Thursday 13 March 2014

ပျောက်ဆုံးလေယာဉ်ရဲ့ လေကြောင်းအမှတ်စဉ် ကို မလေးရှားအဲလိုင်း အနားပေး..

ပျာက်ဆုံးနေဆဲ မလေးရှားအဲလိုင်းပိုင် လေယာဉ်ရဲ့ လေကြောင်းခရီးစဉ် အမှတ် MH370 နဲ့ MH371 ကို အနားပေးလိုက်ပြီလို့ သိရပါတယ်။ အဆိုပါ Boeing777 လေယာဉ် ရဲ့ ကွာလာလမ်ပူ-ဘေဂျင်း ခရီးစဉ် ရဲ့ ကုတ်နံပါတ် ဟာ MH370 ဖြစ်ပြီး အပြန်ခရီးစဉ်ဖြစ်တဲ့ ဘေဂျင်း-ကွာလာလမ်ပူ ရဲ့ ကုတ်နံပါတ်က MH371 ဖြစ်ပါတယ်။

ပြည်တွင်း စီမံကိန်းများတွင် အမေရိကန်ဒေါ်လာသန်း ၈၀ ကျော် ထပ်မံရင်းနှီးမြှုပ်နှံမည်ဟု ရိုးမဆို

Photo: ပြည်တွင်း စီမံကိန်းများတွင် အမေရိကန်ဒေါ်လာသန်း ၈၀ ကျော် ထပ်မံရင်းနှီးမြှုပ်နှံမည်ဟု ရိုးမဆို
Thursday, March 13, 2014

နာမည်ကျော် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ YOMA Strategic Holdings က မြန်မာနိုင်ငံအတွင်း အကောင်အထည် ဖော်နေသော စီမံကိန်းများတွင် အမေရိကန်ဒေါ်လာ သန်း ၈၀ ကျော် ထပ်မံရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရှိရသည်။

ယင်းကဲ့သို့ တိုးချဲ့ရင်းနှီးမြှုပ်နှံရာတွင် ကြယ်စင်အိမ်ရာ စီမံကိန်း၊ ပန်းလှိုင်အိမ်ရာ စီမံကိန်းနှင့် သီလဝါ အထူးစီးပွားရေးဇုန် အပါအဝင် ရန်ကုန်မြို့ ဆူးလေ ဘုရားလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်း နေရာတွင် တည်ရှိသော ယခင် မြန်မာ့မီးရထားရုံးဟောင်းကို ပင်နီဆူလာ ဟိုတယ်အဖြစ် ပြောင်းလဲ တည်ဆောက်မည့် စီမံကိန်းများလည်း ပါဝင်ကြောင်း အဆိုပါ ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ထပ်မံရင်းနှီးမြှုပ်နှံမည့် ပမာဏ၏ ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိကိုမူ ကြယ်စင်အိမ်ရာ စီမံကိန်းအတွက် သုံးစွဲမည်ဖြစ်ရာ ယင်းစီမံကိန်းအတွင်း Dulwich College နိုင်ငံတကာကျောင်းနှင့် အခြားကျောင်းများ တည်ဆောက်မှုလည်း ပါဝင်မည်ဟု YOMA Strategic Holdings ထံမှ သိရသည်။

“ပြည်တွင်းက စီးပွားရေး အခွင့်အလမ်းတွေကြောင့် ရင်းနှီးမြှုပ်နှံမှုတွေ ဆက်တိုက် လုပ်နေကြတာပါ။ တချို့တွေက ရင်းနှီးမြှုပ်နှံမှု နည်းတယ်လို့ ပြောကြတယ်။ အရင်က မဝင်လာတာထက်စာရင် အများကြီး ပိုလာတာပေါ့။ ခုရေတွင်းတူး ခုရေကြည် သောက်လို့မရဘူး။ အချိန်တစ်ခုတော့ စောင့်ရမယ်။ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု ပမာဏက တောက်လျှောက် တက်လာနေပြီ” ဟု အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးက ဆိုသည်။

စင်ကာပူ စတော့အိတ်ချိန်း စာရင်းဝင် ကုမ္ပဏီ တစ်ခုဖြစ်သည့် YOMA Strategic Holdings သည် မြန်မာနိုင်ငံအတွင်း ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်း၊ အိမ်ရာ ဖော်ဆောင်ရေးလုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေး လုပ်ငန်း၊ သီးသန့် လေကြောင်းလိုင်း လုပ်ငန်း၊ သတ္တု တူးဖော်ရေးလုပ်ငန်း၊ မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်း၊ အဖျော်ယမကာ ထုတ်လုပ်ရေး လုပ်ငန်းနှင့် အဆင့်မြင့် ခရီးသွား လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေသည်။

SPA အုပ်စုဝင် အခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ FMI သည်လည်း ပြည်တွင်းတွင် ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ရန်အတွက် အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၆ သန်းတန် ရှယ်ယာများကို ယမန်နှစ် နိုဝင်ဘာမှ ယခုနှစ် ဇန်နဝါရီလများတွင် ပြည်တွင်း ရင်းနှီးမြှုပ်နှံသူများသို့ ရောင်းချခဲ့သည်။

The Voice Weekly
နာမည်ကျော် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ YOMA Strategic Holdings က မြန်မာနိုင်ငံအတွင်း အကောင်အထည် ဖော်နေသော စီမံကိန်းများတွင် အမေရိကန်ဒေါ်လာ သန်း ၈၀ ကျော် ထပ်မံရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရှိရသည်။

အွန်လိုင်းငွေပေးချေမှု လက်ခံမည့် လုပ်ငန်းရှင်များနှင့် MPU ဆွေးနွေးမည်

ပြည်တွင်းဘဏ်များ ပူးပေါင်း အကောင်အထည် ဖော်ထားသည့် MPU ကတ်ကို အသုံးပြု၍ အွန်လိုင်းစတိုး များတွင် ငွေပေးချေနိုင်ရန် လုပ်ငန်းရှင်များနှင့် ဧပြီလအတွင်း တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း MPU (Myanmar Payment Union) အမှုဆောင် အရာရှိချုပ် ဦးဇော်လင်းထွဋ်က ပြောကြားသည်။

လိင်ဇာတ်ကား ရိုက်ကူးမည် မဟုတ်ကြောင်း ဇာဇာထက်နှင့် ဇွန်သင်ဇာ ငြင်းဆို

Photo: လိင်ဇာတ်ကား ရိုက်ကူးမည် မဟုတ်ကြောင်း ဇာဇာထက်နှင့် ဇွန်သင်ဇာ ငြင်းဆို
Thursday, March 13, 2014

ယခုတစ်လော လူမှုကွန်ရက်စာမျက်နှာတွင် လူအများစိတ်ဝင်စားနေကြသည့် ဇွန်သင်ဇာ၊ ဇာဇာထက်နှင့် ရိုတ တို့သည် လိင်အသားပေး ချစ်ခန်းကြိုက်ခန်းများ ပါဝင်သည့် ဇာတ်ကား ရိုက်ကူးမည့် သတင်းသည် မဟုတ်မှန်ကြောင်း မဇ္ဈိမ၏မေးမြန်းမှုကို ဇွန်သင်ဇာနှင့် ဇာဇာထက်တို့က ငြင်းဆိုလိုက်သည်။
“မဟုတ်ပါဘူး။ ဇာဇာတို့က ကိုယ့်လမ်းကြောင်းနဲ့ ကိုယ်လျှောက်နေကြတာ မဟုတ်ပါဘူး။ ပြီးတော့ ဇာတို့ တွဲလေ့တွဲထတောင် မရှိပါဘူး။ ပွဲတွေမှာပဲ ခင်ကြတာ။ အများထင်နေသလို မဟုတ်ပါဘူး။ ဒီလို ရိုက်ကူးမှု ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု ဇာဇာထက်က ငြင်းဆိုခဲ့သလို
“မဟုတ်ပါဘူး။ ဖေ့စ်ဘွတ်ပေါ်မှာ စသလို နောက်သလို ရေးတာကနေ ပွသွားတာ နေပါလိမ့်မယ်။ ကိုရိုတ နဲ့ ရှိုးပွဲမှာ တစ်ခေါက်၊ နှစ်ခေါက်လောက်ပဲ ဆုံဖူးပါတယ်။ မောင်နှမလို ခဏတဖြုတ်ပါပဲ။ ဇာဇာထက် နဲ့ တော့ အရမ်းခင်တယ်။ ဒီလိုဇာတ်ကားတွေ ရိုက်ကူးဖို့ဆိုတာ ကျွန်မအနေနဲ့ မဖြစ်နိုင်ပါဘူး။ပြောနေကြတဲ့ ကောလာဟလတွေဆိုတာ မဟုတ်မမှန် ပါဘူး” ဟု ဇွန်သင်ဇာကလည်း ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လိင်မှုဇာတ်ကား ရိုက်ကူးကြမည်ဆိုသည့် အကြောင်းအရာများကို လူမှုကွန်ရက် စာမျက်နှာများ နှင့် လူငယ်တချို့၏ ပြောစကားများတွင် ရေပန်းစားပြောဆိုနေကြခြင်း ဖြစ်သည်။
၎င်းတို့သည် ယခုတလောတွင် လူမှုကွန်ရက်စာမျက်နှာထက်၌ လိင်အသားပေး ဓာတ်ပုံများဖြင့် လူအများ စိတ်ဝင်စားခြင်းခံရစေရန် ရည်ရွယ်ပြီး အဖော်အချွတ် ဓာတ်ပုံများကို တင်လာခြင်းကြောင့် ယခုလို စိတ်ဝင် စားခြင်းခံရသူများ ဖြစ်သည်။ ပွင့်လင်းလာသည့် ဒီမိုကရေစီခေတ်တွင် လူငယ် အများအပြားသည် နည်း လမ်းလွဲမှားစွာ အသုံးပြုလာကြခြင်း ဖြစ်သည်ဟု အွန်လိုင်းအသုံးပြုကြသည့် ခေတ်မီလူကြီးများကသုံးသပ် ပြောကြားကြသည်။
ဇာဇာထက်သည် ၂၀၁၀ ပြည့်နှစ်တွင် ဂျွန်လွင်၏ မော်ဒယ်သင်တန်းတွင် တက်ရောက်ခဲ့သူဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် အနုပညာ အလုပ်များကို စတင်လုပ်ကိုင်ခဲ့သူဖြစ်ကာ ဇွန်သင်ဇာသည် အော်စကာသရုပ်ဆောင် သင်တန်းတွင် သင်တန်း တက်ရောက်ခဲ့ပြီး အနုပညာလောကကို ၀င်ရောက်လာသူ ဖြစ်သည်။
သရုပ်ဆောင် ရိုတသည် မြ၀တီရုပ်မြင်သံကြားတွင် တစ်ချိန်က ထုတ်လွှင့် ပြသခဲ့သည့် “ပျော်ရွှင်စရာ သရုပ်ဆောင် ကမ္ဘာ” တွင် စတင်ခဲ့ပြီး အနုပညာလောကထဲသို့ ၀င်ရောက်လာခြင်းဖြစ်သည်။

Mizzima - News in Burmese
ယခုတစ်လော လူမှုကွန်ရက်စာမျက်နှာတွင် လူအများစိတ်ဝင်စားနေကြသည့် ဇွန်သင်ဇာ၊ ဇာဇာထက်နှင့် ရိုတ တို့သည် လိင်အသားပေး ချစ်ခန်းကြိုက်ခန်းများ ပါဝင်သည့် ဇာတ်ကား ရိုက်ကူးမည့် သတင်းသည် မဟုတ်မှန်ကြောင်း မဇ္ဈိမ၏မေးမြန်းမှုကို ဇွန်သင်ဇာနှင့် ဇာဇာထက်တို့က ငြင်းဆိုလိုက်သည်။

အစိုးရဘက်ကတော့ အသရေဖျက်မှုလိုဟာမျိုးနဲ့တရားစွဲတာမျိုး မရှိပါဘူးဟု ဦးရဲထွဋ်ပြော

Photo: အစိုးရဘက်ကတော့ အသရေဖျက်မှုလိုဟာမျိုးနဲ့တရားစွဲတာမျိုး
မရှိပါဘူးဟု ဦးရဲထွဋ်ပြော
Thursday, March 13, 2014

မီဒီယာများမှာ ကြုံတွေ့နေရသည့် ကိစ္စတချို့မှာ သတင်းစာကျင့်ဝတ် နားမလည်၍ ဖောက်ဖျက်မိသဖြင့် အဖမ်းခံရခြင်း၊ တရားစွဲခံရခြင်းများ
အပေါ်မှာ စာပေစိစစ်ရေးမှ ဖြေလျှော့စေသောအပိုင်းများ ရှိသော်လည်း မီဒီယာများမှစိုးတထိတ်ထိတ်နှင့် လုပ်ကိုင်နေရသည့် အပေါ်ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်ကို မေးမြန်းဖြစ်ခဲ့ပါသည်။

''ပထမဆုံး လိုအပ်ချက်ကတော့ စာနယ်ဇင်းအတတ်ပညာနဲ့ ကျင့်ဝတ်
အဆင့်အတန်းအားလုံး မြင့်မားအောင် စာနယ်ဇင်းအချင်းချင်း အပြန်အလှန်သင် ကြား ပေးရမှာပါ။

သူများနိုင်ငံတွေကို သွားရောက်လေ့လာတဲ့အခါ တိုင်ကြားမှုဖြေရှင်းတဲ့စနစ် Complaint Mechanism ကောင်းတယ်။ အဲဒီနိုင်ငံတွေမှာ ကျင့်ဝတ်နဲ့ပတ်သက်ပြီး တိုင်ကြားမှုတွေ ရဲ့ ၈ဝ ရာခိုင်နှုန်းက တရားရုံး မရောက် ဘူး။ စာနယ်ဇင်းကောင်စီရဲ့ ဖြေရှင်းမှု နဲ့ပဲ ပြီးသွားတာများတယ်။ ဒီကနေ စာနယ်ဇင်းကောင်စီမှာ အဲဒီစနစ်ရှိတယ်လို့ သူတို့ကပြောတယ်။ ဒါပေမဲ့ ပွင့်လင်းမြင် သာမှုမရှိဘူး။ ဒီကနေ့ထိ စာနယ်ဇင်း ကောင်စီမှာ ကျင့်ဝတ်ဖောက်ဖျက်မှုတွေအတွက် တိုင်ကြားမှု ဘယ်နှခုရှိလဲဆို တာမျိုး ထုတ်ပြန်ကြေညာတာမျိုးမရှိ သေးဘူး။

သူများနိုင်ငံတွေမှာကတော့ သူတို့ရဲ့ဆုံးဖြတ်ချက်တွေကို ထုတ် ပြန် ကြေညာတယ်။ ဒါက ကျင့်ဝတ်နဲ့ မညီ တဲ့အတွက် စာနယ်ဇင်းက တောင်း
ပန်သင့်တယ်။ ဒါက ကျင့်ဝတ်နဲ့ညီတဲ့အတွက် စာနယ်ဇင်းဘက်က မှန်တယ်ဆိုတာမျိုးကို လူသိရှင်ကြား သတင်းထုတ်ပြန်ပေးတယ်။
ကျွန်တော်တို့ဆီမှာက အဲဒီလို ကြေညာချက်မျိုးမရှိတဲ့အတွက် လူတွေကစာနယ်ဇင်းကောင်စီကိုသွားရင် သူတို့ကို အကာအကွယ်ပေးမလား၊ မပေးဘူးလားဆိုတာ သံသယရှိတဲ့အတွက် တရားရုံးကို တိုက်ရိုက်သွားနေ
ကြတာပါ။ အဲဒီစနစ်လေး ခိုင်ခိုင်မာမာဖြစ်လာရင် ပိုကောင်းလာမယ်။

ဒါကစာနယ်ဇင်းကောင်စီကို ဥပဒေနဲ့အညီဖွဲ့ သည်ဖြစ်စေ၊ မဖွဲ့
သည်ဖြစ်စေ ဥရောပ နိုင်ငံတွေသွားတဲ့အခါ စာနယ်ဇင်းကောင် စီတွေက အစိုးရတို့၊ လွှတ်တော်တို့ရဲ့ ဥပဒေတွေနဲ့ဖွဲ့တာမျိုးမဟုတ်ဘူး။ ကိုယ့် အချင်းချင်းကပဲ စာနယ်ဇင်းကောင်စီ ရှိသင့်တယ်ဆိုပြီး ဖွဲ့စည်းကြတယ်။

သူ့ ရဲ့ဆုံးဖြတ်ချက်တွေကို မလိုက်နာဘူး ဆိုရင် လူသိရှင်ကြားသတင်း ထုတ်ပြန် တယ်။ ဘာလို့လဲဆိုရင် ကျင့်ဝတ်ရဲ့ အ မှားအမှန်တွေကို ပြည် သူတွေ သိအောင် ပညာရေးအနေနဲ့ သတင်းထုတ်ပြန် တယ်။ ဒီမှာက အဲဒီလိုမျိုး မရှိတဲ့အတွက် စာဖတ်ပရိသတ်ကလည်း ဘယ်လို ရေးသား
မှုမျိုးက မှန်တယ်၊ မှားတယ်ဆိုတာ မျိုးမသိဘူး။ ဘယ်ဟာမျိုးက မှားတယ် ဆိုတာမျိုးကို စာနယ်ဇင်းကောင်စီက ပြောမှသိရင် အဲဒီလိုမျိုးရေးတဲ့
သူကို ပရိသတ်က တန်ဖိုးမထားတော့သလို မဖတ်တော့ဘူး။ ဒါမျိုးဆိုရင်
ပွဲဆူ အောင်လုပ်တဲ့ဟာ မျိုးတွေ ပျောက်သွား နိုင်တယ်။

ဒါမျိုးကို ကျွန်တော်တို့က မြန် မြန်လေးပေါ်ပေါက်စေချင်တယ်။ အစိုး ရဘက်ကတော့ အသရေဖျက်မှု လိုဟာ မျိုးနဲ့ တရားစွဲတာမျိုးမရှိပါဘူး။ တချို့ ရေးသားချက်တွေက သမ္မတကြီး အပါ အဝင် နိုင်ငံတော်အကြီးအကဲ တာဝန်ရှိ တဲ့သူတွေအပေါ် အသရေပျက်ရာရောက် တဲ့ ရေးသား မှုတွေတောင် ထိန်းသိမ်းပါ တယ်'' လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ရှင်းပြသည်။ ထို့နောက် စာနယ်ဇင်းကောင်စီ၏ အရေးပါပုံကိုလည်း..

