Wednesday 17 October 2012

Viber ဆော့ဖ်ဝဲကိစ္စ ဝေဖန်သံများညံ

အင်တာနက်စနစ်ချိတ်ဆက်ထားသောမိုဘိုင်းဖုန်းများမှတစ်ဆင့်ပည်ပသို့ဖုန်းခေါ်ဆိုနိုင်သည့်Viber ဆော့ဖ်ဝဲ စနစ်ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက တရားမ၀င်ကြောင်း သတ်မှတ်ပြီး အသုံးပြုခွင့် ပိတ်မည် ဟူသော သတင်းထုတ်ပြန်မှုနှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးအပေါ် ဝေဖန်မှုများပေါ်ထွက်လျက်ရှိသည်။

"တစ်ကမ္ဘာလုံးသုံးနေတဲ့ ဆော့ဖ်ဝဲကို ဘယ်နိုင်ငံက အော်ပရေတာကမှ ပိတ်တာမကြားဖူးဘူး။ နိုင်ငံတကာ သုံးလို့ ရနေပြီးမှ ဘာလို့ ကိုယ့်နိုင်ငံမှာ ဒီလိုပြည်သူတွေ အဆင်ပြေနေပြီး ဘယ်သူ့ကိုမှ မထိခိုက်တဲ့ နည်းလမ်းတွေကို ပိတ်ပင်နေရတာလည်းဆိုတာ အခုတလောဖြစ်နေတယ်"ဟု ရန်ကုန်အခြေစိုက် နည်းပညာနယ်ပယ်မှ လူငယ်တစ်ဦးကပြောသည်။

ကန်ဒေါ်လာ အဟောင်းအနွမ်းများလက်ခံရန် ဗဟိုဘဏ် ကြားခံဆောင် ရွက်ပေးတော့မည်

 
 
ကန်ဒေါ်လာ အဟောင်းအနွမ်း၊ အစုတ်အပြဲများကို အစိုးရပိုင်ဘဏ် များနှင့် ပုဂ္ဂလိကဘဏ်များ၌ လဲလှယ်ခွင့်ရရန် ဗဟိုဘဏ်က ကြားခံ ဆောင်ရွက်ပေးတော့မည်ဟု ဗဟိုဘဏ်၏ ပြောရေးဆို ခွင့်ရပုဂ္ဂိုလ် က ထုတ်ဖော်ပြောသည်။

အကျင့်ပျက်ခြစားသော ယာဉ်ထိန်းရဲ တည်ဆဲဥပဒေအပြင် ရဲကျင့် ဝတ်ဖောက်ဖျက်မှုနှင့်ပါ အရေးယူမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ်ပိုင်ရှင်များနှင့် ယာဉ်မောင်း သူများထံမှ ဥပဒေမဲ့ အ ခကြေးငွေ များ တောင်းခံနေသည့် အကျင့်ပျက်ခြ စားနေသော ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များအား တိုင်းဒေ သကြီး ရဲတပ်ဖွဲ့မှူး၏ အမိန့်အရ စုံစမ်းဖော်ထုတ်အရေးယူသွားရန်ဆောင်ရွက် လျက်ရှိကြောင်း ရန်ကုန် တိုင်းဒေ သကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

မကွေး NLD ပါတီဝင်များ ပြည်ခိုင်ဖြိုးပါတီသို့ အစုလိုက်ကူးပြောင်း

http://sphotos-b.ak.fbcdn.net/hphotos-ak-prn1/523770_480995021941141_2096893718_n.jpg

မကွေးမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင်များ ၂၀၁၀ အငြင်းပွား ဖွယ် ရွေးကောက်ပွဲ အနိုင်ရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသို့ အစုလိုက်အပြုံလိုက် ကူးပြောင်းခဲ့ကြောင်း သိရ သည်။