Thursday 29 January 2015

ဆက်ကြေးငွေများမပေးသော ဒေသခံရွာသားများအား KIA အဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးမှုများပြုလုပ်

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်းရှိ ဆက်ကြေးငွေများ မပေးသော ဒေသခံ ရွာသားများအား ကချင် လွတ်မြောက်ရေးတပ်မတော် (KIA) အဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ထ၀မ်ကျေး ရွာနေ ဒေသခံတစ်ဦးထံမှ သတင်း ရရှိသည်။

အစ္စရေးကို ထိပါးမှုတိုင်းအတွက် ပေးဆပ်ရမည်ဟု ဟစ်ဇ်ဘိုလာ ပြောက်ကျားများကို နေတန်ညာဟူ သတိပေး

အစ္စရေးကို ထိပါးမှု တစ်ခုစီတိုင်းအတွက် ပြည့်ပြည့်ဝဝ ပြန်လည် ပေးဆပ်ရလိမ့်မည်ဟု လက်ဘနွန် အခြေ စိုက် ဟစ်ဇ်ဘိုလာစစ်သွေးကြွများကို အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟူက သတိပေး ပြောကြား လိုက်သည်။

လက်မကို နှိပ်ပြီး မျက်လုံးရောဂါတွေကို ဖြေရှင်းကြရအောင်

ယခင်ရက်တွေက ဇက်ကြောတက်ခြင်း ခေါင်းကိုက်ခြင်း စတဲ့ပြဿနာများအား လက်ကို နှိပ်နှယ်ပေး ခြင်းဖြင့် ပျောက်ကင်းစေတဲ့ နည်းကောင်းလေးတွေကို မျှဝေပေးခဲ့ပြီး ဖြစ်ပါတယ်။

မွန်ဂိုလီးယားတွင် တင်ပျဉ်ခွေပုံစံဖြင့် တရားထိုင်နေဆဲ ဗုဒ္ဓဘာသာဝင် ဘုန်းကြီး တစ်ပါး ၏ နှစ်ပေါင်း ၂ဝဝသက်တမ်းရှိ ရုပ်အလောင်းတွေ့ရှိခဲ့

တင်ပျဉ်ခွေပုံစံဖြင့် တရားထိုင် နေပုံရသည့် အံ့အားသင့်ဖွယ်သူ တော်စင်တစ်ဦး၏ ရုပ်အလောင်းတစ် ခုကို မွန်ဂိုလီးယားနိုင်ငံတွင် ရှာတွေ့ ခဲ့ကြောင်း Mail Online သတင်း အရ သိရသည်။

ဘီလူးသဘက် ရင်ဘတ်ပေါ် တက်တဲ့အခါ

ဒီတစ်ပတ်မှာတော့ ညအိပ်နေရင်းနဲ့ ကြုံရတတ်တဲ့ကျန်းမာရေး ပြဿနာလေးတစ်ခုကို ဖော်ပြပေးမှာ ဖြစ်ပါ တယ်။ ညဘက် အိပ်ရင်း ရုတ်တရက်နိုးလာတဲ့အချိန်မှာ မအော်နိုင်၊ စကားမပြောနိုင်၊ မလှုပ်ရှားနိုင်တာကို ခံစားဖူးကြမယ်ထင်ပါတယ်။ အဲဒါကိုတော့ မြန်မာအခေါ်အဝေါ်အရတော့ ဘီလူးစီးတယ်လို့ခေါ်ကြပါတယ်။ ဒီလို ဘီလူးစီးတာဟာ သာမန်လူတွေမှာတော့ တစ်ခါတစ်ရံသာကြုံတွေ့နိုင်ပြီး အိပ်စက်ခြင်းဆိုင်ရာ ပြဿနာရှိသူတွေမှာတော့ မကြာခဏဆိုသလို ကြုံတွေ့နိုင်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ အဲဒီလို ဘီလူးစီးတာကို အင်္ဂလိပ်လိုတော့ Sleep Paralysis လို့ခေါ်ပါတယ်။ အဲဒီလို ဘီလူးစီးတဲ့အခါမှာ ဘာတွေဖြစ်တတ်တယ်။ ဘယ်လိုလူတွေမှာ အဖြစ်များတတ် တယ်ဆိုတာကို ဗဟု သုတအနေနဲ့သိရအောင် အထွေထွေရောဂါကုဆရာဝန်ဒေါက်တာကျော်စွာဦးနဲ့ တွေ့ဆုံမေးမြန်း ဖော်ပြပေးလိုက်ပါတယ်။

ကွန်ဒုံးအများအပြား ပိုင်ဆိုင်တဲ့ အမျိုးသမီးကို ရဲက တရားစွဲ

ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင်က အမျိုးသမီးတဦးဟာ ၁.၅ တန်အလေးချိန်ရှိတဲ့ အရည်အသွေးမပြည့် မီသော ကွန်ဒုံးတွေကို ပြန်လည်သန့်စင်အသုံးပြုဖို့ရန် ၀ယ်ယူထားပြီး နေလှန်ထားတုန်းမှာ မီးလောင်ခဲ့ပါတယ်တဲ့။

SNDP ပါတီ၏ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦး SNLD ပါတီသို့ကူးပြောင်း

ရှမ်း တိုင်းရင်းသား များ ဒီမိုကရက်တစ်ပါတီ (SNDP) ပါတီ၏ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်ဦး သည် မိခင်ပါတီမှနုတ်ထွက်ကာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD)သို့ ထပ်မံ ကူး ပြောင်း လာကြောင်း သိရသည်။

မြစ်ကြီးနား - ဖားကန့် ကားလမ်းမပေါ်တွင် KIA အဖွဲ့မှ မော်တော်ယာဉ်များအား ဆက်ကြေးကောက်ခံ လျက်ရှိ

ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဖားကန့် ကားလမ်းမပေါ်တွင် သွားလာနေသော မော်တော်ယာဉ်ကြီး/ငယ်များ အား ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) အဖွဲ့မှ ဆက်ကြေးငွေများတောင်းခံနေကြောင်း မြစ်ကြီး နား မြို့တွင် နေထိုင်သော ခရီးသည်တင်(ဘင်ကား) မောင်းသူတစ်ဦးမှပြောပြသည်။

ခိုဘာနီမြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် မြို့အနီးကျေးရွာများမှ IS များကို ကာ့ဒ်များ ဆက်လက်တိုက်

ဆီးရီးယားနယ်စပ်ရှိ ခိုဘာနီမြို့ ကှိှု ဂျီဟတ်များထံမှ ပြန်လည်သိမ်း ပိုက်နိုင်ခဲ့ပြီးနောက် ကာ့ဒ်တပ်ဖွဲ့များ သည် ခိုဘာနီမြို့အနီးရှို တို့ သိမ်း ပိုက်ထားရာ ကျေးရွာများကို ထပ်မံ တိုက်ခိုက်မှု ပြုလုပ်နေကြောင်း AFP သတင်းအရ သိရသည်။

ဘယ်သွေးအုပ်စုဟာ နှလုံးရောဂါ ဖြစ်နိုင်ခြေ အများဆုံးလဲ

အမေရိကန် သိပ္ပံပညာရှင်တွေက ဘယ်သွေးအုပ်စုမှာ နှလုံးရောဂါအဖြစ်လွယ်ဆုံး လဲဆိုတာ သိရှိနိုင်ဖို့ ကြိုးစားလုပ်ဆောင်ခဲ့တဲ့ သုတေသနတစ်ခုကနေတဆင့် ရလဒ် အဖြေတွေကို နောက်ဆုံးတော့ ထုတ်ဖော် လာနိုင်ခဲ့ပါတယ်။

