Thursday, 13 September 2012
ဆေးဝါးမလိုဘဲ အမျိုးသား စွမ်းဆောင်ရည် ပိုကောင်းမွန်စေမည့် နည်းများ
အမျိုးသားတွေရဲ့ စွမ်းဆောင်ရည်ကို ပိုမို ကောင်းမွန်လာအောင် ပံ့ပိုးပေးနိုင်မယ့် ဆေးဝါးမျိုးစုံ ရှိနေပေမယ့် ဆေးတွေကို မမှီဝဲချင်ဘူးဆိုရင် သဘာဝနည်းနဲ့ စွမ်းဆောင်ရည် ကောင်းမွန်လာစေမယ့် အောက်ပါ နည်းလမ်းတွေကို လိုက်နာ ပေးသင့်ပါတယ်။ အမျိုးသားစွမ်းဆောင်ရည် ကောင်းစေမည့် အာဟာရ လေ့ကျင့်ခန်း လုပ်တာနဲ့အတူ လိင်တံဆီကို သွေးစီးဆင်းမှု ကောင်းစေမယ့် အစားအစာတချို့ကို တွဲဖက်စားပေးပါ။ အဲဒီအစာတွေကတော့-
၂၀၁၆ တွင် မြန်မာနိုင်ငံ၌ စက်မှုလုပ်ငန်းသုံး ယန္တရားကြီး၊ ယာဉ်များ တင်သွင်းမှုစီးရေတစ်သောင်းကျော်မည်ဟုအမေရိကန်ကုမ္ပဏီ ခန့်မှန်း
မြန်မာနိုင်ငံတွင်း၌
တစ်ဟုန်ထိုးတိုးတက်လာနေသော သတ္တုတူးဖော် ရေးလုပ်ငန်းများနှင့်
အခြေခံအဆောက်အအုံ လမ်းတံတားဆိုင် ရာစီမံကိန်းကြီးများ တိုးတက်လာ မှုကြောင့်
လာမည့် ၂၀၁၆ ခုနှစ် တွင် စက်မှုလုပ်ငန်းသုံး အကြီးစား စက်ယန္တရားကြီးများ၊
ကုန်တင် ယာဉ်ကြီးများတင်သွင်းမှု စီးရေတစ်သောင်းကျော်အထိ ပိုမိုများ
ပြားလာနိုင်ကြောင်း အမေရိကန်မှ Frost & Sullivan ကုမ္ပဏီက
ပြောကြားလိုက်သည်။
ယင်းကုမ္ပဏီ၏ မော်တော် ယာဉ်နှင့် ပို့ဆောင်ရေးဆိုင်ရာ အာရှပစိဖိတ်ဒေသ၏ အကြံပေး ပညာရှင် မစ္စတာမာဆာကီဟွန်ဒါ က မြန်မာနိုင်ငံတွင် ၂၀၁၆ ၌ စက်မှုလုပ်ငန်းသုံး အကြီးစား ယန္တရားယာဉ်ကြီးများ တင်သွင်းမှု မှာ စီးရေ ၁၂,၇၀၀ အထိရှိလာနိုင် ကြောင်းဆိုသည်။ ၎င်းက နိုင်ငံ တွင်း၌ မှတ်ပုံတင်ထားသော ထရပ်ကားကြီးများအရေအတွက် မှာ ပြည်တွင်း၌ တပ်ဆင်မှုနှင့် ပြည်ပမှ တင်သွင်းမှုအပါအ၀င် ၂၀၁၆ ၌ လက်ရှိ စီးရေ ၄"၀၀၀ မှ ၁၀"၁၀၀ အထိ တိုးလာနိုင် ကြောင်းပြောသည်။

မြန်မာပြည်အတွက် ဂြိုလ်တု လွှတ်တင်နိုင်တော့မယ်
မြန်မာနိုင်ငံအတွက် သတင်းကဏ္ဍ၊ ဆက်သွယ်ရေး ဆိုင်ရာတွေနဲ့ တခြား ကဏ္ဍတွေအတွက် ဂျပန်အကူအညီ ယူပြီး ဂြိုလ်တု လွှတ်တင်ရေး အစီအစဉ်ရှိနေပါပြီ။
ဂြိုလ်တုလွှတ်တင်ရေး ပြင်ဆင်တဲ့ အနေနဲ့ လာမယ့် အောက်တိုဘာလ ဒုတိယပတ်မှာ အလုပ်ရုံ ဆွေးနွေးပွဲ တခု ဂျပန်နဲ့ မြန်မာ ပူးပေါင်းပြီး ကျင်းပဖို့ ရှိတယ်လို့ သတင်း တပုဒ်မှာ ဖော်ပြထားပါတယ်။
အီရန် သံအမတ် စစ်တွေသို့ လာရောက်လည်ပတ်
မြန်မာနိုင်ငံ ဆိုင်ရာ အီရန် သံအမတ်သည် ယနေ့ နံနက်က ရန်ကုန်မှ စစ်တွေသို့ ရောက်ရှိလာခဲ့သည်ဟု သိရသည်။
စစ်တွေတွင် နံနက် ၉ နာရီမှ ၁၂ နာရီထိ လူမူ အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ မြို့မိမြို့ဖများနှင့် ရခိုင်ပြည်နယ် လွှတ်တော် ခန်းမတွင် တွေ့ဆုံခဲ့သည်ဟု ဆိုသည်။
ဝန်ကြီးဌာန စီမံကိန်းတချို့ နိုင်ငံခြားဘဏ်များမှ ငွေချေးမည်
အစိုးရ ၀န်ကြီးဌာနတချို့၏ တည်ဆောက်ဆဲ စီမံကိန်းများအတွက် နိုင်ငံခြား
ဘဏ်များမှ ငွေချေးမည် ဖြစ်ကြောင်း သိရသည်။ လယ်ယာ စိုက်ပျိုးရေးနှင့်
ဆည်မြောင်း ၀န်ကြီးဌာန၊ ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ ဆက်သွယ်ရေး၊ စာတိုက်နှင့်
ကြေးနန်း ၀န်ကြီး ဌာန၊ လျှပ်စစ် စွမ်းအား ၀န်ကြီးဌာန နှင့် စွမ်းအင်
ဝန်ကြီးဌာန များ၏ တည်ဆောက်ဆဲ စီမံကိန်းများအတွက် တရုတ်၊ အိန္ဒိယ နှင့် ဂျပန်
နိုင်ငံ ဘဏ်များမှ ဒေါ်လာ သန်း နှင့် ချီ၍ ချေးယူသုံးစွဲရန်အတွက်
ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုပြီး ဖြစ်ကြောင်း အစိုးရ သတင်းစာများတွင်
ဖော်ပြထားသည်။
ထိုင်း ဒုက္ခသည် မူဝါဒ HRW ဝေဖန်
မြန်မာနိုင်ငံမှ ဒုက္ခသည်များ အပါအ၀င် နိုင်ငံရေး ခိုလှုံသူများနှင့်
ပတ်သက်ပြီး ထိုင်းနိုင်ငံ ၏ ဆောင်ရွက်မှုသည် အားနည်းချက်များ ရှိကြောင်း
အမေရိကန် အခြေစိုက် လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့(HRW) က
ဝေဖန်ပြောဆိုလိုက်သည်။ ထို့အပြင် ဒုက္ခသည်များ ဆိုင်ရာ မူဝါဒတွင်လည်း
အမျိုးသားရေး အတွက် ဦးစားပေး၍ အသုံးချပြီး ဖမ်းဆီးမှုများ၊
သက်ဆိုင်ရာနိုင်ငံသို့ ပြန် လည် ပို့ဆောင်မှုများပြုလုပ်လျက် ရှိကြောင်းလည်း
ယနေ့ရက်စွဲဖြင့် ထုတ်ပြန်သည့် HRW ၏ စာမျက်နှာ ၁၅၀ ကျော်ပါ အစီရင် ခံ စာ ၌
ဖော်ပြထားကြောင်း The Nation သတင်းတွင် ရေးထားသည်။
လယ်ယာမြေ ဥပဒေ အတည်ပြု ပြဌာန်းပြီးနောက် ဆက်လက် ဆောင်ရွက်သင့်သည့် ကိစ္စရပ်များ
၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေကို ၂၀၁၂ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ၂၀၁၂ ခုနှစ် ပြည်ထောင်စု လွှတ်တော် ဥပဒေ အမှတ် (၁၁) ဖြင့် ပြဌာန်းခဲ့ပါသည်။ ဥပဒေပါ ပုဒ်မ (၂) အရ နိုင်ငံတော် သမ္မတက အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်သည့် နေ့ရက်တွင် စတင် အာဏာတည်မည် ဖြစ်ပါသည်။ ယင်း ဥပဒေ ပုဒ်မ ၉(ခ) အရ လယ်ယာမြေကို အားလုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်း ဖြစ်စေ လုပ်ပိုင်ခွင့်အား သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် အညီ ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့်နှင့် ပေးကမ်းခွင့် စသည့် အခွင့်အရေးများကို တောင်သူများအား ပေးအပ် လိုက်ပါသည်။ ယင်းဥပဒေ အာဏာ တည်သည့် အချိန်တွင် အောက်ပါ ဥပဒေများကို ရုပ်သိမ်းပြီးလည်း ဖြစ်ပါသည်။
နေပြည်တော်လာရန် KIO ကို သမ္မတ ဦးသိန်းစိန် ဖိတ်ကြား
![]() |
ပြီးခဲ့သည့် မတ်လ ၈ ရက်က တရုတ် နိုင်ငံ ရွှေလီမြို့၌ အစိုးရနှင့် KIO ခေါင်းဆောင်များ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနေ စဉ် |
သမ္မတ ဦးသိန်းစိန်က ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) မှ ကိုယ်စားလှယ်များကို အပစ်အခတ်ရပ်စဲရေး အတွက် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်း ထားကြောင်း ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြောသည်။
ငါးစာ အစားထိုး ပေါင်မုန့်ပင် စမ်းသပ် စိုက်ပျိုး တိုက်တွန်း
ပြည်တွင်းတွင် တစ်နှစ်ထက် တစ်နှစ်ထက် ဈေးနှုန်း
ကြီးမြင့်လာသည့် မွေးမြူရေး ငါးစာများ နေရာတွင် အစားထိုး အသုံးပြုရန်
အမေရိကန်နိုင်ငံမှ ပေါင်မုန့်ပင်များ စမ်းသပ် စိုက်ပျိုးကြရန် ကြိုးစား
သင့်ကြောင်း ပြည်တွင်း ငါးမွေးမြူရေး လုပ်ငန်းရှင်များကို UMFCCI တွဲဖက်
အထွေထွေ အတွင်းရေးမှူး ဦးမြင့်ဇော်က ပြောကြားသည်။
ပေါင်မုန့်ပင် (Bread
Fruit)သည် အမေရိကန် နိုင်ငံရှိ ကျွန်းစုများ ပေါ်တွင် ပေါက်ပြီး
ကျွန်းစုလူမျိုးများ အဓိက စားသုံးသည့် အစားအစာ ဖြစ်သောကြောင့် ပြည်တွင်း
ငါးမွေးမြူရေး လုပ်ငန်းတွင် စမ်းသပ် သုံးစွဲရန် တိုက်တွန်းခြင်း
ဖြစ်ကြောင်း ၄င်းက ဆိုသည်။
ပါရှန်ပင်လယ်ကွေ့အတွင်း စစ်ရေးလှုပ်ရှားမှုများ အီရန် စဉ်ဆက်မပြတ်စောင့်ကြည့်လျက်ရှိ
အီရန်နိုင်ငံ အနေဖြင့် ပါရှန် ပင်လယ်ကွေ့ အတွင်း စစ်ရေး လှုပ်ရှားမှုကို စဉ်ဆက်မပြတ်စောင့်ကြည့် လျက်ရှိကြောင်း အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက စက်တင်ဘာ ၁၁ ရက်တွင် ပြောကြား ခဲ့သည်။
ပါရှန် ပင်လယ်ကွေ့ အတွင်း စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ရန် ပိုမိုနီးကပ် လာသည့်အတွက် လုံခြုံရေးကို အလေးထား ဆောင်ရွက်လျက်ရှိ ကြောင်းနှင့် အီရန်နိုင်ငံ အနေဖြင့် ပါရှန် ပင်လယ်ကွေ့ လုံခြုံမှု ထိန်းသိမ်းရေး နှင့် စစ်ရေးအရ လှုပ်ရှားမှု အားလုံးကို စောင့်ကြည့်လျက် ရှိကြောင်း အဆိုပါ ပြောရေး ဆိုခွင့်ရှိသူက ပြောကြား ခဲ့သည်။
နိုင်ငံရေးပါတီတစ်ခု နောက်ခံပြု၍ မြေကွက်များလိမ်လည် ရောင်းစားသူအမျိုးသမီးကို အမှုဖွင့်အရေးယူလိုက်ပြီ
(၈၈)မျိုးဆက်ကျောင်းသား လူငယ်များ (ပြည်ထောင်စုမြန်မာ နိုင်ငံတော်ပါတီကို နောက်ခံပြု အရှိန်အ ၀ါကိုသုံးကာ အပြစ်မဲ့ ပြည်သူတစ်ဦး၏ မြေကွက်များ အား လိမ်လည်လှည့်ဖြားရောင်း စားခြင်းအမှုကို ကျူးလွန်သူမအေး အေးမာ (ရွှေပြည်သာမြို့နယ် တာဝန်ခံ၊ (၈၈)မျိုးဆက်ကျောင်း သားလူငယ်များ ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီအား ရွှေပြည် သာ မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ပ/၉၆၅၊ ပုဒ်မ (၄၂၀)အရ၊ ၂၈- ၈-၂၀၁၂နေ့တွင် အမှုဖွင့်အရေး ယူလိုက်ကြောင်းသိရသည်။
အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများရေးဆွဲနိုင်ရေး ဝန်ကြီးဌာနလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ
အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများရေးဆွဲနိုင်ရေး ဝန်ကြီးဌာနလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို
စက်တင်ဘာလ ၇ ရက်နေ့နေ့လည်ပိုင်းက စွမ်းအင်ဝန်ကြီးဌာန၊ ရတနာခန်းမ၌
ကျင်းပပြုလုပ် ရာ ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေး
တက်ရောက်အမှာစကားပြောကြားသည်။ အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဦးထင်အောင်၊
ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့်
နေပြည်တော်ရှိ လုပ်ငန်းဌာနများမှ အရာထမ်းများတက်ရောက်ကြသည်။
Japan Products Expo & Comic Party 2012 အခမ်းအနား မိတ်ဆက်ပွဲ အခမ်း အနား ကျင်းပ
Japan
Products Expo & Comic Party 2012 အခမ်းအနား မိတ်ဆက်ပွဲ အခမ်း အနားကို
ယနေ့ စက်တင်ဘာလ ၁၃ ရက် မနက်ပိုင်းက Sedona Hotel ရန်ကုန် တွင်
ပြုလုပ်ခဲ့ပါတယ်။ ဂျပန်ထုတ်ကုန် များကို ပြသမယ့် အဆိုပါပွဲကို အောက်တိုဘာလ ၅
ရက်နေ့ကနေ ၈ ရက်နေ့ အထိ တပ်အတော်ခန်းမ မှာ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့
