Monday 1 July 2013

တောင်အာဖရိကတွင် အိုဘားမား ထွက်သွားပေးရန် ပြည်သူရာနှင့်ချီ ဆန္ဒပြ

တောင်အာဖရိကနိုင်ငံ ဂျိုဟန်နစ္စဘတ်ခ်ျမြို့သို့ ရောက်ရှိနေသော အမေရိကန်သမ္မတ အိုဘားမားကို ဆန့်ကျင်ဆန္ဒပြပြီး ''ထွက်သွားအိုဘားမား''ဟူသော ကြွေးကြော်သံများ သံပြိုင်ဟစ်ကြွေးးကြသော ဆန္ဒပြသူ တစ်ရာကျော်နှင့် ရဲတပ်ဖွဲ့ဝင်များ ပဋိပက္ခဖြစ်ပွားခဲ့သည်။ အိုဘားမားနှင့် ကျောင်းသား

ဘရာဇီးလ်က စပိန်အသင်းကို ၃-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရ

Photo: ဘရာဇီးလ်က စပိန်အသင်းကို ၃-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရ 
Monday, July 01, 2013

ယနေ့ (ဇူလိုင်လ ၁ ရက်၊ တနင်္လာနေ့) နံနက်အစောပိုင်းက ယှဉ်ပြိုင်ကစားသည့် FIFA Confederations Cup 2013 ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်တွင် အိမ်ရှင် ဘရာဇီးလ်က စပိန်အသင်းကို ၃-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရ ဗိုလ်စွဲသွားသည်။

ဘရာဇီးလ်အတွက် အနိုင်ဂိုးများကို ပွဲအစ ၂ မိနစ်တွင် ဖရက်ဒ်ကလည်းကောင်း၊ ပထမပိုင်းပြီးဆုံးခါနီး ၄၄ မိနစ်တွင် နေမာကလည်းကောင်း သွင်းယူခဲ့ကာ ပထမပိုင်းအပြီးတွင် ၂-၀ ဂိုးဖြင့် ဦးဆောင်ခဲ့သည်။

ဒုတိယပိုင်း ပြန်လည်စတင်ပြီး မကြာမီ ၄၇ မိနစ်တွင် ဘရာဇီးလ်အတွက် တတိယအနိုင်ဂိုးကို ဖရက်ဒ်ကပင် ထပ်မံသွင်းယူခဲ့ပြီး ၃-၀ ဂိုးဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။ ယခုပွဲစဉ်တွင် စပိန်အသင်း နောက်ခံကစားသမား ဂျရတ်ပီကေးမှာ ပွဲကစားချိန် ၆၈ မိနစ်တွင် အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည်။

ဇွန်လ ၃၀ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် Confederations Cup တတိယနေရာလုပွဲတွင် အီတလီက ဥရုဂွေးကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိခဲ့သည်။ ထိုပွဲစဉ်တွင် သာမန်ပွဲကစားချိန် မိနစ် ၉၀ ၌ ၂ ဂိုးစီ သရေရလဒ်ဖြစ်ခဲ့ပြီး အချိန်ပို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့သော်လည်း တစ်ဖက်နှင့်တစ်ဖက် ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ သရေရလဒ်ဖြင့်သာ ပြီးဆုံးခဲ့သည်။

အချိန်ပို ပွဲကစားချိန် မိနစ် ၁၁၀ တွင် အီတလီ ကစားသမား မွန်တိုလီဗို အနီကတ်ဖြင့် ထုတ်ပယ်ခံရသ ည်။ ဆက်လက်၍ ပင်နယ်တီအဆုံးအဖြတ်ကန်သွင်းရာ အီတလီက ၃-၂ ဖြင့် အနိုင်ရသွားခြင်းဖြစ်သည်။

Planet.com.mm
ယနေ့ (ဇူလိုင်လ ၁ ရက်၊ တနင်္လာနေ့) နံနက်အစောပိုင်းက ယှဉ်ပြိုင်ကစားသည့် FIFA Confederations Cup 2013 ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်တွင် အိမ်ရှင် ဘရာဇီးလ်က စပိန်အသင်းကို ၃-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရ ဗိုလ်စွဲသွားသည်။