''သူတို့ရဲ့အခန်းကဏ္ဍက တအားအရေးပါတယ်။ စာနယ်ဇင်းကောင်စီက ကျင့်ဝတ်နဲ့ပတ်သက်လာရင် ထောက်ပြနေရမယ်။ သူ့ရဲ့ဆုံးဖြတ်ချက်တွေကို စာနယ်ဇင်းတွေက လိုက်နာချင်မှ လိုက် နာလိမ့်မယ်။ သူက ရဲရဲတင်းတင်းပြော ရင် စာဖတ်ပရိသတ်က သိသွားမယ် လေ။ တဖြည်းဖြည်းနဲ့ ရွေးချယ်သွားလိမ့် မယ်။ အခုဟာက ဘယ်သူမှပြောမယ့် သူမရှိတော့
ဘာဖြစ်လဲဆိုရင် ကျင့်ဝတ် နဲ့မညီတာတွေကို ဖတ်လို့ကောင်းတယ် ဆိုပြီး ဖတ်နေကြတဲ့သူတွေ ရှိနေတယ်။ ဒါကြောင့် ကျင့်ဝတ် အဆင့်အတန်းကို တက်အောင်လုပ်ရသလို တစ်ဖက်က လည်း ထောက်ပြနေရမယ်။

အစိုးရမှား ရင်လည်း ထောက်ပြနိုင်ရမယ်၊ ကိုယ့် အချင်းချင်းမှားနေရင်လည်း ထောက်ပြ နိုင်ရမယ်။ အစိုးရအနေနဲ့ မှန်တယ်၊ မှားတယ်ပြောရင် ပြည်သူက ဘယ်လို ထင်မလဲ၊ အစိုးရက ထိန်းကျောင်းချင် လို့၊ သွယ်ဝိုက်ချင်လို့ အထင်မှားနိုင်တယ် လေ။ ဒီလိုမျိုး ကိုယ့်အချင်းချင်း ပြန် ထိန်းကျောင်း
မှလည်း ကျင့်ဝတ်နဲ့မညီတာတွေ သူ့ဘာသာသူ ပျောက်သွားနိုင်တယ်'' ဟု ဆက်လက်ရှင်းပြခဲ့သည်။

Popular Myanmar News Journal
မီဒီယာများမှာ ကြုံတွေ့နေရသည့် ကိစ္စတချို့မှာ သတင်းစာကျင့်ဝတ် နားမလည်၍ ဖောက်ဖျက်မိသဖြင့် အဖမ်းခံရခြင်း၊ တရားစွဲခံရခြင်းများ အပေါ်မှာ စာပေစိစစ်ရေးမှ ဖြေလျှော့စေသောအပိုင်းများ ရှိသော်လည်း မီဒီယာများမှစိုးတထိတ်ထိတ်နှင့် လုပ်ကိုင်နေရသည့် အပေါ်ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်ကို မေးမြန်းဖြစ်ခဲ့ပါသည်။

ဗိုလ်ချုပ် ဂွမ်မော်အား အရေးယူမှုနှင့်ပတ်သက်၍ ကချင်လူထုအများစု ကျေနပ်မှုမရှိ

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို လက်ကမ်းကြိုဆိုပြီး လိုင်ဇာညီလာခံကို ဦးဆောင် ဦးရွက်ပြုလုပ်ပေးခဲ့တဲ့ KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်ကို ကချင်အဖွဲ့ အစည်း ဖြစ်တဲ့ KIO ထိပ်ပိုင်းခေါင်းဆောင်တွေက လွန်ခဲ့တဲ့တစ်ပတ် လောက်ကတည်းက လုပ်ပိုင်ခွင့်တွေ ကန့်သတ်လိုက်တယ်ဆိုပြီး ကချင်လူထုကြားထဲမှာ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

စစ်တပ်မရှိက ပဋိပက္ခပြန်ဖြစ်နိုင်ဟု ရခိုင်ပြည်နယ်ရောက် ဦးဝီရသူ မိန့်ကြား

Photo: စစ်တပ်မရှိက ပဋိပက္ခပြန်ဖြစ်နိုင်ဟု ရခိုင်ပြည်နယ်ရောက် ဦးဝီရသူ မိန့်ကြား
Thursday, March 13, 2014

ရခိုင်ပြည်နယ်သို့ အမျိုးဘာသာစောင့်ရှောက်ရေး တရားများဟောကြားရန်ဟုဆိုကာ ရောက်ရှိနေသည့် ဦးဝီရသူက ရခိုင်ပြည်နယ်လုံခြုံရေးအတွက် စစ်တပ်အင်အားကို ရုတ်သိမ်းလိုက်ပါက ပဋိပက္ခဖြစ်ပွားနိုင် သည်ဟု မတ် ၁၂ ရက်တွင် မဇ္ဈိမကို မိန့်ကြားသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများတွင် လုံခြုံရေးရဲတပ်ရင်းသာမက အချို့ဒေသများတွင် လုံခြုံရေးယူ ထားသည့်စစ်တပ်များကို မရုတ်သိမ်းသင့်ဟု ဦးဝီရသူက မိန့်ကြားလိုက်ခြင်းဖြစ်သည်။

“စစ်တပ်သာမရှိရင် အချိန်မရွေး ပဋိပက္ခတွေပြန်ဖြစ်နိုင်တယ်”ဟု ဦးဝီရသူက မိန့်ကြားလိုက်ခြင်းဖြစ် သည်။

ဦးဝီရသူသည် ရခိုင်ဒုက္ခသည်စခန်း သုံးခုကို ရောက်ရှိခဲ့ပြီး ဒေသလုံခြုံရေးအခြေအနေကို သုံးသပ်လိုက် ခြင်းဖြစ်သည်။

ဘာသာနှစ်ခု ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်ရေးအတွက် အစ္စလာမ်ဘာသာရေးခေါင်းဆောင် ဒိုင်းမွန်းဦး ရွှေကြည်နှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့သည့် ဦးဝီရသူသည် ရခိုင်ပြည်နယ်တွင် အစ္စလမ်ဘာသာရေးခေါင်း ဆောင်များနှင့် တွေ့ဆုံရန်မရှိဘဲ ရခိုင်တိုင်းရင်းသားများကိုသာ အမျိုးဘာသာ စောင့်ရှောက်ရေး တရား များ ဟောကြားမည်ဟု ဆိုသည်။

“ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးအတွက်တော့ နှစ်ဖက်အဖွဲ့အစည်းနဲ့ ထိပ်တိုက်တွေ့ဆုံဆွေးနွေးဖို့ မရှိ ပါဘူး”ဟု မဇ္ဈိမကို မိန့်ကြားခဲ့သည်။

ရခိုင်ပြည်နယ် လုံခြုံရေးအခြေအနေများနှင့်ပတ်သက်၍ လက်ရှိတွင် ပြည်ထဲရေးဝန်ကြီးဌာနက တာဝန် ယူထားပြီး အရေးပေါ်အခြေအနေများတွင်မူ စစ်တပ်က အင်အားဖြည့်ဆည်းပေးသည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြန်ကြားရေးကော်မတီ အတွင်းရေးမှုးဦးဝင်းမြိုင်က ပြောသည်။

“တချို့နေရာတွေမှာ ရဲဝန်ထမ်းနဲ့ မလုံလောက်ရင် စစ်တပ်ကို အကူအညီတောင်းပါတယ်။ စစ်တပ်ကို အမြဲလုံခြုံရေးချထားမယ့်အစီအစဉ်တော့ မရှိပါဘူး”ဟု ဦးဝင်းမြိုင်က ပြောသည်။

ဒုချရားတန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ကမူ လုံခြုံရေးရဲဝန်ထမ်းများ၏ အရည်အသွေးကို မြှင့်တင်ရန်၊ ခေတ်မီလက်နက်များ တပ်ဆင်ပေးရန်၊ လူဦးရေနှင့်ညီမျှသည့် လုံခြုံရေးအင်အားများ ချမှတ်ပေးရန်၊ သတင်းအချက်အလက်များကို လျင်မြန်စွာ ထုတ်ပြန်ပေးရန်နှင့် အရေးပေါ်အခြေအနေများကို တုံ့ပြန် ဆောင်ရွက်နိုင်ရန် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်အောင် ဆောင်ရွက်ပေးရန်တို့ကို သမ္မတထံအကြံ ပြုတင်ပြထားသည်။

လက်ရှိတွင် ဒုချရားတန်း အနောက်၊ အလယ်နှင့် အရှေ့ကျေးရွာများတွင်မူ ဘင်္ဂါလီရွာသားများမှာ လုံခြုံ ရေးစိုးရိမ်မှုကြောင့် နေ့လယ်ပိုင်းတွင် ရွာမှထွက်ခွာကြပြီး ညပိုင်းများတွင် ကျေးရွာများသို့ ပြန်ဝင်လာကြ သည်ဟု စုံစမ်းစစ်ဆေးရေးကော်မရှင် အတွင်းရေးမှူး ဒေါက်တာကျော်ရင်လှိုင်က ပြောထားသည်။

ရခိုင်တိုင်းရင်းသားများကမူ စုံစမ်းစစ်ဆေးရေးကော်မရှင်နှင့် လ၀က၀န်ကြီးဦးခင်ရီတို့ ရခိုင်ပြည်နယ်သို့ ရောက်ရှိစဉ် လုံခြုံရေးတိုးမြှင့်ပေးရန်လည်း တင်ပြခဲ့ကြသည်။

၈၂ နိုင်ငံသားဖြစ်ခွင့်ဥပဒေကို တောင်းဆိုဆန္ဒထုတ်ဖော်ပွဲများတွင်လည်း ရဲတပ်ဖွဲ့ဝင်များကို တိုးချဲ့ပေး ရန်နှင့် ခေတ်မီလက်နက်များ တပ်ဆင်ပေးရန် တောင်းဆိုထားကြသည်။

လက်ရှိတွင် ရခိုင်တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် ပုဒ်မ ၁၄၄ ကို ပယ်ဖျက်ခြင်းမရှိသေးဘဲ အချိန် လျှော့ပေးခြင်းသာရှိနေသည်။ ထို့ကြောင့် စစ်တပ်လုံခြုံရေးများနှင့် ရဲအင်အားများသည် ပုဒ်မ ၁၄၄ ထုတ် ထားသည့်ဒေသများတွင် ဆက်လက်ရှိနေဦးမည် ဖြစ်သည်။

Mizzima - News in Burmese
ရခိုင်ပြည်နယ်သို့ အမျိုးဘာသာစောင့်ရှောက်ရေး တရားများဟောကြားရန်ဟုဆိုကာ ရောက်ရှိနေသည့် ဦးဝီရသူက ရခိုင်ပြည်နယ်လုံခြုံရေးအတွက် စစ်တပ်အင်အားကို ရုတ်သိမ်းလိုက်ပါက ပဋိပက္ခဖြစ်ပွားနိုင် သည်ဟု မတ် ၁၂ ရက်တွင် မဇ္ဈိမကို မိန့်ကြားသည်။

နယူးယောက်မှာ ဓာတ်ငွေ့ယိုစိမ့်ပြီး ပေါက်ကွဲမှုဖြစ်

Photo: နယူးယောက်မှာ ဓာတ်ငွေ့ယိုစိမ့်ပြီး ပေါက်ကွဲမှုဖြစ်
Thursday, March 13, 2014

အမေရိကန် နယူးယောက်မြို့မှာ ပေါက်ကွဲမှု တခု ဖြစ်ပွားခဲ့ပြီး ၅ထပ်တိုက် နှစ်လုံး ထိခိုက် ပျက်စီးသွားခဲ့ရာမှာ ပေါက်ကွဲမှုဟာ ဂက်စ် ဓါတ်ငွေ့ ယိုစိမ့်မှုကြောင့် ဖြစ်ခဲ့တာလို့ နယူးယောက် မြို့တော်ဝန် Bill de Blasio က ပြောပါတယ်။

အထက် Manhattan မှာ ရှိတဲ့ Harlem ရပ်ကွက်မှာ ဖြစ်ပွားခဲ့တဲ့ အဲဒီ ပေါက်ကွဲမှုကြောင့် လူ ၃ဦး သေဆုံးသွားပြီး ၉ဦး ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ နယူးယောက် မြို့တော်ဝန် ရုံးက ပြောပါတယ်။

လူ ၆၀ကျော်လည်း ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

ပေါက်ကွဲမှုက ငလျင်တခုနဲ့ အလားတူတယ်လို့ အနီးအနား အဆောက်အအုံတွေမှာ နေထိုင်နေတဲ့ သူတွေက ပြောပါတယ်။

ပေါက်ကွဲမှု ဖြစ်တဲ့ နေရာကို မီးသတ်သမား နှစ်ရာ့ငါးဆယ်ကျော် ရောက်လာတယ်လို့ သိရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ပေါက်ကွဲမှုကြောင့် ၅ထပ်တိုက် နှစ်လုံး ထိခိုက် ပျက်စီးသွား
ပေါက်ကွဲမှုကြောင့် ၅ထပ်တိုက် နှစ်လုံး ထိခိုက် ပျက်စီးသွား

အမေရိကန် နယူးယောက်မြို့မှာ ပေါက်ကွဲမှု တခု ဖြစ်ပွားခဲ့ပြီး ၅ထပ်တိုက် နှစ်လုံး ထိခိုက် ပျက်စီးသွားခဲ့ ရာမှာ ပေါက်ကွဲမှုဟာ ဂက်စ် ဓါတ်ငွေ့ ယိုစိမ့်မှုကြောင့် ဖြစ်ခဲ့တာလို့ နယူးယောက် မြို့တော်ဝန် Bill de Blasio က ပြောပါတယ်။

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ မီဒီယာများကို သတင်း ကန့်သတ် ထုတ်ပြန်

Photo: ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ မီဒီယာများကို သတင်း ကန့်သတ် ထုတ်ပြန်
Thursday, March 13, 2014

ရန်ကုန် မြို့တော်တွင်းရှိ မြို့နယ်များတွင် နေ့စဉ် ဖြစ်ပွားလျက် ရှိသော မှုခင်း အခြေအနေ များကို ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးမှ မီဒီယာများထံ တရားဝင် ထုတ်ပြန်ပေးလျက် ရှိရာမှ မတ်လ ၁ ရက်နေ့မှ စတင်ကာ သတင်း ထုတ်ပြန်ပေးမှုများ ကန့်သတ် ထုတ်ပြန်လျက် ရှိကြောင်း သတင်းမီဒီယာ အသိုင်းအဝိုင်းထံမှ စုံစမ်း သိရှိရသည်။

တိုင်းဒေသကြီး အတွင်း နေ့စဉ် ဖြစ်ပွားလျက် ရှိသော မှုခင်း သတင်းများကို ကွန်ပျူတာဌာနမှ ၎င်းတို့နှင့် ရင်းနှီးသူ မီဒီယာ အချို့ထံ ရောင်းစားနေသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သောကြောင့် ပုံနှိပ် မီဒီယာများကို သတင်း ထုတ်ပြန်ပေးရာတွင် သတင်းများ ထိမ်ချန်ခြင်း ဖြစ်ကြောင်း အဆိုပါ ရဲတပ်ဖွဲ့ရုံးမှ ရဲအရာရှိ တစ်ဦးထံမှ သိရှိရသည်။

“မိန်းကွန်ပျူတာ ဌာနက သတင်း ရောင်းစားနေတာကို သိလို့ အရေးယူပြီး သတင်း မပေါက်ကြားအောင် နောက်ရဲတပ်ဖွဲ့ကို ပြောင်းခိုင်းထားပြီး အန္တရာယ်ရှိတဲ့ သတင်းမျိုးတွေ အပြင် မပေါက်ကြားအောင် ရဲမှူးကြီးက ဆောင်ရွက်ခိုင်းတာကြောင့် အရင်လို သတင်းတွေ အကုန်ထုတ် မပေးတော့ဘဲ ရွေးပြီး ပေးရတာ” ဟု အဆိုပါ ရဲအရာရှိက ပြောကြားသည်။

