Tuesday 30 June 2015

မန္တလေးအ၀င် တရားမ၀င်ကုန်သွယ်မှုလမ်းကြောင်း လေးနေရာတွင် ဇူလိုင်မှစ၍ ရှောင်တခင်စစ်မည်

တရားမ၀င်ကုန်သွယ်မှုများ ဖြတ်သန်းနေသည်ဟုဆိုသည့် မန္တလေး-တောင်ကြီး ပြည်ထောင်စု လမ်းတစ် နေရာကို တွေ့ရစဉ် (ဓာတ်ပုံ−ညီညီဇော်) 
မန္တလေးမြို့သို့ဝင်ရောက် နိုင်မည့် တရားမ၀င်ကုန်သွယ်မှု လမ်းကြောင်းလေးနေရာတွင် ရွေ့လျား စစ်ဆေး ရေးအဖွဲ့ (Mo- bile Team)ဖြင့် ဇူလိုင် ၁ ရက်မှစ တင်ကာ ရှောင်တခင်စစ်ဆေးအ ရေးယူမှုများ ပြုလုပ်မည်ဟု သ တင်းရရှိသည်။

ငပုတော ရွာနှစ်ရွာကြားမှ အိမ် ၁၀၀ ကျော် တောင်ကျရေအတွင်း မျောပါ

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ငရုတ်ကောင်း မြို့နယ်ခွဲရှိ ဝက်ကော်ရွာနှင့် သင်းကြောင်းရွာရှိ အိမ်ခြေ ၁၂၈ လုံးသည် မြစ်တစ်ရာချောင်း တောင်ကျရေအတွင်း မျောပါပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

တအာင်း (ပလောင်) အမျိုးသားပါတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးကို ဖမ်းဆီးထားခြင်းမရှိဟု RCSS ဆို

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA အောက်ခြေတပ်ဖွဲ့များကို စစ်ဆေးမှုအရ ရှမ်းပြည် နယ် တောင်ပိုင်း မိုင်းကိုင်မြို့နယ် တအာင်း (ပလောင်) အမျိုးသားပါတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ကို ဖမ်းဆီးထားခြင်း မရှိကြောင်း အဆိုပါအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလှက ပြောကြားသည်။

မြန်မာနိုင်ငံ၏ မြို့နယ်ပေါင်း ၁၀၈ မြို့နယ်တွင် အကောင်အထည် ဖော်နေ သော စီမံကိန်းများကို လေ့လာကြည့်ပါက ပွင့်လင်းမြင်သာမှု အားနည်းပြီး စီမံကိန်း၏ ရာခိုင်နှုန်း ၂၀ ခန့်သာ ပြီးစီးအောင် အကောင်အထည် ဖော်နိုင်သည်ကို တွေ့ရကြောင်း ဘတ်ဂျက်လေ့လာ စောင့်ကြည့်ရေး အကြံပေးအဖွဲ့

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် နိုင်ငံတော် ဘတ်ဂျက်များကို စီမံကိန်းများအတွက် သုံးစွဲမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ၏ မြို့နယ်ပေါင်း ၁၀၈ မြို့နယ်ကို လေ့လာကြည့်ပါက ပွင့်လင်းမြင်သာမှု အားနည်း ပြီး ရာခိုင်နှုန်း ၂၀ လောက်သာ ပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည်ကို တွေ့ရကြောင်း ဘတ်ဂျက်လေ့လာ စောင့်ကြည့်ရေး အကြံပေးအဖွဲ့မှ ဇွန် ၂၉ ရက် ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပသည့် ၂၀၁၄-၂၀၁၅ ဘတ်ဂျက်လေ့လာ စောင့်ကြည့်ရေး အစီရင်ခံစာအား ရှင်းလင်းတင်ပြ ဆွေးနွေးပွဲ အခမ်းအနားတွင် ပြောကြားသည်။

နေပြည်တော်နှင့် အူလန်ဘာတာမြို့ကို ညီအစ်မမြို့တော်အဖြစ် သတ်မှတ်

နိုင်ငံတော်သမ္မတဦးသိန်းစိန် အူလန်ဘာတာမြို့ Gandantegchinlen ဘုန်းတော်ကြီးကျောင်းအတွင်းရှိ ဘုရားဆင်း တုတော်ရှေ့တွင် ဆီမီးပူဇော်နေစဉ်။ Photo - CNB 
မြန်မာနိုင်ငံ ၏မြို့တော် နေပြည်တော်နှင့် မွန်ဂိုလီးယားနိုင်ငံအူလန်ဘာတာမြို့တို့ကို ညီအစ်မမြို့တော် (Sister City) အဖြစ်ဆောင်ရွက်ရန် သဘောတူလိုက်ကြောင်းသိရသည်။

“Yes” ဂီတအဖွဲ့မှ ဘေ့(စ်) ဂီတာသမား Chris Squire ကွယ်လွန်

၁၉၇၀ ပြည့်လွန်နှစ်များက နာမည်ကျော်ကြားခဲ့သော ဗြိတိသျှ ရော့(ခ်)ဂီတအဖွဲ့ “Yes” အား ပူးတွဲ တည်ထောင်ခဲ့သူ ဘေ့(စ်) ဂီတာသမား Chris Squire သည် ဇွန်လ ၂၇ ရက်နေ့တွင် ကွယ်လွန် သွားခဲ့ပြီ ဖြစ်ကြောင်း “Yes” ဂီတ အဖွဲ့သားများက ဆိုသည်။

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲဖြစ်နေတဲ့ ဂိုးကျော်ဇင်ဖြိုး သူ့ဇနီးနားလည်အောင် ဘယ်လိုရှင်းပြထားရသလဲ

U-23 မြန်မာ့လက်ရွေးစင် ဂိုးသမား ကျော်ဇင်ဖြိုးဟာ ဒီကနေ့မနက်ပိုင်းမှာ သူရဲ့ဇာတိဖြစ်တဲ့ ပဲခူးတိုင်း အနောက်ပိုင်း ရွှေတောင်မြို့ကို အလည်ပြန်လာခဲ့ပါတယ်။ သူ့ရဲ့ဇာတိမြို့က လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူ ဝမ်းမြောက် စွာ ကြိုဆိုခဲ့ကြပါတယ်။

မန္တလေးအ၀င် တရားမ၀င်ကုန်သွယ်မှုလမ်းကြောင်း လေးနေရာတွင် ဇူလိုင်မှစ၍ ရှောင်တခင်စစ်မည်

မန္တလေးမြို့သို့ဝင်ရောက်နိုင်မည့် တရားမ၀င်ကုန်သွယ်မှု လမ်းကြောင်းလေးနေရာတွင် ရွေ့လျားစစ်ဆေး ရေးအဖွဲ့ (Mo- bile Team)ဖြင့် ဇူလိုင် ၁ ရက်မှစတင်ကာ ရှောင်တခင်စစ်ဆေးအ ရေးယူမှုများ ပြုလုပ်မည်ဟု သ တင်းရရှိသည်။

ဖားကန့်ရွာသားများကို တိမ်းရှောင်ရန် အစိုးရတပ်မှ ခေါ်ယူသတိပေး

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ အစိုးရတပ်ကြား ပြီးခဲ့တဲ့ ရက်ပိုင်းက တိုက်ပွဲဖြစ်ခဲ့ပြီးတဲ့ နောက်နှစ်ဘက်တပ်ကြားမှာရှိတဲ့ ရွာသားတွေကို ဒီကနေ့ နောက် ဆုံးထား တိမ်းရှောင်သွားဖို့ အစိုးရတပ်က ခေါ်ယူသတိပေး ခဲ့ပါတယ်။

Monday 29 June 2015

ကျူးကျော်အိမ် တစ်လုံးကို လုံခြုံရေးစရိတ် ကျပ်သုံးသောင်း ကောက်ခံသည်မှာ မဟုတ်မှန်ဟုဆို

လှိုင်သာယာမြို့နယ်၊ ပန်းလှိုင်မြစ်ဘေးရှိ မြေနုကျွန်းပေါ်မှ ကျူးကျော်နေသူများ၏ လုံခြုံရေးကို ဆောင်ရွက် ပေးသော ပြည်သူ့စေတနာ့ဝန်ထမ်း အသင်း (PVA) က ကျူးကျော်နေအိမ်များကို လုံခြုံရေးစရိတ် တစ်အိမ်လျှင် ကျပ်သုံးသောင်း ကောက်ခံနေသည် ဆိုသည်မှာ မဟုတ်မှန်ကြောင်း ယင်းအသင်းဥက္ကဋ္ဌ ဦးသိမ်းဆန်းက The Voice သို့ ပြောကြားသည်။

သံတွဲနှင့်တောင်ကုတ်တွင် ရေကြီးနေဆဲဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်း များ မစတင်နိုင်သေး

ရခိုင်ပြည်နယ် သံတွဲမြို့ တွင် သံတွဲချောင်းရေကြီးမှုမှာ ဇွန် ၂၆ ရက် ည ၁၂ နာရီတွင် ရေပြန်ကျသွား သော်လည်း ၂၇ ရက် နံနက် ၁ဝ နာရီတွင် ရေ ပြန်လည် မြင့်တက်လာကြောင်း သံတွဲဒေသခံများထံ မှ သိရသည်။

အလိုရမ္မက်ကြီးသော လက်နက်ကိုင် သောင်းကျန်းသူ အဖွဲ့အစည်းများ

လက်ရှိအစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ အကြိမ်ကြိမ် ဆွေးနွေးခဲ့တာပါ။ ဒါပေမယ့် ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ကျွန်တော်တို့ပြည်သူတွေ စိတ်ကုန်ရမလို ဖြစ်နေပါပြီ။ အားလုံး မျှော်လင့်ထားတဲ့အတိုင်း အကောင်အထည်မဖော်နိုင်သေးဘဲ တစ်ခုပြီးတစ်ခု တိုးတိုး တောင်းဆိုနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကြောင့် ပြည်တွင်း ငြိမ်းချမ်းရေးဟာ အေးစက်စက်ဖြစ်နေပြန် ပါတယ်။ တောင်းတဲ့သူတွေကလည်း ဖြစ်နိုင်လား မဖြစ်နိုင်လား မစဉ်းစားဘူး၊ လိုချင်တာမှန်သမျှ အကုန် တောင်းတယ်၊ ပေးတဲ့သူဘက်ကလည်း ပြည်သူကို ထောက်ထားငဲ့ညှာပြီး တောင်းသမျှအကုန်လုံး မဟုတ်ရင် တောင် တချို့တစ်ဝက်တော့ လိုက်လျောမှုတွေ ပြန်ပေးနေတာ တွေ့ရပါတယ်။