တရားစွဲခံရသော အမှုများတွင် သမာသမတ်ကျသော စကားပြန်များ အသုံးပြုပေးရန် ထိုင်းအစိုးရကို တောင်းဆို

ဗြိတိန်နှစ်ဦး အသတ်ခံရမှုတွင် မြန်မာနှစ်ဦး တရားစွဲဆိုခံထားရမှုများရှိနေရာ ထိုင်းနိုင်ငံ၌ မြန်မာများ တရားစွဲဆိုခံရသည့် အမှုများတွင် စကားပြန်များ ဘက်လိုက်မှု မရှိစေရေးအတွက် ထိုင်းနိုင်ငံ လူမှုဝန်ထမ်း ဦးစီးဌာနက လေ့ကျင့်ပေးထားသော ဘာသာပြန်များကိုသာ အသုံးပြုပေးရန် တောင်းဆိုထားကြောင်း လူ ကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင်ထွန်းက The Voice သို့ပြောကြားသည်။

မော်စကိုတွင် ကျင်းပမည့် ဒုတိယ ကမ္ဘာစစ်နိုင်သည့် နှစ်ပတ်လည် အခမ်းအနားသို့ ကင်မ်ဂျုံအန် တက်ရောက်မည်

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံ-အန်သည် ရုရှားနိုင်ငံ မော်စကို၌ လာမည့် မေလတွင် ကျင်းပမည့် ဒုတိယကမ္ဘာစစ် နှစ်ပတ်လည်အခမ်းအနားသို့ တက်ရောက်မည်ဖြစ်ကြောင်း ရုရှားအစိုးရက ဗုဒ္ဓဟူးနေ့ တွင် အတည်ပြု ထုတ်ပြန်ခဲ့သည်။

တောင်ဥက္ကလာ မူလတန်း စာသင်ကျောင်း ခြံစည်းရိုးကို လူတစ်စု လာရောက်ဖျက်ဆီး

တောင်ဥက္ကလာပမြို့နယ် အမှတ် (၁၃)ရပ်ကွက်ရှိ အမှတ် (၁၇) အခြေခံပညာ မူလတန်းကျောင်းတွင် ဇန်နဝါရီလ ၂၈ ရက် နံနက် ၁ နာရီခန့်က မော်တော်ယာဉ် တစ်စီးဖြင့် ရောက်ရှိလာသော လူတစ်စုက ကျောင်းဝင်း ကာရံထားသော ကွန်ကရစ် ကျောက်တိုင်များနှင့် သံဆန်ခါများကို ရိုက်ချိုး ဖျက်ဆီးခဲ့ကြောင်း တောင်ဥက္ကလာပမြို့မ ရဲစခန်းထံမှ သိရှိရသည်။

* စကားပြော ဆင်ခြင်ဖို့  BBC ဧ။် သတိပေးခြင်း ခံရသည့် ဖီးလ်နယ်ဗီးလ် *



BBC ဧ။် အားကစား ရုပ်သံ အစီစဉ်တွင် ပွဲစဉ် သုံးသပ်သူ အဖြစ်တာဝန် ထမ်းဆောင်နေသည့် မန်ယူ နှင့် အဲဗာတန် တို့ ဧ။် ကွင်းလယ် လူဟောင်း ဖီးလ်နယ်ဗီးလ် သည် အာဆင်နယ် အသင်း ဧ။် ကွင်းလယ်လူ ရိုဆစ်စကီး အား မသင့်တော်သည့် အသုံး အနှန်း ဖြင့် ပြောဆို သုံးသပ်ခဲ့သဖြင့်BBC ရုပ်သံ ဧ။် သတိပေးခြင်း ခံလိုက်ရကြောင်း သိရသည်။
ဘရိုက်တန် အသင်း အား အိမ်ကွင်း တွင် ၃ ဂိုး ၂ ဂိုး ဖြင့် အနိုင်ရရှိခဲ့သည့် အက်ဖ်အေ ဖလားစတုတ္ထ အဆင့် ပွဲစဉ် တွင် အနိုင်ရွှေဂိုး အား လှပစွာသွင်းယူပေးခဲ့သည့် ရိုဆစ်စကီး အား မိမိသာ ဘရီုက်တန် နောက်ခံလူ ဆိုပါက
ခြေစုံပစ်ပြီး ရိုက်ချိုးပစ်မည် ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာ့သယံဇာတတွေ ထုတ်ယူနေကြောင်း အမေရိကန် သတင်းစာရေး သားချက် တရုတ် အစိုးရပယ်ချ



တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံက သဘာဝသယံ ဇာတတွေကို အလုအယက်ရ ယူနေကြောင်း အမေရိကန် New York Times သတင်းစာကြီး ရဲ့ ရေးသား ချက်ကို တရုတ်အစိုးရ နိုင်ငံခြားရေး ၀န်ကြီးဌာန က လက်မခံနိုင်ကြောင်း တုန့်ပြန်ပြော ကြားလိုက်ပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံကနေ ကျားသတ္တ၀ါက စလို့ ကြေးနီသတ္တုအဆုံး အရာမှန်သမျှ လိုချင်နေတာ ဟာ မြန်မာနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်နဲ့ နိုင်ငံရေး တည်ငြိမ်မှုကို ခြိမ်းခြောက်နေကြောင်း၊ မြန်မာနိုင်ငံရဲ့ သဘာဝ သယံဇာတတွေ လုယက်ရယူရောင်းချနေမှု အတွက် တရုတ်အစိုးရမှာ တာဝန်ရှိ ကြောင်း၊ မြန် မာပြည်သူတွေဟာ တရုတ်ရဲ့ အဲဒီလိုချင်တပ်မက်မှုတွေ အားလုံး ကို ရပ်တန့်သွားစေလိုတဲ့ သဘောထား ရှိကြောင်း New York Times သတင်းစာ က ခေါင်းကြီးပိုင်းမှာ မနေ့က ရေးသားဖော်ပြခဲ့တာပါ။

တရုတ်အစိုးရကတော့ ဒီရေးသားချက်ဟာ တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ကို ဖျက်လိုဖျက်ဆီးသဘော နဲ့ ရေးထားတာဖြစ်တဲ့အတွက် လုံးဝသဘော မတူကြောင်း၊ တရုတ်အစိုးရအနေနဲ့ တရားမ၀င် သစ်ခုတ်လှဲမှု၊ သတ္တုတူးဖော်မှု၊ ကုန်သွယ်မှုတွေကို အမြဲဆန့်ကျင်နေသလို အိမ်နီးချင်းမြန်မာနိုင်ငံရဲ့ သဘာဝ ပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးနဲ့ နယ်စပ်ဒေသတည်ငြိမ်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်မှုတွေ အရှိန်မြှင့်တင်သွားဖို့ ဆုံးဖြတ်ထားကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီးက ပြောဆိုပါတယ်။

RFA

မြန်မာနိုင်ငံသား အခွင့်အရေး နိမ့်ကျ



မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ အုပ်ချုပ်မှု အဆုံးသတ်ခဲ့ပြီး မကြာသေးခင် နှစ်တွေအတွင်း ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်လာနေပေမဲ့ နိုင်ငံရေးနဲ့ နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေကတော့ လွတ်လပ်မှု မရှိသေးဘူးလို့ နိုင်ငံတကာ လွတ်လပ်ခွင့် အခြေအနေတွေကို စောင့်ကြည့်အကဲခတ်နေတဲ့ Freedom House အဖွဲ့ရဲ့ အစီရင်ခံစာသစ်က ဖော်ပြပါတယ်။

