Wednesday 6 January 2016

မြောက်ကိုရီးယား ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ် နျူကလီးယားပိုင်သည့် နိုင်ငံများတွင် ပါဝင်ပြီဆို

မြောက်ကိုရီးယား၏ အရှေ့မြောက် အဏုမြူ စမ်းသပ်မှု နယ်မြေအနီးတွင် ပြင်းအား ၅ ဒသမ ၁ အဆင့်ရှိ မြေငလျင်တစ်ခုကို တိုင်းတာရရှိခဲ့ပြီး နောက်ပိုင်း ဟိုက်ဒရိုဂျင် ဗုံးစမ်းသပ်ချက်တစ်ခုကို ဇန်န၀ါရီ ၆ ရက်က အောင်မြင်စွာ စမ်းသပ်လုပ်ဆောင်နိုင်ခဲ့သည်ဟု မြောက်ကိုရီးယားက ထုတ်ဖော် ပြောကြားခဲ့သည်။
ပြုံယမ်းသည် ဒေသစံတော်ချိန် ၁၂ နာရီ တွင် အထူး ကြေညာချက်တစ်ခုကို ပြုလုပ်ခဲ့ပြီး ဗုံးစမ်းသပ်မှုသတင်းများကို အတည်ပြုသွားခဲ့ကာ ယင်း၏ နျူးကလီးယားဆိုင်ရာ တိုးတက်မှုပိုင်းတွင် အဓိက ခြေလှမ်းတစ်ရပ် လှမ်းလိုက်နိုင်ပြီဟု ပြောကြားသွားခဲ့သည်။

ကူဝိတ်က အီရန်ရှိ သံအမတ်ကြီးကို ပြန်လည်ခေါ်ယူပြီ

ဆော်ဒီအာရေဗျနိုင်ငံတွင် ရှီယိုက်ဘာသာရေးခေါင်းဆောင်ကို သေဒဏ်ပေးလိုက်ခြင်းနောက် မငြိမ်မသက်မှုများက ဆိုးသထက်ဆိုးလာနေပြီး ကူဝိတ်နိုင်ငံကလည်း အီရန်ရှိ သံအမတ်ကြီးအား ပြန်ခေါ်ပြီဟု ကြေညာလိုက်သည်။ရှီယိုက်မွတ်စလင်ဘာသာရေးခေါင်းဆောင် ရှိတ်နီမာနှင့် အခြားသူ ၄၆ ဦးအား သေဒဏ်ပေးခဲ့ပြီးနောက် အီရန်ရှိ ဆော်ဒီသံရုံးအား ဇန်နဝါရီ ၂ ရက်က ဒေါသထွက်နေသော လူအုပ်ကြီးက မီးတင်ရှို့ခဲ့ကြသည်။

သေနတ် ထိန်းချုပ်ရေးအမိန့် သမ္မတ အိုဘားမား မျက်ရည်များဖြင့် ပြဋ္ဌာန်း

အမေရိကန်သမ္မတ ဘားရက်အိုဘားမားက သေနတ်ဝယ်ယူခွင့် စည်းကမ်းသတ်မှတ်ချက်သစ်များ ကြပ်မတ်ခြင်းအမိန့် ထုတ်ပြန်ချိန်တွင် သေနတ်ပစ်ခတ်မှုတစ်ရပ်အတွင်း ကလေးငယ်များ သေဆုံးခဲ့ရခြင်းအား စိတ်ထဲ ပြန်ပြောင်းသတိရရာမှ မျက်ရည်ကျကာ အမိန့်ကို ထုတ်ပြန်ခဲ့သည်။
၂၀၁၂ ခုနှစ်က ဆန်ဒီဟုခ် မူလတန်းကျောင်း သေနတ်ပစ်ခတ်မှုတွင် ကလေးငယ် ၂၀နှင့် အရွယ်ရောက်ပြီးသူ ခြောက်ဦးသေဆုံးခဲ့ရခြင်းကို သမ္မတအိုဘားမားက ပြန်ပြောင်းပြောဆိုရာမှ မျက်ရည်ကျခြင်း ဖြစ်သည်။