သိရပါတယ်။ အဆိုပါပွဲကို Myanmar Proffessional Services Co., Ltd က
စီစဉ်ကျင်းပမှာ ဖြစ်ပြီး Japan Expo အနေနဲ့ တတိယ အကြိမ်မြောက်ျကင်းပါခြင်း
ဖြစ်ပါတယ်။ အဆိုပါပွဲမှာ ဂျပန်ထုတ်ကုန်မှားကို အဓိကထား ပြသမှာ ဖြစ်ပြီး
Panasonic, Yamaha, Nipro, Hitachi အစရှိတဲ့ ထုတ်ကုန်များကို ပြသမှာ
ဖြစ်ပါတယ်။
ဒီမိုကရေစီကို ဈေးပေါအောင်မလုပ်ကြပါနဲ့ (မောင်ဝံသ-ပြောချင်လွန်းလို့)
စိုးရိမ်မိတယ်
၁၉၈၈ ခု စက်တင်ဘာလ အာဏာသိမ်းပြီးချိန် နောက်ပိုင်းမှာ ညကလပ်တွေ ဖွင့်ကြ၊ ကာရာအိုကေတွေ ဆိုကြ၊ လူမြင်ကွင်းမှာ အတွဲတွေ သောင်းကျန်းကြ၊ အရက်အမျိုးမျိုး လိုင်စင်ယူပြီး ထုတ်လုပ်ကြ၊ သောက်ကြ မူးကြတာကို နေရာအတော်များများမှာ တွေ့ရတယ်။ အမျိုးသားယဉ်ကျေးမှုနဲ့ မလျော်ညီတဲ့ အပြုအမူတွေကို ဟန့်တား နှိပ်ကွပ်ရမယ့်အစား ဒေသတာဝန်ရှိသူ တချို့က “လိုချင်ဦးလေ ဒီမိုကရေစီ၊ တွေ့တယ် မဟုတ်လား၊ ဒီမိုကရေစီရရင် ဒီလို ဖြစ်ကုန်မှာပဲဆိုတာ အကြောင်းသိအောင် ကျုပ်တို့ ကတော့ လက်ပိုက် ကြည့်နေလိုက်တယ်” လို့ ပြောတာကို ကျွန်တော့်နားနဲ့ ဆတ်ဆတ် ကြားဖူးလိုက်ရပါသဗျ။
ဟောခုလည်း ဟိုနေရာ ဒီနေရာတွေမှာ ဆန္ဒပြကြ၊ ပိုစတာထောင်ကြ လုပ်ကြတာကို အဲသလို စိတ်အချဉ်ပေါက်ပြီး ပြောသူတွေ ရှိလာပြန်ပြီ။ ဒါတင်မက ဒီမိုကရေစီ ခေါင်းဆောင်ဆိုတဲ့ ဂုဏ်ပုဒ်ကို ပေါပေါလောလော သုံးလာကြတာ သတိထားမိတယ်ဗျာ။ တမင်တကာများ ဒီမိုကရေစီကို ဈေးပေါအောင် လုပ်နေရော့ သလားလို့ စိုးရိမ်မိတယ်ဗျ။
အထက်တန်း ရှေ့နေများ လိုင်စင်သက်တမ်း တိုးရန် အခက်ကြုံ
အထက်တန်း ရှေ့နေများ၏ တစ်နှစ်စာ ဝင်ငွေခွန်ကို သက်ဆိုင်ရာ မြို့နယ် အခွန်ဦးစီး ဌာနများ၌ အခွန်ဆောင်ထားသော ချလံပါရှိမှသာ လိုင်စင်သက်တမ်း တိုးပေးမည်ဟု ကန့်သတ်ထားသောကြောင့် အခက်ကြုံ နေရကြောင်း အထက်တန်း ရှေ့နေ ဒေါ်ကေသွယ်ဆန်းက ပြောကြားသည်။
အထက်တန်း ရှေ့နေများမှာ တစ်နှစ်ဝင်ငွေ ၁၂ သိန်းထက် ကျော်ပါက အခွန်ဆောင်ရမည် ဆိုသည့် ဥပဒေ ရှိသော်လည်း အထက်တန်း ရှေ့နေ အများစုသည် တစ်နှစ်လျှင် ယင်းငွေအောက်သာ ရရှိသောကြောင့် အခွန်မဆောင်သဖြင့် လိုင်စင်သက်တမ်း မတိုးပေးပါက ရှေ့နေအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုနိုင်တော့မည် မဟုတ်ကြောင်း တရားလွှတ်တော် ရှေ့နေ ဦးကိုနီက ပြောကြားသည်။
ယခင်နှစ်များက အခွန် မဆောင်သော်လည်း ရှေ့နေ လိုင်စင် သက်တမ်းတိုးပေးမှု ရှိခဲ့ကြောင်း၊ အခွန်ဆောင်ပါက လိုင်စင်သက်တမ်း တိုးပေးရမည်ဟု အခွန်ဌာနက ထုတ်ပြန်လျှင် တရားရေး ဌာနအနေနှင့် လိုက်နာရန် မလိုကြောင်း၊ တရားရေးဌာနက ထုတ်ပြန်ပါက တရားရေးဌာန အနေဖြင့် တာဝန်ကို ပူးတွဲလုပ်ဆောင်ရာ ကျနေကြောင်း ၎င်းက ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ သုံးသပ် ပြောဆိုသည်။
မြန်မာအိုင်ဗင်ဟိုးကုမ္ပဏီမှ မြန်မာဝမ်ပေါင်ကုမ္ပဏီသို့ လုပ်ငန်းလွှဲပြောင်းချိန် ကြေးနီမသမာမှု သက်ဆိုင်ရာက အရေးယူ
ကြေးစင်တောင်နှင့် စံပယ်တောင်ကြေးနီစီမံကိန်းနယ်မြေအတွင်း
ကြေးနီတန်ချိန် သုံးရာကျော် (၃၃၈ ဒသ မ ၉၃၂ တန်)အား မသမာသော နည်းဖြင့်
ဆောင်ရွက်သူများအား ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့စ ခန်းမှ
ကြေးနီမသမာမှုဥပဒေပုဒ်မ (၆-၁) အရ အမှုဖွင့် စစ်ဆေးအရေးယူ
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
“ကြေးနီမသမာမှုအနေနဲ့ ဥ ပဒေပုဒ်မ (၆-၁)နဲ့ အမှုဖွင့်ထားတယ်။ ဒီအမှုမှာ
အာမခံပေးလို့ မရဘူး။ ကြေးနီမသမာမှုမှာ ပါဝင်သူနှစ်ဦးကိုတော့
ဖမ်းဆီးစစ်ဆေးနေပါတယ်။ ကျန်နှစ်ဦးက ထွက်ပြေးတိမ်းရှောင်နေပါတယ်။
ဒီအမှုမှာတရားလိုအဖြစ် သတ္တုတွင်းဝန်ကြီးဌာနက ဦးဖေသိန်းက တိုင်
ကြားခဲ့တာပါ”ဟု ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။
“ကြေးနီမသမာမှုအနေနဲ့ ဥ ပဒေပုဒ်မ (၆-၁)နဲ့ အမှုဖွင့်ထားတယ်။ ဒီအမှုမှာ အာမခံပေးလို့ မရဘူး။ ကြေးနီမသမာမှုမှာ ပါဝင်သူနှစ်ဦးကိုတော့ ဖမ်းဆီးစစ်ဆေးနေပါတယ်။ ကျန်နှစ်ဦးက ထွက်ပြေးတိမ်းရှောင်နေပါတယ်။ ဒီအမှုမှာတရားလိုအဖြစ် သတ္တုတွင်းဝန်ကြီးဌာနက ဦးဖေသိန်းက တိုင်
ကြားခဲ့တာပါ”ဟု ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။
စိန့်ဖလိုးရှေ့တွင် ဗုံးတွေ့သည်ဆိုသည့် ကောလာဟလများ မမှန်
စမ်းချောင်းမြို့နယ် ပြည်လမ်းပေါ်ရှိ အထက(၂) အခြေခံပညာအထက်တန်းကျောင်း(စိန့်ဖလိုး) ရှေ့တွင် တွေ့ရှိသည့် သံသရရှိနာရီမှာ ဗုံးလုံးဝမဟုတ်ကြောင်း စမ်းချောင်းရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးကအတည်ပြုပြောကြားသည်။
"ဘာမှ မဟုတ်ပါဘူး။ ရိုးရိုးနာရီအသေးလေးတစ်လုံးပါ။
မိန်းမပတ်အ၀ိုင်းသေးသေးနာရီပါ။ စတီးရောင်ပါ။ အဲဒီမှာ အခု လူတွေလည်း