အထက်အရာရှိ ညွှန်ကြားချက်ဖြင့် သတင်းများ ကန့်သတ်ပြီး ပုံနှိပ် မီဒီယာများကို ထုတ်ပြန်ပေးသော်လည်း အစိုးရပိုင် သတင်းမီဒီယာနှင့် ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူများ ထံမှ ရန်ကုန်တိုင်း အတွင်း နေ့စဉ် ဖြစ်ပွားလျက် ရှိသော မှုခင်း သတင်းများကို အပြည့်အစုံ ရရှိနေသည်ဟု သတင်း မီဒီယာများ ထံမှ သိရှိရသည်။

အမှုများမှာ ကနဦး တိုင်ကြားချက် ဖြစ်သောကြောင့် အချို့ တိုင်ကြားချက် အမှုများမှာ ရဲတပ်ဖွဲ့မှ စုံစမ်း စစ်ဆေးခြင်း အပြီးမသတ်ခင် သတင်းစာများတွင် ဖော်ပြခံရမှုကြောင့် တိုင်ကြားသူနှင့် တိုင်ကြားခံရသူ တို့တွင် ဆုံးရှုံး နစ်နာမှုများနှင့် မလိုလားအပ်သော ပြဿနာများ ရှိသောကြောင့် သတင်းအချို့ကို ချန်လှပ်ပြီး မီဒီယာများထံ ပေးခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး မြင့်ထွေးက ပြောကြားသည်။

“အများနဲ့ သက်ဆိုင်တဲ့ သတင်း အချက်အလက်တွေကို သူတို့ (ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့) ပိုင်တဲ့ သတင်းအချက် အလက်လို့ ထင်တယ်ဆိုတာ မှားနေတယ်။ ဘယ်နေရာမှာ ဘာဖြစ်နေတယ် ဆိုတာ ပြည်သူသိဖို့ ပြောရမယ့် တာဝန်နဲ့ ဝတ္တရား ဆိုတာ ရှိပါတယ်။ ဒီလိုမျိုး ပိတ်လို့ မရဘူး” ဟု မြန်မာဂျာနယ်လစ် ကွန်ရက် အတွင်းရေးမှူး ဦးမြင့်ကျော်က ပြောကြားသည်။

နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာ ငါးစောင်မှ မှုခင်း သတင်းထောက်များက သတင်း ချန်လှပ်ပေးမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးသို့ မှုခင်း သတင်းများကို မခြွင်းမချန် ထုတ်ပြန်ပေးရန် မတ်လ ၁ ရက်နေ့မှ မတ်လ ၁၂ ရက် နေ့အထိ အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း ကန့်သတ် ထုတ်ပြန်မှုများ ရှိနေဆဲ ဖြစ်ကြောင်း ၎င်းတို့ထံမှ စုံစမ်း သိရှိရသည်။

“ရန်ကုန်တိုင်း ရဲရုံးက မှုခင်းဖြစ်စဉ်ကို ယူပြီး မှုခင်းဖြစ်တဲ့ မြို့နယ်က ရဲစခန်း၊ ရပ်ကွက် တာဝန်ရှိသူတွေနဲ့ ရပ်ကွက်နေသူတွေ ထံမှာ ဆက်လက် စုံစမ်းပြီး သတင်း ဖော်ပြတာ။ သတင်းကျင့်ဝတ် မညီဘဲ ဖော်ပြခဲ့မိရင် ဥပဒေအတိုင်း အရေးယူနိုင်တယ်လေ။ မီဒီယာတချို့က သတင်းကို မမေးမြန်းဘဲ တိုင်းရုံးက ထုတ်တဲ့ ကနဦး တိုင်ကြားချက် အတိုင်း ရေးသားဖော်ပြလို့ မပေးတော့ဘူး ဆိုတော့ မီဒီယာ ကျင့်ဝတ်အတိုင်း လုပ်ဆောင်နေတဲ့ သူတွေပါ နစ်နာတယ်” ဟု နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာတိုက်မှ မှုခင်း သတင်းထောက် တစ်ဦးက ပြောကြားသည်။

အဆိုပါ တိုင်းရဲတပ်ဖွဲ့ရုံးမှ သတင်းများ ချန်လှပ်ပြီး မီဒီယာများထံ ထုတ်ပြန်ပေးမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်း ရဲမှူးကြီး ဝင်းနိုင်ကို မေးမြန်းရန် မတ်လ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက ပုဂ္ဂလိက သတင်းစာတိုက်မှ မှုခင်း သတင်းထောက်များ သွားရောက် တွေ့ဆုံ မေးမြန်းခွင့် တောင်းဆိုခဲ့သော်လည်း အစည်းအဝေး ရှိသောကြောင့် တွေ့ဆုံခွင့် မရခဲ့ကြောင်း သတင်းမီဒီယာများ ထံမှ စုံစမ်း သိရှိရသည်။

The Voice Weekly
ရန်ကုန် မြို့တော်တွင်းရှိ မြို့နယ်များတွင် နေ့စဉ် ဖြစ်ပွားလျက်ရှိသော မှုခင်းအခြေအနေများကို ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးမှ မီဒီယာများထံ တရားဝင်ထုတ်ပြန်ပေးလျက် ရှိရာမှ မတ်လ ၁ ရက်နေ့မှ စတင်ကာ သတင်း ထုတ်ပြန်ပေးမှုများ ကန့်သတ်ထုတ်ပြန်လျက်ရှိကြောင်း သတင်းမီဒီယာအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရ သည်။

မလေးရှား လေယာဉ် ပျောက်ဆုံးမှု မြန်မာနက္ခတ်ဗေဒင် ပညာရှင်နှစ်ဦး ဟောကိန်းထုတ်သည့် သတင်းမမှန်

Photo: မလေးရှား လေယာဉ် ပျောက်ဆုံးမှု မြန်မာနက္ခတ်ဗေဒင် ပညာရှင်နှစ်ဦး ဟောကိန်းထုတ်သည့် သတင်းမမှန်
Thursday, March 13, 2014

မြန်မာနိုင်ငံ၏ နာမည်ကျော် ဗေဒင်နှင့် နက္ခတ်ပညာရှင်များ ဖြစ်ကြသော စံဇာဏီဘိုနှင့် ဦးဇေယျာကိုတို့က တောင်တရုတ် ပင်လယ်ပြင်ပေါ်တွင် မတ်လ ၈ ရက်နေ့ကတည်းက ဂမ္ဘီရဆန်ဆန် ပျောက်ဆုံးနေသော မလေးရှား လေကြောင်းပိုင် လေယာဉ်နှင့် ပတ်သက်၍ ဟောကိန်း ထုတ်ထားသည် ဆိုသော သတင်းများမှာ မှန်ကန်မှု မရှိကြောင်း ပညာရှင် နှစ်ဦးစလုံးက The Voice သို့ အတည်ပြု ပြောကြားသည်။

“ငါးရက်ကြာ ပျောက်ဆုံးနေသော မလေးရှား လေကြောင်းပိုင် လေယာဉ်မှာ အကြမ်းဖက်သမားတွေ ဖမ်းသွားတာ။ အားလုံး မသေသေးဘူး။ အသက်ရှင်နေသေးတယ်” ဟု နာမည်ကြီး ဗေဒင်ပညာရှင် စံ(ဇာဏီဘို) က ဟောသည်ဟု ဖော်ပြထားပြီး နက္ခတ်ပညာရှင် ဦးဇေယျာကိုကမူ “ယင်းလေယာဉ်မှာ Black Hole တွင်းနက်ကြီးထဲ ရောက်ရှိသွားသည်” ဟု Online မီဒီယာ အချို့တွင် ဟောကိန်း ထုတ်သည်ဟု ဖော်ပြထားခြင်းကို ကာယကံရှင် နှစ်ဦးစလုံးက ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။

“မဟုတ်ပါဘူး။ ကျွန်တော်ပြောတာ မဟုတ်ပါဘူး။ ကျွန်တော့် နာမည်ကို အလွဲသုံးစား လုပ်တာပါ” ဟု ဆရာစံဇာဏီဘိုက ဆိုသည်။

ဂမ္ဘီရဆန်ဆန် ပျောက်ဆုံးနေသော ယင်းလေယာဉ်နှင့် ပတ်သက်ပြီး မည်သို့သော အကြောင်းအရာကိုမှ ဟောကိန်း မထုတ်ကြောင်း၊ ပြည်တွင်း ပြည်ပရှိ မည်သူ တစ်ဦးတစ်ယောက်ကိုမှ ယင်းလေယာဉ်နှင့် ပတ်သက်ပြီး ဖြေကြားခြင်း မပြုကြောင်း ဆရာစံဇာဏီဘိုက အတည်ပြု ပြောကြားသည်။

နာမည်ကျော် နက္ခတ်ပညာရှင် ဦးဇေယျာကိုကလည်း ငါးရက်ကြာ ပျောက်ဆုံးသော မလေးရှား လေယာဉ်နှင့် ပတ်သက်ပြီး မည်သည့် ဟောကိန်းမှ မထုတ်ခဲ့ကြောင်း ပြန်လည် ဖြေကြားသည်။
ခရီသည် ၂၂၉ ဦးနင့် လေယာဉ် အမှုထမ်း ၁၂ ဦး လိုက်ပါလာသော မလေးရှား လေကြောင်းပိုင် ဘိုးရင်း ၇၇၇ (လေကြောင်းခရီးစဉ် MH370) မှာ မလေးရှားနိုင်ငံ ကွာလာလမ်ပူ လေဆိပ်မှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဘေဂျင်း လေဆိပ်သို့ ပျံသန်းစဉ် မတ်လ ၈ ရက် နံနက်ပိုင်းက ထူးဆန်း အံ့သြဖွယ် ကောင်းစွာ ပျောက်ဆုံးနေခြင်း ဖြစ်သည်။

The Voice Weekly

မလေးရှား လေယာဉ် ပျောက်ဆုံးမှု အတွက် လေဆိပ်မှာ နတ်ဆရာ ပင့်ဖိတ်ကာ အစီအရင်များဖြင့် ဆုတောင်း နေစဉ်
မလေးရှား လေယာဉ် ပျောက်ဆုံးမှု အတွက် လေဆိပ်မှာ နတ်ဆရာ ပင့်ဖိတ်ကာ အစီအရင်များဖြင့် ဆုတောင်း နေစဉ်

မြန်မာနိုင်ငံ၏ နာမည်ကျော် ဗေဒင်နှင့် နက္ခတ်ပညာရှင်များ ဖြစ်ကြသော စံဇာဏီဘိုနှင့် ဦးဇေယျာကိုတို့က တောင်တရုတ် ပင်လယ်ပြင်ပေါ်တွင် မတ်လ ၈ ရက်နေ့ကတည်းက ဂမ္ဘီရဆန်ဆန် ပျောက်ဆုံးနေသော မလေးရှား လေကြောင်းပိုင် လေယာဉ်နှင့် ပတ်သက်၍ ဟောကိန်း ထုတ်ထားသည် ဆိုသော သတင်းများမှာ မှန်ကန်မှု မရှိကြောင်း ပညာရှင် နှစ်ဦးစလုံးက The Voice သို့ အတည်ပြု ပြောကြားသည်။

မြန်မာကို ပေါင်သန်း ၁၀၀ ကူညီရန် ဗြိတိန်အမတ်များ တိုက်တွန်း

Photo: မြန်မာကို ပေါင်သန်း ၁၀၀ ကူညီရန် ဗြိတိန်အမတ်များ တိုက်တွန်း
Thursday, March 13, 2014

မြန်မာပြည်သူတွေရဲ့ လူနေမှုဘ၀တွေ တိုးတက်အောင်လုပ်ဖို့ ဗြိတိန်က မြန်မာကို အကူအညီ စတာလင်ပေါင် သန်း ၆၀ ကနေ ၁၀၀ တိုးပေးဖို့ ဗြိတိန် လွှတ်တော်အမတ်တွေက တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

ဆယ်စုနှစ်များစွာ စစ်တပ်အုပ်စိုးမှုကြောင့် အထီးကျန်ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ စစ်အုပ်စိုးမှု အဆုံးသတ်ပြီးတဲ့နောက် ပိုမိုပါဝင်ဖို့ နိုင်ငံတကာဖွံ့ဖြိုးရေး ကော်မတီ (IDC) က နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာန (DFID) ကို တိုက်တွန်းလိုက်တာဖြစ်ပါတယ်။

မြန်မာရဲ့ ပြုပြင်ပြောင်းလဲမှုအပေါ် တချို့သောအဖွဲ့တွေက သံသယရှိနေပေမယ့် သိန်းနဲ့ချီတဲ့ လူတွေရဲ့လူနေမှုဘ၀ ပိုမိုကောင်းမွန်တိုးတက်ဖို့ အခွင့်အရေးတွေ အများကြီး ရှိတယ်လို့ ယုံကြည်ကြောင်း IDC ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

မြန်မာလူဦးရေ သန်း ၅၀ ရဲ့ ၃ ပုံ ၁ ပုံက လုံလောက်တဲ့ ငွေကြေး မရှိသလို အခြေခံ အစားအစာနဲ့ ရှင်သန်ရေး လိုအပ်ချက်ကို မပြည့်မီသလို လူဦးရေရဲ့ ၇၅ ရာခိုင်နှုန်းဟာလည်း လျှပ်စစ်မီး မရဘူးလို့ ပြောပါတယ်။

ဒီကော်မတီရဲ့ ဥက္ကဋ္ဌ ဆာမလ်ကွန်း ဘရုစ် (Sir Malcolm Bruce) က အခွင့်အရေးကို လက်လွတ်ခံလို့ မရသလို တိုင်းပြည်ကို ဆင်းရဲတွင်းကနေ ကယ်ထုတ်ပြီး စီးပွားရေး တိုးတက် လာစေဖို့နဲ့ ဒီမိုကရေစီကို သွားနိုင်တဲ့ လူမှုအဖွဲ့အစည်းကို တည်ဆောက်ဖို့အတွက် ဗြိတိန် အစိုးရရဲ့ မြန်မာပြုပြင်ပြောင်းလဲမှုအပေါ် ချဉ်းကပ်မှုကို ထောက်ခံခဲ့တာလို့ ပြောပါတယ်။

နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာနရဲ့ မြန်မာ့ပညာရေးနဲ့ ပတ်သက်ပြီး အသုံးစရိတ်ဟာလည်း ထိရောက်ဖို့အတွက် နည်းပါးသလို ပိုမိုတိုးမြှင့်ဖို့လိုတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာနက ပေါင် ၃၂ သန်းကနေ ၂၀၁၃ မှာ ပေါင် ၆၃ သန်းအထိ မြန်မာကို ပေးတဲ့ အကူအညီကို ၂ ဆ တိုးမြင့်ခဲ့သလို ရုံးဝန်ထမ်းလည်း ၂ ဆ တိုးမြင့်ထားပါတယ်။

ဗြိတိန်ကတော့ ကုလသမဂ္ဂအဖွဲ့တွေ ဒေသခံ အစိုးရ မဟုတ်တဲ့ လူမှုရေး အဖွဲ့အစည်းတွေကနေ တဆင့် အကူအညီတွေ ပေးလေ့ရှိပြီး အစိုးရကိုတော့ ငွေကြေး တိုက်ရိုက်ပေးတာမရှိဘူးလို့ ဆိုပါတယ်။ ဗြိတိန်ရဲ့ အကူအညီအများစုက ကျန်းမာရေးကို အဓိကထား ပေးအပ်နေတာ ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်မှာတော့ ဂျပန်၊ ဗြိတိန်၊ သြစတြေးလျ နိုင်ငံတွေကနေ မြန်မာက ဒေါ်လာ ၅၀၄ သန်းကို တရားဝင် အကူအညီ ပေးထားပါတယ်။

By ကိုထွေး(ဒီဗွီဘီ)
မြန်မာပြည်သူတွေရဲ့ လူနေမှုဘ၀တွေ တိုးတက်အောင်လုပ်ဖို့ ဗြိတိန်က မြန်မာကို အကူအညီ စတာ လင်ပေါင် သန်း ၆၀ ကနေ ၁၀၀ တိုးပေးဖို့ ဗြိတိန် လွှတ်တော်အမတ်တွေက တိုက်တွန်း ပြောဆိုလိုက်ပါ တယ်။

မြန်မာ့ဒီမိုကရေစီ နုနယ်သေးကြောင်း ကုလ ကိုယ်စားလှယ်ပြော

Photo: မြန်မာ့ဒီမိုကရေစီ နုနယ်သေးကြောင်း ကုလ ကိုယ်စားလှယ်ပြော
Thursday, March 13, 2014