ပြည်မြို့၌ အုပ်စုဖွဲရိုက်နှက်ခံရသည့် ၁၇ နှစ် အရွယ်အမျိုးသမီးတစ်ဦး ဆေးရုံတင်ထားရ

ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့တွင် ဇွန်လ(၂၇)ရက်န့ ညပိုင်းက မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သည့် အုပ်စု လိုက် ရိုက်နှက်မှုကြောင့် (၁၇)နှစ် အရွယ်မိန်းကလေးတစ်ဦးအား မျက်နှာဖူးရောင်ဒဏ်ရာများနှင့် ဆေးရုံတင်ထားရကြောင်း သိရှိရသည်။

စင်ကာပူသို့ သူနာပြုလုပ်သားတရားဝင် ပြန်လည်စေလွှတ်နိုင်ရေး အေဂျင်စီအဖွဲ့ချုပ်စီစဉ်နေဟုဆို

စင်ကာပူတွင် သူနာပြုလုပ်ကိုင်နေသူအချို့ကို လုပ်ငန်းခွင်၌ တွေ့ရစဉ်(ဓာတ်ပုံ - todayonline.com) 
စင်ကာပူနိုင်ငံသို့ သူနာ ပြုလုပ်သား တရားဝင်ပြန်လည် စေလွှတ်ခွင့်ရရှိရန်  စီစဉ်နေကြောင်း မြန်မာနိုင်ငံ ပြည်ပ အလုပ် အကိုင်ရှာဖွေရေး  ၀န်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်မှ သ တင်းရရှိသည်။

မူးယစ်ဆေးဝါးမျိုးစုံပြည့်နှက်နေတဲ့ “ ၀ ” ဒေသနှင့် ကိုယ်ကျိုးရှာ မူးယစ်ရာဇာများ

မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါးအများဆုံးထွက်ရှိနေတဲ့ ဒေသကိုပြပါဆိုရင် ရှမ်းပြည်နယ်အရှေ့မြောက် မှာရှိတဲ့ ၀ ဒေသကို လက်ညှိုးထိုးပြရမှာပါ။ ဒါပေမယ့် ၀ ဒေသမှာ ဘိန်းစိုက်ပျိုးမှု အပါအ၀င် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းတွေ လုပ်လာတာ ၁၀ နှစ်ပြည့်လာပြီဖြစ်တဲ့အတွက် ဒေသအတွင်းမှာ ဘိန်းစိုက်ပျိုးမှု မရှိတော့ဘူးဆိုပြီး ၀ ပြည်သွေးစည်းညီညွတ်ရေးပါတီက ပြောဆိုလိုက်ပါတယ်။ ၀ ဒေသမှာ တကယ်ပဲ ဘိန်းစိုက်ပျိုးမှုတွေမရှိတော့ဘူးလားဆိုတာ မသေချာပေမယ့်လို့ ယနေ့အချိန်အထိ ၀ ဒေသကနေ မူးယစ် ဆေးဝါးမျိုးစုံထွက်ရှိနေတုန်းပါပဲ။ ဒါကို ဖမ်းဆီးရမိတဲ့ ၀ ဒေသထွက် မူးယစ်ဆေးဝါးများက သက်သေခံနေ ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အောင်မြင်မှု မရခဲ့သော်လည်း ပြင်ဆင် ရန်ကြိုးပမ်းမှု မှတ်တမ်း တင် ကျန်ရှိနေ မည် ဟု သူရဦးရွှေမန်းဆို

ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်မှုအောင်မြင်မှုမရခဲ့သော်လည်း ပြင်ဆင်ရန်ကြိုးပမ်းမှုမှာ မှတ် တမ်းတင် ကျန် ရှိနေ မည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌသူရ ဦးရွှေမန်း က ပြည်သူ များထံ ပြန်ကြားလိုက်သည်။

သမ္မတဓာတ်ပုံ သန့်စင်ခန်းအတွင်း ချိတ်ဆွဲသည့် ကျောင်းအုပ်ကြီးကို ခုံရုံးဖွဲ့စစ်ဆေး

ယင်းမာပင်ခရိုင်၊ ညောင် ပင်သာကျေးရွာ အခြေခံပညာမူ လတန်းကျောင်းတွင် ကျောင်းရုံး ခန်းအတွင်းရှိ နိုင်ငံတော်သမ္မတ ဓာတ်ပုံကို သန့်စင်ခန်းအတွင်း ချိတ်ဆွဲခဲ့သည့် ကျောင်းအုပ်ကြီး  ကို သက်ဆိုင်ရာ ပညာရေးဌာနက ခုံရုံးဖွဲ့ စစ်ဆေးနေကြောင်း သ တင်းရရှိသည်။

ထိုင်ဝမ် ရေလွှာအပန်းဖြေဥယျာဉ် ပါတီပွဲတွင် မီးလောင်၊ လူ ၅၀၀ ကျော် ဒဏ်ရာရ

ထိုင်ဝမ်နိုင်ငံတွင် တနင်္ဂနွေနေ့က ဖော်မိုဆာ အပန်းဖြေဥယျာဉ်အတွင်း ပြုလုပ်သည့် ပါတီပွဲအတွင်း မီးလောင်မတော်တဆမှု ဖြစ်ခဲ့ရာတွင် မီးများမှာ ကပွဲလာ ပရိသတ်များအပေါ်သို့ ကျခဲ့သဖြင့် ဒဏ်ရာရသူ ၅၀၉ ဦးအထိ ရှိခဲ့ကြောင်း AFP သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ယခုဘဏ္ဍာနှစ်အတွင်း ဒဂုံမြို့သစ် တောင်ပိုင်းတွင် အငှားအိမ်ရာ ရှစ်ခန်းတွဲ၊ ခြောက်ထပ်စီမံကိန်း အကောင်အထည်ဖော်တည်ဆောက်ရန် စီစဉ်နေ

ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၌ အငှားအိမ်ရာရှစ်ခန်းတွဲ၊ ခြောက်ထပ်စီမံကိန်းကို အကောင်အထည်ဖော်တည်ဆောက်ရန် စီစဉ် နေ ကြောင်း သိရသည်။

မဲစာရင်း မမှန်ပါက ရွေးကောက်ပွဲနေ့တွင် မဲလိမ်၊ မဲခိုးသည့် ပြဿနာများဖြစ်နိုင်၍ ပါတီအားလုံးအနေဖြင့် မဲစာရင်း စိစစ်ခြင်းကို အလေးထား လုပ်ဆောင်သင့်ဟုဆို

မဲစာရင်းမမှန်ပါက ရွေးကောက်ပွဲနေ့တွင် မဲလိမ်၊ မဲခိုးသည့်ပြဿနာများ ဖြစ်နိုင်၍ နိုင်ငံရေးပါတီအားလုံး အနေဖြင့် မဲစာရင်းစိစစ်ခြင်းကို အလေးထား လုပ်ဆောင်သင့်သည်ဟု ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့တစ်ခုဖြစ်သည့် Myanmar Network Organization for Free and Fair Elections (MYN-FREL) မှ ဒေါ်ဇင်မာဦးက ပြောကြားသည်။

ကျေးလက်ဒေသ လျှပ်စစ်မီးရရှိရေး အမေရိကန်ဒေါ်လာ သန်း ၄၀၀ သုံးမည်ဟုဆို

ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကိုအသုံးပြု၍ လျှပ်စစ်မီး မရရှိသေးသည့် ကျေးလက် ဒေသ များတွင် မဟာဓာတ်အားလိုင်း ပြင်ပလျှပ်စစ်ဓာတ်အားပေးရေးစနစ် (Off- Grid) စီမံကိန်းကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၌ စတင်မည်ဖြစ်ကြောင်း မွေးမြူရေး ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနထံမှ သိရသည်။

သမ္မတဦးသိန်းစိန် မွန်ဂိုလီးယားနိုင်ငံသို့ သုံးရက်ကြာ သွားရောက်

ယခုနှစ်ပိုင်းအတွင်း မြန်မာနိုင်ငံနှင့် သံတမန်ဆက်ဆံရေး တိုးမြှင့်လုပ်ကိုင်လာသော မွန်ဂိုလီးယား သမ္မတ နိုင်ငံသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သုံးရက်ကြာ သွားရောက်လျက်ရှိကြောင်း မွန်ဂိုလီးယားနိုင်ငံ သမ္မတရုံး သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ပါတီတွင်း စည်းလုံးရေး ထိခိုက်နိုင်သောကြောင့် သမ္မတလောင်း ရွေးချယ်ထားမှုကို မထုတ်ပြန်သေးဟု ကြံ့ခိုင်ရေးပါတီဆို

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင်း စည်းလုံးညီညွတ်ရေးကို ထိခိုက်နိုင်သောကြောင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ရွေးချယ်တင်မြှောက်မည့် သမ္မတလောင်း မထုတ်ပြန်နိုင်သေးခြင်း ဖြစ် ကြောင်း အဆိုပါ ပါတီဗဟိုကော်မတီဝင် ဦးတင့်ဇော်က The Voice သို့ ပြောကြားသည်။

