Tuesday 27 November 2012

ကပ္ပလီပင်လယ်ပြင်မှ တိမ်တိုက်များကြောင့် ရန်ကုန်တွင် မိုးရွာ


 http://sphotos-h.ak.fbcdn.net/hphotos-ak-ash3/59051_497239756983334_1912262560_n.jpg

ရန်ကုန်မြို့တွင် ယနေ့ရွာသွန်းနေသော မိုးမှာ ကပ္ပလီပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသော တိမ်တိုက် များကြောင့်ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွန်ကြားရေးမှူး ဦးချစ်ကျော် ကပြောသည်။ "ကပ္ပလီပင်လယ်ပြင်မှာဖြစ်နေတဲ့ တိမ်တိုက်တွေ
http://sphotos-f.ak.fbcdn.net/hphotos-ak-ash4/215992_497205613653415_571560727_n.jpg
စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ချက်တွေ အရ ယခု ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်၊ ဧပြီလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၁၁ ရက်နေ့ အထိကုန်သွယ်မှု ပမာဏဟာ အမေရိကန် ဒေါ်လာ ၁၀၇၂၅.၀၆၃ သန်း ရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ကုန်သွယ်မှုမှာ

ကာကွယ်ရေးတပ် ​အမှားတွေအတွက် ​ဝန်ကြီးတောင်းပန်


သြစတြေးလျနိုင်ငံရဲ့ ကာကွယ်ရေးတပ်အတွင်း အနိုင်ကျင့်မှုတွေရှိခဲ့တာကို အသိအမှတ်ပြုပြီး သြစတြေးလျနိုင်ငံ ကာကွယ်ရေးဝန်ကြီး စတီဖန်စမစ်တ် (Stephen Smith) က အနိုင်ကျင့်ခံရတဲ့

အီဂျစ်သမ္မတ လုပ်ပိုင်ခွင့် အာဏာ ကန့်သတ်ဖို့ တရားရုံးချုပ် တိုက်တွန်းမည်

http://sphotos-a.ak.fbcdn.net/hphotos-ak-prn1/67877_497159143658062_1039177378_n.jpg
အီဂျစ် သမ္မတ မိုဟာမက်မော်စီဟာ နိုင်ငံရဲ့ အမြင့်ဆုံးတရားရေးရာကောင်စီနဲ့ တွေ့ ဆုံဖို့ရှိနေပါတယ်။ ပြီးခဲ့တဲ့ သတင်းပတ်အတွင်း သမ္မတဟာ သူ့ကိုယ်သူ လုပ်လုပ်ပိုင်ခွင့် အာဏာတွေ တိုးမြင့်ပေး အပ် ခဲ့ပြီးတဲ့နောက် တရားသူကြီးတွေက
http://sphotos-b.ak.fbcdn.net/hphotos-ak-ash3/556916_497162440324399_730262865_n.jpg
တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကော်မတီအဖွဲ့ဟာ နေပြည်တော်
မှာရှိတဲ့ ဇမ္ဗူသီရိမြို့နယ် ခရိုင်တရားရုံးနဲ့
၊ မြို့နယ် တရားရုံး တွေကို ဒီကနေ့ နံနက်ပိုင်းက ရှောင်တခင်

သမ္မတ ဦးသိန်းစိန်လည်း ငြိမ်းချမ်းရေးဆု တခု ရရှိ

 
သမ္မတ ဦးသိန်းစိန်အား အပြည်ပြည်ဆိုင်ရာ ပဋိပက္ခများ ဖြေရှင်းရေး
အဇွဲ့တခုဖြစ်သည့် International Crisis Group - ICG က In Pursuit of Peace အမည်ရ ဆု ပေးအပ်မည်ဖြစ်ကြောင်းကြေညာခဲ့ပါတယ်။
ICG က လာမယ့် ၂၀၁၃ ခုနှစ် ဧပြီလ ၂၂ ရက်နေ့မှာတော့ အမေရိကန်

ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ယင်းလတ်ရှင်နာဝပ်အား လွှတ်တော်တွင် အယုံအကြည်မရှိ ဟု အဆိုတင်သွင်းခံရ

http://sphotos-g.ak.fbcdn.net/hphotos-ak-ash4/386532_497181536989156_1386063625_n.jpg
နိုဝင်ဘာလ ၂၁ ရက်နေ့က ထိုင်းနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အစိုးရအား ဆန့်ကျင်သူများနှင့် ရဲများအကြား မျက်ရည်ယိုဗုံးများခွဲ
၍ လူစုခွဲ ခဲ့ရသည့် တင်းမာမှုများ ဖြစ်ပွားပြီး နောက်ဆက်တွဲ အနေဖြင့် ပါလီမန် အတွင်းတွင် အတိုက်အခံ ပါတီဘက်မှ ၀န်ကြီးချုပ်အား