မြန်မာနိုင်ငံ တိုင်းရင်းသားဒေသမှာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်နေဆဲဖြစ်ပြီး၊ အဖွဲ့အစည်း အားလုံးလောက်မှာလည်း စစ်တပ်ရဲ့သြဇာ လွှမ်းမိုးနေဆဲဖြစ်တာကြောင့် မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဟာ နုနယ်စအဆင့်မှာသာ ရှိနေသေးတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana က ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှုရှိအောင် ဆောင်ရွက်ရဦးမှာပါ၊ မတရားလုပ်နေသူတွေ အပြစ်လွတ်နေတာ၊ ရခိုင်ပြည်နယ်မှာ စနစ်တကျ ခွဲခြားဆက်ဆံနေတာတွေအပေါ် သက်ဆိုင်ရာ အာဏာပိုင်တွေက အရေးမယူ၊ လက်ပိုက်ကြည့်နေကြမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကြီးတစ်ရပ်လုံး ထိခိုက်ပျက်စီးသွားနိုင်ပါတယ်လို့လည်း ကြေညာချက်မှာ ဖေါ်ပြပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ်ကစပြီး ရုတ်တရက် ပေါ်ပေါက်လာခဲ့တဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး ကြိုဆိုလိုက်တာနဲ့အတူ၊ အတိတ်ကအမှားတွေအပေါ် အာရုံပြုဖို့လည်း မစ္စတာ Quintana က အလေးပေး ပြောဆိုပါတယ်။ ဒါ့ပြင် တိုင်းရင်းသားအဖွဲ့တွေနဲ့ အပစ်ရပ်ရေး၊ နိုင်ငံရေးအရ သဘောတူညီချက်တွေရရှိအောင် ကြိုးပမ်းဖို့ဟာလည်း အရေးကြီးတဲ့အဆင့်ဖြစ်ကြောင်း၊ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာတဲ့အထိ တိုးတက်မှုတွေ ရရှိရေးအတွက် တိကျရှင်းလင်းတဲ့ အချိန်ဇယားတရပ် ရေးဆွဲဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

မစ္စတာ Quintana ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်တာဝန်ဟာ လာမယ့် မေလမှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။

RFA Burmese
မြန်မာနိုင်ငံ တိုင်းရင်းသားဒေသမှာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်နေ ဆဲဖြစ်ပြီး၊ အဖွဲ့အစည်း အားလုံးလောက်မှာလည်း စစ်တပ်ရဲ့သြဇာ လွှမ်းမိုးနေဆဲဖြစ်တာကြောင့် မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဟာ နုနယ်စအဆင့်မှာသာ ရှိနေသေးတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana က ကြေညာချက် ထုတ်ပြန်ပြော ဆိုပါတယ်။

မန်စီမြို့နယ် ပန်ဆက်ရွာက ရှမ်းစာပေဥက္ကဋ္ဌ၏ သမီးနှင့် ရှမ်းလူငယ်နှစ်ဦးကို KIA ဖမ်းဆီး

မြန်မာပြည်မြောက်ပိုင်း(ကချင်ပြည်နယ်)၊ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်၊ ပန်ဆက်ရွာက ရှမ်းစာပေနှင့် ယဉ်ကျေးမှု ဥက္ကဋ္ဌ၏ သမီးဖြစ်သူနှင့် မိုင်းခေါင်ရွာက တိုင်းလေ ရှမ်းလူငယ်နှစ်ဦးကို တပ်သားသစ် စုဆောင်းရေး အနေနဲ့ ၂၀၁၄ ၊ မတ်လ ၁၁ ရက်နေ့တွင် KIA ကချင်လွတ်မြောက်ရေး တပ်မတော်မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရသည်။

အပူရှိန်မြင့်မှုကြောင့် ကလေးငယ်များနှင့်အသက်ကြီးသူများ သတိထားရန်လို

Photo: အပူရှိန်မြင့်မှုကြောင့် ကလေးငယ်များနှင့်အသက်ကြီးသူများ သတိထားရန်လို
Thursday, March 13, 2014

နွေရာသီ စတင် ၀င်ရောက်နေတဲ့ ခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံတ၀န်း အပူရှိန်မြင့်တက်မှုကြောင့် ကလေးငယ်တွေ့နဲ့ သက်ကြီးရွယ်အိုတွေ ရုတ်တရတ် နေထိုင်မကောင်းမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် သတိထားကြဖို့ ကျန်းမာရေး တာဝန်ရှိသူတွေက နှိုးဆော်လိုက်ပါတယ်။

အပူရှိန်မြင့်တက်မှုကြောင့် ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ ရုတ်တရက် ဖျားနာမှုတွေနဲ့ ရေဓာတ်ခန်းခြောက်မှုတွေ ဖြစ်နေလို့ ရန်ကုန်မြို့က ရပ်ကွက်ဆေးခန်းတွေမှာ သွားရောက် ဆေးကုသမှု ခံယူနေကြရတာပါ။

ဇီဝိတ သံဃဆေးရုံ လက်ထောက် ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်ခင်စန်းဝေက အပူရှိန်ပြင်းထန်မှုကို လေးနှစ်အောက်ကလေးငယ်တွေနဲ့ အသက် ၇၅ နှစ်အထက် သက်ကြီးရွယ်အိုတွေ့မှာ ပိုခံစားရတယ်လို့ ပြောပါတယ်။

ဒါ့ကြောင့် အပူရှိန်ကာကွယ်ပစ္စည်းတွေ အသုံးပြုကြဖို့နဲ့ ရုတ်တရက်သေဆုံးနိုင်တဲ့ heatstroke ဖြစ်ပေါ်နိုင်တဲ့ ဘီယာသောက်ခြင်း၊ နေ့ခင်းဘက်ရေချိုးခြင်းတွေကို မပြုလုပ်ကြဖို့ လည်း ဒေါက်တာ ဒေါ်ခင်းစန်းဝေက ပြောပါတယ်။

အခုရက်ပိုင်း နေရောင်ခြည်ထဲ ခရမ်းလွန်ရောင်ခြည် မြင့်တက်နေတာကို အဆက်မပြတ် သတိပေး သတင်းထုတ်ပြန်နေတဲ့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်ကို လက်ရှိအခြေအနေ မေးကြည့်တော့ မြန်မာပြည်မြောက်ပိုင်းကလွဲပြီး တနိုင်ငံလုံးနီးပါး အပူရှိန် မြင့်တက်နေတယ်လို့ ပြောပါတယ်။

ခရမ်းလွန်ရောင်ခြည်ကျရောက်မှုကို စစ်ကိုင်းတိုင်း အထက်ပိုင်းနဲ့ ကချင်ပြည်နယ်ကလွဲပြီး ကျန်တိုင်းဒေသတွေ့မှာ အမြင့်ဆုံးကျရောက်နေပြီး မတ် ၁၂ ရက် ထုတ်ပြန်ချက်အရ ရန်ကုန်မှာ မွန်းတည့်ချိန်တွင် uv index အများဆုံးတန်ဖိုး 12.7 (extreme level) အထိ ရှိနိုင်တယ်လို့ သိရပါတယ်။

သဇင်ထွေး
ဒီဗွီဘီ
နွေရာသီ စတင် ၀င်ရောက်နေတဲ့ ခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံတ၀န်း အပူရှိန်မြင့်တက်မှုကြောင့် ကလေးငယ်တွေ့နဲ့ သက်ကြီးရွယ်အိုတွေ ရုတ်တရတ် နေထိုင်မကောင်းမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် သတိထားကြဖို့ ကျန်းမာရေး တာဝန်ရှိသူတွေက နှိုးဆော်လိုက်ပါတယ်။

ဦးစံဖေ ရပ်ကွက်တွင် နေထိုင်သူ အချို့က ရန်ကုန်မြို့တော် စည်ပင်နှင့် အောင်ကောင်းကျော် ကုမ္ပဏီကို တရားစွဲမည်

Photo: ဦးစံဖေ ရပ်ကွက်တွင် နေထိုင်သူ အချို့က ရန်ကုန်မြို့တော် စည်ပင်နှင့် အောင်ကောင်းကျော် ကုမ္ပဏီကို တရားစွဲမည်
Thursday, March 13, 2014

သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန် လမ်းမကြီးပေါ်ရှိ သင်္ဃန်းကျွန်း ဈေးသစ်နှင့် ကပ်လျက် အနော်ရထာလမ်းကို ဈေးဧရိယာ အတွင်းသို့ ထည့်သွင်းထားမှုကို ပယ်ဖျက်ပြီး အဆိုပါ လမ်းမြေပေါ်တွင် တည်ဆောက်ထားသော အဆောက်အအုံ များကို ဖယ်ရှားခြင်း မပြုပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ဈေးများဌာနနှင့် အဆိုပါ ဈေးကို ဆောက်လုပ်သော အောင်ကောင်းကျော် ကုမ္ပဏီတို့ကို ဦးစံဖေ ရပ်ကွက်တွင် နေထိုင်သူ အချို့က တရားစွဲဆို သွားမည် ဖြစ်ကြောင်း ဦးစံဖေ ရပ်ကွက်တွင် နေထိုင်သူ အချို့က ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ခွင့်ပြုချက်ဖြင့် နှစ်ကြိမ်တိုင် ဆန္ဒ ထုတ်ဖော်ခဲ့သော်လည်း သက်ဆိုင်ရာက ဖြေရှင်းပေးခြင်း၊ အကြောင်း ပြန်ကြားခြင်းများ မရှိသဖြင့် လာမည့် သီတင်းပတ်အတွင်း တရားစွဲဆို သွားမည် ဖြစ်ကြောင်း ဦးစံဖေ ရပ်ကွက်မှ ရပ်မိရပ်ဖ ဦးသန်းအောင်က ပြောကြားသည်။

“အနော်ရထာ လမ်းပေါ်မှာ ရှိနေတဲ့ ခရိုင်စည်ပင်ရုံးနဲ့ အခြား ပစ္စည်းတွေ ဖယ်ပေးဖို့ လိုပါတယ်။ အခုဆို လမ်းက အရေးပေါ် ယာဉ်တွေ ဝင်လို့ မရတဲ့ အခြေအနေ ဖြစ်နေပြီ” ဟု ၎င်းက The Voice သို့ ဆက်လက် ပြောကြားသည်။

အနော်ရထာလမ်းမှာ မူလက ဈေးဆိုင်ခန်း ၂၀၀ ကျော်ရှိသော လေဟာပြင်ဈေး တည်ရှိပြီး သင်္ဃန်းကျွန်းဈေး မီးလောင်ပြီးနောက် ပြန်လည် တည်ဆောက်ချိန်တွင် မီးတားနယ်မြေ အဖြစ် ထားရှိကာ လမ်းလုပ်ပေးခဲ့ခြင်း ဖြစ်ကြောင်း အောင်ကောင်းကျော် ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“အခုလက်ရှိ လမ်းအကျယ်ကလည်း ၂၂ ပေလောက်ရှိမှာ ဖြစ်တဲ့အတွက် ယာဉ်များ သွားလာနိုင်မှာပါ၊ လမ်းပိတ်နေတာတော့ မဟုတ်ပါဘူး” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ဈေးများဌာနသို့ ဆက်သွယ် မေးမြန်းသော်လည်း စာတင်မှသာ ဖြေဆိုပေးနိုင်မည် ဖြစ်ကြောင်း အဆိုပါ ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြန်လည် ဖြေကြားသည်။

The Voice Weekly
သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန် လမ်းမကြီးပေါ်ရှိ သင်္ဃန်းကျွန်း ဈေးသစ်နှင့် ကပ်လျက် အနော်ရထာ လမ်းကို ဈေးဧရိယာ အတွင်းသို့ ထည့်သွင်းထားမှုကို ပယ်ဖျက်ပြီး အဆိုပါ လမ်းမြေပေါ်တွင် တည်ဆောက် ထားသော အဆောက်အအုံ များကို ဖယ်ရှားခြင်း မပြုပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ဈေးများဌာနနှင့် အဆိုပါ ဈေးကို ဆောက်လုပ်သော အောင်ကောင်းကျော် ကုမ္ပဏီတို့ကို ဦးစံဖေ ရပ်ကွက်တွင် နေထိုင်သူ အချို့က တရားစွဲဆို သွားမည် ဖြစ်ကြောင်း ဦးစံဖေ ရပ်ကွက်တွင် နေထိုင်သူ အချို့က ပြောကြားသည်။

အခွန် မဆောင်ရသေးသည့် ကုမ္ပဏီများစာရင်း ယခု သီတင်းပတ် အပြီးထုတ်ပြန်မည်

မှားယွင်း ထုတ်ပြန်ခဲ့သည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် အတွက် အခွန် မဆောင်ရသေးသော ကုမ္ပဏီများ စာရင်းကို ယခု သီတင်းပတ် အတွင်း အပြီး ပြန်လည် ထုတ်ပြန်မည် ဖြစ်ကြောင်း ကုမ္ပဏီများဆိုင်ရာ အခွန်ရုံးမှ တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။

တိုင်းရင်းသား လက်နက်ကိုင်များက နိုင်ငံရေးပါတီများနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းတို့ကို ဆက်တိုက်တွေ့ဆုံ

Photo: တိုင်းရင်းသား လက်နက်ကိုင်များက နိုင်ငံရေးပါတီများနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းတို့ကို ဆက်တိုက်တွေ့ဆုံ
Thursday, March 13, 2014

ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်၊ နိုင်ငံရေး ဆွေးနွေးပွဲများနှင့် ပတ်သက်၍ ပြည်တွင်းရှိ နိုင်ငံရေးပါတီများနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်း များကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက မတ်လ ၁၁ ရက်နှင့် ၁၂ ရက်နေ့များတွင် ဆက်တိုက် တွေ့ဆုံခဲ့ကြောင်း အဆိုပါ အဖွဲ့များထံမှ သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ ကိုယ်စားပြု တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် ညီနောင် တိုင်းရင်းသားများ ဖက်ဒရေးရှင်း (NBF)၊ ရှစ်လေးလုံး ငွေရတု ဆုံးဖြတ်ချက် အကောင်အထည် ဖော်ရေး ကော်မတီတို့ မတ်လ ၁၁ ရက်နေ့တွင် သီးခြား တွေ့ဆုံပြီး တစ်နိုင်ငံလုံး အပစ်ရပ် စာချုပ်အတွက် အစိုးရနှင့် ဆွေးနွေးနေမှုများ၊ ပြည်ထောင်စု ညီလာခံ ဆိုင်ရာများကို အဓိက ဆွေးနွေးခဲ့ကြောင်း NCCT ထံမှ သိရသည်။

မတ်လ ၁၂ ရက်နေ့တွင် ဖက်ဒရယ် ဒီမိုကရေစီ မဟာမိတ်အဖွဲ့ (FDA)၊ အရပ်ဘက် လူမှုအဖွဲ့အစည်း ဖိုရမ်၊ စည်းလုံး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) နှင့် NCCT တို့ သီးခြားစီ တွေ့ဆုံပြီး ဘားအံ ဆွေးနွေးပွဲနှင့် နိုင်ငံရေး ဆွေးနွေးပွဲ အတွက် ပြင်ဆင်နေမှု များကို ဆွေးနွေးခဲ့ကြောင်း FDA နှင့် NCCT ထံမှ သိရသည်။

“တိုင်းရင်းသား အဖွဲ့တွေက အပစ်အခတ် ရပ်စဲရေးကို ဧပြီလထဲမှာ လက်မှတ်ထိုးဖို့ ရည်ရွယ်တယ်လို့ ပြောပါတယ်” ဟု FDA အဖွဲ့ဝင် အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ဆိုသည်။

သို့သော် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ပြုလုပ်ရာတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်စေလိုကြောင်း၊ အပစ်ရပ်ပြီး နိုင်ငံရေး ဆွေးနွေးပွဲများ စတင်ပါက နိုင်ငံရေးပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများ စတင် ပါဝင်စေလိုသည်ဟု NCCT က ဆိုကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ ငြိမ်းချမ်းရေး ဆွေးနွေးမှု နောက်ဆုံး အဆင့်အဖြစ် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်ကို နှစ်ဖက် ပူးတွဲ ရေးဆွဲရန် သဘောတူထားကြောင်း၊ ဧပြီလဆန်းတွင် နှစ်ဖက် ပြန်လည် ဆွေးနွေးကာ ဘားအံ ဆွေးနွေးပွဲရက်နှင့် အပစ်ရပ်စာချုပ် လက်မှတ်ထိုးမည့် နေ့ရက်ကို သတ်မှတ်မည် ဖြစ်ကြောင်း အစိုးရနှင့် NCCT အဖွဲ့များက ပြောဆိုထားသည်။

The Voice Weekly
ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်၊ နိုင်ငံရေး ဆွေးနွေးပွဲများနှင့် ပတ်သက်၍ ပြည်တွင်းရှိ နိုင်ငံရေးပါတီများနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်း များကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက မတ်လ ၁၁ ရက်နှင့် ၁၂ ရက်နေ့များတွင် ဆက်တိုက် တွေ့ဆုံခဲ့ကြောင်း အဆိုပါ အဖွဲ့များထံမှ သိရသည်။

၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုသူ လေးသောင်းကျော် ပျက်ကွက်

Photo: ၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုသူ လေးသောင်းကျော် ပျက်ကွက်
Thursday, March 13, 2014

ပညာရေး ဝန်ကြီးဌာန၏ ၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ မြန်မာစာ ဘာသာရပ်ကို ဖြေဆိုရန် စာရင်းသွင်းထားသူ ၄၆,၈၀၂ ဦး ပျက်ကွက်ခဲ့ကြောင်း မြန်မာနိုင်ငံ စာစစ်အဖွဲ့ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွှန့်က The Voice သို့ ပြောကြားသည်။

