဟုဆို
Wednesday, April 23, 2014

အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI), A319, Airbus XY-AGR ကို မတော်တဆ လာရောက် ထိခိုက်မှု ဖြစ်ပွားခဲ့သည့် လေယာဉ်သည် သမ္မတဦးသိန်းစိန် ပြည်ပခရီးစဉ် သွားသည့်အခါ အသုံးပြုသည့် လေယာဉ်ဖြစ်သည်ဟု အဆိုပါ လေကြောင်းလိုင်းဥက္ကဋ္ဌ ဦးခင်မောင်လတ်က ပြောသည်။

maiဦးခင်မောင်လတ်က “ဒီလေယာဉ်က သမ္မတသုံးတဲ့ လေယာဉ် ဖြစ်တယ်။ ဒီလေယာဉ်က တော်တော် ကောင်းတယ်။ အဲဒါကြောင့် အရမ်းနှမြောတယ်” ဟု ပြောသည်။
အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း ရုံးချုပ်တည်ရာ ဆာကူရာတာဝါတွင် ယခုလ ၂၂ ရက်က ကျင်းပ ပြုလုပ်ခဲ့သည့် ယင်းကိစ္စနှင့်ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲအပြီးတွင် မဇ္ဈိမ၏ မေးမြန်းချက်ကို ၎င်းက အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
၂၀၁၄ ခုနှစ် ဧပြီ ၁၄ ရက် နံနက် ၆ နာရီ ၄၀ မိနစ်ခန့်တွင် Golden Myanmar Airline (GMA) ပိုင် XY-AGT လေယာဉ်အား Bay-1 မှ လေယာဉ်ထွက်ခွာရာနေရာသို့ ဆွဲလာပြီး လေယာဉ်ဆွဲယာဉ်မှ ဖြုတ်လိုက် စဉ် လေယာဉ်သည် ပေ ၁,၆၀၀ ခန့် အကွာအဝေးသို့ ဆက်လက်ရွေ့လျားသွားပြီး Bay -2 တွင် ညအိပ် ရပ်နားထားသော အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းပိုင် XY-AGR လေယာဉ်၏ နောက်ပိုင်းသို့ GMA လေယာဉ်ဦးပိုင်းဖြင့် အရှိန်မထိန်းနိုင်ဘဲ တည့်တည့်ဝင်တိုက်မိခြင်း ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ဦးခင်မောင်လတ်က “GMA လေယာဉ်ရဲ့ လေယာဉ်မှူးအခန်းထဲမှာ အင်ဂျင်နီယာ နှစ်ယောက် ပါတယ်။ လေယာဉ်အပေါ်နဲ့ အောက်ဆက်သွယ်တဲ့ သူလည်းရှိတယ်။ လုပ်ရမယ့် အစီအစဉ်အတိုင်း မလုပ်လို့ဖြစ် ရတာ။ လေကြောင်းလိုင်းတွေ အရမ်း များလာတယ်။ တကယ်ကျွမ်းကျင်တဲ့သူ ဟုတ်လား၊ မဟုတ်လား ဆိုတာ မသိဘူး” ဟု ပြောသည်။
လက်ရှိတွင် လေယာဉ်ထုတ်လုပ်သည့် ပြင်သစ်ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် အာမခံထားသည် စင်ကာပူ နိုင်ငံ Pana Harrison မှ တာဝန်ရှိသူများက လာရောက် စစ်ဆေးလျက်ရှိပြီး MAI လေယာဉ် အလုံးစုံ အာ မခံအတွက် အမေရိကန်ဒေါ်လာ ၇၅၀ သန်းထားရှိပြီး လေယာဉ်ကိုယ်ထည် အာမခံ တစ်ခုတည်းအတွက် အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၅ သန်း ထားသည်ဟု ဆိုသည်။

၎င်းက “အဲဘတ်စ်ထုတ်လုပ်တဲ့ ပြင်သစ်ကုမ္ပဏီက ကြီးမားတဲ့ ပျက်စီးမှုလို့ ပြောတယ်။ အာမခံပေါ်လစီ အတိုင်း သွားမယ်” ဟု ဖြည့်စွက်ပြောသည်။
MAI လေယာဉ်၏ ညာဘက်နောက်ပိုင်း Frame 62 မှ Fraqme 71 ညာဘက်ခြမ်း ညာဘက်တံခါးပေါက် Nose Landing Gear နှင့် Toilet No-2 တို့ ပျက်စီးသွားပြီး GMA လေယာဉ်မှ Radome မှာ မြေပြင်သို့ ပြုတ်ကျပြီး Nose Section ပျက်စီးသွားသည်။
တိုက်မိခံရသည့်MAI လေယာဉ်သည် အသုံးပြုခဲ့သည့်သက်တမ်း ၁၂နှစ်ခန့်ရှိပြီး မြန်မာနိုင်ငံတွင် လေ ယာဉ်သက်တမ်းမှာ နှစ် ၂၀ ကျော်အထိ အသုံးပြုနိုင်သည်။

Mizzima - News in Burmese
အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI), A319, Airbus XY-AGR ကို မတော်တဆ လာရောက် ထိ ခိုက်မှု ဖြစ်ပွားခဲ့သည့် လေယာဉ်သည် သမ္မတဦးသိန်းစိန် ပြည်ပခရီးစဉ် သွားသည့်အခါ အသုံးပြု သည့် လေယာဉ်ဖြစ်သည်ဟု အဆိုပါ လေကြောင်းလိုင်းဥက္ကဋ္ဌ ဦးခင်မောင်လတ်က ပြောသည်။

လေယာဉ်ဘီးထဲမှာ လိုက်ပါသွားတဲ့ ဆယ်ကျော်သက်တစ်ဦး

Photo: လေယာဉ်ဘီးထဲမှာ လိုက်ပါသွားတဲ့ ဆယ်ကျော်သက်တစ်ဦး
Wednesday, April 23, 2014

တာဝန်ရှိသူတွေရဲ့ အဆိုအရ ဆယ်ကျော်သက်တစ်ဦးဟာ ပင်လယ်ရေ မျက်နှာပြင်အထက် ပေပေါင်း(သုံးသောင်းရှစ်ထောင်)အထက်မှာ
အောက်ဆီဂျင်မရှိခဲ့သလို အပူချိန် အနုတ်ဇီးရိုးအောက်မှာ (၅)နာရီနီးပါး လေယာဉ်ဘီးရဲ့ အကန့်ထဲမှာ လိုက်ပါသွားခဲ့တယ်လို့ သိရပါတယ်။
 
(၁၆)နှစ်အရွယ် အဲ့ဒီသူဟာ ကယ်လီဖိုးနီးယားပြည်နယ် ဆန်းဂျို့မြို့ကနေ ဟာဝိုင်ရီပြည်နယ် ရဲ့ ဒုတိယအကြီးဆုံးကျွန်းဖြစ်တဲ့ မာဝီကျွန်းကို ဘိုးအင်း(၇၆၇)ရဲ့ ဘီးထဲကနေ လိုက်ပါသွားခဲ့တာ ဖြစ်ပါတယ်။ စောင့်ကြည့်ရေးကင်မရာတွေအရ သူဟာ ဆန်းဂျို့လေဆိပ်မှာ ခြံစည်းရုံးကို ခုန်ကျော် ၀င်ရောက်ခဲ့ပြီး ဟာဝါရီကို သွားမယ့်လေယာဉ်ဆီကို လမ်းလျှောက်သွားခဲ့တယ်လို့ သိရပါတယ်။
 
အဲ့ဒီဆယ်ကျော်သက်ဟာ အိမ်ကနေ ထွက်ပြေးလာပုံရပြီး ဘီးတစ်ချောင်းသာ ယူဆောင်လာခဲ့တယ် လို့ဆိုပါတယ်။ အခုလောလောဆယ်မှာတော့ သူ့ကို ဟာဝိုင်ရီမှာရှိတဲ့ လူငယ်ထိန်းသိမ်းရေးစခန်းမှာ ထားရှိထားတယ်လို့သိရပါတယ်။ ၁၉၅၇ ခုနှစ်ကတည်းက အခုလို လေယာဉ်ဘီးထဲမှာ လိုက်ပါ သွားသူဦးရေ(၁၀၅)ဦးရှိခဲ့ပြီး အသက်ရှင်မှု ရာခိုင်နှုန်း(၂၄)ရာခိုင်နှုန်း ရှိခဲ့တယ်လို့လည်း သိရပါသည်။

MRTV-4
တာဝန်ရှိသူတွေရဲ့ အဆိုအရ ဆယ်ကျော်သက်တစ်ဦးဟာ ပင်လယ်ရေ မျက်နှာပြင်အထက် ပေပေါင်း (သုံးသောင်းရှစ်ထောင်)အထက်မှာ အောက်ဆီဂျင်မရှိခဲ့သလို အပူချိန် အနုတ်ဇီးရိုးအောက်မှာ (၅) နာရီ နီးပါး လေယာဉ် ဘီးရဲ့ အကန့်ထဲမှာ လိုက်ပါသွားခဲ့တယ်လို့ သိရပါတယ်။

မြောက်ကိုရီးယား နျူကလီးယား စမ်းသပ်မှုအရှိန်မြှင့်

မြောက်ကိုရီးယားတို့ဘက်မှ နျူ ကလီးယားစမ်းသပ်မှု အရှိန်မြှင့် လျက်ရှိကြောင်း တောင်ကိုရီးယား သမ္မတ က ပြော ကြားလိုက်သည်။

လက်ပံတောင်းဒေသခံ ဘွဲ့ရလုပ်သားများ ဆန္ဒထုတ်ဖော်မည်

ဝမ်ပေါင်ကုမ္ပဏီနှင့် လစာညှိနှိုင်းမှုမှာ တစ်လပြည့်သည်အထိ မပြေလည်သည့်အတွက် လက်ပံတောင်း ဒေ သ ခံကျေးရွာ၂၆ ရွာမှ ဘွဲ့ရလုပ်သားများ ဧပြီလ ၂၃ ရက်နေ့ (ယနေ့) တွင် လစာ တိုးမြှင့် ရရှိရန် လူအင် အား ၃၅၀ ဖြင့် ယင်းကုမ္ပဏီ အနီးတွင် ဆန္ဒထုတ်ဖော်မည် ဖြစ်ကြောင်း လုပ်သား ခေါင်းဆောင် တစ်ဦး က ပြောကြားသည်။

ပုဂံဘုရားအချို့ပေါ်သို့ နိုင်ငံခြားသားများ ခိုးဝှက်တက်ရောက်

Photo: ပုဂံဘုရားအချို့ပေါ်သို့ နိုင်ငံခြားသားများ ခိုးဝှက်တက်ရောက်
Wednesday, April 23, 2014

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေသို့ လာရောက်ကြသည့် ပြည်ပ ခရီးသွား အချို့သည် တက်ရောက် ကြည့်ရှုခွင့် တားမြစ်ထားသော စေတီပုထိုးများပေါ်သို့ ခိုးဝှက် တက်ရောက်မှုများ ရှိနေသည်ကို မြင်တွေ့နေရကြောင်း ဒေသခံများက ပြောကြားသည်။
စဥ့်သုတ်အုတ်၊ ဘီလူးပန်းဆွဲများ ပျက်စီးနိုင်သည့်အတွက် တက်ရောက် ကြည့်ရှုခွင့် ပိတ်ပင်ထားသော မင်္ဂလာ စေတီပေါ်သို့ နိုင်ငံခြားသား ခရီးသွား ဆယ်ဂဏန်းခန့် နေဝင်ချိန် ရှုခင်းကြည့်ရန် လာရောက်လေ့ ရှိကြောင်း စေတီအနီးရှိ ဒေသခံများနှင့် မျက်မြင် တွေ့ရှိသူ ဘုရားဖူးအချို့က ဆိုသည်။

နိုင်ငံခြားသား ခရီးသွားအချို့မှာ ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ဝင်ကြေး (Zone Fees) မပေးဆောင်လိုသဖြင့် တရားဝင် တက်ရောက်ခွင့် ပြုထားသော စေတီပုထိုးများကို ရှောင်ရှားကာ ယင်းသို့ ပိတ်ပင်ထားသော စေတီများပေါ်သို့ ခိုးဝှက် တက်ရောက်ခြင်း ဖြစ်ကြောင်း ပုဂံ ရှေးဟောင်း သုတေသန ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“အစိုးရက အများကြီး လျှော့ပေးထားတော့ သူတို့က လူပါးဝနေတာ။ ဒီလို ကိစ္စရပ်တွေကို အရေးယူနိုင်တဲ့ ဥပဒေတွေလည်း မရှိသေးဘူး။ ဒါအစိုးရနဲ့ ဆိုင်တယ်” ဟု ၎င်းကဆိုသည်။

ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ပျက်စီးဆုံးရှုံးမှု မဖြစ်စေရန် ကာကွယ် တားမြစ်ထားသော်လည်း ယင်းသို့ ကျူးကျော်မှုများကို တားဆီးရန် လိုကြောင်း၊ ဥပဒေများ မရှိသေးသည့်အတွက် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများအရ ရှင်းပြ ပြောဆိုမှုသာ ပြုလုပ်နိုင်ကြောင်း နေပြည်တော်ရှိ ရှေးဟောင်း သုတေသန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ရှင်းပြသည်။
“ဒီလို ဖြစ်ရပ်တွေအတွက် ရှေးသုတစ်ဌာနတည်းနဲ့ လုံးဝဥဿုံ မကာကွယ်နိုင်ဘူးလေ။ ဝိုင်းဝန်း တားမြစ်ဖို့ လိုပါတယ်။ တာဝန်သိသူတွေက ဒီလို ဖြစ်ရပ်တွေတွေ့ရင် ဝိုင်းဝန်းတား မြစ်စေလိုတယ်” ဟု ၎င်းကဆိုသည်။
ပုဂံဒေသတွင် အပေါ်သို့တက် ရောက်ကြည့်ရှုနိုင်သော စေတီပုထိုးပေါင်း သုံးဆယ်ကျော် ရှိပြီး ပုဂံမျှော်၊ တောင်ဂူနီ၊ မြောက်ဂူနီ၊ သိကြားပုန်း၊ သစ္စာဝတီ အမည်ရှိ စေတီ ၅ ဆူပေါ်သို့သာ တက်ရောက် ကြည့်ရှုခွင့် ပြုထားကြောင်း ဒေသခံများက ဆိုသည်။

မင်္ဂလာစေတီကို ပုဂံခေတ်နှောင်းပိုင်း အေဒီ ၁၂၆၀ ခုနှစ်တွင် တရုတ်ပြေးမင်းခေါ် နရသီဟပတေ့မင်းက တည်ထား ကိုးကွယ်ခဲ့ပြီး စဥ့်သုတ် ရုပ်ကြွများဖြင့် တန်ဆာ ဆင်ထားကြောင်း၊ စေတီရံများကိုလည်း စဥ့်သုတ်အုတ်၊ စဥ့်သုတ် ဘီလူးပန်းဆွဲများဖြင့် ဖုံးအုပ် တန်ဆာဆင်ထားသဖြင့် ထိခိုက်ပျက်စီး လွယ်သောကြောင့် တက်ရောက်ခွင့် ပိတ်ပင်ထားခြင်း ဖြစ်ကြောင်း ရှေးဟောင်း သုတေသန ဦးစီးဌာနထံမှ သိရသည်။

The Voice Weekly
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေသို့ လာရောက်ကြ သည့် ပြည်ပ ခရီးသွား အချို့သည် တက်ရောက် ကြည့်ရှုခွင့် တားမြစ်ထားသော စေတီပုထိုးများပေါ်သို့ ခိုးဝှက် တက်ရောက်မှုများ ရှိနေသည်ကို မြင်တွေ့နေရကြောင်း ဒေသခံများက ပြောကြားသည်။

သင်္ဘောဝမ်းဗိုက်အတွင်း ကတ်တာဖြတ်တောက်စဉ် ဖော့တုံးများပေါ် သို့ မီးပွားကျပြီး မီးလောင်မှုဖြစ်ပွား

Photo: သင်္ဘောဝမ်းဗိုက်အတွင်း ကတ်တာဖြတ်တောက်စဉ် ဖော့တုံးများပေါ် သို့ မီးပွားကျပြီး မီးလောင်မှုဖြစ်ပွား
Wednesday, April 23, 2014

ဒလမြို့နယ်အတွင်း ဧပြီ ၂၂ ရက် ညနေပိုင်းက ရန်ကုန်မြစ်ကမ်းစပ်တွင် လွန်းတင်ထားသော ငါးဖမ်းသင်္ဘော ၏ ဝမ်းဗိုက်အတွင်း မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၂၂ ရက် ညနေ ၄ နာရီ ၁ဝ မိနစ်က ဒလမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဒလ မြို့နယ် ဗိုလ်ရန်ပြေရပ်ကွက် ရာဇ သင်္ကြန်လမ်းမကြီးဘေး ရန်ကုန် မြစ်ကမ်းစပ်တွင် လွန်းတင်ထားသော ငါးဖမ်းသင်္ဘော၏ ဝမ်းဗိုက်အတွင်း မီးလောင်မှုဖြစ်ပွားကြောင်း သတင်း အရ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာတွင် ညနေ ၄ နာရီ ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်နေ ဦးဒန်မဆမ် ပိုင်ဆိုင်သော ရွှေရတနာ ဝင်းဝင်းအမည်ရှိ သင်္ဘောဝမ်းဗိုက် အတွင်း အအေးခန်းပြုပြင်ရန်အတွက် ဦးထွန်း(၄၂)နှစ် ၁ဝ။တောင် ၁၃ ရပ်ကွက် သာကေတမြို့နယ်နေသူက ကတ်တာဖြင့် ဖြတ်တောက်နေစဉ် ဖော့တုံးများပေါ်သို့ မီးပွားကျပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း သိရပြီး မီးသတ်တပ်ဖွဲ့ဝင် များက ငြှိမ်းသတ်ခဲ့ကြသဖြင့် ညနေ ၄ နာရီ ၂၅ မိနစ်တွင် မီးငြိမ်း သွားခဲ့ကြောင်း သိရသည်။
ယင်းမီးလောင်မှုကြောင့် ဦးထွန်း အား ဒလမြို့မရဲစခန်းက (ပ)၁၇ဝ/၂ဝ၁၄ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရ သည်။

