Monday 16 July 2012

လော့ဒ်မောင့်ဘဒ်တန်ကို အားကျခဲ့တဲ့ အမေစု


အခုတလော အင်တာနက်မှာ ဟိုကြည့်ဒီကြည့်နဲ့ လိုက်ကြည့်မိတာ မြန်မာနဲ့ Burma ကိစ္စ တော်တော်လေးကို ငြင်းကြ ခုန်ကြနဲ့ဆိုတော့ ကိုကိုလူဆိုးတို့လည်း မနေနိုင်မထိုင်နိုင် ၀င်ပြီးပြောချင်စိတ် ပေါက်လာတယ်…. အဲပြောမယ်ဆိုတော့လည်း ကိုကိုလူဆိုးလည်း စာကြည့်တိုက်တွေသွားပြီး စာအုပ်ဆိုင်တွေသွားပြီး သမိုင်းစာအုပ်တွေ လိုက်လှန်ကြည့်တယ်… အင်း…. သမိုင်းဆိုတဲ့အမျိုးက ဓားထမ်း လှံထမ်းပြီး ရှင်းရတဲ့ အမျိုးမဟုတ်လား ပြီးတော့ ကိုယ်ကိုတိုင်ကလည်း သမိုင်းပညာရှင်မဟုတ်။ မတတ်ဘဲနဲ့ လျှောက်ပြောပြန်ရင်လည်း အင်တာနက်က ဇာတ်လိုက်ကျော်ကြီးများရဲ့ ဆဲတာလည်း ခံရအုံးမယ်… ဂျမ်းကဲမန်းဆိုလား ဘာဆိုလား ဆန်တဲ့ ဇာတ်လိုက်ကျော်များကတော့ အကိုးအကားနဲ့ အကျိုးအကြောင်းနဲ့ ပြန်ပြောကြမယ်။ အဲ.တစ်ချို့များကတော့ ထောင်သက် နှစ်တစ်ထောင်ရှိတဲ့ လမ်းမတော် ဖိုးတုတ်တောင် မကြားဖူး…. မမြင်ဖူးတဲ့ အဆဲလေးတွေနဲ့ ဂုဏ်ပြုကြမှာဆိုတော့ သမိုင်းနဲ့ချီပြီးတော့တော့ ပြောတော့ပါဘူး..       ကိုယ်မြင်သလို ဖြစ်သလိုလေးပဲပြောကြည့်တာပေါ့။ ဒီမိုကရေစီခေတ်ဆိုတော့ ကိုယ်ယုံကြည်ရာကို  ပြောခွင့်ရှိပါတယ်နော်...