အုပ်စုလိုက်ရှိမနေပါဘူး။ အေးရာအေးကြောင်းပါပဲ။ ရိုးရိုးနာရီလေးတစ်ခုပါဗျာ"
ဟု ၄င်းကပြောသည်။
"ဘာမှ မဟုတ်ပါဘူး။ ရိုးရိုးနာရီအသေးလေးတစ်လုံးပါ။ မိန်းမပတ်အ၀ိုင်းသေးသေးနာရီပါ။ စတီးရောင်ပါ။ အဲဒီမှာ အခု လူတွေလည်း အုပ်စုလိုက်ရှိမနေပါဘူး။ အေးရာအေးကြောင်းပါပဲ။ ရိုးရိုးနာရီလေးတစ်ခုပါဗျာ" ဟု ၄င်းကပြောသည်။
ရဲဘက် စခန်းများ ရပ်ဆိုင်းရန် သမ္မကို တင်ပြမည်ဟုဆို
ပြည်တော်ပြန်
ABSDF ဥက္ကဌဟောင်း မိုးသီးဇွန်က မြန်မာနိုင်ငံတော် သမ္မတကြီးနှင့်
တွေ့ဆုံစဉ် ရဲဘက်စခန်းများ ရပ်ဆိုင်းဖို့ ဆွေးနွေး တင်ပြသွားမည်
ဖြစ်ကြောင်း The Voice Weekly ကို ပြောကြားသည်။
မိုးသီးဇွန် အပါအဝင် ၇ဦး အဖွဲ့သည့် သမ္မတကြီးနှင့် စက်တင်ဘာလ ၁၅ ရက်နေ့ တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီများနေ့ မတိုင်မီ တွေ့ဆုံသွားဖွယ် ရှိသကဲ့သို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံမည် ဖြစ်ကြောင်း မိုးသီးဇွန်က ရှင်းသည်။
"မြန်မာနိုင်ငံက ရဲဘက်စခန်းတွေနဲ့ ပတ်သက်ပြီး ကမ္ဘာက ပြောနေတော့ မြန်မာ ဖြစ်ရတာ ရှက်မိတယ် " ဟု ၄င်းက ဆိုသည်။

လက်ပံတောင်း တောင်မှ နောက်ဆုံး သတင်းများ
လက်ပန်းတောင်းတောင်အရေး
လှုပ်ရှားသော ၀က်မှေးကျေးရွာသူ မသွဲ့သွဲ့ဝင်း၊ မအေးနက်တို့သုံးဦးအား
ဥပဒေပုဒ်မ-၃၄၁ မတရားတားဆီးမှု၊ လမ်းပိတ်ဆို့မှု၊ ဥပဒေပုဒ်မ-၂၉၄
ညစ်ညမ်းစွာဆဲရေးတိုင်းထွာမှု၊ ဥပဒေပုဒ်မ-၄၅၂ ပိုင်နက်ကျူးလွန်မှုတို့ဖြင့်
တရားစွဲဆိုထားကြောင်း ကျေးရွာသူများဘက်မှ လိုက်ပါဆောင်ရွက်လျက်ရှိသည့်
ရှေ့နေပြောကြားချက်အား ကိုးကား၍ ဒေါ်ခင်စန်းလှိုင်က ပြောသည်။
လက်ပန်းတောင်းတောင်အရေး လှုပ်ရှားဆန္ဒထုတ်ဖော်မှုများရပ်တန့်ပြီး၊ ဆန္ဒထုတ်ဖော်သူများ၏ တောင်းဆိုမှုများကို လိုက်လျောကာ ငြိမ်းချမ်းစွာပြီးဆုံးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
ပုလဲမြိုနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်၊
ဗဟိုညီလာခံကျင်းပရေး ကော်မရှင်ဦးအောင်ရှင်တို့က စစ်ကိုင်းတိုင်းဒေသကြီး
ဝန်ကြီးချုပ်ဦးသာအေးအပါအ၀င် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် စက်တင်ဘာ ၁၂ ရက်တွင် တွေ့ဆုံဆွေးနွေး ခဲ့သည်။
"ဗိုလ်မှူးချုပ် ကျော်ဇောအတွက် ပြည်တော်ပြန် ကန့်သတ်ချက် များသည် အစိုးရ၏ လက်တွေ့မကျသော အပြုအမူဟု သားဖြစ်သူ ဝေဖန်"
ဗိုလ်မှူးချုပ် ကျော်ဇော အား ရဲဘော် သုံးကျိပ်ဝင် တစ်ဦး အဖြစ် သာ ကန့် သတ် ဖိတ်ခေါ် ပြည်ဝင် ခွင့်ပြုခြင်းနှင့် မိသားစုဝင် အားလုံး အား ဖိတ်ခေါ်မှု မပြုခြင်း သည် အစိုးရ ၏ လက်တွေ့မကျသော အပြု အမူဖြစ်ကြောင်း မြန် မာပြည် ပြန်လာ ခွင့် အတွက် ချန်လှပ်ခြင်းခံ ထားခဲ့ ရသည့် သားဖြစ်သူ ဦးအောင်ကျော်ဇော က ဝေဖန် လိုက်သည်။
"ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံတွင် စွန့်ပစ်ခံ လူနာ ၃ဝဝ ကျော် ရှိနေ"
စိတ်ကျန်းမာရေး
ဆေးရုံကြီး(ရန်ကုန်)တွင် ဆက်သွယ်မှု လုံးဝမရှိဘဲ ပြန်လာမခေါ်တော့သည့် လူနာ
ယခုနှစ်အတွင်း ၃ဝဝ ကျော်ရှိနေပြီဟု ဆေးရုံအုပ်ကြီး ဒေါက်တာဦးကျော်စိုးက
ပြောသည်။
''လာမခေါ် ဘူးဆိုတာထက် ဆက်သွယ်မှုကိုမရှိဘဲ လုံးဝကို လာပစ်သွားတာ။ သူတို့ကို လူနာ ဆောင်ထဲမှာ ပဲထားပြီး ဆေးရုံက ကျွေးထားပါတယ်''ဟု ၄င်းက ဆက်လက်ပြောသည်။လက်ရှိ စိတ်ကျန်းမာရေးဆေးရုံ ကြီး(ရန်ကုန်)တွင် လူနာဦးရေ ၁ဝ၅ဝ ရှိပြီး ယင်းတို့ထဲမှ ပြန်လာမခေါ်တော့ သည့်လူနာ ၃၅၆ ဦး ရှိနေ သည်။
သတ္တ မမြောက်မျိုးဆက် iPod Nano ကို Apple ကုမ္ပဏီ ပြသ
အရွယ်ကြီးမားသည့်
display အပြင် ပါးလွှာသည့် ဒီဇိုင်းနှင့် volume rocker သစ်ပါဝင်သည့်
သတ္တ မမြောက်မျိုးဆက် iPod Nano ကို Apple ကုမ္ပဏီက ဆန်ဖရန်စစ္စကိုမြို့၌
ကျင်းပပြုလုပ်ခဲ့သည့် Apple event တွင် ပွဲထုတ်မိတ်ဆက် ပြသခဲ့သည်။ iPod
Nano သစ်တွင် ပါဝင်လာသည့် volume rocker သစ်သည် သီချင်းများကို play,
pause, scroll ပြုလုပ်နိုင်ပြီး built-in FM tuner တွင်လည်း live pause
feature ပါဝင်ကြောင်း သိရသည်။ ခရမ်းရောင်၊ အပြာရောင်၊ အဝါရောင်၊ အနီရောင်၊
အနက်ရောင်၊ ငွေရောင် စသည့် အရောင်မျိုးစုံဖြင့်ရရှိနိုင်ပြီး
device ၏ အရောင်နှင့် လိုက်ဖက်သည့် background wallpaper ကို default
ပြုလုပ်ထားနိုင်သည်။
ရှင်းနေတာကို ရှုပ်အောင်လုပ်တဲ. မိုးသီးဇွန်
၂၀၁၂ စက်တင်ဘာ ၁၀ ရက်နေ.ထုတ် Messenger ဂျာနယ် ( Vol 3, No.16 )
မှာပါတဲ." ကိုမိုးသီးဇွန်နှင်.တွေ.ဆုံ
နိုင်ငံရေးကိစ္စတွေ ၊ ADSDF ကိစ္စတွေ၊ တောခိုကျောင်းသား အချင်းချင်း သတ်ကြဖြတ်ကြတဲ.ကိစ္စ တွေ နဲ့ ပတ်သက်ပြီးကိုယ်တိုင်ကြုံခဲ. သူ ကာယကံရှင်တွေကဖွင်. ဖော်ပြောကြားလာပြီမို.
