Wednesday 3 December 2014

တရုတ်-မြန်မာ (၁၁) ကြိမ်မြောက် နယ်စပ်ကုန်စည်ပြပွဲ မူဆယ်တွင်လုပ်မည်

၂၀၀၁ ခုနှစ်က ရွှေလီ-ကြယ်ဂေါင်တွင် စတင်ခဲ့သည့် တရုတ်-မြန်မာ နယ်စပ်ကုန်စည် (၁၁) ကြိမ်မြောက် ပြပွဲကို ယခုနှစ်၌ မြန်မာနိုင်ငံ မူဆယ်မြို့  (၁၀၅)မိုင်တွင် ဒီဇင်ဘာ ၁၁ မှ ၁၃ ရက်အထိ ပြသမည်ဟု ထိုပြပွဲ တွင်ပူးပေါင်းပါဝင်သည့် မူဆယ်-နမ့်ခမ်း ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဦးဌေးဦးက မဇ္ဈိမကိုပြောသည်။

ကွယ်လွန် ပြီးသည့်တိုင် Apple အတွက် တရားခွင်တွင် လျှောက်လဲချက် ပေးသွားမည့် စတိဗ်ဂျော့ဘ်စ်

Apple အမှုဆောင် အရာရှိချုပ် စတိဗ် ဂျော့ဘ်စ်သည် ကွယ်လွန်ခဲ့ပြီးဖြစ်သော်လည်း ကုမ္ပဏီ၏ အမှုကိစ္စ အတွက် တရားရုံးတွင် လျှောက်လှဲချက် ပေးသွားမည်ဟု ဆိုသည်။

ရန်ကုန် ယာဉ်ကြော ပိတ်ဆို့မှု ဖြေရှင်းရန် နိုင်ငံတော်သမ္မတ ကိုယ်တိုင် စောင့်ကြည့် ညွှန်ကြားနေ

ရန်ကုန်မြို့ရှိ ယာဉ်ကြော ပိတ်ဆို့မှု ဖြေရှင်းရန် နိုင်ငံတော်သမ္မတ ကိုယ်တိုင် စိတ်ဝင်တစား စောင့်ကြည့်၍ လမ်းညွှန်မှုများ ပြုလုပ် နေကြောင်း ယမန်နေ့ က ကျင်းပသော အများပြည်သူ သွားလာရေး လွယ်ကူ ချောမွေ့စေရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ က ပြောကြား လိုက်သည်။ ယာဉ်ကြော ပိတ်ဆို့မှု တွေကို ဖြေရှင်းဖို့ အတွက် ဆိုရင် နိုင်ငံတော် အကြီးအကဲ ကိုယ်တိုင်လည်း စိတ်ဝင်တစား လမ်းညွှန်နေ တာကို သိစေချင် ပါတယ်။ ဆောင်ရွက်ရမယ့် လုပ်ငန်းတွေ လမ်းညွှန် သလို ပံ့ပိုးရမယ့်ဟာ တွေလည်း ပံ့ပိုးပေးဖို့ ဆိုပြီး မကြာခဏ ကျွန်တော် တို့ကို အကြောင်း ကြားနေတာလည်း ရှိပါတယ် ဟု ၀န်ကြီးချုပ် ဦးမြင့်ဆွေက ပြောသည်။  

ပညာရေးသည် သာမည၊ ဆူပူရေးသည်အဓိက

ပြီးခဲ့သည့် နိုဝင်ဘာလတွင် ရန်ကုန်မြို့အတွင်း အမျိုးသားပညာရေး ဥပဒေမူကြမ်း ကန့်ကွက်ဆန္ဒပြပွဲများကို ပြုလုပ်ခဲ့ကြတာ အားလုံးအသိပဲဖြစ်ပါတယ်။ ၎င်းဆန္ဒပြပွဲကို ဦးဆောင်ပါဝင်ခဲ့သူများကတော့ လက်ရှိ ပညာ သင်ကြားနေသော ကျောင်းသူ၊ ကျောင်းသားများမဟုတ်ကြပဲ တက္ကသိုလ်မှဘွဲ့ရပြီးသူ၊ တက္ကသိုလ် တက် ရောက်ခွင့်မရရှိတော့သူနှင့် နိုင်ငံရေးသမားများ၊ လူမှု့အဖွဲ့အစည်းခေါင်းစဉ်တပ်ပြီး ကိုယ်ကျိုး ရှာသူများသာ ပါဝင်ခဲ့ကြတာတွေ့ရှိရပါတယ်။ အမေရိကန်သမ္မတအိုဘားမား ရန်ကုန်ရောက်ရှိသည့် နေ့ရက်မှစတင်ပြီး လေးရက်ကြာ ဆန္ဒပြခဲ့ကြပါတယ်။ 

တစ်ရက် ကျပ် သုံးထောင်ရမည့် ယာဉ်စည်းကမ်း ကြီးကြပ်ရေးမှူး အလုပ်ကို ပင်စင်စား ဝန်ထမ်း ဟောင်းများသာမက စိတ်ဝင်စားသည့် မည်သူမဆို လျှောက်ထားနိုင်

Photo: တစ်ရက် ကျပ် သုံးထောင်ရမည့် ယာဉ်စည်းကမ်း ကြီးကြပ်ရေးမှူး အလုပ်ကို
ပင်စင်စား ဝန်ထမ်း ဟောင်းများသာမက စိတ်ဝင်စားသည့် မည်သူမဆို လျှောက်ထားနိုင်
Wednesday, December 3, 2014

တစ်ရက်လျှင် ငွေကျပ်သုံးထောင် နှုန်းရရှိမည့် ယာဉ်စည်းကမ်းကြီးကြပ် ရေးမှူးအလုပ်ကို ပင်စင်စား ဝန်ထမ်း ဟောင်းများသာမက စိတ်ဝင်စားသည့် မည်သူမဆို လျှောက်ထားလုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးမှသိရသည်။

လက်ရှိတွင် မြို့တွင်းခြောက် မြို့ နယ်၌ ခရီးသည်တင်ဘတ်စ်ကား များသာ သီးသန့်မောင်းနှင်ခွင့်ပြုမည့် ယာဉ်လမ်းကြောစနစ်ကို နိုဝင်ဘာ ၂၉ ရက်နေ့မှစတင်ကာ အကောင်အထည် ဖော်ခဲ့ပြီး လက်ယာဘက်ယာဉ်လမ်း ကြောတွင်ဘလောက်တုံးများ ထားရှိခဲ့ ခြင်းဖြစ်သည်။
အထက်ပါ ယာဉ်စည်းကမ်းကြီး ကြပ်ရေးမှူးများမှာ အဆိုပါသီးသန့် ယာဉ်လမ်းကြောများတွင် ခရီးသည်တင် ဘတ်စ်ကားများ စည်းကမ်းလိုက်နာ မှုရှိ/မရှိ စောင့်ကြပ်စစ်ဆေးရန်နှင့် ယာဉ်လမ်းကြောပိတ်ဆို့မှု မဖြစ်ပွားစေ ရန် ယာဉ်ထိန်းရဲများနှင့် ပူးပေါင်း လုပ်ကိုင်ကြရမည်ဟု အမှတ် ၆ ဒုတပ်ဖွဲ့ ခွဲမှူး ရဲမှူးသန်းမြင့်က ပြောသည်။

အဆိုပါကြီးကြပ်သူများမှာ ယာဉ် ထိန်းရဲတပ်ဖွဲ့အတွင်းမှ ဒုရဲမှူးအဆင့်ရှိ သည့် တပ်ဖွဲ့စုမှူးတာဝန်ခံများနှင့်အ တူ ပူးပေါင်းကာ စည်းကမ်းထိန်းသိမ်းကြရမည်ဖြစ်ပြီး တာဝန်ချိန်အတွင်း လက် ပတ်အနီများတပ်ဆင်ကာ ဆောင်ရွက် ရမည်ဖြစ်သည်ဟု သိရသည်။
''ယာဉ်စည်းကမ်း ထိန်းသိမ်းရေးဝန်ထမ်းလုပ်လိုသူတွေအနေနဲ့ တာဝန် ထမ်းဆောင်နေတဲ့ ဧရိယာတွေထဲက တပ်ဖွဲ့စုမှူးတာဝန်ခံတွေနဲ့ တွေ့ပြီး နာ မည်စာရင်း ပေးသွင်းရမှာဖြစ်ပါတယ်'' ဟု ရဲမှူးသန်းမြင့်က ပြောသည်။
ယခင်က ပင်စင်စားဝန်ထမ်း ဟောင်းများသာ လုပ်ကိုင်ခဲ့သော်လည်း လက်ရှိတွင် ယာဉ်စည်းကမ်းထိန်းသိမ်း ပေးလိုသည့် မည်သူမဆိုလာရောက် လျှောက်ထားနိုင်ပြီး နေ့စားလုပ်အားခ သုံးထောင်ကျပ် ပေးသွားမည်ဖြစ်ခြင်း ကြောင့် လုပ်ကိုင်မည့်ဝန်ထမ်းများအ တွက်လည်း အဆင်ပြေနိုင်သည့် အနေ အထားရှိသည်ဟု ရန်ကုန်မြို့တော် စည် ပင်သာယာရေးကော်မတီ အတွင်းရေး မှူးက ဆိုသည်။

စည်းကမ်း ထိန်းသိမ်းရေးဝန်ထမ်း များမှာ တာဝန်အလိုက်အလုပ်ခွဲ ဇယား အတိုင်း အမည်နှင့်တကွ တာဝန်ယူလုပ် ကိုင်ကြရမည်ဖြစ်ပြီး ယာဉ်ကြောပိတ်ဆို့ မှုအများဆုံးဖြစ်ပွားသည့် နေရာများတွင် ဝန်ထမ်းဦးရေ တိုးမြှင့်ချထား၍ စည်းကမ်းထိန်းသိမ်းမှုပြုလုပ်မည်ဟု သိရ သည်။

Popular Myanmar News Journal
တစ်ရက်လျှင် ငွေကျပ်သုံးထောင် နှုန်းရရှိမည့် ယာဉ်စည်းကမ်းကြီးကြပ် ရေးမှူးအလုပ်ကို ပင်စင်စား ဝန်ထမ်းဟောင်းများသာမက စိတ်ဝင်စားသည့် မည်သူမဆို လျှောက်ထားလုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးမှသိရသည်။

ရန်ကုန် ယာဉ်ကြော ပိတ်ဆို့မှု ဖြေရှင်းရန် နိုင်ငံတော်သမ္မတ ကိုယ်တိုင် စောင့်ကြည့် ညွှန်ကြားနေ

ရန်ကုန်မြို့ရှိ ယာဉ်ကြော ပိတ်ဆို့မှု ဖြေရှင်းရန် နိုင်ငံတော်သမ္မတ ကိုယ်တိုင် စိတ်ဝင်တစား စောင့်ကြည့်၍ လမ်းညွှန်မှုများ ပြုလုပ်နေကြောင်း ယမန်နေ့ က ကျင်းပသော အများပြည်သူ သွားလာရေး လွယ်ကူ ချော မွေ့ စေရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ က ပြောကြား လိုက် သည်။ ယာဉ်ကြော ပိတ်ဆို့မှု တွေကို ဖြေရှင်းဖို့ အတွက် ဆိုရင် နိုင်ငံတော် အကြီးအကဲ ကိုယ်တိုင်လည်း စိတ်ဝင်တစား လမ်းညွှန်နေတာကို သိစေချင်ပါတယ်။ ဆောင်ရွက်ရမယ့် လုပ်ငန်းတွေလမ်းညွှန်သလို ပံ့ပိုး ရမယ့်ဟာတွေလည်း ပံ့ပိုးပေးဖို့ဆိုပြီး မကြာခဏ ကျွန်တော်တို့ကိုအကြောင်း ကြားနေတာလည်း ရှိပါတယ် ဟု ၀န်ကြီးချုပ် ဦးမြင့်ဆွေက ပြောသည်။ 

ဟေတီနိုင်ငံမှ အကျဉ်းသား ၃၀ ကျော် ထွက်ပြေးလွတ်မြောက်

Photo: ဟေတီနိုင်ငံမှ အကျဉ်းသား ၃၀ ကျော် ထွက်ပြေးလွတ်မြောက်
Wednesday, December 3, 2014

ဟေတီနိုင်ငံ မြို့ တော်ရဲ့ မြောက်ဘက် မိုင် ၆၀ အကွာမှာရှိတဲ့ Saint Marc မြို့ မှာ
အကျဉ်းသား ၃၄ ဦးက ထောင်တွင်းပြတင်းပေါက် သံတိုင်တွေကို လွှနဲ့ ဖြတ်ပြီး
ထွက်ပြေးလွတ်မြောက်နေတယ်လို့ ဟေတီ အာဏာ ပိုင်တွေက ထုတ်ပြန်
လိုက်ပါတယ်။

အကျဉ်းသားတွေက လွှနဲ့ ဖြတ်ထားတဲ့ သံတိုင်ပေါက်တွေကနေ တွားသွားပြီး
ထွက်သွားခဲ့တာဖြစ်ပြီး လတ်တလောမှာ ထွက်ပြေးသွားသူတွေထဲက ၄ ဦးကို
ဖမ်းဆီးထားမိပြီလို့ ရဲတွေကပြောပါတယ်။

