Friday 11 October 2013

မွန်ပြည်နယ်နှင့် ရန်ကုန်မှ အထက်တန်းကျောင်းသား၂၀၀ကို #SCG မှ ပညာသင်ဆုပေးမည်

မွန်ပြည်နယ်နှင့်ရန်ကုန်မြို့တွင် အမြဲနေထိုင်သော အထက်တန်းကျောင်းသား များအား ပညာသင်ဆု၂၀၀ ကို SCG Sharing Dream ကုမ္ပဏီမှပေးအပ် မည်ဖြစ်ကာ အောက်တိုဘာလ ၁၂ရက်အထိ လျှောက် ထားနိုင် မည်ဟု အဆိုပါကုမ္ပဏီမှ ဒါရိုက်တာ Mr. Chana Poomee က ပြောသည်။

ပြန်ပေးဆွဲ ခံရသူ လစ်ဗျား ဝန်ကြီးချုပ် ပြန်လွတ်

Libya ဝန်ကြီးချုပ် Ali Zeidan
 လစ်ဗျား ဝန်ကြီးချုပ် Ali Zeidan ဟာ ထရီပိုလီမြို့တော်မှာရှိတဲ့ အစိုးရဌာနချုပ်ရှိရာ ကို ဘေးကင်း စွာနဲ့ပြန်ရောက်လာပါပြီ။ သူ့ကို အရင် သူပုန်စစ်သွေးကြွတွေက နာရီပေါင်းများစွာ သူ့ကို ထိန်းသိမ်း ထားပြီးနောက် ပြန်လွှတ်ပေး လိုက်တာပါ။ သေနက်သမားတွေဟာ Mr.Zeidan ကို ကြာသာပတေးနေ့ အစောပိုင်းတုန်းက သူနေထိုင်ရာထရီပိုလီမြို့ကနေ ဖမ်းဆီးသွားပြီး၊ ၆ နာရီကြာ ထိန်းသိမ်းခဲ့ပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် ကေအိုင်အို ကိုယ်စားလှယ် အဖွဲ့တို့ သဘော တူညီချက် အသစ်များ လက်မှတ် ရေးထိုး

Photo: ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် ကေအိုင်အို ကိုယ်စားလှယ် အဖွဲ့တို့ သဘော တူညီချက် အသစ်များ လက်မှတ် ရေးထိုး …

Friday, 11 October 2013 

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် ကေအိုင်အို ကိုယ်စားလှယ် အဖွဲ့တို့မှ ကိုယ်စားလှယ် များသည် ဆွေးနွေးပွဲသို့ လေ့လာသူ အဖြစ် တက်ရောက် လာကြသူများ၏ ရှေ့မှောက်၌ လက်မှတ်ရေး ထိုးခဲ့ သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် ကေအိုင်အို ကိုယ်စားလှယ် အဖွဲ့တို့၏ သဘော တူညီချက် အပြည့်အစုံမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် ကေအိုင်အို ကိုယ်စားလှယ် အဖွဲ့တို့၏ သဘော တူညီချက်

