Sunday 31 August 2014

ရုရှားပေါ် ပိတ်ဆို့မှုသစ် EU ချမှတ်နိုင်

Photo: ရုရှားပေါ် ပိတ်ဆို့မှုသစ် EU ချမှတ်နိုင်
Sunday, August 31, 2014

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာဖြစ်နေတဲ့ ပဋိပက္ခတွေကို Russia က နောက်ပြန်လှည့်လို့ မရတဲ့ အခြေ အနေဖြစ်အောင် တွန်းပို့နေတယ်လို့ EU ထိပ်တန်း တာဝန်ရှိသူတယောက်က ပြောပြီး Russia အစိုးရ သဘောပေါက်အောင် စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုသစ်တွေ EU ကချမှတ်နိုင်တယ်လို့ ပြောကြားခဲ့ ပါတယ်။

EU ထိပ်သီးစည်းဝေးပွဲတွေကျင်းပနေတဲ့ Belgium နိုင်ငံ Brussels မြို့တော်မှာ EU ကော်မရှင်အကြီးအကဲ Jose Manuel Barroso က ယူကရိန်းသမ္မတ Petro Poroshenko နဲ့အတူ ပြောကြားခဲ့တာဖြစ်ပါတယ်။

ယူကရိန်းနဲ့ Russia နယ်စပ်နားမှာ Russia လိုလားတဲ့ ခွဲထွက်ရေး သူပုန်တွေက Russia တပ်ဖွဲ့ဝင်တွေ လက်နက်တွေ အထောက်အပံ့နဲ့ ဆက်လက် တိုက်ခိုက်နေချိန်မှာ EU က အရေးယူဒဏ်ခတ်မှုသစ်တွေ လုပ်မဲ့ ကိစ္စကို ပြောကြားခဲ့တာပါ။

ယူကရိန်းသမ္မတ Poroshenko ကလည်း လနဲ့ချီကြာနေပြီဖြစ်တဲ့ပဋိပက္ခကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်ဖို့ အလားအလာဟာ Russia အစိုးရရဲ့ လုပ်ရပ်တွေကြောင့် ခြိမ်းခြောက်မှု ဖြစ်နေတယ်လို့ ပြောကြားခဲ့ ပါတယ်။

Russia ရဲ့ တပ်တွေ စစ်လက်နက်ပစ္စည်းတွေယူကရိန်းထဲမှာရှိနေတယ်ဆိုတဲ့ သက်သေတွေထွက်ပေါ်နေ ပေမဲ့ တပ်တွေကို ယူကရိန်းကို မလွှတ်ဘူးလို့ အကြိမ်ကြိမ် ငြင်းဆန်နေပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

EU ကောင်စီ ဥက္ကဋ္ဌ Herman Van Rompuy (ယာ) နဲ့ ယူကရိန်းသမ္မတ Petro Poroshenko (ဝဲ) သြဂုတ် ၃၀၊ ၂၀၁၄)
EU ကောင်စီ ဥက္ကဋ္ဌ Herman Van Rompuy (ယာ) နဲ့ ယူကရိန်းသမ္မတ Petro Poroshenko (ဝဲ) သြဂုတ် ၃၀၊ ၂၀၁၄)
ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာဖြစ်နေတဲ့ ပဋိပက္ခတွေကို Russia က နောက်ပြန်လှည့်လို့ မရတဲ့ အခြေ အနေဖြစ်အောင် တွန်းပို့နေတယ်လို့ EU ထိပ်တန်း တာဝန်ရှိသူတယောက်က ပြောပြီး Russia အစိုးရ သဘောပေါက်အောင် စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုသစ်တွေ EU ကချမှတ်နိုင်တယ်လို့ ပြောကြားခဲ့ ပါတယ်။

EU ခေါင်းဆောင်သစ်တွေ ရွေးချယ်

Photo: EU ခေါင်းဆောင်သစ်တွေ ရွေးချယ်
Sunday, August 31, 2014

EU ဥရောပသမဂ္ဂရဲ့ ခေါင်းဆောင်သစ်တွေကို စနေနေ့က ရွေးချယ်ကြေညာ ခဲ့တာမှာ ပိုလန်နိုင်ငံဝန်ကြီးချုပ် Donald Turk ကို ဥရောပကောင်စီ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခဲ့ပါတယ်။

အီတလီနိုင်ငံခြားရေးဝန်ကြီး ဖယ်ဒရီကာ မိုဂေရီနီ (Federica Mogherini) ကိုတော့ လက်ရှိ Catherine Ashton ယူထားတဲ့ EU နိုင်ငံခြားမူဝါဒရေးရာအကြီးအကဲနေရာအတွက် ရွေးချယ်ခဲ့ကြပါတယ်။ EU အတွက် အရေးကြီးနေတဲ့အချိန်မှာ ရာထူးတာဝန်တွေ
အလွှဲအပြောင်းလုပ်ရတာဖြစ်တယ်လို့ လက်ရှိ ဥရောပကောင်စီဥက္ကဋ္ဌတာဝန်ယူထားတဲ့ Belgium ဝန်ကြီးချုပ်ဟောင်း
Herman Van Rompuy က ပြောကြားခဲ့ပါတယ်။

လာမယ့်နှစ်တွေအတွင်း EU ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အရည်အချင်းတွေအားလုံး လိုအပ်မှာဖြစ်ပါတယ်လို့ ဥရောပကောင်စီဥက္ကဋ္ဌ Herman Van Rompuy ပြောကြားသွားတာဖြစ်ပါတယ်။ EU အတွက် သူမြင်တဲ့ စိန်ခေါ်မှု ၃ ခုကိုပြောကြားသွားတာမှာ စီးပွားရေးတိုးတက်မှု တန့်နေတဲ့ကိစ္စ၊ စစ်အေးစစ်ကာလထဲကဆိုရင် ဥရောပတိုက်ရဲ့ လုံခြုံရေးကို အကြီးအကျယ်ခြိမ်းခြောက်နေတဲ့ ယူကရိန်းနဲ့ Russia ပြဿနာနဲ့ ဥရောပသမဂ္ဂထဲကနေ ဗြိတိန်ထွက်သွားနိုင်တဲ့ အခြေအနေကို စိန်ခေါ်မှုတွေအဖြစ် ပြောကြားသွားပါတယ်။

စနေနေ့က ရွေးချယ်ခဲ့တဲ့ EU ခေါင်းဆောင်တွေသစ်တွေအနေနဲ့ November လမှာ ရာထူးတာဝန်တွေကို စတင်ယူရမှာဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

ဥရောပကောင်စီဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရသူ ပိုလန်ဝန်ကြီးချုပ် Donald Tusk (ဝဲ)
ဥရောပကောင်စီဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရသူ ပိုလန်ဝန်ကြီးချုပ် Donald Tusk (ဝဲ)
EU ဥရောပသမဂ္ဂရဲ့ ခေါင်းဆောင်သစ်တွေကို စနေနေ့က ရွေးချယ်ကြေညာ ခဲ့တာမှာ ပိုလန်နိုင်ငံဝန်ကြီးချုပ် Donald Turk ကို ဥရောပကောင်စီ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခဲ့ပါတယ်။

မေမြတ်နိုး၏ Miss Asia Pacific World သရဖူ ရုပ်သိမ်းခံရ မှုအား နိုင်ငံတကာ သတင်းများတွင် ဖော်ပြမှုက နိုင်ငံ့ဂုဏ်သိက္ခာကို ကျဆင်းစေသလိုဖြစ်နေ

၂ဝ၁၄ ခုနှစ်အတွက် Miss Asia Pacific World ဆုကို ရရှိထားသည့် မြန်မာအလှမယ် မေမြတ်နိုးသည် လက်မခံနိုင်သော အပြုအမူများ ဆောင်ရွက်ခဲ့သည်ဟု ပြိုင်ပွဲစီစဉ်သူက စွပ်စွဲပြောကြားခဲ့ပြီး ၎င်းသည် ကုန်ကျစရိတ်အခမဲ့ ရင်သားခွဲစိတ်မှုကို ခံယူ၍ အလှမယ်သရဖူနှင့်အတူ ထွက်ပြေးတိမ်းရှောင်နေကြောင်း ယင်းအလှမယ်ပြိုင်ပွဲ စီစဉ်သူက ပြောကြားခဲ့ကြောင်း သိရသည်။

တောင်ကုတ်လမ်း၌ဖမ်းမိသည့် ဘင်္ဂါလီ ၂၉ ဦး သံတွဲတွင် ဆက်လက် ထိန်းသိမ်းထား

Photo: တောင်ကုတ်လမ်း၌ဖမ်းမိသည့် ဘင်္ဂါလီ ၂၉ ဦး သံတွဲတွင် ဆက်လက် ထိန်းသိမ်းထား
Saturday, August 30, 2014

locmap_TAUNGUP336x240တောင်ကုတ်မြို့နယ်အတွင်း ကုန်တင်ကားတစ်စီးပေါ်မှ ဖမ်းမိခဲ့သော ကျောက်ဖြူ ကျောက်တလုံး ဒုက္ခသည် စခန်းမှ  ကလေးငယ်များ အပါအ၀င် ဘင်္ဂလီ ၂၉ ဦးကို ယခုအချိန်ထိ သံတွဲတွင် ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်ကြောင်း သတင်း ရရှိသည်။

ယင်းတို့အနက် အသက်မပြည့်သေးသူများကို ကျောက်ဖြူမြို့နယ် ရှိ ကျောက်တလုံးဘင်္ဂါလီ ကယ်ဆယ်ရေးစခန်းသို့ ပြန်လည်ပို့ဆောင်သွားမည်ဟု သတင်းများ ထွက်ပေါ်နေသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး နိရဉ္စရာသတင်းဌာနက သြဂုတ်လ ၃ဝ ရက်နေ့ နံနက်က သံတွဲခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီးကံဝင်းအား ဆက်သွယ်မေးမြန်းရာ သူက ယခုလို ပြောကြားသည်။

“ပြန်ပို့ မပို့ဆိုတာတော့မသိသေးဘူးဗျ။ သူတို့အားလုံးကတော့ အခုသံတွဲမှာ။ အသက်ကြီးတဲ့သူတွေ ကတော့ သံတွဲထောင်မှာပေါ့။ ငယ်တဲ့ကလေးတွေကျတော့ ဗလီမှာအပ်ထားတယ်”  ဟု ဆိုသည်။

ယခုဖမ်းမိသူများ အထဲတွင် ဘင်္ဂါလီ လူကြီး ၁၆ ဦး၊ အသက် ၁ဝ နှစ်အောက် လူငယ် ၉ ဦးနှင့် ရင်ခွင်ပိုက် ကလေးငယ် ၄ ဦးပါဝင်သည်။

ယခုဖမ်းမိသူများအနက် ဘင်္ဂါလီလူကြီး ၁၆ ဦးအပါအဝင် ရင်ခွင်ပိုက်ကလေး ငယ် ၄ ဦးကို ယင်းတို့၏ မိခင်များနှင့်အတူ သံတွဲအကျဉ်းထောင်တွင် ထိန်းသိမ်းထားပြီး အသက် ၁ဝ နှစ်အောက် ကလေးငယ်များကို သံတွဲမြို့နယ်ရှိ တောင်ပေါ်ဗလီတွင်ထိန်းသိမ်းထားကြောင်း သိရသည်။

“ရင်ခွင်ပိုက်ကလေးတွေက သူတို့အမေတွေနဲ့အတူ ထောင်ထဲပါသွားတယ်။ သူတို့ကျတော့ သားအမိ တွဲတွေဆိုတော့ ခွဲထားလို့မရဘူးလေ”ဟု ဒုရဲမှူးကြီး ကံဝင်းက ရှင်းပြသည်။

အဆိုပါဘင်္ဂါလီ ၂၉ ဦးမှာ ကျောက်ဖြူမြို့ ကျောက်တလုံးကယ်ဆယ်ရေး ခစန်းမှဖြစ်ပြီး ယင်းတို့မှာ အမ်း-တောင်ကုတ်လမ်းအတိုင်းကားဖြင့် ရိုးမအရှေ့သို့ ထွက် ခွာလာစဉ် တောင်ကုတ်မြို့နယ်၊ တောင်ပုံကြီး စစ်ဆေးရေးဂိတ်တွင် သြဂုတ်လ ၂၈ ရက်၊ နံနက် ၁ နာရီဝန်း ကျင်ခန့်က သက်ဆိုင်ရာ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရခြင်းဖြစ်ကြောင်း တောင်ကုတ်မြို့ခံ ဦးရဲမာန်ခိုင်က ပြောသည်။

“သူတို့ကိုဖမ်းပြီးတာနဲ့ ချက်ချင်း သံတွဲထောင်ကိုပို့လိုက်တာပဲ”ဟု ယင်းက ဆိုသည်။

နိရဉ္စရာ
locmap_TAUNGUP336x240တောင်ကုတ်မြို့နယ်အတွင်း ကုန်တင်ကားတစ်စီးပေါ်မှ ဖမ်းမိခဲ့သော ကျောက်ဖြူ ကျောက်တလုံး ဒုက္ခသည် စခန်းမှ  ကလေးငယ်များ အပါအ၀င် ဘင်္ဂလီ ၂၉ ဦးကို ယခုအချိန်ထိ သံတွဲတွင် ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်ကြောင်း သတင်း ရရှိသည်။

Saturday 30 August 2014

တန်ဖိုးတက်လာမည့် မြေများ မရောင်းနှင့်ဟု လယ်သမားများအား ဒေါ်စုတိုက်တွန်း

Photo: တန်ဖိုးတက်လာမည့် မြေများ မရောင်းနှင့်ဟု လယ်သမားများအား ဒေါ်စုတိုက်တွန်း
Saturday, August 30, 2014

တောင်သူလယ်သမားများ ပိုင်ဆိုင်ထားသည့်မြေများမှာ အနာဂတ်တွင် ပိုမိုဈေးတတ်လာမည်ဖြစ်သဖြင့် ရောင်းချခြင်းများမပြုကြရန် ကော့မှူးမြို့နယ်၊ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်(အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ)က ကော့မှူးမြို့နယ်ရှိတောင်သူ လယ်သမားများကို သတိပေးြေ ပာဆိုလိုက်သည်။

“ကျွန်မတို့ ကမ္ဘာကြီးက ဘယ်လိုမှ ပိုပြီးကျယ်လာမှာမဟုတ်ဘူး၊ မြေတွေကပိုများလာမှာ မဟုတ်ဘူး၊ ဒီလောက်ပဲရှိမယ်၊ ဒါ့ကြောင့်သေသေ ချာချာ စဉ်းစားပါ၊ ကျွန်မကတော့တောင်သူလယ်သမားတွေကို မရောင်းစေ ချင်ဘူး” ဟု ပြောသည်။

တောင်သူလယ်သမားများအတွက် မြေမှာ အရေးကြီးဆုံး ဖြစ်ပြီး မြေရှိမှာသာလျှင်ကျန်သည့်ကိစ္စရပ်များအား ဆောင်ရွက်နိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ကပြောသည်။

ကြွေးမှီကိစ္စများ၊ အခြားကိစ္စရပ်များ ရင်ဆိုင်နေရပါက တစ်ဦးချင်းလာရောက်တိုင်ပင် ပြောဆိုခြင်းများ ပြုလုပ်ပေးရန် နှင့် မဖြစ်မနေလယ်ယာမြေများ အား ရောင်းချရမည်ဆိုပါကNLD သို့ ဦးစွာ တိုင်ပင်ပြောဆိုခြင်း ပြုလုပ်ရန် မေတ္တာရပ်ခံသည်ဟုလည်း ဆိုသည်။

တောင်သူလယ်သမားများအနေဖြင့် မြေများ ရောင်းချရာတွင်တရားဝင်လတ်မှတ်ရေးထိုးပြီးပါက ပြန်လည်ရရှိနိုင်တော့မည် မဟုတ်ဘဲမိမိမြေအား ပြန်လိုချင် ပါက မည်သူမျှကူညီပေးနိုင်တော့မည် မဟုတ်သဖြင့် မရောင်းချမှီ အခိုင်အမာဆုံးဖြတ်စေလိုသည်ဟုလည်း ဆိုသည်။

ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်က “ အကြောင်းကြောင်းကြောင့် ကိုယ့်လယ်ကွက်ကိုမလုပ်နိုင်တော့ရင် ကျွန်မတို့နဲ့ တိုင်ပင်ပါ ၊ကျွန်မတို့ ဒေသအတွက်၊
ဖွံ့ဖြိုးရေးအတွက် ဘယ်လိုစီမံကိန်းချပြီး လုပ်နိုင်မလဲ စဉ်းစားပြီးပူးတွဲဆောင်ရွက်စေချင်တယ်"ဟု ပြောသည်။

ကော့မှူးမြို့နယ်နှင့် ရန်ကုန်မြို့ကြားရှိ တွံတေးမြို့နယ် တ၀ိုက်တွင်ရန်ကုန်မြို့သစ် စီမံကိန်း အကောင်အထည်ဖော်မည့် မြေနေရာများ ပါဝင်နေသဖြင့်
သာမာန်ပေါက်ဈေးထက်မြေဈေး ၉ ဆ မြင့်တတ်လျက်ရှိပြီး တောင်သူလယ်သမား အများစုမှာ မိမိတို့လယ်မြေများအား ရောင်းချလိုက်သည်ကို မဇ္ဈိမက စုံစမ်းသိရှိရသည်။

ရခိုင်စုရွာမှ လယ်သမားများကိုယ်စားလှယ်တစ်ဦးက “မြောင်းလုံလုံလောက်လောက်မရှိတော့ စိုက်မယ့် အကွက်ထဲ ရေဝပ်နေရင်စပါးကစိုက်မရဘူး၊ ဒီ့အပြင် ကျွန်တော်တို့ဆီရောက်လာတဲ့ ဓါတ်မြေသြဇာတွေက မစစ်ဘူး၊ အခြားအမှုန့်တွေ ရောထားတော့အလုပ်မဖြစ်ဘူး"ဟု ဆိုသည်။

လယ်သမားများမှ ဖြေရှင်းပေးရန် တင်ပြလာသည့် အချက်များမှာစိုက်ပျိုးစရိတ်ချေးငွေအား အတိုးနည်းသည့် နှုန်းထားဖြင့် ချေးနိုင်ရန် ၊မီတာကြိုးများ စနစ်တ ကျဆက်သွယ်ပေးရန်၊လယ်သမားများ ၀ယ်ယူရာတွင် မြေသြဇာ ကောင်းကောင်းရရန် ၊ကော့မှူးမြို့နယ်တွင်းရှိ ကျေးရွာအုပ်စုများတွင် ကတ္တရာလမ်းမများ
ဖောက်လုပ်ပေးရန်၊ မွေးမြူရေးတိရစ္ဆာန်များစားကျက်မြေ ပြုန်းမှု ပြဿနာ ဖြေရှင်းပေးရန်တို့ ဖြစ်သည်။

တောင်သူလယ်သမား အရေးကိစ္စများမှာ တစ်နိုင်ငံလုံးတွင် ဖြစ်ပွားနေသော်လည်းဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ကိုယ်စားလှယ်အဖြစ် မိမိတာဝန် ယူထားရသည့်ကော့မှူးမြို့နယ်ရှိ ပြဿနာများအား ဦးစားပေး ရှင်းလင်းသွားရန်တောင်သူလယ်သမားများအား ကတိပြုခဲ့သည်။

တောင်သူလယ်သမားများထံမှ တင်ပြလာသည့် အချက်များအား ကော့မှူးမြို့နယ်၊ဌာနဆိုင်ရာများတွင် တွေ့ဆုံပြောဆိုခဲ့သော်လည်းသတင်းထုတ်ပြန်ခဲ့ခြင်းမ ရှိပေ။

Mizzima - News in Burmese 

ပုံစာ- ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော်အမတ် ဒေါ်အောင်ဆန်း စုကြည် က သူ၏ မဲဆန္ဒနယ်ရှိ တောင်သူလယ်သမားများနှင့် သြဂုတ်လ၃၀ရက် က တွေ့ဆုံဆွေးနွေးခဲ့စဉ်။ (ဓာတ်ပုံ- ဘိုဘို၊မဇ္ဈိမ)
ပုံစာ- ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်က သူ၏ မဲဆန္ဒနယ်ရှိ တောင်သူ လယ်သမားများနှင့် သြဂုတ်လ၃၀ရက် က တွေ့ဆုံဆွေးနွေးခဲ့စဉ်။ (ဓာတ်ပုံ- ဘိုဘို၊မဇ္ဈိမ)
တောင်သူလယ်သမားများ ပိုင်ဆိုင်ထားသည့်မြေများမှာ အနာဂတ်တွင် ပိုမိုဈေးတတ်လာမည်ဖြစ်သဖြင့် ရောင်းချခြင်းများမပြုကြရန် ကော့မှူးမြို့နယ်၊ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်(အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ)က ကော့မှူးမြို့နယ်ရှိတောင်သူ လယ်သမားများကို သတိပေးြေ ပာဆိုလိုက်သည်။

ငြိမ်းချမ်းရေးရဖို့လို

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းမြောက်များစွာဖြင့် ဖွဲ့စည်းထားသော နိုင်ငံဖြစ်ပါသည်။ ထို့ကြောင့် တိုင်းရင်းသားများသည် ဒေသစွဲ၊ အယူဝါဒစွဲ၊ အတ္တစွဲများဖြင့် လက်နက်ကိုင်ခဲ့ကြသည်မှာလည်း နှစ်ပေါင်းအတော် ကြာခဲ့ပါသည်။ ယခုအချိန်မှာ မြန်မာနိုင်ငံငြိမ်းချမ်းရေးရဖို့ ဆွေးနွေးနေခဲ့ကြတာလည်း ယနေ့အချိန်ထိဖြစ်ပါသည်။

မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကထုတ်ပြန်တဲ့ ပြည်တွင်းမိုးလေ၀သအခြေအနေ

Photo: မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကထုတ်ပြန်တဲ့ ပြည်တွင်းမိုးလေ၀သအခြေအနေ
Saturday, August 30, 2014

ယမန်နေ့မြန်မာစံတော်ချိန် (၁၂)နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနဲ့ ၎င်းနဲ့ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလား
ပင်လယ်အော် အနောက်မြောက်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက်တည်ရှိနေပါတယ်။ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့မှာ မုတ်သုံလေအားကောင်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေအားအသင့်အတင့် ရှိနေပါတယ်။
 
ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့မှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါတယ်။
 
မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီကို (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပါတယ်။ နောက်(၂)ရက်အတွက် ခန့်မှန်းချက်ကတော့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ မိုးပိုလာနိုင်ပါတယ်။ နေပြည်တော်နဲ့ အနီးတစ်ဝိုက်၊ ရန်ကုန်မြို့နဲ့ အနီးတစ်ဝိုက်နဲ့ မန္တလေးမြို့နဲ့အနီးတစ်ဝိုက်တို့အတွက် ဒီကနေ့ညနေထိ ခန့်မှန်းချက်ကတော့ မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်းရွာပါမယ်။

MRTV-4
ယမန်နေ့မြန်မာစံတော်ချိန် (၁၂)နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနဲ့ ၎င်းနဲ့ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတို့မှာ ဖြစ်ပေါ်နေ တဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက်တည်ရှိနေပါတယ်။ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော် တောင်ပိုင်းတို့မှာ မုတ်သုံလေအားကောင်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေ အားအသင့်အတင့် ရှိနေပါတယ်။

Chevening ပညာသင်ဆု ရရှိခဲ့သူ မဟေမာန်ပြည့်နှင့် တွေ့ဆုံခြင်း

Photo: Chevening ပညာသင်ဆု ရရှိခဲ့သူ မဟေမာန်ပြည့်နှင့် တွေ့ဆုံခြင်း
Saturday, August 30, 2014

၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် ဗြိတိန်နိုင်ငံက ပေးအပ်သည့် Chevening ပညာသင်ဆု ရရှိခဲ့ပြီး ဗြိတိန်နိုင်ငံရှိ Nottingham တက္ကသိုလ်တွင် Teaching English To Speakers of other Languages ဘာသာရပ်ဖြင့် မဟာဘွဲ့ တက်ရောက်မည့် မဟေမာန်ပြည့်နှင့် တွေ့ဆုံ၍ ပညာသင်ဆု လျှောက်ထားခြင်းဆိုင်ရာများ မေးမြန်းဖော်ပြလိုက်ပါသည်။

Voice : ဘယ်လိုကြောင့် ပညာသင်ဆုကို လျှောက်ဖြစ်ခဲ့တာလဲ သိချင်ပါတယ်။

HMP : အစ်မက ရန်ကုန်က မဟုတ်ဘူး။ မော်လမြိုင်က။ ကျောင်း (တက္ကသိုလ်) စတက်ကတည်းက ဗြိတိန်ရဲ့ အကောင်းဆုံး တက္ကသိုလ်တစ်ခုမှာ ကျောင်းသွားတက်ချင်တယ်။ ပညာတော်သင်ဆုနဲ့ပဲ ကျောင်းသွားတက်ချင်တဲ့ ရည်ရွယ်ချက် ရှိခဲ့တယ်။ ဘာလို့လဲဆိုရင် UK မှာ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ကျောင်းသွားတက်မယ် ဆိုရင် အရမ်းကို ဈေးကြီးလွန်းတယ်။ ဒါ့ကြောင့် တစ်နေ့ကျရင် ကမ္ဘာ့အဆင့်မြင့် တက္ကသိုလ်တစ်ခုမှာ ကျောင်းတက်ချင်တဲ့အတွက် Personal Goal လေးတစ်ခု ထားခဲ့တယ်။ အဲ့ဒီတုန်းကတော့ Chevening Scholarship ကို မသိသေးဘူး။ ပုံမှန်ကြိုးစားခဲ့တယ်။ ၂၀၁၀ မေမှာ MA ဘွဲ့ရတယ်။ ဇွန်မှာ Nelson English Language Centre မှာ အလုပ်ဝင်ခဲ့တယ်။ English Language Teacher for Adult ကျောင်းသားတွေကို စာသင်ခဲ့တယ်။ အလုပ်စလုပ်ကတည်းက ပညာတော်သင်ဆုနဲ့ ပတ်သက်ပြီး ဘယ်လိုအခွင့်အရေးတွေ ရှိမလဲ ရှာခဲ့တယ်။ ပထမဆုံး Chevening Scholarship ကို စသိတဲ့နှစ်မှာ လျှောက်လို့ မရသေးဘူး၊ ဘာလို့လဲဆိုတော့ Chevening ကို လျှောက်ဖို့ Criteria တွေ အများကြီး လိုတယ်။