(စိုးဝင်း-MLA)
Myanmaalinn
ဒလမြို့နယ်အတွင်း ဧပြီ ၂၂ ရက် ညနေပိုင်းက ရန်ကုန်မြစ်ကမ်းစပ်တွင် လွန်းတင်ထားသော ငါးဖမ်း သင်္ဘော ၏ ဝမ်းဗိုက်အတွင်း မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ငြိမ်းချမ်းရေးလမ်းနှင့် တားသောလက်များ

Photo: ငြိမ်းချမ်းရေးလမ်းနှင့် တားသောလက်များ

ဧပြီလ ၂၃ ရက် ၂၀၁၄ ခုနှစ်

KIA အကြောင်းပြောရင် ဒုစစ်ဦးချုပ်ဗိုလ်ချုပ်ဂွမ်မော်ကို မေ့ထားလို့မဖြစ်ပါဘူး။ အနာဂတ် ငြိမ်းချမ်းရေး လမ်းကြောင်းအတွက် မရှိမဖြစ်တဲ့သူလို့ မီဒီယာအတော်များများက တစ်ပေးထားတဲ့သူပါ။ ဗိုလ်ချုပ်ဂွမ်မော်ဟာ ကချင် တိုင်းရင်းသားမျိုးနွယ်ဝင် အဇီးအမျိုးသားတစ်ယောက်ဖြစ်ပါတယ်။ KIA ထဲမှာ ဂျိန်းဖောမျိုးနွယ်စုတွေ ကြီးစိုးနေချိန်မှာ ရှားရှားပါးပါး လူကြီးလာဖြစ်တဲ့ အဇီးတစ်ယောက်ပါပဲ။ ဒါ့ပြင် ကွန်ဆာဗေးတစ်တွေကြီးစိုးတဲ့ KIO ဌာနချုပ်မှာလည်း လစ်ဘရယ်သမား ဗိုလ်ချုပ်ဂွမ်မော်ဟာ ရုပ်သေးရုပ်ဘဝကို တွန်းလှန်ပြီး လမ်းသစ်ဖောက်ဖို့ ကြိုးစားတဲ့ ခေါင်းဆောင် တစ်ယောက်ဖြစ်ပါတယ်။ ဒါ့ကြောင့် ဗိုလ်ချုပ်ဂွမ်မော်ကို အစိုးရဘက်ကရော မီဒီယာတွေကပါ ယုံကြည်မှုတွေ ပေးခဲ့ ကြပါတယ်။ 

ဒါပေမယ့် မင်းခစားတစ်ယောက်ဖြစ်တဲ့ ဗိုလ်ချုပ်ဂွမ်မော်ဟာ လက်ဝဲသုန္ဒရအမတ်ကြီးလို အန္တသူရိယ အမတ်ကြီးလို မင်းမျက်မကင်းရှာပါဘူး။ စောလူးမင်းကိုခစားပြီး နန်းတင်ဖို့ကြိုးစားတဲ့ ကျန်စစ်သားကိန်း ဆိုက်သွားရှာ ပါတယ်။ KIO ဥက္ကဋ္ဌ ဇောင်းဟားရားနှင့် စစ်ဦးစီးချုပ် ဂန်ရှောင်တို့က ဗိုလ်ချုပ်ဂွမ်မော်ကို မကြည်တော့ပါဘူး။ မြန်မာ့ မီဒီယာတွေအကြား တခမ်းတနားဖော်ပြခံရတဲ့ ဗိုလ်ချုပ်ဂွမ်မော်က ပြည်သူလူထုရဲ့ ယုံကြည်မှုရပြီး ပြည်ထောင်စု စိတ်ဓာတ်ကိန်းအောင်းသွားမှာကို မလိုလားကြပါဘူး။ ဒါ့ပြင် အစိုးရနှင့် သဘောတူညီမှုတွေရပြီး KIA တပ်ကိုခွဲထုတ် သွားမလားလို့လည်း စိုးရိမ်လာကြပါတယ်။ တကယ်လို့ အစိုးရနှင့် ပြေလည်ပြီး ငြိမ်းချမ်းရေးရခဲ့လို့ KIA ဟာ နိုင်ငံရေး လမ်းကြောင်းပေါ်တည့်သွားပြီး ရွေးကောက်ပွဲဝင်ခဲ့ရင်လည်း အနာဂတ်ရဲ့ ကချင်ပြည်နယ် ဝန်ကြီးချုပ်ဆိုတဲ့ လမ်းကြောင်း ဟာ တန်းနေပါတယ်။ ဒါဘာ့ကြောင့်ပါလဲ… 

KIA တပ်ထဲမှာ ပညာတတ်ပြီး အောက်ခြေကတက်လာပေမယ့် ကချင်မျိုးနွယ်စုထဲမှာ အနှိမ်ခံအဇီးလူမျိုးစု တစ်ယောက်ဖြစ်နေတာက ပြဿနာရဲ့ အခြေခံပါ။ ဗိုလ်ချုပ်ဂွမ်မော်ဟာ KIA တပ်အပေါ် သြဇာညောင်းပြီး ခေါင်းဆောင် ပီသတဲ့ တပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်ပါတယ်။ ပါးနပ်မှုရှိသလို ရဲဘော်တွေကိုလည်း ကောင်းကောင်း ထိန်းနိုင်ပါတယ်။ ရခိုင်တပ်ရင်းက ဖားကန့် ကုလားပြဿနာမှာ KIA က မွတ်ဆလင်တွေကို လက်နက်ထုတ်ပေးတာနှင့် ပတ်သက်ပြီး မကျေမနပ်ဖြစ်ခဲ့တာကို ဗိုလ်ချုပ်ဂွမ်မော်ကပဲ တာဝန်ယူ ဖြေရှင်းပေးခဲ့တာပါ။ သူက အဲလို နိုင်ငံရေးပါးလည်း ဝပါတယ်။ အစိုးရဘက်ကလည်း ယုံကြည်မှုရှိလို့ ရန်ကုန်ကိုဆင်းလာပြီး ကုန်သည်ကြီးများ ဟိုတယ်မှာ သတင်းထောက်တွေနှင့် ကျကျနနတွေ့နိုင်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာလည်း သူပဲတက်ခဲ့တာမို့ အစိုးရဘက်ကလည်း လေးစား ယုံကြည်မှုရှိပါတယ်။ ဒီလိုအောင်မြင်မှုရတာကို KIO ဥက္ကဋ္ဌ နှင့် စစ်ဦးစီးချုပ်က သံသယဖြစ်လာပါတယ်။ ဘာလို့လည်း ဆိုတော့ KIO ထဲမှာသူ့လောက် ပြည်သူကြိုက်တဲ့သူ တစ်ယောက်မှ မရှိသလို ပြည်မကတိုင်းရင်းသားတွေ၊ တောင်ပေါ် က လက်နက်ကိုင်တိုင်းရင်းသားတွေနှင့် နိုင်ငံရေးပါတီတွေကြားမှာ ရေပန်းစားသူဖြစ်လို့ သူသာခွဲထွက်သွားရင် ကျိန်းသေ တစ်စင်ထောင်နိုင်လို့ပါပဲ။ 

ဒီလိုအနာဂတ်အလားအလာတွေကြောင့် သူ့အထက်လူကြီးတွေက ဗိုလ်ချုပ်ဂွမ်မော်ကို ကြောက်လာကြ ပါတယ်။ ဒါကြောင့် ဖယ်ရှားဖို့ကြံတယ်ဆိုတဲ့ သတင်းတွေထွက်လာပြီး အကျယ်ချုပ်ကျခံနေရတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဒါ့ပြင် KIA ရဲ့ သစ်လမ်းကြောင်းများပိတ်ဆို့ခံရခြင်းဟာလည်း ဗိုလ်ချုပ် ဂွမ်မော်ရဲ့ ပေါ့ဆမှု ကြောင့်လို့ ယူဆထားကြပါတယ်။ ဒါကြောင့် အကျယ်ချုပ်ကျတာဟာ သူ့ပြစ်မှုထက်စာရင် သက်သာတယ်လို့ KIO နှင့် နီးစပ်သူတွေက ဆိုကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ကို ဦးဘရန်ဆိုင်းလက်ထက်ကချမှတ်ခဲ့တဲ့ သေဒဏ်ထိုက်တဲ့ စည်းကမ်းချက်(၁၈)ချက်ရှိခဲ့ပြီး၊ ဗိုလ်ချုပ် ဂွမ်မော်က အချက် (၂) ချက်နဲ့ ငြိစွန်းအပြစ်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်နေသော်လည်း အစိုးရတပ်နဲ့ တိုက်ပွဲတွေပြန်ဖြစ်နေတာ စီးပွားရေးလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်မှုရှိတာတွေကြောင့် သွေးချင်းညီအစ်ကိုများနှင့် ပြေလည်အောင် မဆက်ဆံဘူး၊ တပ်ဖွဲ့အတွက်မဟုတ်ဘဲ ကိုယ်ကျိုးစီးပွားရှာတယ်ဆိုတဲ့ စည်းကမ်းချက်တွေနဲ့ အပြစ်ရှိတယ်လို့ ဆိုပါတယ်။ 

သို့သော်လည်း အစိုးရနှင့် အနာဂတ်ဆွေးနွေးစရာများ ကျန်ရှိနေသေးတဲ့အတွက် သေဒဏ်မပေးဘဲ ကျန်းမာရေးကို အကြောင်းပြပြီး မီဒီယာများရဲ့မျက်စေ့အောက်က ဖယ်ထုတ်ကာ အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခဲ့ဟန် ရှိပါတယ်။ သို့သော်လည်း ဘွမ်ဝန် လရော်နှင့် KIO ၏ နယ်ဘက်ဌာနဖြစ်တဲ့ KIC ဒုဥက္ကဋ္ဌ အင်ဘန်လတို့ မတ်လ ၁၉ ရက်နေ့မှာ စင်ကာပူမှ လိုင်ဇာသို့ ပြန်ရောက်လာပြီး ဗိုလ်ချုပ် ဂွမ်မော်ကို ရာထူးပြန်ခန့်ဖို့ ဖိအားပေးခဲ့လို့ အကျယ်ချုပ်ကလွှတ်ပြီး မူလရာထူးကို ပြန်လည်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ ကျန်းမာရေးအရ အနားယူခဲ့ခြင်း ဖြစ်ကြောင်း သက်သေပြဖို့ ယူနီဖောင်းဖြင့် အွန်လိုင်းမှဓာတ်ပုံထုတ်ပြန်ကာ ပုံမှားရိုက်ခဲ့ကြပါသေးတယ်။ ဒါ့ကြောင့် ပြင်ပမီဒီယာများအကြား ဗိုလ်ချုပ် ဂွမ်မော် ထိန်းသိမ်းခံရခြင်းမှာ ကောလာဟလသဖွယ်ဖြစ်ခဲ့ရပါတယ်။ 

ဘယ်လိုပဲဖြစ်ဖြစ် လာမည့်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင်တော့ ဗိုလ်ချုပ်ဂွမ်မော် တက်ရောက်ဆွေးနွေးလိမ့်ဦး မှာဖြစ်ပါတယ်။ သို့သော် သူ၏ လွတ်လပ်သောသဘောထားအမြင်များ၊ ငြိမ်းချမ်းရေးစိတ်ဓာတ်များ၊ လစ်ဘရယ်ဆန် သော ပျော့ပြောင်းသည့်အယူအဆများကတော့ အချုပ်အချယ်အကန့်
အသတ်ခံနေရပြီ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး အတွက် ဆောင်ကျဉ်းနိုင်မည်လား၊ အထက်ပုဂ္ဂိုလ်တို့၏ ကွန်ဆာဗေးတစ် အယူအဆများအကြား နစ်မြှုပ်ခံရမည်လား ဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမည့် ကိစ္စတစ်ရပ်ပဲ ဖြစ်ပါတယ်။ ဗိုလ်ချုပ် ဂွမ်မော်ကို ငြိမ်းချမ်းရေး ဆောင်ကြဉ်း နိုင်မယ့်သူလို့ ကချင်ပြည်သူများက မျှော်လင့်လျက်ရှိကြပေမယ့် KIO ခေါင်းဆောင်ပိုင်းက ရှေးရိုးစွဲအယူအဆများ ကိုင်စွဲပြီး ထိပ်တိုက်ရင်ဆိုင်ရေး လမ်းကြောင်းဆီသို့သာ ဦးတည်နေပါတယ်။ 

KIO/KIA အဖွဲ့ဟာ ၀န်ကြီးချုပ် ဦးနုရဲ့ အစိုးရလက်ထက်မှာ ဘာသာရေး လူမျိုးရေးကို အခြေခံပြီး လက်နက်စွဲကိုင် ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ ပြည်ထောင်စုက ခွဲထွက်ပြီး သီးခြားဝမ်ပေါင်နိုင်ငံ ထူထောင်ဖို့ စိတ်ကူးယဉ်ခဲ့တာပါ။ ခုနောက်ပိုင်းမှာတော့ ပြည်နယ်အတွင်းက သယံဇာတတွေကို KIO ခေါင်းဆောင်ပိုင်းက လက်ဝါးကြီးအုပ်လိုမှု၊ အာဏာယစ်မူးမှု၊ အာဏာကို လက်မလွှတ်လိုမှုတွေကြောင့် မူလရည်မှန်းချက်တွေ ပျောက်ကွယ် သွားပြီး KIA တပ်ဖွဲ့တွေကို သူတို့ရဲ့လက်ရှိရာထူး အာဏာတည်မြဲရေးနှင့် ပုဂ္ဂလိကအကျိုးစီးပွား အတွက်သာအသုံးချပြီး ကိုယ်ပိုင်အုပ်ချုပ်ရေးဆိုတဲ့ အသံကောင်းကိုသာဟစ်ရင်း ငြိမ်းချမ်းရေး၏ အခြားတစ်ဘက်မှ ကြိုးဆွဲနေဦးမည် သာဖြစ်ပါ တယ်။ 

ငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းစဉ်တို့မှာ ဒိုင်ယာလော့ခ်စားပွဲဝိုင်းဆွေးနွေးပွဲများ မအောင်မြင်ပါလျှင် စစ်ရေး နည်းလမ်းဖြင့်ဖြေရှင်းခြင်းဆိုတဲ့ နောက်ဆုံးနည်းလမ်းကို ပြန်လည်ကူးပြောင်းသွားတတ်ပါတယ်။ စစ်ပွဲများ တစ်ဖန် ဖြစ်ပွားလာရင်တော့ ကချင်တိုင်းရင်းသားတို့အတွက် မျှော်လင့်ချက်များ
ဆုံးရှုံးရမှာဖြစ်သလို ပြည်ထောင်စုအတွက် လည်း တိမ်ညိုမှိုင်းသည့်ရက်များ ဖြစ်လာကြဦးမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ကချင်ပြည်သူတွေကတော့ ဗိုလ်ချုပ် ဂွမ်မော်ကို အစိုးရနှင့် ရင်ကြားစေ့နိုင်မယ့် တစ်ဦးတည်းသော ခေါင်းဆောင်အဖြစ် ရှုမြင်မိပါတယ်။ ဒါကို ဥက္ကဋ္ဌတို့ မသိတာလဲမဟုတ်သလို မကျေနပ်စရာလည်း မဟုတ်ဘူးလို့ မြင်ပါတယ်။ KIO လမ်းစဉ်ကို မချစ်ပေမယ့် ဗိုလ်ချုပ် ဂွမ်မော်ကို ချစ်ပါတယ်။ သူသာ ငြိမ်းချမ်းရေးပန်းကို ပြည်သူ့အတွက်ယူဆောင်ခဲ့လျှင် အနာဂတ်ရဲ့ ပြည်နယ်ဝန်ကြီးချုပ် ဟာ သူပါပဲလို့ ကြိုတင်ဟောကိန်းထုတ်လိုက်ချင်ပါတယ်…ဒါပေမယ့် လမ်းဖောက်သူရှေ့မှာ တားနေတဲ့လက်တွေက သွေးဆာနေတယ်လေ… 

ငြိမ်းချမ်းရေးအတွက် ဘုရားသခင်ထံဆုပန်ရင်း 

Credit To:ဘရန်ဘောက်လာ
KIA အကြောင်းပြောရင် ဒုစစ်ဦးချုပ်ဗိုလ်ချုပ်ဂွမ်မော်ကို မေ့ထားလို့မဖြစ်ပါဘူး။ အနာဂတ် ငြိမ်းချမ်းရေး လမ်းကြောင်း အတွက် မရှိမဖြစ်တဲ့သူလို့ မီဒီယာအတော်များများက တစ်ပေးထားတဲ့သူပါ။ ဗိုလ်ချုပ်ဂွမ်မော် ဟာ ကချင် တိုင်းရင်းသားမျိုးနွယ်ဝင် အဇီးအမျိုးသားတစ်ယောက်ဖြစ်ပါတယ်။ KIA ထဲမှာ ဂျိန်းဖောမျိုးနွယ် စုတွေ ကြီးစိုးနေချိန်မှာ ရှားရှားပါးပါး လူကြီးလာဖြစ်တဲ့ အဇီးတစ်ယောက်ပါပဲ။ ဒါ့ပြင် ကွန်ဆာဗေး တစ်တွေကြီးစိုးတဲ့ KIO ဌာနချုပ်မှာလည်း လစ်ဘရယ်သမား ဗိုလ်ချုပ်ဂွမ်မော်ဟာ ရုပ်သေးရုပ်ဘဝကို တွန်း လှန်ပြီး လမ်းသစ်ဖောက်ဖို့ ကြိုးစားတဲ့ ခေါင်းဆောင် တစ်ယောက်ဖြစ်ပါတယ်။ ဒါ့ကြောင့် ဗိုလ်ချုပ်ဂွမ်မော်ကို အစိုးရဘက်ကရော မီဒီယာတွေကပါ ယုံကြည်မှုတွေ ပေးခဲ့ ကြပါတယ်။

မီးသီး မရှိလို့ပါ

Photo: မီးသီး မရှိလို့ပါ
Wednesday, April 23, 2014

မိုက်ကယ်တစ်ယောက် ရုံးပိတ်ရက် ၂ ရက်၊ ၃ ရက်လောက် အရေးတကြီးလိုအပ်နေပါတယ်။ ကုမ္မဏီကနေလည်း ရုံးပိတ်ရက်ရဖို့ ခက်ခဲနေတာကြောင့် အကြံတစ်ခု ထုတ်ပြီး အကောင်အထည်ဖော်ပါတော့ တယ်။ 