တက္ကသိုလ်ဝင်တန်း ဖြေဆိုခွင့် ရရှိသူ ၅၈၈,၆၁၂ ဦးအနက် ၅၄၁,၈၁၀ ဦးသာ လာရောက်ဖြေဆိုခဲ့ပြီး ပြည်ပ စာဖြေဌာန ၁၅ ခုက ပျက်ကွက်သူ စာရင်းနှင့် ကရင်ပြည်နယ်ရှိ ရွှေ့ပြောင်းလုပ်သား ကလေးငယ်များ တက္ကသိုလ်ဝင်ခွင့် ပျက်ကွက်မှု စာရင်းများကိုမူ ည ၇ နာရီ အချိန်ထိ စာရင်း မရရှိထားကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ပြည်ပ စာဖြေဌာနများ အနက် စင်ကာပူနိုင်ငံက ဖြေဆိုသူ အများဆုံး ဖြစ်ပြီး နိုင်ငံပေါင်း ၁၅ နိုင်ငံတွင် စာဖြေဌာနများမှ စာရင်း တင်သွင်းသူ ၈၀ ဦးအထိ ရှိကြောင်း မြန်မာနိုင်ငံ စာစစ်အဖွဲ့ ဦးစီးဌာနထံမှ စုံစမ်း သိရှိရသည်။

အလားတူ ရွှေ့ပြောင်းလုပ်သား ကျောင်းသား၊ ကျောင်းသူ ၁၃၉ ဦး ဖြေဆိုခွင့် ပြုထားပြီး မြန်မာစာ ဘာသာရပ်အတွက် ဖြေဆို စာရင်းကိုမူ မသိရှိရသေးကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွှန့်က ပြောဆိုသည်။

၂၀၁၃-၂၀၁၄ တက္ကသိုလ်ဝင်တန်း စာမေးပွဲအတွက် ပြည်တွင်း၊ ပြည်ပ စာဖြေဌာန ၁၂၈၇ ခု ဖွင့်ထားကြောင်း ပညာရေး ဝန်ကြီးဌာနထံမှ သိရသည်။

The Voice Weekly
ပညာရေး ဝန်ကြီးဌာန၏ ၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ မြန်မာစာ ဘာသာရပ်ကို ဖြေဆိုရန် စာရင်းသွင်းထားသူ ၄၆,၈၀၂ ဦး ပျက်ကွက်ခဲ့ကြောင်း မြန်မာနိုင်ငံ စာစစ်အဖွဲ့ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွှန့်က The Voice သို့ ပြောကြားသည်။

ပုဂ္ဂလိက ကျောင်းဝတ်စုံ စကပ်တိုနှင့် ဘောင်းဘီများ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ခွင့်မပြု

နိုင်ငံတစ်ဝန်း ပုဂ္ဂလိက အထက်တန်းကျောင်းများအနက် စကပ်တိုနှင့် ဘောင်းဘီယူနီဖောင်းများကို တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုရာတွင် ဝတ်ဆင်ခွင့် မပြုကြောင်း အခြေခံပညာရေး တာဝန်ရှိသူများ ထံမှ သိရသည်။

နယူးယောက်မြို့၊ မန်ဟတ်တန်ရပ်ကွက်တွင် ပေါက်ကွဲမှုဖြစ်ပွားပြီး ၃ ဦးသေ၊ ၇၀ ကျော်ဒဏ်ရာရ

Photo: နယူးယောက်မြို့၊ မန်ဟတ်တန်ရပ်ကွက်တွင် ပေါက်ကွဲမှုဖြစ်ပွားပြီး ၃ ဦးသေ၊ ၇၀ ကျော်ဒဏ်ရာရ
Thursday, March 13, 2014

အမေရိကန်နိုင်ငံ နယူးယောက်မြို့ မန်ဟတ်တန်ရပ်ကွက်တွင် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက ဓာတ်ငွေ့ ယိုစိမ့်ရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး အဆောက်အဦနှစ်လုံး ပြိုကျပျက်စီးကာ ၃ ဦးသေ၊ ၇၀ ကျော် ဒဏ်ရာ ရရှိပြီး အချို့ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။

၁၁၆ လမ်းနှင့် ပန်းခြံရိပ်သာလမ်းရှိ ငါးထမ်းအဆောက်အဦးနှစ်လုံး ပြိုကျပျက်စီးသွားကြောင်းသိရ ပါသည်။ ပေါက်ကွဲမှု မဖြစ်ပွားမီ မိနစ်ပိုင်း အလိုတွင် အနီးရှိအဆောက်အဦမှ အမျိုးသမီးတစ်ဦးက ဓာတ်ငွေ့နံများ ရနေကြောင်း Con Edison ကုမ္ပဏီသို့ ဖုန်းဆက်ခဲ့သည်ဟု ဆိုသည်။ သို့သော် လည်း တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ရန် အချိန်မမီခဲ့ကြောင်း သိရသည်။

Ref : http://www.nbcnewyork.com/

Red Star News
အမေရိကန်နိုင်ငံ နယူးယောက်မြို့ မန်ဟတ်တန်ရပ်ကွက်တွင် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက ဓာတ်ငွေ့ ယိုစိမ့်ရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး အဆောက်အဦနှစ်လုံး ပြိုကျပျက်စီးကာ ၃ ဦးသေ၊ ၇၀ ကျော် ဒဏ်ရာ ရရှိပြီး အချို့ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။

ပျောက်ဆုံးလေယာဉ်က ဖြစ်ဖွယ်ရှိတဲ့ အပိုင်းအစတွေ တရုတ်တွေ့ရှိ

Photo: ပျောက်ဆုံးလေယာဉ်က ဖြစ်ဖွယ်ရှိတဲ့ အပိုင်းအစတွေ တရုတ်တွေ့ရှိ
Thursday, March 13, 2014

ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်ရဲ့ အပိုင်းအစတွေ တောင်တရုတ် ပင်လယ်ပြင်ထဲမှာ မျောနေတာမျိုး ဖြစ်နိုင်တဲ့ ကောင်းကင်ဓာတ်ပုံတွေကို တရုတ်အစိုးရက ထုတ်ပြန်လိုက်ပါတယ်။ ဒီပုံတွေကို မလေးရှားက ဘိုးရင်း ၇၇၇  ပျောက်ဆုံးသွားတဲ့ နောက်တနေ့ဖြစ်တဲ့  တနင်္ဂနွေနေ့က ရိုက်ယူခဲ့တာဖြစ်ကြောင်း  တရုတ်အစိုးရရဲ့ ကြေညာချက်ကို ကိုးကားပြီး  အစိုးရသတင်းဌာနက ဖော်ပြပါတယ်။  ဒီပုံတွေကို ဗုဒ္ဓဟူးနေ့ရောက်မှ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ပုံတွေထဲမှာ ပင်လယ်ပြင်ထဲ မျောနေတဲ့ ကြီးမားတဲ့ အရာဝတ္တု ၃ ခု ပါဝင်ပြီး  မလေးရှားနဲ့ ကမ္ဘောဒီးယား ၂ နိုင်ငံ ရေပိုင်နက်ကြားမှာ တွေ့ရှိရတာဖြစ်ပါတယ်။  ဒီပုံတွေကို ပျောက်ဆုံး ဂျက်လေယာဉ် ပျံသန်းတဲ့ မူလလမ်းကြောင်းပေါ်မှာ တွေ့ရတာဖြစ်ပါတယ်။

ဒီဂြိုဟ်တုဓာတ်ပုံတွေထဲမှာ တွေ့ရတဲ့ပစ္စည်းတွေဟာ ဘာတွေလဲဆိုတာ မသိရသေးသလို၊ စုံစမ်းစစ်ဆေးမှုတွေလည်း အခုထိ မလုပ်နိုင်သေးတဲ့အတွက်  အတိအကျပြောဖို့ ခက်နေပါတယ်။

မလေးရှားလေကြောင်း ခရီးစဉ်အမှတ် ၃၇၀ ဟာ စနေနေ့ အစောပိုင်းကတည်းက ကွာလာလမ်ပူကနေ တရုတ်နိုင်ငံ ဘေဂျင်းကို အသွား လမ်းမှာ ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။ လေယာဉ်ပေါ်မှာတော့ ခရီးသည် ၂၃၉ ဦး လိုက်ပါသွားတာပါ။

ဗုဒ္ဓဟူးနေ့ အစောပိုင်းတုန်းကတော့ လေယာဉ်ပျောက်အတွက်  ရှာဖွေမယ့် ဧရိယာအကျယ်အဝန်းကို မလေးရှားအစိုးရက ထပ်ပြီး ချဲ့လိုက်ပါတယ်။ ရေပြင် စတုရန်းမိုင် ၃ သောင်းခွဲ အကျယ်အဝန်းမှာ နိုင်ငံပေါင်း ၁၂ နိုင်ငံက လေယာဉ်တွေ၊ သင်္ဘောတွေ ပါဝင်ပြီး လိုက်လံ ရှာဖွေနေကြတာဖြစ်ကြောင်း မလေးရှား ခရီးသွားဌာနဝန်ကြီးက ပြောကြားခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်ရဲ့ အပိုင်းအစတွေ တောင်တရုတ် ပင်လယ်ပြင်ထဲမှာ မျောနေတာမျိုး ဖြစ်နိုင်တဲ့ ကောင်းကင်ဓာတ်ပုံတွေကို တရုတ်အစိုးရက ထုတ်ပြန်လိုက်ပါတယ်။ ဒီပုံတွေကို မလေးရှားက ဘိုးရင်း ၇၇၇  ပျောက်ဆုံးသွားတဲ့ နောက်တနေ့ဖြစ်တဲ့  တနင်္ဂနွေနေ့က ရိုက်ယူခဲ့တာဖြစ်ကြောင်း  တရုတ် အစိုးရရဲ့ ကြေညာချက်ကို ကိုးကားပြီး  အစိုးရသတင်းဌာနက ဖော်ပြပါတယ်။  ဒီပုံတွေကို ဗုဒ္ဓဟူးနေ့ရောက်မှ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ရန်ကုန်မြို့တော်နှင့် မန္တလေးမြို့တော်ရှိ အခြေခံပညာ ကျောင်းများတွင် တရုတ်မုန့် မရောင်းရေး ကျောင်းဖွင့်ရာသီ အမီ စစ်ဆေး ပညာပေးမည်

Photo: ရန်ကုန်မြို့တော်နှင့် မန္တလေးမြို့တော်ရှိ အခြေခံပညာ ကျောင်းများတွင် တရုတ်မုန့် မရောင်းရေး ကျောင်းဖွင့်ရာသီ အမီ စစ်ဆေး ပညာပေးမည်
Thursday, March 13, 2014

ပြည်တွင်းရှိ ကျောင်းနေအရွယ် ကလေးငယ်များ စားသုံးမှု များပြီး ကလေးငယ်များ၏ ကျန်းမာရေးကို ခြိမ်းခြောက်မှုများ ရှိနေသော တရုတ်မုန့်များကို ရန်ကုန်နှင့် မန္တလေး မြို့တော်တို့ရှိ အခြေခံ ပညာသင် ကျောင်းပတ်ဝန်းကျင်ရှိ မုန့်ဆိုင်များတွင် ရောင်းချခြင်း မပြုရန် လာမည့် ကျောင်းဖွင့်ရာသီ အမီ စစ်ဆေး ပညာပေးသွားမည် ဖြစ်ကြောင်း စားသုံးသူ ကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောကြားသည်။

“တစ်နိုင်ငံလုံး အထိတော့ မဆောင်ရွက်နိုင်သေးဘူး။ အဓိကကတော့ ရန်ကုန် အရင် စလုပ်မှာပေါ့။ မန္တလေးမှာ အသင်းဖွဲ့ဖို့ စီစဉ်နေတယ် ဆိုတော့ ဖွဲ့ပြီးသွားရင်တော့ မန္တလေးမှာလည်း စစ်မှာပါ” ဟု ဦးဗအုပ်ခိုင်က ဆိုသည်။

ယင်းသို့ စစ်ဆေး ပညာပေးမှုကို ထိထိရောက်ရောက် ဆောင်ရွက် သင့်ပြီး ရေရှည် ဆောင်ရွက်ရမည် ဖြစ်ကြောင်း မန္တလေးခရိုင် အမရပူရ မြို့နယ်ရှိ ကျောင်းအုပ်ဆရာကြီး တစ်ဦးဖြစ်သူ ဦးမောင်မြင့်က ပြောကြားသည်။

အဆိုပါ မြို့များအတွင်းရှိ အခြေခံ ပညာသင် ကျောင်းများ အတွင်းရှိ မုန့်အရောင်းဆိုင် များနှင့် ကျောင်းဘေး ပတ်ဝန်းကျင် ဈေးဆိုင်များတွင် တရုတ်စာများဖြင့် ရေးသားထားသည့် မုန့်များသာ ဈေးကွက် ရယူနေပြီး ကျန်းမာရေးနှင့် အညီ ထုတ်လုပ်ထားမှု ဟုတ် မဟုတ် မသိနိုင်သဖြင့် ယင်းသို့ စစ်ဆေးသင့်ကြောင်း ၎င်းကဆိုသည်။

တစ်ထုပ်လျှင် ကျပ်ငါးဆယ်မှ ၂၀၀ ကျပ်ထိ ဈေးနှုန်းရှိသည့် ကြက်သား အာလူးချောင်း၊ ချိုချဉ်၊ မုန့်အချောင်းများ၊ ငါးမုန့်ကြော်၊ ဝေဖာစသည့် မုန့်များမှာ အရောင်အသွေးစုံ ထုပ်ပိုးမှု ကောင်းသဖြင့် ကလေးများ အစားများကြောင်း၊ ပြည်တွင်းထုတ် မုန့်များနှင့်မူ ထုပ်ပိုးမှု ပုံစံ ကွာခြားသဖြင့် ကလေးများအကြိုက် မဆောင်နိုင်ကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။

ယင်းမုန့်များသည် ဈေးကွက်အတွင်း တရားမဝင် ဝင်ရောက်နေခြင်း ဖြစ်ပြီး စားသုံးသူ ကာကွယ်ရေး ဥပဒေ ထွက်ရှိလာပါက စားသုံးသူ နစ်နာမှုများ ရှိလျှင် လာရောက် တိုင်ကြားနိုင်ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနထံမှ သိရသည်။

FDA ခွင့်ပြုချက် ရရှိရန် လာရောက် စစ်ဆေးသည့် တရုတ်မုန့်များတွင် တရုတ်စာများသာ ရိုက်နှိပ်ထားသဖြင့် စစ်ဆေးရန် ခက်ခဲကြောင်း မုန့်အမည်နှင့် ပါဝင်သည့် ပစ္စည်များကို အင်္ဂလိပ်ဘာသာ သို့မဟုတ် မြန်မာ ဘာသာဖြင့် ရိုက်နှိပ်ရန် လိုအပ်ကြောင်း မြန်မာ-တရုတ် ဆွေးနွေးပွဲတွင် FDA တာဝန်ရှိသူ တစ်ဦးက ပြောကြားထားသည်။

The Voice Weekly
ပြည်တွင်းရှိ ကျောင်းနေအရွယ် ကလေးငယ်များ စားသုံးမှု များပြီး ကလေးငယ်များ၏ ကျန်းမာရေးကို ခြိမ်းခြောက်မှုများ ရှိနေသော တရုတ်မုန့်များကို ရန်ကုန်နှင့် မန္တလေး မြို့တော်တို့ရှိ အခြေခံ ပညာသင် ကျောင်းပတ်ဝန်းကျင်ရှိ မုန့်ဆိုင်များတွင် ရောင်းချခြင်း မပြုရန် လာမည့် ကျောင်းဖွင့်ရာသီ အမီ စစ်ဆေး ပညာပေးသွားမည် ဖြစ်ကြောင်း စားသုံးသူ ကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောကြားသည်။

လုပ်ငန်းရှင်တွေကို ပြစ်ဒဏ်ပေးနိုင်တဲ့ ဥပဒေကြမ်း ဆွေးနွေဖို့ လွှတ်တော်သဘောတူ

အလုပ်ရှင်၊ အလုပ်သမား ပဋိပက္ခတွေမှာ ခုံသမာဓိကောင်စီနဲ့ ခုံသမာဓိအဖွဲ့တွေရဲ့ ဆုံးဖြတ်ချက်တွေကို မလိုက်နာတဲ့ အလုပ်ရှင်တွေကို ပြစ်ဒဏ်ပေးနိုင်တဲ့ ဥပဒေကြမ်းကို ဒီနေ့ ပြည်သူ့လွှတ်တော်က ဆွေးနွေးဖို့ အတည်ပြုလိုက်ပါတယ်။

မလေးရှားနိုင်ငံ ထောင်များ၌ ထိန်းသိမ်းခံထားရသည့် မြန်မာအလုပ်သမား ၈၄ ဦး မတ် ၁၂ ရက်တွင် ပြန်လည်ရောက်ရှိ

Photo: မလေးရှားနိုင်ငံ ထောင်များ၌ ထိန်းသိမ်းခံထားရသည့် မြန်မာအလုပ်သမား ၈၄ ဦး မတ် ၁၂ ရက်တွင် ပြန်လည်ရောက်ရှိ
Thursday, March 13, 2014

မလေးရှားနိုင်ငံ ထောင်များ၌ ထိန်းသိမ်းခံထားရသည့် မြန်မာအလုပ်သမား ၈၄  ဦး ပြည်တွင်းသို့ မတ် ၁၂ ရက် ညနေ ၃ နာရီ ၃၀ မိနစ်ခန့်က ပြန်လည်ရောက်ရှိခဲ့သည်။

ယခုပြန်လည်ရောက်ရှိသူများတွင် အမျိုးသား ၇၉ ဦး၊ အမျိုးသမီးငါးဦး စုစုပေါင်း ၈၄ ဦးသည် MAI လေကြောင်းလိုင်းဖြင့် ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။