Indiana မှာ ဆွေးနွေးကြတဲ့ မြန်မာ-အမေရိကန် ဆက်ဆံရေး

ဒီတပတ် မြန်မာ့အရေးဆွေးနွေးခန်းမှာ မြန်မာနိုင်ငံမှာ အခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပဖို့ ရှိနေတဲ့ အတွက် နိုင်ငံတကာက အာရုံစိုက် စောင့်ကြည့်နေကြတဲ့အချိန် နိုင်ငံရေး၊ စီးပွားရေး၊ တတ်သိပညာရှင်စတဲ့ ကဏ္ဍစုံကသူတွေ တွေ့ဆုံပြီး နှစ်နိုင်ငံစလုံးအတွက် အကောက်ပြုစေမယ့် ပေါ်လစီတွေ ချမှတ်နိုင်အောင် အမေရိကန် - မြန်မာဆက်ဆံရေး ညီလာခံကျင်းပတာဟာ ထိရောက်ကောင်းမွန်ကြောင်း ကုလသမဂ္ဂ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်တင်က ပြောပါတယ်။ အမေရိကန်နိုင်ငံ၊ Indiana ပြည်နယ်မြို့တော်၊ Indianapolis မြို့မှာ မေလ ၂၉ ရက်နေ့က ကျင်းပတဲ့ အမေရိကန်-မြန်မာ ဆက်ဆံရေး ညီလာခံအတွင်း သံအမတ်ကြီး ဦးကျော်တင်က အဲဒီပြောကြားလိုက်တာပါ။ မြန်မာနိုင်ငံအတွင်း လုပ်ဆောင်နေတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ လှေစီးပြေးဒုက္ခသည်တွေအရေးတွေကိုပါ အကျယ်တ၀င့် ဆွေးနွေးထား တာတွေကို ဒီသီတင်းပတ်ရဲ့ မြန်မာ့အရေးဆွေးနွေးခန်း အစီအစဉ်မှာ ကိုဇော်ဝင်းလှိုင်က တင်ပြ ပေးထား ပါတယ်။

၁၀၅မိုင် ကုန်သွယ်ရေးဇုန် တိုက်ခိုက်ခံရမှု KIA လက်ချက်ဟု စစ်တပ်ပြော

တရုတ်- မြန်မာ နယ်စပ်ရှိ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကို ပြီးခဲ့သည့် စနေ နေ့ညက လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်မှုမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၏ လက်ချက်ဟု စစ်တပ်ပိုင် မြ၀တီ သတင်းတွင် ဖော်ပြထားသည်။

Sunday 28 June 2015

မရဲတရဲ ဈေးစနည်းနာနေသည့် ကျောက်ကုန်သည်များ

တန်ဖိုးအမြင့်ဆုံး  ယူရို ၁၂သန်းအထိ တန်ဖိုးရှိသောကျောက်စိမ်း တုံးကြီးတွေကြားမှာ   လက်နှိပ် ဓာတ်မီးများ၊ တိပ်များနှင့် ရေ ခွက်များကို ကိုင်ဆောင်ထားသည့် ကျောက်ကုန်သည်များက သူတို့၏ကံကြမ္မာကို ရှာဖွေ ကံစမ်းနေ ကြပါသည်။ သည်ကျောက်မျက် ရတနာပြပွဲသည် မြန်မာနိုင်ငံတွင် နှစ်စဉ်ဝင်ငွေအများဆုံးရသည့် ကျောက်မျက်ရောင်းချပွဲလည်း ဖြစ်ပါတယ်။
ပုံမှန်အားဖြင့် တိတ်ဆိတ် ငြိမ်သက်နေသော နေပြည်တော် သည် ယခုလို ကျောက်မျက်ပြပွဲ များရှိလျှင် လူစည်မြဲဖြစ်ပါသည်။ သည်နှစ်ကတော့ ခါတိုင်းလို စည် ကားမနေပါ။ အကျင့်ပျက်ခြစားမှု များနှင့် အကျိုးအမြတ်ရနေသည် ဟု နာမည်ကြီးနေသော ကျောက် လောက ဈေးကွက်အတွင်း အ မြတ်ကြီးစားမှုတွေကို   တရုတ်အစိုးရက  ပြင်းပြင်းထန်ထန် ရှင်းလင်းရေးလုပ်ပြီးသည့်နောက်ပိုင်းမို့ ဖြစ်ပါသည်။

အာဖဂန်တွင် ခွေး ၃ ကောင်က အမေရိကန် စစ်သားများကို ကယ်တင်

လမ်းဘေးက ခွေး ၃ ကောင်ကို အစာတွေကျွေးပြီး မွေးမြူခဲ့တဲ့ အာဖဂန်နစ္စတန်နိုင်ငံမှာ တာဝန်ကျတဲ့ အမေရိကန် စစ်သားကို ဒီခွေးတွေက ပြန်ကယ်ခဲ့ပါတယ်။
ခရစ္စဒေါ့နဲ့ အပေါင်းအပါ စစ်သားတွေ အာဖဂန်မှာ တာဝန်ကျစဉ်က လမ်းဘေးမှာ လေ့လွင်နေတဲ့ ဆာရှာ၊ တားဂက်နဲ့ ရှုးဖစ် ခွေး ၃ ကောင်ကို မွေးစားခဲ့ပါတယ်။
ဖေဖော်ဝါရီလက ညတည သန်းခေါင်းချိန်မှာတော့ ၂၅ ပေါင်ရှိတဲ့ ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ အသေခံ ဗုံးခွဲသမားဟာ အမေရိကန် စစ်သား ၅၀ နီးပါး နေနေတဲ့ စစ်တန်းလျားကို ၀င်ဖို့ ကြိုးစားခဲ့ပါတယ်။

ကိုဘာနီမြို့ကို အိုင်အက်စ်အပြင်းအထန် ထိုးစစ်ဆင်၊ ကာ့ဒ်တပ်ဖွဲများ ပြန်လည်တိုက်ထုတ်

တူရကီနယ်စပ်က မဟာဗျူဟာကျတဲ့ ကိုဘာနီမြို့ကို အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ်တွေက ဒုတိယအကြိမ် အပြင်းအထန်ထိုးစစ် ဆင်ခဲ့ပေမယ့် ဆီးရီးယားကာဒ့်တွေက ပြန်လည်တိုက်ထုတ်နိုင်ခဲ့တယ်လို့ ဆီးရီးယားလူအခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဇွန် ၂၇ ရက်နေ့ ပြောပါတယ်။ဒါပေမယ့် အိုင်အက်တို့ရဲ့ ထိုးစစ်အတွင်း အပြစ်မဲ့အရပ် သား ၂၀၀ ကျော် သေဆုံးတယ်လို့ ဆီးရီးယား လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

အေအိုင်ဒီအက်စ်ကူးစက်ခံ မိဘမဲ့မြန်မာကလေးများဂေဟာ ဖွင့်လှစ်

အေအိုင်ဒီအက်စ်ကူးစက်ခံရတဲ့ မိဘမဲ့မြန်မာကလေးတွေအတွက် စောင့်ရှောက်ကူညီရေးဂေဟာတခုကို ဂျပန်နိုင်ငံ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတခုအကူအညီနဲ့ မြန်မာနိုင်ငံမှာ ကချင်ပြည်နယ်မှာ ဖွင့်လှစ်လိုက်ပါတယ်။ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာ ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်နေ့က ဖွင့်လှစ်လိုက်တယ်လို့ ဂျပန်အခြေစိုက် အန်အိပ်ခ်ျကေသတင်းမှာ ဖော်ပြပါတယ်။
ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း၊ ကူမာမိုတိုခရိုင်ရှိ ၀ိုင်အမ်စီအေအုပ်စုက ဦးဆောင်ပြီး လှူဒါန်းငွေတွေနဲ့ အဲဒီအဆောက်အုံတည်ဆောက်ဖို့ ရန်ပုံငွေမြှင့်တင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့တာပါ။

ကန့်ဘလူမြို့နယ်ကို ခရိုင်အဆင့်သတ်မှတ်ပေးရန် ဆန္ဒပြတောင်းဆို

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ကို ခရိုင်အဆင့် အမြန်ဆုံး တိုးချဲ့သတ်မှတ်ပေးဖို့ ဒေသခံတွေစုပေါင်းပြီး လမ်းလျှောက်ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။ကန့်ဘလူမြို့နယ်ကို ခရိုင်အဆင့်တိုးချဲ့သတ်မှတ်ဖို့ နိုင်ငံတော် ပြည်ထဲရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ မတ် ၃၀ ရက်နေ့က အမိန့်ကြေညာစာထုတ်ပြန်ထားတာပါ။
ဒါပေမယ့် ၃ လနီးပါးကြာလာတဲ့အထိ အစိုးရက တရားဝင် ခရိုင်အဖြစ် ဖွင့်ပွဲကျင်းပတာတွေ မရှိသေးတာကြောင့် ဇွန်လ ၂၇ ရက်နေ့က ဒေသခံတွေ စုပေါင်းပြီး ခရိုင်အဆင့်အဖြစ် အမြန်ဆုံးဖွင့်လှစ်သွားနိုင်ဖို့ ကန့်ဘလူးမြို့မှာ လမ်းလျှောက်ဆန္ဒပြ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

နီပေါငလျင်ဘေး ၂ လပြည့် အောက်မေ့ဖွယ်အခမ်းအနား ပြုလုပ်

နီပေါနိုင်ငံမှာ လူ ၈၈၀၀ ကျော် သေဆုံးခဲ့တဲ့ ငလျင်ဘေး ၂ လ ပြည့် အောက်မေ့ဖွယ် အခမ်းအနားတခုကို ကက်သမန်ဒူမြို့က ရင်ပြင်တခုမှာ ဇွန် ၂၇ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
ငလျင်ကြောင့် အိမ်ပေါင်း သန်းတ၀က်လောက်လည်း ပျက်စီးခဲ့ပါတယ်။ ကွယ်လွန်သွားသူတွေရဲ့ ၀ိညာဉ်တွေ ငြိမ်းချမ်းစေဖို့အတွက် ဆုတောင်းပွဲ ပြုလုပ်တာလို့ ဦးဆောင်သူ အန်နာပါနာ ပုံနှိပ်တိုက်ရဲ့ ကိုယ်စားလှယ် ရှီလူ အာဟီကရေးက ရှင်းပြပါတယ်။

သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ၄၅ ဦးရှိပြီ

အခုနှစ်နှစ်ဆန်းပိုင်းကစပြီး ဇွန်လ ၂၆ ရက်အထိ တနိုင်ငံလုံးမှာ သွေးလွန်တုပ်ကွေးရော ဂါဖြစ်ပွားသူ ၁၀၀၀၀ ကျော်ရှိပြီး ၄၅ယောက် သေဆုံးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ဧရာဝတီိုင်းမှာ ရောဂါဖြစ်ပွားသူ ၂၀၀၀ ကျော်ရှိပြီး ပြည်နယ်တိုင်းအလိုက် ရောဂါဖြစ်ပွားမှုနှုန်း အများဆုံး ဖြစ်ပါတယ်။

ထိုင်ဝမ် ရေကစားဥယျာဉ် ပေါက်ကွဲမှု ၅၀၀ ကျော် ဒဏ်ရာရ

ထိုင်ဝမ် တိုင်ပေမြို့တော် အပြင်ဘက်က အပန်းဖြေရေကစားဥယျာဉ်တခုမှာ ဇွန် ၂၇ ရက် ညဦးပိုင်းက မတော်တဆ ပေါက်ကွဲမှုကြောင့် လူ ၅၁၉ ဦး ဒဏ်ရာရရှိသွားပါတယ်။

ဖော်မိုစာ ရေကစားဥယျာဉ်ရဲ့ စတိတ်စင်ကြီးမှာ ပေါက်ကွဲမီးလောင်ခဲ့တာဖြစ်ပြီး ဒဏ်ရာရ သူတွေထဲက ၁၈၂ ဦးကိုတော့ အထူး ကြပ်မတ်ဆောင်မှာ ကုသပေးနေတယ်လို့ ထိုင်ဝမ် အာဏာပိုင်တွေကို ကိုးကားပြီး စီအန်အန်သတင်းမှာ ဖော်ပြပါတယ်။

လူကြမ်းတွေ လဲရင် ကြိုက်လား

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပုဒ်မ တချို့ကို ပြင်ဆင်နိုင်ရန် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်အမတ် ဦးသိန်းဇော်က ဥပဒေမူကြမ်း လွှတ်တော်သို့ တင်သွင်းပြီး နောက် လွှတ်တော်အမတ်နှင့် စစ်တပ်ကိုယ်စားလှယ်များ ဆွေးနွေးကြသည်။ ဆွေးနွေးပြီးနောက် ဇွန် ၂၅၊ ၂၀၁၅ က မဲခွဲကြရာ စစ်တပ်ကိုယ်စားလှယ်များက မထောက်ခံသောကြောင့် ပုဒ်မ တစ်ခု၏ စကားတစ်လုံးသာ ပြင်နိုင်ပြီး ကျန်ပုဒ်မများကို မပြင်နိုင်ခဲ့ပါ။ လွှတ်တော်သတင်းများကို စောင့်ကြည့်လေ့လာသူများ သို့မဟုတ် ဖေ့စ်ဘွတ်မှ သတင်းများကို ပုံမှန်ဖတ်ရှုသူများ သိပြီးဖြစ်ပါလိမ့်မည်။ ပြဿနာမှာ ဇာတ်သိမ်းသိပြီးသား ရုပ်ရှင်တစ်ကားကို တကယ်ကြည့်ရှုရချိန်တွင် ငိုလိုက်ရသည့် ရုပ်ရှင်ကြည့် ပရိသတ်များနှယ် ဖြစ်ပါသည်။ ဇာတ်ဆောင် များက သရုပ်ဆောင် ကောင်းကြသည်လား၊ သို့တည်းမဟုတ် ဇာတ်ပို့ တီးလုံးက ကောင်းသည်လား၊ သို့တည်းမဟုတ် ကာလရာသီက ငိုစရာ ကောင်းနေသည်လား၊ ပြည်သူ တချို့ကား ရုပ်ရှင်ကြည့် ပရိသတ်များကဲ့သို့ပင် ဝမ်းနည်းခဲ့ကြသည်။

ပဲခူးတိုင်း ဖြူးတွင် လယ်သမား ၁၅၀ ခန့် ထွန်တုံးတိုက်ပွဲ ပြုလုပ်

 ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ညောင်ပင်ကျေးရွာရှိ စိမ်ကြီးကွင်းတွင် မြတ်အိနြေ္ဒ ကုမ္ပဏီက သိမ်းဆည်းထားသည့် လယ်ဧကများကို ပြန်ပေးရာတွင် မပါဝင်သည့် လယ်သမားများက ဇွန် ၂၇ ရက်၌ ယင်းမြေများပေါ်တွင် ထွန်တုံးတိုက်ပွဲ ပြုလုပ်ခဲ့ကြသည်ဟု အလုပ်သမားသမဂ္ဂ လွတ်လပ်ရေး အဖွဲ့မှ အထွေထွေ တာဝန်ခံ ဦးမြင့်စိုးက မဇ္ဈိမကို ပြောသည်။

ခန္တီးလေဆိပ်တွင် တရားဝင် သယ်ဆောင်နိုင်သည့် ပစ္စည်းကို ငွေကြေးကောက်ခံသည့် ရဲများကို စုံစမ်း စစ်ဆေးနေ

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ခန္တီးလေဆိပ်တွင် နိုင်ငံတော်မှ တရားဝင် သယ်ဆောင်ခွင့် ပေးသည့် ပစ္စည်းများအား ရဲတပ်ဖွဲ့ဝင်များက ငွေကြေးကောက်ခံနေမှုကို စုံစမ်းစစ်ဆေးရေးခုံဖွဲ့၍ စစ်ဆေးနေကြောင်း ခန္တီးမြို့နယ် ရဲတပ်ဖွဲ့မှူးက မဇ္ဈိမကို ပြောသည်။
မေလ (၈) ရက်နေ့ နေ့လည် (၂) နာရီခန့်က ပိုက်ဆံသိန်း (၂၀၀) ကို လေယာဉ်ဖြင့် သယ်ဆောင်ခွင့်ရရန်အတွက် ရဲတပ်သားများက ငွေသုံးသောင်းတောင်းခဲ့ပြီး ယခုလို ငွေတောင်း ခံမှုများမှာ ယခင်ကတည်းက ရှိခဲ့သည်ဟုလည်း ဒေသခံများက ဆိုသည်။

ရွေးကောက်ပွဲ ကော်မရှင်၏ ဆောင်ရွက်မှုမှာ ဥပဒေနဲ့အညီ ဆောင်ရွက်ရ၍ တရားမျှတမည်ဟု ဆို


 မြန်မာနိုင်ငံ၏ လာမည့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ကော်မရှင်၏ ဆောင်ရွက်မှုများသည် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်၍ တရားမျှတမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးဝင်းကိုက ဇွန်၂၇ ရက်တွင် ဆိုသည်။

အမျိုးသမီးများ၏ အခက်အခဲကို မျှဝေခံစားမှုရှိကြောင်း ဖော်ပြသည့် အနေဖြင့် အမျိုးသားများက ဒေါက်ဖိနပ်စီး လှုပ်ရှားမှု ပြုလုပ်

 အမျိုးသမီးများ၏ အခက်အခဲနှင့် နာကျင်မှုများကို မျှဝေခံစားမှုရှိကြောင်း ဖော်ပြသည့် အနေဖြင့် အမျိုးသားများက ဒေါက်ဖိနပ်စီး ဝတ်ဆင်သွားလာသည့် လှုပ်ရှားမှု တစ်ခုကို ဇွန် ၂၇ ရက်က ရန်ကုန်မြို့၊ မြေနီကုန်း ဒဂုံစင်တာ -၂ ၊ ဒုတိယထပ်ရှိ ပရိုမိုးရှင်း ဧရိယာတွင် ပြုလုပ်ခဲ့သည်။

အဆိုပါလှုပ်ရှားမှုကို ကျား၊ မ ရေးရာ တန်းတူညီမျှရေး ကွန်ရက်၏ Research Working Group အဖွဲ့ဝင်များမှ ပူးပေါင်းကျင်းပသည့် “ရုန်းမထွက်သာ အစဉ်အလာ” Public Campaign ကျင်းပသည့် အစီအစဉ်တွင် ထည့်သွင်းကျင်းပခဲ့ခြင်း ဖြစ်သည်။

ငပုတောမြို့နယ် မြစ်တရာချောင်းရေလျံကာ အိမ်ခြေ ၁၂၈လုံရေနစ်မြုပ်၊ ဒေသခံ ၆၀၃ဦးကို အရေးပေါ် ကယ်ဆယ်

 ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်းရှိ သင်းကျောင်းကျေးရွာအုပ်စုနှင့် ၀က်ကော်ရွာရှိ အိမ်ခြေ ၁၂၈လုံး မြစ်တစ်ရာချောင်း ရေလျံကာ နစ်မြုပ်ခဲ့သဖြင့် ဒေသခံ ၆၀၃ဦးကို အရေးပေါ်ကယ်ဆယ်ခဲ့ရသည်ဟု တိုင်းဒေသကြီးအစိုးရ အတွင်းရေးမှူး ဦးအေးကျော်က ဇွန်လ ၂၈ရက်တွင် မဇ္ဈိမကိုပြောသည်။

"လူအသေအပျောက်မရှိပါဘူး။ ဒီရေကလည်း တက်တယ်၊ တောင်ကျရေရယ်ပေါင်းပြီး ရေကြီးတာ၊ အားလုံးကို ရွှေ့ပြောင်းကယ်ဆယ်ပြီး၊ မရမ်းကုန်းရွာက စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေမှာ ထားထားပါတယ်။ ကားလမ်းပေါ်ကို ၃ပေလောက်တက်တာ အခုတော့ ၁ပေလောက်ပြန်ကျနေပြီ" ဟု ၎င်းကဆိုသည်။