သတင်းထောက်တွေကို ဖမ်းဆီးတာ၊ ထောင်ချတာတွေ အပါအ၀င် မီဒီယာအပေါ် ကန့်သတ်မှုတွေကြောင့် နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့် အဆင့်အတန်းဟာလည်း အဆင့် ၅ မှာရှိနေရာက၊ အဆင့် ၆ အထိ ကျဆင်းသွားခဲ့တဲ့အကြောင်း ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာက ဖော်ပြခဲ့တာပါ။ နိုင်ငံပေါင်း ၁၉၅ နိုင်ငံနဲ့ ဒေသ ၁၅ ခုက ပြီးခဲ့တဲ့နှစ်အတွင်း အခြေအနေတွေကို လေ့လာပြုစုထားတဲ့ Freedom House ရဲ့ အစီရင်ခံစာမှာတော့ လွတ်လပ်ခွင့် အမြင့်ဆုံးအဖြစ် အဆင့် ၁ ကနေ အနိမ့်ဆုံး ၇ အထိ သတ်မှတ်ထားပါတယ်။

တပ်မတော်သားတစ်ဦးစီ၏ တစ်ရက်တာစားစရိတ် ၇၅၀ ကျပ်ရှိရန် တိုးမြှင့်တောင်းခံ




တပ်မတော်သား တစ်ဦးစီအတွက် နေ့စဉ် တစ်ရက်တာစားစရိတ် နှုန်းထားကို ကျပ် ၅၀၀ မှ ၇၅၀ ကျပ်အထိရရှိရန် တင်ပြတောင်းခံထားကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က ပြောဆိုသည်။

၂၀၁၅-၂၀၁၆ ခုနှစ် ဘဏ္ဍာငွေ အသုံးစရိတ် တင်ပြထားချက်တွင် တပ်မတော်မှ တောင်းခံထားသော ငွေအသုံးစရိတ်များ ရှင်းလင်းချက်တွင် ၎င်းက ယင်းသို့ ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။

“တပ်မတော်သားတစ်ဦးကို တစ်ရက်အတွက် ၇၅၀ ရမှသာ စားလောက်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

သျှမ်းပြည်အမျိုးသားနေ့ကို သျှမ်းပြည်၏ တတိယအမြင့်ဆုံးတောင်ပေါ်သို့ လူငယ်များသွားရောက်ကျင်းပမည်


ဖေဖေါ်ဝါရီ ရ ရက်နေ့၌ ကျရောက်မည့် ၆၈ ကြိမ်မြောက် သျှမ်းပြည်အမျိုးသားနေ့ အား သျှမ်းပြည်အလယ်ပိုင်းရှိ တတိယအမြင့်ဆုံးတောင်ထိပ်သို့ လူငယ်များ တက်ရောက်ဂုဏ်ပြုမည်ဟု သျှမ်းလူငယ်ကွန်ရက် တောင်တက် အဖွဲ့ခေါင်းဆောင် ကပြောသည်။
အမြင့်ပေ ၈၁၂၉ ပေ ရှိ သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် လွယ်ဇန့်တောင် သို့တက်ရောက်မည်ဖြစ်ပြီး သျှမ်းပြည်မြောက်ပိုင်း ၁၃ မြို့နယ်မှ လူငယ်များ အပြင် သျှမ်းပြည်တောင်ပိုင်း အရှေ့ပိုင်းမှ လူငယ်များ စုပေါင်း တက်ရောက်မည် ဟု သျှမ်းလူငယ်ကွန်ယက် တောင်တက်အဖွဲ့ခေါင်းဆောင် စိုင်းဝမ်းလျဲန်းက ဤကဲ့သို့ ပြောသည်။

ဖားကန့်တွင် ဖောက်ခွဲမှု ပြုလုပ်နေသူများကို ဖော်ထုတ်၍အရေးယူသွားမည်ဟု KIA တပ်ရင်း(၆)မှ ဗိုလ်မှူးတန်ဆန့်ပြော

ကချင်ပြည်နယ် ဖားကန့်ဒေသ တွင် လတ်တလောဖြစ်ပွားနေသော ပေါက် ကွဲမှုများ မှ KIA နှင့် အစိုးရအကြား သွေး ကွဲအောင် ရည်ရွယ်ချက်ရှိရှိ ဖောက်ခွဲ နေခြင်းဖြစ်သောကြောင့် ဖောက်ခွဲမှုပြု လုပ်နေသူများအားဖော်ထုတ်၍ ပြင်းပြင်း ထန်ထန် အရေးယူသွားမည်ဟု ဖားကန့် ဒေသရှိ KIA တပ်မဟာ(၂) လက်အောက် ခံတပ်ရင်း(၆)မှ ဗိုလ်မှူးတန်ဆန့်က ဇန် နဝါရီ ၂၈ရက်တွင် ရန်ကုန်တိုင်းမ်ဂျာနယ် သို့ ပြောသည်။
''ဒီလို ပေါက်ကွဲမှုတစ်ခုဖြစ်တိုင်းKIA ကလုပ်တာဆိုပြီးတော့ အားလုံးက မြင်နေကြတယ်။ ဒါကို လုံးဝကန့်ကွက် ပါတယ်။ ဒီကိစ္စတွေဟာ KIA နဲ့ အစိုးရ ကြားမှာ သွေးကွဲအောင် လှုံ့ဆော်နေခြင်း သက်သက်ပဲ။ ဒါကြောင့် ဖောက်ခွဲမှုကို ပြုလုပ်နေတဲ့သူအားလုံးကို ကျွန်တော်တို့ စုံစမ်းနေတယ်။ ဖော်ထုတ်နိုင်ပြီဆိုရင် တော့ ပြင်းပြင်းထန်ထန် အရေးယူသွား မယ်။ KIA အနေနဲ့ ပုလင်းထဲကို ဓာတ် ဆီထည့်ဖောက်ခွဲတဲ့ ကလေးကလားအလုပ် ကို မလုပ်ပါဘူး''ဟု ဖားကန့်ဒေသ အခြေ စိုက် KIA တပ်မဟာ(၂) လက်အောက်ခံ တပ်ရင်း(၆)မှ ဗိုလ်မှူးတန်ဆန့်က ပြော သည်။
အဆိုပါဖောက်ခွဲမှုများသည် အ ဓိကကျူးလွန်နိုင်သူများမှာ ရေမဆေး ကျောက်ရှာ သမား များဖြစ်နိုင်ပြီး ယင်း တို့သည် တိုက်ပွဲများဖြစ်ပါက ကျောက် စိမ်းကုမ္ပဏီထဲ သို့ ဝင်ရောက်လုယက် မှုများ ပြုလုပ်လေ့ရှိပြီး လက်ရှိအချိန် တွင် အစိုးရနှင့် KIA ကြားသွေးခွဲ၍ တိုက်ပွဲများပြန်ဖြစ်ရန် လုပ်ဆောင်နေ ခြင်းဖြစ်သည်ဟု ၄င်းကဆို သည်။
''ကချင်ပြည်နယ် အစိုးရအဖွဲ့က ဖားကန့်ဒေသမှာဖြစ်နေတဲ့ ပေါက်ကွဲမှု က KIA လုပ်တာလား ကျွန်တော်တို့ ကို မေးတယ်။ ဒါနဲ့ဟိုဘက်အဖွဲ့ကို မေး လိုက်တယ်။ သူတို့လဲ ဒီကိစ္စကိုစုံစမ်း နေတယ်လို့ပြန်ပြောတယ်။ အခု အ စိုးရဘက်ကလဲ စုံစမ်းနေပါပြီ။ ကျွန် တော်ကတော့ ရေမဆေးကျောက်ရှာ တဲ့သူတွေထဲကပဲ ဖြစ်မယ်လို့ထင်တယ်။ ဘာလို့လဲဆိုရင် တိုက်ပွဲတွေငြိမ်သက် နေရင် သူတို့ လွတ်လွတ်လပ်လပ်လုပ် လို့မရဘူး။ ကျောက်ကုမ္ပဏီတွေရှိနေ တယ်။ ဒါကြောင့် တိုက်ပွဲဖြစ်အောင် လုပ်နေတာဖြစ်နိုင်တယ်။ ပြီးတော့ ဖား ကန့်မှာက တပ်ပြေး၊ ရဲပြေး၊ သူခိုး၊ ဓား ပြ၊ ဒီလူတွေကများတယ်။ ဒီတော့ နယ် မြေက မအေးချမ်း ဘူးဖြစ်နေတာ''ဟု ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အ ဖွဲ့ဥက္ကဋ္ဌ ဦးလမိုင်ဂွန်ဂျာ ကပြောသည်။
ဇန်နဝါရီ ၁၄ရက်မှ ၁၉ရက်အ ထိ ဖားကန့်ဒေသတွင် KIA နှင့် အ စိုးရ တပ်မတော်တို့ တိုက်ပွဲများ အပြင်း အထန်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်တွင် တိုက်ပွဲများ ပြန်လည်ငြိမ်သက်သွားခဲ့ သော်လည်း ဇန်နဝါရီ ၂၆ ရက်က ပု လင်းထဲသို့ ဓာတ်ဆီထည့်ဖောက်ခွဲမှု တစ်ခုဖြစ်ပွားခဲ့သကဲ့သို့ ယင်းမတိုင်မီ တစ်ပတ်ခန့်ကလည်း ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်ရပ်များနှင့် ပတ် သက်၍ ကချင်လွတ်မြောက်ရေးတပ် မတော်(KIA ) မှ စုံစမ်းဖော်ထုတ်လျက် ရှိပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့က လည်း စုံစမ်း စစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း နှစ်ဖက်တာဝန်ရှိသူများ က ပြောသည်။
TheYangonTimes
Yangon Media Group

