Sunday 9 November 2014

အခွန်လျှော့ဆောင်ရန် လိမ်လည်စာချုပ် ချုပ်ဆိုမှုများကို အရေးယူမည်ဟုဆို

အခွန်ဆောင်ရန် ပညာ ပေးကာလသတ်မှတ်ထားသော် လည်း ကုန်ပစ္စည်းရောင်းချခြင်း ဖြစ်စေ၊ ဝန်ဆောင်မှုလုပ်ငန်းဖြစ် စေ အခွန်လျှော့ဆောင်ရန် လိမ်လည်ချုပ်ဆိုသော စာချုပ်များ ကို အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအခွန်ဦးစီး ဌာနမှသတင်းရရှိသည်။
နေအိမ်အပါအဝင် ပစ္စည်း များရောင်းချခြင်း၊ ငှားရမ်းခြင်းတို့ ပြုလုပ်ရာ၌ စာချုပ်များ ချုပ်ဆိုရာတွင် အခွန်ဆောင်ရန် သက်သာစေရန် မူလ တန်ဖိုးထက် လျှော့ချုပ်ဆိုမှုများနေပြီး ယင်းတို့ကို အရေးယူသွားမည် ဖြစ်သည်။
‘‘အိမ်တစ်လုံးငှားတယ်။ စာချုပ်ပါတဲ့အတိုင်း ဈေးနှုန်းက မဖြစ်နိုင်ဘူးဆိုရင် မြို့နယ် အခွန် ဦးစီးမှူးက ခေါ်စစ်လို့ရတယ်။ ဈေးကိုလည်း အခွန်ဦးစီးမှူးက သတ်မှတ်လို့ရတယ်။ ဒီကိစ္စက ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတယ်။ ဒါကိုကိုင်တွယ်ဖို့ အခွန်ဥပဒေထဲ မှာ အခွန်ဦးစီးမှူးတွေကို လုပ် ကိုင်ခွင့်ပြုထားတာ’’ ဟု ရန်ကုန် တိုင်းဒေသကြီး အခွန်ဦးစီးဌာနဒုတိယဦးစီးမှူးကပြောသည်။

အခြေခံဥပဒေပြင်ဆင်ရေး ကြိုးပမ်းရာတွင် ပြည်သူ မနာရန်နှင့် တိုင်းပြည် သိက္ခာမကျရန် လုပ်ဆောင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

အခြေခံဥပဒေပြင်ဆင် ရာတွင် လူထုပါဝင်ရန်လိုအပ်ပြီး ပြည်သူမနာရန်နှင့် တိုင်းပြည် သိက္ခာမကျစေရန် အေးအေးချမ်း ချမ်းလုပ်ဆောင်သွားမည်ဖြစ် ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ကပြောကြားလိုက်သည်။
‘‘အခြေခံဥပဒေကို လွှတ်တော်တွင်းက ပြင်ချင်တယ်ဆိုတာက တကယ်တော့ လူနည်းစုက လူများစုကြီးကို စိန်ခေါ်သလိုဖြစ် နေတယ်’’ဟု ဒေါ်အောင်ဆန်း စုကြည်ကပြောခဲ့ပြီး ‘ကျွန်မတို့ လုပ်စရာရှိတာကို အေးအေးချမ်း ချမ်းနဲ့ ပြည်သူလည်းမနာအောင် ကျွန်မတို့ တိုင်းပြည်ကိုလည်း သိက္ခာမကျအောင်လုပ်သွားပါ့ မယ်လို့ပြောလိုပါတယ်’’ဟု အခြေခံဥပဒေပြင်ဆင်ရေးနည်းလမ်းနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့သည်။
နိုနို နိုဝင်ဘာ ၈ ရက်က ကယား ပြည်နယ်လွိုင်ကော်မြို့တွင် ပြု လုပ်သော လူထုတွေ့ဆုံပွဲအခမ်း အနား၌ ဟောပြောပွဲတက် ရောက်သူများ မေးမြန်းသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လုပ်ဆောင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို လူထုက ပါဝင်ကူညီရမည်ဆိုသည်မှာ မည်သည့်နည်းလမ်းဖြင့် ကူညီရမည်လဲဟု မေးမြန်းမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိအစိုးရသည် ဒီမိုကရေစီစံနှုန်းစံထား အပြည့်အ၀ရရှိသည့် အစိုးရမဟုတ်သေးကြောင်း ကယားပြည်နယ် လူထုဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ပြောကြား