အင်္ဂလန်တွင် နည်းပြရန်အတွက် ဘိုင်ယန်ကိုစွန့်ခွာခြင်းဟု ဂွာဒီယိုလာထုတ်ပြော

အင်္ဂလန်တွင်နည်းပြအဖြစ် လုပ်ကိုင်ရန်အတွက် ဘိုင်ယန်မြူးနစ်အသင်းကို စွန့်ခွာခြင်းဖြစ်သည်ဟု ဂွာဒီယိုလာက ပြောသည်။ ဘာစီလိုနာနည်းပြဟောင်းသည် ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်နှင့်စာချုပ်သက်တမ်းထပ်မတိုးတော့ကြောင်းကို မကြာသေးခင်က ကြေညာ ထားသူဖြစ်သည်။

အင်္ဂလန်၏ တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆုကို ၀ိန်းရွန်နီ ရရှိ

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ၀ိန်းရွန်နီသည် ၂၀၁၅ ခုနှစ်အတွက် အင်္ဂလန်၏ တစ်နှစ်တာအကောင်ဆုံး ဘောလုံးသမားဆုကို ဆွတ်ခူး ရရှိသွားခဲ့သည်။
ရွန်နီသည် ၂၀၁၅ ခုနှစ်အတွင်း မန်ယူအသင်းတွင် ရုန်းကန်နေခဲ့ရသော်လည်း အင်္ဂလန်အသင်းတွင်မှု အမှတ်ရဖွယ်ရာဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့သည်။

ပတ္တမြားဒေ၀ီ စောမဲကျီ ဇာတ်လမ်းကို ရခိုင်အမျိုးသမီးအသင်း (ရန်ကုန်) ကပြ ဖျော်ဖြေမည်

ရခိုင်အမျိုးသမီးအသင်း (ရန်ကုန်) ၏ နှစ် ၆၀ပြည့် အထိမ်းအမှတ် အဖြစ် မြသစ္စာ Entertainment မှ စီစဉ် ဆောင်ရွက်မည့် ပတ္တမြား ဒေ၀ီ စောမဲကျီ ရာဇ၀င် စင်တင် ပြဇာတ်ကို ဇန်န၀ါရီ ၁၄ရက်တွင် ရန်ကုန်မြို့ ရှိ အမျိုးသား ကဇာတ်ရုံတွင် ကျင်းပ ပြုလုပ်မည် ဖြစ်သည်။

ရခိုင်အမျိုးသမီးအသင်း (ရန်ကုန်) ၏ နှစ် ၆၀ပြည့် အထိမ်းအမှတ် အဖြစ် ပတ္တမြား ဒေ၀ီ စောမဲကျီ ရာဇ၀င် စင်တင် ပြဇာတ်ကြီး ကျင်းပ ပြုလုပ်မည့် အကြောင်း စာနယ်ဇင်းများ နှင့် မိတ်ဆက် ပေးသည့် အခမ်းအနားကို ဇန်န၀ါရီ ၆ရက်တွင် ရန်ကုန်မြို့ ၀ါးတန်းလမ်း ရှိ Panda Hotel ၌ ကျင်းပ ပြုလုပ် ခဲ့သည်။

ရှက်စရာကောင်းတဲ့ လုပ်ရပ်လို့ဆို

အစိုးရတစ်ရပ် ဖွဲ့စည်းတော့မည့် NLD အစိုးရအတွက် ဝန်ကြီးနေရာတောင်းသူများ များစွာရှိနေပြီး အလွန်ရှက်စရာကောင်းသည့် လုပ်ရပ်ဟု NLD ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးဝင်းထိန်က ပြောလိုက်သည်။ဝန်ကြီးနေရာ တောင်းသူများတွင် ပါတီဝင်များသာမက ပါတီဝင် မဟုတ်သူများပါပါဝင်သည်ဟု လွတ်လပ်သည့် အာရှအသံ(မြန်မာပိုင်း) နှင့် တွေ့ဆုံမှုတွင် ဦးဝင်းထိန်က ပြေလိုက်ခြင်းဖြစ်သည်။

နျူးကလီယား စမ်းသပ်မှုကြောင့်ဟု ယူဆနိုင်သည့် ငလျင်တစ်ခု မြောက်ကိုရီးယားတွင် လှုပ်ရှား

ပြင်းအား မဂ္ဂနီကျု ၅.၁ အဆင့်ရှိ ငလျင်တစ်ခု မြောက်ကိုရီးယားနိုင်ငံရှိ နျူးကလီးယား စမ်းသပ်သည့်နေရာ တစ်ခုအနီးတွင် ဗုဒ္ဓဟူးနေ့တွင် လှုပ်ခတ်ခဲ့သည့်အတွက် မြောက်ကိုရီးယားနိုင်ငံသည် အက်တမ်ဗုံး ဖေါက်ခွဲစမ်းသပ်မှု ပြုလုပ်ခဲ့သည့်ဟု စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။