၂ဝ၁၃ ခုနှစ်၊ အောက်တိုဘာလ (၁ဝ) ရက်။                                                                

၁။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် ဦးဆွမ် လွတ်ဂမ် ဦးဆောင်သော ကေအိုင်အိုေ ဆွးနွေးရေး ကိုယ်စား လှယ် အဖွဲ့တို့သည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်း အတွင်းရှိ မဂျွယ်ခန်းမတွင် ၂ဝ၁၃ခုနှစ် အောက်တိုဘာ ၈ရက်မှ ၁ဝ ရက်နေ့အထိ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ဤဆွေးနွေးပွဲတွင် လေ့လာသူများ (Observers) အဖြစ် ကုလသမဂ္ဂ အထွေထွေ အတွင်းရေး မှူးချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် Mr.  Vijay  Nambiar ၊တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၏ အာရှရေးရာ အထူး ကိုယ်စားလှယ် Mr.  Wang Ying Fan၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၁ဝ)ဖွဲ့မှ ကိုယ်စားလှယ်များ၊ ကချင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် (၄)ဦး၊ ကချင်ပြည်နယ် အတွင်းရှိ တရားဝင် နိုင်ငံရေး ပါတီများ ဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ၊ စည်းလုံး ညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစု၊ တိုင်းလိုင် (ရှမ်းနီ)အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ပါတီနှင့် ရှမ်းတိုင်းရင်း သားများ ဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ်များ၊ ကချင် လူမျိုးများ၊ ရိုးရာ ယဉ်ကျေးမှုဗဟို ကော်မတီ နှင့် ကချင်ပြည်နယ် ရှမ်းမျိုးနွယ်စုများ စာပေနှင့် ယဉ်ကျေးမှု ကော်မတီမှ ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင် အဖွဲ့ (Peace- talk  Creation Group) အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသည့် မြို့မိမြို့ဖ (၁ဝ)ဦးတို့ တက်ရောက် ခဲ့ကြပါသည်။

၂။ တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေး တည်ဆောက်ရေးကို အာမခံ နိုင်သည့် နိုင်ငံရေးအရ သဘောတူညီမှုများ ထွက်ပေါ် လာနိုင်ရေးကို ဦးတည်၍ နှစ်ဖက် ကိုယ်စားလှယ် များမှ အသိသက်သေများ ရှေ့မှောက်တွင် အောက်ပါ အချက်များ အား နှစ်ဦးနှစ်ဖက် သဘောတူ အတည်ပြုကြပါသည်-

 (က) နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲများ (Political Dialogue) ကျင်းပ နိုင်ရန်အတွက် ပြင်ဆင်မှု ဖြစ်သော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးတွင် ပါဝင်ရန် ကေအိုင်အိုအား ဖိတ်ခေါ်သည် ဖြစ်သောကြောင့် ကြိုတင်ဆွေးနွေး ညှိနှိုင်းသည့် လုပ်ငန်းစဉ် အနေဖြင့် အောက်ဖော်ပြပါ အတိုင်း ဆက်လက်ကြိုးပမ်း ဆောင်ရွက်ရန် သဘော တူသည်-

 (၁) ပြည်ထောင်စု အစိုးရမှ စီမံချက်များကို ပေးပို့ခြင်း၊ ဆွေးနွေး  ခြင်းများ ပြုလုပ် ဆောင်ရွက်မည်။

 (၂) ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့မှ တောင်းဆိုသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်များ ညီလာခံ (Ethnic Armed Groups Conference) ကျင်းပမည်။

 (ခ) ၂ဝ၁၃ ခုနှစ်၊ မေလ(၂၈- ၃ဝ)ရက်နေ့အတွင်း ဆွေးနွေးပွဲ ရလဒ်များကြောင့် ပစ်ခတ် တိုက်ခိုက်မှုများ လျှော့ချနိုင်ခြင်း၊ နှစ်ဖက်ထိတွေ့ ဆက်ဆံမှုများ တိုးတက် ဆောင်ရွက်နိုင်ခြင်း တို့အပေါ် နှစ်ဖက် ကိုယ်စားလှယ်အဖွဲ့မှ အသိအမှတ် ပြုပြီး ပစ်ခတ် တိုက်ခိုက်မှုများ ထပ်မံ မဖြစ်ပွား စေရေးကို ဆက်လက်ညှိနှိုင်း ဆောင်ရွက် ရန် သဘောတူသည်။

 (ဂ) နယ်မြေ လုံခြုံရေး အခြေအနေ အရ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်ကြသော ပြည်သူများ မူလနေထိုင်ရာ အရပ်သို့ ပြန်နိုင်ရေးနှင့် ပြန်လည် ထူထောင်ရေး အတွက် အခြေခံရမည့် မူများနှင့် စီမံချက် တစ်ရပ် ရေးဆွဲနိုင် ရန် နှစ်ဖက် အဖွဲ့များ၏ အလုပ်အဖွဲ့ (Technical Team) များနှင့်   သက်ဆိုင်ရာ ဌာနများ ဆက်လက် ညှိနှိုင်း ဆောင်ရွက်ရန်နှင့် အနည်းဆုံး ရွာ(၄)ရွာကို ရွေးချယ်ပြီး ရှေးဦးစီမံချက် (Pilot  Project) အဖြစ် ညှိနှိုင်း အကောင် အထည် ဖော်သွားရန် သဘောတူသည်။