Voice : Chevening ပညာသင်ဆုရဖို့ ဘယ်လို လိုအပ်ချက်တွေကို အဓိက လိုအပ်ပါသလဲ။

HMP : နံပါတ်တစ်က တက္ကသိုလ်တစ်ခုကနေ ဘွဲ့ရရမယ်။ နံပါတ်နှစ်အချက်က လုပ်သက် ၂ နှစ်ရှိရမယ်။ IELTS အမှတ်ကောင်းရမယ်။ သတ်မှတ်ထားတာက ၆.၅ သတ်မှတ်ထားတယ် ဆိုပေမယ့် ကိုယ်တက်မယ့် တက္ကသိုလ်က တောင်းတဲ့ IELTS အမှတ် ရှိရမယ်။ Chevening မှာ သတ်မှတ်တဲ့ IELTS အမှတ်နဲ့ ကိုက်ညီရင် ကိုက်ညီမယ်။ ကိုယ်တက်မယ့် တက္ကသိုလ်ကို မူတည်ပြီး သူတောင်းမယ့် အမှတ်နဲ့ညီမှ အဆင်ပြေမှာ ဖြစ်ပါတယ်။ UK မှာရှိတဲ့ ဘယ်တက္ကသိုလ်ကိုမဆို လျှောက်ထားလို့ ရတယ်။ ကိုယ်တက်ချင်တဲ့ တက္ကသိုလ်ပေါ် မူတည်ပြီး IELTS အမှတ် ရထားရမှာပေါ့။ Chevening ကို လျှောက်တဲ့အခါမှာလည်း UK မှာ ကိုယ်တက်မယ့် တက္ကသိုလ်ကို လျှောက်ထားဆဲ သို့မဟုတ် ဝင်ခွင့်ရပြီးသား ဖြစ်ရမယ်။ ဘာလို့လဲဆိုရင် Chevening လျှောက်လွှာမှာတင်ပဲ ကိုယ်ရွေးတဲ့ တက္ကသိုလ်ကို ပထမ ဦးစားပေး၊ ဒုတိယ ဦးစားပေး၊ တတိယ ဦးစားပေး ထည့်ပေးရတယ်။ ကိုယ်က ဘယ်တက္ကသိုလ်ကို လျှောက်မှာလဲ၊ ဘယ်ဘာသာရပ်ကို လျှောက်မှာလဲ ရွေးချယ်ပြီးသား ဖြစ်ရမယ်။ Chevening ဖောင်ဖြည့်နေတဲ့ အချိန်မှာ တက္ကသိုလ်ကို မရွေးရသေးဘူး၊ တက္ကသိုလ် တစ်ခုလောက်ပဲ ထည့်ရင်လည်း အပယ်ခံရမှာ ဖြစ်တယ်။ Chevening ပညာသင်ဆု လျှောက်တဲ့အခါ Volunteer Experience ကိုလည်း ကြည့်သေးတယ်။ Future Leader တွေအတွက် ဒီပညာသင်ဆုကို ရွေးတဲ့အတွက် ကိုယ်လည်း ထူးချွန်မယ်။ ကိုယ့်စွမ်းအားနဲ့ ကိုယ့်အသိုင်းအဝိုင်း ကိုယ့်ပတ်ဝန်းကျင်ကို ဖွံ့ဖြိုးတိုးတက်အောင် ကူညီမယ့်သူကို ပိုဦးစားပေးတယ်။ ဒါ့ပြင် ပညာသင်ဆု လျှောက်တဲ့အခါ ထောက်ခံပေးမယ့် လူနှစ်ဦး လိုအပ်တယ်။ အလုပ်နဲ့ ပတ်သက်ပြီး ထောက်ခံပေးမယ့်သူရယ်၊ ပညာရေးနဲ့ ပတ်သက်ပြီး ထောက်ခံပေးမယ့် သူရယ်။ သူတို့ မှတ်ချက်လည်း လိုအပ်တဲ့အတွက် သူတို့ကလည်း အရေးကြီးတယ်။ ကိုယ့်အကြောင်း ကောင်းကောင်းသိတဲ့သူကို သေချာရှာပြီး ထောက်ခံချက် ပေးခိုင်းဖို့ လိုအပ်တယ်။

Voice : ပညာသင်ဆု လျှောက်တဲ့အခါ ကိုယ်တက်ချင်တဲ့ တက္ကသိုလ်ကို တက်ရဖို့ လျှောက်လွှာဖြည့်တဲ့အခါ ဘယ်လိုဖြည့်သင့်ပါသလဲ။

HMP : တချို့က ပညာသင်ဆု လျှောက်တယ်။ တက္ကသိုလ်တစ်ခုပဲ လျှောက်တယ်။ တက္ကသိုလ်နှစ်ခုပဲ ဖြည့်တယ်။ ဒါမှမဟုတ် ပြီးရင်ပြီးသလို အဆင်ပြေသလို တက္ကသိုလ်သုံးခုကို ဖြည့်လိုက်တယ် ဆိုတာမျိုးလည်း မဖြည့်သင့်ဘူး။ Chevening ပညာသင်ဆု မလျှောက်ခင်ထဲက တက္ကသိုလ် သုံးခုလုံးကို လျှောက်ထားရမယ်။ ပညာသင်ဆုရခဲ့ရင် ပထမဆုံး ဦးစားပေး ရေးထားတဲ့ တက္ကသိုလ်ကို တက်ရမယ်။ ဒါ့ကြောင့် လျှောက်လွှာမှာ Random သာ ဖြည့်ထားလိုက်ရင် ကိုယ်ဘယ်လိုပဲ ကျောင်းသုံးခုလုံး ရထားပါစေ ပထမ ဦးစားပေး ရွေးချယ်ထားတဲ့ ကျောင်းကိုပဲ တက်ရမှာ ဖြစ်တဲ့အတွက် ကိုယ်တက်ချင်တဲ့ ကျောင်းကို First Priority ထားဖို့ လိုအပ်တယ်။

Voice : တက္ကသိုလ် လျှောက်ထားတာမှာ လွဲချော်တာကရော ပညာသင်ဆုကို တစ်ခုခု သွားသက်ရောက်နိုင်ပါသလား။

HMP : ကျောင်းတက်တာက ကိုယ့်ဘာသာ အွန်လိုင်းကနေ လျှောက်ရတာ။ ကိုယ်တက်ချင်တဲ့ ဘာသာရပ်၊ ကျောင်းအဆင့်၊ ကျောင်းသားရေးရာ ဝန်ဆောင်မှုနဲ့ ကိုယ်နဲ့ အဆင်ပြေမပြေ ကြည့်ရတယ်။ တက္ကသိုလ်ကလည်း ပညာသင်ဆု လျှောက်သလိုပဲ Essay တွေ ရေးခိုင်းတယ်။ Essay ရေးရင် ဂရုစိုက်ဖို့ လိုတယ်။ သေချာရေးရင် ဝင်ခွင့်ရနိုင်တယ်။ မြန်မာမှာရတဲ့ ဘွဲ့နဲ့ ကိုယ်ဆက်တက်မယ့် ဘာသာရပ် ဆက်စပ်နေပြီး ကိုယ်ဆက်လုပ်မယ့် အနာဂတ် ရည်မှန်းချက်နဲ့ ကိုက်ညီနေရင် ပိုရနိုင်တယ်။ ကျောင်းလျှောက်တဲ့ Application Process က တစ်လလောက် ကြာတယ်။ ဒီတက္ကသိုလ်တွေ လျှောက်ထားရင် တခြားပညာသင်ဆု လျှောက်တဲ့သူတွေနဲ့ ယှဉ်ရင် ကိုယ့်ဘက်က ဘယ်လောက်ကြိုးစားထားတယ် ဆိုတာ ပြသလိုပဲလေ။

Voice : ပညာသင်ဆု လျှောက်တဲ့အခါ ဘယ်လိုအချက်ကြောင့် လွဲချော်မှု ဖြစ်နိုင်သေးလဲ။

HMP : မြန်မာနိုင်ငံက အင်တာနက် မကောင်းတာကလည်း တစ်ကြောင်း၊ တစ်ကမ္ဘာလုံးက ကျောင်းသားတွေ ဒီပညာသင်ဆုကို လျှောက်ကြတဲ့အတွက် ပညာသင်ဆုရဲ့ System Error ပြတာနဲ့ဆိုရင် ပညာသင်ဆု လျှောက်ဖို့ လွတ်သွားနိုင်ပါသေးတယ်။ လျှောက်လွှာကို စောပြီး တင်စေချင်တယ်။

Voice : Chevening လျှောက်တာ မရဘဲ တက္ကသိုလ်က ဝင်ခွင့်ရနေတယ် ဆိုရင်ရော ဘယ်လိုလုပ်သင့်ပါသလဲ။ 

HMP : အစ်မအနေနဲ့ Chevening လျှောက်တာ နှစ်ခါမြောက်ပါ။ ပထမ တစ်ခေါက်မှာ မရဘူး။ ဒုတိယ တစ်ခေါက်မှ ရတာ။ ပထမတုန်းက Chevening ရော၊ တက္ကသိုလ်ရော တစ်ပြိုင်တည်း လျှောက်တာ။ Chevening က မရဘူး၊ တက္ကသိုလ်က ရခဲ့တယ်။ တက္ကသိုလ်ကို Request လုပ်ပြီး တစ်နှစ်ရွှေ့လိုက်တယ်။ Chevening လျှောက်လို့ မရတဲ့သူတွေလည်း စိတ်ဓာတ်မကျဘဲ နောက်ထပ် ကြိုးစားလို့ ရသေးတယ်။ ကိုယ့်ဘက်က သေချာအောင် ပြင်ဆင်ထားဖို့တော့ လိုပါတယ်။ ကိုယ့်ဘက်က ပြင်ဆင်ထားပေမယ့် အရွေးမခံရရင်လည်း ရည်မှန်းချက် ရှိမယ်ဆိုရင် မစွန့်လွှတ်သင့်ဘူး။ ထပ်ကြိုးစားသင့်ပါတယ်။

Voice : ကျောင်းသွားတက်ပြီး ပြန်လာရင်ရော ဘယ်လိုပြန်အကျိုးပြုမယ် တွေးထားပါသလဲ။

HMP : ပညာရေးနဲ့ ပတ်သက်ပြီး ကျောင်းတက်မှာ ဆိုတော့ ပြန်လာရင် ပညာရေး နယ်ပယ်ထဲမှာပဲ သက်ဆိုင်တာ တစ်ခုခု ပြန်လုပ်မယ်။ အခုလက်ရှိမှာ အစ်မက ဆရာမ လုပ်နေတဲ့အတွက် ဆရာမပဲ ဆက်လုပ်ချင်တယ်။ ပညာရေးတဲ့ ပတ်သက်ပြီး ဖွံ့ဖြိုးတိုးတက်မှုအတွက် လုပ်ချင်တယ်။ လုပ်ချင်တာက Mobile Education။ တစ်ခုလုပ်ချင်တယ်ဆိုရင် သင်တန်း တော်တော်များများက ရန်ကုန်မှာပဲ ရှိတာ။ နယ်မှာ တော်တဲ့လူတွေ အများကြီးရှိတယ်။ အကြောင်းကြောင်းကြောင့် ရန်ကုန် မလာနိုင်ဘူး။ သူတို့မှာရှိတဲ့ အရည်အချင်း ထုတ်ဖော်ဖို့ အခွင့်အရေး မရှိဘူး။ အဲ့လိုလူတွေအတွက် Mobile Education လုပ်ချင်တာ။ Teacher Centre မဟုတ်ဘဲ Student Centre ပေါ့။ နယ်တစ်ခု သွားမယ်။ စိတ်ပါဝင်စားတဲ့သူတွေ အဓိကတော့ ဆရာမဖြစ်ချင်တဲ့ သူတွေကို သင်တန်းပေးမယ်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးဖို့အတွက် မြို့ကြီးတစ်မြို့မှာပဲ တော်နေတဲ့သူတွေ စုနေလို့ မရဘူး။ အားလုံး မျှနေဖို့ လိုအပ်တယ်။ ပညာရေးမှာ တန်းတူသွားအောင် လုပ်ပေးချင်တယ်။ 

(ရလေး)
The Voice Weekly
၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် ဗြိတိန်နိုင်ငံက ပေးအပ်သည့် Chevening ပညာသင်ဆု ရရှိခဲ့ပြီး ဗြိတိန်နိုင်ငံ ရှိ Nottingham တက္ကသိုလ်တွင် Teaching English To Speakers of other Languages ဘာသာရပ်ဖြင့် မဟာဘွဲ့ တက်ရောက်မည့် မဟေမာန်ပြည့်နှင့် တွေ့ဆုံ၍ ပညာသင်ဆု လျှောက်ထားခြင်း ဆိုင်ရာ များ မေးမြန်းဖော်ပြလိုက်ပါသည်။

လူဦးရေ ၅၁ သန်းကျော်တွင် ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားများ မပါသေး

Photo: လူဦးရေ ၅၁ သန်းကျော်တွင် ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားများ မပါသေး
Saturday, August 30, 2014
 
၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ရှေ့ပြေး လူဦးရေ စာရင်းများအရ ထုတ်ပြန်လိုက်သော မြန်မာနိုင်ငံအတွင်း လူဦးရေ ၅၁ သန်းကျော်တွင် ပြည်ပသို့ ရွှေ့ပြောင်းလုပ်ကိုင်နေကြသူများ မပါဝင်သေးကြောင်း သိရသည်။

လက်ရှိ ကောက်ယူထားသော စာရင်းများသည် မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း သန်းခေါင်စာရင်း ကောက်ယူရေး သတ်မှတ်ချက်များအရ လုပ်ထားခြင်းသာဖြစ်ပြီး ၎င်းစာရင်းထဲတွင် နိုင်ငံခြား၌ တာဝန်ထမ်းဆောင်နေသော သံတမန်များသာ ပါဝင်ကြောင်း သြဂုတ် ၃၀ ရက်နေ့က ရန်ကုန်မြို့၊ ကန်တော်ကြီးပဲလေ့စ် ဟိုတယ်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီး ဦးခင်ရီက ပြောသည်။

“ဒီထဲမှာ မပါသေးတာက နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့သူတွေ။ အဲဒါတွေ ဘယ်လောက်ရှိမယ်ဆိုတာ မသိဘူးပေါ့။ ဆိုပါစို့၊ အဲဒါတွေက ၄ သန်းလောက် ရှိမယ်ဆိုရင် ထည့်ပေါင်းလိုက်တော့ ၅၅ သန်းဖြစ်လာမှာပေါ့။ ၃ သန်းရှိမယ်ဆိုရင် ၅၄ သန်းဖြစ်လာမှာပေါ့။ အရင် ခန့်မှန်းပြောခဲ့သလို မြန်မာနိုင်ငံ လူဦးရေ သန်း ၆၀ ကတော့ ဟိုမှာလည်း လောက်ရှိနေမလဲ မသိသေးတော့ ပြောလို့မရဘူး။ ကျနော်မှန်းတာကတော့ အဲဒီလောက် မရှိဘူးထင်တယ်” ဟု ၎င်းက ဆိုသည်။

ပြည်ပတွင် ရှိနေသော မြန်မာနိုင်ငံ လူဦးရေ အတိအကျကိုမူ လာမည့် ၂၀၁၅ ခုနှစ် မေလလောက်တွင်မှ သိရမည်ဖြစ်ကြောင်း၊ လ၀က အနေဖြင့် ပြည်ပထွက် အလုပ်လုပ်သူများနှင့် ပတ်သက်ပြီး စာရင်းကောက်ယူမှု ရှိခဲ့သော်လည်း တရားဝင် အပေါ်လမ်းမှ ထွက်သွားကြသူများ ရှိသကဲ့သို့ တရားမ၀င် အောက်လမ်းမှ ထွက်သွားကြသူများလည်း ရှိနေသောကြောင့် ထိုစာရင်းများကို လာမည့်နှစ် မေလမှသာ ထုတ်ပြန်နိုင်မည် ဖြစ်ကြောင်း သိရသည်။

လက်ရှိ ကောက်ယူထားသော သန်းခေါင်စာရင်းများတွင် ကချင်ပြည်နယ်၊ မံစီ၊ လွယ်ဂျယ်နှင့် မိုးမောက်မြို့နယ်များရှိ ကချင် လွတ်လွပ်ရေး တပ်မတော် (KIA) ထိန်းချုပ်နယ်မြေ ကျေးရွာအုပ်စု ၂၅ စု အပါအဝင် မကောက်ယူနိုင်သည့် ဒေသများအတွက် ခန့်မှန်းလူဦးရေ ၄၆၆၀၀ ရှိကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာလူမျိုးဟု စာရင်းသွင်းမှသာ ကောက်ခံမည်ဆိုသည့်အတွက် ကောက်ယူနိုင်ခြင်းမရှိခဲ့သော လူဦးရေမှာ ၁ သန်းကျော်ရှိကြောင်း၊ မောင်တော၊ စစ်တွေနှင့် မြောက်ဦးခရိုင်တို့မှဖြစ်ပြီး ရခိုင်ပြည် နယ်အတွင်းရှိ လူဦးရေ၏ ၃၁ ရာခိုင်နှုန်းဖြစ်ကြောင်းသိရသည်။

ကရင်ပြည်နယ်၊ ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၅ ဌာနချုပ် တည်ရှိရာ နယ်မြေရှိ ကျေးရွာများတွင်လည်း သန်းခေါင်စာရင်း မေးခွန်းပုံစံများကို အသုံးပြုပြီး စာရင်းကောက်ယူနိုင်ခြင်း မရှိခဲ့သော်လည်း KNU အဖွဲ့မှ ရရှိသည့် အချက်အလက်များသည် သန်းခေါင်စာရင်း အချက်အလက်များနှင့် အနီးစပ်ဆုံး မှန်ကန်ခဲ့ပြီး သန်းခေါင်းစာရင်း မေးခွန်းပုံစံကို အသုံးပြု ခြင်းမရှိဘဲ ကောက်ယူနိုင်ခဲ့သည့် လူဦးရေမှာ ၆၉၇၅၃ ဦးခန့်ဖြစ်ကြောင်း သိရသည်။

“အခု ရှေ့ပြေးလူဦးရေ စာရင်းတွေအရ မြန်မာနိုင်ငံမှာ မိန်းကလေးဦးရေက ယောက်ျားလေးဦးရေထက် ပိုများနေတာကို တွေ့ရတယ်။ လူဦးရေစုစုပေါင်းရဲ့ ၅၁.၈ ရာခိုင်နှုန်းက မိန်းကလေးဖြစ်ပြီး ၄၈.၂ ရာခိုင်နှုန်းက ယောက်ျားလေးဖြစ်တယ်။ မြို့ပြလူဦးရေ အများဆုံးက ရန်ကုန်နဲ့ ကချင်ဖြစ်ပြီး အနည်းဆုံးက ဧရာဝတီနဲ့ မကွေးတို့ဖြစ်တယ်” ဟု ၀န်ကြီး ဦးခင်ရီက ဆိုသည်။

တိုင်းနှင့် ပြည်နယ် မြို့ကြီးများအနက် လူဦးရေ အများဆုံးမြို့မှာ ရန်ကုန်မြို့ (၅၂၀၉၅၄၁ ဦး) ဖြစ်ပြီး မန္တလေးမြို့သည် ဒုတိယ လူဦးရေ အများဆုံးနှင့် နေပြည်တော်သည် တတိယ လူဦးရေ အများဆုံးဖြစ်သည်။ လူဦးရေ အနည်းဆုံးမှာ ဟားခါး မြို့ (၄၈၂၆၆ ဦး )၊ ထားဝယ် (၁၂၅၂၃၉ ဦး)၊ လွိုင်ကော် (၁၂၈၈၃၇ ဦး) တို့ဖြစ်ကြောင်း သိရသည်။

လူဦးရေ သိပ်သည်းဆအရ ၁ စတုရန်းကီလိုမီတာတွင် ၇၆ ဦးဖြစ်ပြီး လူဦးရေ ထူထပ်ဆုံးမှာ ရန်ကုန်မြို့ဖြစ်သည်။ လူဦးရေ အကျဲပါးဆုံးဒေသမှာ ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့ ဖြစ်ကြောင်း သိရသည်။ ရှေ့ပြေးစာရင်းများအရ ပျှမ်းမျှ တအိမ်ထောင်လျှင် လူ ၄ ဒသမ ၄ ဖြစ်ပြီး အိမ်ထောင်စုဝင် အများဆုံးဖြစ်သည့်နေရာမှာ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ ဖြစ်သည်။ အိမ်ထောင်စုဝင် အနည်းဆုံးနေရာမှာ နေပြည်တော်၊ မကွေး၊ ပဲခူးနှင့် ဧရာဝတီတို့ ဖြစ်သည်။

သန်းခေါင်စာရင်း မကောက်ယူနိုင်ခဲ့သည့် ဒေသများတွင် ရပ်ဆိုင်းထားကြောင်း ထုတ်ပြန်ခဲ့သော်လည်း ဆက်လက် ကောက်ယူနိုင်ရန် ကြိုးစားလျက် ရှိကြောင်းလည်း ဝန်ကြီး ဦးခင်ရီက ဆိုသည်။

လူမျိုးသတ်မှတ်ချက်များနှင့် ပတ်သက်ပြီး ဧရာဝတီ မေးမြန်းရာ “ရခိုင်ပြည်နယ်မှာဆိုရင် ကောက်ယူလို့မရတဲ့ အကြောင်းရင်းတွေကလည်း ဒီလူမျိုးတွေဟာ ဘင်္ဂါလီလူမျိုးတွေ ဖြစ်ပါလျက်နဲ့၊ ဘင်္ဂါလီ အဖြူကတ် ကိုင်ထားပါလျက်နဲ့ နိုင်ငံရေးအရ ရိုဟင်ဂျာလို့ မရေးပေးရင် အကောက်မခံဘူးဆိုလို့ သူတို့က တောင်းခံတာကြောင့် မကောက်ဖြစ်ခဲ့တာပါ။ အဲဒီတော့ အဖြေကရှင်းပါတယ်။ နဂိုတည်းက ဘင်္ဂါလီ အိမ်ထောင်စုစာရင်း ကိုင်ထားတယ်။ သူတို့ဟာ ကျနော်တို့ရဲ့ မှတ်တမ်းတွေအရတော့ ဒီထဲမှာပဲ ပါသွားမှာ ဖြစ်ပါတယ်။ သန်းခေါင်းစာရင်းမှာတော့ သူတို့ ဟာ ကောက်ခံလို့ မရတဲ့အတွက်ကြောင့် ကောက်ခံလို့မရတဲ့ လူဦးရေစာရင်းမှာပဲ ဖော်ပြသွားမှာဖြစ်ပါတယ်” ဟု ဝန်ကြီး ဦးခင်ရီ ကိုယ်စား လူဝင်မှုကြီးကြပ်ရေး အရာရှိတဦးက အဆိုပါသတင်းစာ ရှင်းလင်းပွဲတွင် ပြန်လည် ဖြေကြားခဲ့သည်။

ဧရာဝတီ BLOG

သန်းခေါင်စာရင်း, လူဝင်မှုကြီးကြပ်ရေး, သြဂုတ် ၃၀ ရက်နေ့က ရန်ကုန်မြို့၊ ကန်တော်ကြီးပဲလေ့စ် ဟိုတယ် တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသော လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီး ဦးခင်ရီ (ဓာတ်ပုံ – ဂျေပိုင်/ဧရာဝတီ)








သန်းခေါင်စာရင်း, လူဝင်မှုကြီးကြပ်ရေး, သြဂုတ် ၃၀ ရက်နေ့က ရန်ကုန်မြို့၊ ကန်တော်ကြီးပဲလေ့စ် ဟိုတယ် တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသော လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီး ဦးခင်ရီ (ဓာတ်ပုံ – ဂျေပိုင်/ဧရာဝတီ)
 ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ရှေ့ပြေး လူဦးရေ စာရင်းများအရ ထုတ်ပြန်လိုက်သော မြန်မာနိုင်ငံအတွင်း လူဦးရေ ၅၁ သန်းကျော်တွင် ပြည်ပသို့ ရွှေ့ပြောင်း လုပ်ကိုင်နေကြ သူများ မပါဝင်သေးကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ပထမဆုံးသမ္မတ စပ်ရွှေသိုက်နှင့် မဟာဒေဝီတို့၏ အုတ်ဂူနေရာကို အမြင်တင့်တယ်စေရန် ဒေသခံများလိုလားနေ

Photo: မြန်မာနိုင်ငံ၏ပထမဆုံးသမ္မတ စပ်ရွှေသိုက်နှင့် မဟာဒေဝီတို့၏ အုတ်ဂူနေရာကို အမြင်တင့်တယ်စေရန် ဒေသခံများလိုလားနေ
Saturday, August 30, 2014

ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့၊ ကျောက် တိုင်ဝန်းလမ်းအရှေ့ဘက်ရှိ မြန်မာ နိုင်ငံ၏ ပထမဆုံးသမ္မတကြီးဖြစ်သူ စော်ဘွားကြီးစပ်ရွှေသိုက်နှင့် မဟာ ဒေဝီတို့၏ အုတ်ဂူနေရာသည် မြို့၏အဓိကကျသည့်နေရာတွင် ရှိနေပြီး ယခုအခါ အဆိုပါနေရာ၌ မသန့်ရှင်း သည့်ရေဆိုးရေညစ်များ၊ မြက်ပင်နှင့် အပင်ငယ်များပေါက် ရောက်နေသဖြင့် ရှင်းလင်းမှုပြုလုပ်ရန် လိုအပ်နေ ကြောင်း သိရသည်။