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းရှိ ဒေသခံများနှင့် ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံမည်

ပြည်သူ့လွှတ်တော်၏ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး ကော်မတီ ဥက္ကဋ္ဌ  ဒေါ်အောင်ဆန်းစုကြည် သည် နိုဝင်ဘာ ၂၉ရက်နေ့တွင် မုံရွ
ာမြို့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အနီးတစ်ဝိုက်ရှိ ဒေသခံများနှင့် သွားရောက် တွေ့ ဆုံမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဦးအုန်းကြိုင်က အတည်ပြုပြောကြားသည်။
လက်ပံတောင်းတောင်သို့ ဒေါ်အောင်ဆန်းစုကြည် အနေနှင့် နိုဝင်ဘာလ ၂၉ သို့မဟုတ် နိုဝင်ဘာလ ၃၀ ရက် နေ့တွင် လာရောက်မည် ဟုကြားသိ ရကြောင်း၊ မုံရွာမြို့

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာခုံရုံး အသစ်ပြန်လည် ဖွဲ့စည်းရေးအတွက် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော် နာယကထံသို့ သဝဏ်လွှာများ ပေးပို့ခြင်း( ၈/၂ဝ၁၂)


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက်  (၈/၂ဝ၁၂) ၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်၁၃၇၄ ခု၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက်နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာခုံရုံး အသစ်ပြန်လည် ဖွဲ့စည်းရေးအတွက် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော် နာယကထံသို့ သဝဏ်လွှာများ ပေးပို့ခြင်း

၁။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် ခုံရုံး အဖွဲ့ဝင်များသည် ၎င်းတို့၏ သဘောဆန္ဒအလျောက် ရာထူးမှ
နှုတ်ထွက်ခွင့် ပြုပါရန် ၃၁-၈-၂ဝ၁၂ ရက်စွဲပါ တင်ပြစာများဖြင့် နိုင်ငံတော်သမ္မတထံ တင်ပြရာ ၆-၉-၂ဝ၁၂ ရက်တွင် ရာထူးမှ နုတ်ထွက်ခွင့်ပြုပါသည်။ အဆိုပါ ကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက ပြည်ထောင်စု လွှတ်တော် နာယကထံသို့ ၆-၉-၂ဝ၁၂ ရက်တွင် ဥပဒေ ပြဋ္ဌာန်းချက်များကို အကိုးအကား ပြု၍ အခြေအနေ အပြည့်အစုံ
ဖော်ပြလျက် သဝဏ်လွှာ တစ်စောင် ပေးပို့ခဲ့သည်။ သဝဏ်လွှာ အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည် -


''၁။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌနှင့် ခုံရုံး အဖွဲ့ဝင် များသည် ၎င်းတို့၏ သဘောဆန္ဒ အလျောက် ရာထူးမှ
နှုတ်ထွက်ခွင့် ပြုပါရန် ၃၁-၈-၂ဝ၁၂ ရက်ပါ တင်ပြစာများဖြင့် မိမိထံ တင်ပြလာပါသည်။ တင်ပြချက် များအရ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၃၁ နှင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး ဥပဒေ ပုဒ်မ ၂၈ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ၆-၉-၂ဝ၁၂ ရက် တွင် ရာထူးမှ နုတ်ထွက်ခွင့် ပြုပါသည်။

၂။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၃၂ နှင့် ပုဒ်မ ၃၃၃ ၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး ဥပဒေ ပုဒ်မ ၄၊ ပုဒ်မ ၅ နှင့် ပုဒ်မ ၃ဝ တို့ပါ ပြဋ္ဌာန်းချက် များအရ အရေးယူ ဆောင်ရွက်နိုင်ပါရန် သဝဏ်လွှာ
ပေးပို့အပ်ပါသည်။''

၂။ ထို့ပြင် လစ်လပ်လျက် ရှိသော နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံးအား ပြန်လည် ဖွဲ့စည်း တာဝန် ထမ်းဆောင်စေရေးအတွက် ဥပဒေ ပြဋ္ဌာန်းချက်များဖြင့် ပေးအပ် ထားသော တာဝန်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ရန် သဝဏ်လွှာ တစ်စောင်ကို ပြည်ထောင်စု လွှတ်တော် နာယကထံသို့ ၂၆-၁ဝ-၂ဝ၁၂ ရက်တွင် ထပ်မံ ပေးပို့ခဲ့သည်။ အဆိုပါသဝဏ်လွှာ အပြည့်အစုံ အား အောက်တွင်
ဖော်ပြသည်-

