Wednesday 24 September 2014

တနိုင်းဟူးကောင်းတွင်ပီလောပီနံစိုက်ပျိုးရေးလုပ်ကိုင်သည့်ယုဇနကုမ္ပဏီကို ဒေသခံများကန့်ကွက်

ကချင်ပြည်နယ်၊ တနိုင်းဟူးကောင်းဒေသတွင် ပီလောပီနံစိုက်ပျိုးရေးလာ ရောက်လုပ်ကိုင်သော ယုဇနကုမ္ပ ဏီအား ဒေသခံ ၉၇ ရာခိုင်နှုန်းက အလိုမရှိကြောင်း မဲပေးမှုများအရ သိရသည်။

ဗြိတိန်စုံတွဲအသတ်ခံရမှုနှင့်ပတ်သက်၍ မြန်မာလုပ်သားများကို ရိုက်နှက် စစ်ဆေးလျှင် ဥပဒေအရတုံ့ပြန်မည်ဟု မြန်မာသံအမတ်ပြော

ထိုင်းနိုင်ငံတွင် ဗြိတိန် နိုင်ငံသားစုံတွဲအသတ်ခံရမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးစဉ် ထိုင်းရဲတပ်ဖွဲ့က မြန် မာ လုပ်သား  များကို ရိုက်နှက်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်နေပြီး ထိုသို့ရိုက်နှက် ပါက ဥပဒေအရ တုံ့ပြန်သွားမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်း မောင် က ပြော ကြားသည်။

အမေရိကန်လေကြောင်းတိုက်ခိုက်မှုကြောင့် အိုင်အက်စ်တပ်များ အခြေစိုက်စခန်းများပျက်စီး

Photo: အမေရိကန်လေကြောင်းတိုက်ခိုက်မှုကြောင့် အိုင်အက်စ်တပ်များ အခြေစိုက်စခန်းများပျက်စီး
Wednesday, September 24, 2014

အမေရိကန်ဦးဆောင်သောလေကြောင်းတိုက်ပွဲသည် မြောက်ပိုင်းရှိဆီးရီးယားတပ်များကို ကောင်းစွာဖျက်ဆီးတိုက်ခိုက်နိုင်ခဲ့ကြောင်း သတင်းများအရသိရသည်။ ညပိုင်းတိုက်ခိုက်မှုသည် အီရတ်က ဆီးရီးယားဘက်သို့ အမေရိကန် ၏လေကြောင်း တိုက်ပွဲတိုးချဲ့လိုက်ကြောင်း ပြသလိုက်သလို တိုက်ပွဲအခြေ အနေ ပြင်းထန်လာနေသည်ဆိုသည်ကိုလည်း ပြသလိုက်ခြင်းဖြစ်သည်။

လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများမှာ ဆီးရီးယားမြောက်ပိုင်းတစ်လျှောက် တွင်ဖြစ်ပြီး တူရကီအနောက်မြောက်ဘက် အလက်ပိုအနီးကစ၍ အီရတ်နယ်စပ်အထိတောင်ပိုင်းကို မိုင်ပေါင်း ၂၂၀ အထိရှိကြောင်း အမေရိကန်ဗဟိုထိန်းချုပ်ရေးဌာနနှင့် မြေပြင်မျက်မြင်သက်သေများကဆိုသည်။

အဓိကပစ်မှတ်က IS (Islamic State) အဖွဲ့ဖြစ်ပြီး ISIS (သို့မဟုတ်) Islamis State of Iraq and Syria ဟုလည်းသိကြသည်။ အိုင်အက်စ်အဖွဲ့များခြေကုတ် ယူထားသည့် မြို့ လေးမြို့ကို ပစ်မှတ်ထားတိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်အာဏာပိုင်များကပြောကြားသည်။

အမေရိကန်လေကြောင်းတိုက်ခိုက်မှုတွင် ပူးပေါင်းပါဝင်သည့် နိုင်ငံများမှာ ဘာရိန်း၊ ဂျော်ဒန်၊ ဆော်ဒီအာရေးဗီးယား၊ ကာတာနှင့် ယူအေအီး အာရပ်စော်ဘွားများနိုင်ငံတို့ဖြစ်သည်။ ဂျော်ဒန်အစိုးရက၄င်း၏ လေတပ်မှ အကြမ်းဖက်သမားပစ်မှတ်ကိုဖျက်ဆီးနိုင်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုသည်။

