Tuesday 3 September 2013

ကုသိုလ်တော်ဘုရားအနီး တောင်းရမ်းနေသူ တရုတ်နိုင်ငံသား နေရပ်ပြန်ပို့

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် ဥပုသ်တော်ရပ်ကွက်၊ ကုသိုလ်တော်ဘုရား တောင်ဘက်မုခ် ရေလယ်ဓမ္မာရုံတွင် တစ်နှစ်ကျော်ကြာမျှ တောင်းရမ်း စားသောက်နေသော အသက် ၆၂ နှစ်အရွယ် တရုတ်နိုင်ငံသားကို လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက တရားစွဲဆိုခြင်းမပြုဘဲ စက်တင်ဘာလ ၃၁ ရက်နေ့တွင် ၎င်း၏နေရပ် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပြန်လည် ပို့ဆောင်ပေး ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

မိခင်ကိုလည်ပင်းညှစ်သည့်သား ဓားဖြင့်ပေါက်ခံရ၍သေဆုံး

ခင်ဦးမြို့နယ်တွင် ဩဂုတ် ၃၀ ရက် ည ၇ နာရီခွဲက မိခင်ဖြစ်သူကို သား အကြီး ဖြစ်သူ က သောက်စား မူးယစ်ပြီး လည်ပင်းညှစ်သဖြင့် သားငယ်ဖြစ်သူက ဓားဖြင့်ပေါက်သဖြင့် သေဆုံးခဲ့ ကြောင်း ခရိုင်ရဲ တပ်ဖွဲ့မှူးရုံးမှတ်တမ်း များအရ သိရသည်။

ဘင်္ဂါလီလူမျိုး (၃)ဦး AK-47 မောင်းပြန်ရိုင်ဖယ် တစ်လက်၊ ကျည်အတောင့် (၂၀)ပါ ကျည်ကပ် (၁)ခုနှင့်အတူ ဖမ်းဆီးရမိ


မြိတ်ဆိပ်ကမ်းမှ ရေကြောင်းပြမီးများ ထွန်းထားခြင်းမရှိဘဲ ပင်လယ်ပြင်ဘက်သို့ စက်တင်ဘာလ (၁) ရက် ည (၁၁း၅၀)နာရီအချိန်ခန့်တွင် မောင်းနှင်လျက်ရှိသော မသင်္ကာဖွယ်လှေတစ်စီးကို တနင်္သာရီ ရေတပ်စခန်း ဌာနချုပ်မှ မြိတ်ရေပြင်တွင် လုံခြုံရေးနှင့် ပိတ်ဆို့ရေးတာဝန်ထမ်းဆောင်လျက်ရှိသော ကမ်းခြေစောင့် တိုက်ရေယာဉ် (၄၀၃)မှ မီးအချက်ပြခေါ်ယူ၍ စစ်ဆေးခဲ့ရာ "ကောင်းမြတ်ဟင်္သာ" အမည်ရှိ တရားမ၀င် ကုန်လှေဖြစ်၍ ရေယာဉ်လိုင် စင်မှာ ၂၀၁၃ခုနှစ် ဧပြီလတွင် သက်တမ်းကုန်ဆုံးလျက်ရှိပြီး ရေယာဉ် စက်မကြီးနှင့် စက်လိုင်စင်ပါအချက်များမှာ ကွဲလွဲလျက်ရှိကြောင်း သိရှိရသည်။

ဧရာဝတီတိုင်း ဒေသကြီးအတွင်း လူတစ်ဦး၏ နေ့စဉ်ပျမ်းမျှ ၀င်ငွေမှာ ကျပ် ၂၀၀၀ သာရှိပြီး ဟင်္သာတခရိုင်မှာ အနည်းဆုံးဖြစ်

 ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ လူတစ်ဦးလျှင် နေ့စဉ်ပျမ်းမျှ ၀င်ငွေမှာ ကျပ် ၂၀၀၀ သာရှိပြီး ဟင်္သာတခရိုင်မှာ လူတစ်ဦး ပျမ်းမျှနေ့စဉ်ဝင်ငွေ အနည်းဆုံး ဖြစ်နေကြောင်း ထုတ်ပြန်ချက်များအရ သိရ သည်။