''၁။ နိုင်ငံတော်သမ္မတရုံး၏ ၃ဝ-၃-၂ဝ၁၁ ရက်စွဲပါ အမိန့်အမှတ်၊ (၂/၂ဝ၁၁) နှင့် အမိန့်အမှတ် (၁၁/၂ဝ၁၁) တို့ဖြင့် ခန့်အပ် ဖွဲ့စည်း တာဝန် ပေးခဲ့သည့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် (၈) ဦးတို့သည် ၎င်းတို့၏ သဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်ခွင့် ပြုပါရန် ကိုယ်တိုင် လျှောက်ထား တင်ပြလာချက်
များအရ(၆-၉-၂ဝ၁၂)ရက်တွင် ရာထူးမှ နုတ်ထွက်ခွင့် ပြုပြီး ဖြစ်ပါ
သည်။

၂။ လစ်လပ်လျက်ရှိသော နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ
ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ခန့်အပ်နိုင်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၃၂ နှင့် ပုဒ်မ ၃၃၃၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံး ဥပဒေ ပုဒ်မ ၄ နှင့် ပုဒ်မ ၅ တို့ပါ ပြဋ္ဌာန်းချက်များအရ အရေးယူ ဆောင်
ရွက်ပေးနိုင်ပါရန် သဝဏ်လွှာ ပေးပို့အပ်ပါသည်။''

၃။ သဝဏ်လွှာ နှစ်စောင်တွင် အကိုးအကား ပြုထားသော ရည်ညွှန်း ဥပဒေ ပြဋ္ဌာန်းချက်များကို အများပြည်သူသိရှိရန် အတွက် အောက်တွင်
ဖော်ပြလိုက်သည်-

(က)ဖွဲ့စည်းပုံ အခြေခံဥပဒေ
(၁) ပုဒ်မ ၃၃၁။ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင် တစ်ဦးဦးသည် ရာထူး သက်တမ်း မကုန်ဆုံးမီ အကြောင်း တစ်ခုခုကြောင့် မိမိသဘော ဆန္ဒအလျောက် ရာထူးမှ နှုတ်ထွက်လိုလျှင် ထိုသို့ နှုတ်ထွက်
လိုကြောင်း နိုင်ငံတော်သမ္မတထံ စာဖြင့်တင်ပြပြီး ရာထူးမှ နှုတ်ထွက်နိုင်
သည်။
(၂)ပုဒ်မ ၃၃၂။ အကြောင်းတစ်ခုခုကြောင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင် ရာထူးနေရာ လစ်လပ်လျှင် နိုင်ငံတော်သမ္မတ
သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များ နှင့်အညီ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်အသစ်အား ခန့်အပ် တာဝန်
ပေးနိုင်သည်။
(၃)ပုဒ်မ ၃၃၃။ နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့်အမျိုးသား
လွှတ်တော် ဥက္ကဋ္ဌ တို့သည် လွှတ်တော် ကိုယ်စားလှယ်များထဲက ဖြစ်စေ၊ လွှတ်တော် ကိုယ်စားလှယ် မဟုတ်သူများထဲက ဖြစ်စေ အောက်ဖော်ပြပါ အရည်အချင်းများနှင့် ပြည့်စုံသူများ အနက်မှ အဖွဲ့ဝင် သုံးဦးစီကို ရွေးချယ်
ရမည်-
(က)အသက် ၅ဝ နှစ်ပြည့်ပြီးသူ၊
(ခ)အသက် ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂ဝ တွင် ဖော်ပြ ထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် များအတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်စုံသူ၊
(ဂ)ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
များအဖြစ် ရွေးကောက် တင်မြှောက်ခံ ပိုင်ခွင့် မရှိစေသော ပြဋ္ဌာန်းချက်
များနှင့်လည်း ငြိစွန်းခြင်းမရှိသူ၊
(ဃ)
(၁)တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရား လွှတ်တော်တရားသူကြီး
အဖြစ်အနည်းဆုံး ငါးနှစ် ဆောင်ရွက်ခဲ့သူ သို့မဟုတ်
(၂)တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အဆင့်ထက် မနိမ့်သော တရားရေး အရာရှိ သို့မဟုတ် ဥပဒေ အရာရှိ ရာထူးတွင် အနည်းဆုံး ဆယ်နှစ် တာဝန် ထမ်းဆောင်ခဲ့သူ သို့မဟုတ်
(၃)တရားလွှတ်တော် ရှေ့နေအဖြစ် အနည်းဆုံး ၂ဝ နှစ် အမှုလိုက်ပါ ဆောင်
ရွက်ခဲ့သူ သို့မဟုတ်
(၄)ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ဥပဒေ ပညာရှင်အဖြစ် နိုင်ငံတော်သမ္မတက ယူဆသူ။

