Saturday 17 August 2013

ဘေးလ်ကိုခေါ်ယူရန် မလိုအပ်ကြောင်း ရီးယဲလ်ကစားသမား အများစု ပြောကြား

  Photo: ဘေးလ်ကိုခေါ်ယူရန် မလိုအပ်ကြောင်း ရီးယဲလ်ကစားသမား အများစု ပြောကြား 
Saturday, August 17, 2013

ရီးယဲလ်သည် ဘေးလ်ကို ခေါ်ယူနိုင်ရန် မသေချာသေးသော်လည်း ရီးယဲလ် ကစားသမားများက ၎င်းတို့ အနေဖြင့် ဘေးလ်ကို ထပ်မံ မလိုအပ်ဟု ယုံကြည်နေကြောင်း Marcaက ဖော်ပြသွားသည်။

ရီးယဲလ်မက်ဒရစ် ကစားသမား အများစုက ဂါရတ်သ်ဘေးလ်ကို ခေါ်ယူရန် မလိုအပ်ဟု နည်းပြ ကာလို အန်ဆလော့တီကို ဆွေးနွေး ပြောဆိုခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ စပိန်ထိပ်တန်း ကလပ်အသင်းကြီး သည် တော့တင်ဟမ် ဟော့စပါး အသင်းမှ ဝေလ လက်ရွေးစင်ကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး တစ်ရပ်ဖြင့် ကမ်းလှမ်း ခေါ်ယူ သွားမည်ဟု သတင်းကြီးနေသည်။ အသက်(၂၄)နှစ်ရှိ ဘေးလ်သည် ပြီးခဲ့သည့် ရာသီက ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူး ရယူနိုင်ခဲ့သူလည်း ဖြစ်သည်။ ရီးယဲလ်သည် ဘေးလ် ကို ခေါ်ယူနိုင်ရန် မသေချာသေးသော်လည်း ရီးယဲလ် ကစားသမားများက ၎င်းတို့ အနေဖြင့် ဘေးလ်ကို ထပ်မံ မလိုအပ်ဟု ယုံကြည်နေကြောင်း Marcaက ဖော်ပြသွားသည်။

ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ်နှင့် အားကစား ဒါရိုက်တာ ဇနီဒင်း ဇီဒန်းတို့က ဘေးလ်ကို စိတ်ဝင်စားနေသည့်တိုင် ကီရင်ဘန်ဇီးမား၊ အိန်ဂျယ်လ်ဒီမာရီယာနှင့် မီဆွတ်အိုဇေးလ် အစရှိသည့် စီနီယာ ကစားသမားများက ယင်းအစီအစဉ်ကို ဆန့်ကျင်နေကြောင်း သိရသည်။ လက်ရှိ ရီးယဲလ်၏ ကြယ်ပွင့် ကစားသမား ခရစ္စတီယာနို ရော်နယ်လ်ဒို ကိုယ်တိုင်သည်လည်း ဘေးလ်တစ်ယောက် ဘာနေဗျူး ရောက်ရှိ လာမည်ကို လိုလားဖွယ် မရှိကြောင်း သတင်းများက ရေးသားလျှက် ရှိသည်။

ဘေးလ်နှင့် ပတ်သက်ပြီး ရော်နယ်လ်ဒိုအား သတင်းထောက်များက မှတ်ချက် တောင်းခံခဲ့ရာ ပေါ်တူဂီ လက်ရွေးစင် ကစားသမား က ဘေးလ်ကို ခေါ်ယူမယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော့်မှာလည်း ကိုယ်ပိုင်အမြင် တစ်ခုတော့ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော် ထုတ်ပြောနေမှာတော့ မဟုတ်ဘူးဟု ပြောကြားသွားသည်။

Planet Myanmar Network
ရီးယဲလ်သည် ဘေးလ်ကို ခေါ်ယူနိုင်ရန် မသေချာသေးသော်လည်း ရီးယဲလ် ကစားသမားများက ၎င်းတို့ အနေဖြင့် ဘေးလ်ကို ထပ်မံ မလိုအပ်ဟု ယုံကြည်နေကြောင်း Marcaက ဖော်ပြသွားသည်။