အလုပ်စားပွဲခုံပေါ်တက်ပြီး မက်တပ်ရပ်နေပါတယ်။ ဒါကိုမြင်တဲ့ စာရင်းကိုင် အမျိုးသမီးက “ရှင်ဘာလုပ်နေတာ လဲ” လို့မေးတော့ ပြန်ဖြေပါတယ်။ “သူဌေးလာပြီး င့ါကိုမေးတဲ့အခါ ငါက မီးသီးတစ်လုံးဖြစ်တယ်လို့ပြော လိုက်မယ်။ ဒါဆိုရင် စိတ်ပင်ပန်းပြီး ရူးကြောင်ကြောင်ဖြစ်နေလို့ဆိုပြီး င့ါကို နားရက် ပေးလိမ့်မယ်” 

ဒါနဲ့ပဲ သူဌေးက ရုံးထဲ ရောက်လာပါတယ်။ စားပွဲခုံပေါ် မက်တပ်ရပ်ပြီး ငြိမ်ငြိမ်း သက်သက်ရှိနေတဲ့ မိုက်ကယ်ကို ကြည့်ပြီး သူဌေးက ဘာလုပ်နေတာလဲလို့မေးပါတယ်။ ဒီတော့ မိုက်ကယ်က စီစဉ်ထားတဲ့အတိုင်းပဲ “ကျနော်ဟာ အလင်းရောင်ပေးနေတဲ့ မီးလုံးတစ်လုံးပါ။ တစ်ရုံးလုံးမီးရအောင် ထွန်းလင်းနေပါတယ်”လို့ ပြန်ဖြေ ပါတယ်။ 

ဒါနဲ့ စိတ်မကောင်းဖြစ်တဲ့ သူဌေးက “အေး။ မိုက်ကယ် မင်းအလုပ်ကြောင့်မို့ စိတ်ဖိစီးတာ အတော်များနေပြီ ထင်ပါတယ်။ အိမ်ပြန်နားတော့။ ၄ ရက်လောက် နားပြီးမှ ရုံးပြန်တက်” လို့မှာလိုက်ပါတယ်။ ဒါနဲ့ပဲ မိုက်ကယ် တစ်ယောက် ပျော်ရွှင်စွာပဲ အိမ်ပြန်သွားပါတယ်။ သူအိမ်ပြန်တာကို မြင်တဲ့ စာရင်းကိုင်မကလည်း အိတ်ထဲ ပစ္စည်း ထည့်လို့ ရုံးဆင်းဖို့ ပြင်ပါ တယ်။ ပြင်ဆင်နေတဲ့ အမျိုးသမီးကိုကြည့်ပြီး သူဌေးက မေးတော့ ယခုလို ပြန်ဖြေပါတယ်။

“မီးသီး မရှိပဲ ကျမဘယ်လို အလုပ်လုပ်ရမလဲ၊ အဲဒါကြောင့်ပြန်တာပါ”

.
Ref: everyjoke
အောင်ခမ်း (ရိုးရာလေး)
မိုက်ကယ်တစ်ယောက် ရုံးပိတ်ရက် ၂ ရက်၊ ၃ ရက်လောက် အရေးတကြီးလိုအပ်နေပါတယ်။ ကုမ္မဏီကနေ လည်း ရုံးပိတ်ရက်ရဖို့ ခက်ခဲနေတာကြောင့် အကြံတစ်ခု ထုတ်ပြီး အကောင်အထည်ဖော်ပါတော့ တယ်။

ဧပြီလနောက်ဆုံးပတ် (၂၃-၃၀)ရက်အတွင်း မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသတွေမှာ မိုးရွာဖို့ အလားအလာောကာင်းတွေတွေ့လာရပြီဖြစ်ပါတယ် Weather News Update

Photo: ဧပြီလနောက်ဆုံးပတ် (၂၃-၃၀)ရက်အတွင်း မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသတွေမှာ မိုးရွာဖို့ အလားအလာောကာင်းတွေတွေ့လာရပြီဖြစ်ပါတယ်။

Weather News Update

23-4-2014

ခြောက်သွေ့ပူပြင်းလွန်းတဲ့ ရာသီဥတုပြင်းထန်မှုဒဏ်တွေ၊ ခရမ်းလွန်ရောင်ခြည်သင့်မှု လွန်လွန်ကဲကဲ ခံစားနေရမှုဒဏ်တွေ၊ အပူချိန်မြင့်တက်မှုခံစားနေရမှုဒဏ်တွေ ကို အလူးအလိမ့် ခံစားနေကြရတဲ့ ဒေသခံပြည်သူတွေအတွက် စိတ်သက်သာရာသက်သာကြောင်း သတင်းကောင်းပေးနှိုင်ဖို့ ကျွန်တော်စောင့်နေခဲ့တာ ကြပါပြီ။ ဒီကနေ့တော့ ဒီသတင်းကောင်းလေးပေးနှိုင်တော့မယ်ထင်ပါရဲ့။

ထိုင်းနိုင်ငံနဲ့ဆက်စပ်ဖြစ်ပေါ်နေတဲ့တိမ်တိုက်အစုအဝေးကြီးကြောင့် လာမယ့် ဧပြီလနောက်ဆုံးပတ်အတွင်းမြန်မာနိုင်ငံ အထူးသဖြင့် အရှေ့တောင်ပိုင်းဒေသတွေမှာ မိုးရွာဖို့ အခြေအနေကောင်းတွေ တွေ့လာနေရပြီဖြစ်ပါတယ်။ မိုးကြိုမိုးလို့ဆိုပါတော့ဗျာ။

အဲတစ်ခုတော့ပြောစရာရှိပါတယ်။ အဲဒါကတော့ ဒီမိုးတွေဟာ မိုးအမျိုးအစားအနေနဲ့ Convective Rain လို့ ပညာရပ်ဆိုင်ရာအမည်နဲ့ခေါ်တဲ့ "ပြန်ကျမိုး" တွေဖြစ်နေပါတယ်။ မိုးတိမ်တောင်တွေက ရွာတဲ့မိုး အမျိုးအစားပါ။ ဒီမိုးတွေရဲ့သဘာဝက အုံနဲ့ကျင်းနဲ့ ရွာတတ်ခြင်းပါဘဲ။ ဆိုလိုတာကတော့ ဒီမိုးတွေဟာ ရွာလိုက်ရင် မိုးခြိမ်းသံတွေ၊ လျပ်စီးလက်တာတွေ၊ မိုးသက်လေပြင်းတိုက်တွေ အမြဲလိုလို တွဲပါလာတတ်ပါတယ်။ ဂျိုးကနဲ ဂျိန်းကနဲ၊ ၀င်းကနဲ လက်ကနဲ နဲ့ ရွာတတ်လွန်းလို့ ဆရာမြု့မငြိမ်းကတော့ "သိကြား နဲ့ အသူရာ နတ်ပြည်စစ်တလင်း စစ်ခင်းကြတဲ့ အချိန်အခါ" လို့ တင်စားခဲ့ရတာပေါ့။ (စာသားမှားရင်ခွင့်လွှတ်ပါဗျာ။)

ဒီပြန်ကျမိုးတွေရဲ့ သဘာဝကို သိထားသင့်တယ်။ မွန်းလွဲညနေပိုင်းတွေမှာ ရွာတတ်တယ်။ ဒါကြောင့် ရန်ကုန်မှာဆိုရင် "ရုံးဆင်းမိုး" လို့တောင် ခေါ်ကြပါတယ်။ ရွာရင်ရေပါတယ်။ အရင်တုံးကတော့ ဒိမိုးမျိုးရွာပြီဆိုရင် ဆရာဝန်အသင်းတိုက်တို့၊ ကျိုက္ကဆံလမ်း တို့၊ တောင်ဥက္ကလာပ တို့ ရေမြှုပ်ပြီပေါ့။ ရွာရင် နာရီဝက်ထက် ပိုမကြာဘူး။ ဗြုန်းစားကြီးရွာတတ်တယ်။ Little warning လို့ခေါ်ရမှာပေါ့။ ဒါကြောင့်လည်း မထင်မှတ်တာတွေလုပ်တတ်လွန်းလို့ ရန်ကုန်မိုးနဲ့ရန်ကုန်သူလို့ ခေါ်ကြတာပေါ့။ (သီချင်းကိုပြောတာပါဗျာ)။

အမြဲတန်းလိုလို ဒီမိုးမျိုးမှာ လျပ်စီးလက်တာရယ်၊ မိုးခြိမ်းတာရယ်၊ မိုးသက်လေပြင်းတိုက်တာရယ်။ မိုးကြီးတာရယ် စတာတွေ ပါလာတတ်ပါတယ်။ ဒါက ဒီမိုးမျိုးမှာ ပုံမှန်လောက်ဘဲ။ မိုးတိမ်တောင်က အားကောင်းရင်တော့ ဒါတွေအပြင် နောက်ထပ် ပါလာတတ်တာတွေကတော့ မိုးကြိုးပစ်တာ၊ လေဆင်နှာမောင်းတိုက်တာ၊ မိုးသီးကြွေတာ၊ စိုက်ဆင်းလေပြင်းတိုက်တာ စတာတွေပါ ပါလာတတ်ပါတယ်။

ဒါတွေပါလာရင် အပျက်အစီး၊ အသေအပျောက်တွေ ရှိတတ်ပါတယ်။ နေရာကွက်မိုးကြီးရင် ရွာသွန်းတဲ့ဒေသကိုလိုက်လို့ လျပ်တပြက်ရေကြီးတာတို့၊ မြေပြိုတာတို့ဖြစ်တတ်ပါတယ်။

လောလောဆယ် ဧပြီလ(၂၃-၃၀)ရက်အတွင်း ဒီလိုပြန်ကျမိုးတွေရွာဖို့ခန့်မှန်းထားတာကတော့
ရန်ကုန်တိုင်းဒေသကြီး................(၁)ရက်
နေပြည်တော်တိုင်းဒေသကြီး........(၆)ရက်
ပဲခူးတိုင်းဒေသကြိး....................(၃)ရက်
တနင်္သာရီတိုင်းဒေသကြီး.............(၂)ရက်
ကယားပြည်နယ်........................(၅)ရက်
ကရင်ပြည်နယ်..........................(၃)ရက်
မွန်ပြည်နယ်..............................(၄)ရက်
ခန့်ဖြစ်ပါတယ်။
မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ် နဲ့ ချင်းပြည်နယ် တို့မှာလည်း တိမ်အသင့်အတင့်ဖြစ်ထွန်းနှိုင်ပါတယ်။

နေ့အပူချိန်များအနေနဲ့လည်း လက်ရှိထက် ကျဆင်းသွားနှိုင်ပါတယ်။ ဒါပေမယ့် နေ့အပူချိန် 41-43°C အထိ မြင့်တက်နှိုင်သေးတဲ့ဒေသတွေကတော့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးတို့ဖြစ်ကြပါတယ်။

ခရမ်းလွန်ရောင်ခြည်ကျရောက်မှုတွေ လွန်ကဲနေတဲ့ ရှမ်းပြည်နယ်နဲ့ကယားပြည်နယ်၊
မိုးခေါင်နေလို့ လွန်တွေဆွဲနေရတဲ့ အညာဒေသ၊
ပူလွန်းလို့အသံတွေညံနေကြတဲ့ မြစ်ဝကျွန်းပေါ်ဒေသ၊
အားလုံး...အားလုံး..အတွက်တော့
မင်္ဂလာသတင်းကောင်းတစ်ခုဖြစ်လာပါစေတော့လို့သာ...

ဒေါက်တာထွန်းလွင်
ခြောက်သွေ့ပူပြင်းလွန်းတဲ့ ရာသီဥတုပြင်းထန်မှုဒဏ်တွေ၊ ခရမ်းလွန်ရောင်ခြည်သင့်မှု လွန်လွန်ကဲကဲ ခံစားနေရမှုဒဏ်တွေ၊ အပူချိန်မြင့်တက်မှုခံစားနေရမှုဒဏ်တွေ ကို အလူးအလိမ့် ခံစားနေကြ ရတဲ့ ဒေသ ခံပြည်သူတွေအတွက် စိတ်သက်သာရာသက်သာကြောင်း သတင်းကောင်းပေးနှိုင်ဖို့ ကျွန်တော်စောင့်နေ ခဲ့တာ ကြ ပါပြီ။ ဒီကနေ့တော့ ဒီသတင်းကောင်းလေးပေးနှိုင်တော့မယ်ထင်ပါရဲ့။

ပုဂံဘုရားအချို့ပေါ်သို့ နိုင်ငံခြားသားများ ခိုးဝှက်တက်ရောက်

Photo: ပုဂံဘုရားအချို့ပေါ်သို့ နိုင်ငံခြားသားများ ခိုးဝှက်တက်ရောက်
Wednesday, April 23, 2014

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေသို့ လာရောက်ကြသည့် ပြည်ပ ခရီးသွား အချို့သည် တက်ရောက် ကြည့်ရှုခွင့် တားမြစ်ထားသော စေတီပုထိုးများပေါ်သို့ ခိုးဝှက် တက်ရောက်မှုများ ရှိနေသည်ကို မြင်တွေ့နေရကြောင်း ဒေသခံများက ပြောကြားသည်။

စဥ့်သုတ်အုတ်၊ ဘီလူးပန်းဆွဲများ ပျက်စီးနိုင်သည့်အတွက် တက်ရောက် ကြည့်ရှုခွင့် ပိတ်ပင်ထားသော မင်္ဂလာ စေတီပေါ်သို့ နိုင်ငံခြားသား ခရီးသွား ဆယ်ဂဏန်းခန့် နေဝင်ချိန် ရှုခင်းကြည့်ရန် လာရောက်လေ့ ရှိကြောင်း စေတီအနီးရှိ ဒေသခံများနှင့် မျက်မြင် တွေ့ရှိသူ ဘုရားဖူးအချို့က ဆိုသည်။

နိုင်ငံခြားသား ခရီးသွားအချို့မှာ ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ဝင်ကြေး (Zone Fees) မပေးဆောင်လိုသဖြင့် တရားဝင် တက်ရောက်ခွင့် ပြုထားသော စေတီပုထိုးများကို ရှောင်ရှားကာ ယင်းသို့ ပိတ်ပင်ထားသော စေတီများပေါ်သို့ ခိုးဝှက် တက်ရောက်ခြင်း ဖြစ်ကြောင်း ပုဂံ ရှေးဟောင်း သုတေသန ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“အစိုးရက အများကြီး လျှော့ပေးထားတော့ သူတို့က လူပါးဝနေတာ။ ဒီလို ကိစ္စရပ်တွေကို အရေးယူနိုင်တဲ့ ဥပဒေတွေလည်း မရှိသေးဘူး။ ဒါအစိုးရနဲ့ ဆိုင်တယ်” ဟု ၎င်းကဆိုသည်။

ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ပျက်စီးဆုံးရှုံးမှု မဖြစ်စေရန် ကာကွယ် တားမြစ်ထားသော်လည်း ယင်းသို့ ကျူးကျော်မှုများကို တားဆီးရန် လိုကြောင်း၊ ဥပဒေများ မရှိသေးသည့်အတွက် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများအရ ရှင်းပြ ပြောဆိုမှုသာ ပြုလုပ်နိုင်ကြောင်း နေပြည်တော်ရှိ ရှေးဟောင်း သုတေသန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ရှင်းပြသည်။
“ဒီလို ဖြစ်ရပ်တွေအတွက် ရှေးသုတစ်ဌာနတည်းနဲ့ လုံးဝဥဿုံ မကာကွယ်နိုင်ဘူးလေ။ ဝိုင်းဝန်း တားမြစ်ဖို့ လိုပါတယ်။ တာဝန်သိသူတွေက ဒီလို ဖြစ်ရပ်တွေတွေ့ရင် ဝိုင်းဝန်းတား မြစ်စေလိုတယ်” ဟု ၎င်းကဆိုသည်။

ပုဂံဒေသတွင် အပေါ်သို့တက် ရောက်ကြည့်ရှုနိုင်သော စေတီပုထိုးပေါင်း သုံးဆယ်ကျော် ရှိပြီး ပုဂံမျှော်၊ တောင်ဂူနီ၊ မြောက်ဂူနီ၊ သိကြားပုန်း၊ သစ္စာဝတီ အမည်ရှိ စေတီ ၅ ဆူပေါ်သို့သာ တက်ရောက် ကြည့်ရှုခွင့် ပြုထားကြောင်း ဒေသခံများက ဆိုသည်။

မင်္ဂလာစေတီကို ပုဂံခေတ်နှောင်းပိုင်း အေဒီ ၁၂၆၀ ခုနှစ်တွင် တရုတ်ပြေးမင်းခေါ် နရသီဟပတေ့မင်းက တည်ထား ကိုးကွယ်ခဲ့ပြီး စဥ့်သုတ် ရုပ်ကြွများဖြင့် တန်ဆာ ဆင်ထားကြောင်း၊ စေတီရံများကိုလည်း စဥ့်သုတ်အုတ်၊ စဥ့်သုတ် ဘီလူးပန်းဆွဲများဖြင့် ဖုံးအုပ် တန်ဆာဆင်ထားသဖြင့် ထိခိုက်ပျက်စီး လွယ်သောကြောင့် တက်ရောက်ခွင့် ပိတ်ပင်ထားခြင်း ဖြစ်ကြောင်း ရှေးဟောင်း သုတေသန ဦးစီးဌာနထံမှ သိရသည်။

The Voice Weekly
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေသို့ လာရောက်ကြ သည့် ပြည်ပ ခရီးသွား အချို့သည် တက်ရောက် ကြည့်ရှုခွင့် တားမြစ်ထားသော စေတီပုထိုးများပေါ်သို့ ခိုးဝှက် တက်ရောက်မှုများ ရှိနေသည်ကို မြင်တွေ့နေရကြောင်း ဒေသခံများက ပြောကြားသည်။

အတတ်ပညာကျွမ်းကျင်သူ လူငယ်များ မွေးထုတ်မည်

တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး တွင် အဓိကလိုအပ်ချက်တစ်ရပ်ဖြစ် သည့် ပြည်တွင်းမှ ကျွမ်းကျင်လုပ်သား များ၊ အတတ်ပညာကျွမ်းကျင်သူများ ရှားပါးနေခြင်းကို ဖြည့်ဆည်းပံ့ပိုးနိုင် ရန်အတွက် နိုင်ငံတော်အစိုးရ၊ အာရှ ဖွံ့ဖြိုးရေးဘဏ်နှင့် လူမှုအဖွဲ့အစည်း တစ်ခုတို့က ပူးပေါင်းကာ သင်တန်း များဖွင့်လှစ်ပေးရန် စီစဉ်နေပြီ ဖြစ်သည်။