ပတ်သက်သက်ဆိုင်သူတွေဟာ တရားရုံး မှာ မလွဲမသွေ အနှေးနဲ.အမြန်ရင်ဆိုင်ဖြေရှင်း ကြရတော.မှာမို. စာဖတ်ပရိသတ်တစ်ရောက်အနေနဲ. ဘာမှဝင်ပြီးပြောစရာမရှိပါဘူး ။
"အစိုးရဖြေ ရမည့် မေးခွန်း ၁ဝဝ ကျော် ပြည်သူ့ လွှတ်တော် တွင် ကျန်နေသေး"
ပထမအကြိမ်
ပြည်သူ့ လွှတ် တော် စတုတ္ထ ပုံမှန် အစည်း အဝေး တွင် အစိုးရ အဖွဲ့မှ ဖြေရန်
မေးခွန်း ၁၁၁ ခုနှင့် အဆို ၉ ခုကျန်ရှိ ကြောင်း ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရ
ဦးရွှေမန်းက ပြောသည်။
''ကြယ်ပွင့်ပြ မေးခွန်း အနေဖြင့် ၅၅၅ ခုရှိသည့် အနက် အစိုးရရုံး အဖွဲ့ သို့ ပေးပို့ခဲ့ သည့် မေးခွန်း ၄၂၉ ခုရှိပါတယ်။ ၄င်းတို့အနက် အ သင့်ဖြစ်မေး ခွန်း ၁၃၄ ခု ဖြေကြားပြီး မေးခွန်း ၁၅၉ ခု အစိုးရ အဖွဲ့ရုံး မှ ရရန်ကျန်မေး ခွန်း ၁၁၁ ခုနဲ့ လွှတ်တော် မှ ဆောင်ရွက်ရန် မေးခွန်း တစ်ခု ဖြစ်ပါတယ်။ ကြယ်ပွင့် မပြ မေးခွန်း အနေနဲ့ မေးခွန်း အရေအတွက် စုစုပေါင်း ၄၄၄ ခု ရှိသည့် အနက် ဖြေကြားချက် ရရှိပြီး မေးခွန်း၂၆၆ ခုရှိပြီး အဖြေ မရရှိသေးေ သာမေးခွန်း ၁၅၉ ခုဖြစ်ပါတယ်'' ဟု ဥက္ကဋ္ဌက လွှတ်တော် တွင် ပြောကြား ခဲ့သည်။

iPhone 5 Is Here
iPhone
5 ရောက်လို့ လာပါပြီ။ ပါးလည်းပါး မြန်လည်မြန် အရင်ပုံစံနဲ့ မတူပဲ လှပတဲ့
Panoramic Screen မှာမှ Reso- lution ကောင်းကောင်းကို Battery
သိပ်မစားပါဘူးတဲ့။
ပုသိမ်သတင်းစာရှင်းလင်းပွဲ အဖွဲ့ချုပ်အတွင်း စိတ်ဝမ်းကွဲစေရန် ရည်ရွယ်ဟု NLD ထုထ်ပြန်
ပုသိမ်မြို့တွင် NLD အဖွဲ့ဝင်အချို့၏ သြဂုတ် ၂၅ ရက်က ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲ သည် အဖွဲ့ချုပ်အတွင်း စိတ်ဝမ်းကွဲစေရန် ရည်ရွယ်လုပ်ဆောင်သည်ဟု သတ်မှတ်ကြောင်း NLD ဗဟို ညီလာခံကျင်းပရေးကော်မရှင်က ကြေငြာသည်။
ဦးဘဂျမ်း၊ စင်ဒီကရောဖို့ဒ်နဲ့ ကြော်ငြာလောကရဲ့ ကိုယ်ကျင့်တရား
(တစ်)
ကျွန်တော်တို့နိုင်ငံ၏ စီးပွားရေးကို ဗဟိုကချုပ်ကိုင်သည့်
စီမံကိန်းစီးပွားရေးစနစ်မှ ဈေးကွက်စီး ပွားရေး စနစ်ဆီသို့
ရွေ့လျားပစ်လိုက်ပြီးသည့်နောက် ဈေးကွက်နှင့်အတူတကွ
ဖွံ့ထွားလာ သည့် လုပ်ငန်းမှာ ကြော်ငြာလုပ်ငန်းပဲဖြစ်ပါသည်။
ကြော်ငြာအကျိုးဆောင်လုပ်ငန်းများ တည်ထောင် လာကြကာ ရုပ်မြင်သံကြားပေါ်က
စာနယ်ဇင်းများပေါ်က၊ ရေဒီယိုအသံလွှင့်လေလှိုင်းပေါ်က၊
လမ်းဘေး ၀ဲယာ ဧရာမဆိုင်းဘုတ်ကြီးများ ပေါ်ကနေ၍ ကိုယ်တာဝန်ယူထားသည့်
စီးပွားရေးလုပ်ငန်းအောင်မြင် မှုရရှိစေရန် ကြော်ငြာပေးကြသည်မှာကား
သဘာဝပင်ဖြစ်ပါသည်။
ထိုကြော်ငြာပေါင်းစုံတို့ကို ကြည့်ရင်း၊
နားထောင်ရင်း၊ ဖတ်ရှုရင်းက ဖတ်မိသမျှ မှတ်မိသမျှ ကလေးများကို သတိရလာမိကာ
အတွေးတချို့တလေကို ဖောက်သည်ပြန်ချလိုခြင်း ဖြစ်ပါသည်။ Business ethic ဟု
ခေါ်မလား။ Advertising ethic ဟု ခေါ်မလား။ ကျွန်တော်မသိပါ။
ကြော်ငြာလုပ်ငန်းနှင့် စီးပွားရှာသူတို့ လိုက်နာသင့်သော
ကိုယ်ကျင့်တရားများဟုပဲ ဆိုကြပါစို့။
လစ်ဗျားတွင် အသတ်ခံရသူ သံအမတ် အတွက် သမ္မတ အိုဘားမား ဝမ်းနည်း
ပြီးခဲ့သည့် အင်္ဂါနေ့က လစ်ဗျားနိုင်ငံ အရှေ့ ပိုင်း Benghazi မြို့ ရှိ အမေရိကန် သံရုံးတွင် ပဋိပက္ခဖြစ်ပွားရာ လစ်ဗျားနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ် ခရစ်စတိုဖာ စတီဖန် (Christopher Stevens) ကွယ်လွန်ခဲ့သည်။
အမေရိကန်တို့ ရိုက်ကူးသော ဘာသာရေးပုပ်ခတ်မှု ရိုက်ကူးမှု ဖြစ်သော ဘာသာရေးခေါင်းဆောင် မိုဟာမက် (Prophet Mohammed) နှင့် ဆိုင်ရာ တရားမဝင် ရုပ်ရှင်ကြောင့် လစ်ဗျားရှိ မွတ်ဆလင်တို့ အမြတ်ထွတ်ခဲ့သည်။ ထို့ကြောင့် ပြီးခဲ့သည့် အင်္ဂါနေ့က လစ်ဗျားဘာသာရေး အစွန်းရောက်တို့ အမေရိကန်သံရုံးကို ထိုးဖောက်ဝင်ရောက်ပြီး ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။
(၁၃-၉-၂၀၁၂)ရက် မနက်ပိုင်း သတင်းများ
- KKO နာယကနှင့် ဥက္ကဋ္ဌတို့ သဘောထားကွဲလွဲ click
- KKO ဗဟိုကော်မတီဝင်နှစ်ဦး တာဝန်မှ ယာယီရပ်ဆိုင်းခံခဲ့ရ click
- ကေကေအိုဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူးကို တာဝန်ကနေ ယာယီရပ်ဆိုင်း click
- သျှမ်းပြည်တပ်မတော်၏ အဖမ်းခံရသူများ ၀ တပ်ဖွဲ့ မလွှတ်ပေးသေး (ဆက်သွယ်မေးမြန်းချက်) click
- ဒုက္ခသည်များ နေရပ်ပြန်ပို့မည့်သတင်း ထွက်ပေါ်မှုအပေါ် KCBO သဘောထားထုတ်ပြန် click
- မန္တလေးတိုင်းတွင် မြေကွက် ၃,၀၀၀ ကျော်ကို စည်ပင်က ဖယ်ရှားခိုင်း click
- လက်ပတောင်းတောင်ကြေးနီစီမံကိန် လုံးဝဖျက်သိမ်းရေး ဆန္ဒပြပွဲ (ရုပ်သံ) click
- မုံရွာတွင် တိုင်းဝန်ကြီးချုပ်နှင့် ဒီချုပ်အမတ် ဆွေးနွေး click
- မုံရွာ ကြေးနီစီမံကိန်းကိစ္စ အန်အယ်လ်ဒီအမတ် ကြားဝင်ဖြေရှင်း click
- သဘောတူချက်များကို အလုပ်ရှင် ချိုးဖောက်နေဆဲဟု အလုပ်သမား ဆို click
- ပြည်သူကိုလည်း တရုတ် ဆက်ဆံတော့မည် click
- ထိုင်းနယ်စပ်၌ လက်နက်မှောင်ခိုတဦး ဖမ်းမိ click
- Western Union မြန်မာပြည်တွင် ငွေလွှဲလုပ်ငန်း လုပ်ကိုင်မည် click
- နိုင်ငံတကာကနေ မြန်မာကို တရားဝင်ငွေလွှဲနိုင်တော့မည် click
- ပုဂ္ဂလိကသတင်းစာ ခုကတည်းက ထုတ်ဝေခွင့်ပေးဖို့ သမ္မတထံ စာပို့ click
- ငြိမ်းချမ်းရေးနှင့် လူမှုအဖွဲ့အစည်း ဆွေးနွေးပွဲကျင်းပ click
- ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဆက်ဆံရေးရုံး ဖွင့်ပွဲ (ရုပ်သံ) click
- တူရကီက ရခိုင် ပြန်လည်ထူထောင်ရေး အကူအညီပေးရန် အသင့်ဟုဆို click
- ရခိုင်တွင် ရင်းနှီးမြှုပ်နှံမူ ပြုလုပ်ရန် နိုင်ငံတကာကို ဘင်္ဂလာဒေခ်ျ့အစိုးရ တိုက်တွန်း click
- နစက-BGB အရာရှိ အစည်းအဝေး ပထမဆုံး စတင်လုပ်ပြန်ပြီ click
- သမ္မတဦးသိန်းစိန် တရုတ်နဲ့ အမေရိကန်ခရီးစဉ် အတည်ပြု click
- မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ အမေရိကန် အုပ်ချုပ်ပုံစနစ် လာရောက်လေ့လာ click
- NLD ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း တရားရင်ဆိုင်မှု အနိုင်ရရှိ click
- မှတ်ပုံတင် ပြန်လာလုပ်သူများအတွက် ပြည်နယ်အစိုးရ ခွင့်ပြုချက် အမိန့်စောင့်နေ click
- ၀န်ကြီးသစ်လက်ထက် လိုင်စင်မဲ့ကားများ စိစစ်လာနိုင် click
- ကျောင်းဆရာများ ၀န်ထမ်းအိမ်ရာမှ မဖယ်သဖြင့် မူစယ်၌ ကျောင်းဆောင်သစ် တိုးချဲ့ရေး ကြန့်ကြာနေ click
- ကြည့်ကောင်းတဲ့ မြန်မာ-စင်ကာပူ ခြေစမ်းပွဲ click
- လစ်ဗျားတိုက်ခိုက်မှု အမေရိကန်သံအမတ် သေဆုံး click
- လစ်ဗျားသံရုံး ပစ်ခတ်ခံရမှုတွင် အမေရိကန်သံအမတ် Christopher Stevens သေဆုံး click
- ယီမင် ကာကွယ်ရေးဝန်ကြီး ကားဗုံးခွဲ တိုက်ခိုက်ခံရ၊ ၁၃ ဦး သေဆုံး click
- တောင်ကုတ်တက္ကသိုလ်အား ဒီဇင်ဘာတွင် ဖွင့်နိုင်မည် click

ဒုံးကျည်တင် အမေရိကန် ဖျက်သင်္ဘောများ လစ်ဗျား သို့ ထွက်ခွာ
ပင်တဂွန် အနေနဲ့ စစ်သင်္ဘောနှစ်စီးကို လစ်ဗျား သို့ စေလွှတ်လိုက်ပြီဖြစ်ကြောင်း အမေရိကန် အရာရှိက ပြောကြားတယ်လို့ အေပီ သတင်းဌာနက ကြေငြာလိုက်ပါတယ်။အစောပိုင်းတုန်းက အမေရိကန် အနေနဲ့ လစ်ဗျားမှာရှိတဲ့ သံတမန်တွေရဲ့  လုံခြုံမှုကို ပိုမိုအကာအကွယ်ပေးနိုင်ဖို့အတွက် မရိန်း တပ်သား ၅၀ လောက်သာ စေလွှတ်သွားမယ်လို့ ကြေငြာခဲ့တာပါ။ဒါပေမယ့် အမေရိကန် သံရုံးကို တိုက်ခိုက်မှုကြောင့် လစ်ဗျား နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးနဲ့ သူ့ ရုံးအဖွဲ့ဝင် ၃ ဦး သေဆုံးသွားပြီးတဲ့နောက် စစ်သင်္ဘောတွေကို စေလွှတ်ခဲ့တာဖြစ်ပါတယ်။
မိုးထိမိုးမိ ရွှေကွက်တွင် ကုမ္ပဏီနှင့် အင်းသားများ အကျိုးစီးပွား ကွာဟဆဲ
မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်ရှိ မိုးထိမိုးမိ ရွှေတူးဖေါ်ရေးလုပ်ငန်းတွင် ပင်မကုမ္ပဏီကြီး
ဖြစ်သော အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီနှင့် အကျိုးတူဆောင်ရွက်သူ ရွှေတူးဖေါ်သူများအကြား အဆင်မပြေ မှုများ ဆက်လက်ရှိနေကြောင်း အဆိုပါရွှေတူးဖေါ်ရေး အသိုင်းအဝန်းမှ ပြောသည်။
