Tuesday 15 December 2015

ဧရာဝတီတိုင်းမှာ စာသင်ကျောင်းတစ်ကျောင်း ဆောက်လုပ်လှူဒါန်းဖို့ ရှိတယ်လို့ မိုးစက်ဝိုင် ဆို

မြန်မာ့နှလုံးသား ပရဟိတအဖွဲ့ကို ဦးစီးတည်ထောင်ထားတဲ့ အလှမယ် မိုးစက်ဝိုင်က ဧရာဝတီတိုင်းဘက်မှာ စာသင်ကျောင်းတစ်ကျောင်း ဆောက်လုပ်လှူဒါန်းသွားဖို့ ရှိပါတယ်လို့ The Voice ကို ပြောပါတယ်။
“ဧရာဝတီတိုင်းဘက်မှာ လှူဖို့တော့ စီစဉ်ထားတယ်။ ဘယ်မြို့နယ်ထဲမှာ ဖြစ်မလဲတော့ မသိသေးဘူး။ အခု လောလောဆယ်တော့ ဧရာဝတီတိုင်းဘက်က ဒေသခံ သူငယ်ချင်း တစ်ယောက်ကိုတော့ မေးထားတယ်။ တကယ်လိုအပ်နေတဲ့ နေရာမှာ လှူဖြစ်မှာပါ။ အတိအကျသိရင် မိုးစက်ထပ်ပြီး ပြောပြပါမယ်” လို့ စာသင်ကျောင်းတစ်ကျောင်း လှူဒါန်းဖို့ စီစဉ်ထားတဲ့ အကြောင်းကို ၎င်းက ထပ်လောင်းပြောဆိုပါတယ်။

တရုတ်နယ်စပ်မှတစ်ဆင့် IS ၁၁ ဦးဝင်ရောက်သည့်သတင်းကြောင့် လားရှိုးတွင် လုံခြုံရေးတင်းကျပ်

အစွန်းရောက် အစ္စလာမ္မစ်အကြမ်းဖက်အဖွဲ့ISမှ အကြမ်းဖက်တိုက်ခိုက်ရေးသမားများဟု ယုံကြည်ရသည့် အမျိုးသား ၁၁ ဦး ဒီဇင်ဘာ ၁၄ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်မှတစ်ဆင့် မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်လာသည်ဟုယူဆရသောကြောင့် မူဆယ်-လားရှိုး အဝေးပြေးလမ်းမကြီး တလျှောက် လုံခြုံရေးတင်းကျပ်စွာချထားကြောင်း ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက ပြောသည်။
"ပြီးခဲ့တဲ့တစ်ပတ်က တရုတ်နိုင်ငံထဲကို IS တွေ ဝင်ရောက်ခဲ့တယ်လို့ ပဏာမသတင်းရခဲ့တယ်။ ဒီဇင်ဘာ ၁၄ ရက်မှာ တရုတ်ရဲတပ်ဖွဲ့တွေ လိုက်ဖမ်းတာကို တိမ်းရှောင်ရင်း အဲဒီ IS တွေဟာမြန်မာနယ်စပ်ကို ဖြတ်ကျော် ဝင်ရောက်လာနိုင်တယ်လို့ သတင်းရတဲ့အတွက် အခုအဲဒီလူတွေရဲ့ဓာတ်ပုံတွေကို တပ်ဖွဲ့ဝင်အားလုံးဆီ ဖြန့်ထားတယ်။ မြို့အဝင်အထွက်တွေမှာ ပိတ်ဆို့ရှာဖွေမှာဖြစ်သလို လှည့်ကင်းတွေလည်း မပြတ်လှည့်နေမှာပါ။

ပါကစ္စတန် လူစည်ကားရာ ဈေးထဲတွင် ရှီးယိုက်များကို ပစ်မှတ်ထားသည့် ဗုံးကွဲ အနည်းဆုံး ၂၃ ဦး သေဆုံး

ပြီးခဲ့သည့် တနင်္ဂနွေနေ့က ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း လူစည်ကားရာ အထည်အလိပ် ဈေးထဲတွင် ဗုံးတစ်လုံး ပေါက်ကွဲခဲ့ရာ ရှီးယိုက်လူနည်းစုများကို ပစ်မှတ်ထားသည်ဟု သိရပြီး အနည်းဆုံး လူ ၂၃ ဦး သေဆုံးကာ ၅၅ ဦး ဒဏ်ရာရရှိသွားကြောင်း VOA သတင်းတစ်ရပ်က ဖော်ပြထားသည်။
အာဖဂန်နစ္စတန်နိုင်ငံ နယ်စပ်ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အတော်အတန် ပေးထားသော ခရိုင်တွင် အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယောက်ျားနှင့် မိန်းမ ဦးဏှောက်တို့ဧ။် ကွာခြားချက်များ

၁။ လုပ်ငန်းမျိုးစုံလုပ်ကိုင်ခြင်း

မိန်းမဦးဏှောက်သည် လုပ်ငန်းမျိုးစုံကို တပြိုင်နက်တည်း ဆောင်ရွက်နိုင်ရန် တည်ဆောက်ထားသည်။

မိန်းမများသည် တီဗွီကြည့်ရင်း ဖုန်းပြောလျက် ဟင်းချက်နိုင်သည်။

ယောက်ျားဦးဏှောက်သည် တကြိမ်တွင် လုပ်ငန်းတခုသာ ဆောင်ရွက်နိုင်ရန် တည်ဆောက်ထားသည်။ ယောက်ျားများသည် တီဗွီကြည့်နေစဉ် ဖုန်းမပြောနိုင်။ စကားပြောနေစဉ် တီဗွီကိုပိတ်ထားသည်။

ပြည်တွင်းငြိမ်းချမ်းရေးအဆုံးသတ်အောင်မြင်မှာကို UNFC သေမလောက် ကြောက်နေပြီ


NCA ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးနောက်ပိုင်း သွေးရူးသွေးတမ်းဖြစ်နေတာ UNFC ပါ။ ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာ UNFC မျက်နှာစုံညီအစည်းအဝေးဆိုပြီး ဒီဇင်ဘာ ၇ ရက်ကနေ ၁၀ ရက်နေ့အထိ လုပ်ခဲ့ တယ်။ ဒီဇင်ဘာ ၈ ရက်နေ့မှာ လွှတ်တော်အတည်ပြုခဲ့တဲ့ NCA ကို မထောက်ခံဘူးလို့ ကြေညာချက်ထုတ်ပြန် တယ်။ ဒီဇင်ဘာ ၁၂ ရက်နေ့မှာလည်း NCA နဲ့ပတ်သက်ပြီး လက်မခံနိုင်တဲ့အကြောင်း ကြေညာချက်ထုတ်ပြန် တယ်။ UNFC မရိုးသားတာပေါ်လွင်နေပါပြီ။ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ကတောင် သဘောတူလို့ NCA ကို လက်မှတ်ထိုးပြီး JMC အစည်းအဝေးတွေသွားနေတာကို UNFC က ပြောခွင့်၊ ဝေဖန်ခွင့်မရှိဘူးလို့ ပြောချင် တယ်။