တိုက်ပွဲထဲမှာဂျက်တိုက်လေယာဉ်တွေ၊ ဗုံးကြဲလေယာဉ်၊ လက်နက်တပ်ဆင် ထားသည့် မောင်းသူမဲ့လေယာဉ်၊ ပါရှန်ပင်လယ်ရှိ အမေရိကန်သင်္ဘောမှ ပစ်လွှတ်သော တိုမာဟော့ခ် ဒုံးကျည်များအသုံးချခဲ့ကြောင်း ပင်တာဂွန်က ထုတ်ပြန်ခဲ့သည်။

 ဖျက်ဆီးနိုင်ခဲ့သည့် ပစ်မှတ်များတွင် အိုင်အက်စ်တပ်သားများ၊ လေ့ကျင့်ရေး စခန်းများ၊ ဌာနချုပ်များနှင့် ဗဟိုထိန်းချုပ်ရေးဌာနများ၊ သိုလှောင်ရုံ များ၊ ငွေကြေးထောက်ပံ့ရေးဌာန၊ ထောက်ပံ့ရေးနှင့် စစ်လက်နက် တပ်ဆင်ထားသည့်  ယာဉ်များပါဝင်ကြောင်း ပင်တာဂွန်က ထုတ်ပြန်သည်။

တစ်ချိန်တည်းမှာပင်အမေရိကန်က အလက်ပို၏ မြောက်ဘက်ရှိ ကိုရာဆန် အုပ်စုဟု သိကြသည့် အယ်ကိုင်ဒါးလူဟောင်းများ၏ ကွန်ယက်အဖွဲ့ ကိုလေကြောင်းမှ  ၈ ကြိမ်တိုက်ခိုက်ခဲ့သည်။ ၎င်းတို့သည် အမေရိကန်နှင့် အနောက်နိုင်ငံများကိုအကြမ်းဖက်တိုက်ခိုက်ရန် ကြံစည်နေကြောင်း ပင်တာဂွန်ကဆိုသော်လည်းအသေးစိတ်ကိုမူ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

အလက်ပိုအနီးအမေရိကန်ကျောထောက်နောက်ခံပေးထားသည့် သူပုန်များကိုတိုက်ခိုက်နေသော အယ်ကိုင်ဒါးကွန်ယက်အဖွဲ့ကို အမေရိကန်က တိုက်ခိုက်ခဲ့ရာမှာ ယင်းကွန်ရက်အဖွဲ့ဝင် ခုနစ်ဦးနှင့် အရပ်သား ရှစ်ဦးသေဆုံးခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့များနှင့် အတိုက်အခံအဖွဲ့များကပြောသည်။

7Day DAILY
အမေရိကန်ဦးဆောင်သောလေကြောင်းတိုက်ပွဲသည် မြောက်ပိုင်းရှိဆီးရီးယားတပ်များကို ကောင်းစွာ ဖျက် ဆီးတိုက်ခိုက်နိုင်ခဲ့ကြောင်း သတင်းများအရသိရသည်။ ညပိုင်းတိုက်ခိုက်မှုသည် အီရတ်က ဆီးရီးယား ဘက်သို့ အမေရိကန်၏လေကြောင်း တိုက်ပွဲတိုးချဲ့လိုက်ကြောင်း ပြသလိုက်သလို တိုက်ပွဲအခြေ အနေ ပြင်း ထန် လာနေသည် ဆိုသည် ကိုလည်း ပြသလိုက်ခြင်းဖြစ်သည်။

IS အဖွဲ့ကို အမေရိကန် တစ်နိုင်ငံတည်း တိုက်ခိုက်နေခြင်း မဟုတ်ဟု အိုဘားမားပြောကြား

Photo: IS အဖွဲ့ကို အမေရိကန် တစ်နိုင်ငံတည်း တိုက်ခိုက်နေခြင်း မဟုတ်ဟု အိုဘားမားပြောကြား
Wednesday, September 24, 2014

အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့ကို တိုက်ခိုက်နေသည်မှာ အမေရိကန် တစ်နိုင်ငံတည်း မဟုတ်ဘဲ တစ်ကမ္ဘာလုံး ပါဝင်လာပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဘာရတ် အိုဘားမားက ပြောကြားခဲ့သည်။

