Sunday 1 March 2015

" ငါသာသမ္မတဖြစ်ခဲ့ရင်ဘရာဇီးနိုင်ငံကလူတွေထမင်းသုံးနှပ်မှန်မှန် စားစေရမယ်(ဘရာဇီးသမ္မတ) "

၁၉၄၅ခုနှစ် အောက်တိုဘာလ(၂၇)ရက်နေ့မှာ ဘရာဇီးနိုင်ငံ Pernambucoပြည်နယ်က ရွာလေးတစ်ရွာမှာရှိတဲ့ လယ်သမားမိသားစုကနေ ကောင်လေးတစ်ယောက် မွေးဖွားခဲ့တယ်။ အဲဒီမိသားစုဟာ ဆင်းရဲလွန်းတာကြောင့် ကောင်လေးဟာ (၄)နှစ်သားအရွယ်ကတည်းက လမ်းပေါ်မှာ မြေပဲဆံလိုက်ရောင်းခဲ့ရတယ်။ ဒါတောင် အစားနပ်မှန်မှန် သူ မစားခဲ့ရသလို အဝတ်လုံလုံလည်း မဝတ်ခဲ့ရပါဘူး။

အမေရိကန် မင်းသားကြီး လီအိုနက်ဒ်နီမွိုင်း အဆုတ်ရောဂါဖြင့် ကွယ်လွန်



ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ Star Trek တွင် လူသားတစ်ပိုင်း ဂြိုလ်သားတစ်ပိုင်း ဇာတ်ရုပ် မစ္စတာစပေါ့ခ် အဖြစ်သရုပ်ဆောင်ကာ ပရိတ်သတ်များ၏ အားပေးမှုကို ရရှိခဲ့သူ အမေရိကန် သရုပ်ဆောင်မင်းသား လီအိုနက်ဒ်နီမွိုင်းသည်  ဖေဖော်ဝါရီ ၂၇ ရက်တွင် ကွယ်လွန်ခဲ့ကြောင်းနှင့် ကွယ်လွန်ချိန်တွင် ၎င်း၏ အသက်မှာ ၈၃ နှစ် ရှိပြီဖြစ်ကြောင်း ၎င်း၏ အေဂျင်စီ Bob and David Gershက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရိုးမေးနီးယားလူငယ်တစ်ဦး လူပျိုစင်ကို လေလံတင်



ရိုမေးနီးယားနိုင်ငံက အမျိုးသားတစ်ဦးက သူ့ရဲ့လူပျိုဘဝကို လာမယ့်နိုင်ငံ တကာအမျိုးသမီးများနေ့မှာ လေလံတင်ရောင်းချသွားမယ် လို့ သိရပါတယ်။

ဆန္ဒပြပွဲကြီးပြုလုပ်ရန် စီစဉ်ထားသည့် ရုရှားအတိုက်အခံခေါင်းဆောင် နမ်ဆော့ဗ် ကရင်မလင်အနီး၌ ပစ်သတ်ခံရ


ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ပြင်းထန်စွာ ဝေဖန်သူတစ်ဦးဖြစ်သည့် ရုရှားအတိုက်အခံခေါင်းဆောင် ဘောရစ်နမ်ဆော့ဗ်သည် ဖေဖော်ဝါရီ ၂၇ ရက် နှောင်းပိုင်းက ကရင်မလင်ခံတပ်အနီး လမ်းလျှောက်နေစဉ် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။ အသက် ၅၅ နှစ်အရွယ်ရှိ ဒုတိယဝန်ကြီးချုပ်ဟောင်း ဘောရစ်နမ်ဆော့ဗ် သတ်ဖြတ်ခံရမှုကို ရုရှားအစိုးရက ဆူပူအုံကြွရန် လှုံ့ဆော်မှုတစ်ရပ်ဟု အမည်တပ်ခဲ့သည်။ နမ်ဆော့ဗ်သည် ယခုသီတင်းပတ်အကုန်တွင် ပြုလုပ်မည့် အတိုက်အခံဆန္ဒပြပွဲကြီးတစ်ရပ်ကို စီစဉ်ထားသူ ဖြစ်သည်။

အာဏာပိုင်များ၊ လုပ်ပိုင်ခွင့်ရှိသူများနှင့် ဌာနဆိုင်ရာများ မတော်မတရားမှု ပြုလုပ်ပါက လက်မခံကြောင်း ပြည်သူများက ထင်ရှားစွာပြသရန်နှင့် လာဘ်ပေးလာဘ်ယူ မပြုလုပ်ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

အာဏာပိုင်များ၊ လုပ်ပိုင်ခွင့်ရှိသူများနှင့် ဌာနဆိုင်ရာများ မတော်မတရားမှု ပြုလုပ်ပါ က လက်မခံကြောင်း ပြည်သူများက ထင်ရှားစွာပြသရန်နှင့် လာဘ်ပေးလာဘ်ယူမပြုလုပ်ရန် ဖေဖော်ဝါရီ ၂၈ ရက်က ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့၌ ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြာကြားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဧရာဝတီတိုင်း ဟင်္သာတမြို့၌ ပြုလုပ်သော ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်တစ်ရာပြည့် မွေးနေ့ ဂုဏ်ပြုဟောပြောပွဲသို့ တက်ရောက်ရန် သွားရောက်စဉ် ဓနုဖြူမြို့လူထုနှင့် တွေ့ဆုံပြီး နာရီဝက်ခန့် ဟောပြောမှု ပြုလုပ်ခဲ့သည်။

လူမှုကွန်ရက်ပေါ်က မြန်မာအမျိုးသမီး ညစ်ညမ်းပုံများ အရေးယူသင့်၊ မယူသင့်

မြန်မာအမျိုးသမီးအချို့ ၏ညစ်ညမ်းပုံများ လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့နေခြင်း ကို ထိထိရောက်ရောက်အရေးယူ တားဆီးရန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦး၏ အဆိုတင်သွင်းမှုအပေါ် ဝေဖန်မှုများ ထွက်ပေါ်နေကြောင်း သတင်းရရှိ သည်။
အမရပူရမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက အွန်လိုင်းပေါ်တွင် ဝတ်စားဆင်ယင်မှုများမှာ မောင်နှင့်နှမ၊သားနှင့်အမိ မကြည့်ရဲလောက်အောင် ဆိုးရွားစွာဖြစ်ပျက်နေပြီး ယင်းကဲ့သို့ပုံများကို ရိုက်ကူးခံသူနှင့် ရိုက်ပေးသူများကို ထိရောက်စွာတားဆီး အရေးယူရန် ဖေဖော်ဝါရီ ၂၆ ရက်က အဆိုတင်သွင်းခဲ့သည်။

နှစ်ဖက်စလုံးက ကိုယ်ကျိုးစီးပွား အတ္တစိတ်ကြီးမားနေမှုကြောင့် ကိုးကန့် တိုက်ပွဲများဖြစ်ပွားရဟု ရန်ကုန်နာရေးကူညီမှုအသင်းဥက္ကဋ္ဌပြော


နှစ်ဖက်စလုံးတွင် ကိုယ်ကျိုးစီးပွား အတ္တစိတ်ကြီးမားနေမှုကြောင့် ကိုးကန့်ဒေ သတွင် တိုက်ပွဲများ ဖြစ်ပွားရခြင်းဖြစ်ကြောင်း ရန်ကုန်နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော် သူက ပြောဆိုလိုက်သည်။