လက်ရှိအစိုးရသည် ဒီမိုကရေစီစံနှုန်းစံထား အပြည့်အဝရရှိသည့် အစိုးရမဟုတ်သေးကြောင်း နိုဝင်ဘာ ၈ ရက်တွင် ကယားပြည်နယ် လွိုင်ကော်မြို့နယ်၌ ကျင်းပသည့် လူထုတွေ့ဆုံပွဲတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့နိုင်ငံမှာ အင်မတန်မှ အရေးကြီးတဲ့အချိန် ရောက်နေပါပြီ။ အရင်တုန်းက တပ်မတော်အုပ်ချုပ်ရေးစနစ် နဝတ၊ နအဖ။ ၂ဝ၁ဝ ရွေးကော်ပွဲပြီးတော့ အခုအစိုးရ။ အခုအစိုးရကို တချို့က ဒီမိုကရေစီ အစိုးရလို့ သတ်မှတ်ပါတယ်။ ကျွန်မကတော့ ရိုးရိုးပဲပြောရမယ်ဆိုရင်

ဒေသတွင်းလုံခြုံရေးအတွက် မြန်မာအရေးကြီးကြောင်း အိန္ဒိယဝန်ကြီးချုပ်ပြော

မြန်မာနိုင်ငံသည် အိန္ဒိ ယအစိုးရသစ်၏မိတ်ဖက်ဆက် ဆံရေးထူထောင်မှုတွင် ဦးစားပေး နိုင်ငံဖြစ်ပြီး ဒေသတွင်းလုံခြုံရေး စိန်ခေါ်မှုများကို ရင်ဆိုင်ရာ၌ အရေးကြီးသည့် မိတ်ဖက်နိုင်ငံဖြစ်ကြောင်း အိန္ဒိယ ဝန်ကြီးချုပ် သစ်နရန်ဒရာမိုဒီကပြောကြားသည်။

အရှေ့အာရှထိပ်သီးအစည်း အဝေးသို့တက်ရောက်ရန် မြန်မာနိုင်ငံသို့လာရောက်မည့် ဝန်ကြီးချုပ် မိုဒီက ၎င်း၏ခရီးစဉ်မစတင်မီ သုံးရက်အလို နိုဝင်ဘာ ၈ ရက် တွင် မြန်မာနိုင်ငံအပေါ် အပြု သဘောဆောင်သည့်မှတ်ချက်ကို ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ရေးသားထားခြင်းဖြစ်သည်။

မြန်မာအစိုးရကို ဖိအားပေးရန် ကန်လွှတ်တော်အမတ် ၄၀ကျော် အိုဘားမားထံ စာရေးတိုက်တွန်း

ဖွဲ့စည်းပုံပြင်ဆင်ရေးအ ပါအ၀င် အစိုးရ၏ ဒီမိုကရေစီပြု ပြင်ပြောင်းလဲရေးဖော်ဆောင်မှု များ အချိန်ဆွဲနေခြင်းကို ရပ်ဆိုင်း ရေးသမ္မတဦးသိန်းစိန်အား ဖိအား ပေးတောင်းဆိုရန် အမေရိကန် အောက်လွှတ်တော်အမတ် ၄၀ ကျော်က သမ္မတအိုဘားမားထံ စာရေးသား တိုက်တွန်းလိုက် သည်။

မြန်မာနှင့်အမေရိကန်ဆက် ဆံရေးကို ယခုထက်ပိုမိုတိုးတက် စေလိုပါက လူ့အခွင့်အရေးချိုး ဖောက်မှုများရပ်ဆိုင်းပေးရန်၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကျင်းပရေးကို သမ္မ တအိုဘားမားက တိုက်တွန်းရန် လိုကြောင်း အောက်လွှတ်တော် အမတ်များ၏ ပေးစာကို ကိုးကား ၍ RFAသတင်းဌာနက ဖော်ပြသည်။