ပဲတီစိမ်းစိုက်ပျိုးသူများအတွက် ပညာပေးလုပ်ငန်းများ ဆောင်ရွက်မည်

ပဲတီစိမ်းများ ထုတ် လုပ်မှုအရည်အသွေး မကျဆင်း စေရန် တောင်သူပညာပေးလုပ် ငန်းများကို စက်တင်ဘာအတွင်း ပြုလုပ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း(ကုန်စည်ဒိုင်)မှ သတင်းရရှိသည်။
ပဲပင်ပေါက်ပြုလုပ်ရန် မြန်မာနိုင်ငံမှ ပဲတီစိမ်းများကို အင်္ဂလန်၊ ဂျာမနီ၊ ဟော်လန်၊ ပြင်သစ် နိုင်ငံများက ၂၀၁၂ မှစ၍ လက်ရှိ အချိန်ထိ ဝယ်ယူနေကြောင်း အဆိုပါအသင်းမှ သိရသည်။
‘‘ပညာပေး  လုပ်ငန်းကို ဥရောပနိုင်ငံ တချို့က ပညာရှင် တွေကိုယ်တိုင် ပဲတီစိမ်းစိုက်မယ့် ဒေသတွေကို သွားပြီး တောင်သူ တွေကို ပညာပေးလုပ်ငန်းတွေ လုပ်သွားမယ်။ ဘာတွေကို ပညာ ပေးလုပ်သွားမှာလဲဆိုတော့ ဥရောပနိုင်ငံတွေက သတ်မှတ်ထားတဲ့ စားသုံးသူ အန္တရာယ်ကင်းရှင်းဖို့ စံချိန်စံညွှန်းတွေကို ရှင်းပြသွား မှာဖြစ်ပါတယ်’’ဟု ရန်ကုန်တိုင်း ဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(ကုန်စည်ဒိုင်) ဥက္ကဋ္ဌ ဦးအုန်းဆိုင်က ပြောသည်။

အပူလှိုင်းကြောင့် ပါကစ္စတန်တွင် သေဆုံးသူ ၁၁၀၀ ကျော်ပြီ

ပါကစ္စတန်မှာ အပူလှိုင်းကြောင့် သေဆုံးသူ ၁၁၀၀ ကျော်သွားပြီး အပူဆုံး ရက်တွေမှာ ကြုံရတဲ့ ၄၄ ဒီဂရီ ဆဲလ်စီးယပ်စ်ဟာ ၁၉၈၁ နောက်ပိုင်းမှာ အမြင့်ဆုံး ဖြစ်ပါတယ်။
အပူဒဏ်အဆိုးဆုံးခံနေရတဲ့ ကရာချီမြို့မှာ ဇွန် ၂၆ ရက်နေ့ကစလို့ ပင်လယ်ဘက်ကနေ လေပြေလေညင်းတွေ စတင်ဝင်ရောက်နေတာကြောင့် အရင်နေ့တွေကထက် အပူဒဏ်သက်သာလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သံတွဲလေဆိပ်ဟိုတယ် ဒီဇင်ဘာတွင် ဖွင့်လှစ်မည်

သံတွဲမြို့တွင် ဆောက် လုပ်လျက်ရှိသည့် လေဆိပ်ဟို တယ်ကို ယခုနှစ်ဒီဇင်ဘာ၌ စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။
မြန်မာနိုင်ငံ၏ ထင်ရှားသော ငပလီကမ်းခြေ၌ ခရီးသွားဦးရေ များပြားချိန်တွင် ဟိုတယ်အခန်းမလုံလောက်မှုများရှိသဖြင့် ခရီးသွားလုပ်ငန်းကို အထောက်အကူပြုစေရန် လေဆိပ်ဟိုတယ်လုပ်ငန်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ လေဆိပ်ဟိုတယ် အတွက် ဂိုးလ်ဒင်း ဟံသာဝတီ ကုမ္ပဏီအား မြေနေရာငှားရမ်း၍ လုပ်ကိုင်ခွင့်ပြုလိုက်ခြင်းဖြစ်ပြီး ကြယ်သုံးပွင့်အဆင့် ဆောက်လုပ်မည်ဖြစ်သည်။ လက်ရှိတွင် တည် ဆောက်နေဆဲဖြစ်ပြီး လေဆိပ် ဟိုတယ်လုပ်ငန်းဆောင်ရွက်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မ ရှင်၏ ခွင့်ပြုချက်ရထားကြောင်း ယင်းဦးစီးဌာနမှ သိရသည်။

ရခိုင်ပြည်နယ်တွင် ရေလွှမ်းမိုးပြီး အိမ်ခြေထောင်ချီ နစ်မြုပ်

ရေလွှမ်းမိုးမှုအန္တရာယ် ရင်ဆိုင်နေရသော ဒေသများအ နက် ရခိုင်ပြည်နယ်သည် အဆိုးရွားဆုံး ကြုံတွေ့နေရပြီး ရေနစ်မြုပ်သော အိမ်ခြေထောင်ချီရှိနေကြောင်း သတင်းရရှိသည်။
ရခိုင်ပြည်နယ်တွင် အမ်း၊ သံတွဲ၊ ကျောက်တော်၊ တောင် ကုတ်နှင့် ဘူးသီးတောင်မြို့တို့ ၌  ရေလွှမ်းမိုးမှု ရင်ဆိုင်ခဲ့ရပြီး ဇွန်လ ၂၇ ရက် ညနေတွင် ရေ အနည်းငယ် ပြန်ကျနေသော် လည်း ဘေးလွတ်ရာ၌ နေထိုင်ကြရန် အသံချဲ့စက်များဖြင့် သတိပေးထားသည်ဟု ရခိုင်ပြည်နယ် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးမြင့်စိုးက ပြောသည်။

အကျဉ်းသားကျန်းမာရေး

အကျဉ်းသားတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးရတဲ့ဆရာဝန်တွေနဲ့ အကျဉ်းထာင် တာဝန်ရှိသူတွေ ကြားမှာ အပြန်အလှန် လွန်ဆွဲနေရမှုဆိုတာ တိုင်းပြည်တိုင်းမှာ ရှိတယ်။ အဆုံးမသတ်နိုင်တဲ့ အငြင်းပွားမှု တခုလည်း ဖြစ်တယ်။ ဒါ့ပြင် တရားစီရင်ရေးနဲ့ သမားကျင့်ဝတ်ကြားမှာ ဝိရောဓိ ဖြစ်နေတယ်။
ဆရာဝန်တွေဟာ ပညာပိုင်းဆိုင်ရာကျင့်ဝတ်ကို လိုက်နာကြရတယ်။ ဆုံးဖြတ်ချက်ချရာမှာ လူနာစောင့်တွေ ဖိအားနဲ့ ဆွဲအားတွေကို ပမာမထားပဲ ချမှတ်မှသာ မှန်ကန်တယ်။ စာနာစိတ်နဲ့ သနားစိတ်ကို မျှမျှတတ ထားကြရတယ်။ ရောဂါအမည်တပ်ဖို့ရာ စမ်းသပ်မှုနဲ့ စစ်ဆေးမှုတွေ လိုတယ်။
ထောင်ကို သွားကြည့်ရတဲ့ဆရာတွေမှာ စစ်ဆေးမှုတွေလုပ်ဖို့ မဖြစ်နိုင်ကြဘူး။ ဆရာဝန်တွေအပေါ်မှာ အကျဉ်းထောင် အရာရှိတွေက တတ်စွမ်းသလောက် ဖိအားပေးကြတယ်။ လူနာနဲ့ ဆရာဝန်ဆက်ဆံရေးအပြင် အကျဉ်းထောင်နဲ့ ဆရာဝန်ဆက်ဆံရေးဆိုတာပါ ရှိလာတယ်။

Friday 26 June 2015

မန္တလေးမြို့ အဆောင်တွင် အမျိုးသမီးတစ်ဦး အကူအညီမပါဘဲကလေးမွေးရာမှ သွေးလွန်သေဆုံး


မန္တလေးမြို့ မဟာ အောင်မြေမြို့နယ်ရှိ အမျိုးသမီး အဆောင်တစ်ခုတွင် အသက် (၂၁) နှစ်အရွယ် အမျိုးသမီးတစ် ဦးတည်း ကလေးမီးဖွားရာမှ သွေး လွန်၍ သေဆုံးခဲ့ကြောင်း သတင်း ရရှိသည်။
မဟာအောင်မြေမြို့နယ်ရှိ အမျိုးသမီးအဆောင်တစ်ခုတွင် ဇွန်လ ၂၄ ရက် ညနေက အသက် (၂၁)နှစ်အရွယ် အမျိုးသမီးတစ်ဦး သည် ၎င်း၏အခန်းအတွင်း က လေးမီးဖွားနေသည်ကို အဆောင် မှူးနှင့် အဆောင်သူများက တွေ့ ရှိသဖြင့် ဆေးရုံသို့ပို့ဆောင်စဉ် သွေးလွန်သေဆုံးသွားခြင်းဖြစ်ပြီး ကလေးမှာအသက်ရှင် ကျန်းမာ လျက်ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်း သိရသည်။

ခြောက်ပွင့်ဆိုင်ကို မစဉ်းစားတော့ဟု ဒေါ်အောင်ဆန်းစုကြည်ပြော


ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနှင့်ပတ်သက် ၍ ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေး နွေးမှုကို စဉ်းစားတော့မည်မဟုတ် ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။
‘‘ပွင့်ပွင့်လင်းလင်းပြောရရင် အန်တီက သိပ်ပြီးတော့ မစဉ်းစား ဘူး။ ခြောက်ပွင့်ဆိုင်အကြောင်း၊ မစဉ်းစားတော့ဘူး။စဉ်းစားနေရင် လည်း နည်းနည်းအချိန်ပိုကုန်တာ ပဲရှိတယ်။ ကိုယ်လုပ်စရာရှိတာပဲ ဆက်ပြီးလုပ်သွားတော့မယ်’’ဟု ဇွန်လ ၂၅ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဒေါ် အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်သူတွေစိတ်ဓာတ်ကျစရာမလိုဟု ဒေါ်အောင်ဆန်းစုကြည်ဆို"