''ကျွန်တော်တို့ရဲ့ ပထမဆုံး သမ္မတကြီး စော်ဘွားကြီး စပ်ရွှေသိုက် ဟာ ခေါင်းဆောင်ကောင်းတစ်ဦးမှာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းများ နဲ့ရှိနေပြီး ဦးဆောင်လမ်းပြပေးခဲ့သူ ဖြစ်ပါတယ်။ ညောင်ရွှေမြို့မှာရှိတဲ့ သူနေထိုင်ခဲ့တဲ့ ဟော်နန်းဟာအခု လက်ရှိယဉ်ကျေးမှုပြတိုက်အနေနဲ့ တည်ရှိနေတာကြောင့် နိုင်ငံခြား သားခရီးသွားဧည့်သည်တွေ နေ့စဉ် လာရောက်လေ့လာကြသလို သူတို့ ရဲ့ အုတ်ဂူကိုလဲ နိုင်ငံခြားသားတွေ လေ့လာကြတဲ့အခါ အခုလိုပြုပြင်မှု မဲ့စွာနဲ့မြင်တွေ့ရင် သူတို့ဘယ်လိုတွေး မလဲဆိုတာမသိဘူး''ဟု ညောင်ရွှေ မြို့မှ ရှမ်းတိုင်းရင်းသားတစ်ဦးက ပြောသည်။ 

သမိုင်းတစ်ခုအဖြစ် တန်ဖိုး ထားသင့်သော သမ္မတကြီး၏အုတ် ဂူအတွင်းရှိ မြက်နှင့်အပင်ငယ်များ၊ ရေဆိုးရေညစ်များနှင့် လူသွားလမ်း များကို တာဝန်ရှိသူများမှ ပြန်လည် ပြုပြင်ပေးရန် ဒေသခံများကလိုလား နေကြောင်း သိရသည်။

KK
Yangon Media Group 

(ဒီမိုကရေစီတူဒေးသတင်းစာမှ ကူးယူဖော်ပြပါသည်။)
ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့၊ ကျောက် တိုင်ဝန်းလမ်းအရှေ့ဘက်ရှိ မြန်မာ နိုင်ငံ၏ ပထမဆုံး သမ္မတကြီးဖြစ်သူ စော်ဘွားကြီးစပ်ရွှေသိုက်နှင့် မဟာ ဒေဝီတို့၏ အုတ်ဂူနေရာသည် မြို့၏အဓိက ကျသည့် နေရာတွင်ရှိနေပြီး ယခုအခါ အဆိုပါနေရာ၌ မသန့်ရှင်း သည့်ရေဆိုးရေညစ်များ၊ မြက်ပင်နှင့် အပင်ငယ်များ ပေါက် ရောက်နေသဖြင့် ရှင်းလင်းမှုပြုလုပ်ရန် လိုအပ်နေ ကြောင်း သိရသည်။

ငြိမ်းချမ်းရေး အိမ်မက်မှ မလန့်နိုးစေချင်

ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်း နိုင်ငံသားတိုင်း မျှော်လင့်နေကြသည့် အပစ်အခတ်ရပ်စဲရေးမှ ထာဝရငြိမ်း ချမ်းရေး ရရှိတော့မှာ ဖြစ်သည့်အတွက် အလွန်ဝမ်းမြောက်ဝမ်းသာ ရပါတယ်။အခုအခါ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးပွဲများကို ကြည့်မယ်ဆိုရင်လည်း တော်တော်လေး ခရီးရောက်နေကြ ပါပြီ။ရှေ့ဆက်ပြီး အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများမှာ နှစ်ဦးနှစ်ဖက်မှ အမှန်တကယ် ငြိမ်းချမ်းရေးကို လိုလားမှု၊ ယုံကြည်မှု၊သစ္စာရှိမှု နှင့် ဆွေးနွေးသူ သည် တာဝန်ခံမှု၊ တာဝန်ယူမှု စသည်တို့ရှိမှသာလျှင် အောင်မြင်မှု ပိုမိုရရှိမှာ ဖြစ်ပါတယ်။

မြန်မာတက္ကသိုလ် ပညာရေး ဘယ်လဲ

ကမ္ဘာကြီးကို ပိုကောင်းသော ပတ်ဝန်းကျင် ဖြစ်စေရန်သော် လည်းကောင်း၊ လူသားတို့၏ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာကို မြှင့်တင်ပေးရန်သော်လည်းကောင်း အဓိကစွမ်းဆောင်ပေးနိုင်သည့်အရာမှာ ပညာရေး ဖြစ်သည်။

Apple က လာမယ့်နှစ် အစောပိုင်းမှာ ၁၂.၉ လက်မ အရွယ်အစား iPad ထုတ်မယ်

Photo: Apple က လာမယ့်နှစ် အစောပိုင်းမှာ ၁၂.၉ လက်မ အရွယ်အစား iPad ထုတ်မယ်
Saturday, August 30, 2014
   
Apple က ၁၂.၉ လက်မ မျက်နှာပြင်အကျယ်ရှိ အရွယ်အစားပိုကြီးတဲ့ iPad ကို ထုတ်လုပ်ဖို့ လုပ်ဆောင်လျက်ရှိနေပါတယ်။ ၎င်း iPad ကို လာမယ့်နှစ်ဆန်းပိုင်းလောက်မှာ စတင်ထုတ်လုပ်ဖို့ စီစဉ်ထားတယ်လို့ Bloomberg သတင်းအရ သိရပါတယ်။ ဒီအရွယ်အစား ပိုမိုကြီးမားတဲ့ iPad ကို ဘယ်ချိန်မှာ တကယ်ထွက်ရှိလာလိမ့်မယ်ဆိုတာတော့ ဖော်ပြထားခြင်းမရှိပေမဲ့ ဒီအရွယ်အစားနဲ့ ထုတ်လုပ်ဖို့ ကြိုးစားနေကြောင်း သတင်းဌာနတွေ တစ်နှစ်ခန့်ပြောဆိုလာခဲ့ပြီးပြီမို့ အခု နောက်ဆုံးမှာတော့ ဒီလို ဖြစ်လာဖို့ အတော်လေး ဖြစ်နိုင်ချေရှိနေပါတယ်။ Apple ရဲ့ လက်ရှိထုတ်လုပ်ထားတဲ့ Air နဲ့ Mini iPad တွေဟာ ၉.၇ နဲ့ ၇.၉ လက်မ မျက်နှာပြင်တွေရှိကြပါတယ်။ ၁၂.၉ လက်မအရွယ်အစားနဲ့ဆိုရင် ဒီပြောဆိုဖော်ပြထားတဲ့ iPad ဟာ MacBook Air ကဲ့သို့သော လက်ပ်တော့ပ်ကွန်ပျူတာတစ်လုံးရဲ့ အရွယ်အစားနဲ့ ပိုမိုနှီးစပ်မှု ရှိလာပါလိမ့်မယ်။

iPad ကို တစ်ထူးတခြား ကြီးမားတဲ့ Tablet တစ်ခု ဖြစ်သွားစေမှာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ဒီစိတ်ကူး အကြံဥာဏ်ဟာ ရှေ့လမှာ အရွယ်အစားပိုကြီးတဲ့ iPhone နှစ်မျိုးကို ထုတ်လုပ်သွားမယ့်စကားနဲ့အတူ Apple ကနေ စီစဉ်ထားတဲ့ အစီအစဉ်နဲ့တော့ တစ်ထပ်တည်းကျပါတယ်။ အခုအချိန်ထိအောင်တော့ မျက်နှာပြင် ပိုမိုကျယ်ပြန့်တဲ့ Tablet အတွက် ပြင်ဆင်လုပ်ဆောင်ချက် အမြောက်အမြားမရှိသေးတာကြောင့် Apple ကုမ္ပဏီအနေနဲ့ စမတ်ဖုန်းတုန်းကလို ပြင်ဆင်ချက် ဘာမှမလုပ်ရသေးဘဲ နောက်တစ်ကြိမ် မထုတ်ဖော်ချင်တော့တဲ့ ပုံရှိနေပါတယ်။

Source: theverge
Trend Myanmar
Apple က ၁၂.၉ လက်မ မျက်နှာပြင်အကျယ်ရှိ အရွယ်အစားပိုကြီးတဲ့ iPad ကို ထုတ်လုပ်ဖို့ လုပ်ဆောင် လျက် ရှိနေပါတယ်။ ၎င်း iPad ကို လာမယ့်နှစ်ဆန်းပိုင်းလောက်မှာ စတင်ထုတ်လုပ်ဖို့ စီစဉ်ထားတယ်လို့ Bloomberg သတင်းအရ သိရပါတယ်။

ရန်ကုန်လူဦးရေ အများဆုံး၊ အနည်းဆုံး ကယားပြည်နယ် – လ၀ကညွှန်မှူး ဒေါက်တာခိုင်ခိုင်စိုး

Photo: ရန်ကုန်လူဦးရေ အများဆုံး၊ အနည်းဆုံး ကယားပြည်နယ် – လ၀ကညွှန်မှူး ဒေါက်တာခိုင်ခိုင်စိုး
Saturday, August 30, 2014

မြန်မာပြည်မှာ လူဦးရေ ၅၁ သန်းကျော်ရှိပြီး ဒီထဲ ရန်ကုန်တိုင်းက လူဦးရေ ၇ သန်းကျော်နဲ့ လူဦးရေ အများဆုံးနေထိုင်နေကြပြီး ကယားပြည်နယ်က လူဦးရေ ၂ သိန်းကျော်နဲ့ လူဦးရေ အနည်းဆုံးနေထိုင်ကြတယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်စိုးက ပြောပါတယ်။
ထိုင်းတို့ မလေးရှားတို့လို နိုင်ငံတွေမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာ အလုပ်သမား လူဦးရေစာရင်းကိုတော့ ၂၀၁၅ ခုနှစ် မေလကျမှ ထုတ်ပြန်ပေးနိုင်မယ်လို့ ပြောပါတယ်။

ဒါ့အပြင် အရင် အစိုးရက မြန်မာပြည်လူဦးရေ သန်း ၆၀ လို့ သုံးနှုန်းပြောဆိုခဲ့တာဟာ မွေးစာရင်း သေစာရင်းတို့ကိုကြည့်ပြီး ခန့်မှန်းသုံးနှုန်း ပြောကြားခဲ့တာလို့လည်း သူက ပြောပါတယ်။

ဒေါက်တာခိုင်ခိုင်စိုးကို ဒီဗွီဘီဝိုင်းတော်သား ကိုရွှေအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ရွှေအောင် (ဒီဗွီဘီ)

ပြည်သူ့အင်အားဦးစီးဌာနညွှန်ကြားရေးမှူး ဒေါက်တာ ခိုင်ခိုင်စိုး
ပြည်သူ့အင်အားဦးစီးဌာနညွှန်ကြားရေးမှူး ဒေါက်တာ ခိုင်ခိုင်စိုး
မြန်မာပြည်မှာ လူဦးရေ ၅၁ သန်းကျော်ရှိပြီး ဒီထဲရန်ကုန်တိုင်းက လူဦးရေ ၇ သန်းကျော်နဲ့ လူဦးရေ အများ ဆုံး နေထိုင်နေကြပြီး ကယားပြည်နယ်က လူဦးရေ ၂ သိန်းကျော်နဲ့ လူဦးရေ အနည်းဆုံး နေထိုင်ကြ တယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်စိုးက ပြောပါတယ်။

မလေးရှားတွင် မြန်မာတစ်ဦးကို သတ်၍ အပိုင်းပိုင်းဖြတ်သူများ မြန်မာနိုင်ငံသားများဟုထွက်ဆို

Photo: မလေးရှားတွင် မြန်မာတစ်ဦးကို သတ်၍ အပိုင်းပိုင်းဖြတ်သူများ မြန်မာနိုင်ငံသားများဟုထွက်ဆို
Saturday, August 30, 2014

မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားတစ်ဦးကို  သတ်ဖြတ်ပြီး ခန္ဓာကိုယ်အပိုင်း အစများစွန့်ပစ်ခဲ့သူလေးဦးကို မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီးရာ အဆိုပါလေးဦး က မြန်မာနိုင်ငံသားဟုဝန်ခံထားကြောင်း သတင်းရရှိသည်။

မလေးရှားနိုင်ငံတွင်နေထိုင် သော ကိုသက်ဆိုသူ မြန်မာနိုင်ငံ သားကို ယခုဖမ်းဆီး ခံထားရသူ လေးဦးက သြဂုတ် ၁ ရက်တွင်သတ်ဖြတ်ခဲ့သည်။ သတ်ဖြတ်သူများ သည် ကိုသက်၏ခန္ဓာကိုယ်အပိုင်းအစများကို ပလတ်စတစ် အိတ် ဖြင့်ထည့်၍ အဝေးပြေးလမ်းတွင် သွားရောက်စွန့်ပစ်ရာ ကားတိမ်း မှောက် ရာမှ ဖမ်းဆီးမိခြင်းဖြစ် ကြောင်း မလေးရှားနိုင်ငံ The Star သတင်းဌာန ကဖော်ပြထား သည်။

ဖမ်းဆီးခံထားရပြီး မြန်မာ နိုင်ငံသားဟု ဝန်ခံထားသောသူ များမှာ ကိုမျိုးမြင့်၊  မိုဟာမက်ဟတ်ဆန်အလီ၊ ရှာဟစ်အုတ်မန်းနှင့်ဟာဂျီအစ်မေးလ်တို့ဖြစ်ကြောင်း အဆိုပါသတင်းဌာနက ဖော်ပြထားသည်။

 ‘‘လူသတ်ပြီးဖမ်းဆီးခံရတဲ့ သူတွေက မြန်မာနိုင်ငံသားလို့ ရဲ ဌာနကိုပြောထား တယ်။ သူတို့က မြန်မာတစ်ယောက်ကိုသတ်ခဲ့ တယ်လို့လည်း ပြောထားတယ်။ သူတို့ရုပ်တွေကြည့်ရတာ မြန်မာ နိုင်ငံသားတွေမဖြစ်နိုင်ဘူး။ ရဲဌာနကိုသေ ချာအောင် စိစစ်ချက်တွေ တောင်းထားတယ်။ သတင်းဌာနတွေ ကတော့ မြန်မာနိုင်ငံသားလို့ရေးသားထားတယ်။ မဖြစ်နိုင်ပါဘူး’’ဟု မလေးရှားနိုင်ငံ မြန်မာသံရုံးမှတာဝန်ရှိသူတစ်ဦးကပြောသည်။

ဖမ်းဆီးခံရသူလေးဦးအနက်ကိုမျိုးမြင့်နှင့် မိုဟာမက်ဟတ်ဆန် အလီတို့ကို စစ်ဆေးပြီးဖြစ်သော် လည်း ရှာဟစ်အုတ်မန်းနှင့် ဟာဂျီအစ်မေးလ်တို့ကို ဘာသာ စကား အခက်အခဲများကြောင့် စက်တင်ဘာ ၂၄ ရက်တွင် ရုံးချိန်း ထုတ်၍စစ်ဆေးသွားမည်ဟု The Star သတင်းဌာနကဖော်ပြထား သည်။

‘‘မလေးရှားမှာ တချို့တရား  ခံတွေက သူတို့ဖမ်းမိပြီဆိုရင် မြန် မာနိုင်ငံသားလို့ ဝန်ခံကြတယ်။ အဲဒီလိုဝန်ခံပြီဆိုရင် မလေးရှားမှာ လုပ်နေတဲ့  မြန်မာတွေ အတွက် ပြဿနာတော်တော်ရှိတယ်။ တချို့ ဘာသာခြားတွေ ပြစ်မှုလုပ်မိလို့ အဖမ်းခံရရင် အဲဒီလိုဝန်ခံ တာပဲ’’ဟု မလေးရှားနိုင်ငံ၊ ကွာ လာလမ်ပူမြို့တွင် နေထိုင်သော ကိုမျိုးမင်းကပြောသည်။

7Day DAILY 

မြန်မာနိုင်ငံသားတစ်ဦးကို သတ်ဖြတ်ပြီး အပိုင်းပိုင်းဖြတ်သော လူသတ်မှု စွဲချက်ဖြင့် မလေးရှားတွင် တရားရင်ဆိုင်နေရသူလေးဦးကိုတွေ့ရစဉ် ( thestar.com.my )
မြန်မာနိုင်ငံသားတစ်ဦးကို သတ်ဖြတ်ပြီး အပိုင်းပိုင်းဖြတ်သော လူသတ်မှု စွဲချက်ဖြင့် မလေးရှားတွင် တရားရင်ဆိုင်နေရသူလေးဦးကိုတွေ့ရစဉ် ( thestar.com.my )
မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားတစ်ဦးကို  သတ်ဖြတ်ပြီး ခန္ဓာကိုယ်အပိုင်း အစများစွန့်ပစ်ခဲ့ သူလေးဦးကို မလေးရှားရဲတပ်ဖွဲ့ကဖမ်းဆီးရာ အဆိုပါလေးဦးက မြန်မာနိုင်ငံသားဟုဝန်ခံထားကြောင်း သတင်း ရရှိသည်။

မဟာသိန္တိသုခကိစ္စ ဦးဆန်းဆင့်မပါဟု သာသနာရေးဝန်ကြီးဦးစိုးဝင်း ထွက်ဆို

Photo: မဟာသိန္တိသုခကိစ္စ ဦးဆန်းဆင့်မပါဟု သာသနာရေးဝန်ကြီးဦးစိုးဝင်း ထွက်ဆို
Saturday, August 30, 2014

ညအချိန်မတော် မဟာသိန္တိသုခဘုန်းကြီးကျောင်းကို ၀င်ရောက်စီးနင်းခဲ့ရာတွင် သာသနာရေးဝန်ကြီး ဟောင်းဦးဆန်းဆင့် ပါဝင်ပတ်သက်ခြင်းမရှိဟု လက်ရှိတာဝန်ထမ်းဆောင်နေသော သာသနာရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးဝင်းက ဒက္ခိဏခရိုင်တရားရုံးတွင် ထွက်ဆိုသည်ဟု တရားလွှတ် တော်ရှေ့နေ ဦးတင်ထွန်းက ပြောသည်။

တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်း က “(၁၁) ကြိမ်မြောက် ရုံးချိန်းတုန်းက ဦးစိုးဝင်းနဲ့ ဦးမြင့်ဆွေတို့ အကောင်အထည်ဖော်တဲ့ မဟာသိန္တိသုခကျောင်းတိုက်ကိစ်္စမှာ ဦးဆန်းဆင့် မပါဝင်ကြောင်း ထွက်ဆိုသွား တယ်။ တို့နဲ့မဆိုင်တာမပါတာဆို မပြော ချင်ဘူး” ဟု သြဂုတ်လ ၂၉ ရက် တရားခွင်တွင် ထွက်ဆိုခဲ့သည်ကို ပြောသည်။

မဟာသိန္တိသုခကျောင်းတိုက်ကိစ်္စတွင် ဦးဆန်းဆင့်ပါဝင်ပတ်သက်ခြင်း တစ်စုံတစ်ရာ မရှိသည့်အတွက်တရားလွှတ်တော် ရှေ့နေ ဦးတင်ထွန်းက ဦးဆန်းဆင့်နှင့် သက်ဆိုင်သောကိစ္စများကိုသာ ဆောင်ရွက် လိုခြင်းဟုရည်ညွှန်းပြောကြားသည်။

ပြစ်မှုကြီးမှု ၄၂/၁၄ ပုဒ်မ ၁၂၄(က) အတွက် ပြန်ကြားရေးဒုဝန်ကြီး ဦးပိုက်ထွေး၊ နိုင်ငံခြားရေး ဒု-၀န်ကြီး ဦးတင်ဦးလွင်၊ အမျိုးသား လွှတ်တော်ညွှန်ချုပ် (ယခင် သမ္မတရုံးဒု-ညွှန်ချုပ်) ဦးကြည်မင်းတို့ သုံးဦးအား (၁၂)ကြိမ်မြောက်ရုံးချိန်တွင် ဒက္ခိဏခရိုင်တရားရုံး၌ စစ်ဆေးခဲ့သည်။

သို့ရာတွင် ယင်းလိုပြသက်သေသုံးဦး စစ်ဆေးပြီးချိန်၌ နိုင်ငံတော်ဘက်မှ လိုက်ပါဆောင်ရွက်နေသည့် အကျိုးတော်ဆောင်များက ပုဒ်မ ၁၂၄(က)တွင် သက်သေ အားလုံး ၃၆ ယောက်အနက် ၁၉ ယောက် စစ်ဆေးခဲ့ပြီးပုဒ်မ-၄၀၉ အတွက် သက်သေ၂၈ ယောက် တွင် ၁၃ ယောက် စစ်ဆေးပြီး သည့်အခြေအ နေတွင် ဦးဆန်းဆင့်အား စွဲချက်တင်သင့်မတင်သင့် လျှောက်လဲပါရစေဟု ရုံးတော် သို့ မေးမြန်းခဲ့ကြောင်း ဦးတင်ထွန်းက ဆိုသည်။

ဦးဆန်းဆင့်၏ရှေ့နေက “ကျွန်တော်တို့ ဘက်ကလည်း စွဲချက်မတင်ထိုက်ကြောင်း ပြောခွင့်ရှိတာပေါ့၊ လာ မယ့်ရုံးချိန်းစက်တင် ဘာလ ၂ ရက် အင်္ဂါနေ့မှာ စွဲချက်တင်သင့်မတင်သင့် နှစ်ဖက်လျှောက်လဲမယ်”ဟု မဇ္ဈိမကို ပြောသည်။

မဇ္ဈိမ
ညအချိန်မတော် မဟာသိန္တိသုခဘုန်းကြီးကျောင်းကို ၀င်ရောက်စီးနင်းခဲ့ရာတွင် သာသနာရေးဝန်ကြီး ဟောင်း ဦးဆန်းဆင့် ပါဝင်ပတ်သက်ခြင်းမရှိဟု လက်ရှိတာဝန်ထမ်းဆောင်နေသော သာသနာရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးဝင်းက ဒက္ခိဏခရိုင်တရားရုံးတွင် ထွက်ဆိုသည်ဟု တရားလွှတ် တော်ရှေ့နေ ဦးတင်ထွန်းက ပြောသည်။

ရန်ကုန်မြို့သစ် စီမံကိန်း သတင်း ထုတ်ပြန်ချက်

Photo: ရန်ကုန်မြို့သစ် စီမံကိန်း သတင်း ထုတ်ပြန်ချက်
Saturday, August 30, 2014

၁။ ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော် တည်ဆောက်ရာတွင် အုပ်ချုပ်ရေးအဖွဲ့ အစိုးရ အနေဖြင့် ရန်ကုန်မြို့၏ လူဦးရေနှင့် လူမှုစီးပွားရေး အခြေအနေများ လျင်မြန်စွာ ဖွံ့ဖြိုး တိုးတက် ပြောင်းလဲလာမှုကြောင့် မြို့တိုးချဲ့ တည်ဆောက်ပေးရန် အထူးလိုအပ် လျက် ရှိပါသည်။ ထိုသို့ မြို့တိုးချဲ့မှုကို လက်ရှိရန်ကုန်မြို့၏ အနောက် ဘက်တွင် ပန်းလှိုင်မြစ်နှင့် တွံတေးတူးမြောင်း အကြား လှိုင်မြစ်နှင့် လှိုင်သာယာ- တွံတေး ကားလမ်း အကြား မြေနေရာများကို လျာထားပါသည်။

၂။ အစိုးရသစ် တာဝန်ယူသည့် ကာလမှ စတင်၍ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းများကို နိုင်ငံတကာမှ ပံ့ပိုးကူညီမှု များဖြင့် အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ လူထုဆန္ဒ သဘောထားများ လေ့လာ ဆန်းစစ်ခြင်း၊ ဖြည့်ဆည်းပေးရမည့် အခြေခံ အဆောက် အအုံများ အပါအဝင် ဖြစ်နိုင်စွမ်းလေ့လာ ဆန်းစစ်ခြင်း၊ Conceptual Plan များ ရေးဆွဲခြင်း တို့ကို ဆောင်ရွက် ခဲ့ပါသည်။ နိုင်ငံတော် အပိုင်းမှ ထိုသို့ ဆောင်ရွက်သကဲ့သို့ ပုဂ္ဂလိက ကဏ္ဍမှ စိတ်ဝင်စား သူများကလည်း မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းများကို စွမ်းဆောင်နိုင်မှု အတိုင်းအတာ အလိုက် ရင်းနှီးမြှုပ်နှံ၍ ပူးပေါင်းပါဝင် ဆောင်ရွက် ခဲ့ကြပါသည်။

၃။ ယခု အကောင်အထည်ဖော် ဆောင်ရွက်မည့် ရန်ကုန်မြို့သစ် စီမံကိန်းသည် အခြားစီမံကိန်းများ တည်ဆောက်သကဲ့သို့ နိုင်ငံတော်၏ ဘဏ္ဍာငွေ ကုန်ကျသုံးစွဲမှု မပြုဘဲ ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှုကို ဖော်ဆောင်ပြီး Developer များ၊ ဒေသခံ ပြည်သူလူထု များအပြင် လူတန်းစား အလွှာ အသီးသီးနှင့် ရင်းနှီးမြှုပ်နှံလိုသူများ အားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဖော်ဆောင်ပေးရန် ရည်မှန်းပြင်ဆင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

၎။ ယခုအချိန်တွင် ရန်ကုန်မြို့သစ် စီမံကိန်း အကောင်အထည် ဖော်ရန် နိုင်ငံတော်သို့ တင်ပြပြီး ခွင့်ပြုချက် ရယူလျက် မြို့မြေ သတ်မှတ်ရေး လုပ်ငန်းစဉ်များကို တည်ဆဲ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များ နှင့်အညီ ဆက်လက် ဆောင်ရွက် လျက်ရှိပါသည်။

၅။ သို့ဖြစ်ပါ၍ မကြာမီ အချိန်ကာလတွင် ပွင့်လင်းမြင်သာစွာဖြင့် ရန်ကုန်မြို့သစ် စီမံကိန်း Developer တင်ဒါခေါ်ယူခြင်းကို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် အားလုံး ပူးပေါင်းပါဝင်နိုင်သည့် အခွင့်အလမ်းများကို ဖန်တီးပေးသွား မည် ဖြစ် ပါကြောင်း အသိပေး တင်ပြအပ်ပါသည်။

ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့
မြ၀တီ
၁။ ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော် တည်ဆောက်ရာတွင် အုပ်ချုပ်ရေးအဖွဲ့ အစိုးရအနေဖြင့် ရန်ကုန်မြို့၏ လူဦးရေနှင့် လူမှုစီးပွားရေး အခြေအနေများ လျင်မြန်စွာ ဖွံ့ဖြိုး တိုးတက် ပြောင်းလဲ လာမှုကြောင့် မြို့တိုးချဲ့ တည်ဆောက်ပေးရန် အထူးလိုအပ် လျက် ရှိပါသည်။ ထိုသို့ မြို့တိုးချဲ့မှုကို လက်ရှိ ရန်ကုန်မြို့၏ အနောက် ဘက်တွင် ပန်းလှိုင်မြစ်နှင့် တွံတေးတူးမြောင်း အကြား လှိုင်မြစ်နှင့် လှိုင်သာယာ- တွံတေး ကားလမ်း အကြား မြေနေရာများကို လျာထားပါသည်။

အရက်ကင်းစင်စံပြရပ်ကွက်၊ ကျေးရွာများ ဖော်ထုတ်မည်ဟုဆို

အရက်သောက်သုံးမှုထိန်းချုပ်လျှော့ချနိုင်ရေးအတွက် အရက်ကင်းစင်စံပြကျေးရွာ၊ ရပ်ကွက်များ ဖော်ထုတ် သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

Wealth-X မှ ထုတ်ပြန်သော ဥရောပတွင် အချမ်းသာဆုံးဘောလုံးသမား ၁၀ဦး

လန်ဒန်− ၂၀၁၄-၁၅ ခုနှစ် ဥရောပဘောလုံးရာသီ စတင်ချိန်မှာပင် Wealth-X ကုမ္ပဏီက ဥရောပ ဘောလုံး လိဂ်များမှ အချမ်းသာဆုံးကစားသမား ၁၀ ဦးကို ထုတ်ပြန်ခဲ့ရာ ရီးရဲလ်ကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်ဒိုက ခန့်မှန်းခြေ ကန်ဒေါ်လာ သန်း ၂၃၀ ကြွယ်ဝမှု ဖြင့် ဦးဆောင်နေသည်။

ကလေးမြို့သစ် စီမံကိန်း မြေဧက ၁၅၉၀ သုံးမည်ဟုဆို

Photo: ကလေးမြို့သစ် စီမံကိန်း မြေဧက ၁၅၉၀ သုံးမည်ဟုဆို
Saturday, August 30, 2014

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ကွက်သစ် စီမံကိန်းအတွက် ဧက ၁၅၉၀ အသုံးပြုမည် ဖြစ်ပြီး ယင်းစီမံကိန်းအတွင်း စီးပွားရေး၊ သာသနာရေး၊ အုပ်ချုပ်ရေးနှင့် အိမ်ရာစီမံကိန်းများ ပါဝင်မည် ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သန်းက ပြောကြားသည်။

“တိုင်းဒေသကြီး ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်မှုနဲ့ နေရာတွေ ရွေးချယ်တဲ့အခါ ကလေးမြို့ရဲ့ တောင်ဘက်၊ ကလေး-ဂန့်ဂေါလမ်း နေရာကို ရွေးချယ်ခဲ့တယ်။ အဲဒီမှာက လယ်မြေတွေ များတယ်” ဟု ၎င်းကဆိုသည်။

လက်ရှိကလေးမြို့တွင် လူဦးရေ သုံးသိန်းခန့်ရှိပြီး နောင်အနှစ် ၂၀ တွင် ပျမ်းမျှလူဦးရေ ၁ ဒသမ ၅ သန်းခန့် ရှိလာမည်ဖြစ်ရာ အိမ်ရာလိုအပ်ချက် တစ်သိန်းခန့် ရှိမည်ဟု ခန့်မှန်းထားကြောင်း၊ လက်ရှိ ကလေးမြို့၏ မြို့ပြဖွံ့ဖြိုးမှု ပုံစံအရ နောင်တစ်ချိန်တွင် ဖွံ့ဖြိုးတိုးတက်လာနိုင်သည့် မြို့ရှောင်လမ်း၏ တောင်ဘက်ကြား နေရာကို တိုးချဲ့မည့် မြို့ပြနေရာအဖြစ် သတ်မှတ်ထားကြောင်း၊ ယင်းနေရာမှာ မြို့လှရပ်ကွက်နှင့် အောင်သစ္စာရပ်ကွက် နှစ်ခုကြားတွင် ဖြစ်ကြောင်း ဦးခင်မောင်သန်းက ရှင်းပြသည်။

အထက်ချင်းတွင်း ဒေသရှိ မြို့များတွင် ကလေးမြို့သည် ဖွံ့ဖြိုးမှု အားအကောင်းဆုံး ခရိုင်မြို့ဖြစ်ပြီး မကြာမီနှစ်များတွင် အခြားသော မြို့ကြီးများနည်းတူ ခေတ်မီ တိုးတက်လာမည် ဖြစ်ကြောင်း ကလေးမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ ဥက္ကဋ္ဌ ဦးသန်းထွန်းက ပြောကြားသည်။

လက်ရှိ လျာထားသော နေရာမှာ မြို့ကွက်သစ်အတွက် နေရာ ကောင်းမွန်သော်လည်း လယ်ယာမြေများ ပါနေသဖြင့် ဒေသခံ တောင်သူများနှင့် ညှိနှိုင်းမှုများ ပြုလုပ်ရန်လိုကြောင်း မြို့မိမြို့ဖ တစ်ဦးက ဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ကလေး၊ တမူး၊ ရွှေဘို၊ မုံရွာ စသော မြို့များတွင် မြို့သစ်စီမံကိန်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရထံမှ သိရသည်။

The Voice Weekly
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ကွက်သစ် စီမံကိန်းအတွက် ဧက ၁၅၉၀ အသုံးပြုမည် ဖြစ်ပြီး ယင်းစီမံကိန်းအတွင်း စီးပွားရေး၊ သာသ နာရေး၊ အုပ်ချုပ်ရေးနှင့် အိမ်ရာစီမံကိန်းများ ပါဝင်မည် ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သန်း က ပြောကြား သည်။

ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ စိုးမြတ်နန္ဒာ၊ ဂျေမီနဲ့ ခင်ပွန်းဖြစ်သူ နိုင်းနိုင်းတို့ကို ရေခဲပုံးလောင်း လှုပ်ရှားမှုမှာပါဝင်ဖို့ စိန်ခေါ်ခဲ့တဲ့ စန္ဒီချို

Photo: ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ စိုးမြတ်နန္ဒာ၊ ဂျေမီနဲ့ ခင်ပွန်းဖြစ်သူ နိုင်းနိုင်းတို့ကို ရေခဲပုံးလောင်း လှုပ်ရှားမှုမှာပါဝင်ဖို့ စိန်ခေါ်ခဲ့တဲ့ စန္ဒီချို
Saturday, August 30, 2014

သူငယ်ချင်းဖြစ်သူရဲ့ စိန်ခေါ်မှုကို လက်ခံအပြီး ရေခဲရေလောင်းသည့် လှုပ်ရှားမှုတွင် ပါဝင်ရန် ခင်ပွန်းဖြစ်သူအပါအဝင်သရုပ်ဆောင်ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ စိုးမြတ်နန္ဒာ၊ အဆိုတော်ဂျေမီနှင့် မိတ်ဆွေအချို့ကို နိုင်းနိုင်း၏ ဇနီးစန္ဒီချိုက စိန်ခေါ်လိုက်သည်။

 အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကလေးငယ်လေးဦးနှင့်အတူ နေထိုင်နေသော စန္ဒီချိုက အာရုံကြောဝေဒနာခံစားနေရသူများအား ကူညီသည့်အနေဖြင့်ပြုလုပ်သော လှုပ်ရှားမှုဖြစ်သည့် ရေခဲတုံးများထည့်ထားသည့် ရေပုံးကိုခေါင်းပေါ်လောင်းချသည့် လှုပ်ရှားမှုကို သူငယ်ချင်းတစ်ဦး၏စိန်ခေါ်မှုကို လက်ခံသည့်အနေဖြင့် ကိုယ်တိုင်ပါဝင်ခဲ့သလို ALS အဖွဲ့အစည်းသို့ အလှူငွေဒေါ်လာတစ်ရာ လှူဒါန်းခဲ့ကြောင်း ၎င်းက ပြောသည်။

၎င်း၏ ရေခဲရေပုံးလောင်း လှုပ်ရှားမှု ဗီဒီယိုဖိုင်အတိုကို ကိုယ်ပိုင်ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင်တင်ခဲ့ပြီး ထိုနေရာမှပင်မိတ်ဆွေများကို ပါဝင်ရန်ဖိတ်ခေါ်ခဲ့ကာ ထိုလှုပ်ရှားမှုမှာကောင်းသော လှုပ်ရှားမှုဖြစ်သည်ကို မမေ့ရန်တိုက်တွန်းထားသည်။

ဇနီးဖြစ်သူ၏ စိန်ခေါ်မှုကို ပြင်ဦးလွင်မြို့တွင် ရိုက်ကူးရေးအတွက်ရောက်ရှိနေ သော သရုပ်ဆောင်နိုင်းနိုင်းကလက်ခံခဲ့ကာ ရေခဲရေလောင်းသည့် လှုပ်ရှားမှုကိုပြုလုပ်ခဲ့သည်ဟု စန္ဒီချိုက ပြောသည်။

  ရေခဲရေခေါင်းပေါ်မှ လောင်းချကာ မိမိနှင့် ရင်းနှီးသူများကိုပါ လိုက်ပါပြုလုပ်ရန် စိန်ခေါ်သည့် Ice Bucket Challenges လှုပ်ရှားမှုမှာ အာရုံကြောဝေဒနာခံစားနေရသည့် ဝေဒနာရှင်များကို စာနာတတ်စေရန်နှင့် ရန်ပုံငွေရရှိရန် ပြုလုပ်ကြသည့် ပရဟိတလှုပ်ရှားမှုဖြစ်ပြီး ကမ္ဘာကျော်အနုပညာရှင်များက ယင်းတို့၏ အောင်မြင်ကျော်ကြားမှုကို အသုံးချကာ လူအများကြား ပိုမိုပျံ့နှံ့စေရန်လုပ်ဆောင်ရင်း တဖြည်းဖြည်းရေပန်းစားထင်ရှားလာခဲ့သည်။ 

7Day DAILY 

ဓာတ်ပုံ - စန္ဒီချိုဖေ့စ်ဘွတ်ခ်
ဓာတ်ပုံ - စန္ဒီချိုဖေ့စ်ဘွတ်ခ်
သူငယ်ချင်းဖြစ်သူရဲ့ စိန်ခေါ်မှုကို လက်ခံအပြီး ရေခဲရေလောင်းသည့် လှုပ်ရှားမှုတွင် ပါဝင်ရန် ခင်ပွန်းဖြစ်သူ အပါအဝင်သရုပ်ဆောင်ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ စိုးမြတ်နန္ဒာ၊ အဆိုတော်ဂျေမီနှင့် မိတ်ဆွေအချို့ကို နိုင်းနိုင်း၏ ဇနီးစန္ဒီချိုက စိန်ခေါ်လိုက်သည်။

ဘန်လေနှင့် ပွဲတွင် ဒီမာရီယာ ပါဝင်လာမည်ဟု ဗန်ဂါးလ် အတည်ပြု

Photo: ဘန်လေနှင့် ပွဲတွင် ဒီမာရီယာ ပါဝင်လာမည်ဟု ဗန်ဂါးလ် အတည်ပြု
Saturday, August 30, 2014

ယနေ့ည ဘန်လေနှင့်ပွဲတွင် ဗြိတိသျှ စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ဝယ်ယူထားသည့် ကစားသမားသစ် အိန်ဂျယ်လ် ဒီမာရီယာ ပွဲထွက်လာမည်ဟု မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်က အတည်ပြု ပြောကြားခဲ့သည်။
 
အာဂျင်တီးနား လက်ရွေးစင် ဒီမာရီယာသည် ရီးယဲလ်မက်ဒရစ်မှ ယူနိုက်တက်သို့ ပေါင်စတာလင် သန်း(၆၀)ဖြင့် ကူးပြောင်း ရောက်ရှိခဲ့သူ ဖြစ်သည်။ ၎င်းသည် အီတလီ နိုင်ငံသား ပတ်စ်ပို့တ် ကိုင်ဆောင်ထားခြင်းကြောင့် အလုပ်လုပ်ခွင့် ပါမစ် မလိုအပ်ဘဲ အင်္ဂလန်တွင် ကစားနိုင်မည် ဖြစ်သည်။ ၎င်း၏ အာဂျင်တီးနား အသင်းဖော်ဖြစ်သည့် မားကို့စ်ရိုဂျိုမှာမူ တာ့ဖ်မောရ်တွင် ကစားမည့် ပွဲစဉ်သို့ အသင်းနှင့်အတူ လိုက်ပါနိုင်မည် မဟုတ်ကြောင်း ဗန်ဂါးလ်က ပြောကြားခဲ့သည်။ ရိုဂျိုသည် စပို့တင်း လစ္စဘွန်းမှ ပြောင်းရွှေ့လာပြီးနောက် အလုပ်လုပ်ခွင့်ပါမစ် ကိစ္စ မပြီးပြတ်သေးချေ။
 
ဗန်ဂါးလ်က “လေ့ကျင့်ရေးကွင်းမှာ ဒီမာရီယာကို ကျွန်တော် တကယ်ပဲ အထင်ကြီးသွားမိတယ်။ သူ့ရဲ့ ပထမဆုံး လေ့ကျင့်ခန်း ဆင်းတဲ့အချိန်မှာ တစ်သင်းလုံးလည်း အထင်ကြီးသွားတယ်။ ဒုတိယတစ်ကြိမ် လေ့ကျင့်တော့ အရင်လောက် မဟုတ်တော့ဘူး။ သူက အသင်းနဲ့ ကောင်းကောင်း အသားကျနေတယ်။ ကစားသမားတွေကလည်း သူ့ကို မစိမ်းတော့ဘူး။ ယူနိုက်တက် ကစားသမားတွေ အနေနဲ့လည်း သူနဲ့ သင့်တော်အောင် ပံ့ပိုး ကစားပေးဖို့ လိုပါတယ်။ ကျွန်တော်ကတော့ သူဟာ အဆင်သင့် ဖြစ်နေပြီလို့ ယုံကြည်တယ်။ သူ့မှာ လုံလောက်တဲ့ ကြံ့ခိုင်မှု ရှိတယ်။ ရီးယဲလ်မှာလည်း သူပွဲတချို့ ကစားခဲ့တဲ့အတွက် အခုအချိန်မှာ ပွဲထွက်ဖို့ အဆင်သင့်ပါပဲ။ သူကိုယ်တိုင်ကလည်း အရမ်းကစားချင်နေတယ်။ အသင်းကို အကူအညီ ပေးချင်တယ်။ ကျွန်တော် ကိုယ်တိုင်လည်း သူ့ရဲ့ ပွဲဦးထွက်မှာ ဘာတွေလုပ်ပြမလဲ ဆိုတာကို အရမ်းသိချင်နေမိပြီ” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။
 
ဗန်ဂါးလ်က ရိုဂျိုနှင့် ပတ်သက်ပြီးမူ “ဒါကတော့ အချိန်စောင့်ရမယ့် ကိစ္စပါ။ ကျွန်တော်က ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး ကလပ်အသင်း တစ်ခုရဲ့ မန်နေဂျာ ဖြစ်ပါတယ်။ ဒါပေမဲ့ သတ်မှတ်ထားတဲ့ ဥပဒေတွေကို ကျွန်တော် မပြောင်းလဲနိုင်ပါဘူး”ဟု ဗန်ဂါးလ်က မှတ်ချက်ပြုသွားသည်။

Soccer Myanmar
ယနေ့ည ဘန်လေနှင့်ပွဲတွင် ဗြိတိသျှ စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ဝယ်ယူထားသည့် ကစားသမားသစ် အိန်ဂျယ်လ် ဒီမာရီယာ ပွဲထွက်လာမည်ဟု မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်က အတည်ပြု ပြောကြားခဲ့သည်။

အမေရိကန်အခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီက MPT ကို တရားစွဲမည်

Photo: အမေရိကန်အခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီက MPT ကို တရားစွဲမည်
Saturday, August 30, 2014

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတွင် ၀န်ကြီးအပြောင်းအ လဲကြောင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ရန် သဘောတူစာချုပ် ချုပ်ဆိုထားသည့် အချက်အလက် များကို ဆောင်ရွက်ရန် ပျက်ကွက် ခဲ့သည့်အတွက် အမေရိကန်အ ခြေစိုက်ကုမ္ပဏီတစ်ခုက စက်တင်ဘာတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကို တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ကုမ္ပဏီက US မှာ ဖြစ်တဲ့ အတွက် အမေရိကန်နိုင်ငံကနေ တစ်ဆင့်သွားပြီး တရားစွဲမယ်။ လုပ်ငန်းနစ်နာမှုကြောင့် ဒါရိုက် တာအဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ကန် ဒေါ်လာ သန်း ၃၀ ရလိုမှုရယ်၊ ကျွန်မတစ်ဦးတစ်ယောက်အနေ နဲ့ နစ်နာမှုကြောင့် ကန်ဒေါ်လာ သန်း ၁၅၀ ရလိုမှုရယ် အမှုနှစ်ခုနဲ့ တရားစွဲသွားမှာ ဖြစ်ပါတယ်’’ ဟု အမေရိကန်အခြေစိုက် ကုမ္ပဏီ I.I (W.S) ဒါရိုက်တာအဖွဲ့ဝင် ဒေါက်တာမြတ်နုခိုင်က ပြောသည်။

I.I (W.S) သည် TT Project ဟု အမည်ပေးထားသည့် လုပ်ငန်း တစ်ခုကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ရန် သဘောတူညီမှု စာချုပ်ကို ၁၉၉၉ ခုနှစ်က ဦး ဆောင်ညွှန်ကြားရေးမှူး ဦးမောင် မောင်တင်၊ အင်ဂျင်နီယာချုပ် ဦး တင့်လွင်နှင့် ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ဝင်းတင်တို့ ပါဝင်လက် မှတ်ရေးထိုးခဲ့ကြောင်း ၀န်ကြီး အပြောင်းအလဲ ဖြစ်ပေါ်လာသည့် အတွက် စာချုပ်ပါ အချက်များ ပျက်ခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာ မြတ်နုလွင်က ဆိုသည်။

‘‘တရားစွဲလာမယ်ဆိုရင် တော့ နိုင်ငံတော်ရဲ့ လုပ်ထုံးလုပ် နည်းအတိုင်းပဲ ဆက်သွားဖို့ ရှိပါ တယ်။ သူတို့က ဘယ်လိုပုံစံမျိုးနဲ့ တရားစွဲမယ်ဆိုတာကို အသေး စိတ်မသိရသေးတဲ့အတွက် သီး ခြားမှတ်ချက်ပေးချင်တာမျိုး မရှိ ပါဘူး’’ ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ ပြည်ပဆက်သွယ်ရေး ဌာနအင်ဂျင်နီယာချုပ် ဦးစိုင်းစိုး လင်းထွန်းက ပြောသည်။

စာချုပ် ချုပ်ဆိုရာတွင် အ မေရိကန်နှင့် အိန္ဒိယတို့ ပူးပေါင်း လုပ်ဆောင်မည့် ဆက်သွယ်ရေး လုပ်ငန်းတစ်ခုတွင် ဂြိုဟ်တုလှိုင်း နှုန်း မြန်မာနိုင်ငံ၏ လေနယ် နိမိတ်ပေါ်တွင် ဖြတ်သန်းသွား လာခွင့် ပြုရမည်ဖြစ်ပြီး အသုံးပြု ခွင့်အတွက် မြန်မာ့ဆက်သွယ် ရေးအနေဖြင့် တစ်မိနစ်လျှင် ကန် ဒေါ်လာ ငါးဆင့်နှုန်းရရှိမည်ဖြစ် ကာ တစ်လလျှင် ကန်ဒေါ်လာ ငါး သိန်းမှ ငါးသန်းအထိ ရရှိနိုင်မည် ဖြစ်ကြောင်း သဘောတူညီမှုများ ပြုလုပ်ခဲ့သည်။

သို့သော် လုပ်ငန်းစတင်၍ တစ်နှစ်ခွဲခန့်အကြာ ဆက်သွယ် ရေးဝန်ဆောင်မှုများ ပေးရန် စမ်း သပ်မှုများ ပြုလုပ်နေချိန်တွင် ဆက်သွယ်ရေးဝန်ကြီး အသစ် တက်လာပြီး နောက်ပိုင်း၌ အ ကြောင်းကြားခြင်းမရှိဘဲ စာချုပ် ပါ အချက်အလက်များရပ်ဆိုင်း သွားခဲ့သည့်အတွက် I.I (W.S)  အနေဖြင့် ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းများဆုံးရှုံးခဲ့ပြီး လုပ်ငန်းအချို့လည်း ရပ်ဆိုင်းခဲ့ရကြောင်း ဒေါက်တာမြတ်နုလွင်က ပြောသည်။

‘‘လုပ်ငန်းက စဖို့အတွက် အ သံကြည်လင်မှု စမ်းသပ်နေတုန်း ပဲ။ တကယ်အသုံးပြုတဲ့အထိကို တောင် မရောက်လိုက်ဘူး။ ၀န် ကြီးအသစ်တက်လာတဲ့နောက် ပိုင်းမှာ ဦးဆောင်ညွှန်ကြားရေးမှူးနဲ့လည်း အဆက်အသွယ်မရတော့ ဘာမှလည်း မသိရဘဲနဲ့ လုပ်ငန်းတွေကလည်း ရပ်ခဲ့ရတယ်’’ ဟု ၎င်းကပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက် ၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သို့ အကြောင်းကြားစာ နှစ်ကြိမ် ပေးပို့ပြီး ယခုတစ်ကြိမ်တွင် တရားစွဲဆိုရန် ဆုံးဖြတ်ခြင်းဖြစ်ကာ တရားစွဲဆိုခွင့်ရရှိပါက မြန်မာနိုင်ငံအနေဖြင့် ဂြိုဟ်တုနဲ့ပတ်သက် သည့်ဆက်သွယ်မှုများ အသုံးပြုမရအောင် တားမြစ်ခြင်းမျိုးလည်း ပြုလုပ်သွားရန် စီစဉ်ထားကြောင်း ဒေါက်တာမြတ်နုလွင်က ပြောသည်။

7Day DAILY 

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကရောင်းချသည့် ဆင်းမ်ကတ်ကိုတွေ့ရစဉ်(ဓာတ်ပုံ − ကျော်ဇင်သန်း)
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကရောင်းချသည့် ဆင်းမ်ကတ်ကိုတွေ့ရစဉ်(ဓာတ်ပုံ − ကျော်ဇင်သန်း)
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတွင် ၀န်ကြီးအပြောင်းအ လဲကြောင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ရန် သဘောတူစာချုပ် ချုပ်ဆိုထားသည့် အချက်အလက်များကို ဆောင်ရွက်ရန် ပျက်ကွက်ခဲ့သည့်အတွက် အမေရိကန်အ ခြေစိုက်ကုမ္ပဏီတစ်ခုက စက်တင်ဘာတွင် မြန်မာ့ ဆက် သွယ်ရေး လုပ်ငန်းကို တရားစွဲဆို သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သမံတလင်းကို လျှာဖြင့် လျက်ခိုင်းသော ဆရာမအား နှစ်တိုးတစ်ကြိမ် ရပ်ဆိုင်း

အတန်းထဲတွင် စကား များသော အကြောင်းပြချက်ဖြင့် စတုတ္ထတန်း ကျောင်းသားအား သမံတလင်းကို လျှာဖြင့် လျက်ခိုင်း သော မူလတန်းပြဆရာမကို နှစ် တိုး တစ်ကြိမ်ရပ်ဆိုင်းရန် ပညာ ရေးဝန်ကြီးဌာနက ဆုံးဖြတ် လိုက် သည်။

အစိုးရကိုယ်တိုင်ခန့်မှန်းအသုံးပြုခဲ့သော လူဦးရေနှင့် ကိုးသန်းခန့်ကွာဟနေ

Photo: အစိုးရကိုယ်တိုင်ခန့်မှန်းအသုံးပြုခဲ့သော လူဦးရေနှင့် ကိုးသန်းခန့်ကွာဟနေ
Saturday, August 30, 2014

ပြည်လုံးကျွတ် သန်း ခေါင်စာရင်းကောက်ယူမှု၏ ကနဦးရရှိထားသော ရှေ့ပြေးလူဦးရေ စာရင်းအရ နိုင်ငံ၏ လူဦးရေမှာ သန်းပေါင်း ၅၁ သန်းကျော်ဖြစ် ကြောင်း ဗဟိုသန်းခေါင်စာရင်း ကော်မရှင်က သြဂုတ် ၂၉ ရက် တွင် သတင်းထုတ်ပြန်ခဲ့သည်။

ယခုနှစ်ပိုင်းအတွင်း အစိုးရ ကိုယ်တိုင် မြန်မာနိုင်ငံ၏ လူဦးရေ သန်း ၆၀ ကျော်ရှိသည်ဟု ခန့်မှန်း ပြောဆိုနေရာမှ ရှေ့ပြေးလူဦးရေ စာရင်းမှာ ၅၁ သန်းကျော်သာရှိ နေသောကြောင့် ၉ သန်းခန့်ကွာ ဟနေသည်ကို တွေ့ရသည်။

ပြည်လုံးကျွတ် သန်းခေါင် စာရင်းကောက်ယူမှု၏ ရှေ့ပြေး လူဦးရေစာရင်းအဖြစ် မြန်မာနိုင်ငံနယ် နိမိတ်အတွင်း ၂၀၁၄ ခုနှစ်၊ မတ် လ ၂၉ ရက် ညဥ့်သန်းခေါင်ယံအချိန်တွင်ရှိသော (ပြည်ပရောက်မြန်မာသံရုံးများမှ ၀န်ထမ်းများ အပါအ၀င်) မြန်မာနိုင်ငံ၏ လူဦးရေမှာ ၅၁,၄၁၉,၄၂၀ ရှိသည်ဟု ဗဟိုသန်းခေါင်စာရင်းကော်မရှင်က သြဂုတ် ၂၉ ရက်တွင်သတင်းထုတ်ပြန်ခဲ့သည်။

၁၉၈၃ ခုနှစ်တွင် ကောက် ယူခဲ့သော သန်းခေါင်စာရင်းအရ နိုင်ငံလူဦးရေမှာ ၃၅ သန်းကျော် (၃၅,၄၄၂,၉၇၂) ဖြစ်သော ကြောင့် လွန်ခဲ့သည့် နှစ် ၃၀ ကထက်မြန်မာနိုင်ငံ၏ လူဦးရေမှာ၁၆ သန်းခန့် ပိုများလာခြင်းဖြစ် သည်။