(င) နိုင်ငံရေး ပါတီဝင် မဟုတ်သူ၊
(စ) လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူ၊
(ဆ) နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လုံခြုံရေး အမြင်ရှိသူ၊
(ဇ) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ၊
(ခ) နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးဥပဒေ
(၁) ပုဒ်မ ၄။
(က) နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် အမျိုးသား
လွှတ်တော် ဥက္ကဋ္ဌတို့သည် လွှတ်တော် ကိုယ်စားလှယ်များ ထဲမှဖြစ်စေ၊ လွှတ်တော် ကိုယ်စားလှယ် မဟုတ်သူများထဲမှ ဖြစ်စေ အောက်ဖော်ပြပါ အရည်အချင်းများနှင့် ပြည့်စုံသူများအနက်မှ အဖွဲ့ဝင် သုံးဦးစီကို ရွေးချယ်
ရမည်-
(၁) အသက် ၅ဝ နှစ် ပြည်ပြီးသူ၊
(၂) အသက် ကန့်သတ်ချက်မှအပ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၁၂ဝ တွင် ဖြော်ပထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်စုံသူ၊
(၃) ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့
လွှတ်တော် ကိုယ်စားလှယ်များ အဖြစ် ရွေးကောက် တင်မြှောက် ခံပိုင်ခွင့် မရှိစေသော ပြဋ္ဌာန်းချက်များနှင့်လည်း ငြိစွန်းခြင်း မရှိသူ၊
(၄)
(ကက) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရား လွှတ်တော် တရားသူကြီး အဖြစ် အနည်းဆုံး ငါးနှစ် ဆောင်ရွက်ခဲ့သူ သို့မဟုတ်
(ခခ)တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အဆင့်ထက် မနိမ့်သော တရားရေးအရာရှိ သို့မဟုတ် ဥပဒေအရာရှိ ရာထူးတွင် အနည်းဆုံး ဆယ်နှစ် တာဝန်ထမ်းဆောင်ခဲ့သူ သို့မဟုတ်
(ဂဂ)တရားလွှတ်တော် ရှေ့နေ အဖြစ် အနည်းဆုံး ၂ဝ နှစ် အမှုလိုက်ပါ
ဆောင်ရွက်ခဲ့သူ
(၅) နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် လုံခြုံရေး အမြင်ရှိသူ၊
(၆) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ။
(ခ) နိုင်ငံတော်သမ္မတက ရွေးချယ်သောသူများတွင် ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၄) ပါ သတ်မှတ်ချက်များ နှင့် မကိုက်ညီသော်လည်း ထင်ပေါ် ကျော်ကြား သည့် ဂုဏ်သတင်း ရှိသော ဥပဒေ ပညာရှင်အဖြစ် ယူဆသူကို ရွေးချယ်နိုင်သည်။
(ဂ)ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၃၃၊ ပုဒ်မခွဲ (င) အရ အဖွဲ့ဝင်များသည် နိုင်ငံရေး ပါတီဝင် မဟုတ်သူ၊ ပုဒ်မခွဲ(စ)အရ အဖွဲ့ဝင်များသည် လွှတ်တော် ကိုယ်စားလှယ် မဟုတ်သူ ဖြစ်ရမည်ဟု ပြဋ္ဌာန်းထားသည်နှင့်အညီ အဖွဲ့ဝင် အဖြစ် ရွေးချယ်ခြင်း ခံရသူသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၃ဝ အရ နိုင်ငံရေးပါတီဝင် တစ်ဦးဖြစ်လျှင် ပါတီ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရန်နှင့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦး ဖြစ်လျှင် လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ပြီး ဖြစ်သည်ဟု မှတ်ယူရမည်။ ထို့ပြင် နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် ဝန်ထမ်းအဖြစ်မှ အငြိမ်းစား ယူပြီး ဖြစ်သည်ဟု မှတ်ယူရမည်။
(၂) ပုဒ်မ ၅။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ တို့သည် ပုဒ်မ ၄ ပါ ပြဋ္ဌာန်းချက်နှင့်အညီ မိမိတို့ ရွေးချယ်ထားသည့် အဖွဲ့ဝင်များ၏ အမည်စာရင်းကို နိုင်ငံတော်သမ္မတထံ ပေးပို့ရမည်။
(၃) ပုဒ်မ ၂၈။
(က)ဥက္ကဋ္ဌသည် ရာထူးသက်တမ်း မကုန်ဆုံးမီ အကြောင်းတစ်ခုခုကြောင့် မိမိသဘောဆန္ဒ အလျောက် ရာထူးမှ နှုတ်ထွက်လိုလျှင် ထိုသို့ နှုတ်ထွက်
လိုကြောင်း နိုင်ငံတော်သမ္မတထံ စာဖြင့်တင်ပြပြီး ရာထူးမှ နှုတ်ထွက်နိုင်
သည်။
(ခ)ဖွဲ့ဝင် တစ်ဦးဦးသည် ပုဒ်မခွဲ (က) ပါအတိုင်း ရာထူးမှ နုတ်ထွက်လိုလျှင် ထိုသို့ နှုတ်ထွက် လိုကြောင်း ဥက္ကဋ္ဌမှတစ်ဆင့် နိုင်ငံတော်သမ္မတထံ စာဖြင့် တင်ပြပြီး ရာထူးမှ နှုတ်ထွက်နိုင်သည်။
(၄) ပုဒ်မ ၃ဝ။ အကြောင်းတစ်ခုခုကြောင့် ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင် ရာထူး နေရာလစ်လပ်လျှင် နိုင်ငံတော်သမ္မတ သည် ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင် အသစ်ကို ပုဒ်မ ၄ ပါ အရည်အချင်းများနှင့် ပြည့်စုံသူအား ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ရွေးချယ်၍ ခန့်အပ် တာဝန်ပေးနိုင်သည်။