ငွေချေးသက်သေခံလက်မှတ် နည်းဥပဒေ ရေးဆွဲပြီးဟုဆို

အရင်းအနှီး ဈေးကွက်ကို ကိုင်တွယ် ကြပ်မတ်မည့် အရေးကြီး နည်းဥပဒေဖြစ်သော ငွေချေး သက်သေခံ လက် မှတ်များ လဲလှယ် ရောင်းဝယ်ရေး နည်းဥပဒေကို ရေးဆွဲပြီးပြီ ဖြစ်ကြောင်း မြန်မာငွေချေး သက်သေခံ လက်မှတ်များ ရောင်းဝယ်ရေး ကုမ္ပဏီ (MSEC) မှ ညွှန်ကြားရေးမှူး ဒေါ်တင်မေဦးက The Voice သို့ ပြော ကြားသည်။

ကမ္ဘာ့ထိပ်တန်း ဂျပန် ကုမ္ပဏီကြီးတစ်ခု ရန်ကုန်မြို့၌ ရုံးခွဲဖွင့်ပြီး ဧပြီ ၂၅ ရက်တွင် လုပ်ငန်း စတင်မည်

ကမ္ဘာ့ထိပ်တန်း ဂျပန်ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Mistubishi Electric Corporation သည် ရန်ကုန်မြို့တွင် ရုံးခွဲလာရောက် ဖွင့်လှစ်ပြီး ဧပြီ ၂၅ ရက်တွင် လုပ်ငန်းစတင် လည်ပတ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း အဆိုပါ ကော်ပိုရေးရှင်း၏ ထုတ်ပြန်ချက်အရ သိရသည်။

ကချင်စစ်ပွဲဒဏ်ခံကလေးများကို ထောက်ပံ့ကူညီရန် UNICEF စတင်

ကေအိုင်အေနှင့် တပ်မတော်အကြား ဧပြီလဆန်းက စတင်ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သော ကလေးသူငယ်များအတွက် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က အရေးပေါ် ကယ်ဆယ်ရေး ပစ္စည်းများနှင့် လူမှုရေး ဝန်ထမ်းများ စေလွှတ်ရန် စတင်လုပ်ဆောင်နေ ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ UNICEF ဌာနေကိုယ်စားလှယ် မစ္စတာ ဘက်ထရန်ဗိန်းဘဲလ် က ပြောကြားသည်။

ထိုင်းဝန်ကြီးချုပ်ကို ရက်ပိုပေးမပေး ဆုံးဖြတ်မည်

Photo: ထိုင်းဝန်ကြီးချုပ်ကို ရက်ပိုပေးမပေး ဆုံးဖြတ်မည်
Wednesday, April 23, 2014

၂၀၁၁ ခုနှစ်တုန်းက ထိုင်း အမျိုးသား လုံခြုံရေး ကောင်စီဥက္ကဋ္ဌကို ရာထူးအပြောင်းအလဲ လုပ်တဲ့နေရာမှာ ၀န်ကြီးချုပ်ရဲ့ အာဏာကို အလွဲသုံးစား လုပ်မလုပ်ဆိုတာနဲ့ ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ် ရင်လတ်ရှင်နာဝဒ်ကို စစ်ဆေးဖို့ ဖွဲ့စည်းပုံတရားရုံးက ဆုံးဖြတ်ချက်ချတဲ့အပေါ် အချိန်ပိုပေးဖို့ ထိုင်းဝန်ကြီးချုပ်က တောင်းဆိုထားပါတယ်။

ဒါနဲ့ ပတ်သက်ပြီး နောက်ထပ် ၁၅ ရက် အချိန်ပိုပြီး ပေးမပေးကို ထိုင်းတရားရုံးက ဒီကနေ့မှာ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။

ပြစ်မှုထင်ရှားခဲ့ရင်တော့ သူမ အပါအ၀င် သူ့ရဲ့ ကက်ဘီနက် ၀န်ကြီးအဖွဲ့တွေဟာ ရာထူးက ဖယ်ရှားခံရမှာ ဖြစ်ပါတယ်။

ရှပ်နီအဖွဲ့လို့ လူသိများတဲ့ လက်ရှိထိုင်းအစိုးရကို ထောက်ခံသူတွေကတော့ အခုကိစ္စကို တရားရေးနဲ့ အာဏာသိမ်းတဲ့ လုပ်ရပ်လို့ မြင်ကြပြီး ဘန်ကောက် လမ်းမတွေပေါ်မှာ ဆန့်ကျင် ဆန္ဒပြ နေကြပါတယ်။

အလားတူပဲ ထိုင်းအစိုးရ ဆန့်ကျင်သူ တွေကလည်း မြို့တော် ဘန်ကောက်မှာ သပိတ် တိုက်ပွဲတွေကို ဆက်လက် ဆင်နွှဲ နေကြပါတယ်။

လက်ရှိ ထိုင်းနိုင်ငံရေး မငြိမ်သက်မှုတွေဟာ အခုဆိုရင် ၆ လ ထဲကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။

ABC Radio Australia

လက်ရှိအစိုးရကို ထောက်ခံတဲ့ ရှပ်နီအဖွဲ့ဝင်တွေ (Credit: AFP)
လက်ရှိအစိုးရကို ထောက်ခံတဲ့ ရှပ်နီအဖွဲ့ဝင်တွေ (Credit: AFP)

၂၀၁၁ ​ခုနှစ်တုန်းက ​ထိုင်း ​အမျိုးသား ​လုံခြုံရေး ​ကောင်စီဥက္ကဋ္ဌကို ​ရာထူးအပြောင်းအလဲ ​လုပ်တဲ့နေရာမှာ ​၀န်ကြီးချုပ်ရဲ့ ​အာဏာကို ​အလွဲသုံးစား ​လုပ်မလုပ်ဆိုတာနဲ့ ​ပတ်သက်ပြီး ​ထိုင်းဝန်ကြီးချုပ် ​ရင်လတ်ရှင်နာဝဒ် ကို ​စစ်ဆေးဖို့ ​ဖွဲ့စည်းပုံတရားရုံးက ​ဆုံးဖြတ်ချက်ချတဲ့အပေါ် ​အချိန်ပိုပေးဖို့ ​ထိုင်းဝန်ကြီးချုပ် က ​တောင်းဆို ထားပါတယ်။

ဒါနဲ့ ​ပတ်သက်ပြီး ​နောက်ထပ် ​၁၅ ​ရက် ​အချိန်ပိုပြီး ​ပေးမပေးကို ​ထိုင်းတရားရုံးက ​ဒီကနေ့မှာ ​ဆုံးဖြတ် သွား မှာ ​ဖြစ်ပါတယ်။

ပြစ်မှုထင်ရှားခဲ့ရင်တော့ ​သူမ ​အပါအ၀င် ​သူ့ရဲ့ ​ကက်ဘီနက် ​၀န်ကြီးအဖွဲ့တွေဟာ ​ရာထူးက ​ဖယ်ရှား ခံရမှာ ​ဖြစ်ပါတယ်။

ရှပ်နီအဖွဲ့လို့ ​လူသိများတဲ့ ​လက်ရှိထိုင်းအစိုးရကို ​ထောက်ခံသူတွေကတော့ ​အခုကိစ္စကို ​တရားရေးနဲ့ ​အာဏာသိမ်းတဲ့ ​လုပ်ရပ်လို့ ​မြင်ကြပြီး ​ဘန်ကောက် ​လမ်းမတွေပေါ်မှာ ​ဆန့်ကျင် ​ဆန္ဒပြ ​နေကြပါတယ်။

အလားတူပဲ ​ထိုင်းအစိုးရ ​ဆန့်ကျင်သူ ​တွေကလည်း ​မြို့တော် ​ဘန်ကောက်မှာ ​သပိတ် ​တိုက်ပွဲတွေကို ​ဆက်လက် ​ဆင်နွှဲ ​နေကြပါတယ်။

လက်ရှိ ​ထိုင်းနိုင်ငံရေး ​မငြိမ်သက်မှုတွေဟာ ​အခုဆိုရင် ​၆ ​လ ​ထဲကို ​ရောက်ရှိလာပြီ ​ဖြစ်ပါတယ်။

ABC Radio Australia

မော်လမြိုင်မြို့ကို လျှပ်စစ်မီး စတင်ပေးတော့မယ်

Photo: မော်လမြိုင်မြို့ကို လျှပ်စစ်မီး စတင်ပေးတော့မယ်
Wednesday, April 23, 2014

ဧပြီလကုန်ပိုင်းကျရင် သဘာဝဓါတ်ငွေ့နဲ့ စွန့်ပစ်အပူသုံး ဓါတ်အားပေး စက်ရုံစီမံကိန်းကနေ ထွက်လာတဲ့ လျှပ်စစ် ဓါတ်အား ၄၃.၅ မဂ္ဂါဝပ်ကို မွန်ပြည်နယ် မော်လမြိုင်မြို့ကို စတင် ထုတ်လွတ် ပေးတော့မယ်လို့ သိရပါတယ်။

ဒါ့အပြင် တာဝါတိုင်တည်ဆောက်မှုနဲ့ ၀ါယာကြိုးသွယ်တန်းမှုတွေကိုလည်း ဧပြီလကုန်မှာ ပြီးစီးနိုင်ဖို့ လုပ်ကိုင်နေတယ် လို့လည်း လျှပ်စစ်ဓါတ်အား ထုတ်လုပ်ပေးတဲ့ ကုမ္ပဏီဖြစ်တဲ့ Myanmar Lighting (IPP) က ဒါရိုက်တာ ဦးဌေးမင်းက ပြောပါတယ်။

အဆိုပါ ကုမ္ပဏီက ဒါရိုက်တာ ရဲ့ အဆိုအရ သူတို့ရဲ့ စက်ရုံကို လည်ပ တ်နိုင် ဖို့ အတွက် လျှပ်စစ်ဝန်ကြီးဌာနက ဂက်စ်ချမယ့်အကြောင်း၊ သူတို့ရဲ့ စက်ရုံကနေထွက်လာတဲ့ ဓါတ်အားတွေကို တခါ လျှပ်စစ်ဝန်ကြီး ဌာနကို ပေးမှာဖြစ်ကြောင်း ဒါပေမယ့် ၂၄ နာရီ မီး ရ မရကိုတော့ သူတို့အနေနဲ့ ပြောရခက်တယ်ဆိုပါတယ်။

အကြောင်းအရင်းကတော့ သူတို့ကုမ္ပဏီက လျှပ်စစ်ဓါတ်အား ထုတ်လုပ်ပေး တဲ့ အပိုင်းသာဖြစ်ပြီး ဖြန့်ဖြူးတာကတော့ မဟာဓါတ်အားလိုင်းအပိုင်းနဲ့ ဆိုင်တာဖြစ်တယ်လို့ ဦးဌေးမင်းက ပြောပါတယ်။

နိုဝင်ဘာလမှာလည်း အဲဒီစီမံကိန်းကနေ လျှပ်စစ်ဓါတ်အား (၅၄.၅) မဂ္ဂါဝပ်ကို မဟာဓါတ်အားလိုင်းနဲ့ ချိတ်ဆက်ပြီး ထုတ်လွတ်ပေးသွား မှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလျှပ်စစ်မီး စီမံကိန်းကို ၂၀၁၃ ခုနှစ်ကတည်းက စတင်အကောင် အထည်ဖော်ခဲ့တာဖြစ်ပြီး လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနဲ့ Myanmar Lighting (IPP) ကုမ္ပဏီတို့က ပူးပေါင်းလုပ်ဆောင်နေတာ ဖြစ်ကြောင်း မြစ်မခ သတင်းအရ သိရပါတယ်။

ABC Radio Australia

လျှပ်စစ်မီးတိုင် (Credit: ABC)
လျှပ်စစ်မီးတိုင် (Credit: ABC)
ဧပြီလကုန်ပိုင်းကျရင် ​သဘာဝဓါတ်ငွေ့နဲ့ ​စွန့်ပစ်အပူသုံး ဓါတ်အားပေး စက်ရုံစီမံကိန်းကနေ ​ထွက်လာတဲ့ ​လျှပ်စစ် ​ဓါတ်အား ​၄၃.၅ ​မဂ္ဂါဝပ်ကို ​မွန်ပြည်နယ် ​မော်လမြိုင်မြို့ကို ​စတင် ​ထုတ်လွတ် ​ပေးတော့မယ်လို့ ​သိရပါတယ်။

လူငယ်တစ်စု ပွဲခင်းအတွင်း အဓ္ဓမ ကားပေါ်တင်ပြေးမှုတွင် တရားခံ ၄ ဦး လွတ်မြောက်နေဆဲ

Photo: လူငယ်တစ်စု ပွဲခင်းအတွင်း အဓ္ဓမ ကားပေါ်တင်ပြေးမှုတွင် တရားခံ ၄ ဦး လွတ်မြောက်နေဆဲ
Wednesday, April 23, 2014

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကွမ်လှာကျေးရွာ၌ ဇာတ်သဘင်ပွဲကျင်းပနေစဉ် ပွဲခင်းရံပုံငွေဆိုင်တစ်ဆိုင်မှ ဈေးရောင်းနေသူအသက် ၁၉ နှစ်အရွယ်မိန်းမပျို ၂ ဦးအား

လူငယ်တစ်စုမော်တော်ကားပေါ် အဓ္ဓမဆွဲတင်ပြေးခဲ့သည့်ဖြစ်စဉ်တွင် တရားခံဟုယူဆရသူ လူငယ် ၃ ဦးဖမ်းဆီးရမိပြီး ကျန် ၄ ဦးလွတ်မြောက်နေဆဲဟု သိရသည်။

အဓိကတရားခံဟုယူဆရသူ သံဖြူဇရပ်မြို့ အောင်သာယာရပ်နေ အဇွန့်နှင့် မုဒုံမြို့နယ်၊ တောင်ပကျေးရွာမှ လူငယ်များဖြစ်ကြသော အလေး၊ အမွန်၊ အညူတို့အားတရာခံပြေးဟု ကြော်ငြာဖွယ်ရှိကြောင်း၊ လက်ရှိတွင် ကွန်ပလာ၊ အတူး၊ အထွန်းတို့ ၃ ဦးကို ဖမ်းဆီးရမိထားကြောင်း ကမာဝက်နယ်မြေရဲစခန်း ဂတ်စာရေး တပ်ကြပ်ကြီးကျော်ကျော်မြင့်က ပြောသည်။

တပ်ကြပ်ကြီးကျော်ကျော်မြင့်က “အလိုမတူ အဓမ္မ အတင်းနိုင်ထက်ကားတင်ပြေးခြင်း ပ/(၁၇)/၂၀၁၄ ပြစ်မှုပုဒ်မ ၃၆၆ နဲ့ အမှုဖွင့်ထားတယ်” ဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ အတည်ပြုပြောကြားသည်။

ပြီးခဲ့သည့်ဧပြီလ ၁၇ ရက်နေ့၊ နံနက် ၃ နာရီအချိန်ခန့်တွင် ကျေးရွာ၌ကပြဖြေဖျော်နေသော ဇာတ်သဘင်ပွဲခင်းအတွင်း ထိုသို့အခင်းဖြစ်သည်ကိုသိရှိသည်တပြိုင်နက် ကွမ်းလှာကျေးရွာမှ လူငယ် (၄၀) ကျော်ခန့်စုစည်းမိကာ မော်တော်ဆိုင်ကယ်များဖြင့်လူအုပ်စုခွဲ၍ လိုက်လံရှာဖွေခဲ့ရာ တစ်နာရီခန့်အကြာတွင် ရွာမှသုံးမိုင်ခန့်အကွာ နှီးပဒေါကျေးရွာ တံတားကြီးအလွန်၌ ရွာခံပြည်သူ့စစ်နှင့်ရဲများ အကူအညီဖြင့် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ကွမ်လှာရွာသား နိုင်ဆန်နီက “မိန်းခလေးတွေကို သင်္က࿿န်ြရေပက်ကစားသလိုလိုနဲ့ ကားပေါ်အတင်းအဓမ္မဆွဲတင်ပြီး တယောက်ကိုပါးစပ်ပိတ်၊ တယောက်ကို သူတို့ဖမ်းချူပ်နှောင်ထားလိုက်တယ်၊ ကံကောင်းထောက်မလို့ မိန်ခလေးနှစ်ယောက်ကို ပြန်ကယ်တင်လိုက်နိုင်လိုက်တာပါ၊ အုပ်စုဖွဲ့ မုဒိန်းကျင့်ပြီး အသေသတ်လိုက်မှာလား၊ ရောင်းစားတာမှာလားတော့ မတွေးဝန့်စရာ” ဟု ပြောသည်။

ပြန်လည်လွတ်မြောက်လာသူ မိန်းမပျိုတစ်ဦး၏မိခင်ဖြစ်သူ ဒေါ်ဖွားအေးက သမီးဖြစ်သူကိုလာရောက် ရည်ငံနေသည့် လက်ရှိအဓိကတရားခံဟုယူဆရသူ အဇွန့်ဆိုသူမှာ မိမိနေအိမ်သို့ နှစ်ကြိမ်နှစ်ခါခန့် လာရောက်လည်ပတ်ခဲ့ရာတွင် သမီးဖြစ်သူတစ်ခါမှအတွေ့မခံသဖြင့် မိမိသာလျှင်အားနာ၍ လက်ခံ စကားပြောပေးခဲ့ရသည်ဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ဆိုသည်။

မွန်ပြည်နယ်တွင် အထက်ပါဖြစ်ရပ်ကဲ့သို့ မိန်းမပျိုများအား အုပ်စုဖွဲ့ကားပေါ်တင်ပြေးသည့်အမှုများ ယခင်ကဖြစ်ပေါ်ခဲ့ခြင်းမရှိဟု ဒေသခံများအပြောအရ သိရသည်။