ပင်မသန်းခေါင်စာရင်းဆိုင် ရာအချက်အလက်များ မထုတ် ပြန်မီ ရှေ့ပြေးသန်းခေါင်စာရင်း ထုတ်ပြန်ရခြင်းမှာ နိုင်ငံတော်၏ စီမံကိန်းများနှင့် မူဝါဒများချမှတ် ရာတွင် လည်းကောင်း၊ ဌာနဆိုင်ရာလိုအပ်ချက်များကိုလည်း ကောင်း အထိုက်အလျောက်အ ထောက်အကူပြုစေရန် ရည်ရွယ် ၍ နိုင်ငံတကာ လုပ်ထုံးလုပ်နည်း များနှင့်အညီ ထုတ်ပြန်ရခြင်းဖြစ် ကြောင်း နိုင်ငံပိုင် မီဒီယာများ တွင် ဖော်ပြထားသည်။

ရှေ့ပြေးလူဦးရေစာရင်း၏ အသေးစိတ်အချက်အလက်များ နှင့် ပတ်သက်၍ သြဂုတ် ၃၀ ရက်တွင် ရန်ကုန်မြို့၌ သက်ဆိုင်ရာက ထပ်မံရှင်းလင်းသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ သန်းခေါင် စာရင်းကောက်ယူမှုမှာ ရခိုင်နှင့် ကချင်ပြည်နယ်ရှိ နေရာအချို့ တွင် မကောက်နိုင်ခဲ့သည်မှအပ နိုင်ငံတကာစံနှုန်းများနှင့် ညီညွတ် ကြောင်း ကုလသမဂ္ဂသတင်းအ ချက်အလက်စင်တာကပြောထား သည်။ သို့သော်သန်းခေါင်စာရင်း ကောက်ယူမှုတွင် ခရီးသွားနေသူ အချို့နှင့် ပြည်သူအချို့မှာ စာရင်း ကောက်ယူသူက လာမမေး၍ မပါဝင်ခဲ့ကြောင်းပြောကြားမှုများ လည်းရှိသည်။

‘‘ကျွန်မတို့အဆောင်မှာ လူ ၁၀၀ ကျော်ရှိတယ်။ သန်းခေါင် စာရင်း လာမကောက်ဘူး’’ ဟု ကမာရွတ်မြို့နယ်ရှိ အမျိုးသမီး အဆောင်တွင်နေထိုင်သူတစ်ဦး ကပြောသည်။

သာမန်အားဖြင့် နိုင်ငံ၏ လူ ဦးရေနည်းမည်ဆိုပါက GDP တက်လာပြီး တစ်ဦးချင်း ၀င်ငွေ များလာနိုင်သည့်သဘောရှိသော် လည်း ၂၀၁၄ ခုနှစ် လူဦးရေစာ ရင်းကောက်ယူ မှုတွင် ရခိုင်၊ ကချင် ပြည်နယ်ရှိဒေသ အချို့တွင် ကောက်ယူနိုင်မှု မရှိသေးသော ကြောင့် စောင့်ကြည့် ရဦးမည်ဖြစ် ကြောင်း စီးပွားရေး ပညာရှင် ဒေါက်တာမောင်မောင်စိုးကပြော သည်။

‘‘ကောက်လို့ မရသေးတဲ့ ဒေသတွေ ရှိနေသေးတာကြောင့် တစ်ဦးချင်း ၀င်ငွေ မြင့်လာနိုင် မယ်လို့ ၁၀၀ ရာခိုင်နှုန်းမပြောနိုင် သေးပါ ဘူး’’ဟု ဒေါက်တာမောင် မောင်စိုး က ပြောသည်။

7Day DAILY

ကဆုန်လပြည့်နေ့တွင် ရွှေတိဂုံစေတီတော်သို့ လာရောက်ဖူးမြော်သော ဘုရားဖူး များကို တွေ့ရစဉ်။ ရန်ကုန်မြို့မှာ လူဦးရေအများဆုံးမြို့အဖြစ် ရပ်တည်နေဆဲဖြစ် သည်။ (ဓာတ်ပုံ − ရဲအောင်သူ/အေအက်ဖ်ပီ)
ကဆုန်လပြည့်နေ့တွင် ရွှေတိဂုံစေတီတော်သို့ လာရောက်ဖူးမြော်သော ဘုရားဖူး များကို တွေ့ရစဉ်။ ရန်ကုန်မြို့မှာ လူဦးရေအများဆုံးမြို့အဖြစ် ရပ်တည်နေဆဲဖြစ် သည်။ (ဓာတ်ပုံ − ရဲအောင်သူ/အေအက်ဖ်ပီ)
ပြည်လုံးကျွတ် သန်း ခေါင်စာရင်းကောက်ယူမှု၏ ကနဦးရရှိထားသော ရှေ့ပြေးလူဦးရေ စာရင်းအရ နိုင်ငံ၏ လူဦးရေမှာ သန်းပေါင်း ၅၁ သန်းကျော်ဖြစ် ကြောင်း ဗဟိုသန်းခေါင်စာရင်း ကော်မရှင်က သြဂုတ် ၂၉ ရက် တွင် သတင်းထုတ်ပြန်ခဲ့သည်။

Friday 29 August 2014

ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ရှေ့ပြေးလူဦးရေစာရင်းဆိုင်ရာ ထုတ်ပြန်ကြေ ညာချက်ထုတ်ပြန်

၂၀၁၄ ခုနှစ်၊ ပြည်လုံးကျွတ်အဆင့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းအား ကြိုတင်ပြင်ဆင်ခြင်း၊ စာရင်းကောက်ယူခြင်း၊ စာရင်းဇယား ပြုစုခြင်းနှင့် စာရင်းထုတ်ပြန်ခြင်းဟူ၍ အဆင့် (၄) ဆင့်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ ယခုအခါ ဒုတိယအဆင့်ဖြစ်သော မြေပြင်ကွင်းဆင်း သန်းခေါင်းစာရင်းကောက်ယူခြင်းလုပ်ငန်း ပြီးစီးပြီဖြစ်၍ တတိယအဆင့်ဖြစ်သော စာရင်းဇယား ပြုစုခြင်း (Data Processing) လုပ်ငန်းအား ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။
တတိယအဆင့်ဖြစ်သော စာရင်းဇယားပြုစုခြင်း လုပ်ငန်းစဉ်တွင် နိုင်ငံတစ်ဝန်း စာရင်းကောက်ကွက်အသီးသီးမှ ပြန်လည်စုစည်းရရှိပြီးသော အိမ်ထောင်စုတစ်စုခြင်းစီ၏ မေးခွန်းပုံစံအချက်အလက် ကိန်းဂဏန်းများအား အသေးစိတ်စစ်ဆေးခြင်း၊ ပုံရိပ်ဖတ်စက်တွင် အသင့်အသုံးပြုနိုင်ရန် ပြင်ဆင်ခြင်း၊ ကွန်ပျူတာစနစ်အတွင်း မှတ်တမ်းတင်ခြင်း၊ ပုံရိပ်ဖတ်ခြင်းနှင့် အမှားပြင်ဆင်ခြင်းစသည့် လုပ်ငန်းအဆင့်ဆင့်အား အချိန်ယူ ဆောင်ရွက် ရသည်ဖြစ်၍ ပင်မသန်းခေါင်စာရင်း အချက်အလက်များအား ၂၀၁၅ ခုနှစ်၊ မေလခန့်တွင် ထုတ်ပြန်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ဖို့အတွက် တစ်ကိုယ်တော်ဆန္ဒပြ

မိုးကုတ်မှာ သြဂုတ်လ ၂၉ ရက်နေ့ မနက်ပိုင်းက တရားရေးမဏ္ဍိုင် တည့်မတ်စေဖို့ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ သိရပါတယ်။

အရက်ယမကာထိန်းချုပ်ရာတွင်အခွန်တိုးမြှင့်ကောက်ခံခြင်းကို ထည့်သွင်းသင့်ဟု ကျန်းမာရေးဝန်ကြီးပြော

Photo: အရက်ယမကာထိန်းချုပ်ရာတွင်အခွန်တိုးမြှင့်ကောက်ခံခြင်းကို ထည့်သွင်းသင့်ဟု ကျန်းမာရေးဝန်ကြီးပြော
Friday, August 29, 2014

အရက်ယမကာ ထိန်းချုပ်ရေးအတွက်စဉ်းစားရာ တွင် ကုန်သွယ်မှုထိန်းချုပ်ရေးနှင့် အခွန်တိုးမြှင့်ကောက်ခံခြင်းတို့ကို ထည့်သွင်းဆောင်ရွက်သွားကြ ရန်လိုအပ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းအောင် က ပြော ကြားသည်။

သြဂုတ် ၂၈ ရက်က နေပြည် တော်ရှိမင်္ဂလာသီရိဟိုတယ်တွင် ကျင်းပသည့် အရက်ယမကာသုံး စွဲမှုထိန်းချုပ်ရေးမူဝါဒနှင့် မဟာ ဗျူဟာများရေးဆွဲနိုင်ရေး ညှိနှိုင်း ဆွေးနွေးပွဲ၌ ဝန်ကြီးက အထက် ပါအတိုင်း   ပြောကြားသွားခြင်း ဖြစ်သည်။

‘‘အရက်ယမကာထိန်းချုပ် ရေးအတွက် စဉ်းစားရာမှာ အရက်ဝယ်ယူရေးကို ခက်ခဲစေ ရန်စီစဉ်ခြင်း၊ အရက်ရောင်းချမှု ထိန်းချုပ်ခြင်း၊ အရက်ရောင်းအား မြှင့်တင်မှုထိန်းချုပ်ခြင်း၊ ကုန် သွယ်မှုထိန်းချုပ်ရေးနှင့် အခွန်တိုး မြှင့်ကောက်ခံခြင်း စတာတွေကို ထည့်သွင်းစဉ်းစား ဆောင်ရွက် ကြရမှာဖြစ်ပါတယ်’’ဟု  ဒေါက် တာသန်းအောင်ကပြောသည်။

အရက်ထုတ်လုပ်ရောင်းချ ခြင်းကို  နိုင်ငံတော်၏ ထိန်းချုပ် မှုအောက်၌ထားရှိပြီး အရက်ကို ပြည်ပမှတင်သွင်းသည့်အခါဖြစ် စေ၊ ပြည်တွင်းမှ ထုတ်လုပ်သည့် အခါဖြစ်စေ ကန့်သတ်ထိန်းချုပ် ထားကြခြင်း   ဖြစ်သော်လည်း လွတ်လပ်သောစီးပွားရေးမူများ ချမှတ်လာသည့်အခါ ပုဂ္ဂလိက လက်သို့လွတ်လပ်စွာထုတ်လုပ် ခွင့်လွှဲအပ်ချိန်မှစ၍  အရက်သုံး စွဲမှု ပိုမိုများပြားလာသည်ကိုတွေ့ရှိရကြောင်း ဒေါက်တာသန်းအောင်ကပြောသည်။

ထို့အပြင် အနောက်တိုင်း ယဉ်ကျေးမှုကိုအတုယူပြီး လူငယ်အမျိုးသား၊ အမျိုးသမီးများ အ ရက်ဆိုင်ထိုင်ကာ သောက်သုံးမှုများရှိလာ၍ အရက် ယမကာ သောက်သုံးမှုလျှော့ချရေးဆိုင်ရာကိစ္စများ ကို လူမှုရေးနှင့်ယဉ်ကျေးမှုအပြင် ကျန်းမာရေး ရှုထောင့်မှပါ စဉ်းစားရမည်ဖြစ်ကြောင်း  ပြောကြား သည်။

‘‘မူဝါဒရှုထောင့်မှစဉ်းစား ရင် လက်ရှိပြဋ္ဌာန်းထားတဲ့ဥပဒေ များ၊ နည်းဥပဒေများဟာ သက် ရောက်မှုရှိရဲ့လား၊ အကောင်အ ထည်ဖော်နေတဲ့မဟာဗျူဟာများ ဟာလည်း မူဝါဒဆိုင်ရာကို အ ထောက်အကူပြုနိုင်ရဲ့လား  ဆို တာစဉ်းစားဆင်ခြင်မှသိနိုင်မှာ ဖြစ်ပါတယ်’’ဟု   ဝန်ကြီးကဆို သည်။

အရက်ယမကာ   သုံးစွဲမှု လျော့နည်းရေးမူဝါဒနှင့် မဟာဗျူ ဟာများ    ရေးဆွဲနိုင်ရေးညှိနှိုင်း ဆွေးနွေးပွဲကို သြဂုတ် ၂၈ နှင့် ၂၉ ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး အရက်ယမကာသုံးစွဲမှုထိန်းချုပ်ရေးမူဝါဒနှင့်မဟာဗျူဟာများရေးဆွဲနိုင်ရေး  ရှေ့ဆက်လုပ်ငန်းစဉ်များ၊    အကြံပြုချက်များ  ရယူ သွားမည်ဟုသတင်းရရှိသည်။

7Day DAILY 

ဈေးဝယ်စင်တာတစ်ခုတွင်ရောင်းချသော ယမကာပုလင်းများ-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
ဈေးဝယ်စင်တာတစ်ခုတွင်ရောင်းချသော ယမကာပုလင်းများ-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
အရက်ယမကာ ထိန်းချုပ်ရေးအတွက်စဉ်းစားရာ တွင် ကုန်သွယ်မှုထိန်းချုပ်ရေးနှင့် အခွန်တိုးမြှင့်ကောက် ခံခြင်း တို့ကို ထည့်သွင်းဆောင်ရွက်သွားကြ ရန်လိုအပ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းအောင် က ပြော ကြားသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီးငါးဦး အပြောင်းအလဲလုပ်

ရခိုင်ပြည်နယ်အစိုးရအဖွဲ့တွင် ပြည်နယ်ဝန်ကြီးငါးဦး နေရာအပြောင်းအလဲ ဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိ သည်။

ဘိုးတော်တွေ၊ နတ်တွေ ကြီးစိုးလာလို့ သာသနာတောင် မှေးမှိန်သွားနိုင်တယ်

Photo: ဘိုးတော်တွေ၊ နတ်တွေ ကြီးစိုးလာလို့ သာသနာတောင် မှေးမှိန်သွားနိုင်တယ်
Friday, August 29, 2014

ယနေ့ ဓမ္မစေတီ ခေါင်းလောင်းဆယ်ယူရေးမှာ ယခုလို ဘိုးတော်တွေက သူတို့ဆယ်မှ ရတယ်ဆိုမှဖြင့် ဓမ္မစေတီခေါင်းလောင်း ရတာကို ဝမ်းသာစရာထက် တိုင်းပြည်မှာ ဒီခေါင်းလောင်းဆယ်တာကို အကြောင်းပြုပြီး ရှေ့လျှောက် ဘိုးတော်တွေနဲ့ နတ်တွေကို ယုံကြည်မှုအားတွေ များလာကြပြီး နေရာတိုင်းနဲ့ နိုင်ငံရေးမှအစ ဘိုးတော်တွေ ခြယ်လှယ် လာနိုင်ပါတယ်။ 

တကယ်တော့ ဘယ်ပုဂ္ဂိုလ်၊ ဘယ်ဘိုးတော်၊ ဘယ်နဂါး ဘယ်နတ်တွေ ဘယ်လောက်ပဲ တန်ခိုးကြီးလို့ နေကြပါစေ နောက်ဆုံးတော့ အင်ဂျင်နီယာနဲ့ ခေတ်မီ Floating Crane နဲ့မှသာလျှင် ခေါင်းလောင်း အစစ်ဖြစ်စေ၊ အတုဖြစ်စေ ရေအပေါ်ရောက်နိုင်တာမျိုးပါ။
နောက်ပြီး နဂါးတွေက ခေါင်းလောင်းကို ဆီမီးပူဇော်နေကြလို့ ဆိုတော့ ခေါင်းလောင်းဟာ ခေါင်းလောင်းပါပဲ၊ ဘုရားက ဘုရားပဲ။
ခေါင်းလောင်းဆိုတာ ရှေးမင်းတွေက သူတို့ရဲ့ အမှတ်တရ သမိုင်းအတွက် သွန်းလုပ်ပြီး ဘုရားတွေမှာ ထားခဲ့ကြတာမို့ ခေါင်းလောင်းဆိုတာ ခေတ်တစ်ခေတ်ရဲ့ မင်းတွေရဲ့ အမှတ်အသား Symbol တွေပဲ ဖြစ်ပါတယ်။ ဒီဘုရားပေါ်က ခေါင်းလောင်းကြီးတွေကိုလည်း ဘယ်သူကမှ ထိုင်မကန်တော့ တတ်ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ ခေါင်းလောင်းက ခေါင်းလောင်းပဲလေ။ ဘုရားရုပ်တုမှ မဟုတ်တာဘဲ။ ဒီတော့ နဂါးတွေက ဘာကြောင့် ဆီမီးတွေ ပူဇော်နေကြရတာလဲ။

ဒီခေါင်းလောင်းကြီးက စောင့်ရှောက်တဲ့ပုဂ္ဂိုလ် တကယ်သာရှိခဲ့ရင် သို့မဟုတ် နဂါးတွေ ပူဇော်ထိုက်အောင်သာ ခေါင်းလောင်းက တန်ခိုးရှိ နေခဲ့မယ်ဆိုရင် De Brito (ငဇင်ကာ) ဘုရားပေါ်ကနေ ဒီအထိ ခိုးလာနိုင်စရာ အဘယ်မှာ ရှိနိုင်မှာလဲ။
တိုင်းပြည်ဆိုတာ မင်းအမိန့်နဲ့ နေတာပါ။ မင်းခွင့်ပြုထားပြီ ဆိုကတည်းက ဒီခေါင်းလောင်းကို ဘယ်နဂါး၊ ဘယ်ပုဂ္ဂိုလ်မှ ဆွဲထားလို့ မရပါဘူး။ ပြီးတော့ မြန်မာ့နည်းပညာနဲ့ ဆယ်မယ်လို့ ပြောကြပါတယ်။ အင်ဂျင်နီယာနဲ့ ခေတ်မီ Floating Crane တွေကို သုံးကြရပြီ ဆိုကတည်းက အဘယ်မှာ ပုဂ္ဂိုလ်တွေ၊ ဘိုးတော်တွေရဲ့ တန်ခိုးဖြစ်နိုင်တော့မှာလဲ။
သမထ ထိုင်တယ်ဆိုရာမှာ Brain ဦးနှောက်ရဲ့ Cell အားတွေ ရှိလာနိုင်တဲ့ အခါမျိုးတွေ ရှိနေနိုင်သလို သမထထိုင်ခြင်းကြောင့် ဦးနှောက် Cell ဆဲလ်တွေ အားနည်းသွားတတ်ပြီး အလိုလို အာရုံကြောတွေ အားနည်းသွားတတ်တဲ့ အချိန်မျိုးတွေလည်း ရှိနေတတ်ပါတယ်။ အခုလည်း ဒီလိုပါပဲ။ လူတစ်ယောက်မှာ ဦးနှောက်ဆဲလ် Cell အားတွေ နည်းသွားပြီး ဆဲလ်တွေ ကျုံ့လာနေတဲ့အခါမှာ အလိုလို အာရုံကြောတွေကို အားနည်းသွားစေပြီး အဲဒီအချိန်မျိုးတွေမှာ့ Hallucination ပြင်ပမှာ အကြောင်းအရာ အကောင်အထည် မရှိတာတွေကို စိတ်တွင် ယောင်ယမ်း ထင်မြင်ခြင်း၊ မျက်စိလှည့်စားခြင်း၊ သွေးလေချောက်ချား၍ ထင်မြင်ရာ ကယောင်ချောက်ချားတွေကို လျှောက်ပြော နေတာ မျိုးတွေကို ဖြစ်တတ်သလို မိမိရဲ့အစွဲအလမ်း ယုံကြည်မှုတစ်ခုခု သို့မဟုတ် ကြားဖူးနားဝ ရှိဖူးတာတွေက မိမိမျက်လုံးမှာ ပုံရိပ်တွေ လာထင်နေတတ်ပါတယ်။
ယခုလည်း ဒီအတိုင်းပါပဲ။

ဦးစံလင်း Hallucination ဖြစ်သွားပြီးအပြင် ရေအောက်မှာ တကယ်မရှိတဲ့ နဂါးတွေ ဆီမီးပူဇော် နေတယ်ဆိုတဲ့ ပုံရိပ်တွေကို မိမိမျက်လုံးမှာ စက္ကန့်ပိုင်းမျှ ပုံရိပ်ထင်သွားတာပဲ ဖြစ်ပါတယ်။ နဂိုကတည်းကလည်း ရေထဲမှာဆို နဂါးတွေပိုင်ဆိုင်တယ်၊ နဂါးတွေ စောင့်ရှောက်တယ်ဆိုတဲ့ အသိတစ်ခုက ရှိနေခဲ့မှာ ဖြစ်သလို သူ့ဓာတ်ခန်းမှာလည်း နဂါးရုပ်တွေ ဧကန်ရှိနေနိုင်ပါတယ်။ ဒါကြောင့် ပုံမှန်ဦးနှောက် အားရှိနေသူတွေ ဘယ်သူကမှ မယုံကြတဲ့အပြင် ဒီစကား တစ်ခုတည်းကြောင့် မိမိဦးစီးနေတဲ့ လုပ်ငန်းအပေါ် အယုံအကြည်တွေ ကင်းမဲ့လာကြပြီး ခေါင်းလောင်းအစစ်ကို မိမိဖော်ခဲ့သည့်တိုင် အတုလို့ပင် ထင်သွားကြမှာ ဖြစ်ပါတယ်။

တကယ်တော့ မိမိတို့ ယခင်က ရှာဖွေခဲ့ကြသူတွေရဲ့ Record တွေနောက်ကို Follow လိုက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဘယ်ပုဂ္ဂိုလ်ကမှ လူကြီးမင်းတို့ကို ခေါင်းလောင်းနေရာကို ညွှန်ပြပေးခဲ့တာ မဟုတ်ပါဘူး။
ပြီးတော့ ခေါင်းလောင်းက ပိဿာချိန် ၁၈၀,၀၀၀ (တစ်သိန်းရှစ်သောင်း) ရှိတယ် ဆိုတာကို ဘယ်ကသိကြတာလဲ။ ပုဂ္ဂိုလ်တွေက လာပြောကြတာလား ဒါမှမဟုတ် ဦးစံလင်းက သမထအားနဲ့ ရေထဲက ခေါင်းလောင်းပေါ်မှာ ကမ္ပည်းထိုးထားတာကို မြင်ခဲ့တာလား ဒါမှမဟုတ် ဒတ်ခ်ျကုန်သည် Gaspero ရဲ့ ခရီးသွား မှတ်တမ်းကနေ သိခဲ့ကြတာလား ဒါမှမဟုတ် Internet ကနေ ရှာလို့ Wikipedia မှ ကူးယူခဲ့ကြတာလား၊ ပြီးတော့ ဒီကိန်းဂဏန်းတွေက မှန်တယ်လို့ ဘယ်သူ အာမခံချက် ပေးနိုင်မလဲ။ 

အကယ်၍များ ခေါင်းလောင်းက ပိဿာချိန် တစ်သိန်းရှစ်သောင်း ရှိတယ်လို့များ ပုဂ္ဂိုလ်တွေက ပြောခဲ့တယ်ဆိုရင် အဲဒီပုဂ္ဂိုလ်တွေတောင် သိက္ခာကျသွားနိုင်ပါတယ်။ ထားပါ။ နောက်တစ်ချက်က မြန်မာတွေ လွန်ခဲ့နှစ်ပေါင်း ၄၀၀ ကျော်လောက်က အလေးချိန် Unit ကို ကျပ်သားနဲ့ ပိဿာဆိုတဲ့ Unit ကို စသုံးနေကြပြီးလား။ ဘယ်သူတွေက ဒါကို အာမခံချက် ပေးနိုင်ကြမလဲ။
ထားပါလေ။ ပိဿာချိန် ၁၈၀,၀၀၀၊ မက်ထရစ်တန် ၃၀၀ ဆိုတာ ကလေးကစားစရာ မဟုတ်ပါဘူး။ ယနေ့ ဦးစံလင်းက ပိဿာချိန် ၁၈၀,၀၀၀၊ တန် ၃၀၀ ဆိုပါရင် ယနေ့ မိမိတို့သုံးနေတဲ့ Floating Crane ရဲ့ Maxium Load Allownce ကိုလည်း ငဲ့စောင်းလှည့်ကြည့် သင့်တာပေါ့။ တန် ၃၀၀ ကို ဒီ Crane နဲ့ဆွဲတင်ရင် အပေါ်မရောက်ခင်မှာပဲ Overload ဖြစ်ပြီး မော်တာတွေ မီးလောင်လို့၊ ကြိုးတွေပြတ်ကျလို့ အနားကလူတွေတောင် သေသွားနိုင်ပါတယ်။
အဲလို ဖြစ်ပြန်လည်း ဘာပြောကြမလဲ။ 

လာကြည့်တဲ့ လူတွေထဲက ပုဂ္ဂိုလ် မကြိုက်တာတွေကို ပြောလို့၊ စည်းပေါက်သွားလို့ နဂါးတွေက ပြန်သိမ်းသွားတာပါလို့ ပြောကြဦးမှာလား။
အပြန်အလှန်အားဖြင့် အဲဒီကရိန်းနဲ့မလို့ ချောချောမောမောဖြစ်လို့ အပေါ်ရောက်လာရင်လည်း ခေါင်းလောင်းက ပိဿာချိန် ၁၈၀,၀၀၀၊ တန် ၃၀၀ မရှိဘူး ဆိုတာကို အလိုလို ကြေညာလိုက်သလို ဖြစ်သွားလို့ ဘိုးတော်တွေ၊ ပုဂ္ဂိုလ်တွေပါ သိက္ခာကျသွားမှာပါ။ 