အခြေခံဥပဒေပြင်ဆင်ရေး မဲခွဲဆုံးဖြတ်မှုရလဒ်သည် သိပ်ပြီး ထူးထူးဆန်းဆန် မဟုတ်အံ့သြစရာ မဟုတ်ဟုဆိုပြီး ပြည်သူတွေအနေနှင့် စိတ်ဓာတ်ကျစရာမလိုဘဲရှေ့ဆက်ပြီး ဘယ်လိုသွားရမလဲဆိုသည်ကို ရှင်းရှင်းလင်းလင်းသိသွားသည်ဟု ဒေါ်အောင်ဆန်းစုကြည် မဲခွဲဆုံးဖြတ်မှုအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

"အခြေခံဥပဒေ အရေးကြီးပုဒ်မများ ပြင်ဆင်ရန်မဲခွဲမှု ရှုံးနိမ့်"

သမ္မတအရည်အချင်းသတ်မှတ်ချက်တစ်ခုဖြစ်သော ပုဒ်မ ၅၉ (ဃ) ကိုသာ ပြင်ဆင်ရန် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲဖြင့် မဲအသာရခဲ့သော်လည်း အဓိကပုဒ်မများဖြစ်သော ၅၉ (စ)နှင့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးမဲများ ရှုံးနိမ့်သွားပြီဖြစ်သည်။
ထောက်ခံမဲရရှိခဲ့သည့် ပုဒ်မ ၅၉ (ဃ)သည်နိုင်ငံတော်အရေးရာများဖြစ်သော နိုင်ငံရေး၊စီးပွားရေး၊စစ်ရေး၊စသည့်အမြင်များရှိရမည်အစားနိုင်ငံတော်အရေးအရာများဖြစ်သော နိုင်ငံရေး အုပ်ချုပ်ရေး စီးပွားရေး ကာကွယ်ရေးစသည့် အမြင်များရှိရမည် ဟုပြင်ဆင်ရန် ထောက်ခံမဲပေးခဲ့ကြခြင်းဖြစ်သည်။

ဖားကန့်ရဲစခန်းအတွင်းသို့ လက်လုပ်မိုင်းဖြင့် ပစ်သွင်းတိုက်ခိုက်

ဖားကန့်မြို့နယ်ရဲစခန်း ၀င်းအတွင်းသို့ လက်လုပ်မိုင်းနှစ် လုံးပစ်သွင်းတိုက်ခိုက်မှုကြောင့် ရဲရိပ်သာအဆောက်အအုံအနည်း ငယ်ပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိ ကြောင်း သတင်းရရှိသည်။
ဇွန်လ ၂၃ ရက် နံနက် ၁၁ နာရီခန့်က ဒေသလုပ် လက်လုပ် မိုင်းနှစ်လုံးဖြင့် ပစ်ခတ်ဖောက်ခွဲ ခံရခြင်းဖြစ်ပြီး မိုးညှင်းခရိုင် ဒုရဲတပ်ဖွဲ့မှူး ဖားကန့်မြို့နယ်ရဲစခန်း သို့ လာရောက်နေချိန်နှင့် တိုက် ဆိုင်နေကြောင်း ဒေသခံအရပ် ဘက်အဖွဲ့အစည်းအချို့က ပြော သည်။

Thursday 25 June 2015

အမေရိကန်က အရှေ့ ဥရောပတွင် လက်နက်များချထားတော့မည်

တင့်ကားများ ခြေလျင်တိုက်ခိုက် ရေးယာဉ်များနှင့်အမြောက်များ အ ပါအဝင် လက်နက်ကြီးများကို အမေ ရိကန်က ပထမဆုံး အကြိမ် အလယ် နှင့် အရှေ့ဥရောပနိုင်ငံများတွင်ကြို တင်ချထားတော့မည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီးက အက်စ်တိုး နီးယားမြို့တော်တွင် ပြောခဲ့သည် ကို The Global Times သတင်း တွင်ဖော်ပြသည်။

သယံဇာတမှ ရရှိသည့် ၀င်ငွေအား စစ်ဆေးနိုင်ရန် အစိုးရ၀န်ကြီးဌာနများမှ ရရှိသည့် အခွန်ငွေကို လန်ဒန်အခြေစိုက် Moore Stephan စာရင်းစစ်အဖွဲ့က စတင်ကောက်ယူ

သဘာဝသယံဇာတမှ ရရှိသည့် ၀င်ငွေအား တိုက်ဆိုင်စစ်ဆေးနိုင်ရန် လန်ဒန်အခြေစိုက် Moore Stephan အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိပြီဖြစ်ကြောင်း မြန်မာ EITI ညှိနှိုင်းဖော်ဆောင်ရေးရုံးမှ သိရသည်။

ဘာသာရေးကျမ်းစာ အာဂုံဆောင်ပြိုင်ပွဲ ကျင်းပကာ အမျိုးသမီးလိင်ကျွန်များ ISIS ချီးမြှင့်

ယာဇီဒီလူနည်းစု ဘာသာဝင်များနှင့် ခရစ်ယာန် ဘာသာဝင် အမျိုးသမီးများကို စစ်သုံ့ပန်းများအဖြစ် ပြန်ပေးဆွဲထားသော ISIS များသည် ၎င်းတို့ထိန်းချုပ်ရာ ဒေသအတွင်း တိုက်ခိုက်ရေးသမားများ အတွက် ဘာသာရေးကျမ်းစာ အာဂုံဆောင်ပြိုင်ပွဲများ ပြုလုပ်ပေးကာ ဆုရရှိသူကို အမျိုးသမီး လိင်ကျွန် ချီးမြှင့် သည်ဟု Fox News သတင်းတစ်ရပ်က ISIS ၏ လူမှုကွန်ရက်အပေါ် လှုပ်ရှားမှုများအား စောင့်ကြည့်သည့် အဖွဲ့များကို ကိုးကားလျက် ဖော်ပြထားသည်။

သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ၄၀ ခန့်ရှိလာ

ဓာတ်ပုံ − ရိုက်တာ 
သွေးလွန်တုပ်ကွေးရောဂါသည် တစ်နိုင်ငံလုံးအတိုင်းအတာအရ လက်ရှိအချိန်ထိ ဖြစ်ပွားသူ ကိုးထောင် ကျော် နှင့် သေဆုံး သူ လေးဆယ်ဦးခန့် ရှိလာ ကြောင်း သတင်းရရှိသည်။

အခြေခံဥပဒေကို ပြည်သူ့ဆန္ဒနှင့်အညီ မပြင်နိုင်လျှင် ငြိမ်းချမ်းရေးရရန် ခက်ခဲမည်ဟု သူရဦးအောင်ကိုပြော

ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြည်သူ့ဆန္ဒနှင့်အညီ မပြင်ဆင်နိုင်ပါက အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ထာဝရငြိမ်းချမ်းရေးရရှိရန် အခက်အခဲ များရှိမည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ပြည်သူ့ လွှတ်တော်ကိုယ် စားလှယ် သူရဦးအောင်ကိုက ဇွန်လ ၂၄ ရက်၌ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြသည်။

လူရိုင်းများ နေထိုင်တဲ့ကျွန်း

Indigenous လူမျိုးများဟာ ကမ္ဘာအနှံ့မှာ ရှိပြီး နေထိုင်အသက်ရှင်မှု ကွဲပြားပါတယ်။ အမေရိကန် ပြည်ထောင်စုမှာဆိုရင် အရီဇိုးနား ပြည်နယ်မှာ နေထိုင်မှုများပြီး အင်ဒီယန်း လူမျိုးလို့လည်း သိထားပါ တယ်။ သူတို့ရဲ့ ရုပ်ရည်ဟာ အနောက်တိုင်းနဲ့ မတူပဲ အာရှနဲ့ ပိုလို့ နီးစပ်ပါတယ်။ 

တအာင်းပလောင်အမျိုးသား ပါတီခေါင်းဆောင်နှစ်ဦးကို RCSS/SSA တပ်က ဖမ်းဆီး

ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ် တအာင်းပလောင်အမျိုးသားပါတီဥက္ကဌ မိုင်အောင်ခမ်းနဲ့ အတွင်းရေးမှူး တို့ကို ရှမ်းပြည်တောင်ပိုင်းတပ်မတော် RCSS/SSA အမှတ် ၁၃၇ တပ်ရင်းက ပြီးခဲ့တဲ့ဇွန်လ ၂၀ရက်နေ့က ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ပါတီတာဝန် ရှိသူတွေက ပြောပါတယ်။

ရှင်ဂျန်းမှာ ရဲဂိတ်ကို တိုက်ခိုက်မှု ၁၈ ဦး သေဆုံး

တရုတ် နိုင်ငံ၊ ရှင်ဂျန်း ပြည်နယ်က ရဲတပ်ဖွဲ့ စစ်ဆေးရေး ဂိတ်တစ်ခုမှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှု အတွင်း အနည်းဆုံး လူ ၁၈ ဦး သေဆုံးခဲ့တယ်လို့ အမေရိကန် သတင်းမီဒီယာ တစ်ခုက ဆိုပါတယ်။

ပုဒ်မ ၄၃၆ (က) ပါ ပြင်ဆင်ချက်များ ပါရှိသည့် ဥပဒေမူကြမ်းနှင့် ပတ်သက်၍ တစ်ပိုဒ်ချင်းစီအလိုက် ယနေ့ မဲခွဲဆုံးဖြတ် အတည်ပြုမည်

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ (က) ပါ ပြင်ဆင်ချက်များပါရှိသည့် ဥပဒေမူကြမ်းကို ယနေ့ (ဇွန် ၂၅ ရက်) တွင် ပြုလုပ်မည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး တွင် တစ်ပုဒ်ချင်းစီအလိုက် မဲခွဲဆုံးဖြတ် အတည်ပြုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အမေရိကန် အခြေခံဥပဒေ ဘယ်နှစ်ရာခိုင်နှုန်းနဲ့ ပြင်ဆင်နိုင်သလဲ (အခြေခံဥပဒေ ပြင်ဆင်ရေး “ကကြီး” “ခခွေး”)

