Thursday 14 January 2016

ပြင်ဆင်ထားသည့် ရပ်ကျေးအုပ်ချုပ်ရေးဥပဒေကို အမျိုးသားလွှတ်တော်အတည်ပြု

ကျေးရွာရပ်ကွက်အုပ်ချုပ် ရေးမှူးများ သက်တမ်းကို နိုင်ငံတော် သမ္မတ ၏ သက်တမ်းနှင့်အညီသတ်မှတ် ပြင်ဆင် ထားသည့် ရပ်ကွက်(သို့) ကျေးရွာအုပ်စုအုပ် ချုပ်ရေးဥပဒေကို အမျိုးသားလွှတ်တော်က ယမန်နေ့က အတည်ပြုလိုက်သည်။
ဇန်န၀ါရီ ၁၃ ရက်က အမျိုးသား လွှတ်တော်တွင် ပြည်သူ့လွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော ကျေးရွာ အုပ်စုအုပ်ချုပ်ရေးဥပဒေကို
ဒုတိယအကြိမ်ပြင်ဆင်ထားသည့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ထောက်ခံဆွေးနွေးပြီးနောက် ကန့်ကွက်သူမရှိဘဲ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

အကြမ်းဖက်အုပ်စုများနှင့် ဆက်နွှယ်သူများ၏ငွေကြေးနှင့်ရန်ပုံငွေကို ထိန်းချုပ်ရန် ဆောင်ရွက်နေဟု ပြည်ထဲရေးဒုဝန်ကြီးပြော

မြန်မာနိုင်ငံသို့ အကြမ်းဖက်သမားများ မဝင် ရောက်စေရန် အကြမ်းဖက်အုပ်စု များ၊ ယင်းအုပ်စုတို့နှင့်ဆက်နွှယ် သူများ၏ငွေကြေးနှင့်ရန်ပုံငွေကို ထိန်းချုပ်ရန် ဆောင်ရွက်နေသည် ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်ကပြောသည်။

‘‘သူတို့ရဲ့ငွေကြေးနဲ့ရန်ပုံငွေ များကို နှောင့်နှေးကြန့်ကြာခြင်း မရှိဘဲ ထိန်းချုပ်နိုင်ရန် ဘဏ်နှင့် ငွေရေး၊ ကြေးရေးအဖွဲ့အစည်း များထံသို့ တားမြစ်မိန့်ထုတ်ပြန်ပြီး ရန်ပုံငွေများအား စိစစ်ဆောင် ရွက်နေပါတယ်’’ဟု ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ် မှူးချုပ် ကျော်ဇံမြင့်က ပြောသည်။ဇန်နဝါရီ ၁၃ ရက်က ပြုလုပ်သည့်အမျိုးသားလွှတ်တော်တွင် ဧရာဝတီတိုင်းဒေသကြီးမှ ကိုယ် စားလှယ်ဦးခင်မောင်ရီက အစွန်း ရောက်အကြမ်းဖက်သမားများ ဝင်ရောက်ခြင်းကိစ္စမျိုးအတွက် ကြိုတင်ကာကွယ်ရေးအစီအစဉ် များ၊ စောင့်ကြပ်ကြည့်ရှုသည့်စ နစ်နှင့် အရေးပေါ်ကိစ္စပေါ်ပေါက် လာပါက ဆောင်ရွက်နိုင်သည့်အ စီအစဉ်များနှင့်ပတ်သက်၍ မေး မြန်းမှုအပေါ် ပြည်ထဲရေးဝန်ကြီး ဌာနဒုတိယဝန်ကြီးက အထက်ပါ အတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။