သြဂုတ်လ ၂၇ ရက်နေ့တွင် ကုမ္ပဏီမှ လုံခြုံရေးများနှင့် ၉၅ဝ လုပ်ကွက်မှ အင်းသား အယောက် ၁၅ဝ ခန့် အချင်းဖြစ်ပွားခဲ့ပြီး အင်းသားများ တရားစွဲဆိုခံထားရကြောင်း ယင်းလုပ်ငန်းခွင်မှ အင်းလုပ်သား များက ပြောသည်။

ဒုတိယ ပင်လုံညီလာခံ ကျင်းပဖို့ KIO ဒု-စစ်ဦးစီးချုပ် ပြော
အစိုးရမှ တိုင်းရင်းသားများအပေါ် မတရားဖိနှိပ်မှုများ မပြုလုပ်နိုင်ရန်နှင့်
တိုင်းရင်းသားများ ဘက်မှလည်း မဖြစ်နိုင်သည့် မတရားတောင်းဆိုချက်များ
ပြုလုပ်နိုင်ရန် ပင်လုံညီလာခံကဲ့သို့သော ဒုတိယပင်လုံ ညီလာခံတခု ကျင်းပ၍
ဘုံသဘောတူညီချက်ချမှတ်နိုင်ရေး ဆွေးနွေးသင့်နေပြီဟု ကချင်လွတ်လပ်ရေးအဖွဲ့
KIO ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောသည်။
“အားလုံးပါဝင်နိုင်တဲ့ ညီလာခံကြီးတခုကို ခေါ်ပေးရမယ်။ ကျနော်တို့ပြောတာကတော့ အရင်ပင်လုံတွေ ကျင်းခဲ့ကြ သကဲ့သို့ ညီလာခံကြီး တခုကို ကျင်းပရမယ်။ အဲဒီမှာတော့ အကုန်လုံးပါဝင်ရမယ်။ ပါဝင်သင့်တဲ့လူတွေ အကုန်လုံး ပါဝင်ရမယ်။ အဲဒီမှာ ဘုံသဘောတူညီချက် တခုကို ရအောင် ကျနော်တို့က ဝိုင်းပြီးမှ ဆွေးနွေးရမယ်။ လူထုရဲ့ရှေ့မှာ အစည်းအဝေးလုပ်ရမယ်။ အဲဒီလို လုပ်လိုက်ခြင်းအားဖြင့် အစိုးရကလည်း မတရားလုပ်လို့ မရတော့ဘူး။ ကျနော်တို့ ဘက်ကလည်း မတရားတောင်းဆိုလို့ မရတော့ဘူး။ အဲတော့ အားလုံးက ဝိုင်းပြီးကြည့်နေရမယ်” ဟု ဗိုလ်ချုပ်ဂွမ်မော် က ဆိုသည်။

လစ်ဗျား- အမေရိကန်သံရုံး တိုက်ခိုက်မှု ကြိုတင်ကြံစည်မှုဖြစ်နိုင်
အမေရိကန် သံအမတ်ကြီး J. Christopher Stevens နဲ့ ၀န်ထမ်းသုံးဦး
သေဆုံးခဲ့တဲ့ လစ်ဗျားနိုင်ငံ အရှေ့ဘက် Benghazi မြို့က တိုက်ခိုက်မှုဟာ
အမေရိကန် ဆန့်ကျင်သူတွေရဲ့ ဒေါသထွက် တိုက်ခိုက်မှုထက် ကြိုတင်စီစဉ်
တိုက်ခိုက်မှု ဖြစ်နိုင်တယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။
အမေရိကန်ကောင်စစ်ဝန်ရုံးကို အင်္ဂါနေ့နှောင်းပိုင်းက လူစုလူဝေးနဲ့ ၀င်ရောက် စီးနင်းမှုတွေမှာ ဒုံးကျည်ရော့ကက်တွေ ကိုင်ဆောင်ထားသူတွေနဲ့အတူ လက်နက်ကိုင်တွေနဲ့ ပူးပေါင်း စီစဉ် ထားပုံရတယ်လို့ ပြောဆိုခဲ့ကြတာပါ။ ဒါပေမဲ့လည်း အမေရိကန်မှာ စက်တင်ဘာ ၁၁ ရက် အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ၁၁ နှစ်ပြည့်အချိန်နဲ့ တိုက်ဆိုင်ပြီး တိုက်ခိုက်ခဲ့တာ ဟုတ်မဟုတ်ဆိုတာကို ပြောဖို့ကတော့ စောသေးတယ်လို့လည်း ပြောခဲ့ကြတာပါ။

ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကခရီးစဉ် စက်တင်ဘာလ ၁၆ ရက်မှစတင်ပြီး ရက်ပေါင်း ၂၀ ကြာမြင့်မည်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ
ဒေါ်အောင်ဆန်းစုကြည်၏ အမေရိက ခရီးစဉ်မှာ စက်တင်ဘာလ ၁၆ ရက်မှ အောက်တိုဘာလ ၅
ရက်နေ့အထိ ရက်ပေါင်း ၂၀ ကြာမြင့်မည်ဖြစ်ကြောင်း
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်၏ ပြောကြားချက်အရ သိရသည်။
''ခရီးစဉ်မှာ ဘယ်သူတွေ လိုက်ပါမယ်ဆိုတာတော့ အတိအကျ မပြောနိုင်သေးဘူး။
အောက်တိုဘာလ ၅ ရက်နေ့မှာတော့ ပြန်ရောက်မယ်'' ဟု ဦးအုန်းကြိုင်က ပြောပါ သည်။
''ခရီးစဉ်မှာ ဘယ်သူတွေ လိုက်ပါမယ်ဆိုတာတော့ အတိအကျ မပြောနိုင်သေးဘူး။ အောက်တိုဘာလ ၅ ရက်နေ့မှာတော့ ပြန်ရောက်မယ်'' ဟု ဦးအုန်းကြိုင်က ပြောပါ သည်။
မြန်မာနိုင်ငံမှာ အင်တာနက်တွေ ဘာကြောင့်နှေးတယ်လို့ ယူဆပါသလဲ
လူကြောင့်လို့ပဲ
ကျွန်တော်ဖြေချင်ပါတယ်။ National Gateway ကို တာဝန်ယူထိန်းသိမ်းရတဲ့လူတွေက
Traffic Pattern တွေကို အမြဲစောင့်ကြည့်ပြီး International Link များအပေါ်
မျှတမြန်ဆန်နိုင်စေရန် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ဖို့လိုမယ်ထင်ပါတယ်။
ဒီလိုမဟုတ်ရင် Traffic များတဲ့အချို့ International Link များတွင်
ပြည့်ကျပ်နေနိုင်ပြီး တစ်ချို့Link များတွင် Traffic မရှိဘဲ
မညီမမျှဖြစ်ပြီး နှေးနေနိုင်ပါတယ်။ National Gateway ဆိုတာကလည်း မူအားဖြင့်
နိုင်ငံတော်မှ ထိန်းချုပ်တယ်ဆိုပြီး နည်းပညာအားနည်းနေရင် တစ်နိုင်ငံလုံး