* အချိန်ပိုင်း သံအမတ် အဖြစ် တစ်နှစ် အတွင်း ၀င်ငွေ ပေါင် ၂ သန်း ကျော် ထိ ရရှိခဲ့သည့် မန်ချက်စတာယူနိုက်တက် နည်းပြဟောင်းကြီး ဖာဂူဆန် *



မန်ချက်စတာ ယူနိုက်တက် အသင်း ဧ။် ဂန္တ၀င် နည်းပြဟောင်းကြီးဆာ အဲလက်စ်ဖာဂူဆန် သည် ယူနိုက်တက် နည်းပြ အဖြစ်မှ အနားယူပြီးကတည်းက အသင်းဧ။် ကမ္ဘာ့ သံတမန် အဖြစ် အချိန်ပိုင်း တာဝန် ထမ်းဆောင်ခဲ့ရာ တစ်နှစ် အတွင်း ၀င်ငွေ ပေါင် ၂ သန်းကျော်ထိ ရှိခဲ့ကြောင်း သိရသည်။ ယူနိုက်တက် နည်းပြဟောင်းကြီး သည် အိုးထရက်ဖို့ ဒ် ကွင်းတွင် နှစ်ပေါင် ၂၆ နစ် ကျော် တာဝန် ယူထမ်းဆောင်ခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၂ ဘောလုံးရာသီ အပြီးတွင် အနားယူခဲ့ပြီး အသင်း ဧ။် အချိန်ပိုင်း သံတမန် မဖြစ် တာဝန်ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်။
နည်းပြ အဖြစ်မှ အနားယူပြီးကတည်းက ၂၀၁၃ အောက်တိုဘာ လတွင် ယူနိုက်တက် ဧ။် အချိန်ပိုင်း သံတမန် အဖြစ် စတင်တာဝန် ယူကတည်းက ပြီးခဲ့သည့် ဇွန်လ အထိ နည်းပြဟောင်းကြီး ဧ။် တစ်နှစ်တာ အချိန်ပိုင်း ၀င်
ငွေမှာ ပေါင် ၂၁၆၅၀၀၀ ထိ ၀င်ငွေ ရှိခဲ့သည်။ ဆာအဲလ်က်စ် ဖာဂူဆန် ဧ။် အချိန်ပိုင်း တစ်နေ့ တာ ၀င်ငွေမှာ ပေါင် ၁ သိန်း ထိ ရှိကြောင်း သိရသည်။

စံချိန်စံညွှန်းကိုက်ညီမှုမရှိသည့် တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်သော ကုမ္ပဏီများကို Black List အမှန်တကယ်သွင်းရန်နှင့် ဒဏ်ကြေးအဖြစ် ဆတိုး ဒဏ်ရိုက်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များပြောကြား


စံချိန်စံညွှန်းကိုက်ညီမှုမရှိသည့် တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်သော ကုမ္ပဏီများကို Black List အမှန်တကယ်သွင်းရန်နှင့် ဒဏ်ကြေးအဖြစ် ဆတိုး ဒဏ်ရိုက် သင့်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ပြောကြား သည်။

ဇန်န၀ါရီ ၂၈ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက စံချိန်စံညွှန်းကိုက်ညီမှုမရှိသည့် တည်ဆောက် ရေးလုပ်ငန်းများအပေါ် အစိုးရအဖွဲ့၏ ဆောင်ရွက်ထားမှုအခြေအနေများအား အစိုးရအဖွဲ့၏ပေးပို့ချက်များကိုဖတ်ကြားသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက "Black List သွင်းရမယ်ဆိုပြီး အစိုးရအဖွဲ့ကအကြံပြုတာတွေရှိတယ်။ ဒါပေမဲ့ တကယ်သွင်းလား မသွင်း လားမသိဘူး။ ကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ်တွေကစစ်တယ်။ ပြီးတော့ အစိုးရအဖွဲ့ကထပ်စစ်တယ်။ သူတို့ကလည်း ဟုတ်တယ်ဆိုတာအကြံပြုတယ်။ တကယ်တမ်းပြောရရင်တော့ Black List သွင်းသင့်တဲ့ကုမ္ပဏီက အများကြီးပဲ။ သူတို့ မဟုတ်တာတွေလုပ်နေတာ ကျွန်တော်တို့မြင်တယ်လေ။ ပြတ်ပြတ် သာသားလုပ်သင့်တယ်။ ပြတ်ပြတ်သားသားမလုပ်ရင်တော့ ဒီလိုတွေထပ်လုပ် နေဦးမှာပဲ။ ကျွန်တော်တို့ဒေသမှာတော့ ပြန်ပြင်ပြီးတော့လုပ်တာတွေရှိတယ်" ဟုဆိုသည်။

