Saturday 27 April 2013

ဖုန်းအင်တာနက်ကွန်နက်ရှင်ကိုဖွင့်နည်း

ဖုန်းကနေ အင်တာနက်စတင်သုံးစွဲမယ်ဆိုရင် အောက်ပါအတိုင်းလုပ်ရုံပါပဲ။ ၁ – setting ကိုဝင်

တန်ဖိုးနည်းကျပ်(၁၅၀၀)တန်ဆင်းကတ်အတွက် ဟန်းဆက်ကြိုတင် ၀ယ်မထားသင့်….

တန်ဖိုးနည်းကျပ်(၁၅၀၀)တန်ဆင်းကတ်အတွက် ဟန်းဆက်ကြိုတင်
ဝယ်မထားသင့်….

**********************************************
(27.4.2013, Friday)

ကျပ်(၁၅၀၀)တန်၊တန်ဖိုးနည်းဖုန်းဆင်းကတ်များသည် 800MHz ဟန်းဆက်
တိုင်းတွင် ထည့်သွင်းအသုံးပြုလို့ရသည်ဆိုသော်လည်း ဈေးပေါသည့်
တရုတ်ဟန်းဆက်များတွင် ကတ်မဖတ်ခြင်းများရှိနေပြီးအမြင့်ဟန်းဆက်
အချို့မှာလည်းချက်ချင်းထည့်ပြီးအသုံးပြုလို့မရခြင်းများရှိနေကြောင်း သိရ
သည်။Today's Mobil မှမန်နေးဂျင်းဒါရိုက်တာဦးနေလင်းထွန်းက တန်ဖိုး
နည်းဟန်းဆက်များတွင် Key pad ဆမ်ဆောင်း 339 သည်ဆော့ဖ်ဝဲပိုင်း
ပြန်လည်ပြုပြင်ပြီးမှအသုံးပြုနိုင်မည်ဖြစ်ပြီး တန်ဖိုးအရမ်းနည်းပြီးအရည်
အသွေးနိမ့်လွန်းသည့် ဟန်းဆက်များတွင် အသုံးပြုရန်အဆင်မပြေကြောင်း၊
Tablet များနှင့်လည်းလိုင်းအတက်အကျများဖြစ်တတ်ကြောင်း၊ထို့ကြောင့်
ကျပ်(၁၅၀၀)ဖုန်းဝယ်ယူသူများအနေဖြင့် ဟန်း ဆက်ကိုကြိုတင်ဝယ်ယူ
မထားသင့်ဘဲ ကိုယ့်လက်ထဲကိုကတ်ရောက်မှသာ ဟန်းဆက်ဆိုင်တွင်
သေချာထည့်သွင်းစမ်းသပ်ပြီးမှဝယ်ယူသင့် ကြောင်းအကြံပြုပြောကြား
ပါသည်။ လတ်တလော မြို့နယ်အတော်များများတွင် ကျပ်(၁၅၀၀)တန်
ဖုန်းဆင်းကတ်ကိုမဲနှိုက်ဝယ်ယူရသည့် အပေါ်အငြင်းပွားမှု၊ မပြေလည်မှု
ပြဿနာများရှိနေကြောင်း ကြားသိနေရပြီးဖုန်းဝယ်ယူလိုသူ များပြားသည့်
အတွက်ပြင်ပပေါက်ဈေးသည်လည်း နယ်မြေဒေသပေါ်မူတည်ပြီးမူရင်း
ဈေးထက်အဆပေါင်းများစွာမြင့်တက်နေကြောင်း သိရသည်။