ထွက်ပြေးသွားတဲ့အကျဉ်းသားတွေကို မီးပွိုင့်တွေနဲ့ လူသွားလမ်းပေါ်က
ကားတွေထဲမှာ ရှာဖွေခဲ့တာဖြစ်ပြီး အကျဉ်းသားတွေထွက်ပြေးတဲ့ညက
တာဝန်ကျတဲ့ ရဲဝန်ထမ်း ၅ ဦးကိုတော့ အကျဉ်းသားတွေ ထွက်ပြေးနိုင်အောင်
ကူညီပေးတယ်လို့ သံသယရှိတဲ့အတွက် ဖမ်းဆီးထိမ်းသိမ်းလိုက်ပြီ ဖြစ်ပါတယ်။

ပြန်ဖမ်းမိထားတဲ့ ဝရမ်းပြေး ၄ ဦးက မကြာခင်မှာ တရားရင်ဆိုင်ဖို့ အတွက်
စောင့်ဆိုင်းနေသူတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

အဆိုပါ အကျဉ်းထောင်ဖောက်ပြီး ထွက်ပြေးမှုမျိုးနဲ့ အလားတူ အမှုတစ်ခု လွန်ခဲ့တဲ့
၃ လအတွင်းက ဟေတီ မြို့ တော် ဆင်ခြေဖုံးအရပ်က Croix-des-Bouquets
အကျဉ်းထောင်မှာ ဖြစ်ပွားခဲ့ပြီး အကျဉ်းသား ၃၀၀ ကျော် ထွက်ပြေးလွတ်မြောက်
ခဲ့ဖူးတယ်လို့ သိရပါတယ်။

ဟေတီနိုင်ငံက တရားရေးစနစ်က နှောင့်နှေးကြန့် ကြာလွန်းတဲ့အတွက်
အကျဉ်းသားတွေက သူတို့ ကျူးလွန် ခဲ့တဲ့ အမှုကို ရုံးတင်စစ်ဆေးပြီး
တရားရင်ဆိုင်နိုင်ဖို့ ကို နှစ်ပေါင်းများစွာစောင့်ဆိုင်းရတဲ့အတွက် အကျဉ်းထောင်
အများစုက အကျဉ်းသားတွေ ပြည့်နှက်နေပြီး အကြမ်းဖက်မှုအလွန်များတယ်လို့ 
နာမည်ဆိုးနဲ့  ကျော်ကြား ပါတယ်။

၂၀၁၀ ခုနှစ်က ငလျင်ဒဏ်အပြင်းအထန်ခံစားခဲ့ရလို့ အစိုးရဌာနတွေအပြင်
နိုင်ငံနဲ့ တဝှမ်း ပျက်ဆီးဆုံးရှုံးမှု အကြီးအကျယ် ကြုံတွေ့ ခဲ့ရတဲ့ ဟေတီနိုင်ငံက
ဒုက္ခတွင်းကနေ ပြန်တက်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

ကမ္ဘာ့ ဘဏ်ရဲ့ အဆိုအရတော့ ဟေတီနိုင်ငံက အမေရိက မှာရှိတဲ့ နိုင်ငံတွေထဲက
အဆင်းရဲဆုံး နိုင်ငံဖြစ်တဲ့အပြင် ကမ္ဘာပေါ်က အဆင်းရဲဆုံးနိုင်ငံတွေထဲကလည်း
တစ်နိုင်ငံဖြစ်တယ်လို့ သိရပါတယ်။

Ref: BBC
ဟေတီနိုင်ငံ မြို့ တော်ရဲ့ မြောက်ဘက် မိုင် ၆၀ အကွာမှာရှိတဲ့ Saint Marc မြို့ မှာ အကျဉ်းသား ၃၄ ဦးက ထောင်တွင်းပြတင်းပေါက် သံတိုင်တွေကိုလွှနဲ့ ဖြတ်ပြီး ထွက်ပြေးလွတ်မြောက်နေတယ်လို့ ဟေတီအာဏာ ပိုင်တွေက ထုတ်ပြန် လိုက်ပါတယ်။

မြန်မာနိုင်ငံလူဦးရေ သန်း ၆၀တွင် လူသုံးသိန်းကျော်မှာ ကိုယ်ကာယပြန်လည် သန်စွမ်းရေး အကူအညီလိုအပ်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပျှမ်းမျှအားဖြင့် လူဦးရေ၏ ၀.၅ % ( လူနှစ်ရာတွင်တစ်ဦး ) သည်ခန္ဒာကိုယ် မသန်စွမ်းကြောင်း ခန့်မှန်းထားရာ မြန်မာနိုင်ငံ လူဦးရေသန်းပေါင်း ၆၀ တွင် လူ သုံးသိန်းကျော်သည် ကိုယ်ကာယပြန်လည်သန်စွမ်းရေး အကူအညီလိုအပ်နေသည်ဟု ခန့်မှန်းထုတ်ပြန်ခဲ့သည်။ 

အမေရိကန်ရဲအရာရှိများ၏ ခန္ဓာကိုယ်တွင် ကင်မရာများ တပ်ဆင်ပေးရန် အိုဘားမားစဉ်းစားနေ

Photo: အမေရိကန်ရဲအရာရှိများ၏ ခန္ဓာကိုယ်တွင် ကင်မရာများ တပ်ဆင်ပေးရန် အိုဘားမားစဉ်းစားနေ
Wednesday, December 3, 2014

အမေရိကန် ရဲအရာရှိများအား ခန္ဓာကိုယ်တွင် တပ်ဆင်အသုံးပြု နိုင်သော ကင်မရာများတပ်ဆင်ပေး ရေးရည်ရွယ်လျက် ရန်ပုံငွေချမှတ် ပေးရန် သမ္မတဘားရက် အိုဘားမား က ကြိုးပမ်းမည်ဖြစ်ကြောင်း၊ ဖာဂူ ဆန်တွင်လူမည်း ဆယ်ကျော်သက် ကို လူဖြူရဲအရာရှိက သေနတ်ဖြင့် ပစ်သတ်မှုဖြစ်ပွားခဲ့ရာမှ လူမျိုးရေး လှုပ်ရှားမှုဖြစ်ပေါ်လာပြီးနောက် ရဲ အရာရှိများ၏ ခန္ဓာကိုယ်တွင် ကင် မရာများ တပ်ဆင်အသုံးပြုရေး အို ဘားမားက အကြံရလာခြင်းဖြစ် သည်ဟု အိမ်ဖြူတော်က ဒီဇင်ဘာ ၁ရက်၌ ဆိုသည်။

မစ်ဇိုရီပြည်နယ် ဖာဂူဆန်မြို့ တွင် အသက် ၁၈နှစ်ရှိ လူမည်း မိုက်ကယ် ဘရောင်းကို လူဖြူရဲအရာ ရှိက သေနတ်ဖြင့် ပစ်သတ်မှုသည် သြဂုတ်လ၌ ဖြစ်ပွားခဲ့သည်။ သို့ သော် ထိုပစ်သတ်မှု၏ အကျိုးဆက် မှာ ယခုတိုင် အသက်ဝင်နေဆဲဖြစ် သည်။ အထူးသဖြင့် လူဖြူရဲအရာ ရှိများအပေါ် လူမည်းများ က တုံ့ပြန် ကြခြင်းဖြစ်သည်။

မည်သို့ပင်ဖြစ်စေ အိုဘားမား သည် အရပ်သားအခွင့်အရေး လှုပ် ရှားသူ ခေါင်းဆောင်များ၊ ဥပဒေ ထိန်းသိမ်းရေး ခေါင်းဆောင်များ နှင့် တွေ့ဆုံခဲ့သည်။ ရဲအရာရှိ၏လူ သတ်မှုနှင့်ပတ်သက်၍ ဂရင်းဂျူရီ၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ မကျေ နပ်သောကြောင့် လူမည်းများက ဆက်လက်ဆန္ဒပြနေစဉ် အတော အတွင်း အိုဘားမားက အထက်ပါ အတိုင်း တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ် သည်။ ဂရင်းဂျူရီ၏ ဆုံးဖြတ်ချက် မှာ လူဖြူရဲအား စွဲချက်မတင်ဘဲ အမှု မှ တရားသေ လွှတ်ရန် အမိန့်ချမှတ် ခြင်းဖြစ်သည်။

Ref : AFP
Yangon Media Group
အမေရိကန် ရဲအရာရှိများအား ခန္ဓာကိုယ်တွင် တပ်ဆင်အသုံးပြု နိုင်သော ကင်မရာများတပ်ဆင်ပေး ရေးရည်ရွယ်လျက် ရန်ပုံငွေချမှတ် ပေးရန် သမ္မတဘားရက် အိုဘားမား က ကြိုးပမ်းမည်ဖြစ်ကြောင်း၊ ဖာဂူ ဆန်တွင်လူမည်း ဆယ်ကျော်သက် ကို လူဖြူရဲအရာရှိက သေနတ်ဖြင့် ပစ်သတ်မှုဖြစ်ပွားခဲ့ရာမှ လူမျိုးရေး လှုပ်ရှားမှုဖြစ်ပေါ်လာပြီးနောက် ရဲ အရာရှိများ၏ ခန္ဓာကိုယ်တွင် ကင် မရာများ တပ်ဆင်အသုံးပြုရေး အို ဘားမားက အကြံရလာခြင်းဖြစ် သည်ဟု အိမ်ဖြူတော်က ဒီဇင်ဘာ ၁ရက်၌ ဆိုသည်။

နိုင်ငံရေး ဆွေးနွေးပွဲကို အချိန်ဆွဲထားပါက တိုင်းပြည် နစ်နာနိုင်ဟုဆို

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး အတွက် ပြုလုပ်သည့် နိုင်ငံရေး ဆွေးနွေပွဲများအား မလိုအပ်ပဲ အချိန်ဆွဲ မထားရန်နှင့် ဆွေးနွေးပွဲများအား မလိုအပ်ဘဲ အချိန်ဆွဲထားပါက တိုင်းပြည် အနေဖြင့် နစ်နာနိုင်ကြောင်း ကချင်ပြည်နယ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးမနာမ်တူးဂျာက ပြည်ထောင်စု အစိုးရ အဖွဲ့ဝင်များနှင့် နိုင်ငံ ရေးပါတီ ခေါင်းဆောင်များ တွေ့ဆုံပွဲ၌ ပြောကြားခဲ့သည်။

ဘာသာခြားလက်ထပ်မည့် ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးများ လိုက်နာရမည့် ဥပဒေကြမ်းထုတ်ပြန်

Photo: ဘာသာခြားလက်ထပ်မည့် ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးများ လိုက်နာရမည့် ဥပဒေကြမ်းထုတ်ပြန်
Wednesday, December 3, 2014

အငြင်းပွားဖွယ်ရာဖြစ်နေတဲ့ မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူတွေသိရှိလေ့လာနိုင်ဖို့ နိုင်ငံပိုင်သတင်းစာတွေမှာ အစိုးရက ယနေ့ ထုတ်ပြန်လိုက်ပါတယ်။

111ဒီဥပဒေဟာ ဗုဒ္ဓဘာသာဝင် မြန်မာ အမျိုးသမီးတွေနဲ့ ဘာသာခြားယောက်ျားတို့ရဲ့ ထိမ်းမြား၊ ကွာရှင်း၊ အမွေဆက်ခံ၊ ပစ္စည်းခွဲ၊ သားသမီး ထိန်းသိမ်းတာတွေနဲ့ စပ်လျဉ်ပြီး အခွင့်အရေးမျှတစွာ ခံစားနိုင်ဖို့နဲ့ ထိရောက်တဲ့ အကာအကွယ်ပေးနိုင်ဖို့ ရည်ရွယ်တာလို့ ဖော်ပြထားပါတယ်။

ဘာသာခြားယောက်ျားတွေအနေနဲ့ ထိမ်းမြားထားတဲ့ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေကို သူတို့ သက်ဝင်ယုံကြည်တဲ့ဘာသာကို လွပ်လပ်စွာ ကိုးကွယ်ခွင့်ပြုဖို့၊ သူတို့နဲ့ ရတဲ့သားသမီးတွေရဲ့ ဆန္ဒအတိုင်း လွတ်လပ်စွာကိုးကွယ်ခွင့်ပြုဖို့၊ အလှူဒါနပြုတာ ဘုရားရှိခိုးတရားနာတာစတဲ့ ဘာသာရေးဆောင်ရွက်ချက်တွေကို ခွင့်ပြုဖို့၊ ဘာသာရေးအရ စော်ကားတာတွေ မလုပ်ဖို့နဲ့ အထွတ်အမြတ်ထားတဲ့ အရာဝတ္တူ၊တွေကို ဖျက်ဆီးတွေမလုပ်ဖို့ စတဲ့ လိုက်နာရမယ့် အချက်တွေ လည်း ဥပဒေမှာ ဖော်ပြထားပါတယ်။

ဒါပေမမယ့် ဒီဥပဒေဟာ ဗုဒ္ဓဘာသာဝင် အချင်းချင်းထိမ်းမြားလက်ထပ်တာနဲ့ ဗုဒ္ဓဘာသာ ၀င်မဟုတ်သူတွေ အချင်းချင်း ထိမ်းမြားလက်ထပ်တာတွေနဲ့တော့ သက်ဆိုင်ခြင်းမရှိဘူးလို့ ဆိုထားပါတယ်။