TIME မဂ္ဂဇင်းအား သာသနာရေးဝန်ကြီးဌာနမှ ကန့်ကွက်ရခြင်း အကြောင်းအရင်း

ဖုန်းခေါ်ဆိုခများ ဈေးကျဆင်းမည်မှန်ကန်သော်လည်း ဈေးနှုန်းနှင့် ရက်သက်မှတ်ချက်အတိအကျမသိရသေး

Photo: ဖုန်းခေါ်ဆိုခများ ဈေးကျဆင်းမည်မှန်ကန်သော်လည်း ဈေးနှုန်းနှင့် ရက်သက်မှတ်ချက်အတိအကျမသိရသေး
Monday, July 01, 2013

GSM ဖုန်းများကို တစ်မီးနစ်ကို ၈ ကျပ် ၇ ကျပ် ၉ ကျပ်အစရှိသဖြင့် သတင်းများ ထွက်နေသော်လည်း အ မှန် တကယ် ဆက်သွယ်ေ၇းနှင့် နိးစပ်သော အသိုင်းအ၀ိုင်းမှ တာဝန်ရှိသူတစ်ဦးကို ယခုဖုန်းဆက်မေးမြန်း
ချက်များအရ အမှန်တကယ် သတင်များ ထွက်နေခြင်းဖြစ်သလို ဟုတ်မှန်ပါကြောင်း။

သို့သော်လည်း ယခုအခါမှာဆာဗာပြုပြင်မှုများလုပ်ဆောင်နေခြင်းကြောင့်ငွေဖြည့်ခြင်းများ၊ ဘေးလ်စစ်ခြင်း များ တွင် error များဖြစ်နိုင်ကြောင်း ၊ အမှန်တကယ်ဖုန်းဘေးလ်များကို လျော့ကျပေးမည်မှာ အမှန် ပင်ဖြစ်သော်လည်း ရက်အတိအကျကိုမူ မသိသေးကြောင်း ယခုအချိန်မှာ ဆာဗာစမ်းသပ်မှုသာ အဆင့်သာ ရှိသေးကြောင်း ဖြစ်ပြောကြားသွားသည်။

လောလောဆယ်မှာ GSM 2 သိန်း ဖုန်းနှင့် WCDMA များတွင် စမ်းသပ်နေခြင်းဖြစ်ကြောင်း မကြာ မီ အခြားမြန်မာ့ဆက်သွယ်ေ၇းမှဖုန်များအားလုံးကိုနှုန်းထားတူညီသောဖုန်းဘေးလ်များအဖြစ် ပြု လုပ်ပေး မည်ဖြစ်ကြောင်း နှင့်လောလောဆယ် ဖုန်းဘေးလ်ဖြတ်တောက်မှုများ မှန်ကန်မှု မရှိသေးသည့်အတွက် အ တိအကျမပြောနိုင်သေးကြောင်းကိုလည်းဆက်လက်ပြောကြားသွားသည်။

Smart Journal
GSM ဖုန်းများကို တစ်မီးနစ်ကို ၈ ကျပ် ၇ ကျပ် ၉ ကျပ်အစရှိသဖြင့် သတင်းများ ထွက်နေသော်လည်း အမှန်တကယ် ဆက်သွယ်ေ၇းနှင့် နိးစပ်သော အသိုင်းအ၀ိုင်းမှ တာဝန်ရှိသူတစ်ဦးကို ယခု ဖုန်းဆက်မေးမြန်း ချက်များအရ အမှန်တကယ် သတင်များ ထွက်နေခြင်းဖြစ်သလို ဟုတ်မှန် ပါကြောင်း။

Time မဂ္ဂဇင်းကို အမေရိကန်တွင် သံဃာတော်များဦးဆောင်၍ ဆန္ဒဖော်ထုတ်တော့မည်

Photo: Time မဂ္ဂဇင်းကို အမေရိကန်တွင် သံဃာတော်များဦးဆောင်၍ ဆန္ဒဖော်ထုတ်တော့မည်
Monday, July 01, 2013