အမေရိကန်သည် အီရတ်တွင်သာ မကဘဲ ဆီးရီးယားထိ ချဲ့ထွင်ကာ IS ပစ်မှတ်များကို လေကြောင်းမှ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပြီး ယခုအခါ မဟာမိတ်နိုင်ငံများကလည်း အမေရိကန်၏ စစ်ဆင်ရေးတွင် ပူးပေါင်း ပါဝင်လာခဲ့သည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အမေရိကန်၏ စစ်ဆင်ရေး အရှိန်အဟုန် မြင့်တက်လာခြင်းနှင့်အတူ IS စစ်သွေးကြွ အများအပြား အသေအပျောက် ရှိလာခဲ့သည်။

အာရပ်နိုင်ငံများ ဖြစ်ကြသည့် ဘာရိန်း၊ ဂျော်ဒန်၊ ကာတာ၊ ဆော်ဒီအာရေဗျနှင့် UAE တို့သည် အမေရိကန်၏ လေကြောင်းထိုးစစ်၌ ပါဝင်ကူညီကြပြီး တိုက်လေယာဉ်များ၊ ဗုံးကြဲလေယာဉ်များ၊ မောင်းသူမဲ့ လေယာဉ်များဖြင့် IS အခြေစိုက် စခန်းများ၊ ယာဉ်တန်းများကို တိုက်ခိုက်လျက် ရှိသည်။ ထိုအတောအတွင်း ပင်လယ်ပြင်ရှိ အမေရိကန် စစ်သင်္ဘောများကလည်း Tomahawk ဒုံးကျည်များဖြင့် ပစ်ခတ်လျက် ရှိသည်။

အမေရိကန်၏ ဥရောပ အမာခံ မဟာမိတ် နှစ်နိုင်ငံဖြစ်သည့် ပြင်သစ်နှင့် ဗြိတိန်တို့သည်လည်း ဆီးရီးယားတွင် စစ်ဆင်ရေး မဆင်နွှဲသေးသည့်တိုင် အီရတ်ရှိ IS ပစ်မှတ်များကို လေကြောင်းမှ တိုက်ခိုက်နေပြီ ဖြစ်သည်။

အိုဘားမားက “ကျွန်တော်တို့ရဲ့ ပူးပေါင်း လုပ်ဆောင်မှုတွေ ပိုမို အားကောင်း ခိုင်မာလာခြင်းက ဒီတိုက်ပွဲကို အမေရိကန် တစ်နိုင်ငံတည်း တိုက်နေတာ မဟုတ်ဘဲ တစ်ကမ္ဘာလုံး ပူးပေါင်း ပါဝင်နေတယ် ဆိုတာကို ထင်ရှားစေခဲ့ပါတယ်။ အမေရိကန်ကို ဆိုးကျိုးကြုံတွေ့စေဖို့၊ အမေရိကန် နိုင်ငံသားတွေကို အန္တရာယ်ပြုဖို့ ရည်ရွယ်ကြိုးပမ်းသူတိုင်း ဘယ်လို ကြုံတွေ့ရမယ် ဆိုတာကို ရှင်းရှင်းလင်းလင်း သိမြင်စေရပါမယ်။ အမေရိကန် ပြည်သူတွေကို ခြိမ်းခြောက်လာတဲ့ ဘယ်လို အကြမ်းဖက်သမားအတွက်မဆို လုံခြုံတဲ့ နိဗ္ဗာန်ဘုံတစ်ခု မရှိနိုင်တဲ့အကြောင်း ကျွန်တော်တို့ လက်တွေ့ ထင်ဟပ်စေမယ်”ဟု ပြောကြားခဲ့သည်။

အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်က လက်ရှိ စစ်ဆင်ရေးများသည် အလွန်အောင်မြင်မှု ရရှိနေကြောင်း ကြေညာခဲ့သလို IS အဖွဲ့၏ အခြေစိုက် စခန်းများ၊ ခိုလှုံရာ နေရာများကို တိုက်ရိုက် ထိမှန်နေကြောင်း ဆိုသည်။ အထူးသဖြင့် အီရတ်နှင့် နယ်ခြားဒေသ အနီးတွင် တည်ရှိသည့် ဆီးရီးယားပိုင် ရက်ကာမြို့ရှိ IS အခြေစိုက် စခန်းများကို ထိထိရောက်ရောက် ဖျက်ဆီးနိုင်ခဲ့ကြောင်း ပင်တဂွန်က ဓာတ်ပုံမှတ်တမ်းများဖြင့် သတင်းထုတ်ပြန် ကြေညာခဲ့သည်။