ဒီဥပဒေကြမ်းဟာ သမ္မတ ဦးသိန်းစိန်အစိုးရက အတည်ပြုပြဌာန်းနိုင်ဖို့ ကြိုးပမ်းဆောင်ရွက် နေတဲ့ မျိုးစောင့်ဥပဒေ ၄ ခုထဲက တခုဖြစ်ပြီး မနေ့ကတော့ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်းကို နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

မျိုးစောင့်ဥပဒေ ၄ ရပ်ကို ပြဌာန်းပေးဖို့ အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးဗဟိုအဖွဲ့ က လူပေါင်း ၁၃ သိန်းရဲ့ လက်မှတ်တွေနဲ့အတူ သမ္မတထံ တောင်းဆိုခဲ့တာ ဖြစ်ပြီး ဒီဥပဒေတွေဟာ လူ့အခွင့်အရေးစံနှုန်းတွေနဲ့ အမျိုးသမီးအခွင့်အရေးကို ချိုးဖောက်မှုတွေရှိ တယ်ဆိုပြီး ဝေဖန်မှုတွေ လည်း ကျယ်ကျယ်ပြန့်ပြန့်ရှိနေတာ ဖြစ်ပါတယ်။

DVB
အငြင်းပွားဖွယ်ရာဖြစ်နေတဲ့ မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူတွေသိရှိလေ့လာနိုင်ဖို့ နိုင်ငံပိုင်သတင်းစာတွေမှာ အစိုးရက ယနေ့ ထုတ်ပြန်လိုက်ပါတယ်။

ကိုပါကြီး မသေဆုံးမီ ညှဉ်းပန်းနှိပ်စက်ခံရခြင်း မရှိဟု လူ့အခွင့်အရေးကော်မရှင် ထုတ်ပြန်

တပ်မတော်က ဖမ်းဆီးထားစဉ် သေဆုံးခဲ့သည့် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး သေဆုံးခဲ့မှု ဖြစ်စဉ်တွင် ကိုပါကြီး မသေဆုံးခင် တပ်မတော်က ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ခဲ့သည်ကို စစ်ဆေး တွေ့ရှိခဲ့ခြင်း မရှိကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ထုတ်ပြန်သည်။

မြန်မာဖွံ့ဖြိုးမှုအဖွဲ့အစည်းတည်ထောင်ရေး စီမံကိန်းနှင့် စံပြကျေးရွာ ၁ဝဝ ကို မြန်မာနှင့်ကိုရီးယား နှစ်နိုင်ငံပူးပေါင်းထူထောင်မည်

မြန်မာဖွံ့ဖြိုး မှုအဖွဲ့အစည်းတည်ထောင်ရေး စီမံကိန်းနှင့် ကျေးရွာ ၁ဝဝကို မြန်မာနှင့် ကိုရီးယားနှစ်နိုင်ငံ ပူးပေါင်းပြီး စံပြ ရွာအဖြစ်ထူထောင် မည်ဖြစ် ကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြောသည်။

ငပလီ ဟိုတယ်ဇုန်တွင် တရုတ်နိုင်ငံသား ပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းခန့် ရှိနေဟုဆို

Photo: ငပလီ ဟိုတယ်ဇုန်တွင် တရုတ်နိုင်ငံသား ပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းခန့် ရှိနေဟုဆို
Wednesday, December 3, 2014

တိုးချဲ့သတ်မှတ်လိုက်သော ငပလီဟိုတယ်ဇုန် မြေနေရာ၏ ခုနစ်ဆယ် ရာခိုင်နှုန်း ကို တရုတ်နိုင်ငံသားများ ဝယ်ယူထားသည်ဟု ငပလီဟိုတယ်ဇုန် စီမံခန့်ခွဲမှုဆိုင်ရာ အကြီးတန်း တာဝန်ရှိသူ တစ်ဦးက မဇ္ဈိမကို ပြောသည်။

၂၀၁၃ ခုနှစ်အတွင်းက သမ္မတ ဦးသိန်းစိန်၏ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း ပြည်နယ်၏ အဓိက ဟိုတယ်ဇုန် တစ်ခုဖြစ်သော ငပလီ၏ ဧရိယာကို ထပ်ချဲ့ရန် ညွှန်ကြားထားခြင်း ဖြစ်သည်။

ထို့နောက် ကမ်းခြေချင်းဆက်စပ်နေသည့် ကျေးရွာငါးရွာကို ဟိုတယ်ဇုန်ဧရိယာ အတွင်း ထပ်မံတိုးချဲ့ ထည့်သွင်းရန်နှင့် အကောင် အထည်ဖော်ရန် ကျပ်ငါးဘီလီယံ ချထားပေးခဲ့သည်ဟု ဇုန်စီမံခန့်ခွဲမှုဆိုင်ရာ တာဝန်ရှိသူက ပြောသည်။

ထိုသို့ တိုးချဲ့လိုက်သော ကျေးရွာများရှိ ကမ်းခြေမြေနေရာများကို တရုတ်နိုင်ငံသားများက လာရောက် ဝယ်ယူထားပြီးဖြစ်သည်ဟု ၎င်းကဆိုသည်။

“ဟိုတယ်ဇုန်ချဲ့မယ်လို့ သတင်းမထွက်ခင်ကပဲ တရုတ်တွေဆင်းပြီး ၀ယ်နေတာ၊ သတင်းထွက်ပြီး နောက် ပိုင်းပိုဝယ်လာတယ်။ တရုတ်တွေ က ဈေးပိုပေးတော့ ကမ်းခြေတံငါရွာက ခြံတွေအားလုံးက မြေရှင်တွေကလည်း ရောင်းလာကြတယ်” ဟု ဆိုသည်။

ဝယ်ယူမှုများသည် ဒေသတွင်း စီးပွားရေးလုပ်ငန်း အခြေစိုက် တရုတ်လူမျိုး မြန်မာနိုင်ငံသားများအမည် ဖြင့် ဝယ်ယူနေကြခြင်းဖြစ်၍ ဥပဒေကြောင်းအရ ထိန်းချုပ်ရန် ခက်ခဲနေသည်ဟု အဆိုပါတာဝန်ရှိသူနှင့် ရခိုင်ပြည်နယ် သံတွဲမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လှိုင်တို့က ပြောသည်။

“တိုင်းရင်းသားနာမည်နဲ့ နီးစပ်ရာအချင်းချင်း ၀ယ်နေကြတယ်။ တပ်က ထိန်းထားတဲ့ မြေတွေပဲ ရှိတော့တယ်။ ဒေသခံတွေ ပိုင်တာ မရှိတော့ဘူး။ လွှတ်တော်မှာ ဆွေးနွေးပြီး ပြန်ထိန်းချုပ်ဖို့ ဆိုရင်တော့ တော်တော်ကျွံနေပြီ” ဟု ဦးမြင့်လှိုင်က ဆိုသည်။

ငပလီကမ်းခြေ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် သာယာလှပ ရေးအဖွဲ့ဝင် ကိုစိန်ချစ်က “ဒေသက လှုပ်ရှားသူတွေ အနေနဲ့ လည်း နိုင်ငံသားဖြစ်ခွင့် ကိစ္စတွေ၊ တခြား ကိစ္စတွေကို ဇောင်းပေးပြီး လုပ်နေတဲ့အတွက် ဒီကိစ္စကို သေသေချာချာ ဖော်ထုတ်ဖို့ မဖြစ်နိုင်သေးဘူး” ဟု ဆိုသည်။

ထပ်မံတိုးချဲ့လိုက်သော ဟိုတယ်ဇုန်အတွင်းရှိ ကမ်းရိုးတန်း ကျေးရွာများ၏ မြေဈေးနှုန်းမှာ တစ်ဧကလျှင် ကျပ်သိန်းတစ်ထောင်မှ သိန်းငါးထောင်ထိရှိပြီး ဖော်ဆောင်ပြီးဖြစ်သည့် ဟိုတယ်ဇုန်အတွင်း မြေဈေးမှာ တစ်ဧကလျှင် ကျပ်သိန်းတစ်သောင်းမှ သိန်းသုံးသောင်း အထိ ဈေးမြင့်တက်နေသည်ဟု ယင်းနေရာတွင် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူ ဦးသက်ထွန်းဆွေက ပြောသည်။

မော်ရုံကျေးရွာမှ အိမ်ခြံမြေငါးဧကခန့်ကို ရောင်းချခဲ့သူ ဦးကျော်မြင့်က “တစ်ရွာလုံးလိုလို ရောင်းကြတယ်လေ။ ကားလမ်း မပေါက်သေးပေ မယ့် ရေလမ်းက လာဝယ်ကြတယ်။ ဒေသတွင်းမှာ ရောင်းဝယ်တဲ့ ဈေးထက်ဆယ်ဆကျော်လောက် တရုတ်တွေက ပေးတယ်” ဟု ဆိုသည်။

အဆိုပါကျေးရွာများသည် ယခင်က တံငါရွာများဖြစ်ပြီး ကမ်းနီးငါးဖမ်း လုပ်ငန်းများကို အဓိကလုပ်ကိုင်သော ကျေးရွာများ ဖြစ် သည်။ ရောင်းချပြီး သူများက သံတွဲမြို့တွင် ဈေးဆိုင်ခန်းများ ဝယ်ယူကာ ဈေးရောင်းချခြင်း၊ မော်တော်ယာဉ်များဝယ်ယူ ၍ ဒေသတွင်း ပြေးဆွဲသည့် ယာဉ်လိုင်းများတွင် ရင်းနှီးမြှုပ် နှံခြင်းတို့ ပြုလုပ်ကြသည်ဟု ကာယကံရှင်အချို့က ပြောသည်။

ငပလီကမ်းခြေ ဟိုတယ်ဇုန်ကို မူလက ဂေါ့ကျေးရွာ၊ မြေပြင်ကျေးရွာ၊ လင်းသာ ကျေးရွာ၊ ဂျိတ္တော ကျေးရွာ၊ ဇီးဖြူကုန်း ကျေးရွာများအတွင်း ဟိုတယ်အလုံးရေ ၂၀ ကျော်ဖြင့် ဆောင်ရွက်နေသည်။

ယခုအခါ သံပုရာ ကျေးရွာ၊ ကျွဲသောက်ကုန်း ကျေးရွာ၊ ရွှေသာချိုင် ကျေးရွာ၊ မော်ရုံကျေးရွာ၊ မော်ချေ ကျေးရွာတို့ကိုပါ တိုးချဲ့ဇုန်အဖြစ် သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

Mizzima - News in Burmese 

ငပလီကမ်းခြေရှိ ဟိုတယ်တစ်လုံးကို တွေ့ရစဉ်။ (ဓာတ်ပုံ - အီးပီအေ) ငပလီကမ်းခြေဧရိယာကို ထပ်မံတိုးချဲ့ရန် စီစဉ်နေပြီ ဖြစ်သည်။
ငပလီကမ်းခြေရှိ ဟိုတယ်တစ်လုံးကို တွေ့ရစဉ် (ဓာတ်ပုံ - အီးပီအေ) ငပလီကမ်းခြေဧရိယာကို ထပ်မံ တိုးချဲ့ ရန် စီစဉ်နေပြီ ဖြစ်သည်။ 
တိုးချဲ့သတ်မှတ်လိုက်သော ငပလီဟိုတယ်ဇုန် မြေနေရာ၏ ခုနစ်ဆယ်ရာခိုင်နှုန်းကို တရုတ်နိုင်ငံသားများ ဝယ်ယူထားသည်ဟု ငပလီဟိုတယ်ဇုန် စီမံခန့်ခွဲမှုဆိုင်ရာ အကြီးတန်း တာဝန်ရှိသူ တစ်ဦးက မဇ္ဈိမကို ပြောသည်။

IS စစ်သွေးကြွခေါင်းဆောင် မိသားစု Lebanon မှာ ဖမ်းမိ

IS အစ္စလာမ်မစ် စစ်သွေးကြွအုပ်စုခေါင်းဆောင် Abu Bakr Al-Baghdadi ရဲ့ ဇနီးနဲ့ ကလေးတဦးကို လက်ဘနွန်စစ်တပ်က ထိန်းသိမ်းထားတယ်လို့ လုံခြုံရေးအရာရှိတွေက ပြောပါတယ်။

ရန်ကုန်မြို့ ယာဉ်ကြော ပိတ်ဆို့မှုဖြေရှင်းနည်းလမ်း ဝေဖန်မှုများနှင့် ကြုံတွေ့

Photo: ရန်ကုန်မြို့ ယာဉ်ကြော ပိတ်ဆို့မှုဖြေရှင်းနည်းလမ်း ဝေဖန်မှုများနှင့် ကြုံတွေ့
Wednesday, December 3, 2014

ရန်ကုန်မြို့၊ အနော်ရထာလမ်းတွင် ဘတ်စ်ကားယာဉ်လိုင်းများ ပြေးဆွဲရန် ဘလောက်တုံး ကန့်သတ်ချ ထားသောနည်းလမ်းမှာ စနစ်ကျမှုမရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး မထသဒု-ဥက္ကဋ္ဌ ဦးမင်းဇော်က ဒီဇင်ဘာ ၂ ရက်က မြန်မာနိုင်ငံ စက်မှုလက်မှု ကုန်သည်များ အသင်းချုပ်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် အများပြည်သူ သွားလာမှု အဆင်ပြေချောမွေ့စေရေး အလုပ်ရုံဆွေးနွေးပွဲတွင် ဝေဖန်လိုက်သည်။

