Wednesday 4 September 2013

စာနယ်ဇင်း ဥပဒေများသည် များပြားနေပြီး ကျစ်လျစ်မှုမရှိသဖြင့် ပေါင်းစည်း၍ရသော မီဒီယာဥပဒေများကို ပေါင်းစည်းရန် လွှတ်တော်တင်မည်

စာနယ်ဇင်း ဥပဒေများသည် များပြားနေပြီး ကျစ်လျစ်မှု မရှိသဖြင့် ပေါင်းစည်း၍ရသော မီဒီယာ ဥပဒေများကို ပေါင်းစည်းရန် လွှတ်တော်သို့ တင်သွင်းမည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က စက်တင်ဘာ ၃ ရက်တွင် ပြောကြားသည်။

ဆီးရီးယားအရေး အမေရိကန် အထက်လွှတ်တော်မှာ ကြားနာ

Photo: ဆီးရီးယားအရေး အမေရိကန် အထက်လွှတ်တော်မှာ ကြားနာ
Wednesday, September 4, 2013

ဆီးရီးယားနိုင်ငံကို စစ်ရေးအရ အရေးယူတဲ့ကိစ္စဟာ အမေရိကန်နိုင်ငံရဲ့ အကျိုးစီးပွားအတွက် အသေအချာပဲလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ (John Kerry) က ပြောပါတယ်။
 
ဆီးရီးယားသမ္မတ အာဆတ်အစိုးရဟာ အရပ်သားတွေကို ဓာတုလက်နက် အသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်ဆိုတာ လုံးဝ သံသယမရှိအောင်ကို ကျိန်းသေတယ်လို့ မစ္စတာ ကယ်ရီ က အထက်လွှတ်တော် နိုင်ငံခြားရေး ရာကော်မတီ ကြားနာပွဲမှာ ထွက်ဆိုသွားတာပါ။
 
ဆီးရီးယားစစ်တပ်ဟာ ဒီတိုက်ခိုက်မှုကို လုပ်ဆောင်ဖို့ သေချာ ကြိုတင် ပြင်ဆင်ခဲ့တယ်ဆိုတာ ခိုင်လုံတဲ့ အထောက်အထားရှိတယ်။ ဒီတိုက်ခိုက်မှုကို သူပုန်တွေ လုပ်ဆောင်တာ မဟုတ်ဘူးဆိုတာ သိပ်စဉ်းစားကြည့်ဖို့ မလိုဘူးလို့ မစ္စတာ ကယ်ရီ က ပြောပါတယ်။
 
အမေရိကန် လွှတ်တော်အမတ် တချို့က ဆီးရီးယားနိုင်ငံအရေးကိစ္စမှာ အမေရိကန် ဝင်မပါသင့်ဘူးလို့ ယူဆနေကြပေမဲ့ အစွန်းရောက်သ မားတွေဟာ ဓာတုလက်နက်ကို အရမ်းကို သုံးချင်နေကြတယ်။ မစ္စတာ အာဆတ်လည်း ထပ်ပြီး သုံးဦးမှာပဲလို့ မစ္စတာ ကယ်ရီ က ဆိုပါတယ်။
 
အဆိပ်ဓာတ်ငွေ့ အသုံးမပြုရဘူးဆိုပြီး သမ္မတ အိုဘားမား က မကျော်ဖြတ်ရအောင် မျဉ်းနီ တားထားတာဟာ ကမ္ဘာအတွက်လည်း အတူတူပဲ ဖြစ်ပါတယ်။ အီရန်၊ ဟက်ဇဘိုလာနဲ့ မြောက်ကိုရီးယားတို့ဟာ  အမေရိကန်ပြည်ထောင်စုနဲ့ မဟာမိတ်တွေ တုတ်တုတ်မှ မလှုပ်တာ ကို စောင့်နားထောင်နေကြတယ်လို့လည်း သတိပေးသွားပါတယ်။

သမ္မတ ဘရက်ခ် အိုဘားမားက ဆီးရီးယားအစိုးရအပေါ် တိုက်ခိုက်မှု တစုံတရာ မလုပ်ခင်မှာ လွှတ်တော်ရဲ့ ခွင့်ပြုချက်ကို တောင်းခံ မယ် လို့ ပြောကြားထားပါ တယ်။


VOA
ဆီးရီးယားနိုင်ငံကို စစ်ရေးအရ အရေးယူတဲ့ကိစ္စဟာ အမေရိကန်နိုင်ငံရဲ့ အကျိုးစီးပွားအတွက် အသေ အချာ ပဲလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ (John Kerry) က ပြောပါတယ်

မြန်မာနိုင်ငံ၌ အတင်းအဓမ္မ စေခိုင်းမှု ပပျောက်ရေးကို ၂၀၁၅ ခုနှစ် မတိုင်မီ ILO မှ လုပ်ဆောင်မည်

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (International Labour Organization) အနေဖြင့် မြန်မာနိုင်ငံ၌ အတင်းအဓမ္မ စေခိုင်းမှု ပပျောက်ရေးကို ၂၀၁၅ ခုနှစ် မတိုင်မီ အပြီးသတ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ILO (မြန်မာ) ဆက်ဆံရေး အရာရှိ Steve Marshall က ပြောကြားသည်။

မြန်မာနိုင်ငံ အနေဖြင့် မိမိနိုင်ငံနှင့် သင့်တော်သည့် နည်းလမ်းများ ရွေးချယ်ပြီး အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး လုပ်ဆောင်နေမှုကို ထောက်ခံဟု တရုတ်ဝန်ကြီးချုပ် ပြောကြား

မြန်မာနိုင်ငံ အနေဖြင့် မိမိနိုင်ငံနှင့် သင့်တော်သည့် နည်းလမ်းများ ရွေးချယ်ပြီး အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးနှင့် နိုင်ငံတည်ငြိမ် ဖွံ့ဖြိုးရေး လုပ်ဆောင်နေမှုကို ထောက်ခံဟု တရုတ်ဝန်ကြီးချုပ် မစ္စတာ လီကာကျန်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် လူကုန်ကူးခံရသူများမှာ အဓမ္မ ထိမ်းမြားခြင်း၊ ပြည့်တန်ဆာပြုခြင်း၊ အဓမ္မ အလုပ်ခိုင်းခြင်းနှင့် သူတောင်းစားအဖြစ် ခိုင်းစေခြင်းတို့ ခံနေရ

C-4-9
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ထိုင်းအထူးအဖွဲ့ ပူးပေါင်း၍ ထိုင်းနိုင်ငံ ကန်ချပူနာရီခရိုင် ၀ိုင်တဖုစက်ရုံရှိ လူကုန်ကူး ခံရသူများကို ကယ်တင်နေစဉ်
မြန်မာနိုင်ငံတွင် လူကုန်ကူး ခံရသူများမှာ အဓမ္မ ထိမ်းမြားခြင်း၊ ပြည့်တန်ဆာပြုခြင်း၊ အဓမ္မ အလုပ်ခိုင်းခြင်းနှင့် သူတောင်းစားအဖြစ် ခိုင်းစေခြင်းတို့ ခံနေရကြောင်း ရဲတပ်ဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အား  ထုတ်ပြန်ကြေ ညာချက်အရ သိရသည်။