လူသားဆန်သောစိတ်ထားများ ပေါ်ထွန်းလာရန်အားပေးသင့်

လွန်ခဲ့သည့် ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၉ ရက်က ပြင်သစ်ရှိ ဂျူးစူပါမား ကက် တစ်ခုကို ဂျီဟတ်တိုက်ခိုက်ရေး သမားတစ်ဦးက တိုက်ခိုက်စဉ် မာလီမှ ပြင်သစ် သို့ တရားမဝင်ရွှေ့ပြောင်းဝင်ရောက်လာသည့် ဘာသီလီ ဆိုသူက ယင်းစူပါမားကက် ပိုင်ရှင်များ ကို သက်စွန့်ဆံဖျား ကယ်တင်ပေးခဲ့ သည့်အတွက် ထိုသူကို ပြင်သစ်သမ္မတက နိုင်ငံသားအဖြစ် ခွင့်ပြုပေးခဲ့ရုံမျှမ က ပြင်သစ် နိုင်ငံ၏အမြင့် ဆုံးဂုဏ်ထူးဆောင်ဘွဲ Legion d' Honneur ကို ချီးမြှင့်ပေးအပ်ရန် အဆိုပြုခံခဲ့ရကြောင်း သိရသည်။

တရုတ်နှစ်သစ်ကူးအတွက် အကန့်အသတ်ဖြင့် ထုတ်လုပ်သော နာရီများ Apple ဖြန့်ချိ

တရုတ်နှစ်သစ်ကူးကို ဂုဏ်ပြုသော အထိမ်းအမှတ်အဖြင့် နည်းပညာကုမ္ပဏီကြီး Apple သည် Apple တံဆိပ် အားကစားပြုလုပ်ချိန်တွင် အသုံးပြုနိုင်သည့် မော်ဒယ် နာရီများကို မိတ်ဆက်ခဲ့သည်။ ဖေဖော်ဝါရီ ၂၂ မတိုင်မီအထိ ရရှိနိုင်သော နာရီများကို ရွှေရောင် သိုမဟုတ် ငွေရောင်အလူမီနီယံ အကွပ် ဖြင့် ၄၄ မီလီမီတာ(စင်ကာပူဒေါ်လာ ၅၁၈)၊ ၃၈ မီလီမီတာ (စင်ကာပူဒေါ်လာ ၅၉၈) အမျိုးအစား နှစ်မျိုးဖြင့် အနီရောင် အားကစား တံဆိပ်နာရီအဖြစ် ဖြန့်ချိမည်။

ဓာတ်ကြိုးများ သွယ်တန်းရန် မလွတ်ဟုဆိုကာ နှစ်ပေါင်းနှစ်ရာကျော် သက်တမ်းရှိ သစ်ပင်ကြီးများ ခုတ်လှဲခံရ

သက်တမ်းရင့်သစ်ပင်ကြီးများ ခုတ်လှဲခံထားရစဉ်။ (ဓာတ်ပုံ− လင်းသက်နိုင်)
အောင်လံမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားလိုင်းကြိုးများ သွယ်တန်းရာတွင် မလွတ်ဟုဆိုကာ နှစ်ပေါင်းနှစ်ရာကျော် သက်တမ်းရှိသည့် ကုက္ကိုပင်ပေါင်း ငါးဆယ်ကျော် ခုတ်လဲခံခဲ့ရကြောင်းဒေသခံများက ပြောသည်။

စီမံကိန်းများသတ်မှတ်ချက်အတိုင်း မလိုက်နာပါက ကန်ဒေါ်လာ ငါးသောင်းနှင့် လုပ်ငန်းရပ်ဆိုင်းသည်အထိ အရေးယူမည်

စီမံကိန်းများလုပ်ဆောင် ရာတွင် သတ်မှတ်ချက်အတိုင်း လိုက်နာမှုမရှိပါက ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနက ထုတ် ပြန်သည့် ပတ်ဝန်းကျင်ထိခိုက် မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ် ထုံးလုပ်နည်းအမိန့်အရ အမြင့်ဆုံးဒဏ်ကြေး အမေရိကန်ဒေါ်လာ ငါးသောင်းနှင့် လုပ်ငန်းလုပ်ကိုင် ခွင့်ရပ်ဆိုင်းသည်အထိ အရေးယူ သွားမည်ဟု သတင်းရရှိသည်။