မင်းထူးသစ်
လွတ်လပ်သောမွန်သတင်းအေဂျင်စီ

ကွမ်လှာကျေးရွာအဝင်လမ်းအား မြင်ရပုံ
ကွမ်လှာကျေးရွာအဝင်လမ်းအား မြင်ရပုံ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကွမ်လှာကျေးရွာ၌ ဇာတ်သဘင်ပွဲကျင်းပနေစဉ် ပွဲခင်းရံပုံငွေဆိုင်တစ်ဆိုင် မှ ဈေးရောင်းနေသူအသက် ၁၉ နှစ်အရွယ်မိန်းမပျို ၂ ဦးအား လူငယ်တစ်စုမော်တော်ကားပေါ် အဓ္ဓမ ဆွဲတင်ပြေးခဲ့သည့်ဖြစ်စဉ်တွင် တရားခံဟုယူဆရသူ လူငယ် ၃ ဦးဖမ်းဆီးရမိပြီး ကျန် ၄ ဦးလွတ်မြောက်နေ ဆဲဟု သိရသည်။

ကိုရီယားသင်္ဘောနစ်မြုပ်မှု သေဆုံးသူ ၁၂၈ ဦးအထိ မြင့်တက်

Photo: ကိုရီယားသင်္ဘောနစ်မြုပ်မှု သေဆုံးသူ ၁၂၈ ဦးအထိ မြင့်တက်
Wednesday, April 23, 2014

အသုဘအခမ်းအနားများ အင်္ဂါနေ့မနက်ပိုင်းမှ စတင်ပြီး သင်္ဘောနစ်မြုပ်ရာ ဒေသနှင့်နီးစပ်ရာဒေသများတွင် အဆက်မပြတ် ကျင်းပလျက်ရှိနေသည်။ လွန်ခဲ့သည့် ၆ ရက်ခန့်က ကိုရီယားကျွန်းဆွယ် အနောက် တောင်ဘက်ပိုင်းတွင် ဇောက်ထိုးအနေအထားဖြင့်နစ်မြုပ်သွားခဲ့သည့် Sewol သင်္ဘောနစ်မြုပ်မှုကြောင့် သေဆုံးသူဦးရေမှာ တစ်နေ့ထက်တစ်နေ့ မြင့်တက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ၁၂၈ ဦးကို သေဆုံးပြီ ဟု အတည်ပြုနိုင်ခဲ့ပြီး ၁၇၄ ဦးမှာ ပျောက်ဆုံးလျက်ရှိသည်။

ကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်လျက်ရှိသော ရေငုပ်သမားများ နစ်မြုပ်လျက်ရှသော သင်္ဘော၏ အခန်းများနှင့် လျောက်လမ်းများအတွင်း ၀င်ရောက်နိုင်ခဲ့ပြီးနောက်ပိုင်း အတည်ပြုနိုင်သည့် သေဆုံးသူအရေအတွက်မှာ လျင်မြန်စွာမြင့်တက်လာခဲ့သည်။ အင်္ဂါနေ့တွင် ၂ ဒါဇင်ခန့်ရှိသော အလောင်းများကို ဆယ်ယူနိုင်ခဲ့သလို တနင်္လာနေ့ကလည်း အလောင်း ၂၈ လောင်းကို ဆယ်ယူနိုင်ခဲ့ကြသည်။ သင်္ဘောပေါ်တွင် လိုက်ပါ စီးနင်း လာခဲ့သည့် ခရီးသည် ၄၇၅ ဦးမှ ၃၇၆ ဦးမှာ အထက်တန်းကျောင်းသားများဖြစ်သည့်အတွက် ဆယ်ယူရရှိခဲ့သော အလောင်းအများစုမှာ အထက်တန်းကျောင်းသားကျောင်းသူများဖြစ်ကြသည်။ " အခြေအနေတွေက အရမ်းဆိုးပါတယ် ၊ ကျွန်တော်တို့ကတော့ အသက်ရှင်နေသေးသူ တွေကိုကယ်တင်ဖို့ ကြိုးပမ်းရှာဖွေနေပေမယ့် သေဆုံးပြီးသား လူသေအလောင်းတွေကိုသာဆယ်ယူပြီးပြန်လာရတာကြောင့် အလောင်းပိုင်ရှင်တွေကို မျက်နှာချင်း တောင် မဆိုင်ပါဘူး" ဟု သင်္ဘောနစ်မြုပ်ရာဒေသတွင် ကယ်ဆယ်ရေးလုပ်ဆောင်ပေးနေသည့် ရေငုပ်သမား ဘတ်ယွန်း က CNN သတင်းဌာနသို့ပြောကြားခဲ့သည်။

လက်ရှိ အခြေအနေ သေဆုံးပြီးဟု သတ်မှတ်နိုင်သည့် လူအရေအတွက် အရ Sewol သင်္ဘောနစ်မြုပ်မှုသည် ၁၉၉၃ ခုနှစ်နောက်ပိုင်း တောင်ကိုရီယားနိုင်ငံအတွက် အဆိုးရွားဆုံးသော ရေကြောင်းမတော်တဆမှုဖြစ်ပြီး အစိုးရမှလည်း သင်္ဘောစတင်နစ်မြုပ်သည့်နေ့တွင် ကယ်တင် ခဲ့နိုင်သော လူပေါင်း ၁၇၄ ဦးထက် ပိုမိုကယ်ဆယ်နိုင်အောင် ဆောင်ရွက်နိုင်ခြင်းမရှိသေးပေ။ သင်္ဘောနစ်မြုပ်မှုနှင့်ပတ်သက်ပြီး တောင်ကိုရီယား အာဏာပိုင်များက သင်္ဘော အမှုထမ်း ၄ ဦးကို ဖမ်းဆီးခဲ့ပြီး ၊ နိုင်ငံမှထွက်ပြေးသွားခဲ့သော သင်္ဘောပိုင်ရှင်ကုမ္ပဏီမှ မိသားစုဝင်အချို့ကိုလည်း ဖမ်းဝရမ်းထုတ်ထားခဲ့သည်။ " ဖမ်းဆီးခြင်းခံနေရသူများက သင်္ဘောကို ထိန်းသိမ်းရေ ညံ့ဖျင်းမှုနှင့် ပတ်သက်ပြီး တရားဥပဒေအရ အရေးယူခြင်းကိုခံရမှာပါ" ဟု သင်္ဘောနစ်မြုပ်မှုကို ကိုင်တွယ်လျက်ရှိသော အာဏာပိုင်တစ်ဦးက ယွန်ဟက် သတင်းဌာနသို့ ပြောကြားခဲ့သည်။ သင်္ဘောနစ်မြုပ်မှု၏ အဓိက အကြောင်းအရင်းဖြစ်နိုင်သည့် သက်တမ်း နှစ် ၂၀ ရှိသည့် Sewol သင်္ဘောကို ၂၀၁၂ ခုနှစ်တွင်ဝယ်ယူပြီးနောက်ပိုင်း အထပ်ပို တည်ဆောက်ခဲ့ခြင်း အပေါ် စုံစမ်းစစ်ဆေးလျက်ရှိသည်။

သင်္ဘောနစ်မြုပ်မှုတွင် အဓိက တာဝန်ရှိသော ကပ္ပတိန်နှင့် သင်္ဘော အမှုထမ်း ၂ ဦးသည် မိမိတို့ရယူထားသော တာဝန်များကို လျစ်လျူရှု့ခြင်းနှင့် ခရီးသည်များ ဘေးကင်းရေးကို အကူအညီမပေးဘဲ ကိုယ်လွတ်ရုံး ထွက်ပြေးခဲ့သော အမှုများနှင့်အတူ တရားစွဲဆိုခြင်းခံထားရပြီး တောင်ကိုရီယားသမ္မတ ပတ်ဂွမ်ဟေး ၏ " ခွင့်လွှတ်နိုင်ဖွယ်ရာမရှိသော လူသတ်သမားများ" ဟု နာမည်တပ် ခြင်းခံထားရသည်။ ကိုရီယားသတင်းဌာနများ၏ ဖော်ပြချက်များအရ ကပ္ပတိန်သည် သူရင်ဆိုင်နေရသော တရားဥပဒေများအရ တစ်သက်တစ်ကျွန်းထောင်ကျခံရဖွယ်ရှိသည်ဟု ဆိုသည်။ တနင်္လာနေ့တွင် Sewol သင်္ဘော၏ အင်ဂျင်နီယာချုပ်ဖြစ်သူက မိမိကိုယ်ကိုအဆုံး စီရင်ဖို့ကြိုးစားခဲ့သော်လည်း အောင်မြင်ခြင်းမရှိခဲ့ဟု သိရသည်။

သင်္ဘောနစ်မြုပ်မှုတွင်သင်္ဘောအမှုထမ်းများအားလုံးတွင် အပြစ်ရှိခြင်းမဟုတ်ဘဲ အမှုထမ်းအများစုက ခရီးသည်များကို အသက်ကယ်အင်္ကျီများထုတ်ပေးခဲ့သည်။ သင်္ဘောအမှုထမ်းအမျိုးသမီးတစ်မှာ ခရီးသည်များ ကို အသက်ကယ်အင်္ကျီများထုတ်ပေးနေခဲ့ပြီး သူကိုယ်တိုင်ထွက်ပြေးမည်ဆိုပါက အသက်ဘေးမှ လွတ်မြောက်မည်ဖြစ်သော်လည်း ခရီးသည်အားလုံးဘေးမကင်းမီ သင်္ဘောပေါ်မှ စွန့်ခွါဖို့ ငြင်းဆန်ခဲ့ကာ နောက် ပိုင်းတွင် ၎င်းအမျိုးသမီးကို အသက်သေဆုံးလျက်ပြန်လည်တွေ့ရှိရခြင်းဖြစ်သည်ဟု လွတ်မြောက်လာသူများ၏ ပြောကြားချက်အရသိရသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
အသုဘအခမ်းအနားများ အင်္ဂါနေ့မနက်ပိုင်းမှ စတင်ပြီး သင်္ဘောနစ်မြုပ်ရာ ဒေသနှင့်နီးစပ်ရာဒေသများတွင် အဆက်မပြတ် ကျင်းပလျက်ရှိနေသည်။ လွန်ခဲ့သည့် ၆ ရက်ခန့်က ကိုရီယားကျွန်းဆွယ် အနောက် တောင် ဘက်ပိုင်းတွင် ဇောက်ထိုးအနေအထားဖြင့်နစ်မြုပ်သွားခဲ့သည့် Sewol သင်္ဘောနစ်မြုပ်မှုကြောင့် သေဆုံး သူဦးရေမှာ တစ်နေ့ထက်တစ်နေ့ မြင့်တက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ၁၂၈ ဦးကို သေဆုံးပြီ ဟု အတည်ပြုနိုင်ခဲ့ပြီး ၁၇၄ ဦးမှာ ပျောက်ဆုံးလျက်ရှိသည်။

အလောင်းတော် ကဿပတွင် သစ်ခိုးထုတ်မှု မြင့်တက်

Photo: အလောင်းတော် ကဿပတွင် သစ်ခိုးထုတ်မှု မြင့်တက်
Wednesday, April 23,2014

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ အလောင်းတော် ကဿပ သစ်တောကြိုးဝိုင်း ဧရိယာအတွင်း ယခင်နှစ်များကထက် သစ်ခိုးထုတ်မှုများ ပိုမိုများပြားလာကြောင်း ယင်းမာပင်မြို့နယ် ရဲစခန်းမှ သိရသည်။

ယခုနှစ်အတွင်း အလောင်းတော် ကဿပ သစ်တောကြိုးဝိုင်းနှင့် ၎င်းနှင့်ထိစပ်နေသော သစ်တောများမှ ကျွန်းနှင့် တမလန်းသစ်များ ပိုမိုဖမ်းဆီးမိလာခြင်းက သစ်ခိုးထုတ်မှုများ ပိုမိုများပြားလာနေသည်ကို သက်သေပြရာ ရောက်ကြောင်း ယင်းမာပင်ရဲစခန်းမှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။

“ဟုတ်ပါတယ်။ ကျနော်တို့လည်း တောက်လျှောက် ဖမ်းနေပါတယ်။ တော်တော်များများ မိတာကတော့ ပိုင်ရှင်မဲ့ သစ်ခိုးထုတ်တာတွေပါ။ သူတို့က ခိုးထုတ်နေရင်း ကျနော်တို့ရောက်တော့ ထွက်ပြေးကြတယ်။ သစ်တောဦးစီးအဖွဲ့၊ ကျနော်တို့ ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပေါင်းပြီးဖမ်းတာ။ ဒီနှစ်ထဲမှာ ဖမ်းမိတာ စာရင်းတော့ အတိအကျ မပြောနိုင်ပေမယ့် ကျွန်းနဲ့ တမလန်း အားလုံး စုစုပေါင်း ၁၀ တန်တော့ ကျော်မယ်” ဟု ၎င်းက ဆိုသည်။

ဖမ်းဆီးရမိသော စာရင်းတချို့အရ မတ်လ ၁၅ ရက်က အလောင်းတော် ကဿပ သစ်တောကြိုးဝိုင်း နံဘေးရှိ ကပိုင်ရွာ တောင်ပိုင်းတွင် စုပုံထားသော ကျွန်းနှင့် တမလန်းသစ် ၃ တန်ကျော်၊ ဧပြီလ ၅ ရက်နေ့က ၁ ဒသမ ၅ တန်ရှိ တမလန်းသစ် ဓားရွှေတုံး (ဓားဖြင့် လေးထောင့်တုံး ရွှေထားသော သစ်) ၉ တုံး၊ ဧပြီလ ၂၀ ရက်နေ့က ၂ ဒသမ ၇ တန်ကျော် ရှိသည့် တမလန်းသစ် အများဆုံးပါဝင်သော ဓားရွှေတုံး ၃၃ တုံးတို့ဖြစ်ကြောင်း ကပိုင်ရွာ ရဲစခန်းမှ စခန်းမှူး ဒုရဲအုပ် ဇော်ထက်ဟန်က ဧရာဝတီသို့ ပြောသည်။

သစ်ခိုးထုတ်သူများသည် တချို့နေရာတွင် အစိုးရ တာဝန်ရှိသူများနှင့် ပူးပေါင်း လုပ်ဆောင်ထားသည့် လက္ခဏာမျိုး တွေ့ရသော်လည်း အထောက်အထား အတိအကျ မရရှိခဲ့ကြောင်း ကပိုင်ရဲစခန်းမှ အမည်မဖော်လိုသော ရဲတဦးက ဆိုသည်။

“ရှင်းရှင်းပြောရရင်ဗျာ၊ ရွှေသမင်ဘယ်ကထွက်၊ မင်းကြီးတာက ထွက် ” ဆိုသလိုပဲ၊ ကျနော်တို့က အချက်အလက် တိတိကျကျ မရတော့ သူများတွေကို မယိုးစွပ်ချင်ဘူး။ သစ်တွေခိုးထုတ်နေတာ ဒီနှစ်ပိုင်းမှာ ပိုများလာတာတော့ အမှန်ပဲ” ဟု ၎င်းက ဆိုသည်။

သစ်ခိုးထုတ်သူများသည် ကလေးဝဘက်ရှိ သစ်တောများမှလည်း ခိုးထုတ်ပြီး အလောင်းတော် ကဿပ သစ်တောကြိုးဝိုင်းကို ဖြတ်ကာ တရုတ်နယ်စပ်အထိ သယ်ယူမှုများ ရှိကြောင်း၊ ဧပြီလ ၁၂ ရက်ကလည်း ခိုးယူလာသော သစ်များကို ၁၂ ဘီးကား ၁၂ စီးဖြင့် တင်ဆောင်လာသည့် သစ်တန် ၁၈ တန်ကိုလည်း ဖမ်းဆီးရမိလိုက်ကြောင်း အလောင်းတော် ကဿပ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစန်းအောင်က ဧရာဝတီသို့ ပြောသည်။

ယခုလမ်းကြောင်းကို သစ်ခိုးထုတ်ရာတွင် အဓိက အသုံးပြုလာသည့် အတွက်ကြောင့် အုပ်ချုပ်ရေးအဖွဲ့ အနေဖြင့် အထူးဂရုစိုက်ကာ အလောင်းတော် ကဿပ သစ်တောကြိုးဝိုင်းနှင့် ဆက်စပ် ဧရိယာများမှ ထွက်ပေါက်လမ်းများ အားလုံးကို ပိတ်ဆို့ ဖမ်းဆီးနိုင်ရန် ကြိုးစားလျက်ရှိကြောင်း အလောင်းတော် ကဿပ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့မှ အမည်မဖော်လိုသော အရာရှိတဦးကလည်း ပြောသည်။

ထို့အပြင် မတ်လအတွင်းက ကပိုင်မြို့နယ်၊ အလောင်းတော် ကဿပ သစ်တောကြိုးဝိုင်းသို့ သွားရာလမ်းပေါ်တွင် မတ်လ ၂၃ ရက်နေ့က ဖမ်းဆီးရမိခဲ့သော တမလန်းသစ် ဓားရွှေတုံး ၅၃ တုံးကို ခိုးထုတ်သောသူများတွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်နေသော အဖွဲ့များနှင့် ပတ်သက်သူတချို့ ပါဝင်ကြောင်း ၎င်းက ဆက်ပြောသည်။

“အခုဆို ကျနော်တို့ ဖမ်းဆီးနိုင်ခဲ့တာပဲ လူပေါင်း ၁၀ ဦးကျော်ပြီ။ ဒီလမ်းကြောင်းကို ဖြတ်သယ်ကြတာတွေရော၊ ဒီ အလောင်းတော် ကဿပ သစ်တောကြိုးဝိုင်းမှာ ခိုးထုတ်တာတွေရောပဲ။ ဖမ်းမိတာ၊ ခိုးခုတ်ထားပြီး ပုံထားတာတွေရော ကားပေါ်မှာ ဖွက်သယ်လာတာတွေရော စုံနေတာပဲ။ တချို့နေရာမှာ ကျွဲ၊ နွားတွေပါ မိထားတယ်” ဟု ၎င်းက ဆိုသည်။

ဖမ်းမိသော တချို့ သစ်ခိုးထုတ်မှုတွင် လူများကိုပါ မိခဲ့သော်လည်း တကယ်တမ်း အရေးယူဆောင်ရွက် သည့်အခါတွင် ပိုင်ရှင်မဲ့ သစ်များအဖြစ် အရေးယူနေခြင်းကို နားမလည်နိုင်ကြောင်း၊ ထိုသို့ ထိထိရောက်ရောက် အရေးမယူသဖြင့် ဒေသခံတချို့က သစ်ခိုးထုတ်မှုကို တွေ့လျှင်ပင် သက်ဆိုင်ရာသို့ သတင်းပို့ရန် စိတ်ဝင်စားမှု လျော့ပါးလာကြောင်း ယင်းမာပင်မြို့ရှိ မြို့မိမြို့ဖ စီးပွားရေးလုပ်ငန်းရှင်တဦးက ဆိုသည်။