ကချင်ဆရာမ ၂ဦး အသတ်ခံမှု တပ်မတော်ကို စွပ်စွဲရေးသားမှုများ ဥပဒေအရ အရေးယူမည်ဟုဆို


ရှမ်းပြည်မြောက်ပိုင်း ကောင်းခါးရွာ ကချင်ဆရာမ ၂ဦး အသတ်ခံရမှုနှင့် ပတ်သက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ မှုခင်းပိုင်း ဆိုင်ရာ မျက်မြင် တွေ့ရှိချက်များနှင့် ပူးပေါင်းစစ်ဆေးရေး အဖွဲ့များ၏ ဖော်ထုတ်ချက်အရ တပ်မတော်သားများမှာ တရားခံဖြစ်နိုင်ဖွယ်မရှိကြောင်း သုံးသပ်သိရှိရသော်လည်း သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေစဉ် တပ်မတော်အပေါ်ပုတ်ခတ် စွပ်စွဲပြောဆိုမှုများ ပြုလုပ်လာကြောင်း တွေ့ရသဖြင့် အမှုမှန်ပေါ်ပေါက်ချိန်တွင် တပ်မတော်

သပိတ်မှောက်ကျောင်းသားများ ရန်ကုန်မြို့တွင် ဥပဒေမဲ့ဆန္ဒပြခြင်း၊ သပိတ်စခန်းဖွင့်ခြင်းများ လုပ်ဆောင်လျှင် အရေးယူမည်ဟုဆို



သပိတ်မှောက်ကျောင်းသားများ ရန် ကုန်မြို့တွင် ဥပဒေမဲ့ဆန္ဒပြခြင်း၊ သပိတ်စခန်း ဖွင့်ခြင်းများဆောင်ရွက်လျှင် တည်ဆဲဥပဒေ များနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဟု ရန်ကုန်တိုင်းဒေသကြီး ခရိုင်ရဲမှူးကြီးက ပြောကြားလိုက်သည်။

''တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ လမ်းညွှန် ချက်နဲ့အညီ ပြီးတော့ ငါတို့ကတော့ တရားဝင် စီတန်းလှည့်လည်ခွင့်ပြုချက် ရှိ၊ မရှိ မေးမယ်။ မရှိဘူးဆိုရင် ဥပဒေနဲ့ အညီ ဆောင်ရွက်မယ်။ ဥပဒေရှိနေတာပဲလေ။ ကျောင်းသားတွေ ရန် ကုန်မှာ သပိတ်စခန်းဖွင့်တာတွေ၊ ဆန္ဒပြတာ တွေလုပ်မယ်ဆိုရင် တည်ဆဲဥပဒေအရ တရား ဝင် ဖြစ်ရမယ်။ တရားဥပဒေနဲ့ ကျောင်းသား တွေလုပ်ရပ် ဆန့်ကျင်ရင်တော့ ရဲလုပ်ထုံးလုပ် နည်းတွေနဲ့အညီ ဆောင်ရွက်မယ်''ဟု ပြော သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအ ဖွဲ့အနေဖြင့် ကျောင်းသားသပိတ်များ နှင့်ပတ်သက်၍ ညင်သာစွာကိုင်တွယ် ဖြေရှင်းနိုင်ရန်အတွက် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ရဲ မှူးများကို ဇန်နဝါရီ ၂၇ရက်တွင် ရန်ကုန် တိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံ ရေးအစည်းအဝေးတွင် အထူးမှာကြား ထားကြောင်း သိရသည်။

ဟင်္သာတ အကျဉ်းထောင်မှ ထောင်ပိုင်ကြီးနှင့် ဝန်ထမ်းများကို ရာထူးချ၍ အထူးခုံရုံးဖြင့် စစ်ဆေးမည်

ဟင်္သာတ အကျဉ်းထောင်မှ အကျဉ်းသားသုံးဦး အိပ်ဆောင်ကိုဖောက်ကာ ထောင်နံရံကို ကျော်တက်ပြီး ထွက်ပြေး လွတ်မြောက်သွားမှုနှင့် ပတ်သက်၍ ထောင်ပိုင်ကြီးနှင့် ထောင်ဝန်ထမ်း ၁၃ ဦးကို ရာထူးလျှော့ချပြီး နေပြည်တော်မှ ဖွဲ့စည်းပေးထားသော အထူးခုံရုံးအဖွဲ့ဖြင့် စစ်ဆေးနေကြောင်း ဧရာဝတီတိုင်းဒေသကြီး အကျဉ်းဦးစီးဌာနထံမှ သိရသည်။
ဟင်္သာတ ထောင်ပိုင်ကြီး ဦးနေစိုး၊ ထောင်ပိုင်လေး၊ ထောင်မှူးတို့ အပါအဝင် ထောင်ဝန်ထမ်း ၁၃ ဦးကို ရာထူးချ၍ စစ်ဆေးနေသည်မှာ မှန်သော်လည်း ယင်းအကျဉ်းထောင်ရှိ အကျဉ်းသားများကို လူမဆန်စွာ ရိုက်နှက် စစ်ဆေးသောကြောင့် အကျဉ်းသားသုံးဦး နှာခေါင်းမှ သွေးများ အတောင့်လိုက် ထွက်ကျပြီး ဝန်ခံထွက်ဆိုခဲ့သည်ဟု လှုမှုကွန်ရက်တွင် ပျံနှံနေသည့် သတင်းမှာ မှန်ကန်မှု မရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး အကျဉ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမင်းစိုးက ပြောကြားသည်။
အိပ်ဆောင်ဖောက်ပြီး ထွက်ပြေး လွတ်မြောက်သွားသည့် အကျဉ်းသားသုံးဦးကို ဖမ်းမိနိုင်ရေးအတွက် ဧရာဝတီဒေသကြီးတိုင်း ရဲတပ်ဖွဲ့က ဒေသအသီးသီးရှိ ရဲတပ်ဖွဲ့များထံသို့ လည်းကောင်း၊ ၎င်းတို့၏ ဓာတ်ပုံနှင့် ကိုယ်ရေးအချက်အလက်များကို ညွှန်ကြားချက်များ ပေးပို့ကာ ရှာဖွေနေကြောင်းလည်း ဧရာဝတီတိုင်းဒေသကြီး အကျဉ်းဦးစီးဌာနထံမှ ထပ်လောင်းသိရသည်။

ထွက်ပြေး လွတ်မြောက်သွားသော ထောင်ပြေးများမှာ ဖောက်ထွင်းမှုတစ်မှု၊ ဆိုင်ကယ်ခိုးမှု နှစ်မှုဖြင့် ထောင်ဒဏ်သုံးနှစ် ကျခံနေရသော အသက် ၂၀ အရွယ်ရှိ သက်ပိုင်စိုး (ခ) အုန်းသီး ယင်းခိုးမှုတွင် ပူးတွဲပါဝင်သောကြောင့် ထောင်ဒဏ်တစ်နှစ် ကျခံနေရသူ အသက် ၂၀ အရွယ်ရှိ ထွန်းထွန်းနိုင် (ခ) လဒူနှင့် ငါးမွေးမြူရေးစခန်းမှ ကြေးနန်းကြိုးခွေ ခိုးယူရောင်းချမှုကြောင့် ဟင်္သာတမြို့နယ် တရားရုံးတွင် ပြစ်မှုအမှတ် (ပ) ၆၆/၂၀၁၄ ပုဒ်မ-ပသပ ၆ (၁) ဖြင့် စစ်ဆေးဆဲဖြစ်သော အသက် ၂၀ အရွယ်ရှိ ထောင်အချုပ်သား ဖိုးချို (ခ) ကျော်ဇေယျတို့ ဖြစ်ပြီး ဇန်နဝါရီလ ၂၀ ရက်နေ့ ညအချိန်က ထွက်ပြေးသွားခြင်း ဖြစ်သည်ဟု တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