တကယ်ဆို ဒါကိုတွေ့တာနဲ့ ရေအောက်မြေကြီးထဲ ဘယ်နှပေလောက်မှာ နစ်မြုပ်နေပါတယ်ဆိုတာ ဒီပတ်ပတ်လည်ကို တူးဖော်ဖို့ ဘယ်နှနှစ် ကြာမယ်လို့ ခန့်မှန်းပါတယ်ဆိုတာ၊ တန် ၃၀၀ ရှိနေတာမို့ Maxium Load တန်လေးရာကိုနိုင်တဲ့ Floating Crane ကြီးကို အသုံးပြုပြီး ဘယ်နေ့ ဆွဲတင်မယ် ဆိုတာကို အတိအလင်း ကြေညာပေးလို့ ရတာပဲလေ။ ဒါက ရိုးရိုးလေးပါ။ ဒါကိုပြည်သူတွေကို ဘိုးတော်တွေ နတ်တွေကို ယုံကြည်လာအောင် ဇာတ်လမ်းတွေဆင်၊ အကွက်တွေ ဆင်နေကြတယ်။ ဘာကိုမှ အတိအကျ မပြောနိုင်တော့ မေးတာနဲ့ အဓိဋ္ဌာန် ဝင်နေတယ် ပြောလိုပြော၊ နဂါးတွေ ဆီမီးပူဇော်နေလို့ပါလို့ ပြောလိုပြော။ ဒီလုပ်ရပ်က ပြည်သူတွေကို နတ်တွေ၊ ဘိုးတော်တွေကို အားကိုး ယုံကြည်လာအောင် သက်သက်ဖန်တီး နေသလိုလည်း ဖြစ်နေပြီး ထေရဝါဒ သာသနာကိုပါ မှေးမှိန်သွားအောင် ဖန်တီးသလို ဖြစ်နေပါပြီ။ ပြည်သူတွေ အတွေးအခေါ်မြင့်မားနိုင်ကြပါစေ။

ဘဲလားလေဘာတီ (Astro-Political Scientist)
The Voice Weekly
ယနေ့ ဓမ္မစေတီ ခေါင်းလောင်းဆယ်ယူရေးမှာ ယခုလို ဘိုးတော်တွေက သူတို့ဆယ်မှ ရတယ်ဆိုမှဖြင့် ဓမ္မစေတီခေါင်းလောင်း ရတာကို ဝမ်းသာစရာထက် တိုင်းပြည်မှာ ဒီခေါင်းလောင်းဆယ်တာကို အကြောင်းပြုပြီး ရှေ့လျှောက် ဘိုးတော်တွေနဲ့ နတ်တွေကို ယုံကြည်မှုအားတွေ များလာကြပြီး နေရာ တိုင်းနဲ့ နိုင်ငံရေးမှအစ ဘိုးတော်တွေ ခြယ်လှယ် လာနိုင်ပါတယ်။

ဓမ္မစေတီခေါင်းလောင်းအစစ် ပဲခူးမှာတွေ့ပြီ

 Photo: ဓမ္မစေတီခေါင်းလောင်းအစစ် ပဲခူးမှာတွေ့ပြီ
Friday, August 29, 2014

ယနေ့ ပဲခူးမြစ်၊ ပုဇွန်တောင်ချောင်းနှင့် ဒေါပုံမြစ်သုံးခွဆိုင်တွင် သြဂုတ်လ (၉)ရက်နေ့မှစ၍ ဆယ်ယူနေကြသည့် ဓမ္မစေတီခေါင်းလောင်းကြီးအကြောင်းပြောပါဆိုလျှင် ထိုနေရာတွင် ဓမ္မစေတီခေါင်းလောင်းရှိ၊ မရှိတော့မပြောနိုင်ပါ။ ဘာကြောင့်လဲဆိုတော့ သမိုင်းပညာရှင် သမိုင်း သုတေသီ တယောက်မဟုတ်၍ ဖြစ်ပါသည်။

လက်တွေ့ကျကျ မွန်ဘုရင် ဓမ္မစေတီမင်းကြီး သွန်းလောင်းတော်မူခဲ့သည့် ဓမ္မစေတီခေါင်းလောင်းစစ်စစ်ကိုပြပါဆိုလျှင် ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော် အင်္ဂါထောင့်(အရှေ့ထောင့်)ရှိ ခေါင်းလောင်းကြီးကိုပဲ ညွှန်ပြလိုပါသည်။ ထိုခေါင်းလောင်းကြီးသည် သက္ကရာဇ် ၈၃၃-ခုနှစ်တွင် ဓမ္မစေတီမင်း ဟံသာဝတီထီးနန်းကို စိုးစံပြီးနောက် သွန်းလောင်းခဲ့ကြောင်း ပဲခူးရွှေမော်ဓောသမိုင်းစာမျက်နှာများ၌ ဖော်ပြထားပါသည်။ ရွှေသာလျောင်းသမိုင်းစာအုပ်တွင် ရွှေမော်ဓောရင်ပြင်ရှိ ခေါင်းလောင်းကြီး၏ ကြေးပိဿာချိန်မှာ (၇၀၀၀)ရှိကြောင်းနှင့် ယခုဆယ်ယူနေသည့် ခေါင်းလောင်းကြီး၏ ပိဿာချိန်မှာ(၁၀၀၀၀) သာရှိကြောင်း ဖော်ပြထားသည်ကို ဖတ်ရှုရပါသည်။

ဓမ္မစေတီခေါင်းလောင်းကြီးအကြောင်းကိုပြောလျှင် ဓမ္မစေတီမင်း ဖြစ်ပေါ်လာပုံကိုလည်း သိဖို့လိုမည်ဟု ထင်ပါသည်။

ဓမ္မစေတီမင်းသည် ထိုခေတ် ဟံသာဝတီ နေပြည်တော်(ယခုပဲခူး မြို့)တွင် မွန်တိုင်းရင်းသား အဖ ဦးဗောဓိကနှင့် အမိ ရှင်မိထပ်တို့မှ သက္ကရာဇ် (၇၇၁) တနင်္လာနေ့တွင် မွေးဖွားခဲ့သည်။ ငယ်မည် မင်းထန် ဖြစ်သည်။ အရွယ်ရောက်သော် သာသနာ့ဘောင်ဝင်၍ ရှင်ဓမ္မဓရဘွဲ့တော်ဖြင့် အင်းဝနေပြည်တော်သို့ စာသင်သွားသည်၊ သူနှင့်အတူ ပဲခူးပုဂံတောင်သား ရှင်ဓမ္မဉာဏလည်း အတူပါသွားသည်။

ထိုအချိန်တွင် နောင် ဟံသာဝတီဘုရင်မကြီးဖြစ်လာမည့် ဗညားထောဘွဲ့ခံ(မွန်လူမျိုးများက ရှင်စောပုကို စောပို့မယ်ဟု ခေါ်ကြသည်) ရှင်စောပုသည် အင်းဝဘုရင်၏ မိဘုရားအဖြစ် အင်းဝနေပြည်တော်သို့ ရောက်ရှိနေချိန်ဖြစ်သည်။ အင်းဝတွင် လုံးဝမပျော်ပိုက်သဖြင့် ဟံသာ ၀တီ(ပဲခူး)သား ရဟန်းနှစ်ပါးဖြစ်သည့် ရှင်ဓမ္မဓရနှင့် ရှင်ဓမ္မဉာဏတို့၏ အကူအညီဖြင့် ရှင်စောပုအား ဟံသာဝတီ(ပဲခူး)သို့ ခေါ်ဆောင်လာခဲ့သည်။ ထိုအချိန်ကာလတွင် ရှင်စောပု၏အသက်သည် (၅၃)နှစ်ထဲရောက်ပြီဖြစ် သည်။ ရှင်စောပုကို ဟံသာဝတီပြည့်ရှင် ရာဇာဓိရာဇ်မင်းနှင့် မိဖုရား သုဒ္ဓမာယာတို့မှ သက္ကရာဇ် (၇၅၇)ခုနှစ်၊ တပေါင်းလဆန်း (၁၂)၊ ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်ခဲ့သည်။ အသက် (၁၅)နှစ်အရွယ်တွင် ရာဇာဓိရာဇ်မင်း ၏တူတော် သမိန်စည်သူနှင့် လက်ဆက်ခဲ့သည်။ ၎င်းနှင့်သမီး သမိန်တကာတော်နှင့် နှဲတကာသင် သမီးနှစ်ဦး ဗညာဗရူခေါ် သမိန်ဗရူးသား တယောက်ဖွားမြင်သည်။ အသက် (၂၅)နှစ်တွင် သမိန်စည်သူ ကွယ်လွန်ပြီး အင်းဝဘုရင် ဆင်ဖြူရှင်၏မိဖုရားအဖြစ် အင်းဝသို့ပါသွားခြင်းဖြစ်သည်။

သို့ဖြင့် ဟံသာဝတီ(ပဲခူး)သို့ ပြန်ရောက်ပြီး ၈၁၄ ခုနှစ် သက်တော် (၅၃)နှစ်တွင် ဧကရီဘွဲ့ထူးခံ၍ ရှင်စောပုဘုရင်မကြီးဖြစ်လာခဲ့ခြင်းဖြစ်သည်။ ဘုရင်မကြီးဖြစ်ပြီးနောက် မိမိအား အင်းဝမှကယ်တင်ခဲ့သော ရဟန်းနှစ်ပါး အနက် ရှင်ဓမ္မဓရအား လူဝတ်လဲစေကာ သမီးတော်နှဲတကာသင်နှင့် လက်ထပ်ပေးကာ ဓမ်္မစေတီဘွဲ့ထူးခံ၍ အိမ်ရှေ့ဥပရာဇာအပ်နှင်းလေ သည်။

ရှင်စောပုသည် သက္ကရာဇ် ၈၁၄ မှစတင်နန်းစံခဲ့ပြီး ၈၃၃ ခုနှစ်တွင် သမက်တော် ဓမ္မစေတီမင်းအား နန်းအပ်၍ ရန်ကုန်သို့ကြွ၍ နန်းစံလေသည်။

ဓမ္မစေတီမင်းသည် ရာမာဓိပတိဘွဲ့ခံ၍ ဟံသာဝတီပဲခူးကို အုပ်ချုပ်တော်မူသည်။

ဓမ္မစေတီဟူသည်မှာ (ဓမ္မ)ပိဋကသုံးပုံတရားအဆီအနှစ်တို့ကို သိသောကြောင့် (စေတီ)သည် လူတို့၏ ပူဇော်ရာဖြစ်၍ ဓမ္မစေတီဟုခေါ်သည်။ အဓိပ်္ပါယ်ကား ကျွန်ုပ်သည် ဘုရားရှင်ဟောကြားအပ်သော ဓမ္မပိဋက သုံးပုံ၏ တရားအဆီအနှစ်တို့ကို သိသူဖြစ်သည်။ ထို့ကြောင့် လူတို့ထက် မြတ်ကာ လူတို့၏ပူဇော်ခြင်းငှာ ထိုက်သည်။ ထို့ကြောင့် ဓမ္မစေတီဟုခေါ် ဆိုခြင်းဖြစ်သည်။

ရာမာဓိပတိဆိုသည်ကာ ကုသိမတိုင်း= ပုသိမ်+ ဥက္ကလာပတိုင်း ဟံသာဝတီ မုတ္တမတိုင်းစသည့် မွန်တိုင်းသုံးရပ်ကို တရားနှင့်အညီ အုပ်ချုပ်သောကြောင့် ရာမာဓိပတိ၊ တနည်းအားဖြင့် မွန်တိုင်းအားလုံးကို မင်းကျင့်တရားဆယ်ပါးနှင့်အညီ အုပ်ချုပ်သော မွန်ဘုရင်တပါးဖြစ်၍ ရာမာဓိပတိခေါ်ဆိုကြောင်း ကလျာဏီကျောက်စာအခြေပြုရေးသားသည့် ကလျာဏီသိမ်တော်ကြီးသမိုင်းတွင် ဖော်ပြထားပါသည်။

ဓမ္မစေတီမင်းသည် ဗုဒ္ဓစာပေပိဋကအရာတွင် သူမတူအောင် ကျွမ်း ကျင်တတ်မြောက်သလို အင်းအိုင်ဂါထာမန္တရားအတတ်တွေလည်း အထူး ကျွမ်းကျင်သည့် ဘုရင်တပါးဖြစ်သည်။

ယခု ရွှေမော်ဓောရင်ပြင်တော်ရှိ ခေါင်းလောင်းကြီး၏အတွင်းပိုင်းတွင် အင်းကွက်များကိုတွေ့ရသလို အပြင်ဘက်၌လည်း မွန်-မြန်မာပါဠိ စာများအပြင် ခေါင်းလောင်းအထက်ပိုင်းတွင် အင်းကွက်များကို တွေ့ရသည်။ ၎င်းခေါင်းလောင်းကြီး၏မျက်နှာဝအကျယ်သည် ၅ ပေ ၁ လက်မ ခန့်ရှိပြီး ခေါင်းလောင်းနှုတ်ခမ်းမှ အပေါ်ဆုံးချိတ်ကွင်းအထိ ၆ ပေခန့် မြင့်သည်ကို တွေ့ရှိရသည်။ ဓမ္မစေတီမင်းသည် လူတို့၏ပူဇော်ရာဆိုတာ မှန်ပေလိမ့်မည်။ အချို့သော ဘုရားဖူးလာသူများသည် ခေါင်းလောင်းကြီးအား ပူဇော်ကန်တော့ကြသည်ကိုလည်း တွေ့ရသည်။

သက္ကရာဇ် ၈၃၃ ခုနှစ်မှ သက္ကရာဇ် ၈၅၄ ခုနှစ်ထိ (၂၁)နှစ်တိုင် နန်းစံခဲ့သော ဟံသာဝတီပြည့်ရှင် ဓမ္မစေတီမင်းသည် သူနန်းတက်သည့် အချိန်မှစ၍ ခေါင်းလောင်းများစွာ သွန်းလောင်းခြင်း၊ ကျိုက်ပွန်ဘုရား၊ ရွှေဂူကြီး၊ ရွှေဂူလေးဘုရား၊ ကလျာဏီသိမ်တော်ကြီးနှင့် အခြားသိမ်များ စွာတို့ကို ဆောက်လုပ်၍ ဟံသာဝတီ၌သာ များစွာစိုးစံသည်ကိုတွေ့ရှိရ သည်။ ခေါင်းလောင်းကြီးသည် ဓမ္မစေတီနန်းတက်ပြီး သွန်းလောင်း၍ ရွှေမော်ဓောစေတီတော်မြတ်ကြီးအား လှူဒါန်းခဲ့သော ဓမ္မစေတီခေါင်း လောင်းအစစ်အမှန် ဖြစ်ပါသည်။

သို့ပါ၍ ရွှေတိဂုံစေတီတော်မှ ငဇင်ကာသယ်သွားသည့် ကြေးပိဿာချိန် တသိန်းရှစ်သောင်းရှိသော ခေါင်းလောင်းကြီးရှိ၏ မရှိ၏၊ ရေထဲကျ၏ မကျ၏၊ ပိဿာချိန်မှန်၏ မမှန်၏တော့ သိလည်းမသိ၍ ဝေလည်းမဝေဖန် လိုပါ။ ဝေဖန်ရန်အတွက်လည်း ဉာဏ်မရှိပါကြောင်း ရိုးသားစွာဝန်ခံပါသည်။
ယခု စာရေးသူတွေ့ရှိရသည့် ပဲခူးရွှေမော်ဓောမှ ခေါင်းလောင်းကြီး သည်ဓမ္မစေတီခေါင်းလောင်း အစစ်အမှန်ဖြစ်ကြောင်း မျက်မြင်ထင်ရှား တွေ့ရှိရ၍ ဓမ္မစေတီခေါင်းလောင်းတွေ့ပြီဖြစ်ကြောင်း တင်ပြလိုက်ရခြင်း ဖြစ်ပါသည်။

မိုးမြင့်လွင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
ယနေ့ ပဲခူးမြစ်၊ ပုဇွန်တောင်ချောင်းနှင့် ဒေါပုံမြစ်သုံးခွဆိုင်တွင် သြဂုတ်လ (၉)ရက်နေ့မှစ၍ ဆယ်ယူနေကြ သည့် ဓမ္မစေတီခေါင်းလောင်းကြီးအကြောင်းပြောပါဆိုလျှင် ထိုနေရာတွင် ဓမ္မစေတီခေါင်းလောင်းရှိ၊ မရှိတော့မပြောနိုင်ပါ။ ဘာကြောင့်လဲဆိုတော့ သမိုင်းပညာရှင် သမိုင်း သုတေသီ တယောက်မဟုတ် ၍ ဖြစ် ပါသည်။

ရန်ပုံငွေအခက်အခဲကြောင့် မွန်အမျိုးသားကျောင်း ဆရာ၊ ဆရာမ များ အား လစဉ်ထောက်ပံ့ကြေး တိုးမပေးနိုင်

Photo: ရန်ပုံငွေအခက်အခဲကြောင့် မွန်အမျိုးသားကျောင်း ဆရာ၊ ဆရာမ များ အား လစဉ်ထောက်ပံ့ကြေး တိုးမပေးနိုင်
Friday, August 29, 2014

မွန်ပြည် သစ်ပါတီ မွန်အမျိုးသားပညာရေး ဌာနကွပ်ကဲမှုအောက်ရှိ အမျိုးသား ကျောင်းများနှင့် အစိုးရကျောင်းနှင့် တွဲဖက်သင်ကြားနေသည့် မွန်အမျိုး သားကျောင်းများမှ ကျောင်းဆရာ ဆရာမများအား ရန်ပုံငွေအခက်အခဲ ကြောင့် လစဉ်ထောက်ပံ့ကြေးတိုးမြှင့် ပေးနိုင်ခြင်းမရှိသေးကြောင်း ရန်ပုံ ငွေ ရှာဖွေရေးကော်မတီက ပြောသည်။

၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ် မှစပြီး လစဉ်ထောက်ပံ့ကြေးအဖြစ် မွန်အမျိုးသားကျောင်းဆရာတစ် ဦးလျှင် ကျပ် ၅ဝဝဝဝထိ တိုးမြှင့် ထောက်ပံ့ပေးသွားမည်ဟု ဧပြီ ၃ဝ ရက်မှ မေ ၁ရက်ထိ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့တွင် ကျင်းပခဲ့သည့် မွန် ပညာရေးညီလာခံက ဆုံးဖြတ်ထား ခဲ့သည်။ လစဉ်ထောက်ပံ့ကြေးတိုး ပေးရန် ရန်ပုံငွေရှာသည့် အချိန်တွင် မျှော်မှန်းမထားသည့် အခက်အခဲ များရှိသည့်အတွက် ယင်းသို့ တိုး ပေးရန် အခက်အခဲဖြစ်ရခြင်းဖြစ် ကြောင်း ရန်ပုံငွေရှာဖွေရေးကော် မတီဝင် ဆရာဇေကရှင်းပြသည်။

''မတိုးပေးနိုင်ဘူးဖြစ်နေတယ်၊ ပထမသုံးလမှာ တစ်လ နှစ်သောင်း ပဲ ပေးနိုင်တယ်''ဟု ဆရာဇေက ပြောသည်။

မွန်အမျိုးသားကျောင်း ဆရာ၊ ဆရာမများအား ထောက်ပံ့ကြေး တိုး မြှင့်ပေးနိုင်ရန်အတွက် ရန်ပုံငွေရှာ ဖွေရေးကော်မတီတစ်ရပ် ဖွဲ့စည်းထား ပြီး ယင်းကော်မတီမှတစ်ဆင့် ကျောင်း ဆရာ၊ ဆရာမတို့အား ထောက်ပံ့ ပေးသွားမည် ဟု မွန်ပညာရေးညီ လာခံက ဆုံးဖြတ်ထားသည်။ 

လက် ရှိတွင် မွန်အမျိုးသားကျောင်းဆရာ၊ ဆရာမတို့ကို တစ်လလျှင် ကျပ် ၂ဝဝဝဝသာ မွန်အမျိုးသားပညာ ရေးဌာနက ထောက်ပံ့ပေးလျက်ရှိ သည်။

မွန်အမျိုးသား ပညာရေးဌာန ကွပ်ကဲမှုအောက်ရှိ မွန်အမျိုးသား ကျောင်းများနှင့် အစိုးရကျောင်းနှင့် တွဲဖက်သင်ကြားနေသည့် မွန်အမျိုး သားကျောင်းများတွင် ဆရာ၊ ဆရာ မ ၈ဝဝခန့်ရှိသည်ဟု မွန်အမျိုးသား ပညာရေးဌာန၏ စာရင်းအရ သိရ သည်။

''တချို့ကလဲ ရွာကနေ ထပ်ပြီး တော့ ထောက်ပံ့ပေးတာတွေလဲ ရှိ ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လစာတိုး ပေးမယ်ကြားတော့ ပျော်တာပေါ့၊ တိုးပေးဖို့လဲ မျှော်လင့်နေတာပါပဲ၊ လောလောဆယ်ကတော့ နှစ်သောင်း ပဲရနေတယ်''ဟု မွန်ကျောင်းဆရာ မတစ်ဦးက ပြောသည်။

ယင်းသို့ ထောက်ပံ့ကြေးနည်း ပါးမှုကြောင့် မွန်အမျိုးသားကျောင်း များအတွက် ကျောင်းဆရာ၊ ဆရာ မ မတည်မြဲမှုနှင့် နှစ်စဉ်ကြုံတွေ့ ရကာ စာသင်ကြားရာတွင်လည်း အ ခက်အခဲမျိုးစုံ ကြုံတွေ့ရသည်ဟု ကျောင်းဆရာ၊ ဆရာမတို့က ပြော သည်။

မွန်ပြည်သစ်ပါတီ မွန်အမျိုးသား ပညာရေးဌာန ကွပ်ကဲမှုအောက်တွင် ရှိသည့် ပါတီ၊ တပ်တည်ဧရိယာနှင့် နီးစပ်သည့် မွန်ပြည်နယ် ရေးမြို့ နယ်၊ ကရင်ပြည်နယ်ကြာအင်းဆိပ် ကြီးမြို့နယ်၊ တနင်္သာရီတိုင်း ရေဖြူ မြို့နယ်ဒေသများအပြင် သံဖြူဇရပ်၊ မုဒုံ၊ ကျိုက်မရော၊ ဘားအံ၊ ကော့က ရိတ်မြို့နယ်တို့တွင် မွန်စာကို မွန်အ မျိုးသားကျောင်းများနှင့် အစိုးရ ကျောင်းနှင့် တွဲဖက်သည့်ကျောင်း များတွင် သင်ကြားလျက်ရှိကြောင်း သိရသည်။
၂ဝ၁၃ခုနှစ် မွန်အမျိုးသား ပညာရေးဌာန စာရင်းအရ မွန်အ မျိုးသားကျောင်း ၁၄၃ကျောင်းရှိပြီး ကျောင်းသား ၁၃ဝဝဝကျော်နှင့် အစိုးရကျောင်းနှင့် တွဲဖက်သင်ကြား သည့် မွန်စာပေသင်ကျောင်း ၁ဝ၅ ကျောင်းရှိကာ ကျောင်းသားဦးရေ ၁၃ဝဝဝ ရှိကြောင်း သိရသည်။

Dawei Watch
Yangon Media Group
မွန်ပြည် သစ်ပါတီ မွန်အမျိုးသားပညာရေး ဌာနကွပ်ကဲမှုအောက်ရှိ အမျိုးသား ကျောင်းများနှင့် အစိုး ရကျောင်းနှင့် တွဲဖက်သင်ကြားနေသည့် မွန်အမျိုး သားကျောင်းများမှ ကျောင်းဆရာ ဆရာမများအား ရန်ပုံငွေ အခက်အခဲ ကြောင့် လစဉ်ထောက်ပံ့ကြေးတိုးမြှင့် ပေးနိုင်ခြင်းမရှိသေးကြောင်း ရန်ပုံ ငွေ ရှာဖွေရေးကော် မတီက ပြောသည်။

နည်းပညာက သင့်ကို နေထိုင်မကောင်းဖြစ်စေနိုင်တဲ့ နည်းလမ်း (၇) ခု

Photo: နည်းပညာက သင့်ကို နေထိုင်မကောင်းဖြစ်စေနိုင်တဲ့ နည်းလမ်း (၇) ခု
Friday, August 29, 2014

Nomophobia ( no-mobile-phone phobia) ရောဂါက လူငယ်တွေအပေါ် ပိုပိုပြီး အကျိုးသက်ရောက်မှုဖြစ်လာစေခဲ့ပါတယ်။ ဒီရောဂါဝေဒနာရှင်တွေမှာ သူတို့ ဖုန်းနဲ့ဝေးကွာပြီး Update သတင်းတွေကို အချိန်နဲ့ တပြေးညီ မရရှိနိုင်တော့တဲ့အခါ စိုးရိမ်သောကများခြင်း၊ စိတ်ခြောက်ချားမှု စတဲ့ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်လာပါတယ်။ သုတေသနပညာရှင်တွေက ဒီစိတ်စွဲလမ်းမှု အခြေအနေကို လောင်းကစားနဲ့ တောင် နှိုင်းယှဉ်ထားပါတယ်။ ဒီတော့ နည်းပညာတွေက ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ သင့်ကိုဖြစ်ပေါ်စေနိုင်ပါသလဲ။

သုတ်ရည်အားနည်းခြင်း
Wi-fi ဖြန့်ဝေမှု လိုင်းတွေက သုတ်ရည်ကို ပျက်ဆီးစေနိုင်တဲ့ အလားလာရှိပြီး ယောက်ျားတွေရဲ့ သန္ဓေအောင်ခြင်းကို အနှောက်အယှက်ဖြစ်စေပါတယ်။

ကွန်ပျူတာကြည့်ရတဲ့အတွက်ဖြစ်တဲ့ ရောဂါ
ကွန်ပျူတာ ဖန်သားပြင်ကို တောက်လျှောက် အချိန်ကြာကြီး စိုက်ကြည့်နေခြင်းဟာ သင့်မျက်စိကို ကောင်းကျိုးမပေးပါဘူး။ အဲ့ဒီလို ကွန်ပျူတာကို အကြာကြီး ကြည့်မယ်ဆိုရင် မျက်စိနာတာ၊ ခေါင်းကိုက်တာ၊ အမြင်မှုန်ဝါးလာတာ စတဲ့ ရောဂါတွေကို ဖြစ်စေနိုင်တယ်။ ဒီပြသနာတွေကို သက်သာလာအောင် မျက်နှာကို ကွန်ပျူတာနဲ့ တစ်ချက်တစ်ချက် ခွာပေးပြီး ခပ်ကြာကြာလေး အနားယူပေးပါ။