“သီတဂူ ကိုယ်စားပြုအနေနဲ့ ဒုက္ခရောက် ကိုယ့်မြန်မာနိုင်ငံသားတွေကို ကူညီခွင့်ရတာ ၀မ်းသာမိပါတယ်။ သူတို့တွေ ပြည်တွင်းကိုပြန်ရောက်ဖို့ အခမဲ့ ဆောင်ရွက်ပေးပါတယ်။ ဒါ့အပြင် တစ်ဦးချင်းစီကို ငွေကျပ်နှစ်သောင်းစီလည်း ပေးအပ်ခဲ့ပါတယ်” ဟု သီတဂူ အထောက်အကူပြုအဖွဲ့ (မလေးရှား)မှ ဦးမြင့်အောင်က ပြောကြားသည်။

ထိန်းသိမ်းခံ မြန်မာနိုင်ငံသားများ ပြည်တွင်းသို့ ပြန်လည်ရောက်ရှိရေးအတွက် ငွေကြေးလှူဒါန်းမှုများ၊ သီတဂူ အထောက်အကူပြုအဖွဲ့ (မလေးရှား)၊ MAI လေကြောင်းလိုင်း၊ ကမ္ဘောဇဘဏ်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ၎င်းတို့ကို အခမဲ့ ပြန်လည်ခေါ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

“မလေးရှားကိုရောက်တာ သုံးနှစ်ပြည့်တဲ့အချိန်မှာ အရေးပေါ်စီမံချက်နဲ့ အဖမ်းခံရပြီး အချုပ်နဲ့ထောင်ထဲမှာ စုစုပေါင်း လေးလလောက်နေရပြီးမှ မြန်မာပြည်ကို အခုလို ပြန်လာခွင့်ရဖို့ သီတဂူနဲ့ အားလုံးရဲ့ကူညီမှုကို ကျေးဇူးတင်ပါတယ်” ဟု မြန်အောင်မြို့နယ်တွင် နေထိုင်သော ဦးသိန်းဇော်က ပြောကြားသည်။

မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် မြောက်ဥက္ကလာပမြို့နယ်နေ ကိုဇော်ဦးက “မလေးရှားကိုသွားတုန်းက ကျွန်တော်အောက်လမ်းကနေ သွားတာပါ။ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ၇ လပိုင်းကမှ သွားတာပါ။ ဟိုရောက်လို့ ၁ လ ၂ လပဲ ရှိသေးတယ်။ ငှားနေတဲ့ အခန်းဘေးက မလေးလူမျိုးတွေက လူစုနေတာ များလို့ဆိုပြီး ရဲတိုင်ရာကနေ အဖမ်းခံခဲ့ရပါတယ်” ဟု ပြောကြားသည်။

Eleven Media Group

မလေးရှားမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာအလုပ်သမားများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
မလေးရှားမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာအလုပ်သမားများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

မလေးရှားနိုင်ငံ ထောင်များ၌ ထိန်းသိမ်းခံထားရသည့် မြန်မာအလုပ်သမား ၈၄  ဦး ပြည်တွင်းသို့ မတ် ၁၂ ရက် ညနေ ၃ နာရီ ၃၀ မိနစ်ခန့်က ပြန်လည်ရောက်ရှိခဲ့သည်။

သမီးလေးကျေးရွာသားများ ဒီကေဘီအေဒေသကို သွားရောက်ကြည့်ရှု

Photo: သမီးလေးကျေးရွာသားများ ဒီကေဘီအေဒေသကို သွားရောက်ကြည့်ရှု
Thursday, March 13, 2014

ပဲခူးတိုင်း အလိုင်နီကျေးရွာအုပ်စု၊ အောင်သိဒ္ဓိ ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေကြတဲ့ သမီးလေးကျေးရွာ မိသားစုတွေထဲက ရွာသား ၄ ဦးနဲ့ အောင်သိဒ္ဓိကျောင်း ဆရာတော် ဦးအဂ္ဂဓမ္မတို့ ဒီကေဘီအေအဖွဲ့က နေရာချထားမယ့်ဒေသကို မတ်လ ၁၁ ရက်က သွားရောက်ကြည့်ရှု လေ့လာခဲ့ကြပါတယ်။

ပဲခူးတိုင်းဒေသကြီး အစိုးရက ဒုက္ခသည်တွေကို ဘုန်းကြီးကျောင်းမှာ ဆက်လက်နေထိုင်ခွင့် မပြုတော့တာကြောင့် ဒီကေဘီအေတပ်ဖွဲ့က ရွာသားတွေဆန္ဒရှိရင် သူတို့နယ်မှာ နေရာချ ထားပေးမယ်လို့ ပြောဆိုခဲ့ပါတယ်။ အဲဒါကြောင့် ဒီကေဘီအေဒေသကို လာရောက်လေ့လာ တာဖြစ်ကြောင်း ဆရာတော် ဦးအဂ္ဂဓမ္မက အခုလို မိန့်ကြားပါတယ်။

"အခက်အခဲ ကြုံလာပါတယ်ဆို ပဲခူးတိုင်းက လက်မခံတော့ဘူး၊ ပဲခူးတိုင်းက ဦးဇင်းဆီကို ၈ ရက်နေ့က ရောက်လာတယ်၊ ဘယ်လိုပြောလဲ ဆိုတော့ ကျောင်းသားတွေရှိလို့ သူတို့ဒီလောက်ထိ လက်ခံပေးတာ အခုဟာ လက်ခံလို့မရတော့ဘူး၊ ၉ ရက်နေ့ကနေစပြီးတော့ အကုန်ပြောင်းပေါ့ အမြန်ဆုံးအနေနဲ့ ပြောင်းခိုင်းတာ ခဏခဏမောင်း ထုတ်နေတော့ အဲ့ဒီ သူများအောက်မှာတော့ ဒီိလိုပဲ အဖြစ်မခံတော့ဘူး၊ အဲ့ဒီတော့ တို့အခြေအနေလေး သွားကြည့်ရအောင် ဒကာတွေကနေတိုင်ပင်ပြီးတော့ ဦးဇင်းလိုက်လာတာ"

ဒီကေဘီအေစစ်အခြေချ ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်ကလည်း သမီးလေးကျေးရွာက မိသားစုတွေ လာမယ်ဆိုရင် နေရာချထားမယ့် ကျောက်ခက်ရွာကို လိုက်လံပြသခဲ့တယ်လို့ ပြောပါတယ်။

"ရောက်တာတော့ ဒီနေ့ ဒီကျောက်ခတ်ကိုပေါ့လေ သွားပြီးတော့ပြပေးတယ်၊ ဘာကြောင့်ပြပေးလဲဆိုတာ ကျနော် အတင်းအဓမ္မ ဆွဲခေါ်တာမဟုတ်ဘူး၊ အခု ကျောက်ခတ်ရွာမှာ ရှိနေတဲ့လူတွေဟာ ရပ်ဝေးဒေသကလာပြီတော့ လုပ်စားပြီးတော့ အဲ့ဒီဒေသမှာ ရပ်တည်တဲ့လူတွေပဲ၊ ရဲရဲဝံ့ဝံ့ပြောရဲတာက ဘုန်းဘုန်းတို့ ဒကာတွေ ဒီမှာလာနေပြီဆိုရင် ဒီအခုလက်ရှိမောင်းထုတ်ခံရသလို မမောင်းထုတ်ဘူးဆိုတာ တပည့်တော် ရဲရဲဝံ့ဝံ့ပြောရဲတယ်၊ အဲ့ဒါ ဘုန်းဘုန်းတို့ ဒီကပြန်ရင် နေမယ်၊ မနေဘူးဆိုတာ အဲ့တာ ဘုန်းဘုန်းတို့ရဲ့ ဆုံးဖြတ်ချက်ပဲ"

.ဒီကေဘီအေက နေထိုင်ဖို့စီစဉ်ပေးမယ့်နေရာကို သွားရောက်လေ့လာခဲ့သူတွေထဲမှာပါဝင်တဲ့ သမီးလေးကျေးရွာသား ကိုအောင်လွင်ကတော့ သူ့ဆန္ဒကို အခုလိုပြောပါတယ်။

"ကျနော်ရဲ့ စိတ်ဓာတ်တစ်ဦးတည်းအနေနဲ့ကတော့ ရွာသားတွေနဲ့ အကုန်လုံး တိုင်ပင်လို့ရမယ် ဆိုရင်တော့ ကျနော်တို့ကတော့ ဒီနေရာမှာပဲ လုပ်ကိုင်စားသောက်တာ ကိုယ့်အတွက်လွတ်လပ်မှုတော့ အများကြီးရတယ်၊ လက်ရှိမှာ ကျနော်တို့ ခံစားရတဲ့ခံစားချက်က ကိုယ့်အတွက် လွတ်လွတ်လပ်လပ် လုပ်စားခွင့်ရဖို့ပါ"

သူတို့လေ့လာခဲ့သမျှကို ကျန်တဲ့ရွာသားတွေကိုပြောကြားပြီး အများဆန္ဒအတိုင်း နေရေး၊ မနေရေး ဆုံးဖြတ်ချက်ကို ဒီကေဘီအေအဖွဲ့ဆီ အကြောင်းပြန်မယ်လို့ဆိုပါတယ်။ အောင်သိဒ္ဓိဘုန်းကြီးကျောင်းမှာတော့ မိသားစု ၁၅၇ စု ခိုလှုံနေကြဆဲဖြစ်ပါတယ်။

RFA Burmese
ပဲခူးတိုင်း အလိုင်နီကျေးရွာအုပ်စု၊ အောင်သိဒ္ဓိ ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေကြတဲ့ သမီးလေးကျေးရွာ မိသားစုတွေထဲက ရွာသား ၄ ဦးနဲ့ အောင်သိဒ္ဓိကျောင်း ဆရာတော် ဦးအဂ္ဂဓမ္မတို့ ဒီကေဘီအေအဖွဲ့က နေရာချထားမယ့်ဒေသကို မတ်လ ၁၁ ရက်က သွားရောက်ကြည့်ရှု လေ့လာခဲ့ကြပါတယ်။

ပဒိုင်းအရွက်ကို အသုပ်ပြုလုပ် စားသောက်သည့် အမျိုးသမီး (၂)ဦး သေဆုံး

Photo: ပဒိုင်းအရွက်ကို အသုပ်ပြုလုပ် စားသောက်သည့် အမျိုးသမီး (၂)ဦး သေဆုံး
Thursday, March 13, 2014

ဆုပ်လျှင်ဆူး ၊ ရှုလျှင်မူး ၊ စားလျှင်ရှုး ဆိုသော စကားအတိုင်း အမျိုးသမီး နှစ်ဦး ပဒိုင်းအရွက် သုတ်ဖြင့် ထမင်းစား ရာမှ သေဆုံးခဲ့မှု ဖြစ်စဉ်ကို ယမန်နေ့ နံနက် ၃ နာရီက ရှမ်းပြည်နယ် (တောင်ပိုင်း) လဲချားမြို့ ၊ အမှတ်(၁) ရပ်ကွက် တွင် ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ လဲချားမြို့ ၊ အမှတ်(၁) ရပ်ကွက် ၊ ဦးစိုင်းလောင် ၏ အိမ်တွင် လာရောက် တည်းခိုးပြီး ပန်းရံ လုပ်ကိုင် နေသော မနန်းနန်း ၂၁နှစ် (ဘ) ဦးဘိုကြီး ( ခိုချောင်း ကျေးရွာ ၊တံတားဦး မြို့နယ် နေသူ ) နှင့် မစန်းစန်းတင် ၃ဝနှစ် (ဘ) ဦးကျော်မြင့် ( ရန်ကင်းတောင် ၊ ပုသိမ်ကြီး မြို့နယ် နေသူတို့ နှစ်ဦးသည် ပဒိုင်း အရွက်သုပ်ဖြင့် ထမင်းစား ခဲ့ရာ နှစ်ဦးစလုံး အော့အန် မူးဝေ သဖြင့် လဲချားမြို့ ပြည်သူ့ ဆေးရုံသို့ ပို့ဆောင် ကုသခဲ့ သော်လည်း မသက်သာ သဖြင့် လွိုင်လင် ပြည်သူ့ ဆေးရုံသို့ လွဲပြောင်း ကုသခဲ့ရာ လွိုင်လင် ပြည်သူ့ ဆေးရုံ၌ နှစ်ဦးစလုံး သေဆုံး သွားသည်။ ပဒိုင်းသီး သုပ်စားသူ အမျိုးသမီး နှစ်ဦးအား ရင်ခွဲ စစ်ဆေးချက် အရ အစာအိမ် နှင့် အူ များ ပြတ်ထွက် နေကြောင်း သိရသည်။

Themyawadydaily
ဆုပ်လျှင်ဆူး ၊ ရှုလျှင်မူး ၊ စားလျှင်ရှုး ဆိုသော စကားအတိုင်း အမျိုးသမီး နှစ်ဦး ပဒိုင်းအရွက် သုတ်ဖြင့် ထမင်းစား ရာမှ သေဆုံးခဲ့မှု ဖြစ်စဉ်ကို ယမန်နေ့ နံနက် ၃ နာရီက ရှမ်းပြည်နယ် (တောင်ပိုင်း) လဲချားမြို့ ၊ အမှတ်(၁) ရပ်ကွက် တွင် ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

မီတာခပိုကောက်မှု ဆန္ဒပြပွဲ ခေါင်းဆောင် ၄ ဦး တရားစွဲခံရ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေတိုက်နယ် သရက်တောကျေးရွာအုပ်စုက လျှပ်စစ်မီတာခ ပိုကောက်ခံတဲ့အတွက် ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့က ကန့်ကွက်ဆန္ဒပြခဲ့သူတွေထဲက ဦးဆောင်သူ ၄ ဦးကို တရားမ၀င် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ နဲ့ ပခုက္ကူမြို့နယ်တရားရုံးမှာ တရားစွဲလိုက် ပါတယ်။

အင်းလေးကန်သည် အရှေ့တောင်အာရှတွင် ထုံးဓာတ်ပါရှားပါးသစ်ဆွေးမြေ အများဆုံးရှိရာဒေသဖြစ်

Photo: အင်းလေးကန်သည် အရှေ့တောင်အာရှတွင် ထုံးဓာတ်ပါရှားပါးသစ်ဆွေးမြေ အများဆုံးရှိရာဒေသဖြစ်
Thursday, March 13, 2014

အာဆီယံ အမွေအနှစ်စာရင်းဝင် အင်းလေး ကန် ထိန်းသိမ်းရေး ဒေသသည် အရှေ့တောင်အာရှတွင် ထုံးဓာတ်ပါသော ရှားပါးသစ်ဆွေးမြေ ဧရိယာ အများဆုံးတွေ့ရှိရသည့် ဒေသတစ်ခုဖြစ်ကြောင်း အာဆီယံ သစ်ဆွေးမြေများရှိသည့် သစ်တောများ ထိန်းသိမ်း စောင့်ရှောက်ရေး စီမံကိန်း အဖွဲ့က သတင်း ထုတ်ပြန်သည်။

အင်းလေးကန်ဒေသတွင် ထုံးဓာတ်ပါသည့် ရှားပါးသစ်ဆွေးမြေ ဟက်တာပေါင်း ၉,၀၂၁ တွေ့ရှိရပြီး အရှေ့တောင်အာရှတွင် ထုံးဓာတ်ပါသစ်ဆွေးမြေ အများဆုံးတွေ့ရှိရသည့် ဒေသဖြစ်ကြောင်း အာဆီယံသစ်ဆွေးမြေများရှိသည့် သစ်တောများ ထိန်းသိမ်းစောင့်ရှောက်ရေးစီမံကိန်းအဖွဲ့က မလေးရှားနိုင်ငံတွင် ကျင်းပသည့် နိုင်ငံတကာသစ်ဆွေးမြေများ ထိန်းသိမ်းစောင့်ရှောက်ရေး ဆွေးနွေးပွဲတွင် သတင်းထုတ်ပြန်သည်။
          
‘‘အင်းလေးကန်မှာ တွေ့ရတဲ့ သစ်ဆွေးမြေတွေက ဗီယက်နမ်တစ်နိုင်ငံမှာတွေ့ရတဲ့ သစ်ဆွေးမြေပမာဏလောက်ရှိတယ်’’ ဟု သုတေသနအဖွဲ့တွင်ပါဝင်သည့် ဗီယက်နမ်နိုင်ငံသား ဒေါက်တာ Le Phat Quoi က ပြောသည်။
            
အင်းလေးကန်အတွင်း ထောင်ဘိုကြီးကျေးရွာသည် ထုံးကျောက်ဓာတ်ပါသစ်ဆွေးမြေ အများဆုံးရှိသောနေရာဖြစ်ခြင်းကြောင့် ဒေသခံများ စိုက်ပျိုးလုပ်ကိုင်ခွင့်မပြုဘဲ ထိန်းသိမ်းကာကွယ်သင့်သည့်နေရာဖြစ်ကြောင်း ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးဌာနမှ မစ္စတာ Faizal Parish က ဆိုသည်။
          
‘‘Peatland လို့ မသိခင်က စိုက်ပျိုးမြေလုပ်ထားတဲ့မြေတွေ သွားပြီးလုပ်လို့မရဘူး။ စိုက်ပျိုးရးမလုပ်ဘဲ ကျန်ရှိတဲ့မြေကိုတော့ ဆက်ထိန်းသိမ်းရမှာပေါ့။ Peatland ကို ထိန်းသိမ်းထားနိုင်တယ်’’ဟု အင်းလေးကန်ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ဖူးသူ ဦးထွန်းပေါ်ဦးက ပြောသည်။
          