The Voice Weekly

ဗိုလ်ချုပ် ၀,နေတယ်


ဝန်ကြီးများရုံးတွင် ရိုက်ကူးခဲ့သော ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရသည့် ဇာတ်ဝင်ခန်းပုံများကိုကြည့်၍ ဗိုလ်ချုပ်နေရာ၌ သရုပ်ဆောင်သည့်သူ ၀,နေသည်ဟု ပရိသတ်များက ဝေဖန်မှုများထွက်ပေါ်လာသည်။
‘‘အကြံပေးလို့ရမယ်ဆိုရင် ဗိုလ်ချုပ်နေရာသရုပ်ဆောင်သူကို ၀ိတ်ချစေချင်ပါတယ်။ သမိုင်းတွင်မယ့် ဇာတ်ကားဖြစ်တာကြောင့် ပင်ပန်းဆင်းရဲမယ်ဆိုတာ သိပေမယ့် ဗိုလ်ချုပ်ကို ကျေးဇူးဆပ်သောအားဖြင့် တိုင်းပြည်အတွက် ပင်ပင်ပန်းပန်း၊ ငတ်ငတ်ပြတ်ပြတ် အလုပ်လုပ်သောကြောင့် ခပ်ပိန်ပိန်လူတစ်ယောက် ပုံပေါက်စေချင်ပါတယ်’’ဟု ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် တင်ထားသော အထက်ပါ ဇာတ်ဝင်ခန်းပုံများ၏အောက်၌ ထက်နိုင်လင်းအမည်ဖြင့် ဖေ့စ်ဘွတ်ခ်သုံးစွဲသူတစ်ဦးက အကြံပြုထားသည်။
ထို့အပြင် ပရိသတ်အချို့ကလည်း ဗိုလ်ချုပ်မှာ ပါးမဖောင်းသောကြောင့် သရုပ်ဆောင်မည့်သူ သူပါးစောင်ကျလျှင် လိုက်ဖက်မှုရှိမည်ဟုထင်ကြောင်း ထောက်ပြပြောဆိုထားသည်။

ရော်နယ်ဒိုကို ၂ ပွဲပယ်ပြစ်ဒဏ် ချမှတ်



ပြိုင်ဘက်ကစားသမားကို ကန်ကျောက်ခဲ့တဲ့ ရီးရဲမက်ဒရစ်အသင်းက ခရစ္စတီယာနို ရော်နယ်ဒိုကို စပိန်ဘောလုံးအဖွဲ့ချုပ်က ၂ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။ ဒီအတွက် လာမဲ့ လာလီဂါပွဲတွေဖြစ်တဲ့ ရီးယဲလ်ဆိုစီဒက်၊ ဆီးဗီးလားတို့ကစားမယ့် ပွဲစဉ်တွေမှာ ကစားခွင့်မရတော့ပါဘူး။
ပြီးခဲ့တဲ့အပတ်က ကော်ဒိုဘာအသင်း ကို ၂ ဂိုး ၁ ဂိုး နဲ့  အနိုင်ရခဲ့တဲ့ ပွဲမှာ ပွဲ ပြီးကာနီး ရော်နယ်ဒို က ကော်ဒိုဘာနောက်ခံလူ အဒီမာရ်ကို ကန်ကျောက်ခဲ့ပြီး မျက်နှာကိုရိုက်ဖို့  လက်နဲ့ရွယ်ခဲ့ပါတယ်။

ရွှေကျင်ဂိုဏ်းလုံးကျွတ်အစည်းအဝေး သမ္မတမိသားစုဝင်များ တက်ရောက်လှူဒါန်း



မြန်မာနိုင်ငံတွင် ဒုတိယ အင်အားအကြီးဆုံး သံဃာ့ဂိုဏ်း အဖွဲ့အစည်း ကြီးဖြစ် သည့် ရွှေ ကျင်နိကာယဂိုဏ်း၏ (၁၉)ကြိမ် မြောက် ဂိုဏ်းလုံးကျွတ် သံဃာ့ အစည်းအဝေး ဒုတိယနေ့တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ သမီးများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

မှော်ဘီမြို့နယ် ဓမ္မဒူတဇေတ၀န်တောရ ဆေကိန္ဒာရာမကျောင်း တိုက်တွင် သီတဂူဆရာတော်ကြီးနှင့် အရှင်ဆေကိန္ဒတို့ ရယ်မောနေသော ဓာတ်ပုံနှင့်သီတဂူ ဆရာတော်ကြီးအား သမ္မတဦးသိန်းစိန်၏ သမီးများ လှူဒါန်းသော ပစ္စည်းများကို ကပ္ပိယတစ်ဦးက ကိုင်ဆောင်ထားပြီး ဓာတ်ပုံတွင် ပါဝင်သူများက ပီတိဖြစ်နေပုံကို ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် သီတဂူဆရာတော်ကြီး၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြထားသည်။

‘‘မှော်ဘီမြို့က ဆရာတော် အရှင်ဆေကိန္ဒကျောင်းတိုက်မှာ သမ္မတကြီးသမီးတွေ လှူဖွယ် တွေ ကပ်တဲ့ပုံပါ။ အရှင်ဆေကိန္ဒ ကျောင်းမှာ ဒီည သီတဂူဆရာ တော်ကြီး တရားပွဲလည်း ရှိပါ တယ်’’ဟု သီတဂူဆရာတော်ကြီး ၏ ကပ္ပိယတစ်ဦးက ရှင်းပြသည်။

ရွှေကျင်ဂိုဏ်းလုံးကျွတ် သံဃာ့အစည်းအဝေးကြီး ဒုတိယ နေ့ကို ဇန်န၀ါရီ ၂၈ ရက် နံနက် ၈ နာရီတွင် စတင်ခဲ့ပြီး ရွှေကျင်သာသနာပိုင် ၀ါဆိုဆရာတော်ကြီး ကိုယ်တိုင် သဘာပတိအဖြစ် ထမ်းဆောင်ခဲ့သည်။

အမျိုးသမီးများ အကြမ်းဖက်ခံရမှု ထိရောက်စွာ ဖြေရှင်းပေးရန် တအာင်း အမျိုး သမီးအဖွဲ့ တိုက်တွန်း


လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အမျိုးသမီးများအား အတင်းအဓမ္မ ပြုကျင့်မှု များအပြင် အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှု ကျူးလွန်သူများကို အစိုးရအနေဖြင့် ချက်ချင်း အရေးယူပြီး ထိရောက်စွာ ကိုင်တွယ် ဖြေရှင်းပေးရန် တအာင်း အမျိုးသမီး အဖွဲ့အစည်းက တိုက်တွန်း ပြောဆိုလိုက်သည်။
အမျိုးသမီး အခွင့်အရေးများ အပြည့်အ၀ ရရှိရန် တောင်းဆိုထားမှု အပါအဝင် အချက် ၇ ချက်ကို တအာင်း အမျိုးသမီး အဖွဲ့အစည်း၏ ဒုတိယအကြိမ်မြောက် ညီလာခံအပြီး ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၂၇ ရက်နေ့က ထုတ်ပြန် ကြေညာ ခဲ့သည်။
တအာင်းအမျိုးသမီး အဖွဲ့အစည်း၏ တွဲဖက် အထွေထွေအတွင်းရေးမှူး (၁) ဒီဒီမိုးခမ်းက “ကျမတို့ ဒေသမှာဆိုရင် အမျိုးသမီးတွေအပေါ် လိင်အကြမ်းဖက်မှု အပါအ၀င် လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ စစ်ပွဲတွေဖြစ်တဲ့ အချိန်တွေမှာ ပိုများလာတာ ရှိတယ်။ အရင်တုန်းကထက် ယှဉ်ရင် ပိုများလာတယ်။ အမှုမမြောက်ရင်တောင်မှ ကျမတို့ အမျိုးသမီးတွေအတွက် လုံခြုံမှုမရှိတဲ့ အပိုင်းတွေ အများကြီး ကြုံတွေ့ရတာတွေ များလာတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထို့အပြင် မူးယစ်ဆေးဝါးပြဿနာနှင့် ပတ်သက်၍လည်း မူးယစ်ဆေးဝါး စိုက်ပျိုး ထုတ်လုပ်မှုများ၊ ရောင်းဝယ် ဖောက်ကားမှုများတွင် ပါဝင်ပတ် သက်နေသော အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များအား ထိထိ ရောက်ရောက် အရေးယူပေးရန်ဟူသည့် အချက်ကိုလည်း ထည့်သွင်း တိုက်တွန်းထားသည်။

ကျောင်းသားများ လမ်းလျှောက် ဆန္ဒပြပွဲတွင် ဖောက်ခွဲရေးပြုလုပ်ရန် စီစဉ်ဆောင်ရွက်နေကြောင်း သတင်းများ ထွက်ပေါ်


KIA အဖွဲ့နှင့် မွတ်စလင်အဖွဲ့များက မြန်မာ့တပ်မတော်သုံးမိုင်းနှင့် အခြားဆက် စပ်ဖောက်ခွဲရေးပစ္စည်းများ ရှာဖွေ စုဆောင်း ကာ ကျောင်းသားများ ချီတက်ရာ လမ်းတစ်လျှောက် လူစုလူဝေးရှိသည့်နေရာများတွင် ဖောက်ခွဲရန်စီစဉ်လျက် ရှိကြောင်းနှင့် ပေါက်ကွဲမှုဖြစ်ပွားပါက လူထုအတွင်း ထိခိုက်ဒဏ်ရာရရှိပြီး တပ်မတော်မှ ပြုလုပ်သည်ဟု အချိန်ကိုက် ၀ါဒဖြန့်သတင်းလွှင့်ရန် ကြံစည်နေေ ကြာင်း သိရှိရသည်။

``ဟုတ်တယ်..ကျွန်တော်တို့လည်း သတင်းကြားတယ်၊ KIA နဲ့ မွတ်စလင် အဖွဲ့တွေ ကျောင်းသားတွေချီတက်လာတဲ့ လမ်း ဘေးတစ်လျှောက်က ပြည်သူေ တွကို ထိခိုက်အောင် ဖောက်ခွဲရေးလုပ်မယ်ဆိုပြီး ပြောတာကြားမိတယ်၊ သူတို့ ရည်ရွယ်ချက် ကတော့ တကယ်လို့ ဖြစ်လာပြီး ကျောင်းသားပြည်သူတွေ ထိခိုက် ဒဏ်ရာရလာရင် တပ်မတော်နဲ့ ကျောင်းသားပြည်သူကို ရန်တိုက်ဖို့ ရည်ရွယ် တာပေါ့ဗျာ´´ ဟု မြင်းခြံမြို့မှ ကျောင်းသားမိဘတစ်ဦးဖြစ်သူ ကိုအေးငြိမ်း မှ ပြောဆိုခဲ့သည်။

ငါး၊ ပုစွန်အအေးခန်းစက်ရုံမီးလောင် မီးသတ်သမားများ အပါအ၀င် ကိုးဦးဒဏ်ရာရ

Photo: ငါး၊ ပုစွန်အအေးခန်းစက်ရုံမီးလောင် မီးသတ်သမားများ အပါအ၀င် ကိုးဦးဒဏ်ရာရ
Thursday, January 29, 2015

 ရွှေပြည်သာမြို့နယ် စက်မှုဇုန်-၂ ရှိ ငါး၊ ပုစွန်အအေး ခန်းစက်ရုံ ရော်ဘာသန့်စင်ရေး ဂိုဒေါင်တွင် ရော်ဘာပေါင်းခံရာမှ အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွား ခဲ့ပြီး မီးသတ်သမားလေးဦးအပါ အ၀င် ကိုးဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

အမှတ် (၁၈) ရပ်ကွက် ဗန်း မော်အတွင်းဝန်လမ်းရှိ High Win ငါး၊ ပုစွန်အအေးခန်း ကုမ္ပဏီတွင် ဇန်န၀ါရီ ၂၈ ရက် ညနေ ၄ နာရီခွဲခန့်က ရော်ဘာသန့်စင်သော ပေါင်းခံစက် အပူလွန်ကဲကာ ရော်ဘာပစ္စည်းများ မီးစတင်လောင် ကျွမ်းခဲ့ပြီး မီးသတ်ကားအစီး ၃၀ကျော်ဖြင့်ငြှိမ်းသတ်ခဲ့ရာ လောင်ကျွမ်းချိန် တစ်နာရီကျော်ကြာမြင့်ခဲ့သည်။

ရော်ဘာပစ္စည်း ဆုံးရှုံးမှုတန် ဖိုး ကျပ်ခြောက်သိန်းကျော်နှင့် အခြားစက်ပစ္စည်းပျက်စီးမှုများလည်း ရှိမည်ဟု ခန့်မှန်းရသည်။

ထိခိုက်ဒဏ်ရာရသူအများစု မှာ ရော်ဘာများမီးလောင်၍ ထွက် လာသော အခိုးအငွေ့များကြောင့် အသက်ရှူကျပ်ပြီး မူးလဲခြင်းဖြစ် ကြောင်း၊ မီးသတ်သမားသုံးဦးနှင့် အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ကြောင်း ကြက်ခြေနီအဖွဲ့ဝင်တစ်ဦးကပြောကြားသည်။

မီးလောင်မှုမှာ အဆောက် အအုံအပြင် မထွက်ဘဲ အတွင်း တွင် အခိုးများပိတ်၍ လောင်ကျွမ်းနေခဲ့ပြီး အလုပ်သမားများ သတိထားမိမှ မီးသတ်ကို အကြောင်းကြားခြင်းဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းက ပြောသည်။

‘‘မီးလောင်လို့ ထွက်လာတဲ့ ရော်ဘာအနံ့ကို မခံနိုင်လို့ မီးသတ် တပ်ဖွဲ့ဝင်တွေက အောက်ဆီဂျင် မျက်နှာဖုံးတပ်ပြီး ၀င်ရတယ်’’ ဟု ၎င်းက ပြောသည်။

7Day DAILY 

မီးငြှိမ်းသတ်နေသော မီးသတ်တပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (ဓာတ်ပုံ - နစ်ကီ)

မီးငြှိမ်းသတ်နေသော မီးသတ်တပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (ဓာတ်ပုံ - နစ်ကီ)