လက်မကို တောက်ပေးခြင်း
လက်နဲ့ပတ်သက်တဲ့ ကျွမ်းကျင်ပညာရှင်များက  ဆဲလ်ဖုန်းနဲ့ ကွန်ပျူတာ အသုံးပြုမှုများခြင်းကြောင့် လက်မ tendinitis မြင့်မားလာတယ်လို့ ဆိုထားပါတယ်။ အဲဒီလို ရောဂါတွေကို သိရှိစေတဲ့ လက္ခဏာတွေမှာ ထုံထိုင်းမှုဖြစ်ခြင်းတို့ ပါဝင်ပါတယ်။

အနေအထား မမှန်ကန်ခြင်း
စားပွဲစောင်းရှေ့မှာ ခါးကုန်းအနေအထားနဲ့ တနေကုန် ထိုင်ခြင်းက နောက်ကျောရိုးနာကျင်မှု ဖြစ်စေပါတယ်။ ကောင်းမွန်သင့်တော်တဲ့ အနေအထားလည်း မဟုတ်ပါဘူး။ သက်တောင့်သက်သာဖြစ်သွားအောင် နံရိုးတွေ ဆန့်တန်းပေးပါ။

ဆဲလ်ဖုန်း တံတောင်ဆစ်ရောဂါဖြစ်ခြင်း
ဖုန်းကဘယ်လောက်ပဲ လှပလှပ အရေးမကြီးပါဘူး။ တစ်စုံတစ်ယောက်က ဒီနာကျင်မှုဝေဒနာကြိတ်မိတ်ခံနေရတဲ့ သားကောင်ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမဲ့ ဆဲလ်ဖုန်းတံတောင်ဆစ် ဆိုတာ အချိန်ကြာကြီး တံတောင်ဆစ်ကို ကွေးထားပြီး လက်မောင်းမှာ သွေးကြောထဲနာကျင်မှုဖြစ်စေတဲ့ ရောဂါ    လက္ခဏာကို ဆိုလိုတာဖြစ်ပါတယ်။ အချိန်ကြာကြာ ဖုန်းပြောဆိုဖို့ သင့်ဖုန်းကို နားနဲ့ ကပ်လျက်ကိုင်ထားမယ်ဆိုရင် အဆင်မပြေမှု ရှိကောင်းရှိနိုင်ပါတယ်။ ဒါဆို ဖြစ်နိုင်ချေရှိတဲ့ ဖြေရှင်းချက်တွေက ဘာတွေလဲ။ နောက်လက်တဖက် ကို ပြောင်းလိုက်ပါ (သို့) လက်နဲ့ကိုင်ပြောစရာမလိုတဲ့ နားကြပ် (သို့) ဘလူးတုသ်နားကြပ် အသုံးပြုပါ။

ဆိုက်ဘာရောဂါ
ဒီရောဂါလက္ခဏာအခြေအနေအပေါ် သုတေသနပညာရှင်များဟာ နှစ်ပေါင်းများစွာ စိတ်ရှုပ်ထွေးစေခဲ့ပါတယ်။ ဒါပေမဲ့ ဒီရောဂါက အမြင်အာရုံ စူးစိုက်မှု( virtual reality) မှာ အချိန်ကုန်ဆုံးစေတဲ့ လူတွေကို ဆိုးကျိုးဖြစ်စေကြောင်း သိရှိခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ (VR) အမြင်အာရုံ အသုံးချရတဲ့နေရာတွေဟာ 3D ရုပ်ရှင် (သို့) ဖုန်း(သို့) တက်ဘလက်ပေါ်က HD ဖန်သားပြင်တွေ ပါဝင်တယ်။ ရောဂါရဲ့လက္ခဏာတွေ ကတော့  မူးနောက်ခြင်းနဲ့ ခေါင်းကိုက်ခြင်း တို့ ဖြစ်ပါတယ်။

Source: Reader's Digest
Trend Myanmar
Nomophobia ( no-mobile-phone phobia) ရောဂါက လူငယ်တွေအပေါ် ပိုပိုပြီး အကျိုးသက်ရောက် မှုဖြစ် လာစေခဲ့ပါတယ်။ ဒီရောဂါဝေဒနာရှင်တွေမှာ သူတို့ ဖုန်းနဲ့ဝေးကွာပြီး Update သတင်းတွေကို အချိန်နဲ့ တပြေးညီ မရရှိနိုင်တော့တဲ့အခါ စိုးရိမ်သောကများခြင်း၊ စိတ်ခြောက်ချားမှု စတဲ့ ရောဂါ လက္ခဏာတွေ ဖြစ်ပေါ် လာပါတယ်။ သုတေသနပညာရှင်တွေက ဒီစိတ်စွဲလမ်းမှု အခြေအနေကို လောင်း ကစားနဲ့ တောင် နှိုင်းယှဉ်ထားပါတယ်။ ဒီတော့ နည်းပညာတွေက ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ သင့်ကိုဖြစ်ပေါ်စေနိုင်ပါသလဲ။

ကာဒစ်ရှ်အမျိုးသား တစ်ဦးကို ခေါင်းဖြတ်နေသည့် ဗီဒီယိုကို IS အဖွဲ့ ထုတ်ပြန်ပြသ

Photo: ကာဒစ်ရှ်အမျိုးသား တစ်ဦးကို ခေါင်းဖြတ်နေသည့် ဗီဒီယိုကို IS အဖွဲ့ ထုတ်ပြန်ပြသ
Friday, August 29, 2014

အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့က ၎င်းတို့၏ ရန်သူတော် ကာဒစ်ရှ်တပ်ဖွဲ့များကို ခြိမ်းခြောက်သည့် အနေဖြင့် ကာဒစ်ရှ် အမျိုးသား တစ်ဦးကို ခေါင်းဖြတ်သတ်သည့် ဗီဒီယိုအား ထုတ်ပြန် ပြသခဲ့ကြောင်း သတင်းရရှိသည်။

သွေးထဲက သတင်းစကားဟု ခေါင်းစဉ်တပ်ထားသည့် ဗီဒီယိုထဲတွင် ကာဒစ်ရှ်အမျိုးသား တစ်ဦးကို IS တပ်ဖွဲ့ဝင်များက ခေါင်းဖြတ်သတ်နေသည့် မြင်ကွင်းအပြင် အဖမ်းခံထားရသည့် ကာဒစ်ရှ် တိုက်ခိုက်ရေးသမားများဟု ယူဆရသူအချို့၏ ပုံရိပ်ကိုလည်း ပြသထားသည်။ ၎င်းတို့အားလုံး လိမ္မော်ရောင် တူညီဝတ်စုံများနှင့် ရှိနေကြသည်။

ဗီဒီယိုထဲတွင် ကာဒစ်ရှ် အမျိုးသားသည် IS တို့ ထိန်းချုပ်ထားသည့် အီဂျစ်မြောက်ပိုင်း မိုဆူးလ်မြို့မှ ဗလီတစ်ခုရှေ့တွင် ဒူးထောက်လျက်သား ရှိနေပြီး ထို့နောက်တွင် IS တို့က ၎င်းကို ခေါင်းဖြတ်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ကာဒစ်ရှ်တို့က အမေရိကန်၏ အလိုအတိုင်း IS အဖွဲ့ကို ဆက်လက် တိုက်ခိုက်နေမည် ဆိုပါက ဖမ်းဆီးထားသည့် အခြား ကာဒစ်ရှ် တိုက်ခိုက်ရေး သမားများကိုလည်း ခေါင်းဖြတ်မည်ဟု ၎င်းတို့က ခြိမ်းခြောက် သတိပေးခဲ့သည်။

IS တို့သည် အမေရိကန်၏ အကန့်အသတ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကို လက်စားချေသည့် အနေဖြင့် အမေရိကန် သတင်းထောက် ဂျိမ်းစ်ဖိုလေကို ခေါင်းဖြတ်သတ်နေပုံ ဗီဒီယိုကိုလည်း အင်တာနက်တွင် လွှင့်တင်ခဲ့ဖူးသည်။ အမေရိကန်သည် IS တို့၏ ရန်သူတော် ကာဒစ်ရှ် တိုက်ခိုက်ရေး အဖွဲ့များကိုလည်း လက်နက် တပ်ဆင်ပေးနေသည်။

အစောပိုင်းက ဆီးရီးယားတွင် ရိုက်ကူးထားသည်ဟု ယူဆရသည့် IS တို့၏ ဗီဒီယို မှတ်တမ်းတစ်ခုတွင် ဆီးရီးယား အစိုးရ စစ်စခန်းတစ်ခုကို သိမ်းယူပြီးနောက် ဆီးရီးယား စစ်သား အများအပြားကို သတ်ဖြတ်ကာ အချို့ကို သုံ့ပန်းအဖြစ် ဖမ်းယူသွားသည့် ပုံရိပ်များကိုလည်း တွေ့ရှိခဲ့ရသည်။ ဆွန်နီ အစ္စလာမ်မစ် အစွန်းရောက်များ ဖြစ်ကြသည့် IS အဖွဲ့သည် ဆီးရီးယားနှင့် အီရတ်မှ နယ်မြေ အများအပြားကို သိမ်းပိုက်ကာ အစ္စလာမ်မစ် နိုင်ငံတော်အဖြစ် သတ်မှတ် ထူထောင်ကြောင်း ကြေညာထားသည်။

BBC 
အစ္စလာမ်မစ် နိုင်ငံတော် (IS)စစ်သွေးကြွအဖွဲ့က ၎င်းတို့၏ရန်သူတော် ကာဒစ်ရှ်တပ်ဖွဲ့များကို ခြိမ်းခြောက် သည့်အနေဖြင့် ကာဒစ်ရှ် အမျိုးသား တစ်ဦးကို ခေါင်းဖြတ်သတ်သည့် ဗီဒီယိုအား ထုတ်ပြန် ပြသခဲ့ကြောင်း သတင်းရရှိသည်။

ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင် (၄၃)ဦးကို ဆီးရီးယား တော်လှန်ရေးတပ်ဖွဲ့များ ဖမ်းဆီးထား

Photo: ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင် (၄၃)ဦးကို ဆီးရီးယား တော် လှန်ရေး တပ်ဖွဲ့များ ဖမ်းဆီးထား
Friday, August 29, 2014

ဆီးရီးယားနိုင်ငံပိုင် ဂိုလန်ကုန်းမြင့် ဒေသတွင် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်း သိမ်းမှု အဖွဲ့ဝင် အများအပြားကို ဆီးရီးယား တော်လှန်ရေး လက်နက်ကိုင် အဖွဲ့များက ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

အယ်လ်ကေးဒါး အကြမ်းဖက် အဖွဲ့နှင့် ဆက်နွှယ်နေသည့် အစ္စလာမ်မစ် တော် လှန်ရေး သမားများ အပါအဝင် လက်နက်ကိုင် အချို့က ဩဂုတ်(၂၈)ရက်တွင် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင် (၄၃)ဦးကို ဖမ်းဆီးလိုက်ပြီး (၈၁)ဦးကို ဝန်းရံပိတ်ဆို့ထားကြောင်း ကုလသမဂ္ဂက ကြေညာသည်။

ဖီဂျီနိုင်ငံသား ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင် (၄၃)ဦးသည် ကူနီထရာ စစ်ဆေးရေး ဂိတ်အနီးတွင် အထိန်းသိမ်းခံရပြီး ၎င်းတို့၏ လက်နက်များကို သိမ်းယူကာ ဓားစာခံများအဖြစ် ခေါ်ဆောင်သွားခြင်း ခံရကြောင်း သိရှိရသည်။ သို့သော်လည်း ဦးထုပ်ပြာများ ဝတ်ဆင်ထားသည့် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့များမှ ဖိလစ်ပိုင်နိုင်ငံသား (၈၁)ဦးမှာ လက်နက်ချရန် ငြင်းဆိုပြီး အခြေစိုက် စခန်းထဲတွင် ဆက်လက် ရှိနေသည့်အတွက် ဝန်းရံပိတ်ဆို့ ခံထားရကြောင်း ဖိလစ်ပိုင် ကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

လက်ရှိ အခြေအနေကို ကုလသမဂ္ဂက ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရန် ကြိုး စားနေကြောင်း ဆိုသည်။ ဖီဂျီစစ်ဦးစီးချုပ်ဖြစ်သည့် ဗိုလ်ချုပ် မော်ဆီဆီ တီကွိုင်တိုဂါက ဖမ်းဆီးခံရသည့် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များ၏ လုံခြုံရေးမှာ လတ်တလောတွင် စိတ်ချရသည့် အခြေအနေ ရှိသော်လည်း ၎င်းတို့ လွတ်မြောက်ရေးအတွက် ပူးပေါင်း ကူညီကြပါရန် နိုင်ငံတကာသို့ တိုက်တွန်းခဲ့သည်။

ဆီးရီးယားတွင် သမ္မတ ဘာရှာအာဆက်ဒ်ကို တော်လှန်နေသည့် လက်နက်ကိုင် အဖွဲ့အစည်း အများအပြား ရှိနေပြီး အယ်လ်ကေးဒါးတို့နှင့် ဆက်နွယ်သည့် အယ်လ်နူဆာရာ တပ်ဦးကဲ့သို့ အကြမ်းဖက် အဖွဲ့များလည်း အပါအဝင် ဖြစ် သည်။ အဆိုပါ အဖွဲ့သည် ဩဂုတ် (၂၇)ရက်က ဂိုလန်ကုန်းမြင့်ရှိ ကူနီထရာ စစ်ဆေးရေးဂိတ်ကို ကျော်ဖြတ်ပြီး အစ္စရေးပိုင်နက်ဘက် ကျူးကျော်ရန် ကြိုးပမ်းသဖြင့် အစ္စရေး နယ်ခြားစောင့်တပ်များနှင့် တိုက်ပွဲငယ် များ ဖြစ်ပွားခဲ့သည်။

ကူနီထရာသည် ဂိုလန်ရှိ အစ္စရေးနှင့် ဆီးရီးယားတို့ ပိုင်နက်များကြား နယ်နိမိတ် ပိုင်းခြားထားသည့် တစ်ခုတည်းသော စစ်ဆေးရေးဂိတ်ဖြစ်ပြီး အစ္စရေး အတွက်လည်း မဟာဗျူဟာကျသည့် နယ်ခြားစခန်း တစ်ခုသဖွယ် တည်ရှိနေသည်။

Ref: Channelnewsasia
7Day DAILY
ဆီးရီးယားနိုင်ငံပိုင် ဂိုလန်ကုန်းမြင့် ဒေသတွင် ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုအဖွဲ့ဝင် အများအပြား ကို ဆီးရီးယား တော်လှန်ရေး လက်နက်ကိုင် အဖွဲ့များက ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

သာကေတမြို့နယ်၌ အုပ်စုဖွဲ့ခိုက်ရန်ဖြစ်ပွားမှုအား အရေးယူဆောင်ရွက်လျက်ရှိ


၂၈.၈.၂၀၁၄ ရက်နေ့ ၁၂၁၅ အချိန်ခန့်တွင် သာကေတမြို့နယ်၊ ၁၀/တောင် (၁၃)ရပ်ကွက်၊ ခိုင်ရွှေဝါ လမ်းမပေါ်တွင် လူအများအုပ်စုဖွဲ့ကာ တစ်ဘက်နှင့် တစ်ဘက် ခိုက်ရန်ဖြစ်ပွားခဲ့ပါသည်။

ကယားတွင် မြေမြှုပ်မိုင်း စစ်တမ်းကောက်ရန် ဗြိတိန်အဖွဲ့ နည်းပညာ ကူညီမည်

Photo: ကယားတွင် မြေမြှုပ်မိုင်း စစ်တမ်းကောက်ရန် ဗြိတိန်အဖွဲ့ နည်းပညာ ကူညီမည်
Friday, August 29, 2014

အမေရိကန်အစိုးရ၏ အကူအညီဖြင့် ကယားပြည်နယ်အတွင်း မြေမြှုပ်မိုင်း စစ်တမ်းများကောက်ယူနေသော အရပ်ဘက် လူမှုအဖွဲ့အစည်းခြောက်ခုကို ဗြိတိန်နိုင်ငံအခြေစိုက် Mine Advisory Group(MAG) က နည်းပညာ အကူအညီပေးမည်ဟု MAG ဆက်ဆံရေးအရာရှိ သြဂတ်စတင်းက မဇ္ဈိမကို ပြောသည်။

MAG က ပထမဆုံးအဖြစ် မိုင်းအန္တရာယ် အသိပညာပေးခြင်းနှင့် မြေမြှုပ် မိုင်းစစ်တမ်းများ စနစ်တကျ ကောက်ယူရမည့် ပုံစံများနှင့်ပတ်သက်ပြီး ယင်းအဖွဲ့ ခြောက်ဖွဲ့ကို အောက်တိုဘာလအတွင်း သင်တန်းများပေးသွားမည်ဖြစ်သည်။

“ဒေသခံတွေကို မိုင်းအသိပညာပေးတဲ့ အစီအစဉ်တွေမှာ သူတို့ဘက်က တောင်းဆိုရင် ပေးနိုင်သမျှ အကူအညီပေးမယ်”ဟု သြဂတ်စတင်းက ပြောသည်။

ပထမဆုံးအကြိမ်အဖြစ် ကယားပြည်နယ်အတွင်း မြေမြှုပ်မိုင်းအန္တရာယ် အသိပညာပေးရန်၊ မြေမြှုပ်မိုင်းဒဏ်ခံရသူများကို ကူညီရန်နှင့် မြေမြှုပ်မိုင်းများရှိ မရှိ စစ်တမ်းများ ကောက်ယူရန် အမေရိကန်အစိုးရက ဒေသတွင်းရှိ အရပ်ဘက်လူမှုအဖွဲ့အစည်း ခြောက်ခုကို ၂၀၁၄ ခုနှစ်၊ မတ်လက အမေရိကန်ဒေါ်လာ ၁၁၀,၀၀၀ ကူညီထောက်ပံ့ခဲ့သည်။

အဆိုပါငွေကြေးအကူအညီကို ကယန်းမျိုးဆက်သစ် လူငယ်အဖွဲ့၊ ကရင်နီလူငယ်များသမဂ္ဂ၊ ပေးဆပ်အလင်းတန်း၊ ကယားဖူးအဖွဲ့၊ Youth Light Formation Center နှင့် Community Youth Cente ဆိုသော အဖွဲ့များက ရရှိထားခြင်းဖြစ်သည်။

၂၀၁၄ ခုနှစ်၊ ဇွန်လမှ စတင်၍ သက်ဆိုင်ရာနယ်မြေများအလိုက် မြေမြှုပ်မိုင်းထိခံရသူများ၏ အချက်အလက်များ ကောက်ယူခြင်း၊ မိုင်းအန္တရာယ်အသိပေးခြင်း၊ အသက်မွေးမှု အထောက်အပံ့များ၊ ခေါင်းဆောင်မှု သင်တန်းများနှင့် မိုင်းထိခံရသူများ၏ သားသမီးများကို ပညာသင်စရိတ်ကိုလည်း ထောက်ပံ့ပေးနေသည်။

ကယားပြည်နယ်အတွင်း ၂၀၀၆ မှ ၂၀၁၃ ခုနှစ်အထိ မြေမြှုပ်မိုင်းကြောင့် ဒဏ်ရာရသူ ၁၁၂ ဦး၊ ခြေထောက်ပြတ်သူ ၁၀၁ ဦးနှင့် သေဆုံးသူ ၁၁ ဦး ရှိကြောင်း ကရင်နီ လူမှုဖူလုံရေးနှင့် ဖွံ့ဖြိုးရေးပင်မအဖွဲ့ စစ်တမ်းများတွင် ဖော်ပြသည်။ မြန်မာသည် မြေမြှုပ်မိုင်းကြောင့် ထိခိုက်မှု တတိယအများဆုံးနိုင်ငံအဖြစ် Landmine and Cluster Munition Monitor အစီရင်ခံစာက ဖော်ပြထားသည်။

Mizzima - News in Burmese
အမေရိကန်အစိုးရ၏ အကူအညီဖြင့် ကယားပြည်နယ်အတွင်း မြေမြှုပ်မိုင်း စစ်တမ်းများကောက်ယူနေသော အရပ်ဘက် လူမှုအဖွဲ့အစည်းခြောက်ခုကို ဗြိတိန်နိုင်ငံအခြေစိုက် Mine Advisory Group(MAG) က နည်းပညာ အကူအညီပေးမည်ဟု MAG ဆက်ဆံရေးအရာရှိ သြဂတ်စတင်းက မဇ္ဈိမကို ပြောသည်။

ဥပဒေမဲ့ အလုပ်ထုတ်လျှင် အလုပ်ရှင်ကို ငွေဒဏ်အပြင် ထောင်ဒဏ်တစ်နှစ်မှ သုံးနှစ်ထိ ချမှတ်နိုင်ရန် ပြင်ဆင်

Photo: ဥပဒေမဲ့ အလုပ်ထုတ်လျှင် အလုပ်ရှင်ကို ငွေဒဏ်အပြင် ထောင်ဒဏ်တစ်နှစ်မှ သုံးနှစ်ထိ ချမှတ်နိုင်ရန် ပြင်ဆင်
Friday, August 29, 2014

ဥပဒေမဲ့ အလုပ်ထုတ်ပါက အလုပ်ရှင်ကို ငွေဒဏ်အပြင် ထောင်ဒဏ်ပါချမှတ်ရန် သမ္မတမှတ်ချက်ပြုလိုက်ကြောင်း အလုပ်သမား၊ အလုပ်ရှင်အခွင့် အရေး လေ့ လာရေးကော်မရှင် အတွင်းရေးမှူး ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က မဇ္ဈိမကို ပြောသည်။

အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးသည့်အတွက် သမ္မတက မှတ်ချက်ပြုနိုင်ရန် ပေးပို့ခဲ့ရာ သမ္မတက အထက်ပါအတိုင်း မှတ်ချက်ပြု၍ ပြန်လည်ပေးပို့ခဲ့ခြင်းဖြစ်သည်။

“အလုပ်ရှင်က အလုပ်သမားများကို ဥပဒေမဲ့ အလုပ်ထုတ်ပါက ငွေဒဏ် ကျပ်ငါးသိန်းချမှတ်ရမည့်အပြင် ထောင်ဒဏ်ထည့်သွင်းမှသာ အရေးယူဆောင်ရွက်ရေး ထိရောက်မှုရှိမည်” ဟု သမ္မတက မှတ်ချက်ပြုထားသည်ဟု ၎င်းက ဆိုသည်။

“ပြည်သူ့ဆန္ဒအတိုင်း သမ္မတကြီးက မှတ်ချက်ပေးခြင်းဖြစ်ပါတယ်။ ဒီဥပဒေကို အခန်း(၉)မှာ အလုပ်ရှင်၊ အလုပ်သမား ဥပဒေချိုးဖောက်ရင် ဥပဒေအရအရေးယူနိုင်ဖို့ ငွေဒဏ်ကော၊ ထောင်ဒဏ်ကော နှစ်ရပ်စလုံးချမှတ်ဖို့ မှတ်ချက်ပြုထားတယ်”ဟု ပြောသည်။

အဆိုပါပြင်ဆင်သည့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင် ထောင်ဒဏ်အပြင် ငွေဒဏ်ပါ ထည့်သွင်းထားသော်လည်း ပြည်သူ့လွှတ်တော်က ငွေဒဏ်သာထည့်သွင်းထားခဲ့ပြီး သမ္မတက ထောင်ဒဏ်ပါ ချမှတ်အရေးယူမှသာ ထိရောက်မှုရှိမည်ဟု မှတ်ချက်ပြုထားခြင်းဖြစ်သည်။ လာမည့် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင် အဆိုပါမှတ်ချက်ပြုထားသည့် အချက်များကို ထည့်သွင်းပြဋ္ဌာန်းရေး ဆွေးနွေးကြမည်ဖြစ်သည်ဟု ဦးခိုင်မောင်ရည်က ဆိုသည်။

အဆိုပါ ဥပဒေကြမ်းတွင် အခန်းကိုးခန်းပါဝင်ပြီး အခန်း ၁ မှ ၅ အထိ အလုပ် သမား၊ အလုပ်ရှင်ဆိုင်ရာ အဖွဲ့အစည်းများ အကြောင်းအရာ၊ ပြင်ဆင်ခြင်း၊ အခန်း(၆)မှ အခန်း(၉)အထိ ပြစ်မှုပြစ်ဒဏ်ဆိုင်ရာများ ပြန်လည်ပြင်ဆင် ထည့်သွင်း ထားသည်ဟု ၎င်းက ဆိုသည်။

ထိုမူလဥပဒေအရ မည်သည့်အလုပ်ရှင်မဆို ပုဒ်မ ၃၈ နှင့် ပုဒ်မ ၃၉ တို့ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ပါက ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူသည် ငွေဒဏ်အနည်းဆုံး ကျပ်တစ်သိန်းနေရာတွင် ငွေဒဏ်ကျပ် ငါးသိန်းဟူ၍ လည်းကောင်း၊ ငွေဒဏ်တိုးမြှင့်ထားသည့်အပြင် ထောင်ဒဏ်တစ်နှစ်မှ သုံးနှစ်အထိ အရေးယူရန် ဖြည့်စွက်ပြင်ဆင်ထားပြီးလာမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တင်ပြသွားမည်ဖြစ်သည်။

အလုပ်သမားရေးရာခုံသမာဓိကောင်စီ အလုပ်သမားကိုယ်စားလှယ် ကိုနော်အောင်က “အလုပ်ရှင်က အလုပ်သမား ဘယ်လောက် အလုပ်ဖြုတ်ဖြုတ် ဒဏ်ကြေးက ငါးသိန်းပဲဆောင်ရမှာ။ အဲဒီအတွက် သမ္မတရဲ့ မှတ်ချက်ကလည်း ထောင်ဒဏ်ထည့်သွင်းမှသာ တိကျစွာ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်လို့ မှတ်ချက်ပြုထားပါတယ်။ တကယ်လည်း ထောင်ဒဏ်ထည့်ဖို့ လိုအပ်ပါတယ်”ဟု ပြောသည်။