ဒီဇင်ဘာ ၁ ရက်မှ စတင်ကာ အနော်ရထာလမ်းပေါ်ရှိ ဘတ်စ်ကားမှတ်တိုင်များတွင် ယာဉ်နှစ်ထပ် မရပ် နိုင်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဘလောက်တုံးများချကာ တစ်လမ်းမောင်းပုံစံ ပြုလုပ်ထားခြင်းကို ဦးမင်းဇော်က ဝေဖန်ခဲ့ခြင်း ဖြစ်သည်။

“ကားပျက်ရင် မော်တော်ယာဉ်ထိန်းရဲတွေက ကရိန်းကားတွေနဲ့ ဆွဲယူဆောင်ရွက်ဖို့ စီစဉ်တာ တွေ့ရပါ တယ်။ တကယ်လို့များ အဲဒီကား မရောက်လာရင်တော့ လမ်းတွေပိုကျပ်သွားနိုင်ပါတယ်။ ဘယ်လိုလုပ်မ လဲဆိုတာကို ကြိုတင်စီမံဆောင်ရွက်ထားသင့်တဲ့အပိုင်း ဖြစ်ပါတယ်။ လက်ရှိအချိန်အထိတော့ Plan B မရှိသေးပါဘူး။ ယာဉ်ထိန်းရဲက ကရိန်းနဲ့ ဆွဲလို့မရရင် တွန်းပြီးရွှေ့ရမယ့်ပုံစံမျိုးဖြစ်နေပါတယ်” ဟု ဦးမင်းဇော် ကဆိုသည်။

ထိုသို့ ဘလောက်တုံးချခြင်းနှင့် ဘတ်စ်ကားများအပေါ် စည်းကမ်းတင်းကျပ်ရ ခြင်းနှင့်ပတ်သက်၍ အမှတ် (၆) ယာဉ်ထိန်း ရဲတပ်ဖွဲ့ ဒု-တပ်ဖွဲ့ခွဲမှူး ရဲမှူးသန်းမြင့်ကမူ ယာဉ်လိုင်းများ စည်းကမ်းမလိုက်နာသော ကြောင့် အတားအဆီး သုံးရခြင်းဖြစ်ပြီး လိုအပ်သောနေရာများတွင် ဘလောက်တုံးများ ထပ်မံချသွားမည် ဟု မဇ္ဈိမ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

“ဂငယ်ကွေ့ကွေ့နိုင်တဲ့နေရာမျိုးတွေမှာ ထပ်ချသွားဖို့ ရှိပါတယ်။ မီးပွိုင့်အ၀င် ရပ်မျဉ်းရဲ့မီတာ ၁၀၀ လောက်အကွာမှာ ဘလောက်တုံးတွေ ချလိုက်ခြင်းအားဖြင့် စည်းကမ်းပျက်တဲ့ယာဉ်တွေ ကျော်မောင်း တာတွေကို တားဆီးနိုင်ပါမယ်။ တချို့မီးပွိုင့်တွေမှာ ချပြီးသွားပါပြီ။ နောက်တစ်ခုက တံတားအတက်အ ဆင်းတွေမှာ မျဉ်းသေဘယ်လောက် ဆွဲထားဆွဲထား ကျော်တက်တာတွေရှိတယ်။ အဲဒီနေရာတွေမှာ အဓိကထားပြီးမှချတယ်” ဟု ရဲမှူး သန်းမြင့်က ဆိုသည်။

ယာဉ်ကြောပိတ်ဆို့မှု နည်းလမ်းတစ်ရပ် အဖြစ် ဘတ်စ်ကားအများပိုင်ကုမ္ပဏီထူထောင်ရန် စီးပွားကူးသန်း ဝန်ကြီးဌာနက ဦးဆောင်စီစဉ်နေသော်လည်း ထိုကိစ်္စသည် လည်း အငြင်းပွားဖွယ်ရာများ၊ ဝေဖန်မှုများ ရှိနေသည်။

အဆိုပါ အများပိုင်ကုမ်္ပဏီတွင် ရင်းနှီးမြှုပ်နှံမှု အတိုင်းအတာတစ်ခုအထိ နိုင်ငံတော်က ပါဝင်မည်ဖြစ်သော်လည်း အများစုကို ပုဂ္ဂလိကပိုင်းက ထည့်ဝင်စေလိုသည်ဟု စီးပွားကူးသန်းအကြံပေးပုဂ္ဂိုလ် ဒေါက်တာ မောင်အောင်က မဇ္ဈိမကို ပြောသည်။

မော်တော်ကားရောင်းဝယ်ရေးအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဝင်းကမူ ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းရေး အတွက် နည်းလမ်း များ၊ စီမံကိန်းများ ချမှတ်နေခြင်းကို “စီမံကိန်းတွေက လေထဲမှာ တိုက်အိမ်ဆောက် နေတဲ့အတိုင်းပဲ။ လက်တွေ့ကျကျ အကောင် အထည်ဖော်ဖို့ အရေးကြီးပါတယ်” ဟု ဝေဖန်သည်။

ရန်ကုန်မြို့ ယာဉ်ကြောပိတ်ဆို့မှုကို ထိရောက်သော ဖြေရှင်းမှုများ ပြုလုပ်ရန် နိုင်ငံတော် သမ္မတက ရန်ကုန်တိုင်းဒေသကြီး အစိုးရကို ထပ်မံညွှန်ကြားထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားသည်။

“အများပြည်သူ သွားလာမှု အဆင်ပြေရေးဟာ အရေးကြီးပါတယ်။ နိုင်ငံတော်သမ္မတကြီးကလည်း ရန်ကုန်မြို့ဟာ အရေးကြီးတဲ့မြို့ ဖြစ်တာကြောင့် ထိရောက်တဲ့ ဖြေရှင်းမှုတွေ လုပ်ဆောင်စေလိုတဲ့ ဆန္ဒရှိပါတယ်” ဟု ဦးမြင့်ဆွေက ပြောသည်။

Mizzima - News in Burmese 

အနော်ရထာလမ်းပေါ်တွင် ဘလောက်တုံးများ ချထားသော်လည်း စနစ်ကျမှု မရှိကြောင်း ဝေဖန်နေကြသည်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
အနော်ရထာလမ်းပေါ်တွင် ဘလောက်တုံးများ ချထားသော်လည်း စနစ်ကျမှုမရှိကြောင်း ဝေဖန်နေကြ သည်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
ရန်ကုန်မြို့၊ အနော်ရထာလမ်းတွင် ဘတ်စ်ကားယာဉ်လိုင်းများ ပြေးဆွဲရန် ဘလောက်တုံး ကန့်သတ်ချ ထားသောနည်းလမ်းမှာ စနစ်ကျမှုမရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး မထသဒု-ဥက္ကဋ္ဌ ဦးမင်းဇော်က ဒီဇင်ဘာ ၂ ရက်က မြန်မာနိုင်ငံ စက်မှုလက်မှု ကုန်သည်များ အသင်းချုပ်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် အများပြည်သူ သွားလာမှု အဆင်ပြေချောမွေ့စေရေး အလုပ်ရုံဆွေးနွေးပွဲတွင် ဝေဖန်လိုက်သည်။

အကြမ်းဖက်တိုက်ခိုက်မှုများကို ဒေသခံ တပ်ဖွဲ့ဝင်များ ကိုင်တွယ် ဖြေရှင်း နိုင်ပြီဟု နေတိုးပြောကြား

Photo: အကြမ်းဖက်တိုက်ခိုက်မှုများကို ဒေသခံ တပ်ဖွဲ့ဝင်များ ကိုင်တွယ် ဖြေရှင်း နိုင်ပြီဟု နေတိုးပြောကြား
Wednesday, December 3, 2014

 နေတိုးသည် ၎င်း၏ ကာလရှည်တိုက်ခိုက်ရေးမစ်ရှင်များ အဆုံးသတ်ပြီးနောက် လာမည့်နှစ်တွင် အာဖဂန်နစ္စတန် ၌ နောက်ထပ်အကြမ်းဖက်တိုက်ခိုက်မှုများ ကြုံတွေ့ရမည်ဖြစ်သော်လည်း ဒေသခံ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကိုင်တွယ်ဖြေရှင်းနိုင် လိမ့်မည် ဟု နေတိုးအကြီးအကဲ ဂျဲင်းစ်စတိုးလ်တင်ဘာ့ဂ် က ဒီဇင်ဘာ ၁ ရက်က ပြောကြားခဲ့သည်။

အာဖဂန်အစိုးရက နိုင်ငံတကာထောက်ခံသူ များနှင့် တွေ့ဆုံစဉ် မကြာသေး ခင်က ကဘူးလ်တွင် တိုက်ခိုက်မှု များမြင့်တက် လာခြင်းမှာ သတင်းခေါင်းကြီး များဖြစ်လာစေရန် အချိန်ကိုက်လုပ်ဆောင်ခြင်းသာ ဖြစ်သည်ဟု ဒီဇင်ဘာ ၁ရက်နှောင်းပိုင်းက အာဖဂန်သမ္မတသစ် အက်ရှ်ရတ်ဂါနိနှင့် တွေ့ဆုံခဲ့သော စတိုးလ်တင်ဘာ့ဂ်က ပြောကြားခဲ့သည်။ “ လာမဲ့နှစ်မှာလည်း အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်အုံးမှာပါပဲ။ ဒါပေမဲ့ အာဖဂန် အမျိုးသားလုံခြုံရေး တပ်ဖွဲ့တွေက ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်။ နောက်ပြီးလုံခြုံရေးတာဝန်ကို အာဖဂန်တွေကိုယ်တိုင် ထမ်းဆောင်ဖို့ အချိန်ရောက်ပါပြီ" ဟု ၎င်းကပြောကြားခဲ့သည်။

“တာလီဘန်တွေဟာ ကြီးမားတဲ့တိုက်ခိုက်မှုတွေ လုပ်နိုင်ပါသေးတယ်။ ဒါပေမဲ့ နယ်မြေတွေကို သိမ်းပိုက်နိုင်စွမ်းတော့ လျော့နည်းသွားပါပြီ " ဟု ၎င်းကထပ်မံပြောကြားခဲ့သည်။ နောက်ဆုံးအကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်အဖြစ် ဒီဇင်ဘာ ၁ ရက်နေ့က အာဖဂန်မြောက်ပိုင်းတွင် ဈာပနတစ်ခု ကို အသေခံတိုက်ခိုက်မှုကြောင့်အနည်းဆုံးလူ ကိုးဦးသေဆုံးခဲ့သည်။ ယင်းတိုက်မှုမှာ မကြာသေးခင်က ကဘူးလ်တွင်ဖြစ်ပွား ခဲ့သည့် တိုက်ခိုက်မှုများစွာထဲက နောက်ဆုံးဖြစ်စဉ်ဖြစ်ရာ နေတိုးတပ်ဖွဲ့များက ၁၃ နှစ်ကြာတန်ဘိုးကြီးစွာရယူပေးခဲ့သည့် အကျိုးကျေးဇူး များ ပြန်လည်လျှောကျမည်ကို စိုးရိမ်မှုများပေါ်ထွက်လာခဲ့သည်။

၂၀၁၅ခုနှစ် ဇန်န၀ါရီလမှ စ၍နေတိုးတပ်ဖွဲ့ဝင်များသည် အာဖဂန်တွင် လေ့ကျင့်ရေးနှင့် အကြံပေး မစ်ရှင်အတွက် တပ်ဖွဲ့ဝင် ၁၂၅၀၀ ခန့်ဖြင့် ဆောင်ရွက် တော့မည် ဖြစ်သည်။ တပ်ဖွဲ့ဝင်အများစုမှာ အမေရိကန်မှဖြစ်သည်။ အာဖဂန်တွင် တိုက်ခိုက်ရေးမစ်ရှင် အတွက် နေတိုး တပ်ဖွဲ့ဝင်မှာ ၂၀၁၀ ပြည့်နှစ်က ၁၃၀,၀၀၀ အထိရှိသည်။ ယခုနှစ်တွင် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အာဖဂန်ရဲတပ်ဖွဲ့ဝင်များနှင့် စစ်သားများ၏ထိခိုက်သေဆုံးမှုကြီးမားစွာ ဖြစ်ပေါ်ခဲ့ပြီး လူ ၄၆၀၀ ကျော်သေဆုံးခဲ့ပြီးဖြစ်သည်။  

Ref: AFP
Mizzima - News in Burmese  

အာဖဂန်နစ္စတန် နိုင်ငံရှိ နေတိုး တပ်ဖွဲ့ဝင်များ
အာဖဂန်နစ္စတန် နိုင်ငံရှိ နေတိုး တပ်ဖွဲ့ဝင်များ 
 နေတိုးသည် ၎င်း၏ ကာလရှည်တိုက်ခိုက်ရေးမစ်ရှင်များ အဆုံးသတ်ပြီးနောက် လာမည့်နှစ်တွင် အာဖဂန် နစ္စတန် ၌ နောက်ထပ်အကြမ်းဖက်တိုက်ခိုက်မှုများ ကြုံတွေ့ရမည်ဖြစ်သော်လည်း ဒေသခံ လုံခြုံရေး တပ်ဖွဲ့ဝင်များက ကိုင်တွယ်ဖြေရှင်းနိုင် လိမ့်မည် ဟု နေတိုးအကြီးအကဲ ဂျဲင်းစ်စတိုးလ်တင်ဘာ့ဂ် က ဒီဇင်ဘာ ၁ ရက်က ပြောကြားခဲ့သည်။