 ရွှေပြည်သာမြို့နယ် စက်မှုဇုန်-၂ ရှိ ငါး၊ ပုစွန်အအေး ခန်းစက်ရုံ ရော်ဘာသန့်စင်ရေး ဂိုဒေါင်တွင် ရော်ဘာပေါင်းခံရာမှ အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွား ခဲ့ပြီး မီးသတ်သမားလေးဦးအပါ အ၀င် ကိုးဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာ−ထိုင်း−ကမ္ဘောဒီးယား ရထားလမ်းကွန်ရက် တည်ဆောက်ရန် ဂျပန်က ထိုင်းအား ကူညီမည်

ထိုင်းနှင့် ဂျပန်အ စိုးရတို့သည် ထိုင်းနိုင်ငံတွင်းရှိ မြန်မာ နယ်စပ် ကန်ချနဘူရီမှ ထားဝယ်နှင့်လည်း ဆက်သွယ်ပြီး ထိုင်းနိုင်ငံမှ အနောက်သို့ ဖြတ်သန်းကာ ကမ္ဘောဒီးယားနှင့်ဆက်သွယ်မည့် ရထားလမ်းကွန်ရက်တည်ဆောက်ရေး ပူးတွဲ လုပ်ဆောင်ရန် မူအားဖြင့် သဘောတူညီမှု ရခဲ့ပြီဖြစ် ကြောင်း သိရသည်။

ရွှေကျင်ဂိုဏ်းလုံးကျွတ်အစည်းအဝေး သမ္မတမိသားစုဝင်များ တက်ရောက်လှူဒါန်း



နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၏ သမီးများက ဓမ္မဒူတရွှေကျင်အစည်းအဝေးကြီးတွင် လှူဖွယ်ပစ္စည်း များ ဆက်ကပ်လှူဒါန်းစဉ် (ဓာတ်ပုံ - သီတဂူအောင်သန်းဝင်း)

မြန်မာနိုင်ငံတွင် ဒုတိယ အင်အားအကြီးဆုံး သံဃာ့ဂိုဏ်း အဖွဲ့အစည်းကြီးဖြစ်သည့် ရွှေ ကျင်နိကာယ ဂိုဏ်း၏ (၁၉)ကြိမ် မြောက် ဂိုဏ်းလုံးကျွတ် သံဃာ့ အစည်းအဝေး ဒုတိယနေ့တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ သမီးများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ကျောင်းဆရာမနှစ်ဦးအတွက် တပ်က အကူငွေပေးသော်လည်း လက်မခံ

ရှမ်းပြည်နယ်မူဆယ်ခရိုင် ကောင်းခါး ကျေးရွာတွင် အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရသည့် ကချင် ကျောင်း ဆရာမ နှစ်ဦး၏ နာ ရေးတွင် တပ်မတော်က ငွေကြေး အကူအညီလာရောက်ပေးအပ်ခဲ့ သော်လည်း လက်မခံရန် ဆုံးဖြတ်လိုက်ကြောင်း ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ၏ ပြော ရေးဆိုခွင့်ရှိသူ များက ဆိုသည်။

ပညာရေးဥပဒေပြင်ဆင်ရန် လေးပွင့်ဆိုင် ဆွေးနွေးပွဲ ဖေဖော်ဝါရီ ၁ ရက် တွင် ကျင်းပမည်



ပူးတွဲကြေညာချက်ကို အစိုးရတာဝန်ရှိသူများနှင့် ကျောင်းသားခေါင်းဆောင်များ လက်မှတ်ရေးထိုး နေ စဉ် (ဓာတ်ပုံ − MOI)

အစိုးရအဖွဲ့ တာ ၀န်ရှိသူများနှင့် သပိတ်မှောက်ကျောင်းသားကိုယ်စားလှယ်များ နေပြည်တော်တွင် ယမန်နေ့က တွေ့ဆုံဆွေးနွေးမှုမှာ အဆင်ပြေခဲ့ပြီး အချက်လေးချက်ပါသော ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။

လွတ်လပ်အတွေး ဆွေးနွေးဖလှယ်


အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်နိုင်ရေး ရက် ၆၀ အတွင်း ဆွေးနွေးဖို့ တောင်းဆိုချက်ကို အစိုးရက မတုံ့ ပြန်ခဲ့တာကြောင့် ကျောင်းသားတွေရဲ့ ဆန္ဒပြမှုတွေ ကြီးထွားလာခဲ့ပါတယ်။

အစ္စရေးလ်နဲ့ Hezbollah ဒုံးကျည် အပြန်အလှန်ပစ်ခတ်



အစ္စရေးလ် ၀န်ကြီးချုပ် Benjamin Netanyahu

အစ္စရေးလ်ကြည်းတပ်ရဲ့ မော်တော်ယာဉ်တန်းကို ဒုံးကျည်နဲ့ တိုက်ခိုက်မှုရဲ့နောက်ကွယ်မှာ ပါဝင်ခဲ့သူတွေအနေနဲ့ ဒဏ်ကြေး အပြည့်အ၀ ပေးဆပ်ရလိမ့်မယ်လို့ အစ္စရေးလ်ဝန်ကြီးချုပ် Benjamin Netanyahu က ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။

အဂတိလိုက်စားသူကို ရဲချုပ်အဖြစ် အမည်တင်သွင်းမှု အင်ဒိုနီးရှားဆန္ဒပြ


အင်ဒိုနီးရှားနိုင်ငံမှာ ရဲချုပ်ရာထူးအတွက် အမည်စာရင်း တင်သွင်းခံရသူဟာ အဂတိလိုက်စားမှုအတွက် သံသယရှိသူအဖြစ် သတ်မှတ်ခံရသူ ဖြစ်နေတာမို့  ဒါကိုကန့်ကွက်တဲ့အနေနဲ့ ကျောင်းသားတွေ၊ တောင်သူ လယ်သမားတွေနဲ့ အလုပ်သမားအဖွဲ့အစည်းက အဖွဲ့ဝင်တွေ ပါဝင်တဲ့ ရာနဲ့ချီတဲ့ တက်ကြွ လှုပ်ရှား သူတွေဟာ ဂျကာတာမြို့တော်က သမ္မအိမ်တော်ရှေ့မှာ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

၎ ပွင့်ဆိုင်တွေ့ရက်ထိ ကျောင်းသားတွေ ဆက်လက်ချီတက်မည်


အငြင်းပွားစရာတွေ ဖြစ်နေတဲ့ အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်ပြီး သပိတ်ဦးဆောင် ကျောင်းသား တွေနဲ့ အစိုးရအဖွဲ့ တာဝန်ရှိသူတွေအကြား ဆွေးနွေးပွဲအပြီး သဘောတူညီမှုတွေ ရခဲ့ပေမဲ့ လမ်းလျှောက် ချီတက်နေကြတဲ့ ကျောင်းသားတွေရဲ့ အခြေအနေကရော ဘယ်လိုရှိနေပါသလဲ။ အကြောင်းစုံကိုတော့ မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

အကြမ်းဖက်သမားနဲ့ ဓားစာခံလဲဖို့ ဂျော်ဒန်အသင့်


အစ္စလာမ်စစ်သွေးကြွအဖွဲ့ IS က ဖမ်းဆီးထားတဲ့ ဂျော်ဒန်လေယာဉ်မှူးကို အကြမ်းဖက်သမားအဖြစ် ဖမ်းဆီး ထားသူတဦးနဲ့ အလဲအလှယ်လုပ် ပြန်လွှတ်ပေးဖို့ အသင့်ရှိတဲ့ အကြောင်း ဂျော်ဒန်ပြန်ကြားရေး ၀န်ကြီးက ပြောပါတယ်။