မူလ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးနည်းဥပဒေတွင် အလုပ်ရှင်များက ဥပဒေချိုးဖောက်ပါက ငွေဒဏ်သာ ကျခံစေပြီး ထောင်ဒဏ်ထည့်သွင်းထားခြင်း မရှိပေ။ အလုပ်သမားများက ဆန္ဒပြရာတွင် သက်ဆိုင်ရာက ခွင့်ပြုမှသာ ဆန္ဒထုတ်ဖော်ခွင့် ရှိကြောင်း၊ ခွင့်ပြုချက်မပါဘဲ ဆန္ဒထုတ်ဖော်ပါက ထောင်ဒဏ်ထိ အရေးယူရန်လည်း ထည့်သွင်းပြဋ္ဌာန်းထားသည်ဟု ၎င်းက ဆိုသည်။

Mizzima - News in Burmese 

လှိုင်သာယာမြို့နယ်ရှိ Master Sports ဖိနပ်စက်ရုံအလုပ်သမားများ လုပ်ခလစာ မရရှိခြင်း၊ အကြောင်းမကြားဘဲ အလုပ်ပိတ်ခြင်းတို့ကြောင့် လှိုင်သာယာမြို့နယ်မှ ကိုးရီးယားသံရုံးရှေ့သို့ အင်အား ၆၀ဝ ခန့်ဖြင့် ၂၀၁၄ ဇူလိုင် ၁၇ ရက်က လမ်းလျှောက် ဆန္ဒဖော်ထုတ်စဉ်။ ဓာတ်ပုံ - ဘိုဘို
လှိုင်သာယာမြို့နယ်ရှိ Master Sports ဖိနပ်စက်ရုံအလုပ်သမားများ လုပ်ခလစာမရရှိခြင်း၊ အကြောင်း မကြားဘဲ အလုပ်ပိတ်ခြင်းတို့ကြောင့် လှိုင်သာယာမြို့နယ်မှ ကိုးရီးယားသံရုံးရှေ့သို့ အင်အား ၆၀ဝ ခန့်ဖြင့် ၂၀၁၄ ဇူလိုင် ၁၇ ရက်က လမ်းလျှောက်ဆန္ဒဖော်ထုတ်စဉ်။ ဓာတ်ပုံ - ဘိုဘို
ဥပဒေမဲ့ အလုပ်ထုတ်ပါက အလုပ်ရှင်ကို ငွေဒဏ်အပြင် ထောင်ဒဏ်ပါချမှတ်ရန် သမ္မတမှတ်ချက်ပြု လိုက်ကြောင်း အလုပ်သမား၊ အလုပ်ရှင်အခွင့် အရေး လေ့ လာရေးကော်မရှင် အတွင်းရေးမှူး ပြည်သူ့ လွှတ် တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က မဇ္ဈိမကို ပြောသည်။

ဆီးရီးယားလေတပ်စခန်းကို သိမ်းပိုက်စဉ်က ဖမ်းဆီးထားသူ ၂၅၀ ကို IS အဖွဲ့က သတ်ပစ်လိုက်ကြောင်း ထုတ်ပြန်သည့် ဗီဒီယိုထွက်ပေါ်

  
ဆီးရီယားအစိုးရ၏ တက်ကာ လေတပ်အခြေစိုက်စခန်းတစ်ခုကို သြဂုတ် ၂၄ ရက်တွင် သိမ်းပိုက်ခံစဉ်က ဖမ်းဆီးခဲ့သူ ၂၅၀ ကို သတ်ပစ် လိုက်ကြောင်း ဖော်ပြသည့် ဗီဒီယိုမှတ်တမ်းကို IS အဖွဲ့က ထုတ်ဖော်ပြသ လိုက်သည်။

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား တစ်ဦး လုပ်ငန်းခွင်၌ ငြမ်းပေါ်မှ ပြုတ်ကျပြိး ဦးခေါင်း ဒဏ်ရာရ

Photo: ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား တစ်ဦး လုပ်ငန်းခွင်၌ ငြမ်းပေါ်မှ ပြုတ်ကျပြိး ဦးခေါင်း ဒဏ်ရာရ
Friday, August 29, 2014

မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးသည် ထိုင်းနိုင်ငံ၊ Thalang မှ Koh Kaew ရှိ Baan Reua ကျောင်း၏ ငြမ်းစင်ပေါ်မှ ခြေချော်ကျကာ ဦးခေါင်းဒဏ်ရာဖြင့် ဆေး ရုံတွင် ဆေးကုသခံယူနေရကြောင်း သိရသည်။

လုပ်သားအမည်မှာ ရဲမှတ်တမ်းအရ မစ္စတာ ၀မ်ချုင်း (၂၀ နှစ်) ဖြစ်၍ အင်္ဂါနေ့က ကျောင်း အဆောက်အဦ ဆေးသုတ်နေစဉ် (၆)မီတာ အမြင့်မှ ခြေချော်ကျပြီး မြေပြင်လူသွားလမ်းနှင့် ဦးခေါင်းကို ပြင်းထန်စွာ ရိုက်ခတ်မိသွားသည်။

ကယ်ဆယ်ရေးလုပ်သားများက မစ္စတာ ၀မ်ချိုင်းအား Thalang ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ပေးခဲ့သည်။ ၎င်းနောက် ဒဏ်ရာပြင်းထန်သောကြောင့် ဖူးကက်မြို့ရှိ Vachira Phuket ဆေးရုံသို့ ပြောင်းရွှေ့လိုက်သည်။

“ဘာအကာအကွယ်မှ မထားပဲ နေရာမြင့်မြင့်မှာ အလုပ်လုပ်ရင် အန္တရာယ်တွေ့ရစမြဲပါ” ဟု ဆိုလျက် ကာနယ် ဆန်နစ်မှ လုပ်သားအားလုံးကို လက်ရှိမိုးရာသီကာလအတွင်း လုပ်ငန်းခွင်၌ အထူးသတိကရုပြုကြ ရန် နှိုးဆော် လိုက်သည်။

ဝမ်းချိုင်း၏ဖခင်ဝင် အပါအ၀င် ကျောင်းဆေးသုတ်လုပ်သားအားလုံးမှာ Koh Sireh မှ လာရောက်ခဲ့ခြင်းဖြစ်သည်ဟု ဒဏ်ရာရသူ၏ အသက်(၁၈)နှစ်အရွယ် ညီမ၀မ်းကွဲက ရဲဌာနသို့ ပြောပြသည်။

Ref : Phuket Gazette
M-Media
မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးသည် ထိုင်းနိုင်ငံ၊ Thalang မှ Koh Kaew ရှိ Baan Reua ကျောင်း ၏ ငြမ်းစင်ပေါ်မှ ခြေချော်ကျကာ ဦးခေါင်းဒဏ်ရာဖြင့် ဆေး ရုံတွင် ဆေးကုသခံယူနေရကြောင်း သိရသည်။

ဥရောပ အကောင်းဆုံး ဘောလုံးသမားဆု ရော်နယ်ဒို ရရှိ

Photo: ဥရောပ အကောင်းဆုံး ဘောလုံးသမားဆု ရော်နယ်ဒို ရရှိ
Friday, August 29, 2014

၂၀၁၃၊ ၂၀၁၄ ရာသီအတွက် ဥရောပရဲ့ အကောင်းဆုံး ဘောလုံးသမားဆုကို ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ခရစ်တီယာနို ရော်နယ်ဒို ရရှိသွားပါတယ်။

အသက် ၂၉ နှစ်အရွယ် ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံလိဂ်မှာ ၁၇ ဂိုးသွင်း ထားပြီး ရီရဲလ်မက်ဒရစ်ကို ၁၀ ကြိမ်မြောက် ဗိုလ်စွဲအောင် ကူညီနိုင်ခဲ့ပါတယ်။ သူဟာ ဘိုင်ယန်မြူးနစ်က အာဂျန်ရော်ဘင်နဲ့ ဂိုးသမား နူအာတို့ကို ဖြတ်ကျော်ပြီး ရရှိခဲ့တာပါ။

“ဒီဆုအတွက် အသင်းဖော်တွေကို ကျေးဇူးတင် ရမှာပါ။ အသင်းဖော်တွေ မကူညီဘဲ တယောက်တည်းအစွမ်းနဲ့ ဆုရဖို့ မဖြစ်နိုင်ပါဘူး” လို့ ရော်နယ်ဒိုက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က ဥရောပရဲ့ အကောင်းဆုံးဘောလုံးသမားဆုကိုတော့ ဘိုင်ယန်မြူးနစ် တောင်ပံကစားသမား ရီဘာရီက ရရှိထားပါတယ်။

ဒီဗွီဘီ
၂၀၁၃၊ ၂၀၁၄ ရာသီအတွက် ဥရောပရဲ့ အကောင်းဆုံး ဘောလုံးသမားဆုကို ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ခရစ်တီယာနို ရော်နယ်ဒို ရရှိသွားပါတယ်။

အီးစီးကရက်သောက်သုံးမှုကို တားမြစ်ဖို့တိုက်တွန်းလိုက်သည့် ကုလသမဂ္ဂ

Photo: အီးစီးကရက်သောက်သုံးမှုကို တားမြစ်ဖို့တိုက်တွန်းလိုက်သည့် ကုလသမဂ္ဂ
Friday, August 29, 2014

ကုလသမဂ္ဂကျန်းမာရေးအဖွဲ့ကြီးက အီးစီးကရက်သောက်သုံးခြင်းဟာ ကျန်းမာရေးထိခိုက်နိုင်တာကြောင့် အဲ့ဒီလိုစီးကရက်သောက်သုံးတာမျိုးကို
တားမြစ်ဖို့ သတင်းထုတ်ပြန်လိုက်ပါတယ်။အီးစီးကရက်ဟာ မိခင်ဝမ်းတွင်းရှိ ကလေးငယ်တွေနဲ့ လူငယ်တွေကို ပြင်းပြင်းထန်ထန် ခြိမ်းခြောက်လာနိုင်တာကြောင့် အစိုးရတွေအနေနဲ့ လူငယ်တွေကို အီးစီးကရက်ရောင်းချခြင်းကို ပိတ်ပင်တားမြစ် သင့်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သြဂုတ်လ (၂၆) ရက်နေ့မှာ အစီရင်ခံစာထုတ်ပြန်လိုက် ပါတယ်။
 
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက စီးကရက်ပုံစံအီးစီးကရက် သောက်ရာကနေ မှုတ်ထုတ်လိုက်တဲ့အငွေ့ဟာ ဘေးနားကလူတွေကို ထိခိုက်နိုင်ခြင်းရှိ၊မရှိမသိနိုင်သေးသ၍ အများပြည်သူနဲ့ဆိုင်တဲ့ အဆောက်အဦတွေအတွင်းမှာအီးစီးကရက်သောက်သုံး မှုကို တားမြစ်ပိတ်ပင်သင့်သည်လို့လည်း အကြံပြုထားပါတယ်။အီးစီးကရက်ဟာ ဆေးရွက်ကြီးပေါင်းနဲ့ပြုလုပ်ထားတဲ့ စီးကရက်ထက်ပိုပြီးအန္တရာယ်ကင်းတဲ့အချက်ကို အသိအမှတ်ပြုကြောင်းကိုတော့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
 
ဒါပေမယ့် ဆေးရွက်ကြီးဆေးလိပ်သောက်သုံးခြင်းကို ဖြတ်လိုက်သူတွေ အာသာပြေဖို့သောက်သုံးတဲ့ အီးစီးကရက်ဟာသုံးစွဲသူအတွက် ဘေးကင်းမှုရှိမရှိဆိုတာကို လေ့လာမှုတွေ ဆက်လက်လုပ်ဆောင်ဖို့လိုအပ်တယ်လို့လည်း ထုတ်ပြန်ချက်မှာအ လေးထားဖော်ပြထားပါတယ်။အီးစီးကရက်အသုံးပြုရာကနေ ဦးနှောက်ဖွံ့ဖြိုးမှုနှင့်သက်ဆိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေအပြင် ဆယ်ကျော်သက်တွေ နီကိုတင်းစွဲနိုင်ခြင်း၊သန္ဓေသားကို ထိခိုက်နိုင်ခြင်းစတဲ့ကျန်းမာရေး ဆိုးကျိုးတွေရှိနိုင်တာကြောင့် မျိုးပွားနိုင်တဲ့အရွယ်ရှိ အမျိုးသ မီးတွေ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ၊ ဆယ်ကျော်သက်တွေနဲ့ ကလေးငယ်တွေကိုလည်း သတိရှိဖို့ပြောကြားထားရမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

MRTV-4
ကုလသမဂ္ဂကျန်းမာရေးအဖွဲ့ကြီးက အီးစီးကရက်သောက်သုံးခြင်းဟာ ကျန်းမာရေးထိခိုက်နိုင်တာကြောင့် အဲ့ဒီလိုစီးကရက်သောက်သုံးတာမျိုးကို တားမြစ်ဖို့ သတင်းထုတ်ပြန်လိုက်ပါတယ်။ အီးစီးကရက်ဟာ မိခင် ၀မ်းတွင်းရှိ ကလေးငယ်တွေနဲ့ လူငယ်တွေကို ပြင်းပြင်းထန်ထန် ခြိမ်းခြောက်လာနိုင်တာကြောင့် အစိုး ရတွေ အနေနဲ့ လူငယ်တွေကို အီးစီးကရက်ရောင်းချခြင်းကို ပိတ်ပင်တားမြစ် သင့်တယ်လို့ ကမ္ဘာ့ ကျန်း မာရေးအဖွဲ့ကြီးက သြဂုတ်လ (၂၆) ရက်နေ့မှာ အစီရင်ခံစာထုတ်ပြန်လိုက် ပါတယ်။

ကျုံးဘေးနှင့် လမ်းလယ်ကျွန်းများတွင် စည်းကမ်းမဲ့ နွားလွှတ်ကျောင်းခြင်းကို အရေးယူမည်

Photo: ကျုံးဘေးနှင့် လမ်းလယ်ကျွန်းများတွင် စည်းကမ်းမဲ့ နွားလွှတ်ကျောင်းခြင်းကို အရေးယူမည်
Friday, August 29, 2014

မန္တလေးမြို့နှင့် ကျုံးအနီးတ၀ိုက်တွင် စည်းကမ်းမဲ့ လွှတ်ထားသည့် နွားများအား စည်ပင်သယာရေးမှ ၂၀၁၄ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့တွင် ဖမ်းဆီးအရေးယူနေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - အောင်ကိုဦး၊ မဇ္ဈိမ)

မန္တလေးမြို့နှင့် ကျုံးအနီးတ၀ိုက်တွင် စည်းကမ်းမဲ့ လွှတ်ထားသည့် နွားများအား စည်ပင်သယာရေးမှ ၂၀၁၄ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့တွင် ဖမ်းဆီးအရေးယူနေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - အောင်ကိုဦး၊ မဇ္ဈိမ)

မန္တလေးမြို့ ကျုံးဘေးနှင့် လမ်းလယ်ကျွန်းများတွင် နွားများကို စည်းကမ်းမဲ့ လွှတ်ကျောင်းခြင်းကို ဖမ်းဆီး အရေးယူမှုများ လုပ်နေသည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ လက်ထောက်ကြီးကြပ်ရေးမှူး ဦးစိုးနိုင်ထွန်းက သြဂုတ် ၂၈ ရက်တွင် မဇ္ဈိမကို ပြောသည်

“အဓိကတော့ ကျုံးဘေးကို စည်းကမ်းမဲ့ လွှတ်ကျောင်းနေကြတဲ့ နွားတွေကို ဖမ်းဆီးနေတယ်။ အဲဒီနွားတွေက ကျုံးဘေးမှာ စိုက်ထားတဲ့ အပင်တွေနဲ့ လမ်းလယ်ကျွန်းတွေမှာ အလှစိုက်ပျိုးထားတဲ့ အပင်တွေ ကိုက်ဖြတ် ဖျက်ဆီးတာတွေရှိတယ်။ ဒါကြောင့် စောင့်ကြည့်ဖမ်းဆီးမှုတွေ လုပ်နေတယ်” ဟု ၎င်းက ပြောသည်။

ဖမ်းဆီးထားသော နွားများကို ရေတံခွန်တောင်အနီးတွင် ထိန်းသိမ်းသွားမည်ဖြစ်ပြီး နွားပိုင်ရှင်များကို ခေါ်ယူ၍ ပညာပေးဆွေးနွေးမှုများလုပ်၍ ဒဏ်ငွေသတ်မှတ်တပ်ရိုက်သွားမည်ဟု ဆိုသည်။

လက်ရှိတွင် ဒဏ်ကြေးငွေသတ်မှတ်ထားခြင်းမရှိသေးသော်လည်း နွားကြောင့် ပျက်စီးခဲ့သည့်အပေါ် မူတည်၍ ဒဏ်ငွေ ပေးဆောင်ရမည်ဟု ဆိုသည်။

ကျုံးဘေးသို့ နွားများ လွတ်လာတတ်သည့် အချိန်သည် ညပိုင်းသာ အများဆုံးဖြစ်သဖြင့် စောင့်ကြည့် ဖမ်းဆီးသွားမည်ဟု သိရသည်။

“အခုလို ကျုံးဘေးမှာ နွားတွေ လွတ်နေတော့ သွားလာနေတဲ့ သူတွေအတွက် အန္တရာယ်ဖြစ်နိုင်တယ်။ နောက်တစ်ခုက မြို့သာယာလှပအောင် စိုက်ထားတဲ့အပင်တွေပျက်တယ်။ မြို့လယ်ခေါင်နွားတွေ လွတ်နေတော့ မြို့လည်း အကျည်းတန်တယ်” ဟု ၎င်းက ပြောသည်။

သြဂုတ်၂၈ ရက်တွင် နွားဖမ်းဆီးခံရသော နွားပိုင်ရှင်တစ်ဦးကလည်း “သေချာလွှတ်ကျောင်းတာ မဟုတ်ပါဘူး။ ညပိုင်းမှာ လွတ်သွားတာပါ။ တစ်ခါမှတော့ ဒီလို မဖြစ်ဖူးပါဘူး။ သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်းပဲ လုပ်ဆောင်သွားမှာပါ။ အခုလို စည်းကမ်းနဲ့အညီ ထိန်းသိမ်းတာကို ကြိုဆိုပါတယ်”ဟု ၎င်းက ပြောသည်။

“ရပ်ကွက်ထဲ ၀င်လာတဲ့ နွားတွေကိုလည်း ဖမ်းသင့်ပါတယ်။ အိမ်ရှေ့စိုက်ထားတဲ့ အပင်ကတော့ ခဏခဏ နွားလာ စားလို့ ကုန်တော့မယ်။ မြင်တိုင်း မောင်းလွှတ်နေရတယ်။ ရပ်ကွက်တွေထဲ ၀င်လာတဲ့ နွားတွေလည်း ဖမ်းဆီးပေးဖို့ တောင်းဆိုချင်တယ်” ဟု ၃၂ ကွက် ဘုန်းတော်တိုးတွင် နေထိုင်သည့် ဦးသိန်းအောင်က ပြောကြားခဲ့သည်။

အောင်မြေသာစံမြို့နယ်တွင် တစ်နိုင်တစ်ပိုင် နွားမွေးမြူထားသူ ကိုဇော်ဝင်းက နွားများ မကြာခဏလွှတ်ခြင်းသည် မန္တလေးမြို့တွင် စားကျက်မြေများ ပျောက်သွားခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။

Mizzima - News in Burmese
မန္တလေးမြို့နှင့် ကျုံးအနီးတ၀ိုက်တွင် စည်းကမ်းမဲ့ လွှတ်ထားသည့် နွားများအား စည်ပင်သယာရေးမှ ၂၀၁၄ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့တွင် ဖမ်းဆီးအရေးယူနေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - အောင်ကိုဦး၊ မဇ္ဈိမ)
မန္တလေးမြို့ ကျုံးဘေးနှင့် လမ်းလယ်ကျွန်းများတွင် နွားများကို စည်းကမ်းမဲ့ လွှတ်ကျောင်းခြင်းကို ဖမ်းဆီး အရေးယူမှုများ လုပ်နေသည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ လက်ထောက် ကြီးကြပ်ရေး မှူး ဦးစိုးနိုင်ထွန်းက သြဂုတ် ၂၈ ရက်တွင် မဇ္ဈိမကို ပြောသည်

စာနယ်ဇင်းကောင်စီနှင့် တရားစီရင်ရေးတို့ စက်တင်ဘာ ပထမပတ်တွင် တွေ့မည်

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)နှင့် တရားစီရင်ရေးမဏ္ဍိုင်တို့ စက်တင်ဘာလ ပထမပတ် တွင် တွေ့ ဆုံ ဆွေးနွေးနိုင်ရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံ စာပေးပို့ထားကြောင်း ကောင်စီ အတွင်းရေးမှူး ဦးကျော်မင်းဆွေက မဇ္ဈိမကို ပြောသည်။

ယူကရိန်း သူပုန်များဘက်မှ ရုရှားတို့ ဝင်ရောက် တိုက်ခိုက်ပေးလျက် ရှိသည်ဟု ယူကရိန်း သူပုန်ခေါင်းဆောင် ပြောကြား

Photo: ယူကရိန်း သူပုန်များဘက်မှ ရုရှားတို့ ဝင်ရောက် တိုက်ခိုက်ပေးလျက် ရှိသည်ဟု ယူကရိန်း သူပုန်ခေါင်းဆောင် ပြောကြား
Friday, August 29, 2014

ယူကရိန်းနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော လက်နက်ကိုင်သူပုန်များနှင့် အစိုးရ တပ်ဖွဲ့ များ၏ တိုက်ပွဲများတွင် ယူကရိန်း သူပုန်များဘက်မှ ရုရှားနိုင်ငံသား ၃၀၀၀ မှ ၄၀၀၀ ခန့် ပါဝင် တိုက်ခိုက်လျက်ရှိကြောင်း ယူကရိန်း သူပုန်ခေါင်းဆောင် တစ်ဦးက ပြောကြားလိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

ယူကရိန်း သူပုန်ခေါင်းဆောင်တစ်ဦး ဖြစ်သော အလက်ဇန္ဒာဇခါချန်ကိုက ရုရှားတီဗီ ရုပ်မြင်သံကြားသတင်းကို ပြောကြားရာတွင် သူပုန်များဘက်မှ ပါဝင် တိုက်ခိုက်နေသော ရုရှားနိုင်ငံသားများမှာ စစ်မှုထမ်းဖူးသူများနှင့် ရုရှားစစ်တပ်မှ ခွင့်ဖြင့် အနားယူနေသူများ ဖြစ်သည်ဟု ဆိုသည်။

ရုရှားလိုလားသော ယူကရိန်း လက်နက်ကိုင်သူပုန်များက ယူကရိန်းအရှေ့ပိုင်းရှိ ဒိုနက်စ်ပြည်နယ်ကို ဒိုနက်စ်သမ္မတနိုင်ငံဟု ၎င်းတို့သဘောဖြင့် ကြေညာထားပြီး၊ အဆိုပါ ဒိုနက်စ်နိုင်ငံ၏ ဝန်ကြီးချုပ်ဟု ကြေညာထားသော ယူကရိန်း သူပုန်ခေါင်းဆောင် အလက်ဇန္ဒားဇခါချန်ကိုက ယူကရိန်းသူပုန်များဘက်မှ ဝင်ရောက် တိုက်ခိုက်ပေးနေသော ရုရှားတို့မှာ ယခုတိုက်ပွဲသည် ၎င်းတို့၏ တာဝန်ဟု ယူဆ၍ ဝင်ရောက်တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ရုရှားနိုင်ငံသားများ ယူကရိန်းသူပုန်များဘက်မှ ဝင်ရောက် တိုက်ခိုက်ပေးခြင်းမှာ ၎င်းတို့၏ သဘောဆန္ဒအရသာ ဖြစ်ကြောင်း၊ ၎င်းတို့သာ တိုက်ခိုက်မပေးပါက သူပုန်များအနေနှင့် ယခုထက် ပိုမိုခက်ခဲမည် ဖြစ်ကြောင်း ယူကရိန်း သူပုန်ခေါင်းဆောင် အလက်ဇန္ဒာ ဇခါချန်ကိုက ပြောကြားသည်။ 

ယူကရိန်းသူပုန်များနှင့် ယူကရိန်းအစိုးရတို့အကြား ဖြစ်ပွားလျက်ရှိသော စစ်ပွဲများ တွင် ရုရှားတပ်ဖွဲ့ဝင်များသည် နယ်စပ်ကို ဖြတ်ကျော်၍ သူပုန်များကို ထောက် ပံ့ပေးနေကြောင်း ယူကရိန်းအစိုးရက ပြောကြားလျက် ရှိသော်လည်း ရုရှား ဘက်က မကြာခဏ ငြင်းဆိုထားသည်။

ရုရှားက ယူကရိန်းကို ကျူးကျော်သည့် သတင်းများ ထွက်ပေါ်နေခြင်းနှင့် ပတ် သက်၍ ဖြေရှင်းချက်ပေးရန် ရုရှားသမ္မတ ပူတင်ကို ဂျာမနီအဓိပတိ အင်ဂျလာ မာကယ်က တောင်းဆိုထားသည်။

ထို့အတူ ရုရှား ဦးဆောင်ညွှန်ကြားနေသော ယူကရိန်းအစိုးရ၏ ထိုးစစ်ကို တန်ပြန်သည့် တိုက်ခိုက်မှုများ ရှိနေကြောင်းကိုလည်း အမေရိကက သံသယ ရှိနေသည်။

လောလောဆယ်တွင် ယူကရိန်းသူပုန်များက အဓိကကျသော ဆိပ်ကမ်းဖြစ်သော မာရီယူပိုကို သိမ်းပိုက်မည်ဟု ခြိမ်းခြောက်လျက်ရှိပြီး၊ သူပုန်များသည် Novoazovsk မြို့ကို သိမ်းပိုက်ပြီးနောက် ဆိပ်ကမ်းဆီသို့ ချီတက်သွားလျက် ရှိကြောင်း သတင်းများတွင် ဖော်ပြထားသည်။

The Voice Weekly
ယူကရိန်းနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော လက်နက်ကိုင်သူပုန်များနှင့် အစိုးရ တပ်ဖွဲ့ များ၏ တိုက်ပွဲများတွင် ယူကရိန်း သူပုန်များဘက်မှ ရုရှားနိုင်ငံသား ၃၀၀၀ မှ ၄၀၀၀ ခန့် ပါဝင် တိုက်ခိုက်လျက်ရှိကြောင်း ယူကရိန်း သူပုန်ခေါင်းဆောင် တစ်ဦးက ပြောကြားလိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။