တချို့ သစ်ခိုးထုတ်သူများသည် ခိုးထုတ်ရာလမ်းကြောင်းတွင် အလောင်းတော် ကဿပ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ ရှိနေသည်ကိုပင် မသိသူများရှိကြောင်း ၎င်းက ဆက်ပြောသည်။

“မတ်လ ၂၃ ရက်နေ့က ဖမ်းဆီးတာကို ကျနော်တို့ သွားကြည့်တဲ့အခါ သူတို့အချင်းချင်း စကားပြောကြတဲ့ စကားတွေကို ကြားခဲ့ရတယ်။ ရှိတဲ့အဖွဲ့အစည်းတွေကို လမ်းကြောင်းကြေး ပေးပြီးသားတွေအကြောင်း၊ အခု ဖမ်းဆီးလိုက်တဲ့ အဖွဲ့ဖြစ်တဲ့ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့ဆိုတာ ကြားတောင်မကြားဖူးဘူးဆိုတဲ့ စကားတွေကိုပါ ကြားရတာ။ ဒါ့အပြင် လက်နက်ကိုင် အဖွဲ့အစည်းနဲ့ ပတ်သက်သူတွေကို ဖမ်းတဲ့အတွက် မတ်လ ၂၄ ရက်နေ့က ကျနော်တို့ ယင်းမာပင်မှာ အသက်မ၀င်တဲ့ ဗုံးတလုံးကို တွေ့ရတယ်။ ဒါက ဖမ်းတဲ့အတွက် ပြန်ခြိမ်းခြောက်တဲ့ သဘောမျိုး ဖြစ်နေတယ်။ ဒေသခံလူထုက အဲဒါကို မကျေနပ်ကြတာ” ဟု အဆိုပါ မြို့မိမြို့ဖ စီးပွားရေးလုပ်ငန်းရှင်က ဆိုသည်။

ဧရာဝတီ

မတ်လ ၂၃ ရက်နေ့က ဖမ်းဆီးရမိသော တမလန်းသစ်များ
မတ်လ ၂၃ ရက်နေ့က ဖမ်းဆီးရမိသော တမလန်းသစ်များ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ အလောင်းတော် ကဿပ သစ်တောကြိုးဝိုင်း ဧရိယာအတွင်း ယခင်နှစ်များက ထက် သစ်ခိုးထုတ်မှုများ ပိုမိုများပြားလာကြောင်း ယင်းမာပင်မြို့နယ် ရဲစခန်းမှ သိရသည်။

ဂျပန်နှင့် ဂျာမနီက SME ချေးငွေ ပေးရန် ပြည်တွင်း ဘဏ်များ ရွေးချယ်ပြီးစီး

Photo: ဂျပန်နှင့် ဂျာမနီက SME ချေးငွေ ပေးရန် ပြည်တွင်း ဘဏ်များ ရွေးချယ်ပြီးစီး
Wednesday, April 23,2014

ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)နှင့် ဂျာမနီ နိုင်ငံတို့က ပြည်တွင်းရှိ အသေးစားနှင့် အလတ် စား စီးပွားရေး လုပ်ငန်းများ(SME) သို့ ချေးငွေ အထောက်အပံ့များ ပေးနိုင်ရန်အတွက် ဘဏ်များ ရွေးချယ်ပြီး ဖြစ်ကြောင်း သိရ သည်။

“ဂျာမနီက ဘဏ် ၃ဘဏ် ရွေးထားတယ်၊ JICA က ၅ ခု ပေါ့၊ ရွေးထားပြီး သွားပြီ၊ ချေးငွေကိုတော့ ကိုယ့်အစီအစဉ်နဲ့ ကိုယ် ချေးပေးပေါ့၊ သူတို့ကတော့ အစိုးရချင်း ဆက်သွယ်ချေးတဲ့ စနစ်နဲ့ ပေးမှာပါ” ဟု အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာန ဒု ညွှန်ကြားရေးမှူး ဒေါ်အေးအေးဝင်းက ပြောသည်။

ပြည်တွင်းရှိ ဘဏ်များကို ရွေးချယ်ရာတွင် ဂျာမနီနိုင်ငံက ကမ္ဘောဇဘဏ်၊ ရိုးမဘဏ်နှင့် အသေးစား နှင့် အလတ်စား စက်မှုလုပ်ငန်း ဖွံဖြိုးရေးဘဏ် (SMIDB) တို့ကို ရွေးချယ်ထားပြီး၊ JICAမှ မြန်မာ့စီးပွားရေးဘဏ်၊ ကမ္ဘောဇဘဏ်၊ မြန်မာနိုင်ငံသားများ ဘဏ်၊ CB ဘဏ်နှင့် SMIDB ဘဏ်တို့ကို ရွေးချယ်ထားကြောင်း သိရသည်။

ပြည်တွင်းရှိ SME များကို ချေးငွေ အကူအညီပေးရေးတွင် ဂျပန်နိုင်ငံက ယခုနှစ်အတွင်း စတင်နိုင်မည်ဟု ပြောဆိုထားပြီး ဂျာမနီနိုင်ငံက စတင်ချေးပေးမည့် အချိန်ကို မသိရှိရသေးကြောင်း ဒေါ်အေးအေးဝင်းက ဆိုသည်။ အလားတူ ကိုရီးယားနိုင်ငံက ချေးငွေ အကူအညီပေးရေး အတွက် လုပ်ဆောင်နေသော်လည်း ဘဏ်များ ရွေးချယ်မှု မပြီးစီးသေးကြောင်း ဒေါ်အေးအေးဝင်း က ဆက်ပြော သည်။

“JICA ကတော့ ဒီ၂၀၁၄ ထဲလို့တော့ ပြောသွားတယ်၊ ကိုရီယားကတော့ Research လုပ်တုန်းပဲ ရှိသေးတယ်”ဟု ၎င်းက ဆိုသည်။

ယင်းသို့ ဂျာမနီနှင့် ဂျပန်က ချေးငွေ ထုတ်ချေးပေးရာတွင် မြန်မာအစိုးရက ထုတ်ချေးပေးထားသည့် ချေးငွေ ပမာဏထက် များပြားနိုင်သည့် ပမာဏ ဖြစ်နိုင်ကြောင်းလည်း ဒေါ်အေးအေးဝင်းက ပြောသည်။

ပြည်တွင်းရှိ အသေးစားနှင့် အလတ်စား လုပ်ငန်းများသို့ မြန်မာ အစိုးရမှ ချေးငွေထုတ်ပေးသည့် ပမာဏမှာ လက်ရှိ အချိန်အထိ ကျပ် ၁၀ ဘီလီယံ ရှိသေးသဖြင့် ချေးငွေလိုအပ်သူ အများအပြားကျန်ရှိနေသေးကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောဆိုလျက် ရှိသည်။

အစိုးရ၏ ချေးငွေများကို ထုတ်ချေးရာတွင် SMIDB ဘဏ်မှတဆင့် ထုတ်ချေးပေးနေခြင်း ဖြစ်ပြီး အတိုးနှုန်း ၈.၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးခြင်း ဖြစ်ကြောင်း သိရသည်။

ချေးငွေများကို ထုတ်ချေးရာတွင် အစိုးရချင်း ချိတ်ဆက်၍ နှစ် ၂၀ ကြာ ထားရှိပြီး အတိုးနှုန်း သက်သာစွာဖြင့် ချေးသွားမည် ဖြစ်ကြောင်း၊ သို့သော် ချေးငွေပေးရာတွင် နိုင်ငံခြားငွေကြေးဖြင့်သာ ထုတ်ချေးမည် ဖြစ်သောကြောင့် ပြန်လည်ဆပ်သည့် အချိန်တွင် ငွေလဲလှယ်နှုန်း အပြောင်းအလဲနှင့် ထပ်တူ မြင့်တက်လာမည့် ငွေလဲလှယ်နှုန်းထားကို အထူး ထည့်တွက်ရမည့် အချက်တခု ဖြစ်ကြောင်းလည်း ဒေါ်အေးအေးဝင်းက သတိပေး ပြောဆိုသည်။

“အနှစ် ၂၀ ထိ ချေးမှာပေါ့၊ အဲ့ဒီမှာ အိတ်ချိန်း Rate က အရမ်းကြောက်ဖို့ ကောင်းတယ်၊ ဂျပန်က ကိုရီးယားကို ကူညီတုန်းက အဲ့ဒီလိုမျိုးပေါ့၊ ပြန်ဆပ်တဲ့ အချိန်မှာ အရင်းရဲ့ နှစ်ဆ သုံးဆကို ပြန်ဆပ် ရတယ်၊ ဒါကြောင့်လည်း ဂျပန်က ပွင့်ပွင့်လင်လင်း ပြောပါတယ်၊ ပြန်ဆပ်တဲ့ အချိန်မှာ ကြောက်ဖို့ ကောင်းတယ် ဆိုတာကိုပေါ့”ဟုလည်း ၎င်းက ပြောသည်။

SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အစိုးရသစ် တက်လာချိန်မှစတင်ပြီး ဦးစားပေး အစီအစဉ် တခုအဖြင့် လုပ်ဆောင် လာသော်လည်း၊ လက်ရှိ အချိန်အထိ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဥပဒေ (SME Law ) မှာ ထွက်ပေါ်လာနိုင်ခြင်း မရှိသည်ကို တွေ့ရသည်။

ဧရာဝတီ

ရန်ကုန်မြို့ ပန်းဆိုးတန်းရှိ အသေးစား နှင့် အလတ်စား စက်မှုလုပ်ငန်း ဖွံဖြိုးရေးဘဏ် (SMID ဘဏ်) (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)
ရန်ကုန်မြို့ ပန်းဆိုးတန်းရှိ အသေးစား နှင့် အလတ်စား စက်မှုလုပ်ငန်း ဖွံဖြိုးရေးဘဏ်
 
ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)နှင့် ဂျာမနီ နိုင်ငံတို့က ပြည်တွင်းရှိ အသေးစားနှင့် အလတ် စား စီးပွားရေး လုပ်ငန်းများ(SME) သို့ ချေးငွေ အထောက်အပံ့များ ပေးနိုင်ရန် အတွက် ဘဏ်များ ရွေးချယ်ပြီး ဖြစ်ကြောင်း သိရ သည်။

အတိုက်ခံရသည့် MAI လေယာဉ် ဆုံးရှုံးမှု တန်ဖိုး တွက်ချက်နေဆဲ

Photo: အတိုက်ခံရသည့် MAI လေယာဉ် ဆုံးရှုံးမှု တန်ဖိုး တွက်ချက်နေဆဲ
Wednesday, April 23,2014

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြီးခဲ့သည့် အပတ်အတွင်း ရွှေမြန်မာ လေကြောင်းလိုင်းပိုင် လေယာဉ် တစီး က အပြည်ပြည်ဆိုင်ရာ မြန်မာ လေကြောင်းလိုင်း (MAI) ပိုင် လေယာဉ် တစီးကို မတော်တဆ ထိခိုက်မှုနှင့် ပတ်သက်ပြီး ဆုံးရှုံးမှုတန်ဖိုး တွက် ချက်နေဆဲ ဖြစ်ကြောင်း သိရသည်။

“လေယာဉ်ရပ်နားတဲ့ ပါကင် မလွတ်လို့ ဝင်တိုက်တာ မဟုတ်ဘူး၊ လေယာဉ် ပြောင်းရွှေ့ရာမှာ စနစ်တကျ မလုပ်လို့ ဖြစ်ရတဲ့ ပြဿနာ၊ တကယ်လို့သာ လေယာဉ်ရွှေ့တုန်း ဘရိတ်တုံး ခံထားခဲ့မယ်ဆိုရင် ဒီလို ဖြစ်စရာ အကြောင်း မရှိဘူး၊ ဆုံးရှုံးမှု စရိတ် ကတော့ တွက်ချက် နေဆဲပဲ”ဟု MAI ဥက္ကဋ္ဌ ဦးခင်မောင်လတ်က ယနေ့ MAI ရုံးခန်း၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် မီဒီယာများသို့ ပြောသည်။

ဧပြီ ၁၄ ရက် နံနက် ၆ နာရီ ၄၀ မိနစ်က ရွှေမြန်မာ လေကြောင်းလိုင်းမှ ထိုင်းနိုင်ငံ ဘန်ကောက် ခရီးစဉ်တွင် အသုံးပြုမည့် XY-AGT လေယာဉ်ကို ပါကင် အမှတ် Bay-1 မှ လေယာဉ် ထွက်ခွာရာ နေရာသို့ ဆွဲလာပြီး လေယာဉ်ဆွဲယာဉ်မှ ဖြုတ်လိုက်စဉ် လေ ယာဉ် သည် ပေ ၁၆၀၀ ခန့် အကွာအဝေးသို့ ဆက်လက် ရွေ့လျားသွားပြီး ညအိပ် ရပ်နားထားသည့် MAI လေကြောင်းက ပိုင် ဆိုင် သည့် XY-AGR လေယာဉ် နောက်ပိုင်းသို့ အရှိန် မထိန်းနိုင်ဘဲ တည့်တည့် ဝင်တိုက်မိခြင်း ဖြစ်ကြောင်း MAI ၏ သတင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

လေယာဉ် ရွှေ့ပြောင်းရာတွင် ရွှေမြန်မာ လေယာဉ်ကြောင်းလိုင်းပိုင် XY-AGT လေယာဉ်၏ စက်ခန်းထဲတွင် လေယာဉ် အင်ဂျင်နီယာ ၂ ဦး ပါရှိကြောင်း သိရသည်။

အဆိုပါ လေယာဉ် ရွှေ့ပြောင်းမှုကို ဆောင်ရွက်ခဲ့သူများက SOP (Standard Operation Procedure) ကို လိုက်နာခြင်း မရှိခဲ့သည့် အတွက် ယခုကဲ့သို့ မတော်တဆ ထိခိုက်မှုမျိုး ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်ဟု ဦးခင်မောင်လတ်က ဆိုသည်။

မတော်တဆ ထိခိုက်မှုကြောင့် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း( MAI) ပိုင်ဆိုင်သည့် XY-AGR လေယာဉ်၏ ညာ ဘက် နောက်ပိုင်း Frame 62 မှ Frame 71 ညာဘက်ခြမ်း ညာဘက် တံခါးပေါက်၊ Nose Landing Gear ၊ Main Landing Gear နှင့် Toilet No-2 တို့ ပျက်စီးခဲ့ကြောင်း၊ ရွှေမြန်မာ လေကြောင်းလိုင်းပိုင် XY-AGT လေယာဉ်မှ Radome မှာလည်း မြေပြင်ပေါ်သို့ ပြုတ်ကျပြီး Nose Section ပျက်စီးခဲ့ကြောင်း သိရသည်။

“ရွှေ့တဲ့ လူတွေမှာ စနစ်တကျ မရှိလို့ ဖြစ်ရတာပဲ၊ တကယ်တော့ လေယာဉ် နေရာ ရွှေ့တာတောင်မှ ရွှေ့ခွင့်လိုင်စင် ဆိုတာ ရှိရ မယ်၊ ရပ်နားကွင်းက အကျယ်ကြီးပါ၊ နေရာ လုံလုံလောက်လောက် ရှိနေတာပဲ”ဟု လေသူရဲ ဦးလှဝင်းက ဧရာဝတီသို့ ပြောသည်။

ထိခိုက်မှု ဖြစ်ပွားခဲ့သည့် လေယာဉ်၏ အာမခံကြေးမှာ ၁၉ ဒသမ ၅ ဘီလီယံ ရှိကြောင်း၊ ပျက်စီး ဆုံးရှုံးမှု ကိစ္စများအတွက် တဖက် ကုမ္ပဏီနှင့် ညှိနှိုင်းမှုများ မပြုလုပ်ရသေးသော်လည်း သက်ဆိုင်ရာက ခုံရုံးဖွဲ့စည်းကာ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ရွှေမြန်မာ လေကြောင်း (GMA) မှ ဘန်ကောက် ခရီးစဉ်တွင် အသုံးပြုမည့် Air Bus (A320) XY-AGT လေယာဉ်အား ခရီးသည် တင်ဆောင်ရန် Parking နေရာသို့ မြန်မာ့လေကြောင်း မြေပြင် ၀န်ဆောင်မှုဌာန (Ground Handling Department)မှ Towing ပြုလုပ်ပြီး ရပ်နားရန် နေရာချထားစဉ် ရပ်နားထားသော Myanmar Airways International (MAI) မှ Air Bus (A319) လေယာဉ်၏ အမြီးပိုင်းအား မတော်တဆ ထိခိုက်မှု ဖြစ်ပွားခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေးမှုများ စတင် ပြုလုပ်နေပြီ ဖြစ်ကြောင်း ရွှေမြန်မာ လေကြောင်း လိုင်းပိုင် ဖေ့စ်ဘုတ် စာမျက်နှာတွင်လည်း ထုတ်ပြန်ထားသည်။

ဧရာဝတီ

လေယာဉ်တိုက်မှု ဖြစ်ပွားပြီးနောက် မြင်ရစဉ်
လေယာဉ်တိုက်မှု ဖြစ်ပွားပြီးနောက် မြင်ရစဉ်

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြီးခဲ့သည့် အပတ်အတွင်း ရွှေမြန်မာ လေကြောင်း လိုင်း ပိုင် လေယာဉ် တစီး က အပြည်ပြည်ဆိုင်ရာ မြန်မာ လေကြောင်းလိုင်း (MAI) ပိုင် လေယာဉ် တစီးကို မတော်တဆ ထိခိုက်မှုနှင့် ပတ်သက်ပြီး ဆုံးရှုံးမှုတန်ဖိုး တွက် ချက်နေဆဲ ဖြစ်ကြောင်း သိရသည်။

ကမ္ဘောဇဘဏ်က ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် ကြိုတင်ခွန်အဖြစ် ယမန်နှစ် စည်းကြပ်နှစ်ထက် ကျပ်ငါးဘီလျံပို၍ ကျပ် ၂၂ ဘီလျံကျော်အထိ အခွန်ပေးဆောင်ထား

Photo: ကမ္ဘောဇဘဏ်က ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် ကြိုတင်ခွန်အဖြစ် ယမန်နှစ် စည်းကြပ်နှစ်ထက် ကျပ်ငါးဘီလျံပို၍ ကျပ် ၂၂ ဘီလျံကျော်အထိ အခွန်ပေးဆောင်ထား
Wednesday, April 23,2014