၎။ နိုင်ငံတော်သမ္မတ အနေဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး အသစ် ပြန်လည် ဖွဲ့စည်းရေးနှင့် စပ်လျဉ်း၍
အောက်တွင် ဖော်ပြထားသော ဥပဒေ ပြဋ္ဌာန်းချက် များနှင့်အညီ ဆက်လက်ဆောင်ရွက်ရန် တာဝန် အပ်နှင်းခြင်း ခံထားရကြောင်း သိရှိရသည်-
(က) ဖွဲ့စည်းပုံ အခြေခံဥပဒေ
(၁) ပုဒ်မ ၃၂၁။ နိုင်ငံတော်သမ္မတသည် မိမိရွေးချယ်ထားသည့် အဖွဲ့ဝင် သုံးဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ရွေးချယ်ထားသည့် အဖွဲ့ဝင် သုံးဦးနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ရွေးချယ်ထားသည့် အဖွဲ့ဝင် သုံးဦး စုစုပေါင်း ကိုးဦး၏ အမည်စာရင်းကိုလည်းကောင်း၊ ယင်းတို့အနက် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးအပ်ရန် အဖွဲ့ဝင် တစ်ဦး၏ အမည်ကို လည်းကောင်း ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းလျက် သဘောတူညီချက် ရယူရမည်။
(၂) ပုဒ်မ ၃၂၇။ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက် ရရှိပြီးသည့် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များအဖြစ် ခန့်အပ်တာဝန်ပေးရမည်။
(၃) ပုဒ်မ ၃၂၈။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံး အဖွဲ့ဝင်၏ အရည်အချင်းနှင့် မပြည့်စုံကြောင်း အထင်အရှား မပြနိုင်ပါက ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတော်သမ္မတက စုစည်း အမည်စာရင်းတင်သွင်းသည့် ပုဂ္ဂိုလ်များအား နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးအဖွဲ့ဝင်အဖြစ် ခန့်အပ် တာဝန်ပေးရန် ငြင်းပယ်ခွင့် မရှိစေရ။
(ခ) နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေ
(၁) ပုဒ်မ ၆။ နိုင်ငံတော်သမ္မတသည် ပုဒ်မ ၄ပါ ပြဋ္ဌာန်းချက်နှင့်အညီ ရွေးချယ်ထားသည့် အဖွဲ့ဝင်စုစုပေါင်း ကိုးဦး၏ အမည်စာရင်းကို လည်းကောင်း၊ ယင်းတို့အနက် ဥက္ကဋ္ဌအဖြစ် တာဝန် ပေးအပ်ရန် အဖွဲ့ဝင်တစ်ဦး၏ အမည်ကို လည်းကောင်း ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းလျက် သဘောတူညီချက် ရယူရမည်။
(၂)ပုဒ်မ ၁ဝ။ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘော တူညီချက်ရရှိပြီးသည့် ဥက္ကဋ္ဌနှင့် ဖွဲ့ဝင်များအား ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအဖြစ် ခန့်အပ် တာဝန်ပေးရမည်။