သစ်ဆွေးမြေကို သိပ္ပံအမည်အရ Peatland ဟုခေါ်ပြီး သစ်ဆွေးမြေများရှိခြင်းကြောင့် ဂေဟဗေဒစနစ်တွင် ရှင်သန်နေသည့် အကောင်နှင့်အပင်များ ကောင်းမွန်စွာလည်ပတ်ခြင်းကို အထောက်အကူပြုနိုင်သည်။ ထို့အပြင် မြေသြဇာအလွန်ကောင်းသဖြင့် သီးပင်စားပင်များ စိုက်ပျိုးရာတွင် များစွာအကျိုးဖြစ်ထွန်းသဖြင့် အော်ဂဲနစ်အစစ်ဖြစ်သည်။ ဆိုးကျိုးအနေဖြင့် Peatland ရှိသည့် မြေနေရာတွင် မီးလောင်မှုဖြစ်ပွားပါက အခြားနေရာများထက် ကာဗွန်ဒိုင်အောက်ဆိုက် အများအပြားထွက်သောကြောင့် သတိထားထိန်းသိမ်းသင့်သည့် မြေအမျိုးအစား ဖြစ်သည်။
          
အင်းလေးကန်ရှိ ထုံးဓာတ်ပါသည့် ရှားပါးသစ်ဆွေးမြေများသည် စိုက်ပျိုးရေးတိုးချဲ့လာခြင်း၊ လူဦးရေးတိုးပွားလာခြင်း၊ ဒေသခံများ မသိနားမလည်ဘဲ မီးရှို့ဖျက်ဆီးမှုများကြောင့် နှစ်စဉ် ပျက်စီးမှုများ ကြုံတွေ့နေရကြောင်း ဖရီဒါအသင်းမှ ဦးဆန်းလွင်က ပြောသည်။
          
အရှေ့တောင်အာရှ သစ်ဆွေးမြေများရှိသည့် သစ်တောများရေရှည်တည်တံ့ရေးစီမံခန့်ခွဲမှုအဖွဲ့ဝင်များဖြစ်သော မြန်မာ၊ မလေးရှားနှင့် ဗီယက်နမ်တို့မှ နည်းပညာကျွမ်းကျင်သူများ၊ အာဆီယံသစ်ဆွေးမြေများရှိသည့် သစ်တောများထိန်းသိမ်းစောင့်ရှောက်ရေးစီမံကိန်း (APFP)တို့က အီးယူနှင့်ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (GEF)တို့၏ ထောက်ပံ့ကူညီမှုဖြင့် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီတွင် အင်းလေးကန်ထိန်းသိမ်းရေးနယ်မြေများရှိ နေရာပေါင်း ၇၀ တွင် သုတေသန ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Author: အိဖြူမွန်
7DAY DAILY

အင်းလေးကန်အတွင်း စက်လှေဖြင့်သွားနေသူတစ်ဦး
ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
အင်းလေးကန်အတွင်း စက်လှေဖြင့်သွားနေသူတစ်ဦးဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)

အာဆီယံ အမွေအနှစ်စာရင်းဝင် အင်းလေးကန် ထိန်းသိမ်းရေး ဒေသသည် အရှေ့တောင်အာရှတွင် ထုံးဓာတ် ပါသော ရှားပါးသစ်ဆွေးမြေ ဧရိယာ အများဆုံးတွေ့ရှိရသည့် ဒေသတစ်ခုဖြစ်ကြောင်း အာဆီယံ သစ်ဆွေးမြေများရှိသည့် သစ်တောများ ထိန်းသိမ်း စောင့်ရှောက်ရေး စီမံကိန်း အဖွဲ့က သတင်း ထုတ်ပြန် သည်။

အမျိုးစောင့်ဥပဒေ ရေးဆွဲရေးအတွက် အခြေခံမူများ ထပ်မံပေးပို့မည်

ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေနဲ့ လူဦးရေတိုးပွားနှုန်း ထိန်းညှိရေးဆိုင်ရာ ဥပဒေ ၂ ရပ် ပြဋ္ဌာန်းရေးအတွက် သမ္မတ ဦးသိန်းစိန် ဖွဲ့စည်းလိုက်တဲ့ ဥပဒေကြမ်းရေးဆွဲရေးကော်မရှင်ကို မူလပေးပို့ ထားတဲ့ အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးဥပဒေ ၄ ရပ်နဲ့ ပတ်သက်တဲ့မူတွေကို ရှင်းလင်း ချက်တွေနဲ့ ထပ်မံပေးပို့ဖို့ အစီအစဉ်ရှိတယ်လို့ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ဥက္ကဌ ဘဒ္ဒန္တ တိလောကာဘိဝံသက RFA ကို မိန့်ပါတယ်၊

စိတ်မနှံ့သူ တစ်ဦးအား ကျေးရွာ ကာလသားအဖွဲ့မှ ဝိုင်းရိုက်နှက်၍ သေဆုံး

ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လောင်းမြို့နယ် ၊ ကျောင်းယ ကျေးရွာ တွင် ယမန်နေ့ ည ၁ဝ နာရီက စိတ်မနှံသူ တစ်ဦးအား ကျေးရွာ ကာလသား များက ဝိုင်းရိုက်နှက် သဖြင့် သေဆုံးမှု တစ်ခု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ဟင်္သာတမြို့၊ သုံးပင်ကွင်းရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားရာ နေအိမ်ငါးလုံး ဆုံးရှုံးပြီး အငြိမ်းစား ဆရာမကြီးတစ်ဦး သေဆုံး

Photo: ဟင်္သာတမြို့၊ သုံးပင်ကွင်းရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားရာ နေအိမ်ငါးလုံး ဆုံးရှုံးပြီး အငြိမ်းစား ဆရာမကြီးတစ်ဦး သေဆုံး
Thursday, March 13, 2014

ဟင်္သာတမြို့ သုံးပင်ကွင်းရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားရာ နေအိမ်ငါးလုံး ဆုံးရှုံးပြီး အငြိမ်းစား ဆရာမကြီးတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

မတ် ၁၂ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်က စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး မွန်းလွဲ ၂ နာရီတွင် မီးညွန့်ကျိုးကာ ၃ နာရီတွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

“သုံးပင်ကွင်းရပ်ကွက်၊ ရေတံခွန် ၂ လမ်းမှာ မီးလောင်မှု ဖြစ်ခဲ့ပါတယ်။ သေဆုံးခဲ့တဲ့ အငြိမ်းစား ဆရာမကြီးအိမ်ကစပြီး လောင်ကျွမ်းခဲ့တာပါ။ စာအုပ်ရောင်းတဲ့ တပ်မတော်သားတွေက မီးလောင်နေတာတွေ့လို့ ပြောရာကနေ အနီးနားကလူတွေသိပြီး ၀ိုင်းပြီးငြှိမ်းသတ် ခဲ့ကြတယ်လို့ သိရပါတယ်။ သေဆုံးခဲ့တဲ့ ဆရာမကြီးက လေငန်းဝေဒနာသည် ဖြစ်ပါတယ်။ သူ့ရဲ့ညီမကတော့ ဘာမှမဖြစ်ပါဘူး” ဟု မျက်မြင်တစ်ဦးက ပြောကြားသည်။

သေဆုံးခဲ့သူ အငြိမ်းစား ဆရာမကြီး ဒေါ်လှကြည် အသက် ၈၃ နှစ်သည် ကျန်းမာရေးအခြေအနေကြောင့် မီးလောင်ကျွမ်းစဉ် တိမ်းရှောင်နိုင်ခြင်း မရှိသဖြင့် မီးလောင်သေဆုံးခဲ့ရခြင်းဖြစ်ကာ နေအိမ်တွင် တစ်ဦးတည်းရှိနေစဉ် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တာဝန်မှူး ဒုရဲအုပ် နန်းဝင်းအောင်ထံ ဆက်သွယ်ရာ “မီးလောင်ကျွမ်းမှုကြောင့် နေအိမ်ငါးလုံး ဆုံးရှုံးခဲ့ပြီး ဒဏ်ရာရရှိသူ မရှိခဲ့သော်လည်း လူတစ်ဦးသေဆုံးခဲ့ကြောင်း၊ မည်သို့သော အကြောင်းကြောင့် မီးစတင် လောင်ကျွမ်းခြင်း ဖြစ်သည်နှင့် ဆုံးရှုံးမှု ပမာဏတို့အား စိစစ်နေဆဲဖြစ်ကြောင်း” ဟု မတ် ၁၂ ရက် ညနေ ၄ နာရီခန့်က ပြောကြားသည်။

မီးလောင်မှုဖြစ်ပွားရာ နေရာသို့ ဟင်္သာတ ဗဟိုမီးသတ်နှင့် ပန်းဘဲတန်းရပ်ကွက်၊ ဘုရားကြီးရပ်ကွက်တို့မှ မီးသတ်ယာဉ်လေးစီး၊ ဇလွန်မီးသတ်မှတစ်စီး စုစုပေါင်း မီးသတ်ယာဉ်ငါးစီး၊ အင်အား ၁၀၀ ခန့် လာရောက်ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

Eleven Media Group

ဟင်္သာတမြို့ သုံးပင်ကွင်းရပ်ကွက်တွင် မီးလောင်မှု ဖြစ်ပွားနေသည်ကို တွေ့ရစဉ်
ဟင်္သာတမြို့ သုံးပင်ကွင်းရပ်ကွက်တွင် မီးလောင်မှု ဖြစ်ပွားနေသည်ကို တွေ့ရစဉ်

ဟင်္သာတမြို့ သုံးပင်ကွင်းရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားရာ နေအိမ်ငါးလုံး ဆုံးရှုံးပြီး အငြိမ်းစား ဆရာမကြီး တစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဦးကျော်သူဦးဆောင်သည့် နာရေးကူညီမှုအသင်း၏ သံချပ်အဖွဲ့ ရန်ကုန်မြို့တွင် လှည့်လည်ဖျော်ဖြေမည်

Photo: ဦးကျော်သူဦးဆောင်သည့် နာရေးကူညီမှုအသင်း၏ သံချပ်အဖွဲ့ ရန်ကုန်မြို့တွင် လှည့်လည်ဖျော်ဖြေမည်
Thursday, March 13, 2014

ဦးကျော်သူ ဦးဆောင်သည့် နာရေးကူညီမှုအသင်း၏ သံချပ်အဖွဲ့သည် ရန်ကုန်မြို့တွင် လှည့်လည်ဖျော်ဖြေရန် စီစဉ်ထားသည်ဟု သတင်းရရှိသည်။ အဆိုပါသံချပ်အဖွဲ့သည်  ၂၀၁၃ ခုနှစ် သင်္ကြန်ကာလမှ စတင်ကာ ရန်ကုန်မြို့တွင် လှည့်လည်ဖျော်ဖြေခဲ့ခြင်းဖြစ်ပြီး ယခုနှစ်သင်္ကြန်တွင်လည်း ထပ်မံလှည့်လည်ဖျော်ဖြေရန် စီစဉ်လာခြင်းဖြစ်သည်။

“ဒီနှစ်မှာလည်း သံချပ်အဖွဲ့ဖျော်ဖြေဖို့ စီစဉ်ထားပါတယ်။ အားလုံးလည်း ကြိုတင်တိုက်ထားပြီးပါပြီ။ သံချပ်ဆိုတာကတော့ မြန်မာ့ရိုးရာယဉ်ကျေးမှုကို ဖော်ထုတ်တာပါ။ မြန်မာ့ရိုးရာယဉ်ကျေးမှုအတိုင်း ဖော်ထုတ်တင်ပြတာကို စိစစ်မှုတွေ၊ ကန့်သတ်တာတွေ ရှိနေတာကတော့ မကောင်းဘူးပေါ့။ ကျွန်တော်တို့ကတော့ ပရိသတ်ကို တတ်နိုင်သလောက် တင်ပြတဲ့သဘောနဲ့ လှည့်လည်ဖျော်ဖြေဖို့ စီစဉ်ထားတာပါ” ဟု နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ဥက္ကဋ္ဌ ဦးကျော်သူက ရှင်းပြခဲ့သည်။                

နာရေးကူညီမှုအသင်း (ရန်ကုန်) ၏သံချပ်အဖွဲ့ကို အလှပြယာဉ်များနှင့်အတူ လှည့်လည် တင်ဆက်သွားမည်ဖြစ်ပြီး ကြိုတင်ပြင်ဆင်မှုများကို စတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။ ယခုနှစ်သင်္ကြန်ကာလတွင် သံချပ်အဖွဲ့များ လှည့်လည် တင်ဆက်နိုင်ရန် စီစဉ်လျက်ရှိပြီး သံချပ်စာသားများ ကြိုတင် တင်ပြရန်ထုတ်ပြန်ခဲ့ခြင်းအပေါ် သံချပ်တင်ဆက်မည့် အနုပညာရှင်အချို့အနေဖြင့် ဝေဖန်မှုများပြုလုပ်ခဲ့သည်။ သင်္ကြန်ကာလတွင် သံချပ်ဖျော်ဖြေမှုများမှာ ဆယ်စုနှစ်နှစ်ခုကျော်ခန့် ကွယ်ပျောက်သွားခဲ့ရာမှ ၂၀၁၂ ခုနှစ်ခန့်မှစတင်ကာ ပြန်လည်ပြုလုပ်လာကြခြင်းဖြစ်ပြီး ယခုနှစ်တွင်လည်း သင်္ကြန်သံချပ်အဖွဲ့များ လှည့်လည်ဖျော်ဖြေရန် ပြင်ဆင်လာကြသည်။

Eleven Media Group

၂၀၁၃ခုနှစ် သင်္ကြန်ပွဲတော်တွင် တွေ့ရသည့် နာရေးကူညီမှုအသင်း၏ သံချပ်အဖွဲ့ဖျော်ဖြေမှု
၂၀၁၃ခုနှစ် သင်္ကြန်ပွဲတော်တွင် တွေ့ရသည့် နာရေးကူညီမှုအသင်း၏ သံချပ်အဖွဲ့ဖျော်ဖြေမှု

ဦးကျော်သူ ဦးဆောင်သည့် နာရေးကူညီမှုအသင်း၏ သံချပ်အဖွဲ့သည် ရန်ကုန်မြို့တွင် လှည့်လည်ဖျော်ဖြေရန် စီစဉ်ထားသည်ဟု သတင်းရရှိသည်။ အဆိုပါသံချပ်အဖွဲ့သည်  ၂၀၁၃ ခုနှစ် သင်္ကြန်ကာလမှ စတင်ကာ ရန်ကုန်မြို့တွင် လှည့်လည်ဖျော်ဖြေခဲ့ခြင်းဖြစ်ပြီး ယခုနှစ်သင်္ကြန်တွင်လည်း ထပ်မံလှည့်လည်ဖျော်ဖြေရန် စီစဉ်လာခြင်းဖြစ်သည်။

လေယာဉ်ပျောက်ဆုံးမှု ရှာဖွေရေးလုပ်ငန်းများတွင် သတင်းအချက်အလက် ကွဲလွဲမှုများအတွက် မလေးရှားတို့ ပြင်းထန်သော ဝေဖန်မှုများ ရင်ဆိုင်နေရ

Photo: လေယာဉ်ပျောက်ဆုံးမှု ရှာဖွေရေးလုပ်ငန်းများတွင် သတင်းအချက်အလက် ကွဲလွဲမှုများအတွက် မလေးရှားတို့ ပြင်းထန်သော ဝေဖန်မှုများ ရင်ဆိုင်နေရ
Thursday, March 13, 2014

လူ ၂၃၉ ဦးလိုက်ပါခဲ့သောလေယာဉ် ပျောက်ဆုံးနေသည်ကို ရှာဖွေမှုတွင် သတင်းအချက်အလက် ကွဲပြားမှုများအတွက် မတ် ၁၂ ရက်တွင် မလေးရှားကို ပြင်းထန်သော ဝေဖန်မှုများ ပေါ်ထွက်ခဲ့သည်။

မတ် ၈ ရက်က ကွာလာလမ်ပူမှ ပေကျင်းသို့အသွား ခရီးတွင် နောက်ဆုံးအဆက်အသွယ် ရရှိခဲ့သော ဗီယက်နမ်၏ တောင်တရုတ်ပင်လယ် ကမ်းရိုးတန်းအနီး၌ နိုင်ငံစုံမှ လေယာဉ်များ၊ သင်္ဘောများက ရှာဖွေရေး လုပ်ငန်းများ အဓိက ဆောင်ရွက်ခဲ့ကြသည်။ သို့သော် လေယာဉ်သည် ပျံသန်းရမည့် လမ်းကြောင်းမှ လှည့်၍ အနောက်ဘက်သို့ ပျံသန်းခဲ့ကြောင်း ရှာဖွေရေးနယ်မြေကို အင်ဒိုနီးရှား၏မြောက်ဘက် ကပ္ပလီ(အက်ဒမန်)ပင်လယ်ထိ ချဲ့ထွင်ခဲ့ကြောင်း မလေးရှားက ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ပြောင်းလဲမှုက မလေးရှားအာဏာပိုင်များသည် ယခုကဲ့သို့ အရေးကြီးသည့် အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိကြောင်း ထင်မြင်ယူဆမှုများကို ပိုမိုဆိုးရွားစေခဲ့သည်။ ထို့ပြင် ကွာလာလမ်ပူနှင့် မလေးရှားတွင် စောင့်ဆိုင်းနေကြသော ဆွေမျိုးသားချင်းများကို ဒေါသထွက်စေခဲ့သည်။