အင်တာနက်နှေးနေတာ အမှန်တော့ ထူးဆန်းတဲ့ကိစ္စမဟုတ်ပါဘူး။ အမှန်တကယ်
ထူးဆန်းနေတာက အင်တာနက်ကသာ နှေးနေတယ်။ နိုင်ငံတော်က၀ယ်ထားတဲ့ Bandwidth
ကိုသုံးစွဲမှုက သုံးပုံမှာတစ်ပုံလောက်ပဲသုံးပြီး
ကျန်နှစ်ပုံက အလဟသဖြစ်နေမယ်ဆိုရင် နိုင်ငံတော်ဘဏ္ဍာငွေတွေက အလဟသဖြစ်နေပြီး
အင်တာနက်ကလည်း နှေးနေဦးမယ်။ ဒီလိုနှေးနေဦးမယ်ဆိုရင်
တိုင်းပြည်နဲ့ပြည်သူတွေအတွက်ကတော့ ငွေကုန်ကြေးကျများပြီး အလုပ်မဖြစ်တဲ့ Internet ၀န်ဆောင်မှုတစ်ခုဖြစ်နေမှာပါပဲ။
အမှားလုပ်တဲ့သူတွေဟာ အမှားကို ၀န်ခံရမယ်။ ရှိတဲ့အမှားကို ပြင်ဆင်ရမယ်။ အမှားလုပ်ခဲ့တဲ့သူတွေက အမှားကို ၀န်မခံဘဲနဲ့ နေရာဝင်ယူလို့ မရဘူး။ အဲဒါကို ကျွန်တော် ပြောချင်တာ။
Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်ကို ပေါ်ပြူလာဂျာနယ်၏
အယ်ဒီတာချုပ် ကိုမျိုး(မြန်မာစာ)က စက်တင်ဘာလ ၉ ရက်နေ့တွင် တွေ့ဆုံပြီး
မီဒီယာနှင့် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခင်းအကျင်းများအား ဆက်စပ်ပြီး
မေးမြန်းမှု ပြုလုပ်ခဲ့ပါသည်။ ထိုမေးမြန်းမှု (အင်တာဗျူး)ကို စက်တင်ဘာလ ၁၂
ရက်နေ့တွင် ထုတ်ဝေခဲ့သော Popular Myanmar News ဂျာနယ်တွင် ဖော်ပြခဲ့ပါသည်။
ထိုသို့ဖော်ပြခဲ့သည့် အင်တာဗျူးအား Eleven Media Group ၀က်ဘ်ဆိုဒ်၌
ထပ်မံဖော်ပြလိုက်ပါသည်။
မေး။ ။ ပထမဆုံးအနေနဲ့ မေးချင်တာကဆရာ ခုဏကပြောသလိုပြန်လာတဲ့ သူတွေသေး သိမ်အောင်ရေးနေကြတယ် ရေးနေကြတယ်ဆိုတာ Facebook လည်းဖြစ်မယ် တရားဝင် မီဒီယာ အချို့တွေ လည်း ဖြစ်ကောင်းဖြစ်မယ်။ မီဒီယာပေါ်မှာ တက်ရောက် ပြောခွင့်ရှိတဲ့ သူတွေ လည်း ဖြစ်ကောင်းဖြစ်မယ်။ အဲဒီလိုပုတ်ခတ်ပြောဆိုတဲ့ဟာက ၈၈ ကို သမိုင်းတစ်ခုလုံး မဟုတ်တောင် တစ်စိတ်တစ်ပိုင်းကို ထိခိုက်သွားစေနိုင်တဲ့ အကြောင်းအရာတွေ ဖြစ်နေမယ် သမိုင်း တစ်ခုလုံးကိုလည်း ထိခိုက်သွားစေတဲ့အကြောင်း အရာတွေဖြစ်နေမယ် အဲဒီသဘောလက်ရှိ မီဒီယာကျင့်ဝတ်နဲ့ ဘာလုပ် သင့်တယ်ဆိုတာလေးနဲ့ စမေးချင်တယ်။ မီဒီယာကျင့်ဝတ်နဲ့ ၈၈ သမိုင်းဆိုတာက ၂၄ နှစ်ကျော်ကာ လကျမှ ဒီနေ့ အချိန်ခါမှ မှန်သည် မှားသည်ဆိုတာကို ဘယ်သူမှ ၀န်မခံသေးဘူး။ ကျူးလွန်တဲ့ သူတွေပေါ့။ တစ်ဘက်က ဒီဟာကြီးဟာ မှန်ပါတယ်ဆိုပြီးတော့ ယုံကြည်ချက်နဲ့ နေခဲ့တဲ့သူတွေကပဲ မှန်တယ်လို့ ပြောနေတဲ့ကာလပါ။ အဲဒီလိုကာလမှာ မီဒီယာအနေနဲ့ ဘယ်လိုကျင့်ဝတ်နဲ့ ဘယ် လိုစကားလုံးမျိုး ဘယ်လိုအရေးအသားမျိုး ဘယ်လိုဖော်ဆောင်မှုမျိုး လိုအပ်သလဲပေါ့ အဲဒါလေးမေးချင်ပါတယ် ဆရာ။

ဖန်သားပြင် လေးလက်မအကျယ်ရှိ 4G LTE စနစ်သုံး အပါးလွှာဆုံး iPhone 5 စတင်မိတ်ဆက်
Apple
ကုမ္ပဏီသည် စမတ်ဖုန်း တစ်ခေတ်ပြောင်းလဲစေခဲ့သော iPhone များ၏
နောက်ဆုံးမျိုးဆက်သစ် iPhone 5 ကို စက်တင်ဘာလ ၁၂ ရက်နေ့
(မြန်မာ့စံတော်ချိန် ည ၁၁ နာရီခွဲ)တွင် စတင်ပြသခဲ့သည်။
ဆန်ဖရန်စစ္စကိုတွင် ပြုလုပ်ခဲ့သော ယင်းအခမ်းအနားတွင် Apple ၏ ဈေးကွက်ရှာဖွေရေးဆိုင်ရာ အကြီးတန်းဒုတိယဥက္ကဋ္ဌ ဖိလစ်ရှီးလားက iPhone 5 ကို ပြသသွားခဲ့သည်။ ကြိုတင်ထွက်ပေါ်နေခဲ့သည့် သတင်းများအတိုင်း iPhone 5 ၏ ဖန်သားပြင်မှာ လေးလက်မအထိရှိလာခဲ့ပြီး 4G LTE စနစ် ပါဝင်လာခဲ့သည်။ ချိတ်ဆက်သည့် ကြိုးခေါင်းမှာလည်း သတင်းများထွက်ပေါ်ထားခဲ့သည့်အတိုင်း
ပိုမိုသေးငယ်သွားခဲ့သည်။ အထူမှာ ၇ ဒသမ ၆ မီလီမီတာသာရှိပြီး
စမတ်ဖုန်းများတွင် အပါးလွှာဆုံးဖြစ်သည်။ Apple ၏ နောက်ဆုံးမျိုးဆက် A6
processor ကို အသုံးပြုထားသည်။
ဆန်ဖရန်စစ္စကိုတွင် ပြုလုပ်ခဲ့သော ယင်းအခမ်းအနားတွင် Apple ၏ ဈေးကွက်ရှာဖွေရေးဆိုင်ရာ အကြီးတန်းဒုတိယဥက္ကဋ္ဌ ဖိလစ်ရှီးလားက iPhone 5 ကို ပြသသွားခဲ့သည်။ ကြိုတင်ထွက်ပေါ်နေခဲ့သည့် သတင်းများအတိုင်း iPhone 5 ၏ ဖန်သားပြင်မှာ လေးလက်မအထိရှိလာခဲ့ပြီး 4G LTE စနစ် ပါဝင်လာခဲ့သည်။ ချိတ်ဆက်သည့် ကြိုးခေါင်းမှာလည်း သတင်းများထွက်ပေါ်ထားခဲ့သည့်အတို
Subscribe to:
Posts (Atom)