ဆွန်နီ အစ္စလာမ် ဘာသာဝင် အစိုးရများ အုပ်ချုပ်နေသည့် အာရပ်(၅)နိုင်ငံက IS အဖွဲ့ကို တိုက်ခိုက်နေခြင်းသည် အဆိုပါ အကြမ်းဖက်အဖွဲ့၏ လုပ်ရပ်များ အလွန်အစွန်းရောက် ဆိုးယုတ်မှုကို ထင်ဟပ်စေသည်။ IS အဖွဲ့သည်လည်း အစွန်းရောက် ဆွန်နီ အစ္စလာမ် ဘာသာဝင်များ စုဖွဲ့ထားခြင်း ဖြစ်သည်။ NATO အဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်ပြီး ဆီးရီးယားနှင့် နယ်နိမိတ် ကပ်လျက် တည်ရှိသော တူရကီမှာမူ အဆိုပါ စစ်ဆင်ရေးတွင် ပါဝင်ခြင်း မရှိသေးချေ။ ယင်းမှာလည်း IS အဖွဲ့၏ လက်ထဲတွင် တူရကီနိုင်ငံသား ဓားစာခံ အများအပြား ရှိနေ၍ ဖြစ်နိုင်ကြောင်း နိုင်ငံတကာရေးရာ လေ့လာသူများက မှတ်ချက်ပြုထားသည်။

အမေရိကန်ကမူ တူရကီကပါ IS အဖွဲ့ကို ပူးပေါင်းတိုက်ခိုက်ရန် တိုက်တွန်းနေဆဲ ဖြစ်သည်။ IS အဖွဲ့သည် အနောက်နိုင်ငံသား ဓားစာခံများနှင့် ရန်သူတော် ကာ့ဒ်တိုက်ခိုက်ရေး အဖွဲ့သားများကို ခေါင်းဖြတ် ကွပ်မျက်သည့် ဗီဒီယိုများ လွှင့်တင်ခြင်းဖြင့် အနောက်အုပ်စုကို ဝါဒဖြန့် ဖိအားပေး ခြိမ်းခြောက်ရန် အားထုတ်ခဲ့သော်လည်း ယခုအခါ ပိုမိုပြင်းထန်သော ထိုးနှက်တိုက်ခိုက်မှုများကို ရင်ဆိုင်လာရပြီ ဖြစ်သည်။

Ref: Businessinsider
7Day DAILY
အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့ကို တိုက်ခိုက်နေသည်မှာ အမေရိကန် တစ်နိုင်ငံတည်း မဟုတ်ဘဲ တစ်ကမ္ဘာလုံး ပါဝင်လာပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဘာရတ် အိုဘားမားက ပြောကြား ခဲ့သည်။

JICA ချေးငွေဖြင့် မြို့ပတ်ရထားလမ်းပိုင်းများ အဆင့်မြှင့်မည်

Photo: JICA ချေးငွေဖြင့် မြို့ပတ်ရထားလမ်းပိုင်းများ အဆင့်မြှင့်မည်
Wednesday, September 24, 2014

 ဂျပန်အပြည်ပြည်ဆိုင် ရာ ပူးပေါင်းဆောင်ရွက်ရေး အေ ဂျင်စီ (JICA) ၏ချေးငွေဖြင့် ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်းပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်သွား မည်ဟု သတင်းရရှိသည်။

စီမံကိန်း ပထမပိုင်းအနေ ဖြင့် တညင်းကုန်းမှ ပုဇွန်တောင် အထိ လမ်းပိုင်းကို တည်ဆောက် သွားမည်ဖြစ်ပြီး ယင်းအတွက် ကန်ဒေါ်လာ သန်း ၇၀၀ ကုန်ကျ နိုင်မည်ဟု တွက်ချက်ထားကာ စီမံကိန်းတစ်ခုလုံးအတွက် ကန်ဒေါ်လာနှစ်ဘီလီယံ ကုန်ကျမည် ဟု ခန့်မှန်းထားကြောင်း သိရ သည်။