တရုတ်နိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီးက လေယာဉ်တွင် လိုက်ပါခဲ့သော တရုတ်ခရီးသည် ၁၅၃ ဦး၏ ဆွေမျိုးများကို လေယာဉ်လမ်းကြောင်းနှင့် ပတ်သက်၍ စစ်ဘက်က ရရှိထားသည့် သတင်းအချက်အလက်များကို ထုတ်ဖော်ရမည့်အချိန် မဟုတ်သေးကြောင်း ပြောကြားခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

မလေးရှားမှ ဗီယက်နမ်ဝေဟင် ပိုက်နက်သို့ မကူးပြောင်းမီ လေယာဉ်မှူးအခန်းမှ နောက်ဆုံးရေဒီယို ပေးပို့မှုသည် “Alright, good night” ဟု ဖြစ်ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်ဟု စင်ကာပူသတင်းစာ စထရိတ်တိုင်းမ်က ဖော်ပြခဲ့သည်။

စစ်ဘက်နှင့် အရပ်ဘက်ရေဒါများမှ ရရှိသော အချက်အလက်များသည် မည်သည့်အချက်အလက်များ ဖြစ်သည်ကို လေ့လာသုံးသပ်သူများက အလွန်သိချင်နေကြသည်။

ထို့ပြင် ငါးရက်ကြာသည်အထိ ရလဒ်မရှိသော ရှာဖွေမှုအတွက်လည်း သည်းခံမှုမှ ဒေါသနှင့် စိတ်ကသိကအောက်ဖြစ်မှုသို့ ပြောင်းလဲလာခဲ့ကြောင်း မလေးရှားအွန်လိုင်း သတင်းဝက်ဘ်ဆိုက် Malaysian Insider က ရေးသားခဲ့သည်။ တောင်ပံအကျယ် ပေ ၂၀၀ ရှိသော လေယာဉ်ကြီးသည် ကောင်းကင်မှ ကျဆင်းခဲ့ခြင်း မရှိသလို၊ လေထုအတွင်း၌ ပျောက်ဆုံးခဲ့ခြင်း မရှိဟု ဆိုသောကြောင့် တစ်ကမ္ဘာလုံးက မလေးရှားကို စောင့်ကြည့်နေကြကြောင်း Malaysian Insider က ရေးသားခဲ့သည်။ သတင်းအချက်အလက်များ ရေရေရာရာ မရရှိသောကြောင့် ကောလာဟလများ ဖြစ်နေပြီး အချို့က အာဏာပိုင်များသည် ဖုံးဖိနေကြသည်ဟု ယူဆနိုင်ကြောင်း ပြောကြားခဲ့ကြသည်။

Eleven Media Group

ပျောက်ဆုံးမလေးရှားလေယာဉ်ကို အင်ဒိုနီးရှားစစ်တပ်က ရှာဖွေရေးပြုလုပ်နေသည့် လမ်းကြောင်းကို ကြည့်ရှုနေသော အင်ဒိုနီးရှား လေတပ်အဖွဲ့ဝင်တစ်ဦးကို မတ် ၁၂ ရက်တွင် တွေ့ရစဉ် (Photo:AFP)
ပျောက်ဆုံးမလေးရှားလေယာဉ်ကို အင်ဒိုနီးရှားစစ်တပ်က ရှာဖွေရေးပြုလုပ်နေသည့် လမ်းကြောင်းကို ကြည့်ရှုနေသော အင်ဒိုနီးရှား လေတပ်အဖွဲ့ဝင်တစ်ဦးကို မတ် ၁၂ ရက်တွင် တွေ့ရစဉ် (Photo:AFP)

လူ ၂၃၉ ဦးလိုက်ပါခဲ့သောလေယာဉ် ပျောက်ဆုံးနေသည်ကို ရှာဖွေမှုတွင် သတင်းအချက်အလက် ကွဲပြားမှု များ အတွက် မတ် ၁၂ ရက်တွင် မလေးရှားကို ပြင်းထန်သော ဝေဖန်မှုများ ပေါ်ထွက်ခဲ့သည်။

နာမည်ကျော် မြန်မာကာတွန်းဇာတ်ကောင် ရွှေဂေါင်းပြောင်ဇာတ်လမ်းများကို ရုပ်သံဇာတ်လမ်းတွဲအဖြစ် ရိုက်ကူးမည်

Photo: နာမည်ကျော် မြန်မာကာတွန်းဇာတ်ကောင် ရွှေဂေါင်းပြောင်ဇာတ်လမ်းများကို ရုပ်သံဇာတ်လမ်းတွဲအဖြစ် ရိုက်ကူးမည်
Thursday, March 13, 2014

မြန်မာကာတွန်းလောကတွင် နာမည်ကျော်ကြားပြီး ထင်ရှားသည့် ကာတွန်းဇာတ်ကောင်များအနက် တစ်ချိန်က နာမည်ကျော် ကာတွန်းဇာတ်ကောင်ဖြစ်သည့် ကာတွန်း အောင်အောင်၏ ရွှေဂေါင်းပြောင် ကာတွန်းဇာတ်လမ်းများကို ရုပ်သံဇာတ်လမ်းတွဲအဖြစ် ရိုက်ကူးတင်ဆက်သွားမည်ဟု သတင်းရရှိသည်။

အဆိုပါ ရွှေဂေါင်းပြောင် ကာတွန်းဇာတ်ကောင်နှင့် ဇာတ်လမ်းများသည် ၁၉၇၀ ပြည့်နှစ် ၀န်းကျင်ခန့်မှစတင်ကာ မြန်မာကာတွန်းရုပ်ပြလောကတွင် ထင်ရှားကျော်ကြားလာသည့် ကာတွန်းဇာတ်ကောင်နှင့် ဇာတ်လမ်းများဖြစ်သည်။ ယင်းကာတွန်းဇာတ်လမ်းများသည် တရားမျှတမှုကို မြတ်နိုးသည့် သူရဲကောင်း ရွှေဂေါင်းပြောင်၏ စွန့်စားရဲဝံ့မှု နှင့် အမှန်တရားဘက်မှ ရပ်တည်မှုတို့ကို ဘ၀သရုပ်ဖော်များနှင့် တွဲဖက်တင်ဆက်ထားခြင်းဖြစ်သည်။ ရွှေဂေါင်းပြောင် ရုပ်သံဇာတ်လမ်းတွဲများကို ၂၀၀၇ ခုနှစ်ကပင် ရိုက်ကူးကာ မြ၀တီရုပ်သံတွင် အရှက်နှင့်အသက်၊ လေတံခွန်မလေးဇာတ်လမ်းပိုင်းများ ပြသခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ပြသမှုများနှင့်ရိုက်ကူးမှုများကို ရပ်နားခဲ့သည်ဟု သိရသည်။

အဆိုပါ ဇာတ်လမ်းများကို အသင်္ချေရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေးမှ ရိုက်ကူးခဲ့ပြီး ရွှေဂေါင်းပြောင်အဖြစ် ညီညီမင်းထက်နှင့် အတူ ကျော်ဝင်းထွဋ်နှင့် စိုင်းသီဟတို့ကပင် ပါဝင်သရုပ်ဆောင်ထားသည်ဟု သိရသည်။

“ မြန်မာဇာတ်လမ်းတွဲတွေ တကယ်ကို အောင်မြင်စေချင်ပါတယ်။ နောက်ပြီး သူရဲကောင်းအဖြစ် တင်စားမယ်ဆိုရင် မြန်မာသူရဲကောင်းတွေကို သိတဲ့သူနည်းသွားပြီဖြစ်လို့ ဒီဇာတ်လမ်းကို ရွေးပြီးရိုက်ဖြစ်တာပါ”ဟု ဒါရိုက်တာ လွတ်လပ်အိမ်က ဆိုသည်။

ယင်းကာတွန်းဇာတ်လမ်းများကို ဒါရိုက်တာ လွတ်လပ်အိမ်က ရိုက်ကူးမည်ဖြစ်ကာ ရွှေဂေါင်းပြောင်အဖြစ် ညီညီမင်းထက်က အဓိကပါဝင်သရုပ်ဆောင်မည်ဖြစ်သည်။  ရွှေဂေါင်းပြောင်၏ သွေးသောက်ရဲဘော် သူငယ်ချင်းများအဖြစ် ကျော်ဝင်းထွဋ်နှင့် စိုင်းသီဟတို့ ပါဝင်ကြမည်ဖြစ်သည်။

 ယင်းဇာတ်လမ်းတွဲများကို ဇာတ်ကောင်အပါအ၀င် ဇာတ်လမ်းများကိုလည်း ကာတွန်းအောင်အောင်၏ ဇာတ်လမ်းများကို ရိုက်ကူးမည်ဖြစ်ကာ ဇာတ်ညွှန်းနှင့် တွဲဖက်ဒါရိုက်တာအဖြစ် မောင်ရူပက တာဝန်ယူ ဆောင်ရွက်မည်ဖြစ်သည်။
ဇာတ်လမ်းတွဲတွင် အသုံးပြုမည့် ရွှေဂေါင်းပြောင်သီချင်းကို ရန်နောင်ဦးက ရေးသားထားပြီး ဆူးနစ်က သီဆိုပေးထားသည်ဟု သိရသည်။

Eleven Media Group

ရွှေဂေါင်းပြောင်ဇာတ်လမ်းတွဲ ပိုစတာကိုတွေ့ရစဉ်
ရွှေဂေါင်းပြောင်ဇာတ်လမ်းတွဲ ပိုစတာကိုတွေ့ရစဉ်

မြန်မာကာတွန်းလောကတွင် နာမည်ကျော်ကြားပြီး ထင်ရှားသည့် ကာတွန်းဇာတ်ကောင်များအနက် တစ်ချိန်က နာမည်ကျော် ကာတွန်းဇာတ်ကောင်ဖြစ်သည့် ကာတွန်း အောင်အောင်၏ ရွှေဂေါင်းပြောင် ကာတွန်း ဇာတ်လမ်းများကို ရုပ်သံဇာတ်လမ်းတွဲအဖြစ် ရိုက်ကူးတင်ဆက်သွားမည်ဟု သတင်းရရှိသည်။

ပါတီ ၁၁ ခု ပူးပေါင်းဖွဲ့စည်းထားသည့် FDA၊ တိုင်းရင်းသားပါတီများ စုပေါင်းထားသည့် UNA တို့နှင့် NCCT အဖွဲ့တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စများ ဆွေးနွေး

ပါတီ ၁၁ ခု ပူးပေါင်းဖွဲ့စည်းထားသည့် ဖယ်ဒရယ်ဒီမိုကရေစီ မဟာမိတ်အဖွဲ့ (FDA)၊ တိုင်းရင်းသားပါတီများ စုပေါင်းထားသည့် ညီညွတ်သောတိုင်းရင်းသားများ မဟာမိတ်အဖွဲ့ (UNA) နှင့် တိုင်းရင်သားလက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင်များသည် မတ် ၁၂ ရက်က ရန်ကုန်မြို့၌ သီးခြားစီတွေ့ဆုံ၍ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များနှင့် ပတ်သက်ပြီး ဆွေးနွေးမှု ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

နန်းခင်ဇေယျာ၏ မွေးနေ့ညစာစားပွဲအား ပရိသတ် ၁၀ ဦး ရွေးချယ်ကာ ကျင်းပ

သရုပ်ဆောင်နန်းခင်ဇေယျာ၏ မွေးနေ့ ညစာစားပွဲအား မတ် ၁၂ ရက်ညပိုင်းက ရန်ကုန်မြို့ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်၌ ပရိသတ် ၁၀ ဦးကို ရွေးချယ်ဖိတ်ခေါ်ကာ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက်အတွင်းရှိ နေအိမ် ၁၆ လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွား

Photo: အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက်အတွင်းရှိ နေအိမ် ၁၆ လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွား
Thursday, March 13, 2014

အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက် ရှမ်းစု (၁) လမ်းအတွင်းရှိနေအိမ်များ မတ် ၁၂ ရက် ညနေ ၅ နာရီဝန်းကျင်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းရပ်ကွက်ရှိ အိမ်ရှင်ဦးစိန်ဝင်းမြင့်၏ နေအိမ်မှ စတင်လောင်ကျွမ်းခဲ့ရာ လူနေအိမ်စုစုပေါင်း ၁၆ လုံး မီးလောင်ကျွမ်းပျက်စီးခဲ့ပြီး ပျဉ်ထောင်အိမ်လေးလုံး၊ တိုက်ခံအိမ် ၁၂ လုံး ပါဝင်ကြောင်း သိရသည်။

မီးလောင်မှု အကြောင်းအရင်းကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ သတင်းထုတ်ပြန်မှုတွင် အိမ်ရှင်ဦးစိန်ဝင်းမြင့်၏ သားဖြစ်သူ ကိုနိုင်ဝင်းထွန်း (ခ) ဖိုးသကြားသည် နေအိမ်အပေါ်ထပ်၌ ခြင်ဆေးခွေထွန်းရာတွင် အောက်ခံအဖြစ် အသုံးပြုသည့် ကော်ခွက်အတွင်းသို့ သောက်လက်စဆေးလိပ်ကို မီးမငြှိမ်းဘဲ ထားခဲ့ရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

တစ်နာရီခန့်ကြာ လောင်ကျွမ်းခဲ့သည့် ယင်းဖြစ်စဉ်တွင် မီးအရှိန်မြင့်မားမှုကြောင့် အဆိုပါရပ်ကွက်တစ်ခုလုံး လျှပ်စစ်မီး ဖြတ်တောက်ခဲ့ရသည်။ ထို့ပြင် အင်းစိန်မြို့နယ် အောက်မင်္ဂလာဒုံ လမ်းမကြီးတစ်လျှောက် အချိန်နာရီဝက်ကြာမြင့်စွာ ယာဉ်ကြောပိတ်ဆို့မှုများလည်း ဖြစ်ပေါ်ခဲ့သည်။

“မီးလောင်တာကတော့ အတော်များတယ်။ မီးလောင်တဲ့အချိန် လေကလည်းတိုက်တော့ မီးစတွေကို ပင့်ပေးသလို ဖြစ်တယ်။ အခုတော့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်တွေ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့တွေက မီးလောင်မှုဖြစ်တဲ့ နေရာတွေကို ၀င်ရောက်ခွင့်တွေ ယာယီတားမြစ်ထားပါတယ်။ အိမ်ရှင်တွေကိုပဲ ပစ္စည်းတွေသိမ်းဖို့ ၀င်ခွင့်ပြုထားတယ်။ အိမ်တွေက ကပ်နေတော့ မီးလောင်မှုဖြစ်ရင် မီးကူးတာလွယ်တယ်” ဟု မီးလောင်မှုကို ကိုယ်တိုင်မြင်တွေ့သူ အမျိုးသားတစ်ဦးက ပြောကြားသည်။

မီးလောင်မှုဖြစ်စဉ်ကို မြို့နယ်အသီးသီးရှိ မီးသတ်ဌာနမှ မီးသတ်ကား ၄၆ စီးဖြင့်လာ ရောက်ငြှိမ်းသတ်ခဲ့ရပြီး မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ တစ်ဦးမျှ မရှိကြောင်း မီးသတ်အရာရှိ တစ်ဦးထံမှ သိရသည်။

မီးလောင်ကျွမ်းခဲ့သော နေအိမ် ၁၆ လုံးမှ အိမ်ထောင်စုများကို ၀ါဦးပရိယတ္တိ စာသင်တိုက်တွင် ကယ်ဆယ်ရေးစခန်း ယာယီဖွင့်လှစ်ကာ နေရာချထားပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“လက်ရှိတော့ မီးလောင်မှုကြောင့် ဒုက္ခရောက်ခဲ့တဲ့ သူတွေရဲ့ စာရင်းလိုက်ကောက်နေပါတယ်။ သူတို့ကို ဒုက္ခသည်စခန်း ဖွင့်ပြီးထား ရှိထားပါတယ်။ ဖြစ်စဉ်ကျူးလွန်သူကိုလည်း အရေးယူ ဆောင်ရွက်နေပါပြီ” ဟု အင်းစိန်မြို့မရဲစခန်းမှူး ဒုရဲမှူးမောင်မောင်ဦးက မတ် ၁၂ ရက် ည ၁၀ နာရီ မိနစ် ၃၀ ခန့်က ဆိုသည်။

အဆိုပါဖြစ်စဉ်ကို အင်းစိန်မြို့မရဲစခန်းမှ မီးပေါ့ဆစွာသုံးသူ ကိုနိုင်ဝင်းထွန်း (ခ)ဖိုးသကြားကို (ပ) ၂၃၈/၂၀၁၄၊ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှူးရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Eleven Media Group11

မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည့် နေအိမ်များကို တွေ့ရစဉ်
 (ဓာတ်ပုံ-ဝေလင်းအောင်)
မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည့် နေအိမ်များကို တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)
အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက် ရှမ်းစု (၁) လမ်းအတွင်းရှိနေအိမ်များ မတ် ၁၂ ရက် ညနေ ၅ နာရီဝန်းကျင်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။