၅။ ဥပဒေနှင့်အညီ ၎င်းတို့၏ သဘောဆန္ဒအလျောက် ၆-၉-၂ဝ၁၂ ရက်တွင် ခုံရုံး ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်အားလုံး ရာထူးမှ နှုတ်ထွက်သွား
ခဲ့သောကြောင့် အဆိုပါ ခုံရုံးအနေဖြင့် တာဝန် ထမ်းဆောင်မှု ရပ်ဆိုင်းလျက်ရှိသည်။ ထိုသို့ ရှိသင့်ရှိအပ်သော ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ နိုင်ငံတော်၏ အမြင့်ဆုံး တရားရုံး ဖြစ်သည့် ''နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး'' ကို ဥပဒေနှင့်အညီ အမြန်ပြန်လည် ဖွဲ့စည်း တာဝန်ထမ်းဆောင်စေရန် လိုအပ်လျက်ရှိကြောင်း သိရှိရသည်။
http://sphotos-a.ak.fbcdn.net/hphotos-ak-ash3/526849_497198146987495_1712127442_n.png

လာမည့်လအတွင်းပြီးစီးမည့် မြစ်ကြီးနား-ပူတာအိုကားလမ်း


http://sphotos-f.ak.fbcdn.net/hphotos-ak-prn1/542609_497206680319975_1696114610_n.jpg

မြစ်ကြီးနား - ပူတာအို ကားလမ်းအား ယခုနှစ် ဒီဇင်ဘာလအပြီးဆောက်လုပ်
သွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူနော်က အတည်ပြုပြောကြားသည်။
ကချင်ပြည်နယ်၏ မြောက်ပိုင်းဆုံးကျရောက်လျှက်ရှိသည့် ပူတာအိုမြို့နယ်သည် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် စားသုံးကုန်ပို့ဆောင်ရန်အတွက် လေကြောင်း ခရီးကို သာ အသုံးပြုနေ

ဗိုလ်မှူးအတုအား အပေါင်းပါများနှင့်ဖမ်းမိ


http://sphotos-d.ak.fbcdn.net/hphotos-ak-snc6/189818_497211106986199_380026534_n.jpg

၂၆-၁၁-၂၀၁၂ ရက်နေ့ ၁၀၃၀ အချိန် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့၊ အမှတ်(၄)ရပ်ကွက်၊ ကမ်းနား လမ်းရှိ ““အောင်”” အမိန့်ရအပေါင်ဆိုင်သို့ ယာဉ်အမှတ် လ/xxxx တိုယိုတာမတ်တူး အဖြူရောင်ယာဉ်သည် ဆိုင်ရှေ့ထိုးရပ်လာပြီး လူတစ်ဦးဆင်းလာကာ ဆိုင်ပိုင်ရှင်ဦးတင့်ဆွေ (၆၄)နှစ် အား““ ဗိုလ်မှူး က   ရွှေပေါင် ချင်လို့

မူးယစ်ဆေးဝါးဖမ်းဆီးမိ


http://sphotos-a.ak.fbcdn.net/hphotos-ak-prn1/45292_497207450319898_2079669601_n.jpg

၂၅-၁၁-၂၀၁၂ ရက်နေ့ ၂၁၀၀ အချိန် ကချင်ပြည်နယ်၊ ၀ိုင်းမော်ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သတင်းအရ ၀ိုင်းမော်မီးပွိုင့်လမ်းဆုံအနီး၊ ၀ိုင်းမော်မြစ်ကြီးနား ကားလမ်းပေါ်၌ သက်သေများနှင့်အတူစောင့်ဆိုင်းနေစဉ် ၀ိုင်းမော်မှ မြစ်ကြီးနားသို့ ၀ိုင်းမော်မြို့နယ်နေ ကျန်းဟိန်း(ခ)ရှောက်ကျန်း (၃၆)နှစ် မောင်းနှင်လာပြီး တရုတ်နိုင်ငံသား အားဂျုံး(၃၀) နှစ်နှင့်

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းရှိ ဒေသခံများနှင့် ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံမည်

Photo: လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းရှိ ဒေသခံများနှင့် ဒေါ်အောင်ဆန်း
စုကြည် တွေ့ဆုံမည်
Tuesday, November 27, 2012 

ပြည်သူ့လွှတ်တော်၏ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သည် နိုဝင်ဘာ ၂၉ရက်နေ့တွင် မုံရွာမြို့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အနီးတစ်ဝိုက်ရှိ ဒေသခံများနှင့် သွားရောက် တွေ့ ဆုံမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဦးအုန်းကြိုင်က အတည်ပြု
 ပြောကြားသည်။