ပုသိမ်မြို့တွင် ကလေးခိုးသည့်သတင်းများသည် ကောလာဟလသာဖြစ်ဟု တာဝန်ရှိသူများဖြေရှင်း

ကလေးများခိုးယူခံရသည် ဆိုသည့် သတင်းများမှာ ကောလာ ဟလသတင်းများသာဖြစ်ပြီး ပြည် သူများအနေဖြင့် စိုးရိမ်ထိတ်လန့် ရန်မလိုကြောင်း ပုသိမ်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရဲတပ် ဖွဲ့မှူးတို့က ဇန်န၀ါရီ ၅ ရက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ပြောကြားသည်။

ဘဏ်အတွင်း မီးရှို့ကာ ငွေလုရန် ကြိုးပမ်းမှုဖြစ်ပွား

အခင်းဖြစ်ပွားသည့် ပခုက္ကူမြို့ရှိ ကမ္ဘောဇဘဏ်(ဓာတ်ပုံ−ထူးတင့်ဝင်းဖေ့စ်ဘွတ်ခ်)
ပခုက္ကူမြို့ ကမ္ဘောဇ ဘဏ် ရေအိမ်အတွင်းမီးရှို့ကာ ဘဏ်ကောင်တာရှိ ငွေများလုယူ ရန် ကြိုးပမ်းသူကို ပခုက္ကူမြို့မရဲ တပ်ဖွဲ့က ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။

ဆော်ဒီ-အီရန် တင်းမာမှု လျှော့ချရန် တူရကီ ကြားဝင်တိုက်တွန်း

တီဟီရန်ရှိ ဆော်ဒီသံရုံးကို အီရန် ဆန္ဒပြသူများက မီးရှို့နေစဉ်
ဆွန်နီ-ရှီးဟိုက် အမြင်ကွဲပြားမှုကို အခြေခံကာ အီရန်နှင့် ဆော်ဒီအာရေးဗီးယားတို့ ဆက်ဆံရေးအဆိုးဆုံး အခြေအနေသို့ ရောက်ရှိလာပြီးနောက် နှစ်ဖက်စလုံး ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ဆောင်ရွက်ကြရန် တူရကီက ကြားဝင်တောင်းဆိုခဲ့သည်။

ရွှေဆိုင်များလုံခြုံရေး လုပ်ငန်းရှင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အရာရှိများ တွေ့ဆုံဆွေးနွေးမည်

ရန်ကုန်တိုင်းအတွင်းဖွင့် လှစ်ထားသည့် ရွှေဆိုင်ပိုင်ရှင်များ ရွှေဆိုင်လုံခြုံရေးအတွက် ရွှေ လုပ်ငန်းရှင်ကုန်သည်များနှင့် မြန် မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိများ တွေ့ဆုံဆွေးနွေးသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။

အမှုလိုက်ရဲအရာရှိ ဓားခုတ်ခံရပြီး သေဆုံးမှုတွင် စွပ်စွဲခံရသူနှစ်ဦးကို စွဲချက်တင်အမိန့်ချ

သမီးရည်းစားနှစ်ဦးထံမှ ဓားထောက်ပစ္စည်းလုယက်၊ အဓ မ္မပြုကျင့်ခဲ့သည့်အမှုကို လိုက်လံ စုံစမ်းနေသော ရဲအရာရှိတစ်ဦး ဓားခုတ်ခံရပြီး သေဆုံးသွားသည့်အမှုတွင် စွပ်စွဲခံထားရသူ နှစ်ဦးကို ဒီဇင်ဘာ ၅ရက်ကစွဲချက်တင် အမိန့်ချမှတ်လိုက်ကြောင်း ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှ သတင်းရရှိသည်။

ကာလုံဥပဒေကြမ်းကို ယခုလွှတ်တော်သက်တမ်းအတွင်း တင်ပြဆွေးနွေးမည်မဟုတ်ဟု ဦးခင်အောင်မြင့်ပြော