မလေးရှား လူဝင်မှု စိစစ်ရေးကြောင့် မြန်မာလုပ်သားတွေ ဒုက္ခရောက်

မလေးရှားနိုင်ငံတွင်းမှာ တရားမ၀င်နေထိုင်မှု စိစစ်ဖို့နဲ့ မှုခင်းတွေ လျှော့ချဖို့ စီမံချက်နဲ့ မလေးရှားအစိုးရကနေ နိုင်ငံတွင်းမှာရှိတဲ့ တရားမ၀င် အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြား အလုပ်သမားတွေကို တပြည်လုံး အတိုင်းအတာနဲ့ ဖမ်းဆီးနေတယ်လို့ မလေးရှားရောက် အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေ သူတွေက ပြောပါတယ်။ အခု ဖမ်းဆီးမှုမှာတော့ တရားဝင် ၀င်ရောက် နေထိုင်သူတွေကိုလည်း သိမ်းကျုံး ဖမ်းဆီးနေသလို ဒီဖမ်းဆီးမှု စီမံချက်ကြောင့် တရားမ၀င် မြန်မာအလုပ်သမားတွေ အတွက်ကတော့ စိုးရိမ်နေရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ပြောဆိုမှုတွေ ရှိနေပါတယ်။

မြန်မာနိုင်ငံအတွင်း နိုင်ငံခြားသား ခရီးသွားများ ကြိုတင်ခွင့်ပြုချက် မတင်ဘဲ သွားလာခွင့် ပြုရမည့်ဒေသ နိုင်ငံဧရိယာ၏ ရာခိုင်နှုန်း ၂၀ ခန့် ကျန်ရှိနေ



မြန်မာနိုင်ငံအတွင်း နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ ကြိုတင်ခွင့်ပြုချက် မတင်ဘဲ သွားရောက် လေ့ လာ ခွင့်ရှိသည့် ဒေသများသည် နိုင်ငံဧရိယာ၏ ရာခိုင်နှုန်း ၈၀ ကျော်အထိ ရှိလာပြီး ကြိုတင်ခွင့်ပြုချက် မတင် ဘဲ သွားလာခွင့်ပြုရမည့် ဒေသသည် နိုင်ငံဧရိယာ၏ ရာခိုင်နှုန်း ၂၀ ခန့် ကျန်ရှိနေကြောင်း သိရ သည်။

မလေးရှားမှာ ဒုတိယနေ့အတွင်း အလုပ်သမား ၂၅၀၀ ကျော် ဖမ်းဆီးခံရ

malaysia, myanmar
ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း မြန်မာမှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခနဲ့ ဆက်နွယ်ပြီး မြန်မာနိုင်ငံသားတွေအကြား ပြဿနာဖြစ်တဲ့အတွက် မလေးရှားမှာ ဖမ်းဆီးမှုတွေရှိခဲ့  

မလေးရှားနိုင်ငံက ​တရားမဝင် ​အလုပ်အကိုင် ​ဝင်ရောက်လုပ်နေတဲ့ ​အလုပ်သမားတွေကို ​ဖမ်းဆီးတဲ့ ​၃လ 

အခြေခံစက်ရုံ လုပ်သားများအား ထမင်းစားချိန်မှလွဲ၍ တစ်နေ့ ၁၂ နာရီခန့် မတ်တတ်ရပ် အနေအထားဖြင့် ခိုင်းစေမှုများ ရှိကြောင်း ပူးပေါင်းကော်မရှင် အစီရင်ခံစာတွင် ဖော်ပြ

Photo: အခြေခံစက်ရုံ လုပ်သားများအား ထမင်းစားချိန်မှလွဲ၍ တစ်နေ့ ၁၂ နာရီခန့် မတ်တတ်ရပ် အနေအထားဖြင့် ခိုင်းစေမှုများ ရှိကြောင်း ပူးပေါင်းကော်မရှင် အစီရင်ခံစာတွင် ဖော်ပြ
Tuesday, September 03, 2013 

အလုပ်သမားနှင့် အလုပ်ရှင် အခွင့်အရေးအတွက် စက်ရုံအလုပ်ရုံများကို ကွင်းဆင်း လေ့လာရာတွင် အခြေခံ လုပ်သားများအား ထမင်းစားချိန်မှလွဲ၍ တစ်နေ့ ၁၂ နာရီခန့် မတ်တတ်ရပ် အနေအထားဖြင့် အလုပ်ခိုင်းစေသည့် စက်ရုံများရှိကြောင်း ပြည်ထောင်စု လွှတ်တော်၊ အလုပ်သမား အလုပ်ရှင် အခွင့်အရေး လေ့လာရေး ပူးပေါင်းကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြထားချက်အရ သိရသည်။

ယင်းအပြင် နိုင်ငံခြားသား လုပ်ငန်းရှင်ပိုင် စက်ရုံအချို့သည် လုပ်သားများအပေါ် မောက်မာရိုင်းစိုင်းစွာ ဆက်ဆံခြင်း၊ အနိုင်အထက်ပြု ခိုင်းစေခြင်းများ ရှိသည်ဟုလည်း အဆိုပါ အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