သေချင်ပေမယ့် အချိန်မကျသေး၍ မသေ

Photo: သေချင်ပေမယ့် အချိန်မကျသေး၍ မသေ

17.8.2013

တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ ကိုယ့်ကိုကိုယ် သတ်သေဖို့ ကြိုးစားတဲ့ မိန်းကလေး ကို ရဲတပ်ဖွဲ့က ကယ်ဆယ်ခဲ့ပါတယ်။

ဖြစ်ပုံက တိုက်ပေါ်ကနေ ခုန်ချပေမယ့် အောက်မရောက်ပဲ ကြော်ငြာဘေဘုတ်မှာ ငြိနေတုန်း ရဲတပ်ဖွဲ့က သူမကို ဖျောင်းဖျပြီး ကယ်ဆယ်ခဲ့တာ ဖြစ်ပါတယ်။

News of Myanmar
တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ ကိုယ့်ကိုကိုယ် သတ်သေဖို့ ကြိုးစားတဲ့ မိန်းကလေးကို ရဲတပ်ဖွဲ့က ကယ်ဆယ်ခဲ့ပါတယ်။

ရန်ကုန်မြို့တွင် လူဦးရေ တစ်သန်းကျော်မှာ စံချိန်မမီသော အိမ်များတွင် နေနေရဆဲ ဖြစ်သည့်အတွက် ရန်ကုန်မြို့ အပါအ၀င် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အိမ်ရာစစ်တမ်း ကောက်ယူရန် စီစဉ်

8.1.1
လှိုင်သာယာ စက်မှုဇုန် အတွင်းရှိ နေအိမ်အချို့အား တွေ့ရစဉ်
လက်ရှိအချိန်တွင် ရန်ကုန်မြို့ရှိ လူဦးရေ သိပ်သည်းမှုနှင့်အတူ အိမ်ခြံမြေဈေးနှုန်းများ ကြီးမြင့်နေသောကြောင့် ရန်ကုန်မြို့တွင် ရှိသော ပျမ်းမျှလူဦးရေ ခြောက်သန်း အနက် တစ်သန်းကျော်မှာ စံချိန်မမီသော အိမ်များတွင် နေထိုင်နေရကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ ရရှိသော သတင်းများ အရ သိရသည်။

မိတ္ထီလာတွင် မတ် ၂၁ ရက်က အစ္စလာမ် ဘာသာရေး အဆောက်အအုံအား ဖျက်ဆီးခဲ့သူ နှစ်ဦးကို အလုပ်နှင့် ထောင်ဒဏ် နှစ်နှစ်ကျခံစေရန် အမိန့်ချမှတ်

8.1.1
မတ်လ ၂၁ ရက်နေ့က ဖြစ်ပွားခဲ့သော မိတ္ထီလာ အကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် မီးလောင်ပျက်စီးခဲ့သော သီရိမင်္ဂလာ ရပ်ကွက်တွင် ရှင်းလင်းမှုများ ပြုလုပ်နေစဉ်
မိတ္ထီလာမြို့ ပြည်သာယာ ရပ်ကွက်အတွင်းရှိ အစ္စလာမ်ဘာသာရေး အဆောက်အအုံကို ဖျက်ဆီး ခဲ့သူ နှစ်ဦးအား အလုပ်နှင့် ထောင်ဒဏ်နှစ်နှစ် ကျခံစေရန် မြို့နယ်တရားရုံးမှ သြဂုတ် ၁၂ ရက်က အမိန့် ချမှတ်ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံမှတစ်ဆင့် ဖောက်ခွဲရေးသမား သုံးဦး ရောက်ရှိနေနိုင်သည် ဆိုသော သတင်းများကြောင့် မြိတ်တွင် လုံခြုံရေးတိုးမြှင့်

8.1.1
မြိတ်မြို့ အဝေးပြေးကားဝင်း တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ- ဇော်မိုးဦး (မြိတ်))
မြိတ်မြို့သို့ ဖောက်ခွဲရေးသမား သုံးဦး ရောက်ရှိနေနိုင်သည်ဟု သတင်းများ ထွက်ပေါ်နေသောကြောင့် လုံခြုံရေးများ တိုးမြှင့်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။