●ပြင်ဆင်ရေး ဒီဘိတ်●
လက်ရှိကာလမှာ ပြည်တွင်းက နိုင်ငံရေးစိတ်ဝင်စားသူတွေ၊ နိုင်ငံတကာက လေ့လာသူတွေ အထူး အာရုံစိုက် စိတ်ဝင်စားနေတာကတော့ လွှတ်တော်ထဲက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဒီဘိတ်ပဲ ဖြစ်ပါတယ်။ ကိုယ်စားလှယ်အသီးသီးရဲ့ လွှတ်တော်တွင်း ဆွေးနွေးချက်တွေကလည်း စိတ်ဝင် တစား စောင့်ကြည့်ရတဲ့အနေအထား ဆိုရင်လည်း မမှားပါဘူး။ ကိုယ်စားလှယ်အချို့ရဲ့ ဆွေးနွေးချက် တွေမှာ အမေရိကန်ပြည်ထောင်စုရဲ့ အခြေခံဥပဒေကို ရည်ညွှန်း ဆွေးနွေးသွားကြတာတွေလည်း တွေ့ရှိ ရပါတယ်။ ပြောရရင် သမ္မတအုပ်ချုပ်ရေးစနစ်နဲ့ ပတ်သက်လာရင်ပဲ ဖြစ်ဖြစ်၊ အာဏာသုံးရပ် အညီအမျှ (အညီအမျှ) ခွဲခြားပြီး အပြန်အလှန်ထိန်းကျောင်းရေးစနစ်နဲ့ ပတ်သက်လာရင်ပဲ ဖြစ်ဖြစ် အမေရိကန် အခြေခံဥပဒေကို အတော်များများက ကိုးကားကြတာလည်း တွေ့ရှိရပါတယ်။

ဘော်စတွန်မာရသွန် ဗုံးဖောက်ခွဲသူအပေါ် သေဒဏ်စီရင်

ဘော်စတွန်မာရသွန်အပြေးပြိုင်ပွဲ ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့သူ Dzhokhar Tsarnaev ကို ၂၀၁၃ ခုနှစ်က လူ ၃ ဦးသေဆုံးပြီး၊ ၂၆၄ ဦး ဒဏ်ရာရခဲ့တဲ့ သွေးထွက်သံယို တိုက်ခိုက်မှုအတွက် တရားဝင် သေဒဏ်စီရင်ချက် ချလိုက်ပါတယ်။

ဓားစာခံတွေ ပြန်ရွေးနိုင်ခွင့် အမေရိကန်ပေါ်လစီ အိုဘားမားပြောင်းလဲ

အမေရိကန်ဓားစာခံတွေ လွတ်မြောက်ရေးအတွက် ပြန်ပေးသမားတွေနဲ့ စေ့စပ်ဖို့ ဒါမှမဟုတ် ပြန်ပေးငွေ ပေးပြီး ဓားစာခံတွေကို ပြန်ရွေးယူဖို့ ကြိုးစားတဲ့ မိသားစုတွေကို ရာဇ၀တ်မှုနဲ့ စွဲဆိုဖို့ ခြိမ်းခြောက်တော့မှာ မဟုတ်ဘူးလို့ သမ္မတ အိုဘားမား က ပြောကြားလိုက်ပါတယ်။

နယ်ခြားစောင့်တပ်သား လွှဲပြောင်းပေးရေး ဘင်္ဂလားဒေ့ရှ်-မြန်မာ မကြာမီ ဆွေးနွေးမည်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြန်မာရေပိုင်နက်အတွင်း တစ်ဖက်နိုင်ငံမှ လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးအား လက်နက်နှင့်အတူ ဖမ်းဆီးရမိ ( ဓာတ်ပုံ- MOI) 
မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်သားကို ပြန်လည်လွှဲပြောင်းရေးနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်ဟာ မြန်မာနိုင်ငံနဲ့ ဒီတစ်ရက်၊ နှစ်ရက်အတွင်း ဆွေးနွေးမယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြား စောင့်တပ် (BGB) အကြီးအကဲက ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

Wednesday 24 June 2015

ကယားပြည်နယ်တွင်းရှိ သောက်သုံးရေ လုံလောက်မှုမရှိသည့် ကျေးရွာပေါင်း ၅ဝ ကျော်ကို သောက်သုံးရေရရှိရေး ဆောင်ရွက်သွားမည်

ကယားပြည်နယ် တွင်းရှိ သောက်သုံးရေလုံလောက် မှုမရှိသည့်ကျေးရွာပေါင်း ၅ဝ ကျော် ကို သောက်သုံး ရေ ရရှိရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ကယားပြည်နယ်ကျေး လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနညွှန်ကြားရေးမှူးရုံးမှ သိရသည်။

အမေရိကန် စစ်ပွဲသုံးလက်စွဲစာအုပ်က ဂျာနယ်လစ်များကိုလည်း တိုက်ခိုက်နိုင်ဟု လမ်းညွှန်ထား

အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက စစ်ပွဲစည်းမျဉ်းများနှင့် ပတ်သက်သည့် လမ်းညွှန်စာအုပ်တစ် အုပ်ကို ထုတ်ပြန်ခဲ့ရာမှာ ရန်သူကို သတ်ဖြတ်သည့် လက်ခံနိုင်ဖွယ် နည်းလမ်းအသေးစိတ်ကို ဖော်ပြ ထားသည့်အပြင် ထိုစာအုပ် ထဲတွင် ဂျာနယ်လစ်များသည်လည်း အကြမ်းဖက်သမားများဖြစ်နိုင်ကြောင်း ပြောကြားထားသည်ဟု ဆိုသည်။

RCSS/SSA အဖွဲ့မှ အတင်းအကြပ် လူသစ်စုဆောင်းမှုကြောင့် ဒေသခံ ရွာသားများတိမ်းရှောင်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့နယ်ခွဲ၊ ဆနင်းကျေးရွာအုပ်စု၊ ပန်ပိန်းကျေးရွာမှ ဒေသခံရွာသားများအား မေလ ၂၀ ရက်နေ့တွင် RCSS/SSA အဖွဲ့မှ လူသစ်အဖြစ် အတင်းအကြပ် စုဆောင်းနေကြောင်း ယင်းဒေသခံ ရွာသားများထံမှ သိရသည်။
အဆိုပါ ကျေးရွာအတွင်း နေထိုင်သော အသက် ၁၆ နှစ်အထက် အမျိုးသားများအား RCSS/SSA အဖွဲ့မှ လူသစ်အဖြစ် စုဆောင်းခိုင်းထားကြောင်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
“ သူတို့အဖွဲ့က အယောက် ၂၀ လောက်ရှိတယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးကိုခေါ်ပြီး လူသစ်စုခိုင်းထားတယ်၊ အားလုံး ပေါင်းအယောက် ၅၀ စုခိုင်းထားတာ၊ ကျွန်တော်တို့ ဆက်ကြေးဆိုလည်း ပေးရတယ်၊ ကျွဲနွားတွေဆိုလည်း ဖမ်းသွား တယ်၊ ရွာပြင်မှာတွေ့တဲ့သူဆိုရင်လည်း အတင်းဖမ်းခေါ်သွားတာ၊ ခုလည်း လူသစ်စုခိုင်းပြန်ပြီ၊ ကျွန်တော်တို့ကို အမျိုးမျိုးနှိပ်စက်နေတယ်၊ သည်းမခံနိုင်တော့ဘူး၊ မိသားစုကိုခေါ်ပြီး တောင်ကြီးက အမျိုးတွေဆီသွားနေတော့မယ် ” ဟု ရွာခံတစ်ဦးက ပြောသည်။

မြန်မာ အမျိုးသမီး U -14 ကမ္ဘောဒီးယားကို ဂိုးပြတ် အနိုင်ယူ

ယနေ့ ဗီယက်နမ်နိုငငံ ဟနွိုင်းမြို့တွင် ကျင်းပသည့် AFC U-14 အမျိုးသမီးချန်ပီယံရှစ် အုပ်စုအဖွင့်ပွဲ တွင် မြန်မာ အမျိုးသမီး U - 14က ကမ္ဘောဒီးယား အမျိုးသမီး U 14 အသင်းကို ၃ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
မြန်မာ အမျိုးသမီး U -14 အသင်းသည် မနက်ဖြန် ဇွန်လ (၂၄) ရက်နေ့တွင် လာအို အမျိုးသမီး U -14 အသင်းနှင့် အုပ်စု ဒုတိယပွဲစဉ် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

မားစ်ရောဂါကာကွယ်ရေး အာဆီယံနိုင်ငံများနှင့် ထိုင်း ပူးပေါင်းလုပ်ဆောင်မည်

အသက်ရှုလမ်းကြောင်းဆိုင်ရာ MERS ကူးစက်မြန်ရောဂါ ကာကွယ်တာ ဆီးရေးနှင့် ပတ်သက်ပြီး အရှေ့တောင် အာရှ နိုင်ငံများနှင့် အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မည်ဟု ထိုင်းဝန်ကြီးချုပ် ပရာယုဒ် ချန်အိုချာက မနေ့က နေပြည်တော်တွင် ကျင်းပသည့် ၆ကြိမ်မြောက် ဧရာဝတီ - ကျောက်ဖယား- မဲခေါင် စီးပွားရေးပူးပေါင်းဆောင် ရွက်မှု မဟာဗျူဟာ (အက်စ်မက်) ထိပ်သီးအစည်းအဝေးတွင်

ဘန်ကောက်ရဲအဖွဲ့အကြီးအကဲဟောင်း ဂျပန်လေဆိပ်တွင် ထိန်းသိမ်းခံရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ရဲတပ်ဖွဲ့ အကြီးအကဲဟောင်း ဒုဗိုလ်ချုပ်ကြီး Kamronwit အား ဂျပန်နိုင်ငံ တိုကျိုမြို့ နာရီတာ နိုင်ငံတကာလေဆိပ်တွင် လက်နက်တွေ့ရှိသည့် အတွက် ဂျပန်အာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း ယနေ့ထုတ် ဘန်ကောက်ပိုစ် သတင်းတွင် ဖော်ပြထားသည်။ အဆိုပါ ဘန်ကောက်

