Tuesday 17 February 2015

ရန်ကုန်တွင် ပညာရေးသပိတ် ထောက်ခံလှုပ်ရှားမှု ဦးဆောင်သူများကို အရေးယူရန် စီစဉ်

ဖေဖော်ဝါရီ ၁၅ ရက် တွင် ရန်ကုန်မြို့သို့ ချီတက်လာသည့် အမျိုးသားပညာရေး ဥပဒေ အပေါ်သပိတ်မှောက်သည့် ကျောင်း သားများအား ထောက်ခံ ဆန္ဒထုတ် ဖော်သည့် လူထုလှုပ်ရှားမှုတွင် ပါဝင် ဦးဆောင်သူများကို စီတန်းလှည့်လည်ခွင့်ဥပဒေဖြင့် အရေးယူရန် စာတင်ထားကြောင်း သတင်းရရှိသည်။
လမ်းလျှောက်ပွဲတွင် ပါဝင် သူများကို သက်ဆိုင်ရာမြို့နယ်မှ တာဝန်ရှိသူများ လာရောက်တား ဆီးခြင်းမပြုသော်လည်း စခန်းမှူး များက လာရောက်မေးမြန်းမှုများ ရှိသည်ဟု လမ်းလျှောက်ပွဲတွင် ပါဝင်သူအချို့က ဆိုသည်။

‘‘လက်ရှိတော့ သူတို့ကို စီတန်းလှည့်လည်မှုဆိုင်ရာဥပဒေ နဲ့ အရေးယူဖို့အတွက် မြို့နယ် အလိုက် စာတင်ထားပါတယ်။ အခုချိန်ထိ တရားစွဲဆိုဖို့တော့ ဘာမှ မပြောသေးပါဘူး။ တရားစွဲမယ်ဆိုရင်တော့ ဦးဆောင်သူတွေကိုပဲ တရားစွဲဆိုသွားမှာပါ’’ ဟု အဆိုပါမြို့နယ်များမှ စခန်းမှူး အချို့က ပြောသည်။
ကျောင်းသားသပိတ်ထောက်ခံသူများသည် မရမ်းကုန်း၊ လှိုင်၊ ကမာရွတ်နှင့် စမ်းချောင်းမြို့နယ်တို့တွင် လူအင်အား ၆၀ ကျော်မှ ၁,၀၀၀ ခန့်အထိ စုပေါင်းကာ ထောက်ခံပွဲကျင်းပခဲ့ကြောင်း သိရသည်။

အမြန်လမ်းဘေးရပ်ထားသည့် ခရီးသည်တင်ယာဉ်ကို လေးခွဖြင့်ပစ်သူ ဖမ်းမိ

ရန်ကုန်-မန္တလေးအမြန် လမ်းမ မိုင်တိုင်အမှတ် (၁၅၈) တွင် လမ်းဘေးချရပ်ထားသည့် မှန်လုံယာဉ်ကို လေးခွဖြင့်ပစ်သူ အား ဖမ်းဆီးမိခဲ့ကြောင်း သတင်း ရရှိသည်။
ဖေဖော်ဝါရီ ၁၁ ရက်က ဝေ ဖြိုးအောင်ခရီးသည်တင်မှန်လုံ ယာဉ်သည် လမ်းဘေးချရပ်နား စဉ် ကားဘေးတွင်ရပ်နေသည့် လူငယ်သုံးဦးအနက် တစ်ဦးကလေးခွဖြင့်ပစ်ခတ်ပြီး ချုံတောထဲသို့ ဝင်ပြေးသွားခဲ့သည့်အတွက် ယာဉ်မောင်းက ရေတာရှည်မြို့နယ် စမိုး ကင်းရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။
‘‘ဇီးပင်သာစခန်းက အဖွဲ့ တွေနဲ့ စမိုးကင်းစခန်းက အဖွဲ့ တွေပေါင်းပြီးဖမ်းတာပါ။ တရား ခံကို စုံစမ်းကြည့်တော့ ရေတာ ရှည်မြို့နယ် ကရင်ချောင်းကျေး ရွာက အောင်ထွန်းဝင်းဆိုတာသိ တော့ ဖမ်းမိခဲ့တယ်’’ဟု အမှုလိုက် ရဲအရာရှိက ပြောသည်။
ယခုလအတွင်း ရန်ကုန်- မန္တလေးအမြန်လမ်းမပေါ်တွင် ဆိုင်ကယ်ဖြင့် ကားရှေ့မှဖြတ် မောင်းပြီး ကားတိုက်ခံကာ ငွေ ရှာသူများနှင့် တိရစ္ဆာန်များကို လမ်းမများပေါ်တွင် ထွက်ကျောင်းသည့်အတွက် အမြန်လမ်းသုံးသူ များ သတိထားသွားလာနေရ သည်ဟု ဆိုသည်။

ယာယီ သက်သေခံလက်မှတ်ဖြင့် မဲပေးရေး လွှတ်တော်ဆုံးဖြတ်ချက် ဖွဲ့စည်း ပုံနှင့် မညီဟု ခုံရုံးဆုံးဖြတ်


နေပြည်တော် (မဇ္ဈိမ)။ ။ ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင်သူများ (White card) ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးပြည်လုံး ကျွတ် ဆန္ဒခံယူပွဲတွင် မဲပေးခွင့်ရှိသည်ဟု ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် မညီညွတ်ဟု ခုံရုံးက အကြောင်းပြန်လိုက်သည်။
ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူများကို ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲတွင် မဲပေးခွင့်ရှိသည်ဟု ပြည်ထောင်စု လွှတ်တော်၏ ဆုံးဖြတ်ချက်ကို အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က ဦးဆောင်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီ၊ မညီတင်ပြခဲ့ရာ အထက်ပါအတိုင်း ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ယူကရိန်း ငြိမ်းချမ်းရေး ပျက်သုဉ်းလုနီး အခြေဆိုက်