ဝေဖန်မှုများမြင့် တက်နေသည့် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဥပဒေကြမ်းကို လက်ရှိလွှတ်တော်သက်တမ်း ကာ လအတွင်း တင်ပြဆောင်ရွက်မည် မဟုတ်ကြောင်း အမျိုးသားလွှတ် တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားလိုက်သည်။

နေပြည်တော်တွင် ကျူးကျော်နေထိုင်သူဆိုသူ ခုနစ်ဦးကို စည်ပင်ဥပဒေဖြင့် ထပ်မံအမှုဖွင့်

နေပြည်တော် ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် ထုံးဘိုကျေးရွာပိုင်မြေတွင် ကျူး ကျော်နေထိုင်သည်ဟုဆိုကာ လူခုနစ်ဦးကို စည်ပင်ဥပဒေ ပုဒ်မ၂၆ ဖြင့် ငွေဒဏ်ကျပ်ငါးသောင်းချမှတ်ခဲ့သည့်အပြင် ထပ်မံတရားစွဲဆိုခဲ့သည်။

ယာဉ်နောက်လိုက်၊ ယာဉ်မောင်းများရှားပါးလာခြင်းနှင့် သက်တမ်းရင့်ယာဉ်များကြောင့် မြို့တွင်းပြေးဆွဲသည့် ဘတ်စ်ကားအစီးရေ လျော့နည်းလာနိုင်

လှည်းတန်းလမ်းဆုံအနီး ခရီးသည်တင်ယာဉ်များ သွားလာနေကြစဉ်(ဓာတ်ပုံ−နစ်ကီ)
ယာဉ်မောင်းနှင့် ယာဉ် နောက်လိုက်များ ရှားပါးလာခြင်း နှင့် ဘတ်စ်ကားများ၏ သက်တမ်း ကြာမြင့်ပြီး ကြံ့ခိုင်မှုများအား နည်းလာသဖြင့် ဘတ်စ်ကားအ ရေအတွက် လျော့နည်းမှုကို ရင် ဆိုင်ရဖွယ်ရှိကြောင်း ယာဉ်ပိုင်ရှင် များနှင့် ယာဉ်လုပ်သားများက ပြောသည်။

ထိုင်းရောက် မြန်မာလုပ်သားများအရေး နှစ်နိုင်ငံဆွေးနွေးရန် အလုပ်သမားအဖွဲ့များ၏ အကြံဉာဏ်ရယူမည်

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများဆိုင်ရာ နှစ်နိုင်ငံကျွမ်းကျင်သူများ အစည်းအဝေး မပြုလုပ်မီ မြန်မာလုပ်သားများအရေး ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများကို အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကြိုတင်တွေ့ဆုံ၍ အကြံပြုချက်များ ရယူသွားမည်ဟု သတင်းရရှိသည်။

တရုတ်ပိုင် ကျွန်းတုများပေါ်မှ လေယာဉ်ပြေးလမ်းတွင် လေယာဉ်တစ်စီး ပထမဆုံးအကြိမ် ဆင်းသက်

ကျွန်းတုပေါ်မှ လေယာဉ်ပြေးလမ်းပြ မြေပုံ
တောင်တရုတ်ပင်လယ်အတွင်း တရုတ်ရေတပ်က တည်ဆောက်ထားသည့် လူလုပ်ကျွန်းတုများပေါ်မှ လေယာဉ်ပြေးလမ်းတွင် လေယာဉ်တစ်စီး ပထမဆုံးအကြိမ် ဆင်းသက်ခဲ့ကြောင်း သိရသည်။

အောက်ဆီဂျင်စနစ်ချို့ယွင်းသဖြင့် အိန္ဒိယလေယာဉ်တစ်စီး ရန်ကုန်လေဆိပ်သို့ အရေးပေါ်ဆင်းသက်

အရေးပေါ်ဆင်းသက်ခဲ့ရသည့်လေယာဉ်နှင့် ခရီးသည်အချို့ ဓာတ်ပုံ-viation Police-YGN
မွန်ဘိုင်းမြို့မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ဦးတည်ပျံ သန်းလာသော Jet Airways လေ ကြောင်းလိုင်းမှ လေယာဉ်တစ် စီးသည် အောက်ဆီဂျင်စနစ်ချို့ ယွင်းခဲ့သဖြင့် ရန်ကုန်လေဆိပ်သို့ အရေးပေါ်ဆင်းသက်ခဲ့ရသည်။