လွှတ်တော်အမတ်၏ ပြောရေးဆိုခွင့် ရှိသူတစ်ဦး အိုဘားမား၏ သမီးနှစ်ဦးအား ပုဂ္ဂိုလ်ရေးဝေဖန်မှု ပြုလုပ်မိခဲ့သဖြင့် ရာထူးမှ နုတ်ထွက်

Photo: လွှတ်တော်အမတ်၏ ပြောရေးဆိုခွင့် ရှိသူတစ်ဦး အိုဘားမား၏ သမီးနှစ်ဦးအား ပုဂ္ဂိုလ်ရေးဝေဖန်မှု ပြုလုပ်မိခဲ့သဖြင့် ရာထူးမှ နုတ်ထွက်
Wednesday, December 3, 2014

ရီပတ်ဘလစ်ကန် လွှတ်တော်အမတ် တစ်ဦး၏ လူထုဆက်ဆံရေး ဒါရိုက်တာက အမေရိကန် သမ္မတ အိုဘားမား၏ သမီးများအား သူမ၏ ဖေ့စ်ဘွတ်ခ်ပေါ်တွင် ဝေဖန် ပြစ်တင်ပြီးနောက် ရာထူးမှ နုတ်ထွက်တော့မည် ဖြစ်ကြောင်း ဒီဇင်ဘာ ၁ ရက်က ပြော ကြား လိုက်သည်။

တန်နက်ဆီ မှ လွှတ်တော်အမတ် စတီဖန်ဖင်ချာ ၏ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး အယ်လိဇဘတ်သ် လောက်တန်က သမ္မတ၏ သမီးများဖြစ်သော အသက် ၁၆ နှစ် အရွယ် မာလီယာ နှင့် အသက် ၁၃ နှစ် အရွယ် ဆက်ရှာတို့အား ပြင်းပြင်းထန်ထန် ဝေဖန်ထားသော ပို့စ်တစ်ခုကို ရေးသားခဲ့ခြင်းဖြစ်ကာ၊ ပွဲတစ်ခုတွင် ဖခင်ဖြစ်သူ အိုဘားမားနှင့် အတူ လိုက်ပါလာခဲ့ကြသော သမီးနှစ်ဦးမှာ ငြီးငွေ့ စိတ်ကုန် ပုံပေါက်နေကြောင်း ရေးသားခဲ့ခြင်း ဖြစ်သည်။

ရာထူးမှ နုတ်ထွက်တော့မည်ဖြစ်ကြောင်း NBC နှင့် Fox News သတင်းဌာနများ အပါအဝင် အမေရိကန် မီဒီယာများအား လောက်တန် က ပြောကြားခဲ့သည်။ အိုဘားမား၏ သမီးများအား သူမက စာဖြင့် ရေးသား တိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းနှင့် ပတ်သတ်၍ ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် ပြင်းထန်သော ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ပြီးနောက် သူမသည် ရာထူးမှ နုတ်ထွက်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျော့ရှ်အန်းနက်စ်က လောက်တန်၏ မှတ်ချက်များကြောင့် သူ အံ့အားသင့်သွားခဲ့ရကြောင်း ဒီဇင်ဘာလ ၁ရက်နေ့ က ဆိုခဲ့သည်။ သို့ရာတွင် “မလုပ်သင့်သော အရာတစ်ခု” ကို လုပ်ခဲ့မိခြင်းဖြစ်ကြောင်း လောက်တန်၏ တောင်းပန်မှုကိုလည်း လက်ခံကြောင်း သူက ဆိုခဲ့သည်။

“သမ္မတ မိသားစုဝင်တွေကို ဝေဖန်ဖို့ အတွက် ကျေးဇူးတော်နေ့ အထိမ်းအမှတ် အခမ်းအနားတစ်ခုကို လွှတ်တော် နိုင်ငံရေးနဲ့ ပတ်သတ်သူ တစ်ဦးက အသုံးချလိုက်တာကို ကျွန်တော် အံ့အားသင့်သွားခဲ့ပါတယ်” ဟု သူက ဆိုခဲ့သည်။

ပြောရေးဆိုခွင့် ရှိသူများ အပါအဝင် နာမည်ကြီး ပုဂ္ဂိုလ်များအနေဖြင့် စကားလုံးများကို ဆင်ဆင်ခြင်ခြင် ရွေးချယ် သင့်ကြောင်း နှင့် ပြော ဆိုရေးသားလိုက်သော စကားလုံးများနှင့် အကြောင်းအရာများ မည်ကဲ့သို့ အဓိပ္ပါယ် ထွက်သွား လိမ့်မည် ဆိုခြင်းအပေါ်လည်း သတိရှိ သင့်ကြောင်း ယခုဖြစ်ရပ်က သတိပေးနေသည်ဟု အန်းနက်စ်က ဆိုခဲ့သည်။ အခမ်းအနားတွင် သမ္မတအိုဘားမားက ကျေးဇူးတော်နေ့ အတွက် ကြက်ဆင်နှစ်ကောင်အား ဘေးမဲ့ပေး လိုက်ကြောင်း ကြေညာခဲ့စဉ်တွင် အိုဘားမား၏ ဘေးတွင် ရပ်နေခဲ့ကြသော ဆယ်ကျော်သက် အရွယ် သမီးနှစ်ဦးမှာ အနည်းငယ် ပျင်းရိငြီးငွေ့ပုံ ပေါ်နေခဲ့သည်။     

နောက်ပိုင်းတွင် လောက်တန်က ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်မှ ပြန်လည် တောင်းပန်ခဲ့သည်။ “ဆယ်ကျော်သက်တစ်ဦးသာ ဖြစ်မယ်ဆိုရင် ကျွန်မအနေနဲ့ ဘယ်လိုမှ လက်ခံနိုင်မှာမဟုတ်တဲ့ ပုံစံမျိုးနဲ့ အဲဒီ ငယ်ရွယ်တဲ့ အမျိုးသမီးလေး နှစ်ဦးကို ကျွန်မ စိတ်မြန်လက်မြန်နဲ့ ဝေဖန်ခဲ့မိ ပါတယ်” ဟု သူမက ရေးသားခဲ့သည်။ အမေရိကန် မီဒီယာများသည်လည်း သမ္မတ အိုဘားမား၏ သမီးနှစ်ဦး၏ ကိုယ်ရေးကိုယ်တာ အကြောင်း အရာများကို သိပ်၍ ရေးသားလေ့ မရှိကြပေ။ သမ္မတတစ်ဦး၏ ကလေးများအပေါ် ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုမှာ မလုပ်အပ်သော အရာဟု အမေရိကန်တွင် ယူဆထားကြသည်။

Ref: AFP
Mizzima - News in Burmese 

အမေရိကန် သမ္မတ အိုဘားမားနှင့် သမီးနှစ်ဦး
အမေရိကန် သမ္မတ အိုဘားမားနှင့် သမီးနှစ်ဦး 
ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်တစ်ဦး၏ လူထုဆက်ဆံရေးဒါရိုက်တာက အမေရိကန်သမ္မတ အိုဘားမား ၏ သမီးများအား သူမ၏ ဖေ့စ်ဘွတ်ခ်ပေါ်တွင် ဝေဖန်ပြစ်တင်ပြီးနောက် ရာထူးမှ နုတ်ထွက် တော့မည် ဖြစ်ကြောင်း ဒီဇင်ဘာ ၁ ရက်က ပြော ကြား လိုက်သည်။

ခရစ်ကက်ကစားပွဲတွင် ဦးခေါင်းကို ဘောလုံးထိမှန် သေဆုံးခဲ့သည့် ကစားသမားဈာပန ကျင်းပ

Photo: ခရစ်ကက်ကစားပွဲတွင် ဦးခေါင်းကို ဘောလုံးထိမှန် သေဆုံးခဲ့သည့် ကစားသမားဈာပန ကျင်းပ
Wednesday, December 3, 2014

သြစတြေးလျနိုင်ငံမှာ ခရစ်ကက်ကစားသမားတွေနဲ့ နိုင်ငံတ၀ှမ်းက အရာရှိတွေဟာ နယူးဆောက်ဝေး ပြည်နယ်ထဲက မခ်စဗေလီ မြို့ဆီကို တဖွဲဖွဲနဲ့ သွားနေကြပါတယ်။ နိုဝင်ဘာလ ၂၇ ရက်နေ့က မမျှော်လင့်ဘဲ သေဆုံးသွားတဲ့ ခရစ်ကက်ကစားသမား ဖိလစ် ဟု့စ် ရဲ့ ဈာပနကို သွားကြတာပါ။

အသက် ၂၆ နှစ်အရွယ် ဖိလစ် ဟုစ် ဟာ ဒီဇင်ဘာလ ၂ ရက်နေ့မှာ စတင်မယ့် နိုင်ငံတကာ ကစားပွဲမှာ ယှဉ်ပြိုင်ဖို့ ပြင်နေတုန်း နိုဝင်ဘာလ ၂၆ ရက်နေ့က ပြည်တွင်း ကစားပွဲတခုမှာ ဦးခေါင်းကို ဘောလုံးထိမှန်ခဲ့ပြီး သေဆုံးခဲ့တဲ့အတွက် သြစတြေးလျ နိုင်ငံမှာသာ တကမ္ဘာလုံးက ကြေကွဲဝမ်းနည်းခဲ့ကြပါတယ်။

ဈာပန အခမ်းအနားကို သူ့ရဲ့ဇာတိမြို့မှာ ဒေသစံတော်ချိန် ဒီကနေ့ ဒီဇင်ဘာ ၃ ရက်နေ့ ညနေ ၂ နာရီအချိန်မှာ ကျင်းပဖို့ စီစဉ်ထားပြီး ပရိသတ် ၅ ထောင် ၀န်းကျင် တက်ရောက်ဖွယ် ရှိပါတယ်။

မခ်စဗေလီ မြို့ဟာ ဆစ်ဒနီနဲ့ ဘရစ္စဘိန်းမြို့ကြားက ပင်လယ်ဆိပ်ကမ်းမြို့လေး ဖြစ်ပါတယ်။ ဟုစ်ဟာ ဒီမြို့လေးက ငှက်ပျောသီးနဲ့ အမဲသား ထွက်တဲ့ ယာတောလေးမှာ ကြီးပြင်းခဲ့တာ ဖြစ်ပါတယ်။ မြို့ခံတွေဟာ သြစတြေးလျရဲ့ ကစားပွဲ အရောင်ဖြစ်တဲ့ အစိမ်းရောင်နဲ့ ရွှေရောင် ဖဲပြားလေးတွေကို ချိတ်ရင်း ဟုစ်ကို ဂုဏ်ပြုကြပါတယ်။

ဈာပန အခမ်းအနားကိုတော့ စာသင်ကျောင်း ခန်းမတခုမှာ ပြင်ဆင်ထားပြီး လမ်းသွား လမ်းလာတွေကိုလည်း ပိတ်ထားတယ်လို့ သြစတြေးလျ မီဒီယာတွေက အစီရင်ခံပါတယ်။ ဈာပန အခမ်းအနားကို ရောက်လာသူတွေထဲမှာ သြစတြေး အသင်းလည်း ပါဝင်ပါတယ်။
ဝမ်းနည်းဖွယ် အဖြစ်အပျက်ကြောင့် ဘရစ္စဘိန်းမြို့မှာ ဒီဇင်ဘာလ ၄ ရက်နေ့မှာ အိန္ဒိယနဲ့ ယှဉ်ပြိုင်ရမယ့် ပထမဆုံး ပွဲစဉ်ကိုလည်း ရွေ့ဆိုင်းထားရပါတယ်။ နောက်တပတ် အင်္ဂါနေ့ကျတော့မှ အတ်ဒဲလိတ် မြို့မှာ ပြိုင်ပွဲကို ကျင်းပဖို့ စီစဉ်ထားပါတယ်။

ဒီဗွီဘီ
သြစတြေးလျနိုင်ငံမှာ ခရစ်ကက်ကစားသမားတွေနဲ့ နိုင်ငံတ၀ှမ်းက အရာရှိတွေဟာ နယူးဆောက်ဝေး ပြည်နယ်ထဲက မခ်စဗေလီ မြို့ဆီကို တဖွဲဖွဲနဲ့ သွားနေကြပါတယ်။ နိုဝင်ဘာလ ၂၇ ရက်နေ့က မမျှော်လင့် ဘဲ သေဆုံးသွားတဲ့ ခရစ်ကက်ကစားသမား ဖိလစ် ဟု့စ် ရဲ့ ဈာပနကို သွားကြတာပါ။

မြန်မာနိုင်ငံ ဖွံ့ဖြိုးမှုအနိမ့်ဆုံးစာရင်းထဲ ပါဝင်နေဆဲ

Photo: မြန်မာနိုင်ငံ ဖွံ့ဖြိုးမှုအနိမ့်ဆုံးစာရင်းထဲ ပါဝင်နေဆဲ
Wednesday, December 3, 2014