 (ဃ)  စစ်ရှိန် လျှော့ချရေးနှင့် တိုက်ပွဲများ ထပ်မံမဖြစ်ပွား စေရေးအတွက် ပူးတွဲစောင့်ကြည့် ကြီးကြပ်ရေး ကော်မတီ  (Joint  Monit
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် ကေအိုင်အို ကိုယ်စားလှယ် အဖွဲ့တို့မှ ကိုယ်စားလှယ် များသည် ဆွေးနွေးပွဲသို့ လေ့လာသူ အဖြစ် တက်ရောက် လာကြသူများ၏ ရှေ့မှောက်၌ လက်မှတ်ရေး ထိုးခဲ့ သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် ကေအိုင်အို ကိုယ်စားလှယ် အဖွဲ့တို့၏ သဘော တူညီချက် အပြည့်အစုံမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-

အမေရိကန် ဘဏ္ဍာရေး အကြပ်အတည်း ညှိုနှိုင်းမှု အလားအလာကောင်း

Photo: အမေရိကန် ဘဏ္ဍာရေး အကြပ်အတည်း ညှိုနှိုင်းမှု အလားအလာကောင်း
Friday, October 11, 2013

အမေရိကန်ပြည်ထောင်စုရဲ့ အကြွေးတွေမပျက်မကွက် ပေးဆပ်နိုင်ရေး
အတွက် ရန်ပုံငွေ ကန့်သတ်ထားတာထက် တိုးပြီးသတ်မှတ်ရေး အလားအလာရှိတဲ့ လှုပ်ရှားမှုတွေ ကြာသပတေးနေ့က တွေ့ခဲ့ရပါ
တယ်။ အောက်လွှတ်တော် Republican အမတ်တွေက ရန်ပုံငွေ ကန့်သတ်ချက်ကို သီတင်း ၆ ပတ် စာ တိုးပေးဖို့ ကမ်းလှမ်းလိုက်ပါတယ်။ ဒီကမ်းလှမ်းချက် အသေးစိတ်မှာ ဘယ်အချက်တွေ ပါဝင်သလဲ ဆိုတာကိုတော့ ချက်ချင်းမသိရသေးပါဘူး။

သမ္မတအိုဘားမားကတော့ ဒီကမ်းလှမ်းချက်ကြောင့် အားတက်တယ်လို့ ဆိုတဲ့အကြောင်း အိမ်ဖြူတော် ပြောခွင့်ရသူ Jay Carney ကပြောပါတယ်။
အောက် လွှတ်တော်မှာ ခေါင်းအေးအေး ထားတဲ့သူတွေက အနိုင်ရသွားပုံရတယ်လို့လည်း ဆိုပါတယ်။ ရန်ပုံငွေကန့်သတ်ချက်ကို ရေတို တိုးပေမယ့် Republican တွေရဲ့ ကမ်းလှမ်းချက်တွေကို သမ္မတ အနေနဲ့ သဘောတူဖို့အလားအလာများပေမဲ့ ဘာခြွင်းချက်မှ ပူးတွဲ မထားမှသာ လက်ခံမှာဖြစ်တယ်လို့ Jay Carney ကပြောပါတယ်။

သမ္မတ အိုဘားမားနဲ့ ရီပတ်ပလင်ပါတီခေါင်းဆောင်တွေဟာ အိမ်ဖြူတော်မှာ ကြာသပတေးနေ့ ညနေခင်းက တွေ့ဆုံခဲ့ပေမဲ့ အစည်းအဝေးပွဲအပြီးမှာ ရီပတ်ပလင်ဘက်ကရော ဒီမိုကရက်တွေဘက်ကပါ
တစုံတရာ မှတ်ချက်ပေးခြင်းမရှိပါဘူး။