ပူးပေါင်း ကော်မရှင်သည် အလုပ်သမား အလုပ်ရှင် အခွင့်အရေးများကို လေ့လာခဲ့ပြီး ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းရာတွင် ရန်ကုန်၊ မန္တလေးနှင့် ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ စက်ရုံအလုပ်ရုံပေါင်း ၂၀၀ အား ပဏာမ စစ်ဆေးပြီးနောက် စက်ရုံအလုပ်ရုံ ၇၉ ရုံအား ကွင်းဆင်း လေ့လာကာ တွေ့ရှိချက်များကို အစီရင်ခံစာ ရေးသားတင်သွင်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကော်မရှင် အစီရင်ခံစာ၏ အလုပ်ချိန် သတ်မှတ်ခြင်းနှင့် အချိန်ပို သတ်မှတ်မှုတို့နှင့် စပ်လျဉ်းသည့် တွေ့ရှိချက် အပိုင်းတွင် အလုပ်သမားများအား ''နေ့လယ် ထမင်းစားချိန် ၁ နာရီ သို့မဟုတ် ၄၅ မိနစ်မှလွဲ၍ နံနက် ၈ နာရီမှ ည ၈ နာရီ ၄၅ မိနစ်အထိ ၁၂ နာရီခန့် ရပ်လျက် အနေအထားဖြင့် အလုပ်လုပ် ကြရသည်ကို လေ့လာရှိရသည်'' ဟု ထည့်သွင်း ဖော်ပြထားသည်ကို တွေ့ရသည်။

ယင်းကိစ္စမှာ ILO Convention 1, Article 2 နှင့် ဆန့်ကျင်ပြီး အလုပ်သမားများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း တွေ့ရှိရသည်ဟု လည်းကောင်း၊ ထို့အတွက် အလုပ်သမား အတော်များများမှာ ကျန်းမာရေး ချို့တဲ့ပြီး စိတ်ဓာတ်အင်အား လျော့ကျနေသည်ကို တွေ့မြင်ခဲ့ရသည် ဟုလည်း ဆက်လက်၍ အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

အလုပ်သမားအဖွဲ့ ဖွဲ့စည်းခြင်း၊ အလုပ်သမား အလုပ်ရှင် အငြင်းပွားမှု ဖြေရှင်းခြင်းနှင့် အလုပ်သမား အလုပ်ရှင် ဆက်ဆံရေး အခြေအနေတို့နှင့် စပ်လျဉ်းသည့် တွေ့ရှိချက် အပိုင်းတွင်လည်း နိုင်ငံခြားသား အလုပ်ရှင် အချို့သည် နိုင်ငံခြားသား ပညာရှင်များနှင့် အလုပ်ကြပ်များ ဖြစ်သော Leader, Supervisor များ ခန့်ထားမှုကြောင့် ဆက်ဆံရေး ပြေပြစ်မှုမရှိခြင်း၊ မောက်မာရိုင်းစိုင်းစွာ ဆက်ဆံခြင်း၊ အနိုင်အထက်ပြု ခိုင်းစေခြင်းများကြောင့် ပြဿနာများ အစပြု အခြေတည်လာကြောင်း တွေ့ရှိရသည် ဟုလည်း ထည့်သွင်းထားသည်။

ထို့ထက်ပို၍ လုပ်ခလစာ ပိုင်းတွင်လည်း စက်ရုံအလုပ်ရုံများသည် အခြေခံလုပ်ခ နေ့တွက်ကို အလွန်အမင်း နှိမ့်ထားပြီး နှိမ့်ထားသည့် အခြေခံ လုပ်အားခဖြင့် အချိန်ပိုလုပ်ခကို အခြေခံ တွက်ချက် ပေးချေသည့် အတွက်လည်း အချိန်ပိုမှာ နည်းပါးကြောင်း၊ ထိုသို့ ပြုလုပ်ကာ အချိန်ပိုကြေးကို တမင်နည်းအောင် လုပ်ထားသည်ဟုလည်း ထည့်သွင်း ထားသည်။

လုပ်ခပြဿနာ အတွက် အနည်းဆုံး လုပ်ခလစာကို သတ်မှတ်ရန် လိုအပ်ကြောင်း၊ လက်ရှိတွင် စက်ရုံအလုပ်ရုံများ လုပ်အားခ ပေးရာတွင် လုပ်သားများ၏ အခြေခံလစာမှာ တစ်လလုံး ပျက်ရက်လုံးဝမရှိ၊ အထည်ချုပ် စက်ရုံများဆိုလျှင် သတ်မှတ်ထားသည့် အထည်အရေအတွက် အပြီးချုပ်နိုင်မှု စသည်တို့အတွက် အပါအ၀င်ဆိုမှ တစ်လလျှင် ကျပ် ၄၇၀၀၀ နီးပါးသာ ရကြောင်းလည်း သိရသည်။