SkyNet TV Browser
ကျပ်(၁၅၀၀)တန်၊တန်ဖိုးနည်းဖုန်းဆင်းကတ်များသည် 800MHz ဟန်းဆက်တိုင်းတွင် ထည့်သွင်း အသုံးပြု လို့ရသည်ဆိုသော်လည်း ဈေးပေါသည့်တရုတ်ဟန်းဆက်များတွင် ကတ်မဖတ်ခြင်းများရှိနေပြီးအမြင့်ဟန်း ဆက်အချို့မှာလည်းချက်ချင်းထည့်ပြီး အသုံးပြုလို့ မရခြင်း များ ရှိနေကြောင်း သိရသည်။Today's Mobil မှမန်နေးဂျင်းဒါရိုက်တာဦးနေလင်းထွန်းက တန်ဖိုးနည်း ဟန်းဆက် များတွင် Key pad ဆမ်ဆောင်း 339 သည်ဆော့ဖ်ဝဲ ပိုင်းပြန်လည်ပြုပြင်ပြီးမှအသုံးပြုနိုင် မည်ဖြစ်ပြီး တန်ဖိုးအရမ်းနည်းပြီးအရည် အသွေးနိမ့် လွန်းသည့် ဟန်းဆက်များတွင် အသုံးပြုရန် အဆင် မပြေကြောင်း၊Tablet များနှင့်လည်းလိုင်း အတက်

မြန်မာ့တပ်မတော် ခေတ်မှီတိုးတက်ဖို့ အမေရိကန် ကူညီမည်

Photo: မြန်မာ့တပ်မတော် ခေတ်မှီတိုးတက်ဖို့ အမေရိကန် ကူညီမည်

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ယွန် Joseph Yun က မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အားပေးထောက်ခံကြောင်း  တိုးတက်ပြသတဲ့အနေနဲ့ မြန်မာ့တပ်မတော်ကို တဆင့်ပြီးတဆင့် စတင်ကူညီရေးအတွက် နည်းလမ်းတွေကို မိမိတို့လေ့လာနေကြောင်း အမေရိကန်လွှတ်တော်မှာ ကြာသာပတေးနေ့က ပြောဆိုသွားပါတယ်။

အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာ့တပ်မတော်ကို  လူ့အခွင့်အရေးနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေတွေကို လေးစားလိုက်နာစေလိုတဲ့အပြင် တပြိုင်နက်မှာပဲ  မြောက်ကိုရီးယားနိုင်ငံနဲ့ စစ်ရေးအရ ဆက်ဆံမှုတွေ လုံးဝဖြတ်တောက်ဖို့ မြန်မာအစိုးရကို ဆက်လက်တိုက်တွန်းနေကြောင်းလည်း အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဒီအတောအတွင်း ပြီးခဲ့တဲ့အင်္ဂါနေ့က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက်မစ်ချယ်လ် Derek Mitchell ဟာ မြန်မာရေတပ်မတော် ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး သူရသက်ဆွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

အမေရိကန် သံအမတ်ကြီးက အခုလိုတွေ့ဆုံမှုဟာ  မြန်မာနိုင်ငံပြောင်းလဲမှုတွေ ပိုမိုတိုးတက်အောင် အထောက်အကူပြုဖို့အတွက်ဖြစ်ပါတယ်။ ဘယ်သူကမှ လက်နက်ရောင်းဝယ်ရေးကို ပြောဆိုတာမျိုးမရှိပါဖူးလို့ ပြောပါတယ်။ အတော်လေးနက်ခက်ခဲတဲ့ ပြသနာတချို့ရှိနေတာမှန်ပေမယ့် မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် စစ်တပ်ဟာ ပဓာနကျပါတယ်။ မြန်မာ့တပ်မတော်ကို ခေတ်မီတိုးတက်တဲ့ စစ်တပ်တခုဖြစ်လာအောင် ကူညီဖို့်လိုအပ်နေတာအမှန်ပါပဲလို့ ပြောကြားရင်း ဒီကိစ္စကိုတဆင့်ပြီးတဆင့် တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ အမေရိကန်သံအမတ်ကြီးက ပြောဆိုပါတယ်။


အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ယွန် Joseph Yun က မြန်မာပြည် ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို အားပေးထောက်ခံကြောင်း တိုးတက်ပြသတဲ့ အနေနဲ့ မြန်မာ့ တပ်မတော်ကို တဆင့်ပြီးတဆင့် စတင်ကူညီရေးအတွက် နည်းလမ်းတွေကို မိမိတို့လေ့လာနေကြောင်း အမေရိကန် လွှတ်တော်မှာ ကြာသာပတေးနေ့က ပြောဆိုသွားပါတယ်။