၂၀၁၃ ခုနှစ် ဇူလိုင် (၁) ရက်နေ့ထုတ် တိုင်းမဂ္ဂဇင်း၏ မျက်နှာဖုံးတွင် ဦးဝိစိတ္တာဘိဝံသ (၀ီရသူ) ကို “ ဗုဒ္ဓဘာသာဝင် အကြမ်းဖက်သူရဲ့မျက်နှာ ” ဟု ရေးသားဖော်ပြခဲ့သောကြောင့် အမေရိကန်ပြည်ထောင်စုရောက် သာသနာပြုရဟန်း သံဃာတော်များမှ ဦးဆောင်၍ ဇူလိုင်လ ၃ ရက် ကြာသပတေးနေ့တွင် နယူးယောက်မြို့ရှိ တိုင်းမဂ္ဂဇင်းတိုက်ရှေ့၌ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

“ ဗုဒ္ဓဘာသာတွင် ဝိနည်းတော်အရ ရဟန်းတော်တို့သည် သူတစ်ပါးအသက်ကို ကိုယ်တိုင် သတ်ဖြတ်ခြင်း၊ တိုက်တွန်းခြင်း ပြုလုပ်ခွင့် မရှိ၊ တိုင်း မဂ္ဂဇင်းဆောင်းပါးရှင်သည် ဦးဝိစိတ္တာဘိဝံသ (ဝီရသူ) ကိုယ်တိုင် သတ်ဖြတ်ညှင်းဆဲခြင်း၊ သို့မဟုတ် ဦးဝိစိတ္တာဘိဝံသ (ဝီရသူ) ၏ စေခိုင်းချက်အရ သတ်ဖြတ်ညှင်းဆဲသည့် အထောက်အထား တစ်စုံတရာ မရှိဘဲ စွပ်စွဲ ရေးသားဖော်ပြခြင်းသာဖြစ်ကြောင်း၊ ယင်းသို့ ဖော်ပြခြင်းသည် ဦးဝိစိတ္တာဘိဝံသ (ဝီရသူ) နှင့် ဗုဒ္ဓဘာသာဝင် ရဟန်းတော်များကိုသာမက ဗုဒ္ဓသာသနာတော် တစ်ခုလုံးအား ထိခိုက်နစ်နာစေမှုရှိကြောင်း၊ သို့အတွက် နယူးယောက်မြို့နှင့် အနီးရှိ ဗုဒ္ဓဘာသာဝင်ရဟန်းတော်များ စုပေါင်းကာ အကြမ်း မဖက်ငြိမ်းချမ်းသည့် ဆန္ဒဖော်ထုတ်ပွဲကို တိုင်းမဂ္ဂဇင်းတိုက်၏ ရှေ့တွင် ပြုလုပ်သွားမည် ” ဟု ဆန္ဒပြမည့်ပွဲကို ဦးဆောင်စီစဉ်သူများထဲမှ သံဃာတပါးလည်းဖြစ်၊ နယူးယောက်မြို့ ဗုဒ္ဓဘာသာ ရခိုင်ဘုန်းတော်ကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော် တပါးလည်းဖြစ်သည့် ဒေါက်တာ အရှင်နာယမှ အာရ်ကန်တိုင်းမ်စ်သို့  ပေးပို့သည့် အီမဲလ်တွင် ဖော်ပြပါရှိသည်။

အဆိုပါ ဆန္ဒပြမည့်ပွဲတွင် ပူးပေါင်းပါဝင်နိုင်ရန် အမေရိကန်ပြည်ထောင်စု ပြည်နယ်အသီးသီး၌ သီတင်းသုံး သာသနာပြုနေကြသော ရဟန်းသံဃာတော်များသည် နယူးယောက်မြို့သို့ စုရုံးရောက်ရှိလာနေကြပြီဖြစ်ကြောင်း သိရှိရသည်။

တိုင်းမ် (Time) မဂ္ဂဇင်း၏ ရေးသားဖော်ပြချက်ကို ပြည်တွင်းရှိ သံဃာတော်များ၊ လူပုဂ္ဂိုလ်များ၊ သတင်းမီဒီယာတချို့နှင့် မြန်မာအစိုးရမှ ကန့်ကွက်ရှုတ်ချခဲ့ပြီး အစိုးရမှ ဖွဲ့စည်းထားသည့် အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီမှလည်း ဇူလိုင်လ (၁)ရက်နေ့ထုတ် TIME မဂ္ဂဇင်းကို မြန်မာနိုင်ငံအတွင်း ဖြန့်ချိရောင်းချခွင့်ကိုပါ ပိတ်ပင်တားမြစ်ထားကြောင်း သိရှိရသည်။