Eleven Media Group

သြဂုတ် နောက်ဆုံးပတ်က လှိုင်သာယာ စက်မှုဇုန်ရှိ မင်းဇာနည် အအေးခန်းစက်ရုံမှ အလုပ်သမားများ ဆန္ဒထုတ်ဖော်နေစဉ် (ဓာတ်ပုံ-သက်မျိုးမင်း)

http://www.myanmaronlinenews.net/2013/09/blog-post_3264.html
အလုပ်သမားနှင့် အလုပ်ရှင် အခွင့်အရေးအတွက် စက်ရုံအလုပ်ရုံများကို ကွင်းဆင်း လေ့လာရာတွင် အခြေခံ လုပ်သားများအား ထမင်းစားချိန်မှလွဲ၍ တစ်နေ့ ၁၂ နာရီခန့် မတ်တတ်ရပ် အနေအထားဖြင့် အလုပ်ခိုင်းစေ သည့် စက်ရုံများရှိကြောင်း ပြည်ထောင်စု လွှတ်တော်၊ အလုပ်သမား အလုပ်ရှင် အခွင့်အရေး လေ့လာရေး ပူးပေါင်းကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြထားချက်အရ သိရသည်။

ပြစ်မှုကျူးလွန်သူများက ရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားလာ၍ ရဲအင်အားကို ကျူးလွန်သူများ အင်အားထက် သာလွန်အောင် အသုံးပြု၍ ဖမ်းဆီးမည်

R-1-9
ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် နှစ်ဦးကို ဓားဖြင့်ထိုးခဲ့သည့် အခင်းဖြစ်ပွားရာ လေးထောင့်ကန်လမ်းနှင့် ပင်ရွှေညောင် လမ်းထောင့်နေရာအား တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုနှစ်၌ ရဲတပ်ဖွဲ့မှ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရာတွင် အချို့ကျူး လွန်သူ များက ပြန်လည်တိုက်ခိုက်သဖြင့် ထိရောက်စွာ အရေးယူသွားမည့်အပြင် ကျူးလွန်သူများကို ဖမ်းဆီးပါက ၎င်းတို့ထက် သာလွန်သည့် အင်အားတို့ဖြင့် ဖမ်းဆီးစစ်ဆေးသွားမည်ဖြစ်ကြောင်း သြဂုတ် ၃၁ ရက် မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

ပြစ်မှုကျူးလွန် သူများကို ညှဉ်းပန်းနှိပ်စက်ခြင်း၊ အမှုမဖွင့်ပေးခြင်း တို့နှင့်ပတ်သက်၍ တိုင်ကြားလာမှုကြောင့် ရဲစခန်းများတွင် CCTV ကင်မရာများ တပ်ဆင်

8.1.1
မြို့မရဲစခန်း တစ်ခုအတွင်း CCTV ကင်မရာ မှတ်တမ်းကို စောင့်ကြည့်နေသည့် ရဲတပ်ဖွဲ့ဝင် တစ်ဦးကို မြင်တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ရဲစခန်းများတွင် CCTV ကင်မရာများ တပ်ဆင်နေကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သတင်းရရှိသည်။
ယင်းကဲ့သို့ ရဲစခန်းများတွင် CCTV ကင်မရာ တပ်ဆင်ရာ၌ ရဲစခန်းအတွင်းရှိ ပြည်သူများ အမှုလာရောက် တိုင်တန်းသည့် နေရာနှင့် ကျူးလွန်သူများကို အမှုစစ်ဆေးသည့် နေရာများတွင် အဓိက တပ်ဆင်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီးမြင့်အေးက ပြောကြားခဲ့သည်။

အဲယားကွန်းပါသော ဂျပန် RBE ရထားအား မြို့ပတ်ရထားအဖြစ် ပြေးဆွဲရန် စီစဉ်

8.1.1
ဂျပန်နိုင်ငံမှ ၀ယ်ယူလိုက်သော RBE ရထားတွဲအား ရန်ကုန်ဘူတာကြီးတွင် တွေ့ရစဉ်
အတွဲလိုက် အင်ဂျင်ပါဝင်ပြီး အဲယားကွန်းများ တပ်ဆင်ထားသော RBE ရထားအား မြို့ပတ်ရထားအဖြစ် ပထမ ဆုံး ပြေးဆွဲရန် စီစဉ်နေကြောင်း ရန်ကုန်ဘူတာကြီးမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
ယခုနှစ်အတွင်း ဂျပန်နိုင်ငံမှ ၀ယ်ယူလိုက်သော RBE ရထားတွဲအား စက်တင်ဘာ ၁ ရက်က ရန်ကုန်မြို့ အတွင်း စမ်းသပ်ပြေးဆွဲလျက် ရှိနေကြောင်း သိရသည်။