အိမ်ဖြူတော်ကတော့ ဒီဆွေးနွေးပွဲကနေ ဆုံးဖြတ်ချက် မချနိုင်သေးပေမဲ့လို့ သမ္မတအနေနဲ့ ပါတီနှစ်ရပ်စလုံးက ခေါင်းဆောင်တွေနဲ့ တိုးတက်မှုရှိအောင် ဆက်ပြီးဆွေးနွေးသွားမယ်လို့ပြောပါတယ်။ ဒါပေမဲ့ အောက်လွှတ်တော် ဥက္ကဋ္ဌ John Boehner ရဲ့ရုံးက သမ္မတနဲ့ဆွေးနွေးပွဲဟာ အပြုသဘောဆောင်တဲ့ အကြောင်း ဒီဝါရှင်တန်ည ဒီအချိန်မှာ ဆက်ပြီးတော့ ဆွေးနွေးသွားမယ်လို့ပြောပါတယ်။

ဒီမိုကရက်တစ်ပါတီ လူများစုခေါင်းဆောင် Harry Ried ကတော့ Republican တွေရဲ့ ကမ်းလှမ်း ချက်ထဲမှာ လေနဲ့အတူ ဘာတွေပါ လာမလဲ ဆိုတာ စောင့်ကြည့်နေတယ်လို့ပြောပါတယ်။ အစိုးရ လုပ်ငန်းတွေ ပြန်လည်
ပတ်နိုင်မှသာ Republican တွေ နဲ့ စေ့စပ်ဆွေးနွေးနိုင်မယ်လို့လည်း Harry Ried ကပြောပါတယ်။ အစိုးရလုပ်ငန်း အများစု ရပ်ဆိုင်းထားရတာ ဒီနေ့ ၁၂ ရက်မြောက်ခဲ့ပြီး တနိုင်ငံလုံး ဂယက်ရိုက်နေပါတယ်။

ရန်ပုံငွေ ကန့်သတ်ချက်တိုးပေမယ့် အလားအလာကြောင့် ကြာသပတေးနေ့ အမေရိကန် အစုရှယ်ယာဈေး ၂% ကျော် ထိုးတက်ခဲ့ပါတယ်။

VOA
အမေရိကန်ပြည်ထောင်စုရဲ့ အကြွေးတွေမပျက်မကွက် ပေးဆပ်နိုင်ရေးအတွက် ရန်ပုံငွေ ကန့်သတ်ထား တာထက် တိုးပြီးသတ်မှတ်ရေး အလားအလာရှိတဲ့ လှုပ်ရှားမှုတွေ ကြာသပတေးနေ့က တွေ့ခဲ့ရပါ တယ်။ အောက်လွှတ်တော် Republican အမတ်တွေက ရန်ပုံငွေ ကန့်သတ်ချက်ကို သီတင်း ၆ ပတ် စာ တိုးပေးဖို့ ကမ်းလှမ်းလိုက်ပါတယ်။ ဒီကမ်းလှမ်းချက် အသေးစိတ်မှာ ဘယ်အချက်တွေ ပါဝင်သလဲ ဆိုတာကိုတော့ ချက်ချင်းမသိရသေးပါဘူး။

ထိုင်းမှာ မြန်မာသံဃာတွေ ကျောင်းထိုင်နိုင်တော့မယ်


ထိုင်းနိုင်ငံမှာ နှစ်ပေါင်းရာချီပြီး တည်ရှိနေတဲ့ မြန်မာ ဘုန်းတော်ကြီးကျောင်း တွေမှာ အစဉ်အလာအရ မြန် မာ ဘုန်းတော်ကြီးတွေပဲ ကျောင်းထိုင် ဖြစ်ခဲ့ရာက ပြီးခဲ့တဲ့ နှစ်ပိုင်းမှာ ထိုင်းအစိုးရက ထိုင်းတနိုင်ငံလုံးက ဘုန်းတော်ကြီးကျောင်းတွေမှာ ထိုင်းနိုင်ငံက သံဃာတွေပဲ ကျောင်းထိုင် ဖြစ်ရမယ် ဆိုတာကြောင့် ထိုင်းနိုင် ငံရောက် မြန်မာကျောင်းထိုင် ဘုန်းတော်ကြီးတွေ အခက်အခဲနဲ့ ရင်ဆိုင် ခဲ့ရပါတယ်။