လက်ပံတောင်းတောင်သို့ ဒေါ်အောင်ဆန်းစုကြည် အနေနှင့် နိုဝင်ဘာလ ၂၉ သို့မဟုတ် နိုဝင်ဘာလ ၃၀ ရက် နေ့တွင် လာရောက်မည် ဟုကြားသိ ရကြောင်း၊ မုံရွာမြို့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းရှိ ဒေသခံများ
ရှိရာသို့ လာရောက် တွေ့ဆုံခြင်း ဖြစ်ကြောင်း၊ ထိုသို့ လာရောက် တွေ့ဆုံ
ရာတွင် လက်ပံတောင်းတောင် ဒေသခံများသို့ ဟောပြောပွဲ ပြုလုပ်ရန် အစီစဉ်လည်း ရှိကြောင်း၊ မုံရွာမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ အဖွဲ့ဝင် ဦးမက်ကြီးက ဆိုသည်။

"အဓိကတော့ ဒီက(လက်ပံတောင်းတောင်) အသံတွေ ကြားချင်ရုံပါ" ဟု ဦးမက်ကြီးက ထပ်မံဆိုသည်။

နိုဝင်ဘာလ ၂၆ ရက်နေ့ အထိ နောက်ဆုံး အခြေအနေအရ မုံရွာမြို့ လက်ပံတောင်းတောင်ရှိ သပိတ်စခန်း(၆)ခု ရှိရာသို့ ပုလဲမြိုန့ယ် ပြည်သူ့
လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းမြင့် လာရောက်ခဲ့ကြောင်း၊ မုံရွာမြို့ လက်ပန်းတောင်း တောင်ရှိ ဒေသခံများ၊ သံယာများက အဆိုပါ သပိတ်
စခန်း (၆)ခုတွင် နေထိုင်ကာ ကြေးနီစီမံကိန်း ရပ်ဆိုင်းရန် ဆက်လက်
 တောင်းဆိုနေကြကြောင်း မုံရွာမြို့ ဗကသအဖွဲ့ဝင် ဦးအာကာ ကဆိုသည်။

ဒေသခံများနှင့် အချေအတင် ဖြစ်ပွားနေသော လက်ပန်းတောင်းတောင်
 ကြေးနီ စီမံကိန်း ကိုဆက်လက်လုပ် ဆောင် ရန်သင့်မသင့်နှင့်ပတ်သက်၍
အရေးကြီး အဆိုကို ပုလဲမြိုန့ယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
 ဒေါ်ခင်စန်းလှိုင် က နိုဝင်ဘာလ ၂၃ ၇က်နေ့က ကျင်းပသော ပြည်သူ့
လွှတ်တော် အစည်းအဝေး၌ တင်သွင်းခဲ့သည်။ အဆိုကို ဆားလင်းကြီး မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းမြင့်က ထောက်ခံ၍ ကာကွယ်ရေး ဝန်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်က ပြန်လည်
 ဆွေးနွေးခံရာတွင် စီမံကိန်းရပ်ဆိုင်းပါက စာချုပ်ချုပ်ဆိုသည့် နိုင်ငံနှင့် မိတ်ပျက်သွားနိုင်ကြောင်း၊ မီဒီယာများဘက်တွင်လည်း ဘက်လိုက်မှုများ ရှိနေကြောင်း ပြန်လည် ဆွေးနွေးခဲ့သည်။

The Voice Weekly
ပြည်သူ့လွှတ်တော်၏ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သည် နိုဝင်ဘာ ၂၉ရက်နေ့တွင်မုံရွာမြို့ လက်ပံတောင်းတောင်  ကြေးနီစီမံကိန်းအနီး တစ်ဝိုက်ရှိ ဒေသခံများနှင့် သွားရောက် တွေ့ ဆုံမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဦးအုန်းကြိုင်က

တိုင်းရင်းသားပြဿနာပြေလည်ဖို့ ဖယ်ဒရယ်စနစ်လိုအပ်


http://gdb.voanews.eu/F96E35C8-1859-4D8F-8CA6-5420538108AB_w268_r1_cx13_cy0_cw71.png

မြန်မာနိုင်ငံရဲ့ အဓိကကျတဲ့ လက်ရှိပြဿနာတခုဟာ တိုင်းရင်း သားပြဿ နာဖြစ်ပြီးတော့ အခုလို ပြဿနာတွေဖြစ်ပေါ်နေရတာဟာ စစ်မှန်တဲ့ ပြည်ထောင်စု စစ်စစ်မရှိတာကြောင့်လို့ မနေ့ကစပြီးကျင်းပတဲ့ ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ရေး ဆွေးနွေးပွဲ မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး

ICG အဖွဲ့က သမ္မတဦးသိန်းစိန်ကို ငြိမ်းချမ်းရေးဆု ချီးမြှင့်


http://www.rfa.org/burmese/images_folder/u-thein-sein-asean-us-b305

International Crisis Group (ICG) ခေါ် နိုင်ငံတကာ ပဋိပက္ခလေ့လာရေးအဖွဲ့က သမ္မတ ဦးသိန်းစိန် ကို ၂၀၁၃ ခုနှစ် အတွက် ငြိမ်းချမ်းရေးဆု ချီးမြှင့်လိုက်ပါတယ်။ ICG ရဲ့ In Pursuit of Peace award dinner ခေါ် ငြိမ်းချမ်းရေးဆု ချီးမြှင့်ပွဲ နဲ့ ညစာစားပွဲဟာ လူသိန်းပေါင်း များစွာရဲ့ဘဝတွေကို အသွင်ပြောင်းစေတဲ့

လက်ပန်းတောင်းတောင် စီမံကိန်း ရပ်တံ့ရေး ရန်ကုန်မြို့လည်မှာ ဆန္ဒပြ

http://sphotos-c.ak.fbcdn.net/hphotos-ak-ash3/c0.0.268.268/p403x403/74703_497161483657828_1240653461_n.jpg
တရုတ်နဲ့ ဦးပိုင်ကုမ္ပဏီလီမိတက်တို့ ပူးပေါင်းလုပ်ဆောင်နေတဲ့စစ်ကိုင်း
တိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်အတွင်းမှာရှိတဲ့လက်ပန်းတောင်း
တောင် ကြေး
နီးစီမံကိန်း ရပ်ဆိုင်းရေးအတွက် ရန်ကုန်မှာ ဒီကနေ့ ဆန္ဒပြနေပါတယ်။ လက်ပန်းတောင်းဒေသခံတွေ၊ ကျောင်းသားတွေ၊

မြန်မာနိုင်ငံက တရားရုံးတွေ အဆင့်မှီအောင် ကြိုးစားရမည်

http://sphotos-b.ak.fbcdn.net/hphotos-ak-ash3/c0.0.305.305/p403x403/556916_497162440324399_730262865_n.jpg
တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကော်မတီအဖွဲ့ဟာ နေပြည်တော်
မှာရှိတဲ့ ဇမ္ဗူသီရိမြို့နယ် ခရိုင်တရားရုံးနဲ့
၊ မြို့နယ် တရားရုံး တွေကို ဒီကနေ့ နံနက်ပိုင်းက ရှောင်တခင် စစ်ဆေးခဲ့ပါတယ်။ ဒီကနေ့ စစ်ဆေးမှု

အီဂျစ်သမ္မတ လုပ်ပိုင်ခွင့် အာဏာ ကန့်သတ်ဖို့ တရားရုံးချုပ် တိုက်တွန်းမည်

http://sphotos-a.ak.fbcdn.net/hphotos-ak-prn1/c0.0.268.268/p403x403/67877_497159143658062_1039177378_n.jpg
အီဂျစ် သမ္မတ မိုဟာမက်မော်စီဟာ နိုင်ငံရဲ့ အမြင့်ဆုံး တရားရေး ရာကောင်စီနဲ့ တွေ့ဆုံဖို့ရှိနေပါတယ်။ ပြီးခဲ့တဲ့ သတင်းပတ်အတွင်း သမ္မတဟာ သူ့ကိုယ်သူ လုပ်ပိုင်ခွင့်အာဏာေ တွ တိုးမြင့်ပေးအပ် ခဲ့ပြီးတဲ့နောက် တရား သူကြီးတွေက သမ္မတအနေနဲ့ လုပ်ပိုင်ခွင့်အာ ဏာအပေါ် ကန့်သတ်မှု ထားရှိဖို့ ပြောဆိုနေချိန်မှာ အခုလို နိုင်ငံရဲ့

အစ္စလာမ်ညီအကိုတော်ရုံး ဆန္ဒပြသူတွေဝင်စီး



http://sphotos-c.ak.fbcdn.net/hphotos-ak-ash4/c0.0.268.268/p403x403/486219_497154416991868_629183572_n.jpg


အီဂျစ်သမ္မတ မိုဟာမက်မော်စီ ရဲ့ အတိုက်အခံေ တွ ဟာ နိုင်ငံမြောက်ပိုင်းမှာ ရှိတဲ့ မူဆလင်ညီအကိုတော်တွေရဲ့ ရုံးခန်း တစ်ခုကို ဝင်ရောက် စီးနင်းခဲ့ကြပါ တယ်။ ဒီတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူတစ်ဦးသေဆုံးပြီးတော့လေးဆယ်လောက်ဒဏ်ရာရ ခဲ့ပါတယ်။