Friday 24 February 2012

မိုဘိုင်းလ်ဖုန်းပြဿနာ

ရွှေပြည်တံခွန်က စလိုက်တဲ့ ငါးထောင်တန် Sim Card ပြဿနာနဲ့ ပတ်သက်ပြီး အယူအဆ အမျိုးမျိုး ရေးသား နေကြပါတယ်။ အဲဒီအထဲက ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ (၈) ရက်နေ့ထုတ် Mobile Guide ဂျာနယ်မှာ မိုဘိုင်းဖုန်း နည်းပညာ၊ ဈေးကွက် ကျွမ်းကျင်သူ တစ်ဦးလည်းဖြစ်၊ England နိုင်ငံကနေ MBA (Telecom) ဘာသာရပ်ကို အထူးပြု သင်ကြားခဲ့သူ တစ်ဦးလည်း ဖြစ်တဲ့ ဦးပြည်စိုးထွန်းနဲ့ အင်တာဗျူးက စီးပွားရေး ရှုထောင့်၊ နည်းပညာ ရှုထောင့် နှစ်ခုလုံးကနေ သုံးသပ်ထားပြီး ဖတ်ရသမျှထဲမှာ အကောင်းဆုံး ဖြစ်လို့ တင်ပေးလိုက်ပါတယ်။
တင်ဇာအောင် မေးမြန်းသည်။
အခု လက်ရှိ ဖြစ်ပေါ်နေတဲ့ ငါးထောင်တန်ဖုန်း ဖြစ်နိုင်၊ မဖြစ်နိုင် ဆိုတဲ့ နေရာမှာ အစ်ကို့ရဲ့ အမြင်ကို သုံးသပ်ပေးပါဦး
နှစ်ဖက်စလုံးက ပြောနေတာတွေတော့  ရှိပါတယ်။ ဒီအခြေအနေကို ပြောရမယ် ဆိုရင်တော့ နိုင်ငံ တစ်ခုလုံး ခြုံကြည့်ဖို့ လိုတယ်။ Improve ဖြစ်ဖို့က အဓိက ဖြစ်ဖို့ လိုတယ်။ ခြုံကြည့်တဲ့ အချိန်မှာလည်း Business Area ဖြစ်တဲ့ ရန်ကုန်လိုမျိုး၊ ဧရာဝတီလိုမျိုးကို ကွက်ြပီး ကြည့်လို့ မရဘူး။ နိုင်ငံ တစ်ခုလုံး ခြုံကြည့်ရမယ်။ ကိုယ့်ရဲ့ တိုင်းရင်းသားတွေ ရှိတဲ့ ချင်းတောင် လိုဟာမျိုး၊ ကချင်ပြည်နယ်လို နေရာမျိုးတွေကိုလည်း ကြည့်ရမယ်။ အဲဒီနေရာ မျိုးတွေမှာ Tele density မြင့်ဖို့ ဆိုတာလည်း အစိုးရမှာ တာဝန် ရှိတယ်။ ဒါတွေကို ချန်ထား ပြီးတော့ ရန်ကုန်လို နေရာမျိုးကိုပဲ develop ဖြစ်အောင် လုပ်မယ် ဆိုရင် အခုလို အချိန်မျိုးမှာ ပိုပြီးတောင် အပြောခံရနိုင်တယ်။ ဒီနေရာက develop ဖြစ်တယ်။ ဒီနေရာက မဖြစ်ဘူး ဆိုပြီး ပိုပြီးတောင် အပြောခံရဦးမယ်။ အစိုးရ အနေနဲ့ ဒါတွေကို Setup လုပ်ဖို့ ဆိုတာ နယ်စွန်နယ်ဖျားမှာလည်း setup လုပ်ဖို့ လိုတယ်။ အဲဒီလို လိုတဲ့နေရာမှာလည်း ဖုန်းတစ်လုံးနဲ့ တစ်လုံး ပြောဖို့ဆိုတာ Transmittion Link မရှိဘဲနဲ့ ပြောလို့မရဘူး။ Transmittion Link ရှိဖို့ဆိုတာက backbone တွေ ဘာတွေချဖို့ အများကြီး လိုအပ်တယ်။ အဲဒီ အပေါ် မှာလည်း Cost တွေ အကုန်လုံးက စီးပွားရေးအရ တွက်ချေ ကိုက်တာ မကိုက်တာက နောက်မှထား။ အရေးကြီးတာက Tele density အရ နယ်စွန် နယ်ဖျားတွေမှာ ရှိရမယ်။ ပြီးတော့လည်း improve ဖြစ်ဖို့ဆိုတာက ဒီ cost တွေကို ထည့်တွက် ထားဖို့ မေ့ထား ရမယ်။ နိုင်ငံတော် အနေနဲ့ဆိုရင် ဒါတွေ အရေး မကြီးသေးဘူး။ အဲဒီလိုမျိုး စဉ်းစားပြီးမှ လုပ်တဲ့ အတွက်ကြောင့်လည်း သူ့အနေနဲ့ အခုအချိန်မှာ Cost တွေ ဘာတွေ ကြီးတာ ဖြစ်နိုင်တယ်။