ဂျက်စတင်ဘီဘာ ရဲ့ ကားပေါ်မှာ ဆေးဝါးများနှင့် Stun gun တွေ့ရှိ

ဂျက်စတင်ဘီဘာ ရဲ့ ကားပေါ်မှာ ဆေးဝါးများနှင့် Stun gun တွေ့ရှိ 
======================================

April 27, 2013/ ZinYawNews

ဧပြီလ ၂၄ ရက်နေ့က ၁၉ နှစ်အရွယ်၊ ကနေဒါ ကမ္ဘာကျော် ပေါ့စတား  ဂျက်စတင်ဘီဘာရဲ့ ခရီးသွားကားပေါ်မှာ ဆေးဝါးများနှင့် Stun Gun တစ်လက်တွေ့ရှိထားကြောင်း ဆွီဒင်ရဲအရာရှိက ပြောကြားပါတယ်။

သူ့ကားဟာ ဗုဒ္ဓဟူးနေ့ညပိုင်း မြို့တော်မှာ ဂီတဖျော်ဖြေရေးမလုပ်ခင် ဘီဘာနေထိုင်တဲ့ Stockholm ဟိုတယ်အပြင်မှာ ရပ်ထားတာဖြစ်ပါတယ်။
ဘီဘာအပါအ၀င် ခရီးသည် ၁၀ လောက် ကားပေါ်မတက်ခင်မှာ မူးယစ်ရဲအရာရှိများ နိုးနိုးကြားကြားနဲ့ စစ်ဆေးခဲ့တာလို့ Mr Jyllander ကပြောပါတယ်။ ဆေးဝါးအနည်းငယ်နှင့် Stun Gun တစ်လက် တွေ့ခဲ့တယ်လို့ သူက ဆက်လက်ရှင်းပြခဲ့ပါတယ်။

ခုတော့ ဆေးဝါးတွေကို မှု့ခင်းဆေးဝါးစစ်ဆေးရေးဌာနသို့ပို့ထားပြီး တိကျတဲ့အဖြေရဖို့ စစ်ဆေးနေဆဲဖြစ်ပါတယ်။

Stun Gun ကတော့ သေးငယ်ပဲဖြစ်ပြီး အဲ့ဒီနိုင်ငံမှာ ကိုင်ဆောင်ဖို့အတွက် ပါမစ်တော့ လိုအပ်ပါတယ်၊ သူတို့မှာ ပါမစ်မရှိပါဘူး။

ဆေးဝါးတွေကတော့ ပျင်းထန်တဲ့မူးယစ်ဆေးဝါးမျိုးမဟုတ်ဘူးဆိုပေမယ့် တိကျတဲ့အဖြေရဖို့ ရက်အနည်းငယ်ကြာဦးမှာဖြစ်ပါတယ်၊ ဘီဘာနှင့်သူ့အဖွဲ့ဝင်တွေကိုတော့ လွပ်လပ်စွာ ပြည်ပထွက်ခွာခွင့်ပေးထားပါတယ်လို့ Mr Jyllander က ဆက်လပ်ရှင်းပြခဲ့ပါတယ်။

ဘီဘာဟာ ဥရောပတ၀ိုက်လှည့်လည်ခရီးသွားဖျော်ဖြေနေတာဖြစ်ပြီး သောကြာနေ့မှာ ဖင်လန်မှာ ဖျော်ဖြေရမှာဖြစ်ပါတယ်။

NaingLinn(ZinYawNews)
http://www.facebook.com/ZinYawNews

ဧပြီလ ၂၄ ရက်နေ့က ၁၉ နှစ်အရွယ်၊ ကနေဒါ ကမ္ဘာကျော် ပေါ့စတား ဂျက်စတင်ဘီဘာရဲ့ ခရီးသွား ကားပေါ်မှာ ဆေးဝါးများနှင့် Stun Gun တစ်လက်တွေ့ရှိထားကြောင်း ဆွီဒင်ရဲ အရာရှိ က ပြောကြား ပါတယ်။

ဆီးရီးယားအပေါ် ကိုင်တွယ်ပုံ ပြောင်းသွားနိုင်လို့ အိုဘားမားပြော

ဆီးရီးယားအပေါ် ကိုင်တွယ်ပုံ ပြောင်းသွားနိုင်လို့ အိုဘားမားပြော
Saturday,April27,2013

ဆီးရီးယားပြည်သူတွေအပေါ် ဆီးရီးယားအစိုးရက ဓာတုလက်နက်တွေ အသုံးပြုတိုက်ခိုက်နေတာမှန်ရင် ၂ နှစ်ကြာနေပြီဖြစ်တဲ့ ပဋိပက္ခအပေါ် အမေရိကန်ရဲ့ ချဉ်းကပ်မှုဟာ ပြောင်းလဲသွားနိုင်တယ်လို့ အမေရိကန်သမ္မတ Barack Obama ကပြောလိုက်ပါတယ်။

ဓာတုလက်နက်တွေကို ဘယ်မှာ ဘယ်တုန်းက ဘယ်လို အသုံးပြုခဲ့သလဲဆိုတဲ့ အထောက်အထားတွေ ထပ်ပြီးရဖို့လိုသေးတယ်ဆိုတာကိုလည်း သမ္မတ အိုဘားမားက သောကြာနေ့တုန်းက အလေးအနက် ပြောခဲ့ပါတယ်။ လောလော ဆယ်ရရှိထားတဲ့ အထောက်အထားတွေဟာ အမေရိကန် ထောက်လှမ်းရေးက ရရှိတဲ့အချက်အလက်တွေကို အခြေခံပြီး ကနဦး သုံးသပ်ထားတာ ဖြစ်တယ် လို့ ဂျော်ဒန်ဘုရင် Abdullah နဲ့အတူ အိမ်ဖြူတော်မှာ ပူးတွဲလုပ်တဲ့ သတင်းစာ ရှင်းပွဲမှာ သမ္မတအိုဘားမားက ပြောပါတယ်။

ဆီးရီးယားအစိုးရက ဓာတုလက်နက်သုံးတယ်ဆိုတဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်လို့ တိုက်ရိုက် သက်သေ အထောက်အထားတွေ ရရှိဖို့ အမေရိကန်နဲ့ အတူ ဒေသတွင်း မဟာမိတ်နိုင်ငံတွေအပြင် ကုလသမဂ္ဂက ဆောင်ရွက်ဖို့ လိုတယ်လို့လည်း အမေရိကန်သမ္မတက ပြောပါတယ်။

သမ္မတ Bashar al Assad ကိုဖြုတ်ချဖို့ ကြိုးစားတိုက်နေကြတဲ့ တော်လှန်သူတွေ အပေါ် ဆီးရီးယားအစိုးရက Sarin ဓာတ်ငွေ့တွေကို အနည်းငယ် သုံးနေတယ် ဆိုတာ အမေရိကန်ထောက်လှမ်းရေဌာနတွေက ယုံကြည်နေတဲ့အကြောင်း အိမ်ဖြူတော်က ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်ခင်ဗျာ။

အမေရိကန်သမ္မတ Barack Obama နဲ့ ဂျော်ဒန်ဘုရင် Abdullah II, တို့ သမ္မတ အိမ်ဖြူတော်ရုံးခန်း အတွင်း တွေ့ဆုံစဉ်။ (ဧပြီလ ၂၆၊ ၂၀၁၃။)

ဆီးရီးယားပြည်သူတွေအပေါ် ဆီးရီးယားအစိုးရက ဓာတုလက်နက်တွေ အသုံးပြုတိုက်ခိုက်နေတာမှန်ရင် ၂ နှစ်ကြာနေပြီဖြစ်တဲ့ ပဋိပက္ခအပေါ် အမေရိကန်ရဲ့ ချဉ်းကပ်မှုဟာ ပြောင်းလဲသွားနိုင်တယ်လို့ အမေရိကန် သမ္မတ Barack Obama ကပြောလိုက်ပါတယ်။

ဘော်စတွန် ဗုံးခွဲသူ ထောင် ဆေးရုံပြောင်း

ဘော်စတွန် ဗုံးခွဲသူ ထောင် ဆေးရုံပြောင်း
Saturday,April27,2013

ဘော်စတွန် မာရသွန်ပြိုင်ပွဲ ဗုံးဖောက်ခွဲမှုမှာ သံသယရှိထားသူ ဂျိုဟာ စနိုင်းရက်ဖ် ကို အာဏာပိုင်တွေက စစ်ဆေးမေးမြန်းမှုတွေ ဆက်လုပ်နေသလို သူ့ကို ထောင်ဆေးရုံတခုကိုလည်း ရွှေ့ပြောင်း ထားလိုက်ပြီဖြစ်ပါတယ်။

ဂျိုဟာကို Masschusetts ပြည်နယ် အရှေ့မြောက်ဘက်၊ Fort Devens မှာရှိတဲ့ အကျဉ်းထောင်ဆေးရုံကို ပြောင်းရွှေ့လိုက်တဲ့အကြောင်း အမေရိကန် ရဲဌာန က သောကြာနေ့မှာ ပြောဆိုလိုက်တာပါ။ ဂျိုဟာရဲ့အခြေအနေ အသေးစိတ် ကိုတော့ ပြောခွင့်ရသူက မပြောခဲ့ပါဘူး။ အစိုးရအရာရှိတွေကတော့ ဂျိုဟာ လည်ပင်းမှာရတဲ့ ဒဏ်ရာကနေ သက်သာလာနေပြီလို့ ပြောထားတာဖြစ်ပါတယ်။

ပြည်ထောင်စုအစိုးရ ထောက်လှမ်းရေးအဖွဲ့ FBI ကတော့ သောကြာနေ့မှာ ဂျိုဟာ ကျောင်းတက်ခဲ့တဲ့ Massachusetts Dartmouth တက္ကသိုလ်ဝန်း အနီးမှာရှိတဲ့ အမှိုက်ပုံတစ်ခုကို ရှာဖွေစစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။ သူတို့ဘာကို ရှာနေတယ်ဆိုတာတော့ တာဝန်ရှိသူတွေက မပြောခဲ့ပါဘူး။

ဝါရှင်တန်ဒီစီမှာတော့ စနိုင်းရက်ဖ်တို့ညီအစ်ကို ကို အစွန်းရောက်အောင် လုပ်တဲ့ အထဲမှာ သူတို့ရဲ့မိခင် ပါဝင်မှုရှိမရှိ ဆုံးဖြတ်ဖို့အတွက် အာဏာပိုင်တွေက ကြိုးစားနေတဲ့အကြောင်း လွှတ်တော်အမတ်တွေက ပြောပါတယ်။ သူတို့ရဲ့ မိခင်ဟာ အာဏာပိုင်တွေ စိတ်ဝင်တစား စောင့်ကြည့်နေသူ တယောက် ဖြစ် တယ်လို့ အောက်လွှတ်တော် ထောက်လှမ်းရေးကော်မတီက အကြီးတန်း ဒီမိုကရက်လွှတ်တော်အမတ် Dutch Ruppersberger က ပြောပါတယ်။

မိခင်ဖြစ်သူ Zubeidat Tsarnaeva ဟာ ဘော်စတွန်ဗုံးဖောက်ခွဲမှု မတိုင်ခင် ၁၈ လလောက်ကတည်းက ပြည်ထောင်စုအစိုးရရဲ့ အကြမ်းဖက် လှုပ်ရှားမှု စာရင်း ထဲမှာရှိခဲ့တဲ့အကြောင်း အေပီသတင်းဌာနက သောကြာနေ့မှာ ဖော်ပြခဲ့ပါတယ်။
ဘော့်စတွန်ဗုံးခွဲမှု သံသယရှိသူ ညီအကိုနှစ်ဦးရဲ့ မိခင် Zubeidat နဲ့ ဖခင် Anzor Tasrnaev
VOA

ဘော်စတွန် မာရသွန်ပြိုင်ပွဲ ဗုံးဖောက်ခွဲမှုမှာ သံသယရှိထားသူ ဂျိုဟာ စနိုင်းရက်ဖ် ကို အာဏာပိုင်တွေက စစ်ဆေးမေးမြန်းမှုတွေ ဆက်လုပ်နေသလို သူ့ကို ထောင်ဆေးရုံတခုကိုလည်း ရွှေ့ပြောင်း ထား လိုက်ပြီဖြစ် ပါတယ်။

ဘော်စတွန် ဗုံး ဖောက်ခွဲမှု၏ နောက်ကွယ်မှ ကြိုးကိုင်သူ ဘယ်သူလဲ

ဘော်စတွန် ဗုံး ဖောက်ခွဲမှု၌ နောက်ကွယ်မှ အဓိက ကြိုးကိုင် ဆောင်ရွက်သူမှာ မိမိ၏ အစ်ကို တာမာလန် ဇာနေယက်ဗ် ဖြစ်သည်ဟု ၎င်း၏ ညီဖြစ်သူ ဇိုခါဇာ နေယက်ဗ်က စုံစမ်းစစ်ဆေးသူများကို ပြောကြားထား သည်။
သို့ရာတွင် ၎င်းတို့ ညီအစ်ကို နှစ်ဦးသည် မည်သည့်အကြမ်းဖက်အဖွဲ့နှင့်မျှ ဆက်သွယ်မှုမရှိကြောင်း ဇိုခါဇာနေ ယက်ဗ်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် အာဆီယံ ရည်မှန်းချက်များနှင့်အညီ ပြည်တွင်းဦးစားပေး အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိ

(၂၂)ကြိမ်မြောက် အာဆီယံထိပ်သီး သီးသန့်အစည်းအဝေးကို ဧပြီ ၂၅ ရက် နံနက် ၉ နာရီတွင် ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ ဘန်ဒါဆရီဘီဂါဝန်မြို့ရှိ ဝန်ကြီးချုပ်ရုံး၌ကျင်းပရာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်ဆွေးနွေးသည်။ အဆိုပါ အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဆွေးနွေးပြောကြားရာတွင် ဘန်ဒါဆရီ ဘီဂါဝန် မြို့တော်ကို လာရောက်လည်ပတ်ခွင့်ရသည့်အတွက် ကြည်နူးဝမ်းမြောက်မိပါကြောင်း၊ မိမိတို့ကို လိုလေသေးမရှိအောင် ပြုစုစောင့်ရှောက်ပေးကြသည့် ဘရူနိုင်းအစိုးရ တာဝန်ရှိသူများနှင့် ပြည်သူများကို
အထူးကျေးဇူးဥပကာရ တင်ရှိကြောင်း ဦးစွာပြောကြားလိုပါကြောင်း။ ဤထိပ်သီး အစည်းအဝေး၌

ရှမ်းလူမျိုးတစ်ဦးလျှင် ယွမ် ၃၀၀၀စီဖြင့် လာရောက်ရွေးယူရန်သတ်မှတ်


ကချင်ပြည်နယ်ကျေးရွာအချို့သို့ KIA တပ်မဟာ(၃) လက်အောက်ခံတပ်ရင်းများမှ ၀င်ရောက်ဖမ်းဆီး ထားသူ လူပေါင်း (၁၀၀)ကျော်အနက်က ရှမ်းလူမျိုး(၃၀)ကို တစ်ယောက်ကို တရုတ်ယွမ်ငွေ (၃၀၀၀) ကျပ်ဖြင့် လာရောက်ရွေးယူကြဖို့ သူတို့မိဘဆွေ မျိုးတွေထံ အကြောင်းကြားထားပါကြောင်း သိရှိရပါ သည်။