Wednesday 3 February 2016

မလေးရှားနိုင်ငံသို့ အလုပ်သမားတင်ပို့မှု ထိခိုက်နိုင်

မလေးရှားနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုအားတွေ့ရစဉ်။ (ဓာတ်ပုံ - Fadzil Daud)
မြန်မာအပါအဝင် နိုင်ငံခြားသားအလုပ်သမားများအား အခွန်နှစ်ဆတိုးကောက်မည်ဟု မလေးရှားအစိုးရက ကြေညာလိုက်ခြင်းကြောင့် လုပ်သားတင်ပို့မှုအပေါ် အနည်းငယ်ထိခိုက်မှုရှိလာနိုင်သည်ဟု
ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီအချို့က ပြောသည်။

ဩစတြေးလျတွင် ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူနှစ်ဦး တွေ့ရှိ

ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့တွင် နေထိုင်သူ နှစ်ဦး၌ ဇီကာဗိုင်းရပ်စ် ကူးစက်မှု ရှိခဲ့ကြောင်း ဩစတြေးလျ ကျန်းမာရေး အရာရှိများက အတည်ပြု ကြေညာခဲ့သည်။
အဆိုပါ အမျိုးသား၊ အမျိုးသမီး နှစ်ဦးသည် ကာရေဘီယန်မှ ပြန်လာကြပြီး ပြီးခဲ့သည့် သီတင်းပတ်ကုန် စစ်ဆေးမှု များအရ ဇီကာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသည့် ဇီကာ အဖျားရောဂါ ခံစားခဲ့ရကြောင်း နယူးဆောက်သ်ဝေးလ်စ် ကျန်းမာရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ ထိုနှစ်ဦးသည် အချင်းချင်း သိကျွမ်းကြကြောင်းလည်း ၎င်းက ဆိုသည်။

မွန်တီနီဂရိုးနိုင်ငံဝန်ကြီးချုပ် မီလိုဒူကာနိုဗစ်

မီလိုဒူကာနိုဗစ်သည် မွန်တီနီ ဂရိုးနိုင်ငံရေးသမား တစ်ဦးဖြစ်ပြီး ၀န်ကြီးချုပ် အဖြစ် ၂၀၁၂ ကစ၍တာဝန်ယူထားသည်။ ယင်းမတိုင်မီက ဒူကာနိုဗစ်သည် မွန်တီနီဂရိုး ၏ ၀န်ကြီးချုပ်တာဝန်ကို ၁၉၉၁ မှ၁၉၉၈ အထိ ထမ်းဆောင် ခဲ့ပြီး ၁၉၉၈ မှ ၂၀၀၂ အထိ သမ္မတဖြစ်ခဲ့ သည်။ ၂၀၀၃မှ ၂၀၀၆၊ ၂၀၀၈ မှ ၂၀၁၀ အထိလည်း ၀န်ကြီးချုပ် တာဝန်ထမ်းများ ထမ်းဆောင်ခဲ့သည်။

အာဖဂန် အရှေ့ပိုင်းတွင် အိုင်အက်စ် အဖွဲ့၏ ဝါဒဖြန့် ရေဒီယို စခန်းကို အမေရိကန်လေတပ် တိုက်ခိုက်

အာဖဂန် နစ္စတန် အရှေ့ပိုင်းတွင် အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွ အဖွဲ့၏ ဝါဒဖြန့် ရေဒီယိုဌာန တစ်ခုကို အမေရိကန် လေတပ်က တိုက်ခိုက်ခဲ့ရာ စစ်သွေးကြွ ၂၉ ဦးထက်မနည်း သေဆုံးသွားကြောင်း သိရသည်။
အီရတ်နှင့် ဆီးရီးယားတို့တွင် အခြေခိုင်မာစွာ ခြေကုပ်ယူ ထားသည့် အိုင်အက်စ်သည် ယခုအခါ အာဖဂန်သို့ စိမ့်ဝင် ထိုးဖောက် လာခဲ့သည်။ အမေရိကန်သည် အီရတ်နှင့် ဆီးရီးယားရှိ အိုင်အက်စ် ပစ်မှတ်များကို လေကြောင်းမှ တိုက်ခိုက်လျက်ရှိပြီး ယခုအခါ အာဖဂန်တွင်ပါ အိုင်အက်စ်၏ လက်တံများကို ချိုးဖျက်ရန် အားထုတ်လာခြင်း ဖြစ်သည်။

အမတ်များကြောင့် တစ်ဖန်ဦးမော့လာသော ခေါင်းပေါင်းလုပ်ငန်း

အမျိုးသမီးတစ်ဦးသည် မျက်မှောင်ကြုတ်ကာ ကြိမ်သားများကို တင်ပျဉ်ခွေထဲထည့်၍ ရုပ်လုံးပေါ်လာအောင် ရက်လုပ်နေ၏။ ကြိမ်က ကြမ်းကာပျော့သည်။ သူရက်လုပ်နေသည်က စက်ဝိုင်းပုံလည်းမကျ၊ ဘဲဥပုံလည်းမကျ၊ ရှေ့ကိုချွန်းချွန်း
ထွက်နေသည့် ခေါင်းအုပ်ပုံစံ။ ပြီးလျှင်တော့ ထိုခေါင်းစွပ်ပုံစံကြိမ်ကို မာသွားအောင် ကော်သုတ်ရမည်။ ထို့နောက် အောက်ခြေမှ အနားစွန်းများကို ပိတ်နှင့်လိုက်ချုပ်ရမည်။