သတ္တုတူးမှုရပ်ဆိုင်းရေး ကျောက်ကြီး မှာ ထောင်နဲ့ချီ တောင်းဆိုဆန္ဒပြ

သတ္တုတူးမှုရပ်ဆိုင်းရေး ကျောက်ကြီး မှာ ထောင်နဲ့ချီ တောင်းဆိုဆန္ဒပြ
2015-06-23 အီးမေးလ် မှတ်ချက်ပေးပါ ရှယ်ပါ ပုံနှိပ်ပါ
ပုံနှိပ်ပါ ရှယ်ပါ မှတ်ချက်ပေးပါ အီးမေးလ် kyaukgyi-mining-620.jpg
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် စက်လှဲကျေးရွာအနီးမှာ ရတနာစိုင်းကောင်းမြတ်ကျော် ကုမ္ပဏီက သတ္တုတူးဖော်နေစဉ်
Photo: ဒေသခံတစ်ဦး
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် စက်လှဲကျေးရွာအနီးက မြေဧက ၇သောင်းနီးပါးမှာ ရတနာစိုင်းကောင်းမြတ်ကျော် ကုမ္ပဏီက သတ္တုတူးဖော်နေတာကို ရပ်ဆိုင်းပေးဖို့ ဒေသခံ ၄၀၀၀ နီးပါးက လက်မှတ်ရေးထိုး တောင်းဆိုလိုက်ပါတယ်။

ကုမ္ပဏီကို သတ္တုတူးဖော်ခွင့် ပေးလိုက်တဲ့မြေနေရာတွေမှာ တောင်တွေပါဝင်ပြီး ဒေသခံတွေဟာ အဲဒီတောင်တွေကို မှီခိုနေကြတဲ့လူတွေဖြစ်တဲ့အတွက် ကန့်ကွက်တာလို့ ဒေသခံတစ်ဦးဖြစ်သူ မခင်စန်းဝေက ပြောပါတယ်။

မန္တလေးရတနာပုံတက္ကသိုလ်တွင် စာစဉ်အဖြေလွှာစာအုပ်များ ပြတ်လပ်

မန္တလေးရတနာပုံ တက္ကသိုလ် အဝေးသင်ဌာနတွင် စာစဉ်အဖြေလွှာ (Assignment)စာအုပ်များ အဖြေလွှာ တင်သွင်းရက် နောက်ဆုံးနေ့ မတိုင်မီအထိ အချိန်မီထုတ်ယူ၍ မရသဖြင့် အဝေးသင် ကျောင်း သား၊ ကျောင်းသူများ စာစဉ်ဖြေဆိုရာ၌ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။

ပြည်တွင်းဈေးကွက်နှင့် ကိုက်ညီသော ရော်ဘာစိုက်ပျိုးနည်းစနစ်များ ရေးဆွဲ

ရော်ဘာစေး ထုတ်ယူနေသော လုပ်သားတစ်ဦး (ဓာတ်ပုံ − အောင်သစ်လွင်) 
ရော်ဘာစိုက်ပျိုးမှုအများ ဆုံး မွန်ပြည်နယ် မြို့နယ်လေးခုရှိ ရော်ဘာခြံငယ်များ၏ စိုက်ပျိုးထုတ်လုပ်မှုများမှ ကောက်ယူထားသည့် အချက်အလက်များကို အခြေခံကာ မြန်မာ့ဈေးကွက်နှင့်ကိုက်ညီမည့် ထုတ်လုပ် စိုက်ပျိုးရေး နည်းစနစ်များကို ဇွန်လအတွင်း အပြီးရေးဆွဲမည်ဖြစ်ကြောင်း သတင်းရရှိသည်။

နေ့ခင်းကြောင်တောင် ဓားထိုးမှု ဒလမြို့တွင်ဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် တပင်ရွှေထီးရပ် ကွက်၊ ဌေးအောင်ဖုန်းအရောင်း ဆိုင်ရှေ့တွင် ဇွန်လ ၂၂ ရက်  နေ့လယ်က လူသတ်မှုဖြစ်ပွားခဲ့ ကြောင်း သတင်းရရှိသည်။

တပ်မတော်သား ကိုယ်စားလှယ်များ၏ ထောက်ခံမှုမရှိဘဲ ပုဒ်မ ၄၃၆ (က)၊ (ခ) များကို မည်သည့်အခါမျှ ပြင်ဆင်နိုင်မည်မဟုတ်ကြောင်းနှင့် မဖြစ်မနေပြင်ဆင်ရန်အတွက် ထည့်သွင်းစဉ်းစားရမည့် အခြေအနေ ရောက်ရှိနေပြီဖြစ်ကြောင်း ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဆွေးနွေး

တပ်မတော်သား ကိုယ်စားလှယ်များ၏ ထောက်ခံမှုမရှိဘဲ ပုဒ်မ ၄၃၆ (က)၊ (ခ) များကို မည်သည့်အခါမျှ ပြင်ဆင်နိုင်မည် မဟုတ်ကြောင်းနှင့် မဖြစ်မနေ ပြင်ဆင်ရန်အတွက် ထည့်သွင်းစဉ်းစားရမည့်အခြေအနေ ရောက်ရှိနေပြီဖြစ်ကြောင်း ပြည်ခိုင်ဖြိုးလွှတ်တော် ကိုယ်စားလှယ်က ဇွန် ၂၃ ရက် ပြည်ထောင်စု လွှတ်တော်အစည်းအဝေး၌ ဆွေးနွေးသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ရာခိုင်နှုန်းများကို မူလအတိုင်းထားရှိရန် တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ် အဓိက ကန့်ကွက်ဆွေးနွေး

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ (က) နှင့် ပုဒ်မ ၄၃၆ (ခ)ပါ ဖွဲ့စည်းပုံပြင်ဆင်ရေး လွှတ်တော်ကိုယ်စား လှယ် ရာခိုင်နှုန်းများကို ပြင်ဆင်ခြင်းမပြုသင့်ဘဲ မူလအတိုင်းထားရှိရန် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ်တင်စန်းနိုင်က အဓိက ကန့်ကွက်ဆွေးနွေးပြောကြားသည်။

လိပ်ကျွန်းလူသတ်မှုတွင် အဓိကသက်သေနှစ်ဦးကို ဆင့်ခေါ်ပေးရန် မြန်မာသံရုံး အထူးအဖွဲ့တောင်းဆို

သေဆုံးသူ ဟန်နာဝစ်သာရစ်ခ်ျ၏သူငယ်ချင်း ရှောင်မက် နာဟေးစ်နှင့် ထိုင်းအစိုးရတာဝန်ရှိသူတစ်ဦး တွေ့ဆုံပြော ကြားနေစဉ် (ဓာတ်ပုံ − mirror.co.uk) 
ထိုင်းနိုင်ငံ၊ လိပ်ကျွန်းလူသတ်မှုဖြစ်စဉ် တွင် အခင်းဖြစ်ပွားစဉ်က အဓိကသက်သေဖြစ် သည့် သေဆုံးသူ ဟန်နာဝစ်သာရစ်ခ်ျနှင့် ဒေးဗစ်မီလာတို့၏ သူငယ်ချင်းများကို သက်သေအဖြစ်ထွက်ဆိုပေးရေး နိုင်ငံချင်း ချိတ်ဆက်၍ ဆင့်ခေါ်ပေးရန် မြန်မာသံရုံးအထူးအဖွဲ့က တရား ရုံးသို့ တောင်းဆိုလိုက်ကြောင်း သတင်း ရရှိသည်။

ဆီးဂိမ်းထူးချွန်ဆုံး အားကစားမောင်မယ် ၁၀ ဦးတွင် မြန်မာယူ-၂၃ အသင်းခေါင်းဆောင် နေလင်းထွန်းပါဝင်

မြန်မာယူ−၂၃အသင်းခေါင်းဆောင်နေလင်းထွန်း(ကျောနံပါတ်−၈)-ဓာတ်ပုံ−Seagames2015.com
ကျင်းပပြီးစီးခဲ့သည့် စင်ကာပူဆီးဂိမ်းအားကစားပြိုင်ပွဲမှ အထူးချွန်ဆုံးအားကစားမောင် မယ် ၁၀ ဦးအား ရွေးထုတ်ခဲ့ရာ မြန်မာယူ-၂၃ ဘောလုံးအသင်းမှ အ သင်းခေါင်းဆောင် နေလင်းထွန်း ပါဝင်လာကြောင်း  သတင်းရရှိ သည်။

ခေါင်းအုံးအတွင်း ဘိန်းဖြူထည့် သယ်ဆောင်လာသည့်ယာဉ် ကွတ်ခိုင်မြို့နယ်၌ ဖမ်းမိ

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်-လားရှိုးသွား လမ်းမပေါ်တွင် ရွှေလီ(၂) စစ်ဆင်ရေးအရ စစ်ဆေးနေစဉ် ဘိန်းဖြူများကို ခေါင်းအုံးအတွင်းသို့ ထည့်၍သယ်ဆောင်လာသည့် ယာဉ်တစ်စီးကို ဖမ်းမိခဲ့ကြောင်း သတင်း ရရှိသည်။

ဥရောပ ၆ နိုင်ငံကို အမေရိကန် စစ်လက်နက်အကူ ကြိုတင်ပေး

နေတိုးမဟာမိတ်နိုင်ငံတွေအပေါ် ရုရှားနိုင်ငံနဲ့ တခြားအကြမ်းဖက် အဖွဲ့တွေရဲ့ ခြိမ်းချောက်မှုတွေကနေ ကာကွယ်နိုင်ဖို့အတွက် ဘော်လတစ်နိုင်ငံတွေ အပါအ၀င် ဥရောပတိုက်အတွင်းက နိုင်ငံပေါင်း ၆ နိုင်ငံမှာ တင့်ကား အစီး ၂၅၀ နဲ့ တခြား လက်နက်ကြီးတွေကို အမေရိကန် ပြည်ထောင်စုက ကြိုတင် ချထားမှာ ဖြစ်ပါတယ်။