သမ္မတဟောင်း မူရှာရက်ဖ် ကို ရဲက ဖမ်းလိုက်

သမ္မတဟောင်း မူရှာရက်ဖ်
ပါကစ္စတန်မှာ သမ္မတဟောင်း မူရှာရက်ဖ်ကို ၂၀၀၇ ခုနှစ်က အစ္စလာမ်မာဘတ်မှာ ဗလီတလုံးကို ဝင်စီးနင်းခဲ့တဲ့ အမှုနဲ့ ဆက်စပ်ပြီး ဖမ်းလိုက်ပြီလို့ ရဲတွေက ပြောပါတယ်။

ကွာလာလမ်ပူမြို့ရှိ မြန်မာ ရတနာကုန်သည် တစ်ဦး၏နေအိမ် ဓားပြတိုက်ခံရ

Photo: ကွာလာလမ်ပူမြို့ရှိ မြန်မာရတနာကုန်သည် တစ်ဦး၏နေအိမ် ဓားပြတိုက်ခံရ
Friday, October 11, 2013

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာရတနာ ကုန်သည်တစ်ဦး၏ နေအိမ်သို့ ဓားပြတိုက်ခိုက် သူများအား ရဲများက ဖမ်းမိလိုက်ကြောင်း သိရသည်။

တာမန်ဆရီတီလောမတ် ရပ်ကွက်ရှိ မြန်မာရတနာ ကုန်သည်က ရဲတပ်ဖွဲ့သို့ တိုင်ကြားခဲ့ပြီး ၂၄ နာရီ အကြာတွင် Geng Ismail အမည်ရှိ အဆိုပါ ဓားပြအဖွဲ့ကို ဖမ်းမိလိုက်ခြင်း ဖြစ်ကြောင်း မလေးရှား စီအိုင်ဒီ လက်ထောက်တပ်ဖွဲ့မှူးချုပ် ရာဂျာရှာရွန်ရာဂျာ အဗ္ဗဒူလာက ပြောကြားခဲ့သည်။

အောက်တိုဘာ ၄ ရက် နံနက် ၁ နာရီ ၃၀ မိနစ်က အဆိုပါ အဖွဲ့မှ ဓားပြလေးဦးသည် မြန်မာရတနာ ကုန်သည်၏ နေအိမ်သို့ ၀င်ရောက်ကာ အိမ်တွင်ရှိသူ လေးဦးအား ကြိုးဖြင့်တုပ်ပြီး ရင်းဂစ်တစ်သိန်းခန့် တန်ဖိုးရှိ ကျောက်မျက်ရတနာများနှင့် ငွေများကို ယူဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့၏ ထောက်လှမ်းရေး သတင်းအရ မိမိတို့ တပ်ဖွဲ့ဝင်များသည် ဆီလန်ဂေါမြို့၊ ကလန်းဒေသရှိ ဂျလန်းဆန်ဂိုင်းပူတပ် ရပ်ကွက်တွင် အမြဲတမ်း နေထိုင်ခွင့်လက်မှတ် ရရှိထားသူ နိုင်ငံခြားသား တစ်ဦးအား စတင်ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း ရာဂျာရှာရွန်က ပြောကြားခဲ့သည်။

''ပထမဆုံး ဖမ်းမိခဲ့တဲ့သူက ဓားပြမှုကို ကျူးလွန်ကြောင်း ၀န်ခံခဲ့ပြီး ကျွန်တော်တို့ အနေနဲ့ ဆက်လက် ဖမ်းဆီးမှုတွေ လုပ်နိုင်ခဲ့တာပါ'' ဟု ရာဂျာရှာရွန်က အောက်တိုဘာ ၇ ရက်က ပြောကြားခဲ့သည်။

