Monday 30 November 2015

ဗဟန်းကလေးအမှု စစ်ဆေးချက်များ ဒီဇင်ဘာလ (၇)ရက်နေ့ နောက်ဆုံးပေးပို့ရမည်

လူမှုကွန်ရက်ပေါ် ပျံ့နှံ့ခဲ့သည့် ကလေး နှိပ်စက်ခံရသည့်အမှု စစ်ဆေးချက်များအား ဒီဇင်ဘာလ (၇)ရက်နေ့ နောက်ဆုံးထား၍ တရားရုံးသို့တင်ပြရန် ညွှန်ကြားထားကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။

နိုဝင်ဘာလ (၁၉)ရက်နေ့က လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့သော ရှစ်နှစ် အရွယ်ကလေးငယ်အား ကိုယ်လုံးတီးချွတ် ကာနေပူထဲ ဒူးထောက်ခိုင်း၊ ပါးစပ်ထဲအားသိပ်ကာ နှိပ်စက်နေသော အမျိုးသမီးကို နိုဝင်ဘာလ (၂၂)ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။

““ရဲကဦးတိုက်လျှောက်ထားတော့ တရားရုံးကလုပ်ပိုင်ခွင့်ရဲအရေးမပိုင်တဲ့ အမှု ပေါ့နော်။ ရဲအရေးမပိုင်တဲ့အမှုကို မတိုင်လို့ ရတာမဟုတ်ဘူး။ တိုင်လို့ရတယ်။ ကျင့်ထုံး ဥပဒေအရ လုပ်ရတာပေါ့နော်။ အဲဒီလိုလုပ် လိုက်တဲ့အတွက် မြို့နယ်အမျိုးသမီးရေးရာ အတွင်းရေးမှူးက တရားရုံးကို ဦးတိုက်လျှောက်တယ်။ ဦးတိုက်လျှေက်တဲ့အတွက် တရားရုံးက ကျင့်ထုံးဥပဒေနဲ့အညီစစ်ဆေး တယ်””ဟု လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ ရဲမှူးကြီးခင်မောင်လှက ပြောသည်။

ကလေးငယ်အား နှိပ်စက်သည့်အမှုတွင် အဆိုပါနှိပ်စက်ခံရသည့် ဓာတ်ပုံအား လူမှုကွန်ရက်သို့ စတင်ခဲ့သူ ကိုစည်သူအား ဗဟန်းမြို့မရဲစခန်းတွင် ရဲတပ်ဖွဲ့ဝင်များနှင့် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ဝင် များက ယခုလ (၂၅)ရက်နေ့တွင် ခေါ်ယူမေးမြန်းခဲ့ကြောင်း သိရသည်။

““စစ်တာကတော့ စခန်းမှူးကပဲလုပ် ရတာပဲ။ ဒါပေမဲ့ ရဲကိုလုပ်ပိုင်ခွင့် ပေးမထား ဘူးပေါ့နော်။ ပြစ်မှုဆိုင်ရာဥပဒေမှာ ရဲအရေး ပိုင်သောအမှု၊ ရဲအရေးမပိုင်သောအမှု၊ တရားရုံး ဦးတိုင်လျှောက်ရတဲ့အမှု ခွဲထား တာရှိတယ်။ ဒါပေမဲ့ ရဲကရိုးရိုးရဲစခန်းမှာ ဖွင့်ထားတာဆိုရင် တရားခံအာမခံရှိရင် တော့ အေးအေးဆေးဆေးစစ်လို့ရတာ ပေါ့””ဟု ၎င်းက ဆက်ပြောသည်။

ဗိုလ်မှူးကျော်နုမော်၏အိမ်တွင် နှိပ်စက်ခံရသော အသက်ရှစ်အရွယ် မ.......၏ ဖခင်မှာ BE  တပ် (၉၁၈)တွင် တာဝန်ထမ်း ဆောင်နေသော တပ်မတော်သားတစ်ဦးဖြစ်သည်။ နှိပ်စက်သူအမျိုးသမီးမှာ မ.......(၄၂) နှစ်၊ ထန်းသုံးပင်ရွာ၊ ပဲချက်အုပ်စု၊ တောင်ငူ မြို့နေသူဖြစ်ပြီး ၎င်းအားဗဟန်းမြို့မရဲစခန်း တွင် (ပ)၄၆၅/၂၀၁၅၊  ကလေးသူငယ် ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်အရေး ယူပြီး စစ် ဆေးဆောင်ရွက်လျက်ရှိကြောင်း ဗဟန်းမြို့ မရဲစခန်းထံမှ သိရသည်။

Messenger News Journal​ 

No comments:

Post a Comment