JICA မှ ချေးငွေများ ရယူရာ တွင် ပထမပိုင်းစီမံကိန်းအတွက် အတိုးမဲ့ချေးငွေဖြင့် ရယူရန် ညှိနှိုင်းထားပြီး ကျန်ငွေများကို ၀ ဒသမ ၀၁ ရာခိုင်နှုန်းအတိုးဖြင့် ရယူရန် နှစ်နိုင်ငံအစိုးရများကြား ညှိနှိုင်း ဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းသည် လာ မည့် ၂၀၁၅ အတွင်း စတင်အကောင်အထည်ဖော် စီစဉ်ထားပြီး လက်ရှိတွင် သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ လေ့လာဆန်းစစ်မှုများ ပြုလုပ်နေဆဲဖြစ်၍ စတင်မည့်အချိန်ကို အတိအကျပြောနိုင်ခြင်း မရှိသေးကြောင်း မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာ ဦးထွန်း အောင်သင်းက ပြောသည်။

မြို့ပတ်ရထားလမ်းပိုင်းကို အဆင့်မြှင့်တင်လိုက်ပါက ရထား လမ်းကြောင်းတစ်လျှောက်တွင် နေထိုင်သော နေအိမ်အလုံး ၉၀ နှင့် လူဦးရေ ၁၃၀ ခန့်မှာ စီမံ ကိန်းနယ်မြေအတွင်း ပါဝင်နေ၍ ၎င်းတို့ကို နေရာပြန်လည်ချထား ရေးဆိုင်များလည်း ညှိနှိုင်းနေဆဲ ဖြစ်ကြောင်း သိရသည်။

‘‘ကျွန်မတို့ကို စီမံကိန်းနေ ရာတွေထဲမှာ ပါတယ်လို့ ပြီးခဲ့ တဲ့ တစ်လလောက်က လာပြော ထားတယ်။ နေရာအတွက်လည်း ပြန်ပေးလို့ ပြောထားတာပဲ ရှိ တယ်။ ဘယ်မှာပေးမယ်။ ဘယ် တော့ ပေးမယ်ဆိုတာ အခုထိ ဘာမှ မသိရသေးပါဘူး။ လျော် ကြေး သတ်မှတ်တာတွေ ဘာ တွေလည်း မရှိသေးဘူး’’ ဟု သီရိ မြိုင်ဘူတာအနီးတွင် မုန့်ဟင်းခါး ရောင်းချသူ ဒေါ်စိုးစိုးနွယ်က ပြော သည်။

မြို့ပတ်မီးရထားလမ်း တစ် လျှောက် အဆင့်မြှင့်တင်ရာတွင် ပါရမီခုံးကျော်တံတားကိုပါ ထည့် သွင်းတည်ဆောက်သွားမည်ဖြစ် ပြီး ရထားလမ်း၌ရှိနေသော ခုံး ကျော်တံတား ၁၁ ခုကိုလည်း အသစ်ပြန်လည် တည်ဆောက်မှု များ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

7Day DAILY

စီးနင်းခသက်သာ၍ အခြေခံလူတန်းစားများသည် မြို့ပတ်ရထားကို အားထားကြသည်(ဓာတ်ပုံ − လင်းဘိုဘို/အီးပီအေ)
စီးနင်းခသက်သာ၍ အခြေခံလူတန်းစားများသည် မြို့ပတ်ရထားကို အားထားကြသည်(ဓာတ်ပုံ − လင်း ဘိုဘို/ အီးပီအေ)
 ဂျပန်အပြည်ပြည်ဆိုင် ရာ ပူးပေါင်းဆောင်ရွက်ရေး အေ ဂျင်စီ (JICA) ၏ချေးငွေဖြင့် ရန်ကုန်မြို့ပတ် ရထား လမ်းပိုင်းပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်သွား မည်ဟု သတင်းရရှိသည်။

နည်းပညာတက္ကသိုလ်၊ ကောလိပ်၊ကျောင်းများတွင် လက်တွေ့သင်ကြားရန် ယာဉ်အို/ယာဉ်ဟောင်းများ ပေးအပ်မည်ဟု ဒုဝန်ကြီးပြောကြား

နည်းပညာတက္ကသိုလ်၊ ကောလိပ်၊ အစိုးရစက်မှုလက်မှု သိပ္ပံနှင့် နည်းပညာ အထက်တန်း ကျောင်းများတွင် လက်တွေ့သင်ကြားရေးနှင့် သင်ထောက်ကူ ပစ္စည်းများအဖြစ် အသုံးပြုနိုင် ရန် အပ်နှံယာဉ်အို/ ယာဉ်ဟောင်းများထဲမှ သင့်တင့်သော ယာဉ်ဟောင်းများကို ပေးအပ်သွားမည်ဖြစ်ကြောင်း ရထားပို့ဆော င်ရေး ၀န်ကြီးဌာန ဒု-၀န်ကြီး ဦးချန်မောင်က ပြောကြားသည်။