ယူကရိန်းနိုင်ငံအရှေ့ခြမ်း Debaltseve မှာ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေနဲ့ ယူကရိန်း တပ်တွေအကြား အပြန်အလှန် ပစ်ခတ်မှုတွေ တနင်္လာနေ့က ဖြစ်ခဲ့တာကြောင့် တရက်ပဲကြာသေးတဲ့ အပစ်အခတ်ရပ်စဲရေးသဘာတူညီချက်ဟာ ပျက်လုပျက်ဆဲ မရေမရာဖြစ်ေ န ပါတယ်။ အခု တိုက်ပွဲဖြစ်တဲ့နေရာဟာ မီးရထားလမ်းတွေ ဆုံရာနေရာဖြစ်ပြီး ယူကရိန်းတပ်ဖွဲ့တွေကို သူပုန်တွေက ဝိုင်းထားတာပါ။
ယူကရိန်းအစိုးရတပ်အနေနဲ့ လက်နက်ချမယ်ဆိုရင် အဲဒီ ဒေသကနေ ဘေးကင်းရန်ကင်း ထွက်ခွာခွင့်ပေးမယ်လို့ သူပုန်တွေဘက်က ကမ်းလှမ်း ထားပါတယ်။ ဒါပေမယ့်လို့ အပစ်အခတ် ရပ်စဲရေးသဘာတူညီချက်အရ အဲဒီမြို့မှာ သူတို့ပိုင်နက်အတွင်းမှာ ရှိတယ်ဆိုပြီး ယူကရိန်းဘက်က သူပုန်တွေ ကမ်းလှမ်းတာကို ပယ်ချခဲ့ပါတယ်။

လောက်ကိုင်တိုက်ပွဲနှင့်ပတ်သက်၍ တိုင်းပြည်တည်ငြိမ်မှုနှင့် အချုပ်အခြာအာဏာကို ပျက်ပြားစေသူများအား လွှတ်တော်ရှုံ့ချ



Written by ဝင်းကိုကိုလတ်၊ ဖနိဒါ
နေပြည်တော် (မဇ္ဈိမ)။ ။ လောက်ကိုင်ဒေသတွင် အစိုးရတပ်မတော်နှင့် ကိုးကန့်လက်နက်ကိုင် အဖွဲ့ဖြစ်သည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) တို့ ဖေဖော်ဝါရီ ၉ ရက်မှ စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲကိစ္စနှင့် ပတ်သက်ပြီး တိုင်းပြည်၏ အချုပ်အခြာအာဏာ နှင့် တည်ငြိမ်မှုကို ပျက်ပြားစေရန် လုပ်သူများအား ရှုံ့ချကြောင်း အရေးကြီးအဆိုကို ဖေဖော်ဝါရီ ၁၆ ရက်က ပြည်ထောင်စု လွှတ်တော်တွင် အရေးကြီးအဆို တင်သွင်းကာ အတည်ပြုခဲ့သည်။

အဆိုရှင် ဦးစတီဖန်က "လောက်ကိုင်နယ်မြေဖြစ်စဉ် ပေါ်ပေါက်လာခြင်းမှာ ငြိမ်းချမ်းရေးအတွက် အဟန့်အတား အနှောင့်အယှက် တစ်ခုဖြစ်ပါတယ်။ ဒီအဟန့်အတား အနှောက်အယှက်ကို ဖန်တီးတဲ့ အားပေးကူညီတဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်းများကို ရှုံ့ချကန့်ကွက် သွားရမှာဖြစ်ပြီး၊ ထို အဟန့်အတားများကို ရှင်းလင်းဖယ်ရှား ကာကွယ်တားဆီးနေကြသူများကိုလည်း မှတ်တမ်းတင် ဂုဏ်ပြုရမှာ ဖြစ်ပါတယ်’’ ဟု လွှတ်တော်တွင် ပြောကြားခဲ့သည်။

ခန္ဓာကိုယ် ဝိတ်ကျသွားရင် ဇာတ်ကားတွေ ပြန်ရိုက်မဲ့ ပန်းဖြူ


ရန်ကုန် (မဇ္ဈိမ)။ ။ အိမ်ထောင်ကျပြီး နောက်ပိုင်း ခန္ဓာကိုယ် ဝိတ်တက်လာသည့် သရုပ်ဆောင်ပန်းဖြူက ၎င်း၏ ခန္ဓာကိုယ် ဝိတ်ကျသွားပါက ဇာတ်ကားများပြန်လည် ရိုက်ကူးဖြစ်မည်ဟု ပြောသည်။
"အခုတော့ အနုပညာ အလုပ်တွေ မလုပ်ဖြစ်သေးဘူး။ အပြင်စီးပွားရေးပဲ လုပ်ဖြစ်နေပါတယ်။ အနုပညာ အလုပ်တွေလုပ်ချင်ပေမဲ့ လည်း လူကဝနတာဆိုတော့ မလုပ်ဖြစ်တာလေ။ အမျိုးသားကလည်း ဝိတ်လျော့ ခိုင်းတယ်။ ဒါပေမဲ့ ကိုယ်တိုင်က လျော့နေပေမဲ့ မကျသေးတော့ ဇာတ်ကားတွေ မရိုက်ဖြစ်သေးတာပါ။ ကိုယ့်အနုပညာ မောင်နှမတွေ အလုပ်တွေ လုပ်နေကြတာကိုမြင်ရတာ အားကျမိပါတယ်"ဟု ၎င်းက ဆိုသည်။