ကမ္ဘောဇလုပ်ငန်းစုများ လက်အောက်ရှိ ကမ္ဘောဇဘဏ် လီမိတက်က ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် ကြိုတင်ခွန်အဖြစ် ယမန်နှစ် ဘဏ္ဍာနှစ်ထက် ကျပ်ငါးဘီလျံ ပိုမိုပေးဆောင်ထားပြီး စုစုပေါင်း ကျပ်ဘီလျံ ၂၂ ဘီလျံအထိ ပေးဆောင်ထားပြီးဖြစ်ကြောင်း သိရသည်။

၂၀၁၂-၂၀၁၃ စည်းကြပ်နှစ်အတွက် ၀င်ငွေခွန်အမြင့်ဆုံး ပေးဆောင်ခဲ့သည့် ကမ္ဘောဇဘဏ်အနေဖြင့် ယခုနှစ် တစ်နှစ်တာ ကာလအတွင်း ရရှိနိုင်သည့် ၀င်ငွေခွန် ပမာဏအပေါ် ခန့်မှန်းတွက်ချက်၍ ကြိုတင်ခွန် အဖြစ် ပေးဆောင်ခဲ့ခြင်း ဖြစ်သည်။

ကမ္ဘောဇဘဏ် အနေဖြင့် နိုင်ငံတော်မှ သတ်မှတ်ထားသည့် ၀င်ငွေခွန် ပေးဆောင်မှုများအဖြစ် ၂၀၁၂-၂၀၁၃ စည်းကြပ်နှစ်အတွက် ကျပ် ၁၀ ဘီလျံကျော်၊ ၂၀၁၃-၂၀၁၄ စည်းကြပ်နှစ်အတွက် ကျပ် ၁၇ ဘီလျံကျော်နှင့် ၂၀၁၄-၂၀၁၅ စည်းကြပ်နှစ်အတွက် ကြိုတင်ခွန်အဖြစ် ကျပ် ၂၂ ဘီလျံကျော်အထိ ပေးဆောင်ခဲ့ကြောင်း ၂၀၁၂-၂၀၁၃ စည်းကြပ်နှစ်အတွက် ၀င်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ထမ်းဆောင်ခဲ့ကြသည့် အခွန်ထမ်းပြည်သူများအား ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ပွဲတွင် ကမ္ဘောဇ လုပ်ငန်းအုပ်စုများနှင့် ကမ္ဘောဇဘဏ် ဥက္ကဋ္ဌဖြစ်သူ ဦးအောင်ကိုဝင်းက မီဒီယာသမားများ၏ မေးမြန်းမှုအပေါ် ဖြေကြားခဲ့သည်။

“၂၀၁၂-၂၀၁၃ စည်းကြပ်နှစ်အတွက် ကျပ် ၁၀ ဘီလျံကျော်၊ ၂၀၁၃-၂၀၁၄ စည်းကြပ်နှစ်အတွက် ၀င်ငွေခွန် ကျပ် ၁၇ ဘီလျံကျော်နဲ့ ၂၀၁၄-၂၀၁၅ စည်းကြပ်နှစ်အတွက် ကြိုတင်ခွန်အဖြစ် ကျပ် ၂၂ ဘီလျံကျော် ပေးဆောင်ထားပါတယ်” ဟု ဦးအောင်ကိုဝင်းက ဆိုသည်။

၂၀၁၃ ခုနှစ် ဇွန်မှစတင်၍ ကြိုတင်ခွန်အဖြစ် ကောက်ခံရာတွင် လုပ်ငန်းရှင်များ အနေဖြင့် ခက်ခဲမှုများ ဖြစ်ပေါ်ခဲ့သည်။ ထိုသို့ ခက်ခဲမှုများ ဖြစ်ပေါ်နေသော်လည်း မြန်မာနိုင်ငံရှိ ကုမ္ပဏီအချို့မှာ လုပ်ငန်းလိပ်စာများအား လိပ်စာအစစ်အမှန် မပေးခြင်း၊ အခွန်ဆောင်မှုမရှိဘဲ ကုမ္ပဏီအား ဖျက်သိမ်းသွားခြင်း စသည့်ဖြစ်ရပ်များ အများအပြား ဖြစ်လာခြင်းကြောင့် ကြိုတင်ခွန်အား ကောက်ခံရခြင်းဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ဆိုသည်။

မြန်မာနိုင်ငံတွင် ပုဂ္ဂလိကပိုင်ဆိုင်သည့် ဘဏ်ပေါင်း ၂၁ ဘဏ်နှင့် အစိုးရပိုင်ဘဏ် လေးဘဏ်အထိ ရှိနေပြီး ပုဂ္ဂလိကဘဏ်ခွဲပေါင်း ၆၅၈ ဘဏ်ခန့်အထိ ရှိနေကာ အဆိုပါ ဘဏ်များအနက်မှ ကမ္ဘောဇဘဏ်သည် ဘဏ်ခွဲအများဆုံးနှင့် အကြီးဆုံးဘဏ်ဖြစ်သည်။

ကမ္ဘောဇဘဏ်အတွက် ၀င်ငွေခွန် အများဆုံးပေးဆောင်သည့် ကမ္ဘောဇလုပ်ငန်း အုပ်စုသည် Air Kanbawza၊ MAI၊ IKBZ စသည့် လုပ်ငန်းများစွာကိုလည်း ပိုင်ဆိုင်ထားသည်။

မြန်မာနိုင်ငံတွင် အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ ဖွဲ့စည်းပြီးနောက် အခွန်အများဆုံး ပေးဆောင်သည့် လုပ်ငန်းစုများထံမှ အခွန်ပိုမိုပေးဆောင်ရန် တွေ့ဆုံဆွေးနွေးမှုများ၊ အခွန်ရှောင်နေသည့် လုပ်ငန်းအုပ်စု ၆၀ ကျော်အား ခေါ်ယူတွေ့ဆုံ၍ သတိပေးမှုများ ပြုလုပ်ထားပြီး အာဆီယံနိုင်ငံများတွင် အခွန်ငွေမှ ဂျီဒီပီတွင် ပါဝင်မှုအချိုး အနိမ့်ဆုံးဖြစ်နေသည့် မြန်မာနိုင်ငံတွင် အခွန်ငွေ ပိုမိုရရှိရေးအတွက် တွေ့ဆုံဆွေးနွေး သတိပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Eleven Media Group

ကမ္ဘောဇဘဏ်ခွဲတစ်ခုကို တွေ့ရစဉ်
ကမ္ဘောဇဘဏ်ခွဲတစ်ခုကို တွေ့ရစဉ်

ကမ္ဘောဇလုပ်ငန်းစုများ လက်အောက်ရှိ ကမ္ဘောဇဘဏ် လီမိတက်က ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် ကြိုတင်ခွန်အဖြစ် ယမန်နှစ် ဘဏ္ဍာနှစ်ထက် ကျပ်ငါးဘီလျံ ပိုမိုပေးဆောင်ထားပြီး စုစုပေါင်း ကျပ်ဘီလျံ ၂၂ ဘီလျံအထိ ပေးဆောင်ထားပြီးဖြစ်ကြောင်း သိရသည်။

ခရမ်းလွန်ရောင်ခြည် ညွှန်းကိန်းအဆင့် ၁၅ အထက်သို့ ယနေ့ ပထမဆုံးအကြိမ် ရောက်ရှိလာနိုင်

Photo: ခရမ်းလွန်ရောင်ခြည် ညွှန်းကိန်းအဆင့် ၁၅ အထက်သို့ ယနေ့ ပထမဆုံးအကြိမ် ရောက်ရှိလာနိုင်
Wednesday, April 23,2014

ယခုရက်ပိုင်းတွင် နေ့အ ပူချိန်များ ဆက်တိုက်မြင့်တက်လာသည့်အပြင် ခရမ်းလွန်ရောင် ခြည်ကျရောက်မှုလည်း ပြင်းထန် လာပြီး ညွှန်းကိန်းအဆင့် ၁၅ အ ထက်သို့ ယနေ့ ပထမဆုံးအကြိမ် အဖြစ် ရောက်ရှိလာနိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးထားသည်။

နေ့အပူချိန်များမှာ ဧပြီ ၂၂ ရက်က မန္တလေးတိုင်းဒေသကြီး နှင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းတို့တွင် ၄၄ ဒီဂရီစင် တီဂရိတ်အထိ မြင့်ခဲ့ပြီး မကွေး တိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတွင် ၄၃ ဒီဂရီစင်တီဂ ရိတ်သို့ ရောက်ခဲ့သည်။ အပူချိန် မှာ ယခုနှစ် နှစ်စမှ လက်ရှိအချိန် အထိ အပူချိန်အမြင့်ဆုံးဖြစ်ခဲ့ပြီး ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်း မှာမူ စံချိန်တင်ကျရောက်ခြင်းဖြစ် ကြောင်း ဒေါက်တာထွန်းလွင်က ပြောသည်။

‘‘လာမယ့်ရက်အတွင်း မိုး ရွာဖို့ရှိနေပြီး အပူချိန်ရော ခရမ်း လွန်ရောင်ခြည်ပါ အရှိန်လျော့ သွားနိုင်တယ်။ ဒါပေမဲ့ မိုးမရွာမ ချင်း အပူချိန်က မြင့်နေမှာဖြစ်ပြီး အနေအထိုင်အသွားအလာ သ တိထားနေဖို့ လိုပါတယ်’’ ဟု ၎င်း က အကြံပြုသည်။

စစ်ကိုင်းတိုင်းဒေသကြီးအ ထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့ တွင် ဧပြီလ၏ ပျမ်းမျှအပူချိန် ထက် ၇ ဒီဂရီစင်တီဂရိတ်၊ ရှမ်း ပြည်နယ်တွင် ၃ ဒီဂရီစင်တီဂရိတ် မှ ၆ ဒီဂရီစင်တီဂရိတ်၊ စစ်ကိုင်း တိုင်းဒေသကြီး အောက်ပိုင်း၊ မန္တ လေးတိုင်းဒေသကြီး၊ ချင်းပြည် နယ်တို့တွင် ၃ ဒီဂရီစင်တီဂရိတ်မှ ၄ ဒီဂရီစင်တီဂရိတ်အထိ ပိုခဲ့ကြောင်းမိုး/ဇလဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ခရမ်းလွန်ရောင်ခြည်မှာ ကယားပြည်နယ်တွင် အန္တရာယ် ရှိသည့် လွန်ကဲအဆင့် ညွှန်းကိန်း ၁၅ ဒသမ ၁ အထိ မြင့်နေပြီး တစ် နိုင်ငံလုံးအနှံ့ ညွှန်းကိန်း ၁၂ အ ထက်တွင် ရှိနေကြောင်း နိုင်ငံတ ကာ မိုးလေ၀သဂြိုဟ်တုများ၏ တိုင်းတာချက်များကို ကိုးကား၍ ဒေါက်တာထွန်းလွင်က သတင်း ထုတ်ပြန်ထားသည်။

ဒေါက်တာထွန်းလွင်က မြန် မာနိုင်ငံမြောက်ပိုင်းနှင့်တောင်ပိုင်းဒေသများ အတွင်းသို့ ရေငွေ့ပါဝင်သောလေများ ၀င်ရောက်နေ ပြီး လာမည့်ရက်သတ္တပတ်အ တွင်းနေပြည်တော်၊ တနင်္သာရီ တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် တို့တွင် နေရာကွက်ပြီး မိုးရွာနိုင် ကြောင်း ခန့်မှန်းပြောကြားသည်။

7day
ယခုရက်ပိုင်းတွင် နေ့အ ပူချိန်များ ဆက်တိုက်မြင့်တက်လာသည့်အပြင် ခရမ်းလွန်ရောင် ခြည်ကျရောက်မှု လည်း ပြင်းထန် လာပြီး ညွှန်းကိန်းအဆင့် ၁၅ အ ထက်သို့ ယနေ့ ပထမဆုံးအကြိမ် အဖြစ် ရောက်ရှိ လာနိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးထားသည်။

အပူဒဏ် မခံနိုင်၍ မန်းသားတို့ လွန်ဆွဲ ကြပြီ

Photo: အပူဒဏ် မခံနိုင်၍ မန်းသားတို့ လွန်ဆွဲ ကြပြီ
Wednesday, April 23, 2014

မန္တလေးမြို့တွင် အပူရှိန်လွန်ကဲမှုကြောင့် အပူဒဏ် မခံနိုင်၍ မြန်မာ့ဓလေ့ တစ်ရပ်ဖြစ်သော မိုးခေါ်လွန်ဆွဲပွဲ ကို ယနေ့ ညနေ ၄ နာရီတွင် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် အကွက် ၂၂ဝ၊ မရမ်းခြံရပ်၊ ကမ်းနားလမ်းပေါ်တွင် ကျင်းပရာ
အမျိုးသား/ အမျိုးသမီးများ ပါဝင်ယှဉ်ပြိုင် ဆွဲကြသည်။''လွန်ဆွဲရာမှာ အမှားအယွင်းရှိလို့ မဖြစ်ပါဘူး။ ပွဲတွေပေးရတယ်။ မိုးခေါင်ကျော်စွာနတ်၊ သာသနာစောင့် နတ်မင်းကြီး လေးပါး၊ စက်ပွဲ၊ ဆိုင်းပွဲ၊ လွန်းကြိုးပွဲတွေ ပေးရပါတယ်။ ဒီနေ့က သုံးချီ သုံးလားဆွဲတာပါ။ မနက်ဖြန် ငါးချီ ငါးလား၊ သန်ဘက်ခါ ခုနစ်ချီ ခုနစ်လား ဆွဲမှာပါ'' ဟု မိုးခေါ်လွန်ဆွဲပွဲ ဖြစ်မြောက်ရေး အလှူရှင် ဦးလွင်က ရှင်းပြသည်။

လွန်ဆွဲပွဲတွင် အမျိုးသား/ အမျိုးသမီးများက သံချပ်များသဖွယ် တိုင်တည်ရွတ်ဆို အားပေးကြပြီး ရပ်ကွက် မီးသတ်ကားများကလည်း လွန်ဆွဲသောသူများ အပူဒဏ်သက်သာမှု ရှိစေရန် ရေလောင်းပက်ဖျန်းပေး ကြ သည်။ မြန်မာနိုင်ငံ ပြည်နယ်နှင့်တိုင်း ဒေသကြီးများ၌ ဧပြီ ၂၁ ရက်တွင် ဖြစ်ပေါ်နိုင်သော ခရမ်းလွန်ရောင် ခြည် အညွှန်းကိန်း အမြင့်ဆုံးတန်ဖိုးများ၌ မန္တလေးတိုင်း ဒေသကြီးသည် UV Index ၁၃ ဒသမ ၁ ရှိကြောင်း သက်ဆိုင်ရာမှ ထုတ်ပြန် ကြေညာ ထားရှိကြောင်း သိရသည်။

မြ၀တီ
မန္တလေးမြို့တွင် အပူရှိန်လွန်ကဲမှုကြောင့် အပူဒဏ် မခံနိုင်၍ မြန်မာ့ဓလေ့ တစ်ရပ်ဖြစ်သော မိုးခေါ်လွန်ဆွဲပွဲ ကို ယနေ့ ညနေ ၄ နာရီတွင် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် အကွက် ၂၂ဝ၊ မရမ်းခြံရပ်၊ ကမ်းနားလမ်းပေါ်တွင် ကျင်းပရာ အမျိုးသား/ အမျိုးသမီးများ ပါဝင်ယှဉ်ပြိုင် ဆွဲကြသည်။''လွန်ဆွဲရာမှာ အမှားအယွင်း ရှိလို့ မဖြစ်ပါဘူး။ ပွဲတွေပေးရတယ်။ မိုးခေါင်ကျော်စွာနတ်၊ သာသနာစောင့် နတ်မင်းကြီး လေးပါး၊ စက်ပွဲ၊ ဆိုင်းပွဲ၊ လွန်းကြိုးပွဲတွေ ပေးရပါတယ်။ ဒီနေ့က သုံးချီ သုံးလားဆွဲတာပါ။ မနက်ဖြန် ငါးချီ ငါးလား၊ သန်ဘက်ခါ ခုနစ်ချီ ခုနစ်လား ဆွဲမှာပါ'' ဟု မိုးခေါ်လွန်ဆွဲပွဲ ဖြစ်မြောက်ရေး အလှူရှင် ဦးလွင်က ရှင်းပြသည်။

မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရန် ကြိုးပမ်းနေသော CPI ကုမ္ပဏီ၏ အကူအညီဖြင့် ကချင်ပြည်နယ်ရှိ သတင်းစာဆရာများ တရုတ်နိုင်ငံသို့ သွားရောက်

ကချင်ပြည်နယ် သတင်းစာဆရာများသည် မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရန် ကြိုးပမ်းနေသော CPI ကုမ္ပဏီ ၏ အကူအညီဖြင့် တရုတ်နိုင်ငံရှိ ယင်းကုမ္ပဏီ၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်များနှင့် အထင် ကရ နေရာများကို ဧပြီ ၁၃ ရက်မှ ဧပြီ ၂၁ ရက်အထိ ကိုးရက်ကြာ လေ့လာရေးခရီး သွားရောက် ခဲ့ပြီး မြစ်ဆုံစီမံကိန်းကို ၂၀၁၅ တွင် ပြန်လည်စတင်လိုကြောင်း CPI ဒုဥက္ကဋ္ဌက ပြောကြားခဲ့သည်ဟု အဆိုပါခရီးစဉ်ကို လိုက်ပါခဲ့သူများ၏ ပြောကြားချက်အရ သိရသည်။

ချင်းတွင်းတံတား(မုံရွာ)တွင် ကားတစ်စီးတိမ်းမှောက် ၃ ဦးသေ ၁၁ ဦးဒဏ်ရာရ

ချင်းတွင်းတံတား(မုံရွာ)တွင် ဒိုင်နာယာဉ်တစ်စီး တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါ ခရီးသည် သုံးဦးသေဆုံးခဲ့ပြီး ၁၁ ဦးဒဏ်ရာရရှိသွားသည့် ဖြစ်စဉ်တစ်ခု ဧပြီလ ၂၂ ရက် ညနေ ၅ နာရီခွဲခန့်က ဖြစ်ပွားခဲ့သည်ဟု အမှတ်(၁၄) ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မုံရွာဒု-တပ်ဖွဲ့ခွဲရုံး၏ တာဝန်ရှိ ရဲအရာရှိတစ်ဦးက ပြောသည်။