ကုလသမဂ္ဂက ထုတ်ပြန်တဲ့ LDC ဖွံ့ဖြိုးမှုအနိမ့်ဆုံး နိုင်ငံများစာရင်းမှာ မြန်မာနိုင်ငံ ဟာ ဆက်ပြီး ပါဝင်နေဆဲပဲလို့ UNCTAD ကုလသမဂ္ဂ ကုန်သွယ်ရေးနဲ့ ဖွံ့ဖြိုးမှုညီလာခံ က ပြောကြားလိုက်ပါတယ်။ LDC အစီရင်ခံစာမှာ မြန်မာနိုင်ငံ ဘာကြောင့် ဆက်ပြီး ပါဝင်နေရသလဲဆိုတာကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

နိုဝင်ဘာလ ၂၇ ရက်နေ့က ထုတ်ပြန်တဲ့ UNCTAD အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ လူတဦးကျဝင်ငွေ နည်းပါးတာ၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးမှုညွှန်ကိန်းတွေဖြစ်တဲ့ ကလေးသေဆုံးနှုန်း၊ အာဟာရချိုတဲ့နှုန်း၊ ကလေးသူငယ် ပညာသင်ကြားခွင့်နှုန်း၊ စီးပွားရေးအန္တရာယ်ရှိမှုနှုန်း စတဲ့ အခြေအနေတွေကြောင့် LDC ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများစာရင်းမှာ ဆက်ပြီး ရှိနေတာဖြစ်တယ်လို့ UNCTAD အကြီးတန်းအရာရှိတဦးဖြစ်သူ Igor Bosc က ရန်ကုန်မြို့မှာ တနင်္လာနေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ အခုလို မြန်မာနိုင်ငံအနေနဲ့ LDC စာရင်းမှာ ဆက်ပြီး ရှိနေတာနဲ့ ပတ်သက်လို့  မြန်မာ့စီးပွားရေးသုတေသီ ဦးစိန်ဌေးကလည်း အခုလို ပြောပါတယ်။

“ကျနော်တို့ ဒေသတွင်းမှာကိုပဲ မြန်မာနိုင်ငံဟာ တဦးကျအနိမ့်ဆုံး၊ ကျနော်တို့ထက် နဂိုတည်းက နိမ့်ခဲ့တဲ့နိုင်ငံ လော (Lao)၊ ကမ္ဘောဒီးယားတောင် ကျနော်တို့ထက် မြင့်သွားပြီ။ ကျနော်တို့က ဒေါ်လာလေး ၂ ထောင်တောင် မပြည့်ချင်ဘူးဗျ။ သူတို့နောက်ဆုံး ၁၄ မှာ ပါပါတယ် ADB ထုတ်ပြန်တဲ့ထဲမှာဆိုတော့။ ဒီ Human Development Index လူသားအရင်းအမြစ် ဖွံ့ဖြိုးမှုညွှန်ကိန်းတွေ၊ ညွှန်ကိန်းတွေမှာ ခုနက တဦးကျဝင်ငွေပါတယ်။ နောက်တခုက ဒီ Electricity Consumption ပါတယ်။ ဗမာနိုင်ငံမှာလည်း ၃၃ ရာခိုင်နှုန်းပဲ လူတွေက လျှပ်စစ်ဓာတ်အားကို သုံးနိုင်သေးတယ်ပြောတယ်။ ဒီလိုပဲ နောက်တခါ သန့်ရှင်းတဲ့ရေပေါ့ဗျာ နောက်တခါ ဒီ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ညွှန်ကိန်းတွေရှိတယ်။ နောက် ပညာရေးနဲ့ ပတ်သက်လို့ရှိရင် ကျနော်တို့နိုင်ငံ ကိန်းဂဏန်းတွေက အခုထိ မှန်မှန်ကန်ကန် မရသေးဘူး။ နိမ့်လည်းနိမ့်ကျတုန်းပဲဗျ။ မူလတန်းပညာ ratio ကျောင်းနေနိုင်တဲ့အချိုး၊ တချို့ကျောင်းထွက်သွားတာတွေ၊ အလယ်တန်း၊ အထက်တန်း စသည်ပေါ့ဗျာ။ ဒါ ပညာရေးနဲ့ ပတ်သက်တဲ့ ကျန်းမာရေးလည်း အားလုံး သိကြတဲ့အတိုင်းပဲ။ ဒီအချက်အလက်တွေ နောက်တခါ ကလေးသေနှုန်း၊ ၅ နှစ်အောက် ကလေးသေနှုန်း၊ အဟာရဓာတ် အများကြီးပေါ့ဗျာ တခုချင်းပြောလို့ရှိရင် စုစုပေါင်း ၈ ချက်ရှိတယ်။ Human Development Index ကလည်း အခုထိနိမ့်တုန်း။ မတက်လာသေးဘူး။ တိုင်းပြည်ဝင်ငွေကိုယ်တိုင်ကိုက နိမ့်တယ်ပေါ့ဗျာ။ အကြမ်းမျဉ်းပြောလို့ရှိရင် မြန်မာနိုင်ငံမှာဆိုရင် ကျနော်တို့ နောက်ဆုံးကောက်တာ လူ ၁၀၀ မှာ ၃၆ ယောက်က အရမ်းကို ဆင်းရဲနေတယ်။ မြန်မာပြည်ဟာ ဒီ LDC အဆင့်အတန်းကနေပြီးတော့မှ တက်လာဖို့ဆိုတာ လိုသေးတယ်လို့ အဲ့လို အကြမ်းမျဉ်း သူတို့က ဒီအချက်တွေကို တွက်ပြီးမှ ပြောတာပါ။”

မြန်မာနိုင်ငံမှာ အာဏာရှင် ဗိုလ်ချုပ်နေ၀င်းရဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရလက်ထက် ၁၉၈၇ ခုနှစ်ကတည်းကစပြီး LDC စာရင်းဝင်ဖြစ်ခဲ့တာပါ။ ဦးနေ၀င်းအစိုးရရဲ့ တိုင်းပြည်ကို အထီးကျန်အောင် လုပ်ခဲ့တဲ့ စီးပွားရေးစနစ် မှားယွင်းမှုရဲ့ အကျိုးရလဒ် ဖြစ်တယ်လို့လည်း ဦးစိန်ဌေးက ပြောပါတယ်။

“ပြောချင်တာက တိုင်းပြည်ရဲ့စီးပွားရေးမှာ စီးပွားရေးမူဝါဒ၊ စီးပွားရေးပေါ်လစီ အမှားကို ဦးနေ၀င်းက ကျင့်သုံးလိုက်တဲ့အခါမှာ ၁၀ နှစ်လောက်ကြာတဲ့အခါကျတော့ တိုင်းပြည်က နောက်ကို ဆုတ်လာတယ်။ ဆုတ်လာတဲ့အခါမှာ သိသာလာပြီ ၇၀ လောက်။ အဲ့ဒီကနေ ခုနက ထပ်မှားတယ်။ ခုနက Planned economy ကြီးနဲ့ တိုင်းပြည်က ချွတ်ခြုံတွေ ကျတဲ့အခါကျတော့ ၈၇ ခုနှစ်ရောက်တဲ့အခါမှာ တိုင်းပြည်က သွားပြီ။ အကြွေးတွေကလည်း ထူလာပြီ။ တိုင်းပြည်ရဲ့ Production ကလည်း မရှိတော့ဘူး ဆိုတဲ့အခါကျတော့ အခြေအနေက မကောင်းတော့တဲ့ အခါကျတော့ ဒီ ဥရောပက ဟာတွေပါတယ်။ ADB တို့၊ World Bank တို့ကဟာတွေ ပါတယ်။ အဲ့ဒီဟာတွေက အကြွေး ဘီလီယံ ၄ ဘီလီယံလောက် တင်သွားတဲ့အခါမှာ ဒီတင် မဆလပါတီဥက္ကဌဖြစ်တဲ့ ဦးနေ၀င်းက တိုင်းပြည်ကိုတော့ဖြင့် LDC Status ကို ငါတို့ Join မယ်ပေါ့ဗျာ။ လျှောက်မယ်ပေါ့လေ ဆိုတော့ LDC Status ကို ၀င်မယ်ဆိုရင်တော့ တချို့ဟာလေးတွေက သက်သာခွင့်လေးတွေ ရတယ်ပေါ့ဗျာ။”

မြန်မာနိုင်ငံအနေနဲ့ LDC စာရင်းကနေ ပယ်ဖျက်ဖို့ ဖြစ်နိုင်ချေ အလားအလာရှိပေမဲ့ အချိန်တော့ ယူရလိမ့်မယ်လို့ UNCTAD အရာရှိ Igor Bosc က ဆိုပါတယ်။ စီးပွားရေးအရ စံနှုန်းတွေ တိုးတက်ကောင်းမွန်လာအောင် လုပ်ဖို့လိုသလို၊ ပြည်သူတွေ အကျိုးခံစားခွင့်ရဖို့နဲ့ အခြေခံကျတဲ့ နည်းနာတွေကို ပြောင်းလဲဖို့ လိုတယ်လို့လည်း သူက ပြောပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရကလည်း LDC ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံထားရတာကနေ ပယ်ဖျက်ဖို့အတွက် မြန်မာနိုင်ငံအနေနဲ့ လုပ်ငန်းစဉ်တွေ စတင် ဆောင်ရွက်နေတယ်လို့ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းကို ပြောဆိုထားပါတယ်။ အထူးသဖြင့် နိုင်ငံတကာ ငွေကြေးအဖွဲ့ အစည်းတွေဖြစ်တဲ့ ကမ္ဘာ့ဘဏ်နဲ့ IMF တို့ရဲ့ အကူအညီ အပါအ၀င် နိုင်ငံတကာ အစိုးရတွေက ကြွေးမြီတွေကို လျှော်ပေးခဲ့တာကြောင့် မြန်မာနိုင်ငံက တင်နေတဲ့ အကြွေးဟောင်း အမေရိကန်ဒေါ်လာ ၆ ဘီလီယံကို ပြန်ဆပ်နိုင်ခဲ့ပြီးလို့ မြန်မာအစိုးရ က ပြောပါတယ်။ ဒါကြောင့် LDC စာရင်းကနေ ပယ်ဖျက်နိုင်ဖို့ ပထမအဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီး ဆက်လက် ကြိုးစားသွားမှာ ဖြစ်တယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောဆိုခဲ့ပါတယ်။  

ကုလသမဂ္ဂက ၁၉၇၁ ခုနှစ်မှာ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံအဖြစ် နိုင်ငံပေါင်း ၂၅ နိုင်ငံကို သတ်မှတ်ခဲ့ပြီး၊ အဲဒီနောက်ပိုင်းမှာ ၄၈ နိုင်ငံအထိ တိုးများလာခဲ့တာပါ။ အခုလို LDC စာရင်းဝင်အဖြစ်ကနေ ပယ်ဖျက်ခွင့် ရရှိဖို့အတွက် ကုလသမဂ္ဂ စီးပွားရေးနဲ့ လူမှုရေးကောင်စီက ပြန်လည်သုံးသပ်ပြီးတော့ သက်ဆိုင်ရာ နိုင်ငံတွေအနေနဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီမှု ရှိ မရှိ တွေ့ရှိချက်တွေကို ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အစီရင်ခံရတာ ဖြစ်ပါတယ်။

VOA
ကုလသမဂ္ဂက ထုတ်ပြန်တဲ့ LDC ဖွံ့ဖြိုးမှုအနိမ့်ဆုံး နိုင်ငံများစာရင်းမှာ မြန်မာနိုင်ငံဟာ ဆက်ပြီး ပါဝင် နေဆဲပဲလို့ UNCTAD ကုလသမဂ္ဂ ကုန်သွယ်ရေးနဲ့ ဖွံ့ဖြိုးမှုညီလာခံ က ပြောကြားလိုက်ပါတယ်။ LDC အစီရင်ခံစာမှာ မြန်မာနိုင်ငံ ဘာကြောင့်ဆက်ပြီး ပါဝင်နေရသလဲဆိုတာကို မအင်ကြင်းနိုင်က တင်ပြထား ပါတယ်။

ပီအာရ်စနစ် ကျင့်သုံးပါက လစ်လပ်ကိုယ်စားလှယ်နေရာများအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်ရန် မသေချာဟု လွှတ်တော်ကိုယ်စားလှယ်များ ပြောကြား

အမျိုးသားလွှတ်တော်ရွေးကောက်ပွဲများတွင် ပီအာရ်စနစ်ကျင့်သုံးပါက လစ်လပ်ကိုယ်စားလှယ်များအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်ရန် မသေချာဟု လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။

ကိုပါကြီးသေဆုံးမှုဖြစ်စဉ်နှင့် ပတ်သက်၍ တရားဥပဒေနှင့်အညီ တရားစွဲဆိုနိုင်ရေး ဆက်လက်ဆောင်ရွက်သင့်ပြီး နယ်ဘက်ဆိုင်ရာ တရားရုံးတွင် စစ်ဆေးသင့်ကြောင်း အမျိုးသားလူ့အခွင့်အရေးကော်မရှင် ထုတ်ပြန်