သင့် ကိုယ်ခံအားကို ပျက်စီးစေနိုင်တဲ့ အရာများ

Photo: သင့် ကိုယ်ခံအားကို ပျက်စီးစေနိုင်တဲ့ အရာများ
Wednesday, September 24, 2014

လက်ကိုမကြာခဏဆေးတယ်၊ နေမကောင်းဖြစ်နေတဲ့ လူတွေနဲ့လည်း နီးနီးကပ်ကပ်နေနေတာ မဟုတ်ပဲ ဘာ့ကြောင့်များ ကိုယ်ခံအားဟာ နည်းနေရပါသလဲ။ တစ်ခုခုဆို ဖျားနာတာ လွယ်ကူနေရတာပါလဲ။ သင့်ကိုယ်ခံအားကို ဖျက်စီးပစ်နိုင်တဲ့ တစ်ချို့အချက်လေးတွေ သိထားသင့်တာမို့ ဖော်ပြပေးလိုက်ပါတယ်။

၁။ညစ်ညမ်းတဲ့ လေထုကို ရှုရှိုက်နေရခြင်း

ကိုယ့်ဘက်မှ ကြိုတင်ကာကွယ်ထားလို့ မရတဲ့အရာတွေထဲမှ  လေထုညစ်ညမ်းမှုပါဝင်နေပါတယ်။ ကိုယ်သွားမယ့်နေရာက လေထုညစ်ညမ်းတယ်ဆိုတာ ကြိုသိထားရင်တော့ ကိုယ့်ဘက်က ပြင်ဆင်ထားနိုင်ပေမယ့် မသိဘူးဆိုရင်တော့ ဒါဟာ ကိုယ်ခံအားနည်းသွားစေဖို့ အဓိက အကြောင်းရင်းပါပဲ။

၂။တစ်နေ့လုံးနီးပါး ထိုင်ခုံပေါ် ထိုင်အလုပ်လုပ်ရခြင်း

သင့်အလုပ်က ကွန်ပျူတာရှေ့ တစ်နေ့လုံးနီးပါး ထိုင်လုပ်ရတဲ့ အလုပ်ဆိုရင် သင့်ရဲ့အစာခြေနှုန်းဟာ သာမာန်ထက် ပိုနှေးသွားတတ်ပါတယ်။ အဲ့ဒီတော့ ကိုယ်ခံအားအတွက် အထောက်အကူဖြစ်စေတဲ့ အာဟာရတွေကို သာမာန်ထက် နှေးကွေးစွာ ဆုပ်ယူရတဲ့အတွက် သင့်ရဲ့ ကိုယ်ခံအားကို ပျက်စီးစေတဲ့ သဘောပါ။

၃။မှားယွင်းတဲ့ အလှကုန်တွေ ရွေးချယ်သုံးမိခြင်း

သင်လိမ်းခြယ်နေတဲ့ မိတ်ကပ်၊ ကွန်ဆီလာ၊ နှုတ်ခမ်းနီစတာတွေဟာ အသားပေါ်မှာတင် ရှိနေတာမျိုးမဟုတ်ပဲ ခန္ဓာကိုယ်ရဲ့ စုပ်ယူခြင်းကို ခံရတာပါ။ အဲ့ဒီ့အလှကုန်တွေအားလုံးဟာ သင့်ခန္ဓာကိုယ်အတွက် အဆင်ပြေစေမယ်လို့ ထင်ရင်တော့ မှားမှာပါ။ အဆင်မပြေပဲ သင့်ကိုယ်ခံအား ပျက်စီးသွားစေနိုင်တဲ့ အလှကုန်တွေ အများကြီး ရှိပါတယ်။

၎။သရေစာတွေ အစားများခြင်း

ကွတ်ကီးလိုမျိုး၊ လမ်းမှာအလွယ်တကူ ၀ယ်ယူစားသုံးနိုင်တဲ့ ဆီကြော်မုန့်တွေ၊ အခြား သရေစာလိုဟာမျိုးတွေက သင့်ခန္ဓာထဲက နေထိုင်မကောင်းဖြစ်စေတဲ့ T ဆဲလ် နဲ့ B ဆဲလ်တွေကို ဖြစ်ပေါ်စေနိုင်တာကြောင့် ကိုယ်ခံအားကိုလည်း ပျက်စီးစေနိုင်ပါတယ်။

