
၂၀၁၃- ၁၄ ဘဏ္ဍာနှစ်အတွင်း အင်းလေးကန်ကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသားတွေဆီကနေ ၀င်ငွေ ကျပ် ၁ ဘီလီယံခွဲလောက် ရခဲ့ပြီး အဲဒီထဲကတ၀က်ဖြစ်တဲ့ ကျပ်ငွေ သန်း ၇၅၀ ကို အင်းလေးကန် ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ကို တင်ပြသွားမယ်လို့ အင်းတိုင်းရင်းသား ရေးရာ ၀န်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။