ဓားပြမှုအား ကြိုးကိုင် လှုပ်ရှားခဲ့သည့် အသက် ၂၂ နှစ်အရွယ် အစ္စမေး ဆိုသူအား နောက်ပိုင်းတွင် ရှာဖွေဖော်ထုတ် နိုင်ခဲ့သည်။

အစ္စမေးနှင့် အသက် ၁၅ နှစ်မှ ၁၈ နှစ် အကြား ညီဝမ်းကွဲတော် သုံးဦးကို ချာရက်မြို့ရှိ တာမင်ရှာမီလင်ပါကာဆာ ရပ်ကွက်တွင် ထပ်မံဖမ်းဆီး နိုင်ခဲ့ကြောင်း ရာဂျာရှာရွန်က ပြောကြားခဲ့သည်။

''ဖမ်းမိထားသူတွေထဲက တစ်ယောက်ဟာ မလေးရှားနိုင်ငံမှာ ခိုလှုံခွင့်တောင်းထားတဲ့ ရိုဟင်ဂျာတစ်ဦး ဖြစ်ပါတယ်'' ဟု ရာဂျာရှာရွန်က ပြောကြားသည်။ ၎င်းတို့အား ငှားရမ်းထားသည့် အိမ်တစ်လုံး၌ ဖမ်းမိရာတွင် မိုဘိုင်းဖုန်း အလုံး ၂၀၊ ရွှေလက်စွပ် ၅၇ ကွင်း၊ ဆွဲကြိုး ၂၇ ကုံး၊ ရွှေလက်ကောက် ကိုးကွင်း၊ ဓားတစ်ချောင်းနှင့် ရွှေထည့်သည့် သေတ္တာတစ်လုံး တို့ကိုလည်း သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဓားပြအုပ်စုသည် ချာရက်နှင့် ကွာလာလမ်ပူမြို့ ၀န်းကျင်တွင် လုယက်မှု၊ ဓားပြတိုက်မှုများကို ကျူးလွန်နေသူများ ဖြစ်နိုင်ကြောင်း ရာဂျာရှာရွန်က ပြောကြားသည်။ ဖမ်းမိထားသူ လေးဦးကို ဆက်လက် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Eleven Media Group

ဓားပြတိုက်ခဲ့သည့် ပစ္စည်းများအား မလေးရှား ရဲများက ပြသနေစဉ် (Photo-The Star Online)

http://www.myanmaronlinenews.net/2013/10/blog-post_5961.html
ဓားပြတိုက်ခဲ့သည့် ပစ္စည်းများအား မလေးရှား ရဲများက ပြသနေစဉ် (Photo-The Star Online)
 မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာရတနာ ကုန်သည်တစ်ဦး၏ နေအိမ်သို့ ဓားပြတိုက်ခိုက် သူများ အား ရဲများက ဖမ်းမိလိုက်ကြောင်း သိရသည်။

သည်နှစ်ဝါကျွတ်မှာ နန်းဆန်တဲ့မင်္ဂလာပွဲတွေ ပိုတွေ့ရဖို့ရှိ


ရန်ကုန်၊ အောက်တိုဘာ ၄-သည်နှစ်ဝါကျွတ် မှာ မင်္ဂလာဆောင်မယ့်သူတွေအနေနဲ့ စု လျားရစ်ပတ်ပွဲကို နန်းဆန်ဆန်လုပ်လာဖို့ ရှိပြီး အခမ်းအနားပြင်ဆင်မှုတွေကလည်း အရင်ကထက် ပိုပြီးဆန်းသစ်လာမယ်လို့ မင်္ဂလာပွဲစီစဉ်သူအချို့ထံက သိရတယ်။

ဘုရားပေါ် မရှောင်တဲ့ မုဒိန်းကောင်

ပဲခူးမြို့၊ ရွှေမော်ဓေါဘုရားပေါ် တောင်ဘက်မုဒ်ရှိ ဗေဒင်ဟောခန်းအနီးတွင်(၁၀.၁၀.၂၀၁၃)နေ့ နံနက် (၄း၀၀) အချိန်ခန့်က မုဒိန်းမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရပါသည်။