လက်ဖက်ရည် ပန်းကန်လုံးရှိ မိုးသီးများ ကြွေကျ၍ အဘွားအို တစ်ဦးသေဆုံး

Photo: လက်ဖက်ရည် ပန်းကန်လုံးရှိ မိုးသီးများ ကြွေကျ၍ အဘွားအို တစ်ဦးသေဆုံး
Wednesday, April 23, 2014

ရမည်းသင်း မြို့နယ်နှင့် ပျော်ဘွယ် မြို့ နယ်စပ်ရှိ ကျေးရွာ များတွင် ဧပြီလ (၇)ရက် နေ့က နှစ်ပေါင်း (၇၀)အတွင်း မကြုံစဖူး ထူး ထူးခြားခြား လက်ဘက်ရည် ပုဂံ လုံးခန့်ရှိ မိုး သီးမိုး များ ရွာသွန်း မှုကြောင့် အဖွား အို တစ်ဦး သေဆုံးသွားခဲ့ပြီး ရမည်းသင်း မြို့နယ်နှင့် ပျော်ဘွယ်မြို့နယ် အတွင်းရှိ စပျစ်ခြံများ ခြံ လုံးကျွတ် ပျက်စီး သွားကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ်၊ ရွှေဓါးသာစည်အုပ် စုရှိ သာစည်၊ ညောင်ထောက် ၊ ဈေးညောင် ကိုင်း၊ လယ်ပြင်သာ၊ ပေတောကုန်း၊ ဆည် တွင်း၊ ဂွေးကုန်း၊ ဘုရားကုန်း၊ ထန်းလေးပင် နှင့် ရမည်းသင်းမြို့နယ်အတွင်း ရွာတန်းအုပ် စုတွင် ပါဝင်သည့် သဲကျွန်းအုပ်စု၊ ရွာတန်း လယ်သာအုပ်စု၊ သိန်းညှက်ကုန်း အုပ်စု၊ အုပ်ဖို အုပ်စုနှင့် ကုလား မျှော အုပ်စုတွင် ရွာတန်း (၂၄)ရွာတွင် ပါဝင်သည့် အုတ်ဖိုအရှေ့ရွာ၊ အုတ်ဖို အနောက်ရွာ၊ လက်ပံခါးလှတောင် ရွာ၊ မြောက်ရွာ၊ အလယ်ရွာ အပါအ၀င် အခြား ကျေးရွာများမှာ အဓိက စီးပွားရေးလုပ်ငန်း အ ဖြစ် စပျစ်ခြံ လုပ် ငန်း၊ ကွမ်းစိုက်လုပ်ငန်းနှင့် ကြက်သွန်စိုက်လုပ်ငန်းများကို လုပ်ကိုင်ခဲ့ကြ သည်။ အထူးသဖြင့် စပျစ်ကို အဓိက စီးပွား ရေးလုပ်ငန်းအဖြစ် စိုက်ပျိုးကြသည်။

ဧပြီလ (၇)ရက်နေ့၊ နေ့ခင်းက နှစ် ပေါင်း (၇၀)ကျော်အတွင်း မကြုံစဖူး ထူးထူး ကဲကဲ လက်ဘက်ရည် ပုဂံလုံးခန့်ရှိ မိုးသီးမိုး ကြီးများ ရုတ်တရက် တစ်နာရီကျော် ရွာချခဲ့ရာ စပျစ်ခြံများအားလုံး စပျစ်သီးများ မိုးသီးရိုက် ၍ ကြွေကျပျက်စီးသွားခဲ့သည်။ ရွာတန်း (၂၄)ရွာတွင် စပျစ်ခြံကို တစ်ဧကမှ (၁၀)ဧက အထိ စီးပွားဖြစ် စိုက်ပျိုး ကြ သည်။ စပျစ်စိုက် ဧက (၅၀၀)ကျော်ရှိပြီး စပျစ်ခြံပေါင်း (၃၀၀) ကျော်ရှိသည်။ ယခု ကဲ့သို့ မမျှော်လင့်ဘဲ မိုး သီးမိုးကြောင့် စပျစ်ခြံအားလုံး အသီးများကြွေ ကာ မိုးသီး ရိုက်၍ စပျစ်သီး အားလုံး ပျက်စီး ဆုံးရှုံးခဲ့သည်။ စပျစ်ခြံ တစ်ခြံလျှင် သိန်းပေါင်း (၁၀၀) ကျော် (၁၅၀)ခန့် ဆုံးရှုံး ပျက်စီးခဲ့ သည်။ စပျစ်ခြံ (၃၀၀)ကျော် မှ သိန်းပေါင်း (၅၀၀၀၀)ကျော် ပျက်စီးဆုံး ရှုံးသွားခဲ့သည်။

ကွမ်းရွက်ခြံ များတွင်လည်း မိုးသီးဒဏ် ကြောင့် ကွမ်းရွက် များ ပေါက်ပြဲ ပျက်စီးဆုံးရှုံး ကြ ရသည်။ အုတ်ဖိုအရှေ့ရွာမှ ဒေါ်သိန်းကြည် (၇၀)နှစ် မှာ မန်းကျည်းသီးဆွတ်ရာမှ မိုးသီး ဒဏ်ကြောင့် သေဆုံးသွား ခဲ့ရ သည်။ မိုးသီး မိုးကြောင့် ရမည်းသင်းမြို့နယ်နှင့် ပျော်ဘွယ် မြို့နယ်များ စပျစ်ခြံ၊ ကွမ်းခြံနှင့် ကြက်သွန် ခင်းများ ပျက်စီးသွားသဖြင့် သိန်းပေါင်း (၁၀၀၀၀၀)ကျော်ဖိုးခန့် ဆုံးရှုံးပျက်စီးသွား ခဲ့ရကြောင်း သိရသည်။

The Messenger
ရမည်းသင်း မြို့နယ်နှင့် ပျော်ဘွယ် မြို့ နယ်စပ်ရှိ ကျေးရွာ များတွင် ဧပြီလ (၇)ရက် နေ့က နှစ်ပေါင်း (၇၀)အတွင်း မကြုံစဖူး ထူး ထူးခြားခြား လက်ဘက်ရည် ပုဂံ လုံးခန့်ရှိ မိုး သီးမိုး များ ရွာသွန်း မှုကြောင့် အဖွား အို တစ်ဦး သေဆုံးသွားခဲ့ပြီး ရမည်းသင်း မြို့နယ်နှင့် ပျော်ဘွယ်မြို့နယ် အတွင်းရှိ စပျစ်ခြံများ ခြံ လုံးကျွတ် ပျက်စီး သွားကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို သီးခြားအဖွဲ့အစည်းအဖြစ် ရပ်တည်ရန် စီစဉ်

အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနအောက်ရှိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံ မှုကော်မရှင် ကို သီး ခြား အဖွဲ့အစည်းအဖြစ် ရပ်တည် ရန် သက်ဆိုင်ရာသို့ တင်ပြထား ပြီးဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင် ညွှန်ကြားရေး မှူးချုပ်ဦးအောင်နိုင်ဦးက ပြော ကြားသည်။

ထိုင်းနိုင်ငံတွင်း ၀တ်ဖြူစင်ကြယ်ဝတ် ခိုးဝင်သူ မြန်မာ ၃၀ အဖမ်းခံရ

Photo: ထိုင်းနိုင်ငံတွင်း ၀တ်ဖြူစင်ကြယ်ဝတ် ခိုးဝင်သူ မြန်မာ ၃၀ အဖမ်းခံရ
Wednesday, April 23, 2014

ထိုင်းနိုင်ငံထဲကို တရားထိုင်ဝတ်စုံအဖြူရောင်
ဝတ်ဆင်ပြီး ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား
အယောက် ၃၀ ကို တာ့ခ်ခရိုင် မဲဆောက်မြို့
နယ်ထဲမှာ ဖမ်းဆီးရမိတယ်လို့ ထိုင်းသ
တင်းတွေမှာ ဖော်ပြသွားပါတယ်။

နယ်မြေထဲကို တရားမ၀င်အလုပ်သမားတွေ ၀င်ရောက်လာဖို့ရှိတယ်လို့ ကြိုတင်သတင်းရထားချက်အရ တာ့ခ်ခရိုင် ရဲတပ်ဖွဲ့ဝင် နဲ့ နယ်မြေအထူးလုံခြုံရေး တပ်ဖွဲ့တို့ ပူးပေါင်းပြီး စောင့်ကြပ် စစ်ဆေးရာ မှာ ဧပြီ ၂၁ ရက်နေ့ ည ၉ နာ ရီအချိန်လောက်က မှန်လုံကားအဖြူရောင် ၂ စီးပေါ်ပါလာတဲ့သူတို့ကို မဲဆောက်မြို့နယ် မယ်ပ ရပ်ကွက် ဘန့်ဟွေ့ ဟင်ဖွန်ဂိတ်မှာ ဖမ်းမိခဲ့တာလို့ တာ့ခရိုင်ရဲမှူး ဖုန်းနခွန်း နခွန်းဆန်တိဖပ်က သတင်းထောက်တွေ ကို ပြောပါတယ်။

စစ်ဆေးချက်အရ သူတို့တတွေကို ထိုင်းသံဃာ ၂ ပါးက ဦးဆောင်ခေါ်ခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံ အလယ်ပိုင်း ပထုန်ဌာနီခရိုင် ၀ပ်ထမကိုင် ကျောင်းတိုက်က ဆင်းတုတော်ပူဇော်ပွဲကို သွားဖို့ဖြစ်ကြောင်း ၊ ဒါပေမယ့် ကားပေါ်ပါ လာတဲ့ ၀တ်ဖြူစင်ကြယ်အားလုံး ( ကျား ၁၈ ဦး နဲ့ မ ၁၂ ဦး ) လုံး ဘာတရားဝင် အထောက်အထားမှ မရှိတဲ့အတွက် ထိုင်းသံဃာ ၂ ပါး၊ ထိုင်းကားသမား ၂ ဦးနဲ့ သူတို့အားလုံးကို လိုအပ်သလိုအရေးယူဖို့ တာ့ခ်ခရိုင် လ၀ကရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ ရဲမှူးက ဆက်ပြောပါတယ်။

ကားသမားရဲ့ ထွက်ဆိုချက်အရ သူတို့တွေကို ဖုတ်ဖရမြို့နယ် ဝေါလေရွာမှာ သွားကြိုခဲ့ကြောင်း၊ ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ ခေါဝ်ကယောက်ကျောင်းတိုက်မှာ တနေ့ကို ဘတ် ၂၀၀ နဲ့ ခြံအလုပ်သမား အဖြစ် ခေါ်သွားဖို့ဖြစ်ကြောင်း ၊ စစ်ဆေးရေးဂိတ်တွေမှာ အလွယ်တကူဖြတ်ကျော်နိုင်ဖို့ အသင့်ယူသွားတဲ့ ၀တ်စုံဖြူတွေ ၀တ်ဆင်စေပြီး အမျိုးသားတချို့က မြန်မာဘုန်းကြီးဖြစ်ကာ ထိုင်းဝတ်စုံနဲ့ မတူမှာစိုးလို့ သင်္ကန်းကနေ ၀တ်စုံဖြူကို လဲလှယ်ဝတ်ဆင်စေခဲ့တယ်လို့ ပြောပါတယ်။

ဒီမတိုင်ခင်က ပထုန်ဌာနီခရိုင် ၀ပ်ထမကိုင်ကျောင်းတိုက်မှာ ဧပြီလ ၂၂ ရက်နေ့ကျရင် ကမ္ဘာမြေထိန်းသိမ်းရေး ပွဲတော် ကျင်းပဖို့ ကြေညာထားခဲ့ကြောင်း ၊ ထိုင်းတနိုင်ငံလုံးမှာရှိတဲ့ ကျောင်းတိုက်ပေါင်း ၃ သောင်းက ဘုရား ဆင်းတုတော် အဆူပေါင်း ၁ သိန်း ပင့်ဆောင်ပူဇော်ဖို့ရှိကြောင်း ကြေညာထားခဲ့ပါတယ်။

DVB (မြန်မာပိုင်း)
shwemyanmarmediagroup
ထိုင်းနိုင်ငံထဲကို တရားထိုင်ဝတ်စုံအဖြူရောင် ၀တ်ဆင်ပြီး ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား အယောက် ၃၀ ကို တာ့ခ်ခရိုင် မဲဆောက်မြို့နယ်ထဲမှာ ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြသွားပါတယ်။

သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်၏ ဈာပနအခမ်းအနား ရေဝေး သုသာန်တွင် ယနေ့ မွန်းတည့် ၁၂ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပပြီး ဂူသွင်းသဂြုင်္ိဟ်မည်

Photo: သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်၏ ဈာပနအခမ်းအနား ရေဝေး သုသာန်တွင် ယနေ့ မွန်းတည့် ၁၂ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပပြီး ဂူသွင်းသဂြုင်္ိဟ်မည်
Wednesday, April 23, 2014 

သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်၏ ဈာပနအခမ်း အနားအား ရေဝေးသုသာန်တွင် မွန်းတည့် ၁၂ နာရီမှ ညနေ ၅ နာရီအထိကျင်းပပြီး ဂူသွင်းသင်္ဂြိုဟ်မည်ဟု သိရသည်။
    
ဧပြီ ၂၃ ရက်တွင် သတင်းစာဆရာကြီး ဦးဝင်းတင်၏ ဈာပနအစီအစဉ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဆောင်စီစဉ်သွားမည်ဖြစ်ကြောင်း NLD ဗဟိုပြန်ကြားရေးကော်မတီမှ ဧပြီ ၂၁ ရက်တွင် သတင်းထုတ်ပြန်သည်။
    
ထုတ်ပြန်ချက်တွင် ဈာပနအစီအစဉ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးကဦးဆောင်၍ စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။
    
ဈာပနအခမ်းအနားအဖြစ် ဧပြီ ၂၃ ရက် မွန်းတည့် ၁၂ နာရီမှ ညနေ ၅ နာရီအတွင်း ဂါရ၀ပြုခြင်းအစီအစဉ်နှင့် ဂူသွင်းသင်္ဂြိုဟ်ခြင်းအစီအစဉ်ကို ရေဝေးသုသာန်တွင် ပြုလုပ်မည်ဖြစ်သည်။
    
ဝမ်းနည်းကြောင်း လက်မှတ်ရေးထိုးခြင်းနှင့် ၀မ်းနည်းခြင်းပန်းခွေ၊ ပန်းခြင်းများ ပေးပို့နိုင်ရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဗဟို) နှင့် ကမာရွတ်မြို့နယ်ရှိ ယုဒသန်ခန်းမသို့ ဧပြီ ၂၃ ရက် နောက်ဆုံးထား၍ ပေးပို့နိုင်ကြောင်း ထုတ်ပြန်ထားသည်။
    
ထို့အပြင် လိုအပ်သည့် သတင်းအချက်အလက်များနှင့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်နိုင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဗဟို) ၌ ဖွင့်လှစ်ထားရှိကြောင်း NLD ဗဟိုပြန်ကြားရေးကော်မတီက ထုတ်ပြန်ထားသည်။
    
ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ သဘာပတိအဖွဲ့ဝင်၊ သတင်းစာဆရာကြီး ဦးဝင်းတင်၏ ကျန်ရစ်သူမိသားစုအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဧပြီ ၂၂ ရက် ညနေပိုင်းတွင် လာရောက်တွေ့ဆုံခဲ့သည်။
    
ဒေါ်အောင်ဆန်းစုကြည်သည် ဆရာကြီးဦးဝင်းတင်၏ ကျောက်ကုန်းနေအိမ်သို့ ဧပြီ ၂၂ ရက် ညနေ ၅ နာရီ မိနစ် ၄၀ မှ ညနေ ၆ နာရီ မိနစ် ၄၀ အထိ လာရောက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
    
"အဖွဲ့ချုပ်မှာ ကြီးမားတဲ့ဆုံးရှုံးနစ်နာမှု ရှိတယ်လို့ပြောတယ်။ ဈာပနကိစ္စမှာ အဘရဲ့ဆန္ဒကိုဆန့်ကျင်ပြီး သုံးရက်ထားတာကို မကြိုက်ဘူးလို့ပြောတယ်။ အဘက ချက်ချင်းသင်္ဂြိုဟ်ဖို့ပြောခဲ့တာကို မနက်ဖြန်ဈာပနကို သူလည်းလာမယ်လို့ ပြောသွားပါတယ်"ဟု ဆရာကြီးဦးဝင်းတင်၏ တပည့်ရင်းဖြစ်သူ ဦးဇော်မျိုးအောင်က ပြောကြားသည်။
    
"အန်တီဒေါ်အောင်ဆန်းစုကြည်လာတာကို အားရှိပါတယ်။ သူကတော့ အားပေးစကားတွေပဲ ပြောသွားတယ်။ အဘနဲ့တွဲလုပ်ခဲ့တဲ့ ကိစ္စလေးတွေကိုလည်း သူပြန်ပြောတယ်။ မနက်ဖြန်ဈာပနကိုလည်း သူလာမယ်လို့ ပြောသွားပါတယ်" ဆရာကြီး ဦးဝင်းတင်၏ မွေးစားသမီး ဒေါ်ဆွေဆွေက ပြောကြားသည်။

Eleven Media Group 

ဟံသာဝတီဦးဝင်းတင် ကွယ်လွန်မှုအတွက် ရန်ကုန်တက္ကသိုလ် ယုဒဿ န်ရိပ်သာတွင် အောက်မေ့ဖွယ်အခမ်းအနား ပြင်ဆင်ထားစဉ်
ဟံသာဝတီဦးဝင်းတင် ကွယ်လွန်မှုအတွက် ရန်ကုန်တက္ကသိုလ် ယုဒဿ န်ရိပ်သာတွင် အောက်မေ့ဖွယ်အခမ်းအနား ပြင်ဆင်ထားစဉ်

သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်၏ ဈာပနအခမ်း အနားအား ရေဝေးသုသာန်တွင် မွန်းတည့် ၁၂ နာရီမှ ညနေ ၅ နာရီအထိကျင်းပပြီး ဂူသွင်းသင်္ဂြိုဟ်မည်ဟု သိရသည်။