ကိုအောင်နိုင် (ခ) ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးသေဆုံးမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ စုံစမ်းစစ်ဆေးမှု ထုတ်ပြန်ချက်ကို ဒီဇင်ဘာ ၂ ရက်က ထုတ်ပြန်ခဲ့ရာ ကိုပါကြီး သေဆုံးမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး တရားဥပဒေနှင့်အညီ တရားစွဲဆိုနိုင်ရေးအတွက် ဆက်လက် ဆောင်ရွက် သင့်ပြီး နယ်ဘက်ဆိုင်ရာ တရားရုံးတွင် စစ်ဆေးသင့်ကြောင်း အကြံပြုထားသည်။

မဟာမိတ် မြောက်ကိုရီးယား အတွက် စစ်တိုက်ပေးမည် မဟုတ်ဟု တရုတ် ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦး ပြော

Photo: မဟာမိတ် မြောက်ကိုရီးယား အတွက် စစ်တိုက်ပေးမည် မဟုတ်ဟု တရုတ် ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦး ပြော
Wednesday, December 3, 2014

မြောက်ကိုရီးယားအစိုးရသည် အကျပ်အတည်း များနှင့် ရင်ဆိုင်နေရခြင်း သို့မဟုတ် စစ်ပွဲတစ်ခုကို စတင်တိုက်ခိုက် လာမည်ဆိုလျင် တရုတ်နိုင်ငံ အနေဖြင့် ယင်း၏အိမ်နီးချင်း မဟာမိတ်နိုင်ငံကို ကယ်တင်ရန် ကြားဝင်ပေး သွားမည် မဟုတ်ဟု တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မှ အငြိမ်းစား ဗိုလ်ချုပ်ကြီးတစ်ဦးက ပြောကြားလိုက်သည်။ ယင်းပြောကြား မှုသည် ပေကျင်းအစိုးရက နျူးကလီးယား လက်နက် တပ်ဆင်မှုများ ရှိနေသည့် အိမ်နီးချင်း နိုင်ငံအပေါ် စိတ်ရှည်သည်းခံနိုင်မှု လျော့ပါးလာနေသည့် လက္ခဏာလည်း ဖြစ်နိုင်သည်ဟု သုံသပ်မှုများ ရှိနေသည်။

“တရုတ်နိုင်ငံက ကယ်တင်ရှင်နိုင်ငံ မဟုတ်ပါဘူး” ဟု နန်ကျင်းစစ်ဒေသ ဒုတပ်မှူးဟောင်း ဖြစ်သည့် ၀မ် ဟုန်ကွမ်းက တရုတ်ကွန်မြူနစ် ပါတီနှင့် နီးစပ်သည့် ဂလိုဘယ် တိုင်းမ် သတင်းဌာနသို့ စာဖြင့် ရေးသားပြောကြားခဲ့သည်။

 “မြောက်ကိုရီးယားက တကယ့်ကို ပြိုလဲနေပြီ ဆိုရင်တောင်မှ တရုတ်နိုင်ငံက ကယ်တင်နိုင်မှာမဟုတ်ပါဘူး” ဟု ၎င်းကပြောကြားသည်။ ၀မ်သည် ယခင်ကလည်း မြောက်ကိုရီးယား နိုင်ငံအပေါ် အဓိကကျသည့် မှတ်ချက်ပြုပြောကြားခြင်းများ ပြုလုပ်ထားပြီး ယခုကဲ့သို့ ၎င်း၏ ပြောကြား မှုသည် ပြုံးယမ်း အစိုးရနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ မူဝါဒ အပြောင်းအလဲတစ်ခုကို ရည်ညွှန်းခြင်း ရှိ၊မရှိကို မသိရပေ။ တရုတ်နိုင်ငံသည် ကမ္ဘာ့အလယ်တွင် အထီးကျန်နေသော အိမ်နီးချင်း မြောက်ကိုရီးယား၏ မဟာမိတ်နိုင်ငံဖြစ်ပြီး ယခင်ကာလများ ကတည်း က အကူအညီပေးနေခဲ့သော နိုင်ငံလည်းဖြစ်သည်။

“တရုတ်နိုင်ငံက ကိုရီးယား ကျွန်းဆွယ်မှာ ဖြစ်နေတဲ့ အခြေအနေတွေမှာ ၀င်ရောက်စွက်ဖက်လို့ မရနိုင်ပါဘူး၊ ဒါ့အပြင် တရုတ်နိုင်ငံက ပစ်ခတ် တိုက်ခိုက်ဖို့ မလိုပါဘူး။ ပြဿနာတစ်ခုကို မီးမွှေးတဲ့ ဘယ်သူမဆို တာဝန်ခံရမှာပါပဲ” ဟု ၀မ်က ရေးသားခဲ့သည်။

“အခုဆိုရင် ဆိုရှယ်လစ်ဝါဒီ စခန်းတွေလည်း အများကြီး မရှိတော့ပါဘူး၊ တရုတ်နိုင်ငံရဲ့ လူငယ်မျိုးဆက်တွေ အနေနဲ့ အခြားနိုင်ငံ တစ်နိုင်ငံ အတွက်နဲ့ စစ်တိုက်ပေးဖို့ မလိုအပ်ပါဘူး” ဟုလည်း ၎င်းက ရေးသားခဲ့သည်။ “တရုတ်နိုင်ငံအနေနဲ့ ကူညီ ထောက်ပံ့ပေးသင့်တဲ့ သူကို ထောက်ပံ့ပေးမှာ ဖြစ်ပြီး ဆန့်ကျင်သင့်တဲ့ သူကိုလည်း ဆန့်ကျင်ရမှာပဲလေ” ဟု ၎င်းက ပြောကြားသည်။

ထို့ပြင် တရုတ်နိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံကို မျက်နှာချိုသွေး ဆက်ဆံသွားမည်မဟုတ်သလို စွန့်ခွာသွားမည်လည်း မဟုတ်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ “ ဒါဟာ တရုတ်ရဲ့ အခြေခံ ရပ်တည်ချက်ဖြစ်သင့်ပါတယ်” ဟု ၎င်းကပြောသည်။

Ref: AFP
Mizzima - News in Burmese 

ပေကျင်းမြို့ စစ်ရေးပြအခမ်းအနားတစ်ခုမှ တရုတ်စစ်သားများ။ ဓာတ်ပုံ - AFP
ပေကျင်းမြို့ စစ်ရေးပြအခမ်းအနားတစ်ခုမှ တရုတ်စစ်သားများ။ ဓာတ်ပုံ - AFP
မြောက်ကိုရီးယားအစိုးရသည် အကျပ်အတည်း များနှင့် ရင်ဆိုင်နေရခြင်း သို့မဟုတ် စစ်ပွဲတစ်ခုကို စတင် တိုက်ခိုက် လာမည်ဆိုလျင် တရုတ်နိုင်ငံ အနေဖြင့် ယင်း၏အိမ်နီးချင်း မဟာမိတ်နိုင်ငံကို ကယ်တင်ရန် ကြားဝင်ပေး သွားမည် မဟုတ်ဟု တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မှ အငြိမ်းစား ဗိုလ်ချုပ်ကြီးတစ်ဦးက ပြောကြားလိုက်သည်။ ယင်းပြောကြား မှုသည် ပေကျင်းအစိုးရက နျူးကလီးယား လက်နက် တပ်ဆင်မှုများ ရှိနေသည့် အိမ်နီးချင်း နိုင်ငံအပေါ် စိတ်ရှည်သည်းခံနိုင်မှု လျော့ပါးလာနေသည့် လက္ခဏာလည်း ဖြစ်နိုင် သည်ဟု သုံသပ်မှုများ ရှိနေသည်။

ဟောင်ကောင် Occupy ဆန္ဒပြအဖွဲ့ ခေါင်းဆောင်များ အညံ့ခံ

Photo: ဟောင်ကောင် Occupy ဆန္ဒပြအဖွဲ့ ခေါင်းဆောင်များ အညံ့ခံ
Wednesday, December 3, 2014

ဟောင်ကောင် ဒီမိုကရေစီဆန္ဒပြမှုများကို စတင်ဦးဆောင်ခဲ့သူ  Occupy အဖွဲ့ ခေါင်းဆောင်သုံးဦးသည် ရဲများထံသို့ သွားရောက် အညံ့ခံခဲ့ပြီး ၎င်းတို့၏ လှုပ်ရှားမှုများကို စွန့်လွှတ်တော့မည် ဟု ဒီဇင်ဘာ ၂ ရက်က ကြေညာလိုက် သည်။

လမ်းများပေါ်တွင် ရှိဆဲဖြစ်သည့် ဆန္ဒပြသူများကိုလည်း ၎င်းတို့၏ ရပ်တည်ချက် များကို စွန့်လွှတ်လက်လျော့ကြရန် တိုက်တွန်းခဲ့သည်။ “ ကျွန်တော်တို့ အလျော့ ပေး အညံ့ခံ လိုက်ပါပြီ။ ကျောင်းသားတွေကိုလည်း လက်လျော့ကြဖို့နဲ့ လှုပ်ရှားမှုတွေကို ပြောင်းလဲသွားဖို့ကို ကျွန်တော်တို့ သုံးဦးက တိုက်တွန်း ပါတယ်” ဟု ဟောင်ကောင်မြို့လယ် သိမ်းပိုက်ရေး ကို ဦးဆောင်ခဲ့သည့် Occupy အဖွဲ့ခေါင်းဆောင် ဘန်နီတိုင် က ပြောကြားသည်။ နိုဝင်ဘာ ၃၁ ရက် ညပိုင်းက ဆန္ဒပြသူ ရာပေါင်း များစွာနှင့် ရဲတပ်ဖွဲ့တို့အကြား ပြင်းထန်သည့် ထိတွေ့ ရင်ဆိုင်မှုများကြောင့် လူများစွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ယခုကဲ့သို့ ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

အဆိုပါ အဓိကရုဏ်း ဖြစ်ရပ်သည် ပြီးခဲ့သည့် နှစ်လအကြာက ဒေသတွင် လူထုဆန္ဒပြပွဲများ စတင်ပြီးနောက်ပိုင်း အဆိုးရွားဆုံးသော ဖြစ်စဉ် တစ်ခု လည်းဖြစ်ခဲ့သည်။

Ref: AFP
Mizzima - News in Burmese 

ရဲများထံ အဖမ်းခံခဲ့သော ဟောင်ကောင်ဆန္ဒပြအဖွဲ့ Occupy မှ ခေါင်းဆောင် သုံးဦး။ ဓာတ်ပုံ - AFP
ရဲများထံ အဖမ်းခံခဲ့သော ဟောင်ကောင်ဆန္ဒပြအဖွဲ့ Occupy မှ ခေါင်းဆောင် သုံးဦး။ ဓာတ်ပုံ - AFP
ဟောင်ကောင် ဒီမိုကရေစီဆန္ဒပြမှုများကို စတင်ဦးဆောင်ခဲ့သူ  Occupy အဖွဲ့ ခေါင်းဆောင်သုံးဦးသည် ရဲများထံသို့ သွားရောက် အညံ့ခံခဲ့ပြီး ၎င်းတို့၏ လှုပ်ရှားမှုများကို စွန့်လွှတ်တော့မည် ဟု ဒီဇင်ဘာ ၂ ရက်က ကြေညာလိုက် သည်။

အမည်ခံ ရင်းနှီးမြှုပ်နှံမှုများအနက် အမေရိကန်သာမက အခြားနိုင်ငံများ ကလည်း အာဆီယံရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်အရ အကျိုး ခံစားခွင့် ရှိသည့်အတွက် စင်ကာပူအမည်ခံကာ ၀င်ရောက်မှုများ ရှိနေ

မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံသော နိုင်ငံများတွင် ယခုနှစ်ပိုင်း အတွင်း စင်ကာပူနိုင်ငံ၏ ရင်းနှီး မြှုပ်နှံမှု သိသိသာသာ တိုးလာကြောင်းနှင့် ယင်းကဲ့သို့တိုးလာခြင်းသည် အမေရိကန်ရင်းနှီးမြှုပ်နှံမှုများ စင်ကာပူတစ်ဆင့်ခံ၍ ၀င်ရောက်လာမှုများ ရှိသကဲ့သို့ စင်ကာပူအား တစ်ဆင့်ခံသည့် အခြားနိုင်ငံများ လည်း ရှိနေကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ရရှိသော သတင်းများအရ သိရသည်။

Father Land ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်အား ကျောက်တံတားမြို့နယ်တရားရုံးက လူနှစ်ဦး ကျပ်သိန်း ၅၀၀ စီ ဖြင့် အာမခံပေးခဲ့ အာမခံပေးမှုကို တရားလိုဘက်က မကျေနပ်သဖြင့် ခရိုင်ရုံးသို့ ဆက်လက်တင်ပြမည်

Photo: Father Land ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်အား 
ကျောက်တံတားမြို့နယ်တရားရုံးက လူနှစ်ဦး ကျပ်သိန်း ၅၀၀ စီ ဖြင့် အာမခံပေးခဲ့
အာမခံပေးမှုကို တရားလိုဘက်က မကျေနပ်သဖြင့် ခရိုင်ရုံးသို့
ဆက်လက်တင်ပြမည်
Wednesday, December 3, 2014