၅။အိပ်ချိန်အပြည့်အ၀မရရှိခြင်း

သင်ဟာ အကြောင်းအမျိုးမျိုးကြောင့် အိပ်ချိန်အပြည့်အ၀ မရရှိဘူးဆိုရင် သင့်ခန္ဓာကိုယ်ထဲဟာ melatonin ကို ပြည့်ဝစွာ မထုတ်ပေးနိုင်တော့ပါဘူး။ ဒီလိုဆိုရင် ကိုယ်ခံအားကောင်းစေဖို့အတွက် ဘက်တီးရီးယားတွေ ကာကွယ်ပေးမယ့် သွေးဖြူဥဟာလည်း နည်းသွားပါလိမ့်မယ်။ ဒီအချက်ကလည်း သတိထားရမယ့် အချက်ပါ။

၆။အထီးကျန်ဆန်စွာနေရခြင်း

သင်ဟာ နေ့ရက်ပေါင်းများစွာကို တစ်ကိုယ်တည်း ဖြတ်သန်းနေရတယ်ဆိုရင် သင်ကြုံတွေ့လာရတဲ့ အခက်အခဲတွေကို တစ်ဦးတည်း ရင်ဆိုင်ရတော့မှာပေါ့။ ဒီလိုအချိန်မှာ စိတ်ဓာတ်ကျတတ်တာမျိုးတွေ ဖြစ်တတ်ပြီး ပုံမှန်အခြေအနေကို ပြန်လည်ရောက်ရှိဖို့ဆိုရင် တစ်ကိုယ်တည်း ဘ၀ကိုဖြတ်သန်းရတဲ့သူတွေက ပိုမိုကြာမြင့်တတ်ပါတယ်။ ဒီအရာဟာ ကိုယ်ခံအားနည်းစေတဲ့ အချက်တစ်ခုပါ။

၇။ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတဲ့ အဆီဓာတ် ဆုံးရှုံးခြင်း

ဝိတ်ချနေတဲ့သူမို့လို့ အဆီဓာတ်ကို ရှောင်ဖို့အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ ငါးကရတဲ့ အဆီဓာတ်တွေ၊ ထောပတ်သီးကရတဲ့ အဆီဓာတ်တွေကို ရှောင်မယ်ဆိုရင်တော့ သင်ဟာကိုယ်ခံအား နည်းပြီး ရောဂါဖြစ်ဖို့ လွယ်ကူပါလိမ့်မယ်။ ဒီတော့ ၀ိတ်မတက်စေပဲ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီဓာတ်ပါတဲ့အစားအစာတွေ စားပေးပါ။

Ref:womenshealthmag.com
Trend Myanmar
လက်ကိုမကြာခဏဆေးတယ်၊ နေမကောင်းဖြစ်နေတဲ့ လူတွေနဲ့လည်း နီးနီးကပ်ကပ်နေနေတာ မဟုတ်ပဲ ဘာ့ကြောင့်များ ကိုယ်ခံအားဟာ နည်းနေရပါသလဲ။ တစ်ခုခုဆို ဖျားနာတာ လွယ်ကူနေရတာပါလဲ။ သင့်ကိုယ်ခံအားကို ဖျက်စီးပစ်နိုင်တဲ့ တစ်ချို့အချက်လေးတွေ သိထားသင့်တာမို့ ဖော်ပြပေးလိုက်ပါတယ်။

မြန်မာနိုင်ငံလူငယ်များအစည်းအရုံးမှ အဖွဲ့ဝင် ၁၇ဦး နုတ်ထွက်

မြန်မာနိုင်ငံလူငယ်များ အစည်းအရုံးမှ ထိပ်ပိုင်းအဖွဲ့ဝင်များနှင့် အဖွဲ့ဝင် ၁၇ ဦး နုတ်ထွက်ခဲ့ပြီး အဖွဲ့ခေါင်းဆောင်၏ စီမံခန့်ခွဲမှုတွင် ငွေကြေးအရှုပ်အရှင်းများရှိနေ၍ နုတ်ထွက်ရခြင်းဖြစ်ကြောင်း လူငယ် များ အစည်းအရုံးအဖွဲ့ အထွေထွေအတွင်းရေးမှူး မဟန်နီလွင်က ပြောကြားသည်။