အလားတူပင် သီရိလင်္ကာနိုင်ငံမှလည်း တိုင်း (Time) ၏ ရေးသားဖော်ပြချက်ကို ကန့်ကွက်ရှုတ်ချခဲ့ကြပြီး သတင်းဆောင်းပါးရေးသားသူ ဟန်နာဘိရှ် (Hennah Beech) ကိုပါ ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်လိုက်ကြောင်း သီရိလင်္ကာနိုင်ငံထုတ် သတင်းစာများတွင် ရေးသားဖော်ပြပါရှိသည်။

ဇွန်လ ၃၀ ရက်နေ့ကလည်း မြန်မာနိုင်ငံတွင် TIME မဂ္ဂဇင်းကို သံဃာတော်များအပါအ၀င် ပြည်သူ ၇၀၀ ကျော်မှ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် ငြိမ်းချမ်းဆန္ဒဖော်ထုတ်ခဲ့ကြသည်။

အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင် တောင်းဆိုချက်များမှာ “ ဗုဒ္ဓ၀ါဒသည် အမျိုးသားရေးကာကွယ်မှုကို စောင့်ရှောက်သည်၊ ဦးဝီရသူသည် အမျိုးဘာသာ၊ သာသနာကို ကွာကွယ်နေသူဖြစ်သည်။

အကြမ်းဖက်သူမဟုတ်ပါ၊ အမျိုးသားရေးကာကွယ်မှုသည် လူ့အခွင့်အရေး ချိုးဖောက်ခြင်းမဟုတ်ပါ။ ” စသော အချက်များပါဝင်ကြောင်း သိရသည်။ 

Arakan Times
၂၀၁၃ ခုနှစ် ဇူလိုင် (၁) ရက်နေ့ထုတ် တိုင်းမဂ္ဂဇင်း၏ မျက်နှာဖုံးတွင် ဦးဝိစိတ္တာဘိဝံသ (၀ီရသူ) ကို “ ဗုဒ္ဓ ဘာသာဝင် အကြမ်းဖက်သူရဲ့မျက်နှာ ” ဟု ရေးသားဖော်ပြခဲ့သောကြောင့် အမေရိကန်ပြည်ထောင်

ရင်လတ်ရှင်နာဝ ပထမဆုံး အမျိုးသမီးကာကွယ်ရေး ဝန်ကြီးဖြစ်လာ

သံတွဲမြို့တွင် အကြမ်းဖက်မှု ဖြစ်ပွား၍ ညမထွက်ရ အမိန့်ထုတ်

အစိုးရသစ် လက်ထက်တွင် လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေး ဥပဒေများ အတည်ပြုနိုင်ရန် ဆောင်ရွက်နေဟု ပြည်ထောင်စုလွှတ်တော် နာယက ပြောကြား

အစိုးရသစ် လက်ထက်တွင် လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေး ဥပဒေများ အတည်ပြုနိုင်ရေး ဆောင် ရွက်နေဟု ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် က ပြော ကြားသည်။

The Face Of Buddhist Terror ဆောင်းပါး ဖော်ပြခဲ့သည့် TIME မဂ္ဂဇင်းကို မြန်မာနိုင်ငံနည်းတူ သီရိလင်္ကာနိုင်ငံ၌ ဖြန့်ချိခွင့် ပိတ်ပင်

သီရိလင်္ကာနိုင်ငံတွင် ဗုဒ္ဓဘာသာဆိုင်ရာ အဖွဲ့များက ဇူလိုင် ၁ ရက် နေ့စွဲဖြင့် ထုတ်သည့် TIME မဂ္ဂဇင်း၏ The Face Of Buddhist Terror ဆောင်းပါးအား အပြင်းအထန် ကန့်ကွက် ခဲ့ကြ