စာရွက်စာတမ်းအတုပြုလုပ်မှု၊ လိမ် လည်မှုများဖြင့် တရားစွဲဆိုခံထားရသည့် Father Land ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်အား ဒီဇင်ဘာလ ၂ရက်တွင် ကျန်းမာရေးအခြေအနေ ဆေးစာ မှတ်တမ်းများအရ လူနှစ်ဦး ကျပ် သိန်း ၅၀၀အာမခံသဖြင့် ကျောက်တံတားမြို့ နယ် တရားသူကြီးက အာမခံပေးခဲ့ကြောင်း သိရသည်။ 

Father Land ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်အား ဒီဇင်ဘာ လ ၂ ရက်တွင် ကျောက်တံတားမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး ဦးကျော်မြင့် တွင် နှလုံးရောဂါခံစားနေရသဖြင့်အာမခံ ပေးရန် ဆေးစာနှင့်တကွ လျှောက်ထားခဲ့ရာ တရားလိုဘက်မှရှေ့နေက ကန့်ကွက်ခဲ့သော်လည်း ကျောက်တံတားမြို့နယ် 
တရားသူကြီးက ဆင်ခြင်တုံဥပဒေဖြင့် အာမခံပေးခဲ့ခြင်းဖြစ်သည်။
““၄၆၈ က အာမခံပေးလို့ မရဘူး။ ၄၂၀ ကတော့ အာမခံပေးလို့ရတယ်။ အာ မခံပေးလို့မရတဲ့ ၄၆၈ ကို အာမခံပေးဖို့ သက်ဆိုင်ရာ ကျင့်ထုံးဥပဒေ ၄၉၇ အရ အသက် ၁၆နှစ်အောက်ဖြစ်ရင်၊ မကျန်းမာ တဲ့သူဖြစ်ရင်၊ အမျိုးသမီးဖြစ်ရင် အာမခံ ပေးနိုင်တယ်ဆိုပြီး ရှိတယ်။ အဲဒါကြောင့် အန်တီ လျှောက်လဲချက်ပေးလိုက်တာက ဒီလူသည် မျက်မြင်အရလည်း ကျန်းမာ တယ်။ အသက်ကလည်း ၄၄ နှစ်ဆိုတော့ ကျန်းမာသန်စွမ်းတဲ့အရွယ်၊ ဆေးစာက လည်း အခုရောက်ရှိနေတဲ့အကျဉ်းထောင် ထဲက ဆေးစာမဟုတ်ဘူး။ ဒီဆေးစာက ဆရာဝန်ကို စစ်ဆေးပြီးမှသာ ဆေးစာက မှန်မမှန်ကို ပြောလို့ရတယ်။ အမှုအခြေ အနေကလည်း အခုမှ တရားလိုတောင် မစစ်ဆေးရသေးတဲ့ အခြေအနေရှိတယ်။ အခု ကျပ် သိန်း ၅၀၀တန်ခံဝန်နဲ့ အာမခံ ပေးလိုက်တယ်။ ဒီအာမခံနှစ်ယောက်က လည်း တိုက်ခန်းပိုင်ဆိုပြီးတော့ပဲ ပါတယ်။ မြေယာမပါဘူး””ဟု တရားလိုဘက်မှ တရား လွှတ်တော်ရှေ့နေ ဒေါ်ဆွေဆွေညိမ်းက ပြောသည်။ 

Father Land ဆောက်လုပ်ရေး ကုမ်္ပဏီပိုင်ရှင် ဦးကျော်မြင့်၏ရှေ့နေ ဦးလှ မြင့်(ဒဂုံ)က ““ဦးကျော်မြင့် နှလုံးရောဂါ ဖြစ်နေတယ်ဆိုတာကို ပါရဂူတစ်ယောက် က ထောက်ခံချက်ပေးထားတယ်။ သူက လည်း အခုနှလုံးရောဂါကိုဆေးကုနေရ တယ်။ ဒါကြောင့် သူ့ကိုတရားသူကြီးက ဆင်ခြင်တုံတရားအရ အာမခံချက်ပေး လိုက်တယ်။ တကယ်လုပ်ငန်းကြီးကို လုပ် ကိုင်နေတဲ့သူပါ။ နိုင်ငံခြားကလည်း သူ့ကို ဆုတံဆိပ်နှစ်ခုလောက်ပေးထားတာ ရှိ တယ်။ သူ့လုပ်ငန်းက မသိစရာမရှိဘူး။ အထက်ပန်းဆိုးတန်းလမ်းမှာ ၁၈၁-၁၈၇ အဆောက်အအုံနဲ့ပတ်သက်ပြီး လေးခန်း တွဲ ၁၂ ထပ်ဆောက်နေတာ အကုန်ပြီးနေ ပြီ။ အဲဒီမှာမြေပိုင်ရှင်တွေကိုရောပဲ အလိုက် ငွေ ကျပ်သိန်းပေါင်း ၁၃၀၀၀ပေးရတယ်။ အဲဒါလည်း အကုန်ပေးပြီးနေပြီ။ အခုဒီမှာ ကျန်နေတာက ရေတပ်ဆင်ရမယ်။ မီးတပ် ဆင်ရမယ်။ အဲဒါတွေကျန်နေတယ်။ မီးအတွက်ကလည်း Transformer ကို မြေ အောက်မှာ မြှုပ်ရမယ်ဆိုတဲ့ ပြသနာတွေ ရှိနေတော့ နေရာအခက်အခဲ၊ ဌာနဆိုင်ရာတွေရဲ့ အခက်အခဲကြောင့် အချိန်ကြန့်ကြာနေတယ်။ အဲဒါတွေ ကြောင့် မြေပိုင်ရှင်က ရဲစခန်းကိုတိုင်တယ် ပြောတယ်။ ကျွန်တော်တို့မသိဘူး။ ရဲက လည်း ဘာမှလာမပြောဘူး။ ပြီးတော့ သူ့ ကိုတရားခံပြေးဆိုပြီး ဂျာ နယ်တစ်စောင် မှာပါလာမှ သိရတယ်။ ပြီးခဲ့တဲ့လ ၂၄ ရက်မှာ ကျွန်တော်တို့က ဒါနဲ့ ပတ်သက် ပြီး တရားရုံးမှာ သတင်းပို့တယ်။ ရဲစခန်းမှာ သွားအဖမ်းခံတာမဟုတ်ဘူး။ အဲဒီအခါကျတော့မှ တရားခံပြေးဆိုတာ သိရတယ်။ တရားခံပြေးကနေ ကင်းလွတ် ခွင့်ပြုဖို့တင်ပြတယ်။ သူတို့စွဲတာက စာ ရွက်စာတမ်းအတုပြုလုပ်တယ်ဆိုပြီး စွဲ တာ၊ ကျွန်တော်တို့ကလည်း အမှုတွဲက လည်း မသိရသေးဘူး။ ၁၆ ရက်မှာ တရား လိုလာပြီးတော့ အစစ်ခံရင် သူ့ဘက်က ထွက်ဆိုချက်တွေကို ကြည့်ရမယ်။ 

အဲဒီ အခါကျမှ စာရွက်စာတမ်း အတုပြုလုပ် တယ်ဆိုတာ ဘယ်လိုလုပ်တာလဲ။ စည်ပင် ကို စာရွက်စာတမ်းအတုလုပ်ပြီး တင်ပြ တယ်ဆိုရင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ (၁၉၅)(ဂ)အရ စည်ပင်ကိုယ်တိုင်က တရားလိုလုပ်ရ မယ်””ဟု ပြောသည်။ 

အဆိုပါအာမခံရရှိခြင်းနှင့် ပတ်သက် ပြီး မကျေနပ်မှုများရှိသဖြင့် တရားရုံးဆိုင် ရာ လုပ်ထုံးလုပ်နည်းများကြောင့် ခရိုင်တရားရုံးသို့ ဆက်လက်တင်ပြသွားမည် ဖြစ်ပြီး တရားလို၏ထွက်ဆိုချက်များကို လည်း ယခုလ ၁၆ရက်တွင် စစ်ဆေးသွားရန် ချိန်းဆိုထားသည်ဟု ဆို၏။

Pyimyanmar
စာရွက်စာတမ်းအတုပြုလုပ်မှု၊ လိမ် လည်မှုများဖြင့် တရားစွဲဆိုခံထားရသည့် Father Land ဆောက် လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်အား ဒီဇင်ဘာလ ၂ရက်တွင် ကျန်းမာရေးအခြေအနေ ဆေးစာ မှတ်တမ်းများအရ လူနှစ်ဦး ကျပ်သိန်း ၅၀၀အာမခံသဖြင့် ကျောက်တံတားမြို့ နယ် တရားသူကြီးက အာမခံပေးခဲ့ကြောင်း သိရသည်။ 

စပိန်အစွန်းရောက်ဘောလုံးပရိသတ်ကြား ရန်ပွဲများကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ကော်မရှင် ရှုတ်ချ

Photo: စပိန်အစွန်းရောက်ဘောလုံးပရိသတ်ကြား ရန်ပွဲများကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ကော်မရှင် ရှုတ်ချ
Wednesday, December 3, 2014

စပိန်နိုင်ငံက အစွန်းရောက်ဘောလုံးပရိသတ်တွေကြားက ရန်ပွဲတွေကို စပိန်အစိုးရရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ကော်မရှင်က ရှုတ်ချလိုက်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့က လာလစ်ဂါနဲ့ အက်တလက်တီကို မက်ဒရစ် ဘောလုံးအသင်းတို့ ပွဲစဉ်မတိုင်မီ ဒါဇင်နဲ့ ချီတဲ့ အစွန်းရောက်ပရိသတ်တွေ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့လို့ ဒီပေါ်တီဗို လာကိုရူနာအသင်းကို အားပေးသူတယောက် သေဆုံးခဲ့ပါတယ်။

အသက် ၄၃ နှစ်အရွယ် ဘောလုံးဝါသနာအိုး ဂျင်မီ လို့ခေါ်တဲ့ ရိုမေရို တာဘိုအာဒါ ကို အက်တလက်တီကိုမြို့ရဲ့ ကယ်လ်ဒေရွန် အားကစားကွင်းနားက အေးခဲနေတဲ့ မန်ဇာနာရဲ့စ် မြစ်ထဲကနေ ဆွဲထုတ်ခဲ့ရပြီး ခေါင်းဒဏ်ရာနဲ့ နှလုံးထိခိုက်မှုကြောင့် သေဆုံးခဲ့တယ်လို့ အရေးပေါ်ဝန်ဆောင်မှုအဖွဲ့က ဆိုပါတယ်။

လုံခြုံရေးဝန်ကြီး ဖရန်စစ်ကို  မာတီနဲဇ်ကတော့ ဒီဘောလုံးပွဲမှာ ရဲလုံခြုံရေး ချထားမှု အားနည်းတယ်လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ၆ နှစ်အတွင်း ဒီ ၂ သင်းကို အားပေးတဲ့ ပရိသတ်တွေကြားက ရန်ပွဲတွေကို မှတ်တမ်းတင်ထားတာ မရှိဘူး။ ဒီပွဲလောက် အန္တရာယ်များတဲ့ဘောလုံးပွဲလို့ ပြောရမယ့် မှတ်တမ်း အရင်ကတော့ မရှိခဲ့ဖူးဘူးလို့ သူက ဆက်ပြောပါတယ်။ ယူကျုနဲ့ လူမှုကွန်ယက်မီဒီယာတွေပေါ် ရောက်လာတဲ့ ရုပ်သံမှတ်တမ်းထဲမှာတော့ ဒေသစံတော်ချိန် မနက် ၉ နာရီလောက်မှာ မီးပန်းတွေ၊ ခုံတွေနဲ့ တုတ်တွေ ကိုင်ထားတဲ့ ဝတ်စုံနက် ၀တ်ထားသူ တွေက တယောက်ကို တယောက် ရိုက်နှက်ပစ်ခတ် ဆဲရေးစော်ကားနေတာတွေကို ပြသ ထားပါတယ်။ ဂျင်မီကိုတော့ နံရံကို ကျော်ပြီး မြစ်ထဲ ပစ်ချခဲ့တာပါ။ တခြားလူ ၁၁ ယောက်ကို ဒဏ်ရာတွေ ကုသပေးခဲ့ရပါတယ်။

အခင်းဖြစ်ရာမှာ တွေ့ရတဲ့ သံတုတ်တွေဟာ သူတို့အချင်းချင်း ရန်ဖြစ်ကြဖို့ သဘောတူ ထားပုံပဲ လို့လဲ ပြောပါတယ်။

စပိန်အစိုးရရဲ့ အကြမ်းဖက်မှုဆန့်ကျင်ရေး ကော်မရှင်ဟာ အားကစားပွဲစဉ်တွေအတွင်း အကြမ်းဖက်မှုတွေကို ကန့်သတ်ရေး လုပ်ဆောင်ချက်တွေကို ဆွေးနွေးဖို့ လာမဲ့ ဒီဇင်ဘာ ၄ ရက်နေ့မှာ အစည်းအဝေး ထပ်လုပ်ဖို့ ရှိနေပါတယ်။

 ဒီဗွီဘီ
စပိန်နိုင်ငံက အစွန်းရောက်ဘောလုံးပရိသတ်တွေကြားက ရန်ပွဲတွေကို စပိန်အစိုးရရဲ့ အကြမ်းဖက်မှု တိုက် ဖျက်ရေး ကော်မရှင်